သိင်္ခ
رفتن به کانال در Telegram
အသိတိုး
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 100
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
-3830 روز
آرشیو پست ها
1 094
+2
မြန်မာ့ရေပြင်နယ်နိမိတ်တစ်လျှောက် အချိန်မရွေး၊ နေရာမရွေးပေါ်ပေါက်လာနိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီးကာကွယ်နိုင်စွမ်းရှိပြီး၊ လုံခြုံဘေးကင်းသည့် ပင်လယ်ပြင်ဖြစ်အောင် ကြိုးပမ်းတည်ဆောက်သွားရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
နေပြည်တော်၊ အောက်တိုဘာ ၇
မြန်မာ့ရေပြင်နယ်နိမိတ်တစ်လျှောက် အချိန်မရွေး၊ နေရာမရွေးပေါ်ပေါက်လာနိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီးကာကွယ်နိုင်စွမ်းရှိပြီး မြန်မာ့ပင်လယ်ပြင်ကို လုံခြုံဘေးကင်းသည့် ပင်လယ်ပြင်၊ တည်ငြိမ်အေးချမ်းသည့်ပင်လယ်ပြင်၊ သန့်ရှင်းသည့်ပင်လယ်ပြင်၊ ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသည့် ပင်လယ်ပြင်တစ်ခုဖြစ်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောသည်။
1 094
တော်လှန်ရေးရဲ့ မြေပြင်အခြေအနေကို သိချင်ရင် ဒါတွေကိုသာကြည့်လိုက်ပါ။ ပြည်သူတွေရဲ့ အမြန်ငြိမ်းချမ်းချင်တဲ့ ဆန္ဒတွေ မကြာတော့ပါဘူး။ အလင်းဝင်လာတဲ့ PDF တွေကနေတစ်ဆင့် ငြိမ်းငြိမ်းချမ်းချမ်းနေရတဲ့ဘဝကို ကြားသိလာကြပြီး အလင်းဝင်သူတွေ များပြားလာပါပြီ။ အမြန်ဆုံး ငြိမ်းချမ်းကြပါစေ။
1 094
ရုရှားနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို မကြိုးစားကြပါနဲ့ လို အိန္ဒိယဆို
အောက်တိုဘာ - ၆ ( အင်္ဂါနေ့ )
ရုရှားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို အတွက် အိန္ဒိယကို စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားပေး အကြပ်ကိုင်မှုတွေ ပြုလုပ်နေတဲ့ အနောက်အုပ်စုရဲ့ ကြိုးပမ်းမှုတွေကို လက်တွေ့ကျတဲ့ အမှန်တရား စကားတစ်ခွန်းသုံးပြီး တုံပြန်လိုက်ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ က အိန္ဒိယမြိုတော်မှာ စုဝေးရောက်ရှိနေကြတဲ့ အနောက်နိုင်ငံများမှ ထိပ်သီးပုဂ္ဂိုလ်များ အပါအဝင် ကမ္ဘာ့နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများရဲ့ သီတင်းပတ်ကုန် အစည်းအဝေးမှာ သူတို မကြားချင်တဲ့ အမှန်တရားတစ်ခုကို ပြောကြားခဲ့ပါတယ် - အဲဒါကတော့ အိန္ဒိယနဲ့ ရုရှားရဲ့ ဆက်ဆံရေးဟာ "လွယ်လွယ်နဲ့ မေ့ပစ်လိုမရနိုင်တဲ့ ဆက်ဆံရေး" ဖြစ်တယ်ဆိုတာပါပဲ။
1 094
ပြင်ဦးလွင်မြိုရှိ POWER ထီဆိုင်ကြီးတွင် ကျပ်သိန်း ၅၀ အောင်ဘာလေထီလက်မှတ်ကို လက်မှတ်အတုဖြင့် ဆုငွေလိမ်လည်ထုတ်ယူမှုဖြစ်ပွား
ပြင်ဦးလွင်မြို သီရိပဒေသာကားကြီးကွင်းအနီးရှိ POWER ထီဆိုင်ကြီး(ပြင်ဦးလွင်)သို အမျိုးသမီးတစ်ဦးက အောက်တိုဘာ ၁ ရက်ထွက်ရှိသည့် (၉၁) ကြိမ်မြောက် ကျပ်သိန်း ၅၀ အောင်ဘာလေထီလက်မှတ်ကို လက်မှတ်အတုဖြင့် လာရောက်လိမ်လည်ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
1 094
ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားသောလက်အား မင်္ဂလာဒုံမြိုနယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြန်တွဲဆက်ပေးသည့် ခွဲစိတ်ကုသ အောင်မြင်
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီးတွင် မော်တော်ဆိုင်ကယ်မတော်တဆထိခိုက်မှုကြောင့် ဘယ်ဘက်လက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားခဲ့သည့် အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးအား ခွဲစိတ်ကုသ၍ ပြန်လည်တွဲဆက်ခြင်း (Replantation Surgery)ကို စက်တင်ဘာ ၃ ရက်တွင် အောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
1 094
Digital Student Information Management System ကို ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအားလုံး အသုံးပြုနိုင်သည့် Common Digital Platform ဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား
အောက်တိုဘာ ၆ ရက်က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Govern-ment လုပ်ငန်းစဉ်များအကောင်အထည်ဖော်နိုင်ရေး ညှိနှိင်းအစည်းအဝေးတွင် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်သည်။
1 094
နယူးယောက်မှာ ဝက်သက်ရောဂါ ပျံ့နှံနေလို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရ
အောက်တိုဘာ - ၇
နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချောက အလျင်အမြန် ကူးစက်ပြန့်ပွားနေတဲ့ ဝက်သက်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်နယ်တစ်ခုလုံးဆိုင်ရာ ဘေးအန္တရာယ် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန် အရှေ့မြောက်ပိုင်းမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးခြင်းနဲ့ စစ်ဆေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
1 094
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး
1 094
သဘာဝဘေးတုံ့ပြန်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၃,၆၂၇ ဦး ဖွဲ့စည်းလေ့ကျင့်ထား
နိုင်ငံတကာအဆင့် USAR Medium Team ဖွဲ့စည်း၍ INSARAG Classified ရရှိရေး ဆောင်ရွက်နေ
နေပြည်တော်၊ အောက်တိုဘာ ၆
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်နိုင်ရန် တပ်ခွဲ ၁၇ ခွဲနှင့် တပ်စု ၃၃၃ စုတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃,၆၂၇ ဦးကို အသင့်စုဖွဲ့ လေ့ကျင့်ထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးကျော်ဝင်းဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်)၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၆ ဦးစီ ပါဝင်သည့် တပ်ခွဲ ၁၇ ခွဲ ဖွဲ့စည်းထားပြီး မြို့နယ်နှင့် မြို့တစ်ခုလျှင် တပ်ဖွဲ့ဝင် ၃၅ ဦးစီပါဝင်သည့် တပ်စု ၃၃၃ စုကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။
1 094
ကြက်သွန်ဈေး တစ်ပိဿာ ကျပ် ၁၀,၀၀၀ အထိ မြင့်တက်၊ မိုးကြက်သွန်ပေါ်ချိန်တွင် ပြန်ကျနိုင်
ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ စံချိန်တင်မြင့်တက်နေပြီး လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ အထိ ရောက်ရှိလာသော်လည်း မိုးကြက်သွန်အသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာချိန်တွင် ဈေးနှုန်းပြန်လည်ကျဆင်းနိုင်ကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။
လက်ရှိ ကြက်သွန်နီဈေးနှုန်းသည် လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ဝန်းကျင်နှင့် လက်လီဈေး ကျပ် ၁၀,၀၀၀ အထိ မြင့်တက်နေပြီး ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ကြက်သွန်လက်ကျန်နည်းပါးနေသည့်အတွက် မိုးကြက်သွန်အသစ် မပေါ်မီကာလအတွင်း ဈေးပြန်ကျနိုင်ဖွယ်မရှိကြောင်း မြင်းခြံကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနှစ်ကြက်သွန်ဈေးက ပြီးခဲ့တဲ့ မေလတည်းက တရိပ်ရိပ်တက်တာပါ။ ဇူလိုင်၊ ဩဂုတ်မှာ တရုတ်ဝယ်လက်တွေက တောက်လျှောက်ဝယ်တယ်၊ ဈေးလည်းကောင်းတယ်။ အခုကတော့ စံချိန်တင်လို့ ပြောရမယ်" ဟုကြက်သွန်နီကုန်သည်တစ်ဦးကပြောသည်။
1 094
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ နုန်းများ၊ အမှိုက်များ ဖယ်ရှားရှင်းလင်း
1 094
တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပွားသည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်
1 094
နယူးယောက်မှာ ဝက်သက်ရောဂါ ပျံ့နှံ့နေလို့ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရ
အောက်တိုဘာ - ၇
နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချောက အလျင်အမြန် ကူးစက်ပြန့်ပွားနေတဲ့ ဝက်သက်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်နယ်တစ်ခုလုံးဆိုင်ရာ ဘေးအန္တရာယ် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန် အရှေ့မြောက်ပိုင်းမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးခြင်းနဲ့ စစ်ဆေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
တနင်္လာနေ့က ကြေညာခဲ့တဲ့ ဒီအရေးပေါ်အခြေအနေဟာ ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ဝက်သက်ရောဂါကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်နယ်တစ်ခုက ပထမဆုံးအကြိမ် အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ်မှာ အောက်တိုဘာ ၃ ရက်နေ့အထိ အတည်ပြုလူနာ ၁၀၈ ဦးရှိခဲ့ပြီး အများစုမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးတဲ့ ကျေးလက်ဒေသတွေက ဖြစ်ကြပါတယ်။
1 094
ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသို့ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်
၆.၁၀.၂၀၂၆
ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသို့ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန်နှင့် ထွက်ပြေးနေသူများကို ဝရမ်းပြေးအဖြစ် အင်းစိန်ခရိုင်တရားရုံးက အောက်တိုဘာ ၁ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားတစ်ဦး နေအိမ်မှ ပျောက်ဆုံးသွားသဖြင့် ဖခင်ဖြစ်သူ ဦးမောင်မောင်လွင်က လိုက်လံရှာဖွေခဲ့ရာ ၎င်း၏သားဖြစ်သူအား တစ်မြို့နယ်တည်းနေ ဇော်လှိုင်မောင်၊ ဆိုတေး၊ ထွန်းဝင်းလှိုင်(ခ) ကုလားဝတုတ်၊ ကျော်နိုင်ဦး(ခ) ဖိုးကျော်၊ အောင်ဆန်း(ခ) ဘုံတို၊ မမြမြထွေး(ခ)ကလေးမနှင့် မရီရီသန်းတို့က ခြိမ်းခြောက်ခေါ်ဆောင်ကာ ကျားဖောင်ရေလုပ်ငန်းသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
1 094
+5
ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)
ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တိုက်ကြီးတပ်နယ်၊ အင်းတိုင်တပ်နယ်၊ ရဲမွန်တပ်နယ်တို့ရှိ သင်တန်းကျောင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး
1 094
+5
ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)
ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နယ်မြေခံ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း
(ရဲမွန်) သို့ သွားရောက်၍ Grade-10၊ Grade-11၊ Grade-12 တို့တွင် ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေမှုများကို လိုက်လံကြည်ရှုအားပေးပြီး ကျောင်းသားများ နှင့် ဆရာ၊ ဆရာမများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်
1 094
အကြီးအကဲပုံရိပ် Head of State ၊ နိုင်ငံ့ပုံရိပ် Head of State
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ၏ 23.9.2026 မှ 5.10.2026 အထိ နိုင်ငံ့အကျိုးဆောင်ရွက်မှုများ
1 094
အသတ်ခံထားရသည်ဟု ယူဆရသည့် အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ညီအစ်ကိုသုံးဦး၏ ရုပ်အလောင်းများတွေ့ရှိ
𝙊𝘾𝙏~𝟔
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြိုနယ်၊ ဖန်နားပိုကျေးရွာတွင် အသတ်ခံထားရသည်ဟု ယူဆရသည့် အသက် (၅) နှစ်အရွယ် အားဖြို၊ (၉) နှစ်အရွယ် ယားပါလုံးနှင့် (၁၂) နှစ်အရွယ် လော်နောင် (ခ) လော်ဖူ ဆိုသူ ကလေးငယ် ညီအစ်ကိုသုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရသည်ဟု ဒေသဆိုင်ရာသတင်းများအရ သိရသည်။
1 094
လားရှိးမြို နယ်မြေ(၄)သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြို နယ်မြေ(၄) သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်၌ အွန်လိုင်းလိမ်လည်လောင်းကစားခြင်းများလုပ်ကိုင်နေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ရှာဖွေစစ်ဆေးရာ အဆိုပါအဆောင်ရှိ အခန်းတစ်ခန်းအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးကို အွန်လိုင်းလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
