fa
Feedback
ဇတ်ကားမြို့တော်

ဇတ်ကားမြို့တော်

رفتن به کانال در Telegram

မြန်မာစာတန်းထိုးများ

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
303
مشترکین
-424 ساعت
+17 روز
+130 روز
آرشیو پست ها
Repost from N/a
Tiktok ပေါ်နမည်ကြီးနေတဲ့ အိန္ဒိယရုံတင်အက်ရှင်ဇာတ်ကားသစ် Alpha (2-0-2-6) =============== "ခေါင်းမာတဲ့မိန်းကလေးတွေက ကမ္ဘာကြီးကိ
Tiktok ပေါ်နမည်ကြီးနေတဲ့ အိန္ဒိယရုံတင်အက်ရှင်ဇာတ်ကားသစ် Alpha (2-0-2-6) =============== "ခေါင်းမာတဲ့မိန်းကလေးတွေက ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်" ကဲ... Ac.ti.on ကားကြမ်းကြမ်း မျှော်နေတဲ့ ဘော်ဒါတွေအတွက်... အထူးသဖြင့် YR.F Spy U.niv.erse ရဲ့ အမာခံပရိသတ်တွေ လုံးဝလက်မလွှတ်သင့်တဲ့ အသစ်စက်စက် အက်ရှင်ကားကြီး "Alp.ha" ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာ အဓိက ခေါင်းဆောင်ပါဝင်ထားတာကတော့ ပရိသတ်တွေရဲ့ အချစ်တော် Al.ia Bh.att နဲ့ S.harv.ari Wagh တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါရင့်မင်းသားကြီး A.nil Kap.oor နဲ့ Bobby De.ol ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ စီတာဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက မိသားစုဆီကနေ အဓမ္မခွဲခွာခံခဲ့ရပြီး ဖာတေ့ဆိုတဲ့ စစ်တပ်အရာရှိဟောင်းရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ရသူပါ။ ဖာတေ့ရဲ့ ရည်ရွယ်ချက်ကတော့ ဒဏ်ရာတွေကို အမြန်ဆုံးပြန်ကောင်းစေတဲ့ "Alp.ha" လို့ခေါ်တဲ့ အထူးဆေးရည်ကိုသုံးပြီး သာမန်လူတွေထက် အဆပေါင်းများစွာ သန်မာတဲ့ စူပါစစ်သားတွေ မွေးထုတ်ဖို့ပါပဲ။ စီတာဟာ အဲဒီ "Alp.ha" ပရိုဂရမ်ရဲ့ အအောင်မြင်ဆုံးနဲ့ အတော်ဆုံး လူသတ်လက်နက်လေး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ အတိတ်နဲ့ မိသားစုအကြောင်း အမှန်တရားတွေကို သိလိုက်ရတဲ့အခါ... ဖာတေ့ကို ဖခင်တစ်ယောက်လို သဘောထားခဲ့တဲ့ စီတာတစ်ယောက် လမ်းကြောင်းပြောင်းသွားပါတော့တယ်။ ကိုယ့်ရဲ့ဘဝကို ဖျက်ဆီးခဲ့တဲ့ ဖာတေ့ကို လက်စားချေဖို့နဲ့ သူ့ရဲ့ ရက်စက်တဲ့ စစ်တပ်ပရိုဂရမ်ကြီးကို ဖျက်ဆီးပစ်ဖို့အတွက် စီတာတစ်ယောက် သူတစ်ခါမှ မြင်ခွင့်မရခဲ့တဲ့ ဖခင်ဖြစ်သူ ဗစ်ခရန့်နဲ့ ညီမဖြစ်သူ ဒူရ်ဂါတို့နဲ့ ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်သွားမလဲဆိုတာ ရှုစားရမှာပါ။ #Credit

Repost from N/a
ရက်စက်မှုကိန်းအောင်းရာ အိမ်နီကြီး [၂၀၂၆] ရုံတင်ကားသစ်

Repost from N/a
ရက်စက်မှုကိန်းအောင်းရာ အိမ်နီကြီး [၂၀၂၆] ရုံတင်ကားသစ် ရက်စက်မှုကိန်းအောင်းရာ အိမ်နီကြီး [၂၀၂၆] ရုံတင်ကားသစ် Red Rabbit Lodge
ရက်စက်မှုကိန်းအောင်းရာ အိမ်နီကြီး [၂၀၂၆] ရုံတင်ကားသစ် ရက်စက်မှုကိန်းအောင်းရာ အိမ်နီကြီး [၂၀၂၆] ရုံတင်ကားသစ် Red Rabbit Lodge (2026) (ဒီဇာတ်ကားတွင် သွေးသံရဲရဲ အသတ်အဖြတ် အခန်းများနှင့် လူကြီးကြည့် အခန်းအချို့ ပါဝင်သဖြင့် မိသားစုဝင်များ၊ ကလေးငယ်များနှင့်အတူ ကြည့်ရှုရန် လုံးဝ မသင့်တော်ပါကြောင်း ကြိုတင်သတိပေးပါရစေ..) ဒီကားဟာ ၂၀၂၆ ခုနှစ် ဧပြီလပိုင်းကမှ Digital Platform တွေမှာ ထွက်ရှိထားတဲ့ ဩစတြေးလျ သွေးထွက်သံယို ထိတ်လန့်စရာ (Slasher Horror) ရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေက ခေတ်စားခဲ့တဲ့ ဗီဒီယိုခေတ် သွေးစွန်းစလတ်ရှာ (Retro Slasher) ပုံစံမျိုးကို ရိုးရာမပျက် ပြန်လည်အသက်သွင်း ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက ဆစ်ဒနီမြို့က ကြီးမားပြီး သမိုင်းကြောင်းနက်နဲတဲ့ အိမ်ကြီးတစ်အိမ်ကနေ စတင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အဲဒီအိမ်မှာ အမျိုးသမီးတစ်ယောက်ဟာ ထူးဆန်းတဲ့ ရော်ဘာမျက်နှာဖုံးစွပ်ထားတဲ့ လူသတ်သမားတစ်ယောက်ရဲ့ ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အိမ်ပိုင်ရှင်ဖြစ်သူ ဗစ်တိုးရီးယား (Miss Victoria) ဟာ အိမ်လခကြွေးမြီတွေ တက်လာတာကြောင့် ဒီအိမ်ကြီးကို နိုင်ငံခြားကျောင်းသားတွေ တည်းခိုဖို့ "Red Rabbit Lodge" ဆိုတဲ့ အမည်နဲ့ အဆောင်အဖြစ် ပြောင်းလဲငှားရမ်းခဲ့ပါတယ်။ ပစ္စုပ္ပန်ကာလမှာတော့ မိမိရဲ့ စိတ်ဒဏ်ရာရစရာ အတိတ်တွေကို မေ့ပစ်ချင်လို့ လာရောက်အခြေချတဲ့မိန်းကလေး အက်ဘီဂေးလ် (Abigail) အပါအဝင် နိုင်ငံခြားသားကျောင်းသားလူငယ်တစ်စုဟာ ဒီအဆောင်ကို ရောက်လာကြပါတယ်။ အဆောင်ပိုင်ရှင် ဗစ်တိုးရီးယားကတော့ အတိတ်က အဖြစ်ဆိုးကြောင့် ကျောင်းသားတွေကို အရမ်းတင်းကျပ်တဲ့ အိမ်စည်းကမ်းတွေ ထုတ်ပြန်ထားတာပေါ့။ ဒါပေမဲ့ သွေးကြွနေတဲ့ လူငယ်သဘာဝအတိုင်း သူတို့တွေက စည်းကမ်းတွေကို လုံးဝဂရုမစိုက်ဘဲ အခန်းထဲမှာ ပါတီပွဲတွေလုပ်၊ ကမ်းခြေသွားပြီး အပျော်ကြူးနေကြပါတယ်။ သူတို့ ပျော်ပါးနေတုန်းမှာပဲ သူတို့မသိတာတစ်ခုက အဲဒီအိမ်ကြီးရဲ့ နံရံတွေနောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေတာပါပဲ။ ကျောင်းသားတွေက စည်းကမ်းဖောက်ဖျက်ပြီး သောင်းကျန်းလာတဲ့အခါမှာတော့ ဒီမျက်နှာဖုံးစွပ်လူသတ်သမားကြီးဟာ အမှောင်ထဲကနေ ထွက်လာပြီး ကျောင်းသားတွေကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အမဲလိုက် သတ်ဖြတ်ပါတော့တယ်။ အက်ဘီဂေးလ်တစ်ယောက် လက်ရှိ ကြောက်မက်ဖွယ်လူသတ်ပွဲကြီးကနေ လွတ်မြောက်ဖို့ ဘယ်လိုမျိုး အသက်လုရုန်းကန်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ ဒီကားက ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ထားတဲ့ Slasher ကားစစ်စစ် ဖြစ်ပါတယ်။ ဇာတ်လမ်းအိမ်ကတော့ ရိုးရှင်းပြီး ရိုးအီနေသလို ရှိပေမယ့် ၁၉၈၀ ရိုးရာစတိုင် Synth-driven တေးဂီတတွေ၊ သွေးထွက်သံယိုအခန်းတွေနဲ့ ဇာတ်သိမ်းပိုင်းမှာပါဝင်တဲ့ လွှစက် (Chainsaw) ဝှေ့ယမ်းပြီး သတ်ဖြတ်တဲ့ အက်ရှင်အခန်းတွေက Slasher/Gore ကားကြိုက်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။

Repost from N/a
ထိုင်းအောက်လမ်းဟော်ရာကားသစ် ပါနောတူး

Repost from N/a
ထိုင်းအောက်လမ်းဟော်ရာကားသစ် ပါနောတူး ထိုင်းအောက်လမ်းဟော်ရာကားသစ် ပါနောတူး P_a-n_o-r 2 (2-0-2-6) IMDB ⭐️ 6.2/10 "အတိတ်ကို မေ့ဖ
ထိုင်းအောက်လမ်းဟော်ရာကားသစ် ပါနောတူး ထိုင်းအောက်လမ်းဟော်ရာကားသစ် ပါနောတူး P_a-n_o-r 2 (2-0-2-6) IMDB ⭐️ 6.2/10 "အတိတ်ကို မေ့ဖျောက်ထားနိုင်ပေမဲ့... ကိုယ့်ဆီကပါလာတဲ့ ဝဋ်ကြွေးတွေကိုတော့ ရှောင်ပုန်းလို မရနိုင်ဘူးလေ" ထိုင်းအောက်လမ်း ဟော်ရာကားကောင်းကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် ထိုင်းဇာတ်ကားသစ်ကြီး "Panor 2" ကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ ဒီကားကတော့ အောက်လမ်းပညာကားတွေထဲမှာ နာမည်ကြီးတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ ပါနော ရဲ့ အဆက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ရှေ့ကားဖြစ်တဲ့ အပိုင်း (၁) တုန်းက ပနော်ဟာ မျက်လုံးသုံးလုံးနတ်ဘုရား (Three-Eyed God) ရဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေကို စွန့်လွှတ်လိုက်တယ်ဆိုတာ မှတ်မိကြဦးမှာပါ။ အဲဒီလို စွန့်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ဘဝကြီးဟာ အစကနေ ပြန်လည်စတင်ရသလို ဖြစ်သွားပြီး သူမရဲ့ မှတ်ဉာဏ်တွေအားလုံးလည်း ဖျက်ပစ်ခံလိုက်ရပါတယ်။ ဒီတစ်ခါ အပိုင်း (၂) မှာတော့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ ပါနောတစ်ယောက် ဆေးကုသပေးတဲ့ ဆရာမလေးတစ်ယောက်အနေနဲ့ ဘဝသစ်ကို ဖြတ်သန်းဖို ကြိုးစားနေတာပါ။ ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန် စွမ်းအားတွေ နိုးထမလာခင်စပ်ကြားမှာတင် ပါနောတစ်ယောက် ပတ်ဝန်းကျင်က လူတွေရဲ့ အမြဲတမ်း အထင်လွဲမှားမှုတွေ၊ အပြစ်တင်မှုတွေကို ဆက်တိုက် ခံလာရပါတယ်။ ပိုဆိုးတာက ပတ်ဝန်းကျင်မှာ လူသေမှုတွေဖြစ်လာတဲ့အခါ လူတွေက ပါနောကိုပဲ လူသတ်သမားဆိုပြီး ဝိုင်းဝန်းစွပ်စွဲလာကြတဲ့အခါမှာတော့… မှတ်ဉာဏ်တွေမရှိတော့တဲ့ ပါနောတစ်ယောက် ဒီလို အကျပ်အတည်းတွေ၊ စွပ်စွဲမှုတွေကြားကနေ ဘယ်လိုရုန်းထွက်မလဲ။ သူ့ရဲ့ ကိုယ်တွင်းက အစစ်အမှန် စွမ်းအားကြီး နိုးထလာတဲ့အခါမှာရော လူတွေကို ဘယ်လို ပြန်လည်တုံပြန်မလဲဆိုတာကတော့… ထိုင်းအောက်လမ်း ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း ကျောချမ်းစရာ အဖြစ်အပျက်တွေ၊ အစိမ်းသေ သရဲခြောက်လှန့်မှုတွေနဲ့အတူ ပါနောရဲ့ အမိုက်စား Comeback ကို မြင်တွေ့ရမှာဖြစ်လို လက်မလွတ်တမ်း ခုပဲ ဒေါင်းကြည့်လိုက်ကြပါဦးစို။

Repost from N/a
သန်းခေါင်ယံက ခြောက်ခြားဖွယ်အခန်းငယ် (入凶宅) Ha*un*te*d H*o*us*e 2026

Repost from N/a
သန်းခေါင်ယံက ခြောက်ခြားဖွယ်အခန်းငယ် (入凶宅) Ha*un*te*d H*o*us*e 2026 သန်းခေါင်ယံက ခြောက်ခြားဖွယ်အခန်းငယ် (入凶宅) Haunted House 20
သန်းခေါင်ယံက ခြောက်ခြားဖွယ်အခန်းငယ် (入凶宅) Ha*un*te*d H*o*us*e 2026 သန်းခေါင်ယံက ခြောက်ခြားဖွယ်အခန်းငယ် (入凶宅) Haunted House 2026 Movie အားလုံးအတွက် ဒီတစ်ခါ ခြောက်ခြားစရာကောင်းလှတဲ့ အိမ်အိုကြီးထဲက ထူးဆန်းဆန်းပြားတဲ့ လျှို့ဝှက်ချက်တွေ ကျောချမ်းစရာ ဝိညာဉ်လောကရဲ့ သွေးအေးအကွက်ချမှုတွေနဲ့အတူ သရဲအကောင်းစား ကြည့်ချင်သူတွေအတွက် ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ သရဲကမ္ဘာသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဇာတ်လမ်းအကျဉ်း 📝 အမျိုးသမီးလေး Song Hui ဟာ ထူးဆန်းတဲ့ အကြောင်းအရင်းအချို့ကြောင့် လူသူကင်းဝေးပြီး သွေးပျက်စရာ လူသတ်မှုတွေ ဖြစ်ပွားခဲ့ဖူးတဲ့ သရဲအိမ်ကြီးတစ်ခုထဲမှာ လူမသိသူမသိ တိတ်တဆိတ် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့ပါတယ် ဒါပေမဲ့ သူမ နေထိုင်ပြီး မကြာခင်မှာပဲ အိမ်ကြီးရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးဆန်းအီလည်လည်နဲ့ သန်းခေါင်ယံအချိန်မတော်ကြီး ထွက်ပေါ်လာတတ်တဲ့ ဝိညာဉ်ခြောက်လှန့်မှုတွေ ကျောချမ်းစရာ ထူးဆန်းတဲ့ ဖြစ်ရပ်ဆိုးတွေကို ဆက်တိုက်ဆိုသလို ရင်ဆိုင်လာရပါတော့တယ် တဖြည်းဖြည်းနဲ့ အိမ်ကြီးရဲ့ ကန့်လန့်ကာနောက်ကွယ်က အမှန်တရားတွေ ရက်ရက်စက်စက် အကွက်ချ သတ်ဖြတ်ခံခဲ့ရတဲ့ လျှို့ဝှက်ချက်တွေ တရွေ့ရွေ့ ပေါ်ထွက်လာတဲ့အခါမှာတော့..... ဒီရှာဖွေခြင်း ခရီးစဉ်ဟာ သာမန်ဝိညာဉ်ခြောက်လှန့်မှုတင်မကဘဲ သူမရဲ့ ရင်ထဲက အတိတ်က နာကျင်စရာ စိတ်ဒဏ်ရာဟောင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးမယ့် ထိတ်လန့်စရာ စွန့်စားခန်းခရီးစဉ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ် ဉာဏ်ပညာချင်းပြိုင်ပြီး ဒီသေမင်းတမန် သရဲအိမ်ကြီးထဲကနေ သူမ ဘယ်လို လမ်းစရှာပြီး အသက်ဘေးက ရုန်းထွက်မလဲဆိုတာ....

Repost from N/a
T*h*e Fu*ri*o*us [၂၀၂၆] ရဲ့ အကြမ်းဆုံး ရုံတင်ကားကြီး

Repost from N/a
T*h*e Fu*ri*o*us [၂၀၂၆] ရဲ့ အကြမ်းဆုံး ရုံတင်ကားကြီး ++++++++++++++++ ၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။ ဇာတ်လမ်းက ဝမ်ဝေ
T*h*e Fu*ri*o*us [၂၀၂၆] ရဲ့ အကြမ်းဆုံး ရုံတင်ကားကြီး ++++++++++++++++ ၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။ ဇာတ်လမ်းက ဝမ်ဝေ (Xie Miao) ဆိုတဲ့ အဖေတစ်ယောက်ရဲ့ သမီးလေးကို လူကုန်ကူးတဲ့ ပြန်ပေးသမားတွေက ဖမ်းသွားရာကနေ စတာပါ။ ဒေသခံ ရဲတွေကလည်း အကျင့်ပျက်ခြစားနေတဲ့သူတွေချည်းပဲ ဆိုတော့ ဘာမှ အားကိုးလို့မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ သူကိုယ်တိုင်ပဲ သမီးဖြစ်သူကို ပြန်ရှာပြီး ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လမ်းမှာ နာဗင် (Joe Taslim) ဆိုတဲ့ သတင်းထောက်တစ်ယောက်နဲ့ သွားဆုံပါတယ်။ နာဗင်ရဲ့ မိန်းမကလည်း အဲဒီ လူကုန်ကူးဂိုဏ်းအကြောင်း စုံစမ်းရင်းနဲ့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့တာပါ။ ရည်ရွယ်ချက်တူနေတဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ပြန်ပေးသမားတွေနဲ့ လူသတ်ကောင်တွေကို အသေအကြေ လိုက်လံနှိမ်နင်းကြတဲ့ ပုံစံကို ရင်တမမနဲ့ ကြည့်ရမှာပါ။ ဒီကားရဲ့ အဓိက အသက်ကတော့ ဇာတ်လမ်းထက်စာရင် အက်ရှင်အခန်းတွေပါပဲ။ ဒါရိုက်တာ Kenji Tanigaki က အက်ရှင် ကိုရီယိုဂရပ်ဖီ (Action Choreography) တွေကို တကယ့်ကို အမိုက်စား ပုံဖော်ပေးထားပါတယ်။ The Ra*id လိုမျိုး အကြမ်းစား အက်ရှင်ကားမျိုးဆိုတော့ ကြည့်နေရင်းနဲ့တောင် ကိုယ်ပါ ဝင်ချင်လာလောက်တဲ့အထိ သရုပ်ဆောင်ထားတာ တွေ့ရပါမယ်။ မင်းသားနှစ်ပွင့်ဆိုင် သိုင်းကွက်များ: Joe Taslim (Mortal Kombat ကားထဲက Sub-Zero) နဲ့ တရုတ်သိုင်းမင်းသား Xie Miao တို့ရဲ့ သိုင်းကွက်တွေ၊ ချခန်းတွေက အစအဆုံး မျက်တောင်မခတ်တမ်း ကြည့်ရလောက်အောင်ကို ကောင်းလွန်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ တိုက်ခိုက်ရေးဟန်တွေ ပေါင်းစပ်သွားတဲ့အခါ ကြည့်ရတာ တကယ့်ကို အားရစရာပါ။ ဇာတ်လမ်းသွားက ခဏလေးတောင် အနားပေးမထားဘဲ မြန်မြန်ဆန်ဆန်နဲ့ ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းက နည်းနည်း ရိုးရှင်းပေမယ့် အက်ရှင်အခန်းတွေက တစ်ခန်းပြီးတစ်ခန်း မနားတမ်း လာတာမို့ ပျင်းဖို့ အချိန်တောင် ရမှာမဟုတ်ပါဘူး။ လူဆိုးတွေကို အပြတ်ရှင်းတဲ့ အခန်းတွေက အက်ရှင်ပရိသတ်တွေအတွက်တော့ အရသာပါပဲ။ ပြန်ပေးသမားတွေ၊ လူသတ်သမားတွေကို လက်နက်ပေါင်းစုံ၊ တိုက်ကွက်ပေါင်းစုံနဲ့ ရှင်းထုတ်တဲ့ အခန်းတွေဆို လုံးဝ အမိုက်စားပါပဲ။ ဇာတ်လမ်းသွား သွက်သွက်လက်လက်နဲ့ အကြမ်းစား အက်ရှင်ကားကောင်းကောင်း ကြည့်ချင်နေတယ်ဆိုရင် ဒီကားကိုသာ ရွေးလိုက်ပါ။ ၂၀၂၆ ခုနှစ်ရဲ့ အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားဖြစ်တယ်ဆိုတာ ကြည့်ပြီးတာနဲ့ လက်ခံသွားပါလိမ့်မယ်။

Repost from N/a
ကောင်ဇိုးလေး ကာသစ်

Repost from N/a
ကောင်ဇိုးလေး ကာသစ် B_a-d B-o_y K_a-r-t_h-i-k (2-0-2-6) ============================ IMDB ⭐️ 7.1/10 "ဆိုးပေပေ ကောင်လေးတစ်ယောက်က မိသားစုအတွက်ဆိုရင် ဘယ်လောက်ထိ ကြမ်းပြမလဲ" Telugu Action Comedy ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ပူပူနွေးနွေး ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားထဲမှာတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားချော Naga Shaurya, မင်းသမီး Vidhi Yadav နဲ့ ဝါရင့်သရုပ်ဆောင်ကြီး Samuthirakani တိုက အဓိက ပါဝင်အားဖြည့်ထားကြပါတယ်။ ဒါရိုက်တာ Ramesh Desina ရဲ့ ပွဲဦးထွက် ရိုက်ကူးရေး လက်ရာလေးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဇာတ်ကားနာမည်နဲ့ လိုက်အောင်ပဲ ဇာတ်လိုက်ကျော် ကာသစ်ဟာ စည်းကမ်းမရှိဘဲ ဆိုးပေနေတဲ့ ပြဿနာကောင်လေး တစ်ယောက်ပါ။ ဘွဲ့ရပညာတတ်ပေမဲ့ ဘာမှမယ်မယ်ရာရာမလုပ်ဘဲ အပေါင်းအသင်တွေနဲ့ပျော်ပါး လူမိုက်တွေပညာပေး ရန်ဖြစ်လိုက်နဲ့ ဘဝကိုဖြတ်သန်းနေသူ သူ့ဘဝမှာ အရေးကြီးဆုံးက အနာဂတ်လည်းမဟုတ် ဘဝလည်းမဟုတ် အစ်မဖြစ်သူအနားမှာ အမြဲနေရဖို့ပါပဲ။ တစ်နေ့မှာတော့ သူဟာ ဒေသခံ ရာဇဝတ်ကောင် လူမိုက်ဂိုဏ်းတစ်ခုနဲ့ အကြမ်းပတမ်း ထိပ်တိုက် တွေ့ပြီး ပြဿနာတွေ တက်ပါတော့တယ်။ အစကတော့ ခပ်ပေါ့ပေါ့ သဘောထားပေမဲ့ ဒီလူမိုက်ဂိုဏ်းက သူချစ်ရတဲ့အစ်မကို ပစ်မှတ်ထားနေတာကို သိလိုက်ရချိန်မှာတော့... "မိသားစုကို ထိရင်တော့ ဘယ်သူ့မျက်နှာမှ မထောက်ဘူး" ဆိုတဲ့ စိတ်နဲ့ ကာသစ်တစ်ယောက် လူမိုက်ဂိုဏ်းကို ဘယ်လို အပြတ်ရှင်းပြီး မိသားစုကို ကာကွယ်မလဲဆိုတာ ရင်ခုန်စရာ ရှုစားရမှာပါ။ Action Comedy အမျိုးအစားဖြစ်လို အက်ရှင်ခန်းတွေ အကြမ်းစား ပါဝင်သလို၊ ပေါ့ပေါ့ပါးပါး ရယ်မောရမဲ့ ဇာတ်ကားလေးမို့ အကြိုက်တွေ့စေမှာပါ။

Repost from N/a
ကောင်ဇိုးလေး ကာသစ်
ကောင်ဇိုးလေး ကာသစ်

Repost from N/a
Thirst (2009) 🔞

Repost from N/a
Thirst (2009) 🔞 ကိုရီယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။Park Chan-wook ရဲ့ ဇာတ်ကားလို ဆိုလိုက်တာနဲ့ ကိုရီယ
Thirst (2009) 🔞
ကိုရီယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။Park Chan-wook ရဲ့ ဇာတ်ကားလို ဆိုလိုက်တာနဲ့ ကိုရီယားရုပ်ရှင်ပရိသတ်တွေ ချက်ချင်း တန်းကြည့်ချင်စိတ် ဖြစ်သွားမှာအမှန်ပါ။
သမားရိုးကျ ဇာတ်အိမ်တွေကနေ ခွဲထွက်ပြီး ရိုက်ကူးလေ့ရှိတဲ့ သူ့ဇာတ်လမ်းတွေက တကားကို ရသတစ်မျို းစီပေးစွမ်းနိုင်တာ အသေအချာပါပဲ။လူအများစု မခံစားရဲတဲ့ ရှောင်ကျဉ်လေ့ရှိတဲ့ ရောဂါဝေဒနာ ခံစားမှု ။စိတ်ဝေဒနာခံစားမှု ။ မှားယွင်းနေကြတဲ့ လိင်စိတ်ပူးကပ်နေမှု တွေကို သူ့ရုပ်ရှင်အများစုမှာ တွေ့ရပါလိမ့်မယ်။အဲဒီ စက်ဆုပ်ဖွယ်ပြသာနာတွေကို လှပတဲ့ ရိုက်ချက်တွေ။သာယာညိမ့်ညောင်းလှတဲ့ နောက်ခံ တေးဂီတတွေနဲ့ ပေါင်းစပ်ပြလေ့ရှိပါတယ်။အပြာဇာတ်အိမ်တွေကို ခံစားနေကြမရှိတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက်တော့ အနည်းငယ် နားလည်ရခက်နိုင်ပါတယ်။အဲဒီလို ဖန်တီးတင်ဆက်နိုင်မှု ကပင် သူ့ရဲ့ မှော်ဆန်တဲ့ ပါရမီတွေပါပဲ။ပရိသတ်နောက်မလိုက်တဲ့ တင်ပြချက်တွေ။ဇာတ်လမ်းမဆန်တဲ့ ဇာတ်အိမ်ဖွဲမှု တွေကို အသစ်တစ်ခုအနေနဲ့ တွေ့ကြရပါလိမ့်မယ်။ဆန်းပြားလှတဲ့ လက်တွေ့လောကမှာ လက်ခံနိုင်ဘွယ်ရာ မရှိတဲ့အရာတွေကိုလည်း လှပတဲ့အဖြစ်အပျက်ကလေးတွေနဲ့ ပေါင်းစပ်ထားတာတွေ။အနုပညာဟာ ။ဘောင်မရှိ။အကန့်အသတ်မရှိ။ဟန်ချက်ညီမျှမှု။လူသားဆန်မှု ။လူသားမဆန်မှု ။စံပြဖြစ်စေမှု ။မဖြစ်စေမှု ။ဘာသာတရားရဲ့အလိုဆန္နအတိုင်း ဖြစ်တည်မှု ရှိမှု ။မရှိမှု ။သိမှု ။မသိမှု ။ကမ်းပေါ်မှာ ဒီရေတွေတက်ပြီး နောက်ကို ပြန်ခေါက်သွားခဲ့ရင် သဲပွင့်ကလေးတွေ ကျန်ခဲ့မယ်။ရေစိုစွတ်လူးသွားတဲ့သောင်ပြင်က ပါးမိုမိုထက်က လိမ်းကျံသွေ့ခြောက်စ သနပ်ခါးကွက်ကလေးလို ပွအယောင်းဖြစ်နေလိမ့်မယ်။ဒါထက်ပို၍ ။နေရောင်ကြောင့် ပြက်ခနဲ လက်တဲ့ စိန်ပွင့်ကလေးလို အကွက်အကွက်ကလေးတွေထနေတာတွေ။သူ့ရဲ့ရုပ်ရှင်ထဲမှာ အလိုလိုတွေ့နေရလိမ့်မယ်။စိမ်းမြနေရာကနေ ပေါက်ကွဲအသွင်ပြောင်းသွားတဲ့ မီးတောင်တွေကိုလည်း မြင်ရလိမ့်မယ်။အဆုံးသတ်နေရာညွှန်းထားပေမယ့် လမ်းမအဆုံးမှာ ဘာမှမဆိုင်တဲ့ အစကိုပြန်ရောက်သွားရတဲ့ အဖြစ်အပျက်မျိုးကိုလည်း ကျွန်တော်တိုကြုံ ရပါလိမ့်မယ်။

Repost from N/a
ကြောက်တက်သူများမကြည့်ရ မေစီဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ မထင်မှတ်ဘဲ ကြောက်စရာကောင်းတဲ့ လူသတ်သမားကြီးဆီမှာ ပြန်ပေးဆွဲခံလိုက်ရပါတယ
ကြောက်တက်သူများမကြည့်ရ မေစီဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ မထင်မှတ်ဘဲ ကြောက်စရာကောင်းတဲ့ လူသတ်သမားကြီးဆီမှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီပြန်ပေးသမားကြီးက မေစီ့ကို သူ့ရဲ့ ကိုယ်ပိုင်ကလေးတစ်ယောက်လို မွေးစားဖို့ ကြံရွယ်ထားတာပါ။ ဒီလို အခြေအနေဆိုးကြီးထဲကနေ မေစီတစ်ယောက် ဘယ်လို ရုန်းထွက်မလဲ၊ ကြောက်စရာကောင်းတဲ့ အတုအယောင် မိသားစုဘဝကြီးကို အသက်လုပြီး ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပါ။ ဒီကားက သွေးထွက်သံယိုတွေနဲ့ အသည်းယားစရာ အခန်းတွေ အများကြီးပါတဲ့ ကားမျိုးဆိုတော့ အကြမ်းစား သည်းထိတ်ရင်ဖို ကားတွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။  အစအဆုံး အမောတကောနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ချင်တဲ့ ပရိသတ်မျိုးနဲ့ အကိုက်ညီဆုံး ဖြစ်မှာပါ... #Credit

Repost from N/a
The Guardian (2026) 720p

Repost from N/a
The Guardian (2026) ဖိလစ်ပိုင်နိုင်ငံမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဂင်မီဂျင်း (Park Eun-Hye) ဟာဆိုရင် ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ ထောင်ချောက်ဆင်မှုကြောင့် လောင်းကစားရဲ့ ကျေးကျွန်ဘဝကို ရောက်ပြီး အကြွေးပုံထဲ နစ်မွန်းသွားခဲ့ရပါတယ်။ တစ်ဖက်မှာ နိုင်ငံ့ကိုယ်စားပြု တိုက်ကွမ်ဒိုကစားသမားဖြစ်လာဖို့ အိပ်မက်မက်နေတဲ့ သားဖြစ်သူ ဒိုဂျွန်း (Nam Woo-Hyun) ကလည်း လောင်းကစားစွဲနေတဲ့ အမေဖြစ်သူအပေါ် မုန်းတီးနာကျည်းစိတ်တွေပဲ ပိုပိုပြီး ကြီးထွားလို့လာနေတာပေါ့။ အဲဒီအချိန်မှာပဲ သွေးအေးရက်စက်တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ချာဒုံချော (Han Jae-Suk) ဆိုသူက အကြွေးကို အကြောင်းပြပြီး မီဂျင်းကို ပြန်ပေးဆွဲသွားပါတော့တယ်။ ဒိုဂျွန်းတစ်ယောက် သတ်မှတ်ချိန် ၄၈ နာရီအတွင်း အမေ့ကို ကယ်တင်ဖို့အတွက် သက်စွန့်တိုက်ပွဲဝင်ရတဲ့အခါမှာတော့... တကယ်ပဲ ဒိုဂျွန်းက အမေဖြစ်သူကို ဘေးမသီရန်မခဘဲ ပြန်လည် ကယ်တင်လာနိုင်ပါ့မလား...

Repost from N/a
ထောင်တွင်းလူမိုက် ဂိုဏ်းစတားကြီးကို ထောင်ထဲထိဝင်ပြီး ရှယ်ဖြုတ်ချမဲ့သူ

Repost from N/a
ထောင်တွင်းလူမိုက် ဂိုဏ်းစတားကြီးကို ထောင်ထဲထိဝင်ပြီး ရှယ်ဖြုတ်ချမဲ့သူ ーーーーーーーーーーーーーーーーーーーー အပြင်ပန်းမှာတော့ အကျင့်ပျက်ခြစားမှ
ထောင်တွင်းလူမိုက် ဂိုဏ်းစတားကြီးကို ထောင်ထဲထိဝင်ပြီး ရှယ်ဖြုတ်ချမဲ့သူ ーーーーーーーーーーーーーーーーーーーー အပြင်ပန်းမှာတော့ အကျင့်ပျက်ခြစားမှုကြောင့် ထောင်ကျသွားတဲ့ ရဲအရာရှိဟောင်း 'ဆောင်းယူးဂွန်'။ ဒါပေမဲ့ တကယ်တမ်းတော့ သူဟာ သူ့အစ်ကိုဖြစ်သူ အသက်ဆုံးရှုံးသွားရတဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ထောင်ထဲကို တမင်သက်သက် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ ထောင်ထဲရောက်တဲ့အခါမှာတော့ ထောင်ပိုင်တွေ၊ ရာထူးကြီးသူတွေရဲ့ အကူအညီနဲ့ အကျဉ်းထောင်တစ်ခုလုံးကို စိတ်ကြိုက်ထိန်းချုပ်ထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းရဲ့ အကြီးအကဲ 'ဂျောင်အစ်ဟို' နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ ဒီထောင်ထဲမှာတော့ 'အစ်ဟို' ရဲ့ စကားသည်သာ ဥပဒေဖြစ်ပြီး သူ့ကို ဆန့်ကျင်တဲ့သူမှန်သမျှ မရှုမလှ အဆုံးစီရင်ခြင်း ခံကြရပါတယ်။ သူ့ရဲ့ ခိုင်းစေချက်အရ အကျဉ်းသားတွေဟာ ညဘက်မှာ ထောင်ကနေ ခိုးထွက်ပြီး အပြင်မှာ စီမံကိန်းတွေ သွားရောက်လုပ်ဆောင်ကြရပြီး မနက်ရောက်မှ ထောင်ထဲ ပြန်ဝင်လာကြတာပါ။