fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဖိုးမှန်

ဖိုးမှန်

رفتن به کانال در Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
4 431
مشترکین
-4824 ساعت
-2307 روز
-48030 روز
آرشیو پست ها
နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် နိုင်င
နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် နိုင်ငံတော်သမ္မတ မှာကြား  

​တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF ၂၄ ဦး လက်နက်များနှင့်အတူ အလင်းဝင် ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ယနေ့ (၂-၉-၂၀၂၆) တွင် P
+6
​တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF ၂၄ ဦး လက်နက်များနှင့်အတူ အလင်းဝင် ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ယနေ့ (၂-၉-၂၀၂၆) တွင် PDF အဖွဲ့ဝင် အမျိုးသား ၂၀ ဦး အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၂၄ ဦးတို့သည် သေနတ် ၈ လက်၊ လက်ပစ်ဗုံး ၁၀ လုံး အပါအဝင် ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြ။ ​အဆိုပါ အလင်းဝင်ရောက်သူများကို တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရ။ ​https://t.me/phoehmann007 ​#ဖိုးမှန်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ရဲ့ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆ
+3
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ရဲ့ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား။

+6
စက်တင်ဘာ_၂_မြန်မာ့အလင်းသတင်းစာ.pdf2.70 MB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

တောသူတောင်သား ပြည်သူတွေကို လိမ်ညာလှည့်ဖြားပြီး ကျားဖြန့်လိုလုပ်နေတာတွေက ဝင်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခုလို ဖြစ်နေပြီလို့ PDF တွေက ပြောဆိုနေကြတာဟာ တကယ်ကို ရှက်စရာကောင်းပြီး စက်ဆုပ်ဖွယ် လုပ်ရပ်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်သူတွေဆီကနေ အလှူငွေ ခွက်ခေါက်တောင်းလို့ မရတော့တဲ့အတွက် အွန်လိုင်းကနေ နည်းမျိုးစုံနဲ့ လိမ်လည်လှည့်ဖြားပြီး ပိုက်ဆံတွေကို အရှက်မရှိ ခိုးယူနေကြတာ ဖြစ်ပါတယ်။ အပြစ်မဲ့ ပြည်သူတွေရဲ့ ဒုက္ခကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာ ခိုးဝှက်နေကြတဲ့ လုပ်ရပ်တွေလုပ်တဲ့ကောင်တွေ မင်းတို့ရဲ့နိဂုံးက မကြာတော့ဘူး... ​https://t.me/phoehmann007 ​#ဖိုးမှန်

ပညာဖြင့်ထုဆစ် နိုင်ငံ့ရဲ့အရင်းမြစ် 🇲🇲🕊❤️❤️❤️🇲🇲🕊🎓🎓🎓 ​https://t.me/phoehmann007 ​#ဖိုးမှန်

လူငယ်များအနေဖြင့် မိမိနိုင်ငံက သင်ပေးလိုက်သည့် ပညာရပ်များဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို ပြန်လည်အကျိုးပြုရန်လိုအပ် - နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ထိထိ ရောက်ရောက် အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးနေသည်ဖြစ်ရာ လူငယ်များ အနေဖြင့်လည်း မိမိတို့နိုင်ငံက သင်ပေးလိုက်သည့် ပညာရပ်များဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို အပြည့်အဝအကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်နိုင်ကြရန် တိုက်တွန်းလိုကြောင်း။ အမျိုး၊ ဘာသာ၊သာသနာ ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လို- ဘဝရှင်သန်ရပ်တည်ရေး အတွက် အတတ်ပညာတစ်ရပ်ရပ်ကို ကျွမ်းကျင်လိမ္မာရန်လိုသကဲ့သို့ ဘာသာတရား၏ အဆုံးအမနှင့် အညီ ကိုယ်၊ နှုတ်၊ နှလုံး ယဉ်ကျေးသိမ်မွေ့သူများဖြစ်ကြရန်လည်း သင်ယူကြရန် လိုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုတန်ဖိုးထားမြတ်နိုးကာဖြင့် အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လိုကြောင်း။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် သစ္စာရှိရှိ အားမာန်အပြည့်ဖြင့် သယ်ပိုးထမ်းရွက်ကြရန်လို- နိုင်ငံသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ တန်ဖိုးရှိစွာ နေထိုင်တတ်ပြီး ထူးချွန် ထက်မြက် သည့် လူရည်ချွန် လူရည်မွန်များဖြစ်အောင် ဆက်လက်ကြိုးစားကြကာ နိုင်ငံနှင့်လူမျိုးအကျိုးကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် သစ္စာရှိရှိ အားမာန်အပြည့်ဖြင့် သယ်ပိုးထမ်းရွက်ကြရန် တိုက်တွန်း လိုကြောင်း နိုင်ငံတော်သမ္မတက အသေးစိတ်မှာကြားခဲ့ပါသည်။ Crd. Dr. Khaing Khaing Soe

အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်၍ ပြောဆိုလုပ်ကိုင်မှုမှန်သမျှ သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန်မှာကြား နေပြည်တော်၊ ဩဂုတ် - ၃၁ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။ နိုင်ငံတော်သမ္မတ၏ အဓိကထား တိုက်တွန်းပြောကြားချက်များမှာ- ပညာတတ်လူငယ်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အရင်းအမြစ်များဖြစ်- ခေတ်မီနိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခန့်ညားထည်ဝါစွာ ရပ်တည်နိုင် စေရန်အတွက် အရည်အသွေးပြည့်ဝသည့် ပညာတတ်လူငယ်များ၏ စွမ်းရည်စွမ်းအား မြင့်မားမှုသည် ပဓာနကျပြီး နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စွမ်းဆောင် နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းရှိကြသည့် အရင်းအမြစ်များ ဖြစ်ကြောင်း။ အဆင်မြင့်ပညာရပ်များကို ဆက်လက်၍ အပတ်တစ်ကုတ် လေ့လာသင်ယူသွားကြရန်- ဆုရ ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာနှင့် အသိဉာဏ် ပြည့်စုံကြွယ်ဝကြပြီး ရည်မှန်းချက် မြင့်မားကြသူများဖြစ်သည်နှင့်အညီ ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့် အဆင်မြင့်ပညာကို အပတ်တစ်ကုတ် သင်ယူပြီး ဘဝအောင်မြင်ရေးအတွက် ထူးချွန်ထက်မြက်အောင် ဆက်လက် ကြိုးစားသွားကြရန်လိုကြောင်း။ နိုင်ငံတော်မှ ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်- တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး တက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ(၃၀၇)ဦးကို ရွှေစင်(၁)ကျပ်သား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြင့် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှု ရလဒ်များကို မှတ်ကျောက်တင် ဂုဏ်ပြုပေးခြင်းဖြစ်ကြောင်း။ ခေတ်မီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် နိုင်ငံသားများ၏ စွမ်းပကားသည် အဓိကကျ - နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံစိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ် တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများ သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် အဓိကကျပြီး ထိုသို့ စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံသားများ၏ စွမ်းပကားနှင့် ခေတ်မီနိုင်ငံတော်သစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း။ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်၍ ပြောဆိုလုပ်ကိုင်မှု မှန်သမျှ သေသေချာချာ စဉ်းစား သုံးသပ်ကြရန်- မိမိတို့နိုင်ငံ၏ အတိတ်၊ပစ္စုပ္ပန် သမိုင်းကြောင်းများကို သေသေချာချာသိရှိအောင် လေ့လာစေလိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများကို သိရှိလိုက်နာပြီး မှန်ကန်သည့် လုပ်ရပ်များနှင့် နိုင်ငံကို အကျိုးပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်သဖြင့် ပြောဆိုလုပ်ကိုင်မှု မှန်သမျှ သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေ မည့် အရာများကို ရှောင်ကြဉ်ကြရန်လိုကြောင်း။ လူငယ်များအနေဖြင့် သိပ္ပံနှင့်နည်းပညာ အခြေပြုစွန့်ဦးတီထွင်မှုများ ပိုမိုဆောင်ရွက်ကြစေလို -ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဒီဂျစ်တယ် စီးပွားရေးနှင့် AI အခြေပြု ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အားကောင်းလာသည်ကို တွေ့ရသည့်အတွက် လူငယ်များ အနေဖြင့် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ်သိရှိပြီး သိပ္ပံနှင့်နည်းပညာ အခြေပြု စွန့်ဦးတီထွင်မှုများ ပိုမိုဆောင်ရွက်ကြစေလိုကြောင်း။ လူတိုင်းအလုပ်လုပ်ကြရန် လိုအပ်- နိုင်ငံတိုးတက်ရေးအတွက် အရေးကြီးဆုံးမှာ လူတိုင်း အလုပ်လုပ် ကြရန်ဖြစ်ပြီး မိမိတို့ အသက်အရွယ်အလိုက် ကျွမ်းကျင်ရာလိမ္မာရာ လုပ်ငန်းဆောင်တာများကို သမ္မာအာဇီဝရှိရှိ၊ အတ္တနှင့်ပရ မျှမျှတတဖြင့် အချိန်ကိုအချည်းနှီးမဖြစ်စေရေး အကျိုးရှိရှိ စဉ်ဆက် မပြတ်အသုံးချကြရမည်ဖြစ်ကြောင်း။ မိမိကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပျိုးထောင်ခြင်းသည် နိုင်ငံတော်ကို အကျိုးပြုရာ ရောက်- ကျောင်းသားလူငယ်များအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်အောင် ဝါသနာပါရာ အားကစား တစ်မျိုးမျိုးကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားသူများ ဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ကာ ထိုသို့ မိမိကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် လေ့ကျင့် ပျိုးထောင်ခြင်းသည် နိုင်ငံတော်ကို အကျိုးပြုရာရောက်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံ တွေ့ဆုံသွားမည်ဖြစ်သည်။ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်နိုင်ငံရှိ ဒီဂျစ်တယ်နည်းပညာနှင့် စက်မှုလုပ်ငန်းများကို သွားရောက်လေ့လာသွားမည်ဖြစ်သည်။

+6
စက်တင်ဘာ_၁_မြန်မာ့အလင်းသတင်းစာ.pdf2.98 MB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္က
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဆုများပေးအပ်ချီးမြှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ တက်ရောက်အမှာစကားပြောကြားခဲ့။   ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထား ထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျကြောင်း ပြောကြားခဲ့။ ​https://t.me/phoehmann007 ​#ဖိုးမှန်

🎖️ အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို ​▪️ ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့) တွင် နယ်မြေလုံခြုံရေးနှင့် စစ်ဆင်ရေးတ
+9
🎖️ အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို ​▪️ ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့) တွင် နယ်မြေလုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာကြသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းမှ အောင်ပွဲရတပ်မတော်သားများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ တိုင်းဦးစီးချုပ်၊ တပ်နယ်မှူးများနှင့် နယ်မြေခံတပ်မတော်သားများ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ ▪️ နိုင်ငံနဲ့လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ ရဲစွမ်းသတ္တိရှိရှိနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ဗျာ။ ​🇲🇲🕊❤️❤️❤️🇲🇲🕊 ​https://t.me/phoehmann007 ​#ဖိုးမှန် ​#Myanmar #TriangleRegionCommand #WelcomingCeremony #Heroes

ကောက်နုတ်ချက်
+1
ကောက်နုတ်ချက်

အောင်ပွဲရ စစ်တွေသားတို့ရဲ့ အိမ်အပြန်ခရီး 💚💚အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ရခိုင်ပြည
+1
အောင်ပွဲရ စစ်တွေသားတို့ရဲ့ အိမ်အပြန်ခရီး 💚💚အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်💚💚

+6
ဩဂုတ်_၃၁_မြဝတီသတင်းစာ.pdf5.59 MB

ရက်ပေါင်း (၁၃၀)မြန်မာ့သံတမန်ရေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရအသစ်အနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရက်ပေါင်း (၁၃၀) ကာလအတွင်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးရာ ဆောင်ရွက်ချက်များ -သွားရောက်ခဲ့သည့်နိုင်ငံပေါင်း (၆)နိုင်ငံ။ - လေကြောင်းခရီးသွားလာမှု နာရီပေါင်း (၄၈)နာရီ (၂၀)မိနစ် လေမိုင်ပေါင်း (၁၉၅၀၀)မိုင် -မော်တော်ယဉ်ဖြင့် ခရီးသွားလာမှု နာရီပေါင်း (၃၂)နာရီ (၂၀)မိနစ် -မီးရထားဖြင့်ခရီးသွားလာမှု နာရီပေါင်း (၅)နာရီ(၂၀)မိနစ် မြေပြင်ခရီးစဉ် စုစုပေါင်း ကီလိုမီတာ(၃၆၀၀၀)ကီလိုမီတာကျော်။

+2
အကြမ်းဖက် သောင်းကျန်းသူ PDF တွေရဲ့ ခွက်ခေါက်ဖို့အတွက် ရိုက်ကွင်းများ... ပြီးရင် လိုင်းပေါ်တင်ပြီး တကယ်ဖြစ်သယောင် ဟန်ဆောင် တင်ပြပြီး ခွက်ခေါက်တာ ထုံးစံလို ဖြစ်နေပါပြီ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆိ
+5
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲကို ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်နေတာဖြစ်ပြီး ဩဂုတ်လ ၂၉ ရက်တွင် ပြိုင်ပွဲစတုထ္တနေ့ကို ကျင်းပပြုလုပ်ခဲ့တဲ့ မြင်ကွင်းပုံရိပ်တွေပဲဖြစ်ပါတယ်...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည့်မှတ်တမ်း https://t.me/phoehmann007  #ဖိုးမှန်