fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဖိုးမှန်

ဖိုးမှန်

رفتن به کانال در Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
4 497
مشترکین
-6424 ساعت
-1837 روز
-44030 روز
آرشیو پست ها
ရေနံချောင်းမြိုနယ်ရှိ ဒေါင်းနေတံတားအနီး၌ အဝေးပြေးခရီးသည်တင်ယာဥ်တိမ်းမှောက် ယာဥ်နောက်လိုက်ဒဏ်ရာရ မကွေးတိုင်း၊ ရေနံချောင်းမြိုန
ရေနံချောင်းမြိုနယ်ရှိ ဒေါင်းနေတံတားအနီး၌ အဝေးပြေးခရီးသည်တင်ယာဥ်တိမ်းမှောက် ယာဥ်နောက်လိုက်ဒဏ်ရာရ မကွေးတိုင်း၊ ရေနံချောင်းမြိုနယ်ရှိ ဒေါင်းနေတံတားအနီးတွင် ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့လယ် ၃ နာရီကျော်ခန့်က အဝေးပြေးခရီးသည်တင်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေနံချောင်းမြိုနယ်၊ ဒေါင်းနေတံတားအနီးတွင် အဝေးပြေးခရီးသည်တင်ကားတိမ်းမှောက်ခဲ့သဖြင့် မီးသတ်တပ်ဖွဲဝင်များက ကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိထားသည့် ယာဥ်နောက်လိုက်ကို မကွေးမြိုပြည်သူ့ဆေးရုံသိုပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး အမျိုးသားအဆင့်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် အဆိုတင်သွင်း ပြည်သူ့လွှတ်တော်
ဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး အမျိုးသားအဆင့်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် အဆိုတင်သွင်း ပြည်သူ့လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် ကြေညာ နေပြည်တော်၊ စက်တင်ဘာ ၂၂ ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြစ်ကြောင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးက တင်သွင်းခဲ့သည်။

အမေရိကနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် နှင့် ကုန်သွယ်မှုကွာဟချက်လျှော့ချရန် အမေရိကန်ထံမှ လေယာဉ်အပါအဝင် နည်းပညာမြင့်ကုန်ပစ
အမေရိကနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် နှင့် ကုန်သွယ်မှုကွာဟချက်လျှော့ချရန် အမေရိကန်ထံမှ လေယာဉ်အပါအဝင် နည်းပညာမြင့်ကုန်ပစ္စည်းများ ပိုမိုဝယ်ယူမည် နယူးယောက်၊ စက်တင်ဘာ ၂၂ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတိုအကြား ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ရရှိရန် “အတော်နီးစပ်နေပြီ” ဖြစ်ကြောင်း ဗီယက်နမ်ခေါင်းဆောင် တိုလမ်က ပြောကြားလိုက်သည်။ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြိုသို ရောက်ရှိနေစဉ် Bloomberg နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် တိုလမ်က နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိပြီး မျှတသည့် အကောက်ခွန်ဆိုင်ရာ သဘောတူညီချက်ရရှိရေး ညှိနှိင်းမှုများကို အရှိန်မြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

မနက်ဖြန် မြောက်ဒဂုံရှိ ရပ်ကွက် ၇ ခုတွင် ၄ နာရီကြာ ဓာတ်အားပြတ်တောက်မည်၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခ
မနက်ဖြန် မြောက်ဒဂုံရှိ ရပ်ကွက် ၇ ခုတွင် ၄ နာရီကြာ ဓာတ်အားပြတ်တောက်မည်၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည် ရန်ကုန်၊ စက်တင်ဘာ ၂၂ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်ရှိ ရပ်ကွက် ၇ ခုအပါအဝင် နေရာအချိုတွင် မနက်ဖြန် စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထားသည်။

အလီဘာဘာက တရုတ်၏ အစွမ်းထက်ဆုံး AI ချစ်ပ်အသစ် မိတ်ဆက်ပြီး၊ AI Model၊ AI Chip နှင့် AI Cloud တိုကို မဟာဗျူဟာအဓိကဒေါင်တိုင် ၃ ခုအ
အလီဘာဘာက တရုတ်၏ အစွမ်းထက်ဆုံး AI ချစ်ပ်အသစ် မိတ်ဆက်ပြီး၊ AI Model၊ AI Chip နှင့် AI Cloud တိုကို မဟာဗျူဟာအဓိကဒေါင်တိုင် ၃ ခုအဖြစ် သတ်မှတ် ဟန်ကျိုး၊ စက်တင်ဘာ ၂၂ တရုတ်နည်းပညာကုမ္ပဏီကြီး အလီဘာဘာအုပ်စုက တရုတ်နိုင်ငံ၏ အစွမ်းထက်ဆုံး AI ချစ်ပ်အသစ်ကို မိတ်ဆက်လိုက်ပြီး ပိုမိုကြီးမားသည့် AI မိုဒယ်လ်များ ဖွံဖြိုးလေ့ကျင့်ရေး အစီအစဉ်များကိုလည်း ထုတ်ဖော်လိုက်သည်။ ဟန်ကျိုးမြို၌ ကျင်းပသည့် အလီဘာဘာ၏ နှစ်စဉ် Apsara ညီလာခံတွင် ကုမ္ပဏီဥက္ကဋ္ဌ ဂျိုးဆိုင်းက AI နည်းပညာကို ဆန်းသစ်တီထွင်မှုအဆင့်မှ လက်တွေ့တန်ဖိုးဖန်တီးနိုင်သည့်အဆင့်သို ရောက်ရှိစေရန် Full-stack AI စနစ်တစ်ရပ် တည်ဆောက်ရေး၌ ကုမ္ပဏီက အခိုင်အမာ ရင်းနှီးမြှုပ်နှံနေကြောင်း ပြောကြားခဲ့သည်။

အီးယူ-ဖိလစ်ပိုင် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်အတွက် အဓိကသဘောတူညီမှုရရှိပြီး လာမည့်လများအတွင်း တရားဝင်အပြီးသတ်နိုင်ရေး ဆက
အီးယူ-ဖိလစ်ပိုင် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်အတွက် အဓိကသဘောတူညီမှုရရှိပြီး လာမည့်လများအတွင်း တရားဝင်အပြီးသတ်နိုင်ရေး ဆက်လက်ညှိနှိင်းမည် မနီလာ၊ စက်တင်ဘာ ၂၂ ဥရောပသမဂ္ဂ (EU) နှင့် ဖိလစ်ပိုင်နိုင်ငံတိုအကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA) ချုပ်ဆိုနိုင်ရေးအတွက် အဓိကကျသည့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပြီး လာမည့်လများအတွင်း တရားဝင်အပြီးသတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်မှာ မြေပြိုနိုင်တဲ့ အန္တရာယ်အတွက် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထား စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) ဂျပန်မိုးလေဝသအေဂျင်စီ (JM
ဂျပန်မှာ မြေပြိုနိုင်တဲ့ အန္တရာယ်အတွက် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထား စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က တိုင်ဖွန်းမုန်တိုင်း ဒူဂျန် ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ တိုကျိုမြိုရဲ့ အီဇူးကျွန်းစု မှာရှိတဲ့ အိုရှီးမားမြိုအတွက် အဆင့် (၅) အရေးပေါ် မြေပြိုမှုသတိပေးချက် ကို ထုတ်ပြန်လိုက်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အဆင့် (၅) ဆင့်ပါ သတိပေးချက်စနစ်မှာ အဆင့် (၅) ဆိုတာ အမြင့်ဆုံး သတိပေးချက် အဆင့် ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်အရ ဒီအဆင့်က မြေပြိုမှုတွေ အလွန်တရာ အလားအလာ များနေပြီဆိုတာကို ညွှန်ပြနေတာပါ။ ဒါကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အသက်အန္တရာယ် ကာကွယ်ဖိုအတွက် ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်ကြဖို အေဂျင်စီက တိုက်တွန်းထားပါတယ်။

ကျောက်ဆည်မြို၌ ယခင်နှစ်များအတိုင်း ဆင်အကအလှပြိုင်ပွဲနှင့်ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ကျောက်ဆည်၊ စက်တင်ဘာ
ကျောက်ဆည်မြို၌ ယခင်နှစ်များအတိုင်း ဆင်အကအလှပြိုင်ပွဲနှင့်ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ကျောက်ဆည်၊ စက်တင်ဘာ ၂၂ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြိုနယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ခုတစ်မျိုး တော်ကြာတစ်မျိုးပါလား။ မင်းတို့ပြောတော့ စစ်တပ်ကအင်အားမရှိတော့ပါဘူးဆို။ အခုကျတော့လည်း ရခ
တိုင်းရင်းသားလက်နက်ကိုင်တွေ ခုတစ်မျိုး တော်ကြာတစ်မျိုးပါလား။ မင်းတို့ပြောတော့ စစ်တပ်ကအင်အားမရှိတော့ပါဘူးဆို။ အခုကျတော့လည်း ရခိုင်ရော၊ ကရင်ရော ကချင်ပါ စစ်ရေးအင်အားသုံးတယ်ဖြစ်ရပြန်ပြီ။

မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြေးဆွဲမှု နှစ်လပြည့်ပြီဖြစ် ဇူလိုင် ၂၁ ရက်က ဖွင့်လှစ်ခဲ့သည် မြစ်ကြီး
မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြေးဆွဲမှု နှစ်လပြည့်ပြီဖြစ် ဇူလိုင် ၂၁ ရက်က ဖွင့်လှစ်ခဲ့သည် မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း နှစ်လပြည့်ပြီဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ အဆိုပါရထားလမ်းသည် မြစ်ကြီးနားမြိုမှ မိုးညှင်းမြိုအထိ ခရီးမိုင် ၁၁၀၊ သံလမ်းမိုင်အားဖြင့် ၁၆၃ မိုင်ကျော်၊ ဘူတာရုံပေါင်း ၃၃ ဘူတာရှိောကာင်း သိရသည်။ ယခင်က ခရီးစတင်သည့် မြစ်ကြီးနားနှင့် မိုးညှင်းမြိုမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာကြသော်လည်း ယခုအချိန်တွင် နံနက် ၇ နာရီသို ပြောင်းလဲဖွင့်လှစ်ထားကြောင်း၊ ယခင်က ငါးတွဲသာ ပြေးဆွဲသော်လည်း ယခုအခါ ခြောက်တွဲအထိ တိုးထားရကြောင်း ရထားစီးနေသူတစ်ဦးက ဆိုသည်။

တရုတ်စစ်တပ်၏ အဆင့် ၂ အရာရှိ ကျန်းယိုရှာကို ကွန်မြူနစ်ပါတီနှင့် စစ်တပ်မှထုတ်ပယ် တရုတ်ကွန်မြူနစ်ပါတီက သမ္မတရှီကျင်းပင်လက်ထက် စစ
တရုတ်စစ်တပ်၏ အဆင့် ၂ အရာရှိ ကျန်းယိုရှာကို ကွန်မြူနစ်ပါတီနှင့် စစ်တပ်မှထုတ်ပယ် တရုတ်ကွန်မြူနစ်ပါတီက သမ္မတရှီကျင်းပင်လက်ထက် စစ်တပ်အတွင်း အဆင့် ၂ အရာရှိအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသည့် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌဟောင်း ကျန်းယိုရှာကို အကျင့်ပျက်ခြစားမှု၊ အဖွဲခွဲ ဖွဲစည်းမှုနှင့် နိုင်ငံရေးစည်းကမ်း ဖောက်ဖျက်မှုများတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ပါတီနှင့် စစ်တပ်နှစ်ရပ်စလုံးမှ တရားဝင် ထုတ်ပယ်လိုက်သည်။

မွေးနေ့မတိုင်မီ ဝန်ထမ်းများကို iPhone 18 လက်ဆောင်ပေးခဲ့သည့် မင်းသမီး ပိုင်လု ပေကျင်း၊ စက်တင်ဘာ ၂၂ တရုတ်နာမည်ကျော် သရုပ်ဆောင်မ
မွေးနေ့မတိုင်မီ ဝန်ထမ်းများကို iPhone 18 လက်ဆောင်ပေးခဲ့သည့် မင်းသမီး ပိုင်လု ပေကျင်း၊ စက်တင်ဘာ ၂၂ တရုတ်နာမည်ကျော် သရုပ်ဆောင်မင်းသမီး ပိုင်လု (Bai Lu) သည် အသက် ၃၂ နှစ်ပြည့်မွေးနေ့မတိုင်မီ ၎င်း၏အဖွဲဝင် ဝန်ထမ်း ၁၀ ဦးကျော်ကို နောက်ဆုံးထွက် iPhone 18 ဖုန်းများ လက်ဆောင်ပေးခဲ့ရာ လူမှုကွန်ရက်အသုံးပြုသူများအကြား စိတ်ဝင်စားမှုရရှိနေသည်။ စက်တင်ဘာ ၂၀ ရက်က ပိုင်လု၏ ဝန်ထမ်းနှစ်ဦးက Weibo လူမှုကွန်ရက်တွင် ယင်းအကြောင်း မျှဝေခဲ့ခြင်းဖြစ်ပြီး ပိုင်လုနှင့် အဖွဲဝင် ၁၂ ဦးတို iPhone ဘူးများ ကိုယ်စီကိုင်ဆောင်ထားသည့် ဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။

တောင်ငူတွင် လူမှုကွန်ရက်မှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ် ရောင်းဝယ်သူတစ်ဦး ထပ်မံဖမ်းဆီးရမိ ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုတွင်
တောင်ငူတွင် လူမှုကွန်ရက်မှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ် ရောင်းဝယ်သူတစ်ဦး ထပ်မံဖမ်းဆီးရမိ ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုတွင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်နေသူတစ်ဦးအား စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ "Ye Naing Win" အမည်ရှိ Facebook Account ပိုင်ရှင် ကိုရဲနိုင်ဝင်းက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံစုံစမ်းခဲ့ကြောင်း သိရသည်။

ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်

ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွား ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ
ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွား ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု (ယနေ့) စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပြုတ်ကျသေဆုံးသူမှာ ဈေးကြီး ၆ ထပ်ရှိ GOGO PARK ကစားကွင်း ဝန်ထမ်း မစန္ဒီပြည့်စုံကျော် အသက် ၂၅ နှစ်ဖြစ်ပြီး အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ကြောင်း ပြင်ဦးလွင်မြိုမရဲစခန်းမှ စုံစမ်းသိရှိရသည် ။

အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်ခံရသည့် CNN ၊ MS NOW နှင့် Politico တိုက ထရန့်အစိုးရကို တရားစွဲ အမေရိကန်သတင်းမီဒီယာများဖြစ်သည့် CN
အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်ခံရသည့် CNN ၊ MS NOW နှင့် Politico တိုက ထရန့်အစိုးရကို တရားစွဲ အမေရိကန်သတင်းမီဒီယာများဖြစ်သည့် CNN ၊ MS NOW နှင့် Politico တိုက အိမ်ဖြူတော်သို ဝင်ရောက်သတင်းယူခွင့် ပိတ်ပင်ခံရပြီးနောက် စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်နယ်ထရန့်အစိုးရကို တရားစွဲဆိုလိုက်သည်။ အဆိုပါသတင်းမီဒီယာများက ၎င်းတိုဖော်ပြသည့် သတင်းအကြောင်းအရာများအပေါ် အခြေခံ၍ ပိတ်ပင်ခံရခြင်းဖြစ်ပြီး အမေရိကန်ဖွဲစည်းပုံ အခြေခံဥပဒေ၏ ပထမပြင်ဆင်ချက်ပါ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း တရားရုံးသို တင်ပြခဲ့သည်။ ထရန့်ဘက်ကလည်း သတင်းမီဒီယာလွတ်လပ်ခွင့်ကို မိမိအနေဖြင့် တန်ဖိုးထားသော်လည်း သတင်းအတုမျာကို လက်မခံကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ CNN၊ MS NOW နှင့် Politico တိုသည် အစိုးရအဖွဲနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားနေကြသည်ဟု ဆိုကာ ၎င်းတိုကို အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း စက်တင်ဘာ ၁၈ ရက်က ကြေညာခဲ့သည်။

တိုက်ကြီးမြိုနယ်တွင် ပြည်-ရန်ကုန် DEMU အမြန်ရထားအား ခဲဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးရမိ တိုက်ကြီးမြိုနယ်တွင် ပြည်-ရန်ကုန် DEMU အ
တိုက်ကြီးမြိုနယ်တွင် ပြည်-ရန်ကုန် DEMU အမြန်ရထားအား ခဲဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးရမိ တိုက်ကြီးမြိုနယ်တွင် ပြည်-ရန်ကုန် DEMU အမြန်ရထားအား ခဲဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီ‌ကျော်ဝန်းကျင်တွင် ပြည်ဘူတာမှ ရန်ကုန်မြိုဘက်သို မောင်းနှင်ထွက်ခွာလာသော အမှတ် (၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြိုနယ်၊ ဖလုံဘူတာနှင့် သနပ်ချောင်းဘူတာကြား မိုင်တိုင်အမှတ် ၄၈/၂ဝ ရေကျော်ဘူတာအနီးသို ဖြတ်မောင်းသွားစဉ် အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

အိန္ဒိယ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းတွေ ထိခိုက်ပြီးရင်း ထိခိုက်လာ စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) ရုရှားနဲ့ အရှေ့အလယ်ပိုင်းက စွ
အိန္ဒိယ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းတွေ ထိခိုက်ပြီးရင်း ထိခိုက်လာ စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) ရုရှားနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင် အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေများလာတာကြောင့် ဖော့စဖိတ်အခြေခံ ဓာတ်မြေဩဇာထုတ်လုပ်ရာမှာ အဓိကအသုံးချတဲ့ ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ဆာလဖာ ထောက်ပံ့ရေးတွေ တင်းကျပ်လာပြီး၊ အိန္ဒိယနိုင်ငံရဲ့ မြေဩဇာလုပ်ငန်းဟာ ဆာလဖာဈေးနှုန်း မြင့်တက်လာမှုဒဏ်ကို ပြန်လည်ခံစားနေရပါတယ်။ အိန္ဒိယနိုင်ငံကို ရောက်ရှိလာတဲ့ ဆာလဖာတစ်တန်ရဲ့ ဈေးနှုန်းဟာ နှစ်ဆန်းပိုင်းကစပြီး နှစ်ဆနီးပါး မြင့်တက်လာခဲ့ကာ အခုဆိုရင် တစ်တန်ကို ၁,၀၅၀ ကနေ ၁,၁၀၀ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိနေပါပြီ။ ဒါကြောင့် ဒိုင်အမိုနီယမ် ဖော့စဖိတ် (DAP)၊ စင်ဂယ် ဆူပါ ဖော့စဖိတ် (SSP) နဲ့ အခြားသော ပေါင်းစပ်မြေဩဇာ ထုတ်လုပ်သူတွေအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာစေပါတယ်။

တိုက်ဖုန်းဒူဂျွမ်းကြောင့် ဂျပန်တွင် နှစ်ဦး‌ေ-သဆုံး၊ တိုကျိုအနီး ခရီးသွားလာမှုများ အနှောင့်အယှက်ဖြစ် တိုကျို၊ စက်တင်ဘာ ၂၂ အင်အ
တိုက်ဖုန်းဒူဂျွမ်းကြောင့် ဂျပန်တွင် နှစ်ဦး‌ေ-သဆုံး၊ တိုကျိုအနီး ခရီးသွားလာမှုများ အနှောင့်အယှက်ဖြစ် တိုကျို၊ စက်တင်ဘာ ၂၂ အင်အားပြင်း တိုင်ဖုန်းဒူဂျွမ်း ဂျပန်နိုင်ငံ တိုကျိုမြိုအနီး ဖြတ်သန်းတိုက်ခတ်မှုကြောင့် လူနှစ်ဦး‌ေ-သဆုံးပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုအန္တရာယ်များ ဖြစ်ပေါ်ခဲ့သည့်အပြင် လေကြောင်းနှင့် ရထားခရီးစဉ် ရာနှင့်ချီ ဖျ-က်သိမ်း၊ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။ မုန်တိုင်းကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး တိုကျိုမြိုအနီးရှိ ဒေသအချိုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ နေအိမ်သောင်းနှင့်ချီ လျှပ်စစ်မီးပြ-တ်တေ-ာက်ခဲ့သည်။ ဒူဂျွမ်းသည် တနင်္လာနေ့က တိုကျိုမြိုအနီးရှိ ခဆွတ်အူရမြို၏ တောင်ဘက် ကီလိုမီတာ ၁၃၀ ခန့်အကွာမှ ဖြတ်သန်းစဉ် တစ်နာရီလျှင် ၁၄၄ ကီလိုမီတာအထိ လေပြင်းတို-က်ခတ်ခဲ့ကြောင်း သိရသည်။

ရုရှားသူဌေးနှစ်ဦးအပေါ် ပိတ်ဆိုမှုရုပ်သိမ်းရေး EU သဘောမတူသေး ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂ ရုရှားဘီလျံနာစီးပွားရေးလုပ်ငန်းရှင် အလီရှာ
ရုရှားသူဌေးနှစ်ဦးအပေါ် ပိတ်ဆိုမှုရုပ်သိမ်းရေး EU သဘောမတူသေး ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂ ရုရှားဘီလျံနာစီးပွားရေးလုပ်ငန်းရှင် အလီရှာ အူစ်မာနော့ဗ်နှင့် မစ်ဟိုင်း ဖရစ်ဒ်မန်းတိုအပေါ် ချမှတ်ထားသည့် ပိတ်ဆိုအရေးယူမှုများ ရုပ်သိမ်းရေးနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) အဖွဲဝင်နိုင်ငံများအကြား အပြီးသတ်သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။ ယူကရိန်းစစ်ပွဲနှင့်ဆက်နွှယ်၍ လူပုဂ္ဂိုလ်နှင့် အဖွဲအစည်းပေါင်း ၃,၀၀၀ နီးပါးအပေါ် ချမှတ်ထားသည့် EU ပိတ်ဆိုအရေးယူမှုများ သက်တမ်းတိုးရေး ဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အူစ်မာနော့ဗ်နှင့် ဖရစ်ဒ်မန်းတိုကို ပိတ်ဆိုမှုစာရင်းမှ ဖယ်ရှားရန် ယာယီသဘောတူညီမှု ရရှိခဲ့သော်လည်း လတ်ဗီးယားက နောက်ဆုံးအဆင့်တွင် ကန့်ကွက်ခဲ့သဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သံတမန်များက ပြောသည်။