ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 453
مشترکین
-4824 ساعت
-2307 روز
-48030 روز
آرشیو پست ها
4 443
၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ (၈) ရက်နေ့ တွင် ကျရောက်မည့် " နိုင်ငံတကာစာတတ်မြောက်ရေးနေ့" International Literacy Day ကို ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။
4 443
(၁၉)ကြိမ်မြောက်တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားချက်များထဲမှ ကောက်နုတ်ချက်
==============================
🔹 အမျိုးသားယဉ်ကျေးမှုသည် အသက်နှင့်ထပ်တူ တန်ဖိုးထားထိန်းသိမ်းရမည့် ဘိုးဘွားအမွေအနှစ်တစ်ခုဖြစ်ကြောင်း၊
🔹 လွတ်လပ်ရေးနှင့်အတူ ပိုင်ဆိုင်ခဲ့သည့် မြန်မာ့သုခုမအနုပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံတော်၏ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရာရောက်သည်ကို လေးလေးနက်နက် သိမြင်နားလည်ထားကြရန်လိုကြောင်း၊
🔹 မိမိတိုနှလုံးသားထဲတွင် ပိုင်ဆိုင်ထားသည့် အနုပညာ၊ ပင်ကိုယ်ရှိပြီးသည့် အနုပညာဗီဇ၊ ပါရမီတိုနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်အစစ်အမှန်ကို ဖော်ထုတ်ပြသကြရမည့် ပြိုင်ပွဲတစ်ရပ်ဆိုသည့် အသိထက်ကျော်လွန်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အပေါ် စောင့်ရှောက်နိုင်ရန်ဆိုသည့် အသိ၊ တပ်ဖွဲဝင်များ၏ အနုပညာကိုယ်ရည်ကိုယ်သွေးမြင့်မားရေးဆိုသည့် အသိများထိတိုင်ရှုမြင်ပြီး မဆုတ်မနစ် ကြိုးစားယှဉ်ပြိုင်လျှောက်လှမ်းသွားကြရန်လိုအပ်ကြောင်း၊
🔹 တပ်မတော်နှင့် ပြည်သူအကြား ပေါင်းကူးတံတားများဖြစ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်အောင် ကျွမ်းကျင်ရာ အနုသုခုမပညာရပ်များနှင့် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
4 443
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၄-၉-၂၀၂၆ မှ ၆-၉-၂၀၂၆ ထိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုး ၏ ဖြေကြားချက်
🇲🇲🤝🇻🇳
https://t.me/phoehmann007
#ဖိုးမှန်
4 443
+2
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit)သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
4 443
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်လာစေရေးအတွက် အရေးပါသည့် ခရီးစဉ်တစ်ရပ်ဖြစ်ခဲ့
နေပြည်တော်၊ စက်တင်ဘာ ၆
4 443
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၆
4 443
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား
4 443
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတို့က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
နေပြည်တော်၊ စက်တင်ဘာ - ၅
4 443
+7
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာ (Silk village)သို့ သွားရောက်လေ့လာ
Van Phuc ပိုးထည်ရွာသည် ဗီယက်နမ်နိုင်ငံ၏ အထင်ရှားဆုံး ရိုးရာပိုးထည် ယက်လုပ်သည့် ကျေးရွာများထဲမှ တစ်ခုဖြစ်ပြီး အဆိုပါကျေးရွာတွင် ပိုးထည်ယက် လုပ်သည့် ရိုးရာအမွေအနှစ်သည် နှစ်ပေါင်း (၁၀၀၀) ကျော်သက်တမ်းရှိ
နေပြည်တော်၊ စက်တင်ဘာ - ၅
4 443
■ အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာ
နိုင်ငံတော်သမ္မတက အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာများတွင် မြန်မာနိုင်ငံအပေါ် ဗီယက်နမ်နိုင်ငံ၏ နားလည်မှုနှင့် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
အာဆီယံအဖွဲဝင်နိုင်ငံများအဖြစ် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို အထောက်အကူပြုနိုင်ရန် ဆက်လက်ပူးပေါင်းသွားရေး ဆွေးနွေးခဲ့ကြပါသည်။
ဗီယက်နမ်နိုင်ငံက ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် CLMV ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အပေါ် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
■ မြန်မာနိုင်ငံ၏ ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒများ
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်များနှင့် အစိုးရသစ် ပေါ်ပေါက်လာမှု၊ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာစေရေး ဆောင်ရွက်နေမှုတိုကို ရှင်းလင်းပြောကြားခဲ့ပါသည်။
နိုင်ငံနှင့်ကိုက်ညီသည့် ဒေသအခြေခံဖက်ဒရယ်စနစ် ဖော်ဆောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးတိုကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
နိုင်ငံ့စီးပွားရေး ဖွံဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများ အားပေးမြှင့်တင်ရေးနှင့် စီးပွားရေးအခြေခံကောင်းများ တည်ဆောက်ရေး ဆောင်ရွက်နေမှုတိုကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ နှင့်အညီ အိမ်နီးချင်းနှင့် မိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
■ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဆွေးနွေးချက်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းက နိုင်ငံတော်သမ္မတ၏ ဗီယက်နမ်နိုင်ငံခရီးစဉ်ကို ကြိုဆိုပြီး ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိင်းစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံအကြား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲများ အပြန်အလှန်လည်ပတ်ရေးနှင့် လွှတ်တော်အချင်းချင်း ဆက်ဆံရေးတိုးမြှင့်ရေးကို ဆက်လက်အားပေးသွားလိုကြောင်း ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ၏ ဥပဒေပြုရေး၊ ဥပဒေပြင်ဆင်ရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် မျှဝေကာ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။
စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စားသောက်ကုန်ထုတ်လုပ်ရေးအပါအဝင် လက်တွေ့အကျိုးဖြစ်ထွန်းနိုင်သည့် ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် အလေးထားပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲအတွင်း နှစ်ဖက်ခေါင်းဆောင်များက မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရာစုနှစ်ဝက်ကြာ တည်ဆောက်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများကို ပိုမိုနက်ရှိင်းစေရန်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် အဆင့်သို မြှင့်တင်ရန်နှင့် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများ၌ အပြန်အလှန်ပံ့ပိုးကူညီမှု ဆက်လက်တိုးမြှင့်သွားရန် သဘောထားချင်းဖလှယ်ခဲ့ကြပါသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းအား မြန်မာနိုင်ငံသို အဆင်ပြေသည့်အချိန်တွင် လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလည်း ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံ၊ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။
https://t.me/phoehmann007/4152
4 443
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တွေ့ဆုံ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေး
ဟနွိုင်း၊ စက်တင်ဘာ ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၅ ရက်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တွေ့ဆုံ၍ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် အတွေ့အကြုံဖလှယ်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်စေရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများ၌ အပြန်အလှန်ထောက်ခံပံ့ပိုးရေးတိုကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည့်အချက်များ
■ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မိတ်ဖက်ဆက်ဆံရေး
မြန်မာ-ဗီယက်နမ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် ရွှေရတုကို ဖြတ်သန်းခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ အဆက်ဆက်တည်ဆောက်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရန် သဘောတူညီခဲ့ကြပါသည်။
၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်မည်ဖြစ်ရာ ဆက်ဆံရေးကို ပိုမိုနက်ရှိင်းကျယ်ပြန့်စေရေး အတူတကွ ကြိုးပမ်းသွားရန် ဆွေးနွေးခဲ့ကြပါသည်။
■ အစိုးရ၊ လွှတ်တော်၊ ပါတီနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး
နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများကို ဟန်ချက်ညီညီ တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
မကြာသေးမီက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၇ နှစ်ကြာ ရပ်တန့်နေခဲ့သည့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် ၁၀ ကြိမ်မြောက် အစည်းအဝေး ပြန်လည်ကျင်းပနိုင်ခဲ့မှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်အဖွဲများနှင့် လွှတ်တော်ဥက္ကဋ္ဌများ၏ အပြန်အလှန်ခရီးစဉ်များ ပိုမိုပြုလုပ်နိုင်ရေး အားပေးဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။
■ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး
နိုင်ငံတော်သမ္မတက လွှတ်တော်အချင်းချင်း ဆက်ဆံရေးသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးသည့် နိုင်ငံရေးအခြေခံမဏ္ဍိုင်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လွှတ်တော်များ ပြန်လည်စတင်လည်ပတ်နေပြီဖြစ်သည့်အတွက် ဗီယက်နမ်အမျိုးသားလွှတ်တော်၏ ဥပဒေပြုရေး၊ ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးရန် ဆွေးနွေးခဲ့ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များအကြား ထိတွေ့ဆွေးနွေးမှု၊ အတွေ့အကြုံဖလှယ်မှုနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် သဘောထားဖလှယ်ခဲ့ကြပါသည်။
AIPA၊ IPU အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ လွှတ်တော်ဆိုင်ရာမျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီမှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
■ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
နှစ်နိုင်ငံဆက်ဆံရေးကို လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် အဓိကကဏ္ဍများအဖြစ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကို ပိုမိုတိုးမြှင့်ရန် အလေးထားဆွေးနွေးခဲ့ကြပါသည်။
နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်ပူးပေါင်းမှု ပိုမိုအားကောင်းလာစေရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် အခြားအလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတိုကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံ၏ ပထဝီဝင်တည်နေရာနှင့် အနောက်ဘက်ရှိ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်များသို ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းများကို အသုံးချကာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး သဘောထားဖလှယ်ခဲ့ကြပါသည်။
နှစ်နိုင်ငံအကြား လိုအပ်သည့် နားလည်မှုစာချွန်လွှာများနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။
4 443
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တွေ့ဆုံ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေး
