ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 377
مشترکین
-2024 ساعت
-2727 روز
-52730 روز
آرشیو پست ها
4 363
+9
နိုင်ငံတော်သမ္မတ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာပြီဖြစ်သည်။
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည့် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul)က ကြိုဆိုနှုတ်ဆက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း
🔹 နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊
🔹ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့အပြင်
🔹 စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်သို့ တက်ရောက်သွားမည်ဖြစ်သည်။
https://t.me/phoehmann007
#ဖိုးမှန်
4 363
နီပိတ်တွေဝယ်ပေးတဲ့ လက်နက်နဲ့ ပြည်သူကို ပြန်သတ်နေတဲ့ လက်ပံတန်း ပကဖ အဖွဲ့
▪️ လက်ပံတန်း၊ မြိုင်သာယာရွာမှာ ပြည်သူတွေကို လက်နက်နဲ့ခြိမ်းခြောက်အနိုင်ကျင့်နေတဲ့ အကြမ်းဖက် လက်ပံတန်း ပကဖ အဖွဲ့က ရွာသားနှစ်ဦးကို ဒလန်စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။
▪️ အဲဒီလို သတ်ဖြတ်တာအပြင် နောက်ထပ်ရွာသားနှစ်ဦးကိုလည်း ထပ်မံသတ်ဖြတ်ဖို့ ခြိမ်းခြောက်နေလို့ ဒေသခံတွေ အသက်ဘေးအတွက် အလွန်အမင်း စိုးရိမ်နေကြပါတယ်။
▪️ ကိုယ်ဝယ်ပေးထားတဲ့ လက်နက်တွေနဲ့ ကိုယ့်ကို ပြန်သတ်တာ ခံ နေရပြီပေါ့။
▪️မြွေပွေးကို အစာကျွေးပြီး မွေးထားတာကိုး အခုတော့ မြွေဆိပ်သင့်ပြီပေါ့...
#ဖိုးမှန်
#Myanmar #Letpadan #PDF #TerroristActs
4 363
ပြည်သူကိုဒုက္ခပေးနေသည့် ပကဖ အဖွဲ့၏ မိုင်းထောင်လုပ်ရပ်ကြောင့် စိုင်ခေါင်ရွာမှ လင်မယားနှစ်ဦး သေဆုံးပြီး ကလေးငယ် မိဘမဲ့ဖြစ်ခဲ့ရ
▪️ ပုဂံ-ပုပ္ပါးနယ်ဘက်တွင် ပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်၊ ပြန်ပေးဆွဲနေသည့် ပကဖ အာကာဖြိုးအဖွဲ့ ထောင်ထားသည့်မိုင်းကို တောင်ယာတဲသို့ သွားရောက်သည့် စိုင်ခေါင်ရွာမှ လင်မယားနှစ်ဦး နင်းမိပေါက်ကွဲသဖြင့် နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရပါတယ်။
▪️ တစ်နေ့တစ်နေ့ ပြည်သူကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာပဲ တွေးနေကြတဲ့ အဆိုပါ လူယုတ်မာတွေရဲ့ လုပ်ရပ်ကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်လေးမှာ မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရကာ မိဘမဲ့ဖြစ်ခဲ့ရပါတယ်။
▪️ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို ဒေသခံပြည်သူတွေက ပြင်းထန်စွာ ရှုတ်ချလျက်ရှိပြီး အမြစ်ပြတ်ချေမှုန်းပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
#ဖိုးမှန်
#Myanmar #Bagan #Popa #PDF #TerroristActs
4 363
📌 စားစရာနဲ့ ဆေးဝါးပြတ်လပ်ပြီး အခက်အခဲကြုံနေရတဲ့ ရွှေကူနယ်က KPDF တွေ
▪️ ရွှေကူမြို့နယ်အတွင်းမှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ KPDF တွေဟာ မိုးစစ်ရွာအနီးမှာ ပုန်းခိုနေထိုင်ရင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးများ ပြတ်လပ်ကာ ဖျားနာဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်၊၊
▪️ အဲဒီလို ကျန်းမာရေးချို့တဲ့လာတဲ့အတွက် KIA အဖွဲ့ထံ ဆေးဝါးနဲ့ ရိက္ခာအကူအညီတောင်းခံခဲ့ပေမယ့် KIA ဘက်က သူတို့ရဲ့လူတွေကိုသာ ဦးစားပေးကုသပေးနေရလို့ဆိုပြီး ထောက်ပံ့ပေးခြင်းမရှိဘဲ ကိုယ့်ဘာသာ အဆင်ပြေအောင်လုပ်ဖို့သာ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်၊၊
▪️ အကူအညီမရရှိဘဲ စားစရာနဲ့ ဆေးဝါးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဒေသခံရွာတွေဘက်ကို ဝင်ရောက်ပြီး မူးယစ်ဆေးဝါးတွေကို အသည်းအသန် ရှာဖွေသုံးစွဲနေကြရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရှိရပါတယ်၊၊
▪️ဒီလောက်ခံနေရတာတောင် အမြင်မှန်မရသေးရင် ခံကြပေတော့....
#ဖိုးမှန်
#Myanmar #Kachin #Shwegu #KPDF #KIA
4 363
+8
🎉 ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
▪️ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် တပ်မတော်သားများကို ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ ဩဂုတ်လ ၅ ရက် မနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်၊၊
▪️ အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် မိသားစုဝင်များ တက်ရောက်ကာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်၊၊
🕊🕊🕊
#ဖိုးမှန်
#Myanmar #Tatmadaw #ShanState #Mone #WelcomingCeremony
4 363
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ကိုးကွယ်ရာဘာသာသာသနာနှင့် ပတ်သက်၍ ခွဲခြားမှုများမထားရှိဘဲ ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာ ဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေး အားပေးလျက်ရှိပါကြောင်း🕊🇲🇲🕊 #ဖိုးမှန်
4 363
🌊 ဆည်တော်ကြီးဆည် ရေပြည့်လုနီးပါးဖြစ်လာပြီး ရေတံခါးများ ဖွင့်လှစ်ထားကာ အနီးနားကျေးရွာများ အရေးပေါ်ပြောင်းရွှေ့ရန် သတိပေးနှိုးဆော်ထား
▪️ ဆည်တော်ကြီးဆည်ရဲ့ ကန်ရေဟာ ရေပြည့်အမှတ်သို့ ၁ ပေခွဲခန့်သာ လိုတော့တဲ့အတွက် ဩဂုတ်လ ၃ ရက် ည ၈ နာရီမှစတင်ကာ ရေတံခါးများကို ဖွင့်ချထားပါတယ်၊၊
▪️ တံငါတံတားရဲ့ ရေအမှတ်ဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီး နောက်ထပ် ရေ ၃ ပေခန့် ထပ်တက်လာပါက ကားလမ်းပေါ်သို့ ရေကျော်နိုင်တဲ့ အခြေအနေရှိပါတယ်၊၊
▪️ ပုဂံစု၊ ရေချောင်း၊ သပြေချောင်းနဲ့ အင်းသကား ကျေးရွာတွေက ဒေသခံတွေအနေနဲ့ ကုန်းမြင့်ပိုင်းဒေသများသို့ အမြန်ဆုံး ပြောင်းရွှေ့ကြရန် သတိပေးနှိုးဆော်ထားပြီး ကယ်ဆယ်ရေးအင်အားများကိုလည်း ကြိုတင်စုဖွဲ့ထားပါတယ်၊၊
💡 အကြံပြုချက် - ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ခြေရှိတဲ့ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူတွေအနေနဲ့ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်တွေကို အထူးဂရုပြုစောင့်ကြည့်ကြဖို့နဲ့ လိုအပ်ပါက ဘေးကင်းရာ ကုန်းမြင့်ပိုင်းများသို့ အမြန်ဆုံး ကြိုတင်တိမ်းရှောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်၊၊🕊🕊🕊 #ဖိုးမှန် #Myanmar #Mandalay #SedawgyiDam #FloodAlert
4 363
+6
📌 လေးမျက်နှာမြို့နယ်ရှိ တံတားအမှတ် (၁/၆) အား ယာယီဘေလီတံတားထိုး၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီ
▪️ လေးမျက်နှာမြို့နယ်ရှိ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရသည့် တံတားအမှတ် (၁/၆) ကို ယာယီဘေလီတံတား ထိုးတည်ဆောက်ပြီးစီးပြီဖြစ်ပါသဖြင့် ဒေသခံပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်၊၊
🕊🕊🕊
#ဖိုးမှန်
#Myanmar #Ayeyarwady #LayMyatNa #BridgeRepair
4 363
မိုးကြီးမည့်သတိပေးချက် (အမှတ်စဉ် ၃၆/၂၀၂၆)
⛈ မိုးကြီးနိုင်သော ဒေသများ: ဩဂုတ် ၅ ရက်မှ ၈ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
🌧 သတိပြုရန် (သဘာဝဘေးအန္တရာယ်): မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်နှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ၊ လေကြောင်းနှင့် ရေကြောင်းသွားလာရေးများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းမှုကြောင့် မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတွင် လေတိုက်နှုန်း ၃၀ မိုင် (လှိုင်းအမြင့် ၈-၁၀ ပေ) နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတွင် လေတိုက်နှုန်း ၂၅-၃၀ မိုင် (လှိုင်းအမြင့် ၇-၉ ပေ) ဖြင့် လှိုင်းကြီးနိုင်ပါသည်။
Ref: မိုး/ဇလ
#ဖိုးမှန်
4 363
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေး(၄)မိနစ်စာ ကာတွန်း Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း
စိတ်ပါဝင်စားသူများအတွက် သတင်းကောင်း
4 363
+9
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨နန့်ယင်းချောင်းရေ မိုးညှင်းမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်။
🚨စစ်တောင်းမြစ်ရေ မဒေါက်မြို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်။
🌧 မြန်မာ့ ပင်လယ်ပြင်အခြေအနေ
☔️ နေရာကွက်၍ မိုးကြီးနိုင်။
https://t.me/phoehmann007
#ဖိုးမှန်
4 363
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
https://t.me/phoehmann007
#ဖိုးမှန်
4 363
🇳🇷 နော်ရူး (Nauru) နိုင်ငံသည် ၎င်း၏အမည်ကို "နာအိုအီရို" (Naoero) သို့ တရားဝင်ပြောင်းလဲ
▪️ ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ နော်ရူးနိုင်ငံဟာ နိုင်ငံရဲ့ မူလရိုးရာအမည်နဲ့ အမျိုးသားဘာသာစကားပါ အသံထွက်အတိုင်း "နာအိုအီရို သမ္မတနိုင်ငံ(Republic of Naoero)" သို့ အမည်ပြောင်းလဲခဲ့ပါတယ်၊၊
▪️ ကိုလိုနီခေတ်လက်ကျန်အမည်မှ ဖယ်ခွာကာ နိုင်ငံရဲ့ ရိုးရာအမွေအနှစ်၊ ဘာသာစကားနဲ့ အမျိုးသားလက္ခဏာတို့ကို ဖော်ဆောင်ဖို့အတွက် သမ္မတရဲ့ အဆိုပြုချက်ကို လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်၊၊
▪️ အပြည်ပြည်ဆိုင်ရာ ကုဒ်ကို 'NRU' မှ 'NRO' သို့ ပြောင်းလဲမည်ဖြစ်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံအချို့ကလည်း အမည်သစ်ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်၊၊
▪️လူဦးရေ ၁၂၀၀၀ ခန့်သာရှိတဲ့ နော်ရူးကျွန်းနိုင်ငံဟာ ဗာတီကန်စီးတီးနဲ့ မိုနာကို နိုင်ငံတို့ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက်အသေးငယ်ဆုံး နိုင်ငံလည်းဖြစ်ပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#WorldNews #Nauru #Naoero #PacificNation
4 363
ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း ထည့်သွင်း တည်ဆောက်သွားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
🔹မိမိတို့နိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက် ရှိနေသဖြင့် ရထားပို့ဆောင်ရေးအား အချို့ လမ်းကြောင်းများတွင် ဘက်ထရီစနစ်သုံး ရထားခေါင်းတွဲများကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကာ အသုံးပြုနိုင်ရေး အားပေး ဆောင်ရွက်လျက် ရှိကြောင်း၊
🔹အသွားအလာ များပြားသည့် ရထားလမ်းကူး နေရာများ၌ ရထားလမ်း ခုံးကျော်တံတားများ မဖြစ်မနေ တည်ဆောက်သွားရန်နှင့် ရန်ကုန်မြို့တွင် မြေအောက် ရထားလမ်း ထည့်သွင်း တည်ဆောက်သွားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန် လိုကြောင်း
🔹၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပိုဆောင်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း) သို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြား ပြောကြားခဲ့ခြင်းဖြစ်သည်။
https://t.me/phoehmann007
#ဖိုးမှန်
4 363
+5
🏗 အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးခဲ့ရသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ
▪️ ၂၀၂၄ ခုနှစ်အတွင်းက အကြမ်းဖက်သောင်းကျန်းသူတွေ ဖျက်ဆီးခဲ့မှုကြောင့် ကျောက်မဲမြို့ရှိ စီမံကိန်းရုံးနဲ့ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတို့မှာ ငွေကျပ် ၂၆ ဘီလီယံကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်၊၊
▪️ နယ်မြေလုံခြုံရေးနဲ့ မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးနောက်မှာ ကျောက်မဲမြို့ပေါ်ရှိ ရုံးနဲ့အိမ်ရာတွေကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြန်လည်ပြုပြင်ပြီးစီးခဲ့ပါတယ်၊၊
▪️ အထက်ရဲရွာစီမံကိန်း လုပ်ငန်းခွင်အတွင်း လမ်းတွေ၊ အိမ်ရာတွေ၊ ရေမီးနဲ့ ဓာတ်အားလိုင်းတွေ ပြန်လည်ပြုပြင်တဲ့လုပ်ငန်းတွေကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ကစတင်ပြီး ပြည်ထောင်စုရန်ပုံငွေနဲ့ ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်၊၊
https://t.me/phoehmann007
#ဖိုးမှန်
