ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 521
مشترکین
-4224 ساعت
-1267 روز
-38630 روز
آرشیو پست ها
4 502
ယူကရိန်းစစ်ပွဲကို အဆုံးမသတ်ခင် အမေရိကန်က ရုရှားနဲ့ အပေးအယူတွေလုပ်နေပြီ လို ဆို
စက်တင်ဘာ - ၁၈ ( သောကြာနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအနေနဲ့ ယူကရိန်းစစ်ပွဲ မပြီးဆုံးသေးခင်မှာတောင် ရုရှားနဲ့ စီးပွားရေးအရ သဘောတူညီချက်တွေ ရယူဖို စဉ်းစားနေပါတယ်။ မော်စကိုနဲ့ ဆွေးနွေးတဲ့နေရာမှာ နည်းလမ်းအသစ်တခုအနေနဲ့ ချဉ်းကပ်လာတာဖြစ်ကြောင်း နယူယောက်ခ်တိုင်းမ် သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
4 502
ဒေသဖွံဖြိုးရေးလုပ်ငန်းတွေမှာ ပြည်သူတွေကိုယ်တိုင် ပါဝင်လာစေဖို မီဒီယာက တက်ကြွစွာပူးပေါင်းရန် ပြန်ကြားရေးဝန်ကြီး မှာကြား
《𝙎𝙀𝙋~𝟏𝟗》
နိုင်ငံတော်အစိုးရက ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် ဖွံဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာစေရန် မီဒီယာအခန်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက မှာကြားသည်။
4 502
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin တိုဆွေးနွေးခဲ့ကြသည်။
4 502
မြန်မာအာဏာပိုင်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အစုအဖွဲအားလုံးနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောကြား
မြန်မာအာဏာပိုင်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အစုအဖွဲအားလုံးနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
4 502
ပေါင်မြိုနယ် ရထားလမ်းတစ်လျှောက် တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် ပြည်နယ်အစိုးရအဖွဲ မှာကြား
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟖》
မွန်ပြည်နယ်၊ ပေါင်မြိုနယ်အတွင်း ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
4 502
သီပေါ သီတဂူစက္ခုဒါန ဆေးရုံ (၅၇) ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှု အစီအစဉ်တွင် မျက်စိဝေဒနာရှင် ၄၂၅ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့
ရှမ်းပြည်နယ် သီပေါမြိုရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၅၇ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် မျက်စိဝေဒနာရှင်ပေါင်း ၉၃၇ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၄၂၅ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း ဆေးရုံမှတ်တမ်းအရ သိရှိရသည် ။
4 502
အမျိုးသမီးငယ် ၂ ဦးကို ယာဉ်ဖြင့် သွေးဆောင်ခေါ်ဆောင်ပြီး ကော်သေနတ်၊ ဓားတိုဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့် ငွေတောင်းယူခဲ့သူ ဖမ်းဆီးရမိ
《𝙎𝙀𝙋~𝟏𝟖》
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်တွင် အမျိုးသမီးငယ် ၂ ဦးကို နေအိမ်သို လိုက်ပိုပေးမည်ဟုဆိုကာ ယာဉ်ဖြင့် သွေးဆောင်ခေါ်ဆောင်ပြီး ဓားနှင့် သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်း တောင်းယူခဲ့သူ အမျိုးသားတစ်ဦးကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
4 502
ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူဇော်ပွဲတော်ကို ရန်ကုန်မြို၌ ခမ်းနားစွာကျင်းပ
ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။
အဆိုပါပွဲတော်သို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam Narsariaနှင့်တကွ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိဧည့်သည်တော်များစွာ တက်ရောက်ခဲ့သည်။
4 502
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒ-ဏ်ရာရသူမရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၀
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတိုကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင် ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
4 502
ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ် မြှင့်တင်မည့် စီမံကိန်း စတင်
ဆီရမ်ရိ၊ စက်တင်ဘာ ၁၈
ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံဖြိုးတိုးတက်မှု စီမံကိန်း ၂၀၂၆–၂၀၃၀” ကို ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ဟုတ်ဟက်က စက်တင်ဘာ ၁၇ ရက်တွင် ဆီရမ်ရိပြည်နယ်ခန်းမ၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။
4 502
အမေရိကန်က မြန်မာအစိုးရအပါအဝင် အဖွဲအစည်းအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံနေဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြော
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟖》
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ အဖွဲအစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံနေပြီး နေပြည်တော်ရှိ အာဏာပိုင်တွေနဲ့လည်း အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ ဆက်လက်ထိတွေ့ဆက်ဆံနေတယ်လို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားတယ်လို သိရပါတယ်။
အဆိုပါပြောကြားချက်ဟာ အမေရိကန်နိုင်ငံသား အဒမ်ကက်စတီလို (Adam Castillo) ကို မြန်မာနိုင်ငံကနေ ပြန်လည်လွှတ်ပေးရေးအတွက် အမေရိကန်အစိုးရအရာရှိတွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
4 502
တရုတ်သိပ္ပံပညာရှင်များက ခြောက်ကီလိုဂရမ်သာလေးသည့် ကမ္ဘာ့အသေးဆုံး CT စကင်နာ တီထွင်
တရုတ်သုတေသီများ တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုက အလေးချိန်ခြောက်ကီလိုဂရမ်သာရှိသည့် CT စကင်နာတစ်မျိုးကို တီထွင်လိုက်ပြီး ကမ္ဘာ့အသေးဆုံး CT စနစ်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ကြေညာထားသည်။
အသေးစားအရာဝတ္ထုများ၏ အတွင်းပိုင်းဖွဲစည်းပုံကို ပုံရိပ်ဖော်စစ်ဆေးနိုင်ပြီး သယ်ဆောင်ရလွယ်ကူသည့် Xtomo-Cube ဟု အမည်ပေးထားသော CT စကင်နာကို တရုတ်နိုင်ငံ ရှန်တုံပြည်နယ်၊ ကျီနန်မြိုအခြေစိုက် Rayim ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ Rayim ကုမ္ပဏီကို တရုတ်အဆင့်မြင့်စွမ်းအင် ရူပဗေဒအင်စတီကျုမှ သုတေသနအဖွဲက တည်ထောင်ခဲ့သည်ဟု နည်းပညာသတင်းဝက်ဘ်ဆိုက် IT Home က ဖော်ပြသည်။
4 502
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ခုရရှိသူ ကျောင်းသားအား ဂုဏ်ပြုကြိုဆို
ပခုက္ကူ၊ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၌ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်မှ၁၅ရက်အထိကျင်းပခဲ့သော (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ(အခြေခံပညာအဆင့်)တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်၂ဆုရရှိသူ ကျောင်းသား မောင်ဟိန်းထွန်းနိုင်အား ယမန်နေ့နံနက်ပိုင်းက ဂုဏ်ပြုကြိုဆိုကြသည်။
4 502
ရေးမြိုနယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်း မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးဖြစ်လာမည့် ကြေးခေါင်းလောင်းကြီးသွန်းလုပ်ကာ ချိတ်ဆွဲသွားမည်
ရေးမြိုနယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်း မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးဖြစ်လာမည့် ကြေးခေါင်းလောင်းကြီးသွန်းလုပ်ကာ ချိတ်ဆွဲသွားမည် သိရ သည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးအား “ရာမည အတုလ ဓမ္မရာဇိက” ဟု ဘွဲအမည်ပေးထားကြောင်း၊ အလေးချိန်အားဖြင့် (၂၅) တန်၊ ကြေးပိဿာချိန် (၁၅၃၀၀) ခန့်ရှိမည်ဖြစ်ကြောင်းနှင့် အမြင့် (၁၈) ပေ၊ နှင့် ခေါင်းလောင်းအကျယ် (၉) ပေ ပမာဏဖြင့် သွန်းလုပ်ရန် ကိုရင်လေးဆရာတော်မှ မိန့်ကြားထားကြောင်း ကပ္ပိယတစ်ဦးက ပြောကြားသည်။
4 502
ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လိုမရတော့ဟု ပညာရှင်များဆို
ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုဟာ ပြန်ပြင်လိုမရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။
4 502
ယာဉ်မောင်းအိပ်ငိုက်၍ ငှက်ပျောသီးတင်ယာဉ်တစ်စီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်
ယာဉ်မောင်းအိပ်ငိုက်၍ ငှက်ပျောသီးတင်ယာဉ်တစ်စီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းလယ်ကျွန်းတွင်စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲထံက သိရသည်။
4 502
ပေကျင်းမြိုတစ်ဝိုက် အီတလီနိုင်ငံအရွယ်အစားရှိ လေကြောင်းလုံခြုံရေးဇုန် သတ်မှတ်
တရုတ်နိုင်ငံက မြိုတော်ပေကျင်းတစ်ဝိုက်တွင် အီတလီနိုင်ငံအရွယ်အစားခန့်ရှိ လေကြောင်းလုံခြုံရေးဇုန်ကြီးတစ်ခုကို စက်တင်ဘာ ၂၀ ရက်မှစ၍ အမြဲတမ်းသတ်မှတ်သွားမည်ဖြစ်ကြောင်း အစိုးရပိုင်မီဒီယာနှင့် လေကြောင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုကြေညာချက်သည် ဇွန်လအတွင်း ပေကျင်းမြိုလယ်ရှိ မိုးမျှော်တိုက်တစ်ခုကို လေယာဉ်ငယ်တစ်စင်း ဝင်တိုက်ခဲ့သည့် ရှားပါးဖြစ်ရပ်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
4 502
ထိုင်းတောင်ပိုင်းရှိ မွတ်စလင်ခွဲထွက်ရေးသမားများက လွတ်လပ်သောအစ္စလာမ်မစ်နိုင်ငံထူထောင်ရေးအတွက် အဆုံးထိတိုက်ပွဲ၀င်သွားမည်ဟု ပြောကြား
ထိုင်းတောင်ပိုင်း၌ လူအရေအတွက် ထောင်ချီသေဆုံးခဲ့သည့် ပုန်ကန်မှုသည် ဆယ်စုနှစ်နှစ်ခုထဲရောက်လာသည့်အခါ မလေး-မွတ်စလင်အများစုပါသော အုပ်စု၏ခေါင်းဆောင်က ဦးတည်ချက်များ ပြည့်မြောက်ချိန်အထိ ဆက်လက်တိုက်ပွဲ ၀င်မည်ဟု ယခုသီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။
"ဒီတော်လှန်မှုဟာ အချိန်ကုန်ဆုံးသွားချိန်အထိ ဆက်လက်ရှိနေမှာပါ"ဟု Barisan Revolusi National (BRN)ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲအတွက်ပြောရေးဆိုခွင့်ရှိသူ နစ်မာတူလာဆီရီက AFP သတင်းဌာနနှင့်ရှားရှားပါးပါးပြုလုပ်ခဲ့သောအင်တာဗျူးတွင်ဖြေကြားခဲ့သည်။
4 502
ယနေ့စက်သုံးဆီဈေးနှုန်း
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
