ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 641
مشترکین
-3824 ساعت
-757 روز
-33730 روز
آرشیو پست ها
4 638
မယ်ဆရီယန်းမြိုနယ်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၆ ဦး ဖမ်းဆီးအရေးယူခံရ
𝙎𝙀𝙋~𝟐𝟑
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဆရီယန်းမြိုနယ်တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၆ ဦးကို စက်တင်ဘာ ၂၁ ရက်က အုပ်ချုပ်ရေးအဖွဲက ဖမ်းဆီးခဲ့ပြီး ၎င်းတိုကို တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူထားကြောင်း မယ်ဆရီယန်းရေဒီယို၏ ဖော်ပြချက်အရ သိရသည်။
4 638
ကုလသမဂ္ဂက ၎င်း၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိတော့ဟု တူရကီသမ္မတ ဝေဖန်
■ ပါလက်စတိုင်းသမ္မတ ညီလာခံတက်ခွင့် မရမှုကိုလည်း မကျေမနပ်ပြောဆို
နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သည့် ၈၁ နှစ်က တည်ထောင်ခဲ့သည့် ကုလသမဂ္ဂသည် ယခုအခါ ၎င်း၏အဓိကတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတော့ကြောင်း တူရကီသမ္မတ ရီဆပ် အာဒိုဂန်က ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် ဝေဖန်ပြောဆိုလိုက်သည်။
4 638
+4
🏔 တောင်ကြီးမြို့ ဘုရားတောင်ရှိ ကျောက်သားများ ထပ်မံပြိုကျနိုင်ခြေကို ပညာရှင်များ ကွင်းဆင်းစစ်ဆေးလျက်ရှိ
▪️ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဘုရားတောင်တွင် ကျောက်တုံးကြီး လိမ့်ကျပြီး သတ္တုတွင်းဦးစီးဌာန ရုံးအဆောက်အအုံ ပျက်စီးခဲ့သည့် ဖြစ်စဉ်အပြီး၌ တောင်ထိပ်ရှိ ကျောက်သားများ ထပ်မံပြိုကျနိုင်ခြေ ရှိ၊ မရှိကို ဘူမိဗေဒပညာရှင်များနှင့် အင်ဂျင်နီယာများပါဝင်သည့် အထူးအဖွဲ့က ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပါတယ်။
▪️ ထပ်မံပြိုကျလာနိုင်သည့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတ္တုတွင်းဦးစီးဌာန ရုံးကို အခြားနေရာသို့ ယာယီပြောင်းရွှေ့ထားပြီး စစ်ဆေးချက်ရလဒ်အပေါ်မူတည်၍ လိုအပ်သည့် ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
#Myanmar #Taunggyi #ShanState #Safety #News
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 638
လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲခဲ့သည့် “777” ပလတ်စတစ်စက်ရုံကို ကျပ် ၇ ဒသမ ၉၀၇ ဘီလီယံ ပြန်လည်ပေးလျော်စေရန် အမှုဖွင့်
𝙎𝙀𝙋~𝟐𝟑
လှိင်သာယာ (အနောက်ပိုင်း) မြိုနယ် ရွှေလင်ပန်း ငွေပင်လယ်စက်မှုဇုန်ရှိ ဦးသိန်းနိုင်ပိုင် “777” ပလတ်စတစ်စက်ရုံတွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုကို စစ်ဆေးဖော်ထုတ်ခဲ့ပြီး နစ်နာဆုံးရှုးခဲ့သည့် လျှပ်စစ်ဓာတ်အားယူနစ် ၁၀ ဒသမ ၄၆၈ သန်းအတွက် ကျသင့်သည့် လျော်ကြေးငွေ ကျပ် ၇ ဒသမ ၉၀၇ ဘီလီယံကို ပြန်လည်ပေးလျော်စေရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန် စက်ရုံပိုင်ရှင်နှင့် မန်နေဂျာတိုကို အမှုဖွင့်ထားသည်ဟု သိရသည်။
4 638
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကျိုးရှိမည့် လုပ်ငန်းများ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေး
𝙎𝙀𝙋~𝟐𝟑
ဘယ်လာရုစ်နိုင်ငံ မင့်စ်မြိုသို ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် အပြည်ပြည်ဆိုင်ရာပြပွဲနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများကို လေ့လာခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတိုအကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးရှိမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
4 638
ပြည်ဖျက်မိစ္ဆာ ဂွမ်မော် ရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို ရပ်တန့်ပေးဖို အချိန်တန်ပြီ
KIA အကြမ်းဖက်အဖွဲခေါင်းဆောင် ဂွမ်မော် က ဗန်းမော်သို ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုမှ သင်္ဘော ၂၀ ခန့်ကို KIA က တိုက်ခိုက်နစ်မြုပ်ခဲ့ရာတွင် ပါဝင်သွားသော ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအတွက် စိတ်မကောင်းဖြစ်ရပါတယ်လို ဝန်ခံရေးသား ထားပါတယ်။
ပြည်ဖျက်မိစ္ဆာ ဂွမ်မော်က သူ့ရဲ့ facebook လူမှုကွန်ရက်မှာ သင်္ဘောပိုင်ရှင်များသို ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၂၃ ) ရက်နေ့က ရေးသားထား
4 638
ချမ်းမြသာစည်မြိုနယ်တွင် ရွှေထည်နှင့် ငွေကြေးလုယက်ရန် အိမ်ရှင်လင်မယားအား သတ်ဖြတ်ခဲ့သူ ၂ ဦး ဖမ်းဆီးရမိ
𝙎𝙀𝙋~𝟐𝟑
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြိုနယ်တွင် နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်ပစ္စည်းနှင့် ငွေကြေးများ ရယူရန်အတွက် အိမ်ရှင်လင်မယားအား သတ်ဖြတ်ခဲ့သူ အမျိုးသား ၂ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြိုနယ်၊ မြိုသစ်(၅)ရပ်ကွက်၊ ၁၁၁(A)လမ်း၊ ၆၈(A)လမ်းနှင့် ၆၈(B)လမ်းကြားရှိ နေအိမ်တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဒေါ်တင်ပြည့်၊ ၆၃ နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်စိုး၊ ၅၉ နှစ်တိုကို ခန္ဓာကိုယ်အနှံ ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
4 638
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့်အဖွဲအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ ၂၃
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ၏အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သောကိုယ်စားလှယ်အဖွဲအား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
4 638
တောင်ကြီးမြိုတွင် အဆောက်အဦများ တည်ဆောက်ရာ၌ ငလျင်ဒဏ်ခံနိုင်သောဒီဇိုင်း မဟုတ်လျှင် ခွင့်မပြုဟု စည်ပင်ဝန်ကြီး ပြောကြား
တောင်ကြီးမြိုရှိ အဆောက်အဦများ တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်သော ဒီဇိုင်း မဟုတ်လျှင် ခွင့်မပြုဟု ရှမ်းပြည်နယ်အစိုးရအဖွဲဝင် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ က ပြောကြားလိုက်သည်။
4 638
+4
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်မျးအား တွေ့ဆုံ အမှာစကားပြောကြား
လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း မိမိတို့ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ထည့်သွင်းပြောကြား
နေပြည်တော် ၊ စက်တင်ဘာ -၂၃
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 638
တောင်အာဖရိကရှိ နေအိမ်တစ်အိမ်တွင် ကိုယ်ဝန်ဆောင်သည် အပါအဝင် လူ ၁၁ ဦး ပစ်သတ်ခံရ
တောင်အာဖရိကနိုင်ငံအရှေ့ပိုင်း ကွာဇူလူ-နာတယ်ပြည်နယ်ရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၂ ရက်ညပိုင်းက သေနတ်သမားတစ်စု ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၁၁ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဒေသခံလူထုကြား ထိတ်လန့်စိုးရိမ်မှုများ ဖြစ်လာခဲ့သည်။
ဒါဘန်မြို၏တောင်ဘက်ရှိ ကွာမခူတာမြိုနယ်တွင် ဒေသစံတော်ချိန် ည ၁၁ နာရီမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိက ရုပ်သံသတင်းဌာန eNCA ၏ ဖော်ပြချက်အရ သေဆုံးသူများထဲ ကိုယ်ဝန်ဆောင်သည်တစ်ဦးလည်း ပါဝင်နေသည်။
ထိုသတင်းအရ သေနတ်သမားများက နေအိမ်အတွင်းရှိ လူအားလုံးကို အခန်းတစ်ခန်းတည်းထဲသို စုစည်းခိုင်းပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ လူ ၁၀ ဦးက နေရာမှာပင်သေဆုံးခဲ့ပြီး ကျန်တစ်ဦးက ဆေးရုံသိုပိုစဉ် သေဆုံးခဲ့သည်။ သေနတ်သမားအဖွဲက အိမ်ပိုင်ရှင်၏ မော်တော်ယာဉ်တစ်စီးကို မီးရှိပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြသည်။ ပစ်ခတ်မှုဖြစ်ပွားသည့် အကြောင်းရင်းကို မသိရသေးပေ။
4 638
+7
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲအတွက် ပြင်ဆင်နေမှုမှတ်တမ်း(၂၃.၉.၂၀၂၆)
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 638
+1
အားကောင်းသောမုန်တိုင်းငယ်သတင်း(စက်၂၃ ရက်၊ ၁၂:၀၀ နာရီ)
🌀 မုန်တိုင်းငယ်အခြေအနေ (အဝါရောင်အဆင့်): ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဘဲ၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံကမ်းခြေသို့ ဖြတ်ကျော်မည်ဟု ခန့်မှန်းရ။
⛈ မိုးကြီးနိုင်သော ဒေသများ: စက် ၂၃ မှ ၂၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာပြီး၊ အထူးသဖြင့် ဧရာဝတီ၊ တနင်္သာရီနှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်။
🌧 သတိပြုရန် (သဘာဝဘေးအန္တရာယ်): မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်နှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ၊ လေကြောင်းနှင့် ရေကြောင်းသွားလာရေးများ ကြိုတင်သတိပြုနိုင်ပါရန်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျကာ လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉ ပေ မှ ၁၂ ပေခန့် ရှိနိုင်)
Ref: မိုး/ဇလ
#ဖိုးမှန်
4 638
ဖလမ်းမြိုရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ
ဖလမ်း စက်တင်ဘာ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ(၂၂)ရက်နေ့က ချင်းပြည်နယ် အစိုးရအဖွဲ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဦးဥတ္တမသာရ တည်ထားကိုးကွယ်ခဲ့သော ရန်ပြေမာန်ပြေအောင်တော်မူ ဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော် မွမ်းမံ ပြင်ဆင်ရန်အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။
4 638
ICC အဖွဲဝင်တွေ အကုန်လုံး ချက်ချင်းနှုတ်ထွက်ကြဖို ထရမ့် တောင်းဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အဖွဲဝင်တွေ အကုန်လုံး ချက်ချင်းနှုတ်ထွက်ကြဖို အင်္ဂါနေ့က တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူပြောကြားတဲ့ မိန့်ခွန်းမှာ ခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ICC ကို "ထိန်းမရ သိမ်းမရဖြစ်နေတဲ့ အဖွဲအစည်း" နဲ့ "လူဆိုးတွေ စုနေတဲ့အဖွဲ" ဆိုပြီးတော့လည်း ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထရမ့်က ပြောသွားတာကတော့၊ အမေရိကန်ကို ဆန့်ကျင်နေတဲ့ ဒီတရားရုံးရဲ့ ဟန်ပြတရားစီရင်မှုတွေအောက်မှာ အမေရိကန် စစ်တပ်က လူတွေကို အရောက်ခံမှာ မဟုတ်ဘူးလို ဆိုပါတယ်။
4 638
ဖလမ်းမြိုရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ
ဖလမ်း စက်တင်ဘာ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ(၂၂)ရက်နေ့က ချင်းပြည်နယ် အစိုးရအဖွဲ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဦးဥတ္တမသာရ တည်ထားကိုးကွယ်ခဲ့သော ရန်ပြေမာန်ပြေအောင်တော်မူ ဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော် မွမ်းမံ ပြင်ဆင်ရန်အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။
4 638
23.9.2026 ရက်နေ့သတင်းစာများ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 638
စက်သုံးဆီကို မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြန်လည်တင်သွင်းခွင့်ပြုရန် စိစစ်ဆောင်ရွက်မည်
နေပြည်တော်၊ စက်တင်ဘာ ၂၂
မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း၏ လက်ရှိ နယ်မြေအခြေအနေများကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စက်သုံးဆီတင်သွင်းရန် အခက်အခဲများ ရှိနေသော်လည်း ယခင်တင်သွင်းခဲ့သည့် အခြေအနေများနှင့် အခြားနယ်စပ်စခန်းများမှ တင်သွင်းနိုင်မှု အခြေအနေများကို စိစစ်၍ ပြန်လည်တင်သွင်းခွင့်ပြုနိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားလိုက်သည်။
