fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဖိုးမှန်

ဖိုးမှန်

رفتن به کانال در Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
4 684
مشترکین
-424 ساعت
-307 روز
-30930 روز
آرشیو پست ها
ကမမောင်း-ဖာပွန်လမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို တပ်မတော်စစ်ကြောင်းများ ပြန်လည်ထိန်းချုပ် 𝙎𝙀𝙋~𝟐𝟗 ကရင်ပြည်နယ်၊ ကမမောင်
ကမမောင်း-ဖာပွန်လမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို တပ်မတော်စစ်ကြောင်းများ ပြန်လည်ထိန်းချုပ် 𝙎𝙀𝙋~𝟐𝟗 ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို တပ်မတော်စစ်ကြောင်းများက စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ KNU၊ KNLA နှင့် PDF အမည်ခံ အဖွဲများ ယာယီထိန်းချုပ်ထားသည့် ကမမောင်း-ဖာပွန်လမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးနှင့် လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက မေလ ၅ ရက်မှစတင်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် CRPH ၊ NUG အဖွဲများအတွက် ငွေကြေးကောက်ခံပေးနေသည့် People's Revolution Supply Family - PRF Website သို ငွေကြေးထောက်ပံ
အကြမ်းဖက် CRPH ၊ NUG အဖွဲများအတွက် ငွေကြေးကောက်ခံပေးနေသည့် People's Revolution Supply Family - PRF Website သို ငွေကြေးထောက်ပံ့ပေးပိုသူများအား ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၂၉ အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲအစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကိုပျက်စီးစေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုများအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲများအား အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှုများပြုလုပ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲအစည်းများကိုလည်း ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

+6
၂၉-၉-၂၀၂၉ ရက်နေ့ထုတ် သတင်းစာများ

မုန်တိုင်းအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုများ အရေးပေါ်တုံပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ EOC ဖွင့်လှစ်မည် နေပြည
မုန်တိုင်းအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုများ အရေးပေါ်တုံပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ EOC ဖွင့်လှစ်မည် နေပြည်တော်၊ စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သဖြင့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို အရေးပေါ်တုံပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ အရေးပေါ်ကွပ်ကဲမှုဌာန (Emergency Operation Center-EOC) ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အုန်းဖန်-မဲဆောက်လမ်းပိုင်း၌ တောင်ပြိုမှုဖြစ်ပွား မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ထိုင
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အုန်းဖန်-မဲဆောက်လမ်းပိုင်း၌ တောင်ပြိုမှုဖြစ်ပွား မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖန်-မဲဆောက်လမ်းပိုင်း၌ စက်တင်ဘာ ၂၈ ရက်က တောင်မြေပြိုမှုဖြစ်ပွားကြောင်း သိရသည်။ အုမ်ဖန်း-မဲဆောက်လမ်းပိုင်း ကီလိုမီတာ ၈၁ နှင့် ၈၂ ကြားတွင် မြေပြိုကျပြီး လမ်းပိတ်ဆိုနေကာ သစ်ပင်များ လဲကျမှုများရှိသည့်အတွက် အသုံးပြုမည့်သူများ သတိပြုကြပါရန်နှင့် ဖြစ်နိုင်ပါက ယခုကာလအတွင်း ခရီးသွားလာခြင်းကို ရှောင်ကြဉ်ဖို လိုအပ်ကြောင်း သက်ဆိုင်ရာမှ တိုက်တွန်းထားသည်။

❝မြန်မာနိုင်ငံတွင် TikTok အသုံးပြုရာ၌ VPN ခံသုံးရသည့်အခြေအနေ ယနေ့မှစ၍ ဖြစ်ပေါ်နေ❞ 𝙎𝙀𝙋~𝟐𝟖 မြန်မာနိုင်ငံအတွင်း TikTok အသုံ
❝မြန်မာနိုင်ငံတွင် TikTok အသုံးပြုရာ၌ VPN ခံသုံးရသည့်အခြေအနေ ယနေ့မှစ၍ ဖြစ်ပေါ်နေ❞ 𝙎𝙀𝙋~𝟐𝟖 မြန်မာနိုင်ငံအတွင်း TikTok အသုံးပြုသူများအနေဖြင့် ယနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှစတင်ကာ VPN ချိတ်ဆက်အသုံးပြုမှသာ TikTok ကို ပုံမှန်အသုံးပြုနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သုံးစွဲသူများ၏ ပြောဆိုမှုများအရ သိရသည်။ မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် Reddit ဆွေးနွေးမှုတွင် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစ၍ TikTok တွင် “No internet connection” ဟူသည့်စာသား ပေါ်လာပြီး ဗီဒီယိုများကြည့်ရှု၍မရတော့ကြောင်း သုံးစွဲသူအချိုက ပြောဆိုထားသကဲ့သို အခြားအသုံးပြုသူများကလည်း VPN ချိတ်ဆက်လိုက်သည့်အခါ TikTok ပြန်လည်အသုံးပြုနိုင်ကြောင်း ပြောဆိုထားသည်။

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ဖလမ်းမြို့သို့ ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှ
+9
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ဖလမ်းမြို့သို့ ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် “ကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား” သို့ တက်ရောက်

မုန်တိုင်းငယ် အနီရောင်အဆင့် သတ်မှတ်၊ သုံးခွနှင့် ကျိုက်ထိုကြားမှ ဖြတ်ကျော်နိုင် ရန်ကုန်၊ စက်တင်ဘာ ၂၈။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သဖြင့် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း မြန်မာစံတော်ချိန် ၁ နာရီတွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၁/၂၀၂၆) တွင် ဖော်ပြထားသည်။ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ မုန်တိုင်းငယ်၏ ဗဟိုချက်သည် မော်လမြိုင်မြို၏ တောင်ဘက် ရေမိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်တွင် ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်ခန့် ဖြစ်သည်။ မုန်တိုင်းငယ်သည် မြောက်–အနောက်မြောက်ဘက်သို ရွေ့လျားကာ နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် အဖြစ်သို ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သုံးခွမြိုနှင့် မွန်ပြည်နယ် ကျိုက်ထိုမြိုကြားမှ ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထိုနောက် ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတိုကို ဆက်လက်ဖြတ်ကျော်နိုင်သည်။ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတိုတွင် မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် သိုမဟုတ် နေရာကွက်၍ မိုးကြီးနိုင်သည်။

photo content

ရှမ်းပြည်နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ ကို ဆုပေးပွဲ ကျင်းပပြုလုပ်
ရှမ်းပြည်နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ ကို ဆုပေးပွဲ ကျင်းပပြုလုပ် ရှမ်းပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ သူများကို စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းအချိန် တောင်ကြီးမြို၊ မြိုတော်ခန်းမတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲမှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရဿည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ကာ ထူးချွန် ကျောင်းသား ကျောင်းသူများနှင့် မြိုနယ်ကျောင်းများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

စမ်းချောင်းရှိ ဟိုတယ်တစ်ခု ဓာတ်အားခိုးယူသုံးစွဲမှုဖြင့် အရေးယူ၊ နစ်နာဓာတ်အားခ ကျပ် ၁၃၈ သန်းကျော် ပြန်လည်ပေးသွင်းရမည် ရန်ကုန်၊
စမ်းချောင်းရှိ ဟိုတယ်တစ်ခု ဓာတ်အားခိုးယူသုံးစွဲမှုဖြင့် အရေးယူ၊ နစ်နာဓာတ်အားခ ကျပ် ၁၃၈ သန်းကျော် ပြန်လည်ပေးသွင်းရမည် ရန်ကုန်၊ စက်တင်ဘာ ၂၈ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ သီရိခေမာရပ်ကွက်ရှိ ရွိင်ရယ်ခတ္တာဟိုတယ်တွင် လျှပ်စစ်ဓာတ်အား တရားမဝင်ခိုးယူသုံးစွဲထားမှု စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေပြီး နိုင်ငံတော်က နစ်နာဆုံးရှုးခဲ့သည့် ဓာတ်အားခ ကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကျော်ကို ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလလယ်မှစ၍ ထိုင်းရေကြီးမှုများအတွင်း သေဆုံးသူရှစ်ဦးရှိသည်ဟု ဘေးအန္တရာယ်တားဆီးရေးနှင့်လျော့ပါးရေးဌာန(DDPM) ထုတ်ပြန် လွန်
စက်တင်ဘာလလယ်မှစ၍ ထိုင်းရေကြီးမှုများအတွင်း သေဆုံးသူရှစ်ဦးရှိသည်ဟု ဘေးအန္တရာယ်တားဆီးရေးနှင့်လျော့ပါးရေးဌာန(DDPM) ထုတ်ပြန် လွန်ခဲ့သော သီတင်းပတ်ကုန်နှစ်ရက်က မိုးသည်းထန်ခဲ့သဖြင့် ဘေးအန္တရာယ်ကျရောက်နေကြောင်း ကြေညာ ထားသည့် မြိုတော်ဘန်ကောက်တွင် သေဆုံးသူမရှိခဲ့သော်လည်း စက်တင်ဘာ ၁၆ ရက်ကတည်းက ထိုင်းရေကြီးမှုအတွင်း ရှစ်ဦးသေဆုံးခဲ့သည်ဟု စက်တင်ဘာ ၂၈ ရက်တွင် အစိုးရက ပြောကြားသည်

ထရန့်နှင့်တွေ့ပြီးနောက် ဗင်နီဇွဲလားအစိုးရက နိုင်ငံရေးအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ် အမေရိကန်၏ထောက်ခံမှုဖြင့် ဗင်နီဇွဲလားယာယီအစိ
ထရန့်နှင့်တွေ့ပြီးနောက် ဗင်နီဇွဲလားအစိုးရက နိုင်ငံရေးအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ် အမေရိကန်၏ထောက်ခံမှုဖြင့် ဗင်နီဇွဲလားယာယီအစိုးရနှင့် အတိုက်အခံတိုကြား ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၃၉ ဦး လွတ်မြောက်လာခဲ့သည်။ လူ့အခွင့်အရေးအဖွဲ JEP ၏ အဆိုအရ စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်အတွင်း အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ၎င်းတိုထဲတွင် ၂၀၂၁ ခုနှစ်က မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုဖြင့် စွပ်စွဲခံထားရသည့် အမျိုးသမီးရှစ်ဦးနှင့် ၂၀၂၀ ခုနှစ်တွင် သမ္မတဟောင်း နီကိုလတ်စ် မာဒူရိုကို ဖြုတ်ချရန် ကြိုးပမ်းမှု၌ အမေရိကန်နှင့် ပူးပေါင်းခဲ့သည်ဟု စွပ်စွဲခံထားရသူခြောက်ဦးတို ပါဝင်သည်။ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂက်ဇ် ဦးဆောင်သည့် အစိုးရနှင့် အတိုက်အခံတိုကြား ဒုတိယအကြိမ် ဆွေးနွေးပွဲအပြီး ၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပသည့် နယူးယောက်မြိုတွင် ယာယီသမ္မတ ရိုဒရီဂက်ဇ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို တွေ့ဆုံခဲ့အပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းဖြစ်သည်။ ရိုဒရီဂက်ဇ်သည် ယခင်သမ္မတ မာဒူရိုလက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ

❗️Update News❗️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၆) ထုတ်ပြန် (မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ထုတ်ပြန်ချက်)(မုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံမုတ္တမကွေ့အနီးမှ ဖြတ်ကျော်နိုင်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်သည်)

မုန်တိုင်းငယ်ဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်း မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဆက်လက်တည်ရှိနေ မုန်တိုင်းငယ်ဖြစ်လာမည
မုန်တိုင်းငယ်ဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်း မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဆက်လက်တည်ရှိနေ မုန်တိုင်းငယ်ဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်း မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဆက်လက်တည်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ မိုးဇလ၏ စက်တင်ဘာ ၂၈ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဆက်လက်တည်ရှိနေသည်ဟု ဖော်ပြထားသည်။

အီသီယိုပီးယားမြောက်ပိုင်းတွင် သူပုန်များကစစ်ရှိန်မြှင့်တိုက်ခိုက်‌နေပြီး တီဂရေး ရုပ်သံဌာန ဒရုန်းဖြင့် တိုက်ခိုက်ခံရ အီသီယိုပီ
အီသီယိုပီးယားမြောက်ပိုင်းတွင် သူပုန်များကစစ်ရှိန်မြှင့်တိုက်ခိုက်‌နေပြီး တီဂရေး ရုပ်သံဌာန ဒရုန်းဖြင့် တိုက်ခိုက်ခံရ အီသီယိုပီးယားနိုင်ငံ၏မြောက်ပိုင်းတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲများကို အဲရီထရီးယားနှင့် ဆူဒန်နိုင်ငံတိုက နောက်ကွယ်မှ ကူညီပံ့ပိုးနေကြောင်း အီသီယိုပီးယားစစ်တပ်အကြီးအကဲက စက်တင်ဘာ ၂၇ ရက်တွင် စွပ်စွဲခဲ့သည်။ စက်တင်ဘာ ၂၃ ရက်မှစတင်၍ ဖက်ဒရယ်အစိုးရတပ်ဖွဲများနှင့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) တို ပြင်းထန်သောတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ လူပေါင်း ၆၀၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည့် ၂၀၂၀-၂၀၂၂ ပြည်တွင်းစစ်တစ်ကျော့ ပြန်လာမည်ကို စိုးရိမ်မကင်း ဖြစ်‌နေသည်။

ဘန်ကောက်တွင်ရေကြီး၍ အစိုးရရုံးများ နှစ်ရက်ပိတ်ပေး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘန်ကောက်နှင့် အိမ်နီးချင်း ပြည်နယ်သုံးခုရ
ဘန်ကောက်တွင်ရေကြီး၍ အစိုးရရုံးများ နှစ်ရက်ပိတ်ပေး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘန်ကောက်နှင့် အိမ်နီးချင်း ပြည်နယ်သုံးခုရှိ အစိုးရဝန်ထမ်းများအတွက် စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များကို အထူးရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြောင်း ထိုင်းအစိုးရအဖွဲက တနင်္ဂနွေနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင် လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အာ
လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင် လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ စက်တင်ဘာ ၂၇ ရက်က လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုအခြေအနေကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဗုဒ္ဓသာသနာတော်၏ ကြည်နူးဖွယ်မြင်ကွင်းများထဲမှတစ်ခု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုရှိ ဓမ္မသဟာယသာသနစင်တာတွင် သီတင်းသုံးနေတော်မူသ
ဗုဒ္ဓသာသနာတော်၏ ကြည်နူးဖွယ်မြင်ကွင်းများထဲမှတစ်ခု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုရှိ ဓမ္မသဟာယသာသနစင်တာတွင် သီတင်းသုံးနေတော်မူသည့် ပါမောက္ခချုပ်ဆရာတော်ကြီးအား နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးမှ စက်တင် ဘာ ၂၇ ရက်တွင် နှုတ်ဆက်ဂါရဝပြုခဲ့သည့် ဗုဒ္ဓသာ သနာတော်၏ ကြည်နူးဖွယ်မြင်ကွင်းများထဲမှတစ်ခုကို ဖော်ပြလိုက်ရပါသည်။ ဓမ္မသဟာယသာသနစင်တာရှိ သံဃာတော်များကလည်း သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ခရီး ဦးကြိုဆို၍ ပူဇော်ဂါရဝပြုခဲ့ကြသည်။ Noted: ဘုရားရှင်ရဲ့ အဆုံးအမတွေဟာ အင်မတန်အံ့ဩစရာကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ဝန်းကျင်လောက်ကဆိုဆုံးမခဲ့တဲ့ ဓမ္မရဲ့ အသီးအပွင့်တွေက အခုထိကို လက်ဆင့်ကမ်းပြီး ဖူးပွင့်နေတာတွေ့ရပါတယ်။ ဒီလိုသူတော်ကောင်းတရားတွေ မပျောက်မပျက်ပဲ တည်တံ့နိုင်ပါစေ။