ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 259
مشترکین
-5424 ساعت
-3157 روز
-63830 روز
آرشیو پست ها
4 256
+8
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို သွားရောက်လေ့လာ
Patuxai (Victory Gate) သို့ ရောက်ရှိရာတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတိုအား သက်ဆိုင်ရာတာဝန်ရှိသူများက အဆောက်အအုံ၏ သမိုင်းနောက်ခံ၊ တည်ဆောက်ပုံဗိသုကာလက်ရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး အဆောက်အအုံအတွင်းရှိ အနုပညာလက်ရာများကို လေ့လာကြည့်ရှုခဲ့သည်။
#ဖိုးမှန်
4 256
+6
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry က ဂါဝရပြု လာရောက်တွေ့ဆုံ
🔹 မြန်မာ-လာအို ချစ်ကြည်ရေးအသင်းများအကြား နှစ်စဉ်ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်၍ မိသားစုသဖွယ်၊ ညီအစ်ကိုသဖွယ် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရေး၊
🔹 ပြည်သူအချင်းချင်းဆက်ဆံရေး (People-to-People Relations) ကို ပိုမိုမြှင့်တင်ရေး၊
🔹လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍများတွင် ချစ်ကြည်ရေးအသင်းများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။
#ဖိုးမှန်
