fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဖိုးမှန်

ဖိုးမှန်

رفتن به کانال در Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
4 711
مشترکین
-324 ساعت
-587 روز
-29630 روز
آرشیو پست ها
ရွှေညောင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ သောင်းကျော် ဖမ်းမိ ======== ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုနယ်၊ ရွှေညောင်မြိုတွင
ရွှေညောင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ သောင်းကျော် ဖမ်းမိ ======== ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုနယ်၊ ရွှေညောင်မြိုတွင် စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး ဆွေးနွေးပွဲကျင်းပ၊ ငွေလွှဲမှုကို တရားဝင် လမ်းကြောင်းမှ လွှပ
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး ဆွေးနွေးပွဲကျင်းပ၊ ငွေလွှဲမှုကို တရားဝင် လမ်းကြောင်းမှ လွှပိုခြင်းဖြင့် နိုင်ငံတော်၏ GDP မြင့်တက်စေနိုင် ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် အလုပ်သမားဝန်ကြီးဌာနမှကြီးမှူးကာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့သည်။

❝ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း❞
❝ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း❞

မြန်မာအစိုးရအား ဆွေး‌နွေးပွဲစားပွဲဝိုင်းသို ခေါ်ဆောင်ရေးတွင် တိုးတက်မှုအချို ရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ပြောကြား မြန်မာအစ
မြန်မာအစိုးရအား ဆွေး‌နွေးပွဲစားပွဲဝိုင်းသို ခေါ်ဆောင်ရေးတွင် တိုးတက်မှုအချို ရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ပြောကြား မြန်မာအစိုးရအား ဆွေး‌နွေးပွဲစားပွဲဝိုင်းသို ခေါ်ဆောင်ရေးတွင် တိုးတက်မှုအချို ရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ် ဂျူနီယာက ပြောကြားခဲ့ကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။

၁၀၆ ကြိမ်မြောက် ပျဉ်းမနားမြိုမြိုနယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရာများဒေသစာရီကြွချီအပူဇော်ခံပွဲကြီးရဲ့ ဖျော်ဖြေရေးအစီ
၁၀၆ ကြိမ်မြောက် ပျဉ်းမနားမြိုမြိုနယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရာများဒေသစာရီကြွချီအပူဇော်ခံပွဲကြီးရဲ့ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ ပျဉ်းမနား လုပ်ငန်းရှင်များ ဖျော်ဖြေရေးယာဉ်တွင် ဖျော်ဖြေမည့်အနုပညာရှင်များ... အမျိုးသားတေးသံရှင် ဇော်ပိုင် Zaw Paing သာဒီးလူ Thar Deelu (25-10-2025) Gurn GUNN(27-10-205) Aနွန် အေ နွန် M-ဇော်ရိန်း M Zaw Rain M Zaw Rain ဖြိုးသီဟ Phyo Thi Ha(27.10-2026) ခွန်းသ အမျိုးသမီးတေးသံရှင် လိမ္မော်သီး Mi Mon Mon Thike Lain Maw Thee ဝိုင်းလေး. Wint Yee Shunn ဂေဂေး Gae Gae Gae Gae - ေဂေဂး(25-10-2026) နိုရာ. Nora သော်တာချမ်းမြေ့ ThawDar Chanmyae လမင်းအိမ် Rita RITA သီရိဝင်းလှိင် Thiri Win Hlaing ချိမ့်စန္ဒီရွှေ Cheint Sandy Shwe တိုနှင့်အတူ သီတင်းကျွတ်လဆန်း၁၄ရက်(25-10-2026)အလှူရှင်အိမ်များနှင့်သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့(27-10-2026)ရက်မှာသတ်မှတ်ဆိုတီးကပွိင့်များအတိုင်းအားရပါးရဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပါတယ် crd globalnews

တောင်ကြီးမြို၊ ကျောင်းကြီးစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ယခင်အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ခံရ ===============
တောင်ကြီးမြို၊ ကျောင်းကြီးစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ယခင်အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ခံရ =================== တောင်ကြီးမြို၊ ကျောင်းကြီးစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို အောက်တိုဘာလ ၁၀ ရက် က ပထမတောင်ကျောင်းကြီးတွင် ပြုလုပ်ရာ ယခင်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်စိုး(ခ)မောင်းပေး ပြန်လည် ရွေးချယ်ခံရကြောင်း သိရသည်။

IMF နှင့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည်အစည်းအဝေးများ လက်ခံကျင်းပရန် ထိုင်းနိုင်ငံ ပြင်ဆင်၊ နိုင်ငံပေါင်း ၁၉၁ နိုင်ငံမှ ကိုယ်စားလှယ် ၁၅
IMF နှင့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည်အစည်းအဝေးများ လက်ခံကျင်းပရန် ထိုင်းနိုင်ငံ ပြင်ဆင်၊ နိုင်ငံပေါင်း ၁၉၁ နိုင်ငံမှ ကိုယ်စားလှယ် ၁၅,၀၀၀ ကျော် တက်ရောက်မည် ဘန်ကောက်၊ အောက်တိုဘာ ၁၀ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၌ အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ (IMF) နှင့် ကမ္ဘာ့ဘဏ်တို၏ နှစ်ပတ်လည်အစည်းအဝေးများသို နိုင်ငံပေါင်း ၁၉၁ နိုင်ငံမှ ကိုယ်စားလှယ် ၁၅,၀၀၀ ကျော် တက်ရောက်ရန်ရှိသဖြင့် ထိုင်းအစိုးရက လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဧည့်သည်တော်ကြိုဆိုရေးဆိုင်ရာ ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါအစည်းအဝေးများသို ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ စီးပွားရေးမူဝါဒချမှတ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအခြေအနေများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြလူငယ်ခေါင်းဆောင်များကို အိန္ဒိယရဲတပ်ဖွဲ ဖမ်းဆီးထိန်းသိမ်း နယူ
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြလူငယ်ခေါင်းဆောင်များကို အိန္ဒိယရဲတပ်ဖွဲ ဖမ်းဆီးထိန်းသိမ်း နယူးဒေလီ၊ အောက်တိုဘာ ၁၀ အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုသည့် လူငယ်များ၏ ဆန္ဒပြပွဲကို တားဆီးရန် မြိုတော်နယူးဒေလီ၌ လုံခြုံရေးတင်းကျပ်ထားစဉ် ဆန္ဒပြသူများနှင့် လူငယ်လှုပ်ရှားမှုခေါင်းဆောင်အများအပြားကို ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် ရဲတပ်ဖွဲက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နစ်ကေးအေးရှားသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ရန်ကုန်၌ကျင်းပမည် မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ကို ရန်ကုန်မြိုရှိ
မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ရန်ကုန်၌ကျင်းပမည် မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ကို ရန်ကုန်မြိုရှိ မြေပဒေသာကျွန်း(ပုလဲကျွန်း)မှာ အောက်တိုဘာလ (၂၄ရက်ကနေ ၂၆) ရက် နေ့အထိ(၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမယ်လို မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပိုရောင်းချသူများအသင်းကနေသိရပါတယ်။

ကာလင်နင်ဂရက်ကို ပိတ်ဆိုတားဆီးရန် အစီအစဉ် မရှိဟု NATO ဆို မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ (NATO) အနေဖြင့် ကာလင်နင်ဂရက်(Kalini
ကာလင်နင်ဂရက်ကို ပိတ်ဆိုတားဆီးရန် အစီအစဉ် မရှိဟု NATO ဆို မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ (NATO) အနေဖြင့် ကာလင်နင်ဂရက်(Kaliningrad) ကို ပိတ်ဆိုတားဆီးရန် အစီအစဉ် မရှိကြောင်း NATO ၏ စစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဂျူဆက်ပေ ကာဗို ဒရာဂုန်းနီ(Giuseppe Cavo Dragone) က ပြောကြားသည်။

ဆွစ်ဇာလန်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် ဘိုကလေးနှင့် မော်လမြိုင်ကျွန်းမြိုနယ်တိုတွင် ရာသီဥတုဒဏ်ခံနိုင်ရည် မြှင့်တင်ရေးနှင့် ဒေသတွင်
ဆွစ်ဇာလန်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် ဘိုကလေးနှင့် မော်လမြိုင်ကျွန်းမြိုနယ်တိုတွင် ရာသီဥတုဒဏ်ခံနိုင်ရည် မြှင့်တင်ရေးနှင့် ဒေသတွင်းစီးပွားရေးဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေ ဧရာဝတီ၊ အောက်တိုဘာ ၁၀ ဆွစ်ဇာလန်နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်းမြိုနယ်တိုတွင် ရာသီဥတုပြောင်းလဲမှုဒ-ဏ် ခံနိုင်ရည်မြှင့်တင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုတိုးမြှင့်ရေးနှင့် ဒေသတွင်းစီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လမ်းမတော်မြိုနယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် လမ်းမီးအသစ်များ တပ်ဆင်ပြီး ရှုပ်ထွေးနေသည့် WiFi ကြိုးများ ရှင်းလင်း ရန်ကုန်၊ အော
လမ်းမတော်မြိုနယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် လမ်းမီးအသစ်များ တပ်ဆင်ပြီး ရှုပ်ထွေးနေသည့် WiFi ကြိုးများ ရှင်းလင်း ရန်ကုန်၊ အောက်တိုဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြိုနယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် လမ်းမီးအသစ်များ တပ်ဆင်ခြင်းနှင့် မြိုပြအလှအပကို ထိခိုက်စေသည့် ရှုပ်ထွေးနေသော WiFi ကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းထုပ်ပိုးမှုလုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို ထိုးဖောက်နိုင်ရေး ရည်ရွယ်၍ “Myanmar Packaging Forum 2026” ကျင်းပ ရန်ကုန
ပြည်တွင်းထုပ်ပိုးမှုလုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို ထိုးဖောက်နိုင်ရေး ရည်ရွယ်၍ “Myanmar Packaging Forum 2026” ကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၁၀ မြန်မာနိုင်ငံ၏ ထုပ်ပိုးမှုလုပ်ငန်းကဏ္ဍ ဖွံဖြိုးတိုးတက်ရေး၊ စားသုံးသူများအတွက် ဘေးကင်းလုံခြုံပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ထုပ်ပိုးမှုနည်းစနစ်များ ဖော်ဆောင်ရေးနှင့် ပြည်တွင်းထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို ထိုးဖောက်နိုင်ရေး ရည်ရွယ်၍ “Myanmar Packaging Forum 2026” ကို ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်မြိုရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာယူ-၁၇ နှင့် တရုတ်-ဟောင်ကောင် ယူ-၁၇ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်မည် 10 October 2026 ■ AFC U-17 Women’s Asian Cup 2027 ခြေစစ်ပ
မြန်မာယူ-၁၇ နှင့် တရုတ်-ဟောင်ကောင် ယူ-၁၇ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်မည် 10 October 2026 ■ AFC U-17 Women’s Asian Cup 2027 ခြေစစ်ပွဲ အုပ်စု (G) နောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် တရုတ်-ဟောင်ကောင်အသင်းတို အောက်တိုဘာ ၁၁ ရက်တွင် သုဝဏ္ဏကွင်း၌ အုပ်စုပထမနေရာအတွက် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုး ကေဘယ်လ်ကား ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ပြီးစီး၍ လာမည့်သီတင်းပတ်အတွင်း ပြန်လည်ပြေးဆွဲမည် မွန်ပြည်နယ်၊ အောက်
ကျိုက်ထီးရိုး ကေဘယ်လ်ကား ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ပြီးစီး၍ လာမည့်သီတင်းပတ်အတွင်း ပြန်လည်ပြေးဆွဲမည် မွန်ပြည်နယ်၊ အောက်တိုဘာ ၁၀ မွန်ပြည်နယ်၊ ကျိုက်ထီးရိုးစေတီတော်ရှိ ကေဘယ်လ်ကား (Cable Car) ၏ စက်ပိုင်းဆိုင်ရာနှင့် ကြံ့ခိုင်ရေးစစ်ဆေးမှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်သဖြင့် လာမည့်သီတင်းပတ်အတွင်း ဘုရားဖူးပြည်သူများအတွက် ပြန်လည်ဖွင့်လှစ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မမြရေလှောင်တမံ ဆင်ခြေလျှောထပ်မံပြိုကျ၊ လူဦးရေ ၉၀၀ ခန့်ကို ရေလွတ်ရာသို ကြိုတင်ရွှေ့ပြောင်းရန် စီစဉ် 𝙊𝘾𝙏~𝟏𝟎 ဧရာဝတီတိုင်းဒေ
မမြရေလှောင်တမံ ဆင်ခြေလျှောထပ်မံပြိုကျ၊ လူဦးရေ ၉၀၀ ခန့်ကို ရေလွတ်ရာသို ကြိုတင်ရွှေ့ပြောင်းရန် စီစဉ် 𝙊𝘾𝙏~𝟏𝟎 ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြိုနယ်ရှိ မမြရေလှောင်တမံတွင် အောက်တိုဘာ ၉ ရက် ညပိုင်းက တမံဆင်ခြေလျှော ထပ်မံလျှောကျခဲ့သဖြင့် ရေဝင်ရောက်နိုင်သည့် ကျေးရွာများမှ လူဦးရေ ၉၀၀ ခန့်ကို ရေလွတ်ရာ ကုန်းမြင့်ဒေသများသို ကြိုတင်ရွှေ့ပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲမှ သိရသည်။

မရမ်းကုန်းမြိုနယ် MCC ခန်းမရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး သုံးဦး သေဆုံး ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြိုနယ်၊ အမှတ်
မရမ်းကုန်းမြိုနယ် MCC ခန်းမရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး သုံးဦး သေဆုံး ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြိုနယ်၊ အမှတ် (၆) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ MCC ခန်းမရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးမှု အောက်တိုဘာ ၁၀ ရက် (ယနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လှိင်လူမှုကယ်ဆယ်ရေးအသင်းမှ စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်တစ်စီးမှ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း လှိင်လူမှုကယ်ဆယ်ရေးအသင်းမှ စုံစမ်းသိရှိရသည်။

ဝေါမြိုနယ်နှင့် ကျောက်မဲမြိုနယ်တိုတွင် ငွေကျပ် ၁,၂၄၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 𝙊𝘾𝙏~𝟏𝟎 ဝေါမြိုနယ်တွင် င
ဝေါမြိုနယ်နှင့် ကျောက်မဲမြိုနယ်တိုတွင် ငွေကျပ် ၁,၂၄၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 𝙊𝘾𝙏~𝟏𝟎 ဝေါမြိုနယ်တွင် ငွေကျပ် ၆၉၃ သိန်းတန်ဖိုးရှိ TRAMADOL ဆေးတောင့် ၁၃၈,၆၀၀ နှင့် ကျောက်မဲမြိုနယ်တွင် ငွေကျပ်သိန်း ၅၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၇၅ ကီလိုကို သက်ဆိုင်ရာပူးပေါင်းအဖွဲများက ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ် ၁,၂၄၃ သိန်းရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

မမြဆည် အခြေနေမှန်အား ပြည်သူများသိရှိစေရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ၏ အသိပေးပန်ကြားချက် ၂၀၂၆ အောက်တိုဘာ ၁၀ အောက်တိုဘာ ၇ ရက
မမြဆည် အခြေနေမှန်အား ပြည်သူများသိရှိစေရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ၏ အသိပေးပန်ကြားချက် ၂၀၂၆ အောက်တိုဘာ ၁၀ အောက်တိုဘာ ၇ ရက် (နံနက် ၈ နာရီ)။ တမံထိပ်တွင် အလျား ၈၀ ပေခန့်၊ အကျယ် ၁ လက်မခန့်၊ အနက် ၆ လက်မခန့် အက်ကြောင်းဖြစ်ပေါ်ခဲ့ပါသည်။ တမံဆင်ခြေလျှော ၁၀၀ ပေခန့်လည်း ၆ လက်မခန့် နိမ့်ကျခဲ့သည်။ အက်ကြောင်းကို သဲဖြည့်ပြီး ရေမစိမ့်ဝင်စေရန် ပလတ်စတစ်ဖြင့် အုပ်မိုးကာကွယ်ထားသည်။ အောက်တိုဘာ ၉ ရက် (ည ၉ နာရီ)။ တူညီသောနေရာတွင် ဆင်ခြေလျှော လျှောကျမှု ထပ်ဖြစ်ခဲ့သည်။ အလျား ၂၀၀ ပေခန့်၊ အကျယ် ၂၅ ပေခန့်၊ အမြင့် ၁၀ ပေခန့်ရှိပြီး မူလတမံထိပ်မှ ၂၅ ပေခန့် နိမ့်ကျသွားသည်။ လက်ရှိ ဆောင်ရွက်ချက်။ ရေအမြင့် ၃၁၅ ပေမှ ၃၀၅ ပေသို့ (၁၀ ပေ) လျှော့ချရန် အရေးပေါ်ရေပိုလွှမှ စက်ယန္တရားများဖြင့် ရေထုတ်လွှတ်နေသည်။ ရေများသည် ရေဝါချောင်း၊ မမြချောင်းမှတစ်ဆင့် ငဝန်မြစ်သို့ စီးဆင်းမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကျေးရွာများ၏ စိုက်ဧကများ ထိခိုက်မှုမရှိဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်သည်။

မရမ်းကုန်း MCC ခန်းမရှေ့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦး ေ-သဆုံး၊ ၃ ဦးဒဏ်ရာရ 10 October 2026 ■ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း
မရမ်းကုန်း MCC ခန်းမရှေ့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦး ေ-သဆုံး၊ ၃ ဦးဒဏ်ရာရ 10 October 2026 ■ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမရှေ့တွင် ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ေ-သဆုံးပြီး အမျိုးသမီးသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲထံမှ သိရသည်။