ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 429
مشترکین
-4224 ساعت
-2667 روز
-50630 روز
آرشیو پست ها
4 429
+8
တာချီလိတ်မြို့ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
ဩဂုတ်လ ၂၉ ရက်
နိုင်ငံတော်နှင့် ပြည်သူအတွက် ရှေ့တန်းတွင် ရဲဝံ့စွာ တာဝန်ထမ်းဆောင်ပြီး အောင်ပွဲလီလီ ဆွတ်ခူးပြီး အိမ်ပြန်လာတဲ့ တာချီလိတ်က အောင်ပွဲရ သူရဲကောင်းတွေကို လေးစားဂုဏ်ပြုပါတယ်။
အောင်ပွဲရ ပြည်ချစ်တပ်မတော်သားတို့ရဲ့ အိမ်အပြန်ခရီးကိုတော့ မိသားစုဝင်များ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက လှိုက်လှဲနွေးထွေးစွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြ
🥰🥰🥰
4 429
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေးမှုမှတ်တမ်း
https://t.me/phoehmann007
#ဖိုးမှန်
4 429
+7
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊
ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား
🔹 တာဘောင်ပြုပြင်ရာတွင် လက်ရှိအခြေအနေကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင် ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင်ရည်ရှိစေရေး ထည့်သွင်းတွက်ချက်ကာ စနစ်တကျ ပြန်လည်တည်ဆောက်ပြုပြင်သွားရန်နှင့် လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများ အမြန်ပြီးစီးရေး ဆောင်ရွက်ရန် မှာကြား
https://t.me/phoehmann007
#ဖိုးမှန်
4 429
+5
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊
ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား
https://t.me/phoehmann007
#ဖိုးမှန်
4 429
+5
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၉)မှ ဗိုလ်လောင်းများ၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်
===============================
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၉)မှ ဗိုလ်လောင်းများ၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ပါတယ်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ် အနော်ရထာတပ်ရင်းရှိ ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
4 429
+6
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည်ရှုစစ်ဆေး
===========================
တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် တာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ ၂၈ ရက် ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ တည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါတယ်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အိမ်ရာတွင်နေထိုင်နေကြသည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
4 429
+1
နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
4 429
+1
နီပေါ ရေကြီးမြေပြိုမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါသမ္မတထံဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
4 429
+7
ကဲ ဒါကတော့ ကလေး အလင်းဝင်ပါ...
၂၈-၈-၂၀၂၆ ရက်နေ့ကလေးမြို့တွင်
♦PDF ကျား(၄၂)ဦး၊
♦မ(၃)ဦး
♦စုစုပေါင်း ၄၅ ဦးသည်
♦လက်နက် (၂၁)လက်၊
♦လက်ပစ်ဗုံး(၆)လုံး၊
♦စကားပြောစက်(၃)လုံး၊
ကျည်အိမ်(၃၀)ခု
ကျည်မျိုးစုံ(၆၇၉)တောင်တို့ဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရ။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #Sagaing #Kalay #WelcomingCeremony #PDFSurrender
4 429
+3
🤝 မုံရွာမြို့တွင် PDF အဖွဲ့ဝင် (၉၅) ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်
▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် PDF အဖွဲ့ဝင် ကျား (၈၉) ဦး၊ မ (၆) ဦး၊ စုစုပေါင်း (၉၅) ဦးတို့သည် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံတော်၏ တရားဥပဒေဘောင်အတွင်းသို့ လက်နက် (၇) လက်၊ လက်ပစ်ဗုံး (၁၀) လုံးတို့နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြပါတယ်။
▪️ အဆိုပါ အလင်းဝင်ရောက်မှု အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့် နမခတိုင်းမှူး ဗိုလ်ချုပ်ကျော်သူရတို့ တက်ရောက်ခဲ့ကြပြီး၊ တရားဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည့် PDF ရဲဘော်များကို နွေးထွေးစွာ ကြိုဆိုခဲ့ကြ။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #Sagaing #Monywa #WelcomingCeremony #PDFSurrender
4 429
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ခွဲခွာ၍မရသော အပြန် အလှန်နားလည်ယုံကြည်ရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်
နေပြည်တော်၊ ဩဂုတ် - ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Tor Saralamba သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
https://t.me/phoehmann007
#ဖိုးမှန်
4 429
🌐 နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတကာဆက်ဆံရေး ခရီးစဉ်များအနှစ်ချုပ် 🇲🇲
▪️ ၁၃၅ ရက်အတွင်း နိုင်ငံပေါင်း ခြောက်နိုင်ငံသို့ မိုင်ပေါင်း ၂၀,၀၀၀ နီးပါး သွားရောက်ခဲ့ပါတယ်။
▪️ တရုတ်၊ အိန္ဒိယ၊ ရုရှား အပါအဝင် အဆိုပါ နိုင်ငံခြောက်နိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
▪️ ဤခရီးစဉ်များမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး မဟာဗျူဟာမြောက် ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #President #InternationalRelations #Diplomacy
4 429
+8
🎖 အောင်ပွဲရ ရန်ကုန်သားတို့ရဲ့ အိမ်ပြန်ချိန်
▪️ ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့) တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ပြီး ပြန်လာကြသည့် တပ်မတော်သား သူရဲကောင်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ အနုပညာရှင်များနှင့် တပ်မတော်သားမိသားစုဝင်များက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
▪️ နိုင်ငံနှင့်လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ ရဲစွမ်းသတ္တိရှိရှိဖြင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြပြီး အောင်ပွဲခံကာ ဂုဏ်ယူဖွယ် ပြန်လည်ရောက်ရှိလာကြတဲ့ သူရဲကောင်းတွေကို လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ဗျာ။
🇲🇲🕊❤️❤️❤️🇲🇲🕊
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #YangonCommand #WelcomingCeremony #Heroes
4 429
ဦးပိုင်လို့တော့ ပြောတာပဲ...
တကယ်တမ်းကျတော့ "ဒေါ်ပိုင်ပါ"
❤️🇲🇲🕊💚🇲🇲
https://t.me/phoehmann007
#ဖိုးမှန်
4 429
+9
တိုက်တိုင်းအောင် အောင်ပွဲရ တနိုင်းသားတို့ရဲ့ ဂုဏ်ယူဖွယ် အိမ်အပြန်ခရီး
❤️🇲🇲🕊💚🇲🇲
https://t.me/phoehmann007
#ဖိုးမှန်
