ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 473
مشترکین
-6424 ساعت
-1837 روز
-44030 روز
آرشیو پست ها
4 473
ဖလမ်းမြိုတွင် MPT ဖုန်းလိုင်း ပြန်လည်ရရှိ၊ SIM Card များ ပြန်လည်အသုံးပြုနိုင်ရေး ဝန်ဆောင်မှုပေးနေ
ဖလမ်း၊ စက်တင်ဘာ ၁၇
ဖလမ်းမြိုတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိလာပြီဖြစ်သဖြင့် ယနေ့မှစတင်ကာ ပြည်သူများ၏ MPT Mobile SIM Card များ ပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို၌ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ပြီး ယခင်က MEC-CDMA ဖုန်းလိုင်းကိုသာ အသုံးပြုခဲ့ရကြောင်း သိရသည်။
ယခုအခါ MPT Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိလာသဖြင့် ပြည်နယ် MPT ဝန်ထမ်းများက ဖလမ်းမြို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အခြေပြု၍ ပြည်သူများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
4 473
🎉 နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာ အောင်မြင်မှု - နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ ရက်ပေါင်း ၁၆၀ အတွင်း နိုင်ငံတကာခရီးစဉ်များ🇲🇲
▪️ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ရက်ပေါင်း ၁၆၀ အတွင်း သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံခေါင်းဆောင် အသီးသီး၏ ဖိတ်ကြားမှုကြောင့် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနှင့်ဘီလာရုစ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့် နိုင်ငံပေါင်း (၈) နိုင်ငံသို့ State Visit နှင့် Official Visit ခရီးစဉ်များ သွားရောက်ခဲ့။
▪️ အဆိုပါ ခရီးစဉ်များအတွင်း နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး စုစုပေါင်း ခရီးသွားရက်ပေါင်း (၂၇) ရက်အထိ ရှိခဲ့ကာ နိုင်ငံတကာနှင့် ချစ်ကြည်ရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့် သံတမန်ရေးရာ အောင်မြင်မှုမှတ်တိုင်တွေကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ဂုဏ်ပြုလေးစားစွာ ဖော်ပြလိုက်ရပါတယ်။
#Myanmar #StateVisit #Diplomacy #News
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 473
QR Code ဖြင့် ဆီရောင်းချရာတွင် ညွှန်ကြားချက် မလိုက်နာသည့် စက်သုံးဆီဆိုင် ၂၀ အား အရေးယူ
စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode စနစ်အသုံးပြု၍ ရောင်းချရာ၌ သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိသည့် ဆိုင် ၂၀ အား စိစစ်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
4 473
ဆူဒန်မြောက်ပိုင်း၌ ရွှေတွင်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၆၀ ခန့် သေဆုံး
ဆူဒန်မြောက်ပိုင်း၌ ရွှေတွင်းပြိုကျခဲ့သဖြင့် အနည်းဆုံး လူ ၆၀ ခန့် သေဆုံးခဲ့သည်ဟု အသက်ရှင်ကျန်ရစ်သူနှစ်ဦးက စက်တင်ဘာ ၁၆ရက်တွင် AFP သတင်းဌာနကိုပြောကြားသည်။
4 473
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေး ဆက်လက်ဆောင်ရွက်
ဗန်ကောက်၊ စက်တင်ဘာ ၁၇
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat နှင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ ထိုသိုတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး နှစ်ဖက်အလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အဖွဲအစည်းများအကြား ဆက်လက်တွန်းအားပေးဆောင်ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေးနှင့် ပြည်ပလုပ်သား တရားဝင်လွှပြောင်းငွေဆိုင်ရာ ကိစ္စရပ်များ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးတိုအတွက် ခင်မင်ရင်းနှီးစွာဖြင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
4 473
မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
JN《𝙎𝙀𝙋~𝟏𝟕》
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ရေးအတွက် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတင်းရွှယ်ရှန်တို စက်တင်ဘာ ၁၆ ရက်တွင် နန်နင်းမြို၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
4 473
မန္တလေးတွင် Online မှ ကျောက်မျက်ရတနာလိမ်လည်ရောင်းချသည့် ပြည်ပနိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးရမိ
JN (Sep 17)
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြိုနယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာအတုများနှင့် အရည်အသွေးမကောင်းသော ကျောက်မျက်အချောထည်များကို လိမ်လည်ရောင်းချနေသည့် ပြည်ပနိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ၂၈ ဦးတိုကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
4 473
ပြည်ပရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံကအလေးထားဟု မြန်မာသံအမတ်ကြီးပြော
ကိုရီးယား-မြန်မာ စီးပွားရေးလုံခြုံမှုဆိုင်ရာသုတေသနအသင်း(KMAESS)ဖွဲစည်းတည်ထောင်ရာတွင် စိတ်အားတက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအ မတ်ကြီးဦးမျိုးမြင့်မောင်အား KMAESS ဥက္ကဋ္ဌ Mr. Choi Shin Il က "ကျေးဇူးတင်အသိအမှတ်ပြုတံဆိပ်" ပေးအပ်ခဲ့ကြောင်း သိရသည်။
4 473
EV ကမ္ဘာအသစ်နဲ့ ဗီယက်နမ် (VinFast)၏ အသံ
ဗီယက်နမ်နိုင်ငံ၏ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်လာပုံနှင့် ဗီယက်နမ်မော်တော်ယာဉ်ကုမ္ပဏီ VinFast ၏ လျှပ်စစ်ယာဉ်ထုတ်လုပ်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအား လေ့လာတင်ဆက်ထားပါသည်။
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 473
ရန်ကုန်ပညာရေးတက္ကသိုလ်၏ (၅၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အစီအစဉ်
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 473
17.9.2026 ရက်နေ့သတင်းစာများ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 473
ICC က အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးဆွဲရုပ် မဖြစ်သင့်ဘူးလို ပြောပြီ
စက်တင်ဘာ - ၁၆ ( ဗုဒ္ဓဟူးနေ့ )
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အင်အားကြီးနိုင်ငံတွေကိုလည်း ကျန်တဲ့နိုင်ငံတွေနည်းတူ စံနှုန်းတစ်ခုတည်းနဲ့ အရေးယူနိုင်ဖို ဘက်ပေါင်းစုံကနေ အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို လိုအပ်နေပြီလို လူ့အခွင့်အရေး လှုပ်ရှားသူ ဒေဗစ်လိုပက်ဇ် က ပြောကြားလိုက်ပါတယ်။
ဟိဂ်မြိုမှာအခြေစိုက်တဲ့ ICC တရားရုံးကို ဂျီနိုဆိုက် (လူမျိုးတုံးသတ်ဖြတ်မှု)၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ကျူးကျော်စစ်ပွဲ ရာဇဝတ်မှုတွေကို အရေးယူဖိုအတွက် "ရုမ်း စတက်ကျု" သဘောတူညီချက် အရ ၂၀၀၂ ခုနှစ်မှာ စတင်ဖွဲစည်းခဲ့တာပါ။ ဒါပေမဲ့ ဒီတရားရုံးဟာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေရှိပြီး အနိုင်ကျင့် ရွေးချယ်အရေးယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကာလရှည်ကြာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
4 473
ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေ
ရန်ကုန်၊ စက်တင်ဘာ ၁၆
ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ငသိုင်းချောင်းမြိုနယ်ရှိ ကျေးရွာအုပ်စု ၂၃ ခုမှ အိမ်ထောင်စု ၂,၀၀၀၊ လူဦးရေ ၆,၅၉၃ ဦးအတွက် တစ်ပတ်စာစားနပ်ရိက္ခာ၊ တာပေါ်လင်မိုးကာရွက်ဖျင်၊ ရေသန့်စင်ဆေးပြားနှင့် အရေးပေါ်ဆေးဝါးများအပါအဝင် အခြေခံလိုအပ်သည့်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
4 473
အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်တင်ပိုမှု ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို အထည်ချုပ်ပစ္စည်းတင်ပိုမှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပိုကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ သိရသည်။
အမေရိကန်ဈေးကွက်သို တင်ပိုရာတွင် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရရှိပြီးနောက် အထည်ချုပ်တင်ပိုမှုများ ပြန်လည်အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။
4 473
သတ္တလောကအတွက် အရေးပါတဲ့ အိုဇုန်းလွှာ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 473
+4
🌊 ညောင်တုန်းကျွန်းတာ တာအိပဲ့ကျမှုနေရာ၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်းပြင်ဆင်
▪️ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ တာမိုင် (၁၁/၅) နှင့် (၁၁/၆) ကြားတွင် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဆည်မြောင်းတာ အိပဲ့ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
▪️ ထိုသို့ဖြစ်ပွားသည့်နေရာသို့ ရန်ကုန်တိုင်း၊ မအူပင်ခရိုင်နှင့် ညောင်တုန်းမြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များ၊ အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းကာ ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်းနှင့် သဲအိတ်စီခြင်းလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်လျက်ရှိပါတယ်။
#Myanmar #Ayeyarwady #NyaungDon #FireServicesDepartment #FloodPrevention #News
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 473
+5
မိုးလေဝသ သတင်းအကျဉ်းချုပ် (စက်တင်ဘာ ၁၆ ရက်၊ မွန်းလွဲ ၂:၀၀ နာရီ)
⛈ မိုးကြီးနိုင်သော ဒေသများ: တနင်္သာရီ၊ ကရင်နှင့် မွန်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင်လည်း အဆိုပါဒေသများ၌ မိုးပိုလာမည်)
🌧 သတိပြုရန် (မိုးတိမ်တောင်): တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် မိုးသက်လေပြင်းကျကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည် (လေတိုက်နှုန်း ၂၅-၃၀ မိုင်၊ လှိုင်းအမြင့် ၇-၉ ပေ) ဖြစ်ပြီး၊ ရခိုင်ကမ်းရိုးတန်းတွင် လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
🏙 မြို့ကြီးများ: နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ (ရာနှုန်းပြည့်)
Ref: မိုး/ဇလ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 473
+3
🇲🇲🇮🇳 မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲတပ်မတော်စစ်ရေးလေ့ကျင့်မှု (IMBAX 2026) အိန္ဒိယနိုင်ငံ၌ စတင်ကျင်းပ
▪️ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ၅ ကြိမ်မြောက် ပူးတွဲတပ်မတော်စစ်ရေးလေ့ကျင့်မှု (IMBAX - India–Myanmar Bilateral Army Exercise) ကို စက်တင်ဘာ ၁၅ ရက်က အိန္ဒိယနိုင်ငံ၊ Meghalaya ပြည်နယ်၊ Umroi ရှိ Joint Training Node တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
▪️ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၅ ရက်မှ ၂၈ ရက်အထိ ၁၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး၊ လေ့ကျင့်မှုကာလအတွင်း နှစ်နိုင်ငံ စစ်ရေးနည်းပညာများကို အပြန်အလှန်ဖလှယ်ကြမည့်အပြင် အိန္ဒိယတပ်မတော်(ကြည်း)၏ ပြည်တွင်းထုတ် စစ်လက်နက်များကိုပါ လေ့လာခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါတယ်။
Crd. TPWC
#Myanmar #India #IMBAX #MilitaryExercise #Defense #News
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 473
ကိုယ်တိုင်ရွေးချယ် လမ်းနှစ်သွယ်
ကိုယ်ပိုင် ဉာဏ်နဲ့ စဉ်းစား သုံးသပ် ဆုံးဖြတ်ကာ လမ်းမှန်ရောက်နေသူ...
နိုင်ငံရေးစားဖားတွေရဲ့ စကားကို နားယောင်မိလို့ ဘဝပျက်ပြီး ဘာဆက်လုပ်ရမှန်း မသိတော့တဲ့သူ။(PDF တိုပြတ်)
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 473
အကြမ်းဖက် PDF တွေရဲ့ အပုတ်နံ့တွေကတော့ နံဟောင်နေတာပဲ...
PDF ဖြစ်လာတော့ မတရားရတဲ့ငွေတွေနဲ့ PDF မတွေကို ခြေတော်တင် ကောက်မသွားပြီး နဂိုက ယူထားတဲ့ မိန်းမနဲ့ကလေးကိုတော့ ပြစ်ထားခဲ့သတဲ့...
သိပ်တော့လည်း မထူးဆန်းပါဘူးလေ...
သူတို့ရဲ့ ခေါင်းဆောင်ဆိုတဲ့ကောင်တွေတောင် မဲဆောက်မှာ နောက်မိန်းမတွေနဲ့ ပျော်ပါးနေသေးတာပဲ...
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
