fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

ဖိုးမှန်

ဖိုးမှန်

رفتن به کانال در Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
4 718
مشترکین
اطلاعاتی وجود ندارد24 ساعت
-747 روز
-30530 روز
آرشیو پست ها
သထုံမြိုတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် အပူရှောင်စခန်းအမှတ် (၁) ဖွင့်လှစ်ထား မွန်ပြည်နယ်၊ သထုံမြိုတွင် အယ်လ်နီညိုရာသီဥတုဖြစ
သထုံမြိုတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် အပူရှောင်စခန်းအမှတ် (၁) ဖွင့်လှစ်ထား မွန်ပြည်နယ်၊ သထုံမြိုတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ်အန္တရာယ်မှ ဒေသခံပြည်သူများ ကာကွယ်နိုင်ရေးအတွက် ရွှေစာရံစေတီတော်မြတ်ကြီးရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်ကြီး၌ အပူရှောင်စခန်းအမှတ် (၁) ကို ဖွင့်လှစ်ထားကြောင်း သိရသည်။

ကြည့်မြင်တိုင်မြိုနယ်နှင့် လှိင်မြိုနယ်တိုတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ အောက်တိုဘာ ၁၂ မူးယစ်ဆေးဝါးတားဆီးနှိမ
ကြည့်မြင်တိုင်မြိုနယ်နှင့် လှိင်မြိုနယ်တိုတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ အောက်တိုဘာ ၁၂ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ အောက်တိုဘာလ ၁၀ ရက်နေ့ ၁၅၃၀ အချိန် ကြည့်မြင်တိုင်မြိုနယ်၊ ဆေးငြိမ်းရပ်ကွက်တွင် အောင်မျိုးဦး အား စိတ်ကြွဆေးပြား ၈၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကမ္ဘာ့ဆင်းရဲမွဲတေမှု အညွှန်းကိန်း ပထမဆုံးအကြိမ်အဖြစ် မြင့်တက်လာ ကမ္ဘာ့ဆင်းရဲမွဲတေမှုအညွှန်းကိန်းသည် စတင်စစ်တမ်းကောက်ယူခဲ့သည့်
ကမ္ဘာ့ဆင်းရဲမွဲတေမှု အညွှန်းကိန်း ပထမဆုံးအကြိမ်အဖြစ် မြင့်တက်လာ ကမ္ဘာ့ဆင်းရဲမွဲတေမှုအညွှန်းကိန်းသည် စတင်စစ်တမ်းကောက်ယူခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှစပြီး ပထမဆုံးအကြိမ်အဖြစ် မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂ ဖွံဖြိုးမှုအစီအစဉ် (UNDP) နှင့် အောက်စဖိုဒ် ဆင်းရဲမွဲတေမှုနှင့် လူသားဖွံဖြိုးတိုးတက်ရေး အစီအစဥ် သုတေသနဌာန (OPHI) ၏ ၂၀၂၆ ခုနှစ် လေ့လာဆန်းစစ်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် ကမ္ဘာတစ်ဝန်း အလွန်အမင်း ဆင်းရဲမွဲတေမှု ခံစားနေရသူ အရေအတွက်သည် ၁ ဒသမ ၂ ဘီလျံ အထိ ရှိလာပြီး ၂၀၂၅ ခုနှစ်နှင့် နှိင်းယှဉ်ပါက အလွန်အမင်း ဆင်းရဲမွဲတေမှုခံစားနေရသူအရေအတွက်သည် ၅၁ ဒသမ ၅ သန်း ပိုမိုများပြားလာခဲ့သည်။

ရုရှားအပေါ် ပိတ်ဆိုအရေးယူမှု ၂၂ ကြိမ်မြောက်အစီအစဉ်ကို အီးယူ အတည်ပြု၊ စာရင်းအသစ် ၁,၆၀၀ နီးပါး ထည့်သွင်း 𝙊𝘾𝙏~𝟏𝟐 ဥရောပသမဂ္ဂ
ရုရှားအပေါ် ပိတ်ဆိုအရေးယူမှု ၂၂ ကြိမ်မြောက်အစီအစဉ်ကို အီးယူ အတည်ပြု၊ စာရင်းအသစ် ၁,၆၀၀ နီးပါး ထည့်သွင်း 𝙊𝘾𝙏~𝟏𝟐 ဥရောပသမဂ္ဂ (EU) သည် ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆိုအရေးယူမှုများအနက် ၂၂ ကြိမ်မြောက် အစီအစဉ်ကို အတည်ပြုခဲ့ပြီး လူပုဂ္ဂိုလ်များနှင့် အဖွဲအစည်းများအပါအဝင် စာရင်းသွင်းမှုအသစ် ၁,၆၀၀ နီးပါး ထပ်မံထည့်သွင်းခဲ့ကြောင်း သိရသည်။  ယင်းသည် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းအပေါ် အပြည့်အဝစစ်ဆင်နွှမှု စတင်ခဲ့ပြီးနောက် ပိတ်ဆိုအရေးယူမှုစာရင်းကို တစ်ကြိမ်တည်း အများဆုံးတိုးချဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှ ပြေးခုန်ပစ်ရွှေတံဆိပ်စံချိန် ချိုးနိုင်ပါက အားကစားသမားကို ကျပ်သိန်း ၁၀၀၊ နည်းပြကို ကျပ်သိန်း ၂၀ ချီးမြှင့်မည်
အရှေ့တောင်အာရှ ပြေးခုန်ပစ်ရွှေတံဆိပ်စံချိန် ချိုးနိုင်ပါက အားကစားသမားကို ကျပ်သိန်း ၁၀၀၊ နည်းပြကို ကျပ်သိန်း ၂၀ ချီးမြှင့်မည် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ ပြေးခုန်ပစ်ပြိုင်ပွဲ၏ ရွှေတံဆိပ်စံချိန်ကို ချိုးဖျက်နိုင်သည့် အားကစားသမားအား ငွေကျပ်သိန်း ၁၀၀ နှင့် နည်းပြအား ငွေကျပ်သိန်း ၂၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲချုပ်က အသိပေးထားသည်။

သီပေါမြိုတွင် မြိုလုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြန်လည်ကျင်းပမည် သီပေါမြိုတွင် ရပ်နားထားသည်မှာ ကြာမြင့်ပြီဖြစ်သည့် မြိုလ
သီပေါမြိုတွင် မြိုလုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြန်လည်ကျင်းပမည် သီပေါမြိုတွင် ရပ်နားထားသည်မှာ ကြာမြင့်ပြီဖြစ်သည့် မြိုလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယခုနှစ်တွင် ပြန် လည်ကျင်းပရန် ဆုံးဖြတ်ထားပြီး ပွဲတော်အတွင်း ဈေးရောင်းပွဲများ၊ ရှမ်းပြဇာတ်နှင့် စတိတ်ရှိးများလည်းထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားထားသည်။

မမြဆည်ရေလှောင်တမံအနီး ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား နီးစပ်ရာ ဘေးလွတ်ကင်းရာနေရာများသို့ရွှေ့ပြောင်း၊ အရေးပေါ်တုံ့ပြန်
+2
မမြဆည်ရေလှောင်တမံအနီး ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား နီးစပ်ရာ ဘေးလွတ်ကင်းရာနေရာများသို့ရွှေ့ပြောင်း၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (Rapid response team) RRTအဖွဲ့ (၆) ဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ

❝ကျန်းမာရေးကဏ္ဍအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁.၃၉ ထရီလီယံကျော် သုံးစွဲရန် လျာထား❞ 𝙊𝘾𝙏~𝟭𝟮 ကျန်းမာရေးကဏ္ဍအတွက် ၂၀၂၆-၂
❝ကျန်းမာရေးကဏ္ဍအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁.၃၉ ထရီလီယံကျော် သုံးစွဲရန် လျာထား❞ 𝙊𝘾𝙏~𝟭𝟮 ကျန်းမာရေးကဏ္ဍအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ စုစုပေါင်းအသုံးစရိတ်၏ ၂.၈ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၁.၃၉ ထရီလီယံကျော် တိုးမြှင့်ချထားပေးထားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားပြီး ဆရာဝန်သစ်လွင်များနှင့် သွားနှင့်ခံတွင်းဆရာဝန်သစ်လွင်များအနေဖြင့် မိမိတို၏ ပညာရပ်များကို အသုံးချကာ ပြည်သူ့ကျန်းမာရေးအတွက် စေတနာ၊ ဂရုဏာထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်ဟု သိရသည်။

မိမိတို့ Professional ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်သည့် နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသည့် လူနာဗဟိုပြု ဆရာ
+9
မိမိတို့ Professional ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်သည့် နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသည့် လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်အောင် ကြိုးစားကြရန် လမ်းညွှန်မှာကြား 🔹 နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်မူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန် အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ 🔹ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်းလည်းဖြစ်ကြောင်း၊ 🔹မိမိတို့၏ ပညာနှင့်စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံးအသုံးချကြရန်၊ နိုင်ငံတော်က အားထားရသည့် ဆရာဝန်ကောင်းများ၊ ပြည်သူကယုံကြည်အားကိုးရသည့် ကျန်းမာရေးပညာရှင်များဖြစ်အောင်ကြိုးစားကြရန်တိုက်တွန်းမှာကြား။ နိုင်ငံတော်သမ္မတ က ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက် အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်။

ဟူရ်သီက ရီးယာ့ဒ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင်ထိုလေဆိပ်ကိုပင် ထပ်မံတိုက်ခိုက် ယီမင်၏ဟူရ်သီအု
ဟူရ်သီက ရီးယာ့ဒ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင်ထိုလေဆိပ်ကိုပင် ထပ်မံတိုက်ခိုက် ယီမင်၏ဟူရ်သီအုပ်စုက ရီးယာ့ဒ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက်တစ်ရက်အကြာ အောက်တိုဘာ ၁၁ ရက်တွင် ယင်းလေဆိပ်ကိုပင် ထပ်မံတိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့သည်။ ဆော်ဒီမြေပေါ်တွင် ၁၀ နှစ်ကျော်တွင် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည့် အောက်တိုဘာ ၁၀ ရက်တိုက်ခိုက်မှုက ယီမင်စစ်ပွဲ သိသိသာသာအရှိန်မြင့်တက်လာမှုကို ပြသလိုက်ခြင်းဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦးမြိုနယ်ရှိ ပုဂံမြိုသစ်၊ ဖွားစောကျေးရွာအုပ်စုနှင့် ညောင်ဦး-ပုဂံမြိုသစ်လမ်းတိုတွင် ရေကျ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦးမြိုနယ်ရှိ ပုဂံမြိုသစ်၊ ဖွားစောကျေးရွာအုပ်စုနှင့် ညောင်ဦး-ပုဂံမြိုသစ်လမ်းတိုတွင် ရေကျော်မှုဖြစ်ပွား မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦးမြိုနယ်ရှိ ပုဂံမြိုသစ်၊ ဖွားစောကျေးရွာအုပ်စုနှင့် ညောင်ဦး-ပုဂံမြိုသစ်လမ်းတိုတွင် ရေကျော်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ပထမ ၁၀ ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ်ပွား၊ အမျိုးသမီးတစ်ဦး ဒ-ဏ်ရာရ အောက်တိုဘာလ ပထမ
အောက်တိုဘာ ပထမ ၁၀ ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ်ပွား၊ အမျိုးသမီးတစ်ဦး ဒ-ဏ်ရာရ အောက်တိုဘာလ ပထမ ၁၀ ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒ-ဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးကို ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို လေ့လာရေးခရီး ပိုဆေ
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးကို ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို လေ့လာရေးခရီး ပိုဆောင်မည် ======================== ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတိုတွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးနှင့် ကြီးကြပ်ကျောင်းအုပ် ဆရာ၊ ဆရာမ ၃ ဦးတိုကို ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို လေ့လာရေးခရီးစဉ်အဖြစ် ပိုဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးထိုးသတ်လို မသေတဲ့ အမျိုးသမီးကို ထောင်ထဲကို ပြန်ပို အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ ) အမေရိကန်နိုင်ငံ၊ တန်နက်ဆီပြည်နယ်မှာ သေဒဏ
ဆေးထိုးသတ်လို မသေတဲ့ အမျိုးသမီးကို ထောင်ထဲကို ပြန်ပို အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ ) အမေရိကန်နိုင်ငံ၊ တန်နက်ဆီပြည်နယ်မှာ သေဒဏ်ပေးဖို ကြိုးပမ်းမှု မအောင်မြင်ဘဲ အသက်ရှင် လွတ်မြောက်လာခဲ့တဲ့ သေဒဏ်ကျခံရသူ ခရစ္စတာ ပိုက် ဟာ ဆေးရုံကနေ ဆင်းခွင့်ရသွားပါပြီ။ အဆိပ်ထိုးသွင်းပြီး သေဒဏ်ပေးဖို လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ လမ်းလျှောက်နိုင်၊ စကားပြောနိုင်လာပြီဖြစ်ပြီး စနေနေ့ကတည်းက သူမကို အကျဉ်းထောင်ကို ပြန်လည်ပိုဆောင်ခဲ့ပြီလို ရှေ့နေတွေက ပြောပါတယ်။ အသက် ၅၀ အရွယ် ပိုက် ဟာ ၁၉၉၅ ခုနှစ်တုန်းက နော့ဗီးလ်မြိုမှာ ကျောင်းသားချင်းဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ကိုလင်း စလမ်မာ ကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့မှာ လုပ်ဆောင်ဖိုရာ ချိန်းဆိုထားတဲ့ သူမရဲ့ သေဒဏ်စီရင်မှုဟာ တန်နက်ဆီပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်အတွင်း အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် သေဒဏ်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ပုလဲအတွဲပေါင်း၂၂၈ တွဲ ရောင်းချခဲ့ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ပုလဲအတွဲပေါင်း၂၂၈ တွဲ ရောင်းချခဲ့ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက် စိမ်းခန်းမအတွင်းအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲများ၊ ကျောက်စိမ်းအတွဲများကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Global 2026 ပြိုင်ပွဲကြီးမှာ 4th Runner Up ဆုနဲ့ Title ဆုတွေကို မြန်မာ့ဂုဏ်ဆောင် အလှမယ် ကျော်
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Global 2026 ပြိုင်ပွဲကြီးမှာ 4th Runner Up ဆုနဲ့ Title ဆုတွေကို မြန်မာ့ဂုဏ်ဆောင် အလှမယ် ကျော်ကျော်အိန္ဒြာ ဆွတ်ခူးရရှိ ၁၂.၁၀.၂၀၂၆ ထိုင်းနိုင်ငံမှာ အိမ်ရှင်အနေနဲ့ကျင်းပတဲ့ Miss Global 2026 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ကျော်ကျော်အိန္ဒြာက Miss Global 2026 ရဲ့ 4th Runner Up ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Flydubai လေယာဥ်ပေါ်တွင် တိုက်ခိုက်ခဲ့သည့် တွဲဖက်လေယာဥ်မှူးနှင့် အဆက်အသွယ်ရှိသည်ဆိုသည့် စွပ်စွဲချက်များကို သြစတြေးလျနိုင်ငံရှိ
Flydubai လေယာဥ်ပေါ်တွင် တိုက်ခိုက်ခဲ့သည့် တွဲဖက်လေယာဥ်မှူးနှင့် အဆက်အသွယ်ရှိသည်ဆိုသည့် စွပ်စွဲချက်များကို သြစတြေးလျနိုင်ငံရှိ အစ္စလာမ်မစ် အဖွဲအစည်းတစ်ခုက ငြင်းဆို စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် Flydubai လေယာဉ်ဖြစ်စဉ်တွင် လေယာဉ်ကို ပြန်ပေးဆွဲရန် ကြံစည်ခဲ့သူဟု စွပ်စွဲခံထားရသည့် တွဲဖက်လေယာဉ်မှူး ဟာမမ် အယ်လ် ဟာမာမီသည် မဲလ်ဘုန်းမြိုရှိ My Centre အမည်ရှိ အစ္စလာမ်မစ်အဖွဲအစည်းနှင့် ဆက်စပ်နေကြောင်း ယူအေအီး အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီးနောက် အဆိုပါ အစ္စလာမမစ်အဖွဲကို စီမံခန့်ခွဲသည့် အမျိုးသားတစ်ဦးက စွပ်စွဲချက်များသည် မှားယွင်းနေကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

USDP ပါတီဝင်များ၏ သားသမီးများကို တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင
USDP ပါတီဝင်များ၏ သားသမီးများကို တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) က ပါတီဝင်များ၏ သားသမီးများအတွက် တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း ၁၄ ဦး ဖမ်းဆီးရမိ ================= ရန်ကုန်မြိုတွင်း သ
စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း ၁၄ ဦး ဖမ်းဆီးရမိ ================= ရန်ကုန်မြိုတွင်း သတ်မှတ်ထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိသည့် စည်းကမ်းဖောက်ဖျက်သူများကို ယနေ့ အောက်တိုဘာ ၁၂ ရက်မှစတင်၍ ဖမ်းဆီးအရေးယူလျက်ရှိရာ ကျောက်တံတားမြိုနယ်၊ ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း စည်းကမ်းဖောက်ဖျက်သူ ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ဆူးလေခုံးကျော်တံတားအောက်တွင် စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို စစ်ဆေးဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၄ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဆော်ဒီလေဆိပ်ကို ဟူသီထပ်မံတိုက်ခိုက်၊ လူ ၁ ဦး သေဆုံး 12 October 2026 ■ စနေနေ့က အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲရဲ့ တိုက်ခိုက်
ဆော်ဒီလေဆိပ်ကို ဟူသီထပ်မံတိုက်ခိုက်၊ လူ ၁ ဦး သေဆုံး 12 October 2026 ■ စနေနေ့က အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက်  သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် တနင်္ဂနွေနံနက်မှာလည်း ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တိုက်ခိုက်မှုအသစ် ထပ်ဖြစ်ခဲ့လို လူ ၁ ယောက် သေဆုံးပြီး ၁၁ ယောက်  ဒဏ်ရာရသွားတယ်လို ဆော်ဒီအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။