Cine Mix mm
رفتن به کانال در Telegram
🎬 Welcome to CineMix MM 🎬 ဒီ Channel မှာ 🇰🇷 Korean Drama 🇮🇳 Bollywood Movies 🌍 International Movies & Series အစုံအလင်တင်ပေးပါတယ်။ 🔥 Daily Update 🔥 Subtitle Available 👉 Join Now
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 907
مشترکین
-424 ساعت
+3 2907 روز
+3 34830 روز
آرشیو پست ها
4 909
Repost from မြန်မာစာတန်းထိုး ဇာတ်ကားသစ်များ
Consumed (2024) IMDb 5.0
သည်းထိပ်ရင်ဖိုချစ်သူတွေအတွက် အပျင်းပြေကြည့်လို့ကောင်းမဲ့
Horror ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Consumed ဖြစ်ပြီးတော့တောကြီးမျက်မည်းထဲက မကောင်းဆိုးဝါးတွေနဲ့ဆက်နွယ်နေတဲ့ Horror
ဇာတ်ကားပုံစံလေးပဲဖြစ်ပါတယ်။အရမ်းကြီးမကြမ်းပေမဲ့ သူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းတဲ့အခြေအနေမှာရှိပါတယ်။ဘက်သ်က ကင်ဆာရောဂါဝေဒနာခံစားခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့အဲ့ဒီကင်ဆာကိုတွန်းလှန်နိုင်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။အဲ့ဒီအထိန်းအမှတ်နဲ့သူကင်ဆာရောဂါဝေဒနာဖြစ်နေတုန်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ကြတဲ့ ဘက်သ်ရော ယောက်ျားဖြစ်သူဂျေးတို့နှစ်ယောက်စလုံးစိတ်ပြေလက်ပျောက်ဖြစ်အောင်တောတွင်းစခန်းချခရီးထွက်ခဲ့ကြပါတော့တယ်။အဲ့ဒီတောထဲမှာသူတို့ကိုစောင့်ကြိုနေတဲ့ထိတ်လန့်စရာမကောင်းဆိုးဝါးသားရဲကြီးရှိနေခဲ့တာကိုတော့ဘက်သ်တို့စောစောစီးစီးကြိုမသိခဲ့ကြပါဘူး။တစ်ညမှာတော့ ညဖက်တဲထိုးပြီးအိပ်နေရင်းနဲ့မှအဲ့ဒီအရာကြီးနဲ့ကြုံတွေ့ခဲ့ရပြီး ဖိနပ်ကျွတ်မတတ်ထွက်ပြေးခဲ့ရပါတော့တယ်။ဒီလိုနဲ့သူတို့ဆက်သွားရမဲ့လမ်းကြောင်းလည်းပျောက် စခန်းချပစ္စည်းတွေလည်းမရှိတော့ပဲနဲ့ ကင်ဆာရောဂါကိုအနိုင်ယူနိုင်ခဲ့တဲ့ဘက်သ်တို့လင်မယားနှစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကိုရောအတူအနိုင်ယူနိုင်ပါ့မလားဆိုတာကိုထိတ်လန့်စရာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ချန်နယ် လင့် 👇👇👇
https://t.me/bl_only
ဇာတ်ကား လင့် 👇👇
https://t.me/bl_only/1160
4 909
Repost from My Troublesome Star (2025)
Long Go*ne He*ro*es (2024)
အက်ရှင်ကားကောင်းကောင်းတွေကို မျှော်လင့်စောင့်စားနေတဲ့လူတွေအတွက်
စိတ်ဝင်စားစရာကောင်းကောင်းနဲ့ Gun Fighting ခန်းတွေကိုရှယ်ကြည့်ရမဲ့
ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Josh Hutcherson ,
အက်ရှင်မင်းသားကြီး Frank Grillo တို့အပြင်တခြားသောနာမည်ကြီး
သရုပ်ဆောင်တွေပါ ပါဝင်ထားတာဖြစ်တဲ့အတွက်ရှယ်ကြည့်ကောင်းမှာပဲ
ဖြစ်ပါတယ်။
ဇာတ်လမ်းကိုတော့ ဗင်နီဇွဲလားမှာရေနံတွေအများကြီးထွက်ရှိခဲ့တဲ့အတွက်
ပြည်တွင်းကအာဏာရှိသူတွေနဲ့ အမေရိကန်ကအာဏာရှိသူတွေပူးပေါင်းပြီး
ရေနံတွေကိုတရားမဝင်တင်ပို့တဲ့လုပ်ငန်းတွေလုပ်နေကြတဲ့အကြောင်း စတင်
မိတ်ဆက်ထားပါတယ်။အထက်ကလူတွေကိုယ်ကျိုးအတွက်လုပ်နေကြပေမဲ့
အောက်ခြေကဗင်နီဇွဲလားပြည်သူတွေကတော့ ငွေကြေးဖောင်းပွမှုတွေ စီးပွားရေး
ကျဆင်းမှုတွေကြောင့်ဒုက္ခများစွာကြုံတွေ့နေရပါတော့တယ်။ အဲ့ဒါကြောင့်
ဒီမတရားမှုတွေကိုအဆုံးသတ်ဖို့ ဂျူလီယာဆိုတဲ့ သတင်းထောက်မလေး
တစ်ယောက်က ဗင်နီဇွဲလားကိုသွားပြီးလိုအပ်တဲ့အချက်အလက်တွေကို
စုံစမ်းပါတော့တယ်။အကုန်ပြည့်စုံပြီးဖွင့်ချလို့ရပြီဆိုမှ အမှန်တရားတွေ
ပေါ်သွားမှာကိုကြောက်နေတဲ့လူတစ်စုက ဂျူလီယာ့ကိုဖမ်းခေါ်သွားပါတော့တယ်။
အဲ့ဒါကြောင့်ဂျူလီယာရဲ့အမေဖြစ်တဲ့ လွှတ်တော်အမတ်ကြီးက ဂျူလီယာ့ကို
သွားကယ်ဖို့အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ဂျူလီယာ့ကိုကယ်ထုတ်တဲ့ခရီးစဉ်
တစ်လျှောက်မှာ ကြုံတွေ့ရမဲ့အရာတွေများစွာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့
ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
#crd
ချန်နယ် လင့် 👇👇
https://t.me/moviehouse1200
ဇာတ်ကား လင့် 👇👇
https://t.me/moviehouse1200/646
4 909
500 Days Of Summer (2009)
Copyright Disclaimer No copyright infringement intended. I do not own any of the video or music. Use only for the entertainment purpose only under the principal of Fair Use. All rights reserved goes to its rightful owner.
4 909
တစုံတယောက်ရဲ့ ရည်းစားမဖြစ်ချင်ဘူးဆိုတဲ့မင်းက အခုတော့တစုံတယောက်ရဲ့ ဇနီးတောင်ဖြစ်နေပါပီလား…😭
500 Days of Summer (2009)
အညွှန်း -
Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ…
ကျွန်တော်တိုလို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်…
ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး…
အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။ လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်...
#crd
ချန်နယ် လင့် 👇👇
https://t.me/Cinemixmm
ဇာတ်ကား လင့် 👇👇
4 909
Repost from အိန္ဒိယဇာတ်ကားများ(ဇာတ်လမ်းစုံ)
Kabir Singh (2019)
အညွှန်း 🔽
၂၀၁၉ ခုနှစ် ဘောလီဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့
Kabir Singh ကားလေးပြန်တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့Remake ဖြစ်ပါတယ်။အဲ့ဒိတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက်ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်။ဒေါက်တာ ကဗီး(ရ်) ရာဂ်ျဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ဘက်စုံထူးချွန်တဲ့အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့။နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်းဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ပရီသီးဆိုတဲ့ကောင်မလေးပါပဲ။"သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ်။အဲ့ဒိထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ်ငါ့အတွက်ကတော့ ဒီကောင်မလေးပဲသူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲအဲ့ဒိတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့"အဲ့ဒိလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲကွဲကွာသွားတဲ့အခါမှာတော့.
# Crd
ချန်နယ်လင့် 👇
https://t.me/mmsubmh4
ဇာတ်ကားလင့် 👇
https://t.me/mmsubmh4/908
4 909
Repost from My Troublesome Star (2025)
P_e-ts O n A Tra-i-n (2025)
ရထားပေါ်က တိလေးတို့ရဲ့စွန့်စားခန်း
IMDB ⭐️ 6.2/10
ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ rating မြင့်မြင့်ကာတွန်းဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းလေးကတော့ ဖယ်ကွန်ဆိုတဲ့ရက်ကွန်းလေးဟာ သူ့လိုပဲလေလွင့်တိရစ္ဆာန်လေးတွေအတွက်
ခရစ္စမတ်စားသောက်ပွဲတော်လုပ်ပေးဖို့အတွက် ဟန်စ်ဆိုတဲ့ခွေးတူဝက်တူကောင်နဲ့ ရထားပေါ်ကအစားအစာကိုဖြတ်လုဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။
ဒါပေမဲ့ဖယ်ကွန်မသိခဲ့တာကတော့ ဟန်စ်ကတော့သူနဲ့အကြံမတူဘဲ သူ့ရဲ့ရည်ရွယ်ချက်အမှန်ကတော့ ရထားပေါ်မှာပါလာမဲ့ ရဲခွေးရက်စ်ကိုလက်စားချေချင်တာပါ။
ဟန်စ်တစ်ယောက်ရထားကို ဟက်လိုက်ပြီး အရှိန်အမြင့်ဆုံးတင်ကာရထားကို တိုက်မိပြီးမှောက်အောင်လုပ်ဖို့ ကြံရွယ်ပါတော့တယ်။
ရထားပေါ်မှာလည်း လူတစ်ယောက်မှမပါသွားတဲ့အတွက် တိလေးတွေကိုယ့်အားကိုယ်ကိုးပြီး
ဘယ်လိုရထားကို ရပ်ကြမလဲဆိုတာကတော့….
#crd
ချန်နယ် လင့် 👇👇
https://t.me/moviehouse1200
ဇာတ်ကား လင့် 👇👇
https://t.me/moviehouse1200/642
4 909
King Richard (2021)
Disclaimer: No copyright
infringement intended. I give full
credit to the rightful owners
4 909
“ကျွန်တော့်သမီးတွေ မမွေးခင်ထဲက သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသား အဲ့ဒါကတင်းနစ်ချန်ပီယံတွေဖြစ်ဖို့ပဲ” 🎾🏆
ဇာတ်လမ်းအကျဥ်း 🎬
နှစ်နာရီခွဲဆိုတဲ့ အချိန်ကိုဘာမှန်းမသိအောင်ကုန်သွားမယ့် ရုပ်ရှင်မျိုးဖြစ်ပြီး ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ 🎥
တင်းနစ်အားကစားကို ကြိုက်တဲ့သူတွေဆို ဆီရီနာ နှင့် ဗီးနပ်စ်ဝီလီယျံ ကိုသိလောက်မယ်ထင်ပါတယ်။👯♀️ တင်းနစ်ကို ဒီဘက်မှာ သိပ်မကြည့်ကြပေမယ့် Grand Slam အိုပင်း နှင့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ 23 နှစ် အထိ အနိုင်ရရှိထားတဲ့ ညီအစ်မနှစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အဆင့်ဆိုတဲ့ 1 နှင့် 2 နေရာတွေကို သူတို့ညီမကပဲ ရယူထားခဲ့ကြတာပါ။ 🌍🥇🥈
ဒီလိုအောင်မြင်မှုတွေတသီကြီးရဖို့ဆိုတာကလည်း သူတို့ဖခင် ရစ်ချက် ဝီလီယျံ ကြောင့်လည်း ပါ၀င်ပါတယ်။👨👧👧 သူတို့ဖခင်ရဲ့ ပရိုတစ်နစ်ကစားသမားတွေဖြစ်အောင် ကြီးကြပ်ထိန်းကျောင်းမှုနဲ့အတူ သူတို့ညီအစ်မနှစ်ယောက်လည်း ဘယ်လိုတောင် ရုန်ကုန်ကြိုးစားခဲ့ရလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ တ၀ကြီးကြည့်ရှုရမှာဖြစ်ပါတယ်။ 💪
လူမဲမရှိတဲ့ တင်းနစ်ကစားသမားတွေကြား လူမဲညီအမနှစ်ယောက် ကြိုးစားရုန်းကန်ရတယ်ဆိုတာ လူမဲလူဖြူ ခွဲခြားမှုတွေရှိနေတဲ့အချိန်မှာ ပိုလို့တောင် ခက်ခဲမှာပါ။ 🚧🌍
ဒါပေမယ့်လည်း ယုံကြည်ချက်အပြည့်နဲ့ ဖခင်ရဲ့သင်ကြားပေးမှုနဲ့အတူ ညီအစ်မနှစ်ယောက်ရဲ့ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်မှုတွေက ဒီလိုအောင်မြင်မှုတွေရရှိလာတာကလည်း လူငယ်တွေအတွက် တော်တော်လေး အတုယူဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ✨👏
ချန်နယ် လင့် 👇👇
https://t.me/Cinemixmm
ဇာတ်ကား လင့် 👇👇
4 909
Repost from My Troublesome Star (2025)
ODYSSEY (2026)
ဒီကားကသာမန်ဒဏ္ဍာရီလာစိတ်ကူးယဉ်ဇာတ်လမ်းမျိုးချည်းသက်သက်မဟုတ်ဘဲ Nolan ရဲ့စတိုင်အတိုင်းသမိုင်းကြောင်းနဲ့အဖြစ်မှန်ကို အခြေခံပြီး တကယ့်ကိုလက်တွေ့ကျကျ မြင်ယောင်လာအောင်ရိုက်ကူးထားတာပါ။ထရိုဂျန်မြင်းကြီးပါတဲ့အခန်းတွေနဲ့ နောက်ဆုံးအဆုံးသတ်တိုက်ပွဲအခန်းတွေဆိုရင်အသက်ရှူမှားလောက်အောင်မိုက်ပါတယ်။ နိုလန်ကတော့ ဒါကို လူ့သဘောနဲ့ပိုနီးစပ်အောင်ပြုပြင်ထားတာပဲဖြစ်ပါတယ်။ အော်ဒစ်ဆီးယပ်စ်တစ်ယောက် အိမ်မပြန်နိုင်တာဟာ ပိုဆိုက်ဒွန်ကြောင့်လား သူလိပ်ပြာမလုံလို့လား ဆိုတာမျိုး စဉ်းစားစရာဖြစ်အောင် ပြသထားတာပါ။
ဂရိဒဏ္ဍာရီထဲက နာမည်ကြီး Homer ရဲ့ The Odyssey ကို အသက်သွင်းထားတာပါ။ ထရိုဂျန်စစ်ပွဲကြီးအပြီးမှာ အစ်သီကာ ဘုရင် အော်ဒစ်ဆေးယပ်စ်တစ်ယောက် မိန်းမဖြစ်သူ ပန်နယ်လိုပီဆီကို အိမ်ပြန်ဖို့ ကြိုးစားတဲ့ ခရီးစဉ်အကြောင်းပေါ့။ အိမ်အပြန်ခရီးက လွယ်လွယ်ကူကူ မဟုတ်ဘဲ လမ်းမှာ ဒဏ္ဍာရီလာ သတ္တဝါတွေ၊ ဘုရားသခင်တွေရဲ့ အမျက်ဒေါသတွေနဲ့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပါ။
ချန်နယ် လင့် 👇👇
https://t.me/moviehouse1200
ဇာတ်ကား လင့် 👇👇
https://t.me/moviehouse1200/637
4 909
Repost from အိန္ဒိယဇာတ်ကားများ(ဇာတ်လမ်းစုံ)
"လူရိုးလေးဘဝကနေ သွေးစွန်းနေတဲ့ မြေအောက်လောကရဲ့ နတ်ဆိုးတစ်ပါး ဖြစ်လာတဲ့အခါ.."
IMDB ⭐️ 7.8/10
ဇာတ်လမ်းအကျဉ်းလေးကတော့... ကာလီဒါစာ (ခေါ်) ကာလီ (သို့) K*D ဆိုတာ ရပ်ကွက်ထဲမှာ ရေနံဆီရောင်းရင်း မိသားစုနဲ့ အေးအေးချမ်းချမ်း နေချင်တဲ့ ရည်မှန်းချက်သေးသေးလေးတွေပဲရှိတဲ့ သာမန် လူငယ်လေးတစ်ယောက်ပါ။
ဒါပေမဲ့ ကံကြမ္မာက သူ့ကို အေးဆေးပေးမနေပါဘူး။ မထင်မှတ်ထားတဲ့ အလွဲအချော်တွေနဲ့ ပြင်ပအခြေအနေတွေကြောင့် အင်အားကြီးတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ထိပ်တိုက်တိုးပါတော့တယ်။ တစ်ဖက်မှာ သူအားကျရတဲ့ မြေအောက်လောကရဲ့ ဘုရင်ကြီး ဒါ့ခ်ဒေဗာ နောက်တစ်ဖက်မှာ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ သူ့ရဲ့ အစ်ကိုအရင်း ဒါမာ နဲ့ သူချစ်ရတဲ့ ကောင်မလေး ဒီလို ရှုပ်ထွေးနေတဲ့ ပတ်သက်မှုတွေကြားမှာ ကာလီ တစ်ယောက် ဘယ်လို ရုန်းကန်ရမလဲ။ မိသားစုကို ကာကွယ်ဖို့၊ သစ္စာဖောက်တွေကို ရှင်းထုတ်ဖို့နဲ့ လက်စားချေဖို့အတွက် ဘဝကို ခပ်ပေါ့ပေါ့ ဖြတ်သန်းနေတဲ့ အောက်ခြေက ကောင်လေးတစ်ယောက် သွေးသံရဲရဲနဲ့ ရာဇဝတ်လောကထဲကို ခြေစုံပစ်ဝင်သွားတဲ့အခါ"နတ်ဆိုး"လို့ တင်စားရတဲ့ K*D အဖြစ် ဘယ်လို အသွင်ပြောင်းသွားမလဲ ဆိုတာကိုတော့..
#crd
ချန်နယ် လင့် 👇👇
https://t.me/mmsubmh4
ဇာတ်ကား လင့် 👇👇
https://t.me/mmsubmh4/906
4 909
Repost from My Troublesome Star (2025)
Sir Alex Ferguson:Never Give In (2021)
မန်ချက်စတာယူနိုက်တက်ဖန်တွေဘာကြောင့် ဒီလောက်ရဲရတာလဲ…ဆိုပြီး ၁၉ သင်းဖန်တွေအနေနဲ့ ဒွိဟဖြစ်ဖူးကြမှာပါ…တကယ်တော့ Manchester is Red ဖြစ်နေကြတာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အရှုံးမပေးကြေးစိတ်ဓာတ်နဲ့ မန်ယူခေတ်ကို မှီခဲ့ကြလို့ပါပဲ။“အောင်မြင်မှုဆိုတာ အရှုံးမပေးတာကနေအစပြုပါတယ်…”
ဖာဂူဆန်ဟာ ဉုံဖွဆိုပြီး အောင်မြင်လာတာတော့မဟုတ်ပါဘူး။လူတိုင်းလူတိုင်းရဲ့ ဘဝမှာ အတက်အကျဆိုတာ ရှိစမြဲပဲမဟုတ်လား..အဲ့လိုပဲ ဖာဂူဆန်အနေနဲ့ ဘောလုံးလောကမှာ ဆာအဲလက်စ်ဆိုတဲ့နာမည်တစ်ခု မရလာခင်ဘာသာရေး၊ နည်းပြမှု၊ ကစားသမားဆက်ဆံရေးစတဲ့ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ဒီအခက်အခဲတွေကို လုံးဝအရှုံး မပေးဘဲ ကြိုးစားခဲ့တဲ့ပုံကို Interview, Flashback ပုံစံနဲ့ဖာဂူဆန်ရဲ့သား ဂျေဆင်ဖာဂူဆန်ကိုယ်တိုင် ရိုက်ကူးထားတာပါ။
"The rest is history and You know who he is".
ချန်နယ် လင့် 👇👇👇
https://t.me/moviehouse1200
ဇာတ်ကား လင့် 👇👇👇
https://t.me/moviehouse1200/634
4 909
Big Baby (2025)
IMDb Rating (7.0) / Rotten Tomatoes (55%)
ဒီဇာတ်ကားကတော့ Horror နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ J.R. Poli က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Patrick Censoplano, Danielle Baez, Robert LaSardo နဲ့ Josh Server တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်ညွှန်းရေးဆရာ အာဒမ်ဟာ သူရေးသားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါ် ပေါ့ဒ်ကတ်စ် သုံးသပ်သူတွေရဲ့ အဆိုးမြင် ဝေဖန်မှုတွေကြောင့် စိတ်ဓာတ်ကျပြီး ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရရာကနေ ဇာတ်လမ်းစတာပါ။
အဲဒီ စိတ်ဖိစီးမှုတွေကြားထဲကနေပဲ သူဟာ "ကလေးကြီး" လို့ အမည်ရတဲ့ ခန္ဓာကိုယ်ထွားကြိုင်းပြီး ကလေးမျက်နှာဖုံး စွပ်ထားတဲ့ ရက်စက်လွန်းလှတဲ့ မိစ္ဆာလူသတ်သမားတစ်ယောက်အကြောင်း ဇာတ်ညွှန်းအသစ်ကို စတင်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သူ ရေးသားနေတဲ့ စာအုပ်ထဲက ထိတ်လန့်စရာ သတ်ဖြတ်မှုတွေဟာ လက်တွေ့ပြင်ပမှာပါ တကယ့်အဖြစ်အပျက်တွေလို အစဉ်လိုက် ဖြစ်ပေါ်လာပါတော့တယ်။
#crd
ချန်နယ် လင့် 👇👇👇
https://t.me/Cinemixmm
ဇာတ်ကား လင့် 👇👇👇
4 909
Repost from မြန်မာစာတန်းထိုး ဇာတ်ကားသစ်များ
အဘွားဆီက အမွေရဖို့ ကြိုးစားရင်း မျက်ရည်ကျခဲ့ရတဲ့ မြေးတစ်ယောက်ရဲ့ ဇာတ်လမ်း
IMDb Rating (8.4)
ဒီရုပ်ရှင်ကတော့ ရုံတင်ကတည်းက ငိုရတယ်ဆိုပြီး လူပြောများကြသလို ရုံတင်ဝင်ငွေတွေလဲ သောက်သောက်လဲရရှိခဲ့တဲ့ ထိုင်းရုပ်ရှင်ကားလေးဖြစ်ပါတယ်။
GDH Production က ထုတ်တဲ့ ထိုင်းရုပ်ရှင်ကားတိုင်း Rating မြင့်တဲ့ Quality Product တွေဖြစ်ပြီး
တစ်နှစ်မှ ၁ ကား ၂ ကားသာ ထုတ်တတ်လို့ ပရိတ်သတ်တွေအနေနဲ့ နှစ်ပေါက်အောင်စောင့်ရတာလဲ အစဉ်အလာဖြစ်နေပါပြီ။
How to Make Millions Before Grandma Dies (2024) ရုပ်ရှင်ကားဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီး
Box Office စုစုပေါင်း $27 million ထိ ရရှိခဲ့တာကြောင့် အားလုံးရဲ့အံ့ဩခြင်းကိုပါ ရယူနိုင်ခဲ့ပါတယ်။
#crd
ချန်နယ် လင့် 👇👇👇
https://t.me/bl_only
ဇာတ်ကား လင့် 👇👇👇
https://t.me/bl_only/1139
4 909
Repost from အိန္ဒိယဇာတ်ကားများ(ဇာတ်လမ်းစုံ)
Sardar [2022]
အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုဗီဂျေးဟာ တမီလ်နာဒုပြည်နယ်တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိပေါ့သူ့ကြောင့်နဲ့တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ
ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ် သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီးကင်ပွန်းတပ်လိုက်ကြတော့
ဒီဂယက်ဟာသူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေသူ့ဆီတော့လာရိုက်ခတ်နေပါတယ်
ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ
တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့အမည်တပ်ပြီးပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်။ဒါကို သိတဲ့တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကိုရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်...
ကဲ ရှေ့ဆက်ရမယ့်ကောင်းခန်းတွေကို ကိုယ်တိုင်သာရှုစားလိုက်ပါတော့နော်.
ချန်နယ် လင့်👇👇👇
https://t.me/mmsubmh4
ဇာတ်ကား လင့် 👇👇👇
https://t.me/mmsubmh4/897
