Sparatus:House Of Ashur 2025
رفتن به کانال در Telegram
نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
اطلاعاتی وجود ندارد
مشترکین
-4024 ساعت
-4727 روز
-3 61130 روز
آرشیو پست ها
Repost from N/a
ကိုရီယား ရုပ်ရှင်သမိုင်းမှာ လူကြည့်အများဆုံးနဲ့ နံပါတ် (၁) စံချိန်တင်ထားတဲ့ သမိုင်းနောက်ခံ ဇာတ်ကားကောင်းကြီး
◆ ━━━━━━━▣▣━━━━━━━━ ◆
၁၅၉၇ ခုနှစ်၊ ဂျပန်က ကိုရီးယားကို ကျူးကျော်စစ် ထပ်မံဆင်နွှဲတယ်။ ကိုရီးယားရေတပ် ဗိုလ်ချုပ်ကြီး လီဆွန်ရှင်း ဟာ ရန်သူ့သင်္ဘော ၃၃၀ ကို သူ့မှာ ကျန်တဲ့ သင်္ဘော ၁၃ စီးနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
အားလုံးက "မဖြစ်နိုင်ဘူး" လို့ပြောကြတယ်။ ဒါပေမဲ့ လီဆွန်ရှင်းမှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ် – တိုက်ပြီး သေ၊ ဒါမှမဟုတ် မတိုက်ဘဲ သေ။မြေထဲကို ကျောခိုင်းပြီး ရန်သူကို ရေထဲ စီးဝင်လာအောင် စောင့်တဲ့ "မြင်းခွာကွင်း" စစ်ကြောင်းနည်းဗျူဟာနဲ့ သူဟာ ရာဇဝင်ကို ပြန်ရေးလိုက်တယ်။
Repost from N/a
လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား
Bl_ad-es o-f the Gu-ar_di-an_s: W-i_n-d Ri-se_s in the D-es_er-t (2-0-2-6)
IMDB ⭐️ 7.3/10
ဖြူုနှချောလှ တရုတ်သိုင်းကားတွေကို စိတ်ညစ်လှပါပြီဆိုတဲ့ ဝူရှချစ်သူတို့အတွက် ဝူရှစစ်စစ်ကိုမှ ရေမရောတဲ့ ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ
ဟုတ်ပါတယ် ဒီဇာတ်ကားကတော့ လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ B_l-a_d-e-s O-f T-h_e G-u_a-r-d_i-a-n_s (2-0-2-6) ပါပဲ။
Castတွေအနေနဲ့ကတော့ တရုတ်အက်ရှင်မင်းသားကြီး Jing Wu နဲ့ ကျွန်တော်တို့အချစ်တော် ဟွားဝူချွဲမင်းသား Nicholas Tse တို့အပြိုင်ကြဲထားတဲ့အပြင် ဂျက်ကီချန်း ဂျက်လီတို့လို တကယ့် ဆရာ့ဆရာကြီးတွေနဲ့ ရှယ်ပလန်ထားတဲ့ရှယ်ကားမလို့ မကြည့်မိလိုက်ရင်တော့ နောင်တတွေတစ်ပွေ့တစ်ပိုက်နဲ့ ဝေ့ဝိုက်နေရမယ်နော်။
နာမည်ကြီး တရုတ် Manhua "Biao Ren" ကို အသက်သွင်းထားတဲ့ ဒီဇာတ်လမ်းကတော့ စွေမင်းဆက်နှောင်းပိုင်း မငြိမ်မသက်ဖြစ်နေတဲ့ ကာလမှာ အခြေတည်ထားပါတယ်။
သောင်းမာဆိုတာ သိုင်းပညာ ပြိုင်ဘက်ကင်းပြီး ကုန်ပစ္စည်းပို့ဆောင်ပေးရတဲ့ အလုပ် အစောင့်အရှောက်ဘဝနဲ့ အသက်မွေးတဲ့ ထိပ်တန်း ဓားသမားတစ်ယောက်ပါ။
သူက ကလေးငယ်လေး ရှောင်ချီးကိုခေါ်ပြီး လေလွင့်သွားလာနေရင်း အကြွေးတစ်ခုကို ဆပ်ဖို့အတွက် အင်မတန် အန္တရာယ်များတဲ့ အစောင့်အရှောက်တာဝန်တစ်ခုကို မတတ်သာဘဲ လက်ခံလိုက်ရပါတယ်။
ပြဿနာက အဲဒီမှာ စတာပါပဲ။ သူတို့ ကာကွယ်ပေးပြီး သဲကန္တာရကိုဖြတ်ကာ ခရီးဆက်ရမဲ့သူက သာမန်လူမဟုတ်ဘဲ နန်းတွင်း အရှုပ်အထွေးတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေရဲ့ ဗဟိုချက် ပုန်ကန်သူဖြစ်နေတဲ့အခါ…
သောင်းမာ တစ်ယောက် ကလေးတစ်ဖက်နဲ့ သဲကန္တာရ လေပြင်းတွေကြားမှာ မျိုးစုံသော လူသတ်သမားတွေ ကြေးစားတွေ ရက်စက်တဲ့ စွေစစ်တပ်ကို ဘယ်လို ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့…
သိုင်းကွက်တွေက လေထဲပျံဝဲနေတဲ့ CGI အလွန်အကျွံတွေမပါဘဲ Raw ဖြစ်တဲ့ ဓားသိုင်းခန်းလှလှတွေ၊ အနီးကပ် ဓားခုတ်ခန်းတွေနဲ့ တီဗီခေတ်က ဝူရှဇာတ်ကားကောင်းတွေရဲ့အငွေ့အသက်ကို ပြန်မြင်ရမဲ့ ဇာတ်ကားအနှစ်လေးမလို့ ခုပဲရှုစားလိုက်ကြပါဦး။
Repost from Dream world Movies Channel(MM Sub)
Office Romance 2026
IMDb Rating (6.1) / Rotten Tomatoes (50%)
"O*f*f*i*c*e R*o*m*a*n*c*e " ဆိုတဲ့ Romantic Comedy ဇာတ်ကား လာပါပြီ။ ဒီကားမှာ ပရိသတ်အချစ်တော် Jennifer Lopez (J.Lo) နဲ့ Ted Lasso စီးရီးထဲက Brett Goldstein တိုက အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
Jackie (Jennifer Lopez) ဟာ Air Cruz ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီတစ်ခုရဲ့ CEO ပါ။ သူက အလုပ်ကို အရမ်းဖိလုပ်တတ်တဲ့သူဖြစ်သလို သူ့ကုမ္ပဏီထဲက ဝန်ထမ်းတွေ ရုံးတွင်းရည်းစားမထားရဆိုတဲ့ စည်းကမ်းကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားတဲ့ ဘော့စ်ကြီးပေါ့။
တစ်နေ့တော့ ကုမ္ပဏီကို ရှေ့နေအသစ် Daniel (Brett Goldstein) ရောက်လာပါရော။ Daniel က အလုပ်လည်းတော်သလို အရမ်းလည်း ဆွဲဆောင်မှုရှိနေတော့ ဘော့စ်ကြီး Jackie တစ်ယောက် သူ့ချမှတ်ထားတဲ့ စည်းကမ်းတွေကိုသူပဲ ပြန်ချိုးဖောက်ပြီး Daniel နဲ့ ငြိစွန်းသွားပါတော့တယ်။ ရုံးမှာ တခြားသူတွေ မရိပ်မိအောင် ခိုးကြောင်ခိုးဝှက်တွဲရတဲ့ အလွဲလေးတွေ၊ အချစ်ရေးနဲ့ အလုပ်အကိုင်ကြားက ရုန်းကန်ရမှုတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။
ဒီကားကို Ticket to Paradise (2022) ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ol Parker က ရိုက်ကူးထားတာပါ။ J.Lo ရဲ့ ခပ်တည်တည် စီးပွားရေးလုပ်ငန်းရှင်ပုံစံနဲ့ Brett Goldstein ရဲ့ ဗြိတိန်စတိုင် အေးအေးဆေးဆေးနဲ့ အရွှန်းဖောက်တတ်တဲ့ ကာရိုက်တာ နှစ်ခုကြားမှာ တော်တော်လေး ကြည့်ကောင်းတယ်။
ရုံးတွင်းအချစ်ဇာတ်လမ်း (Workplace romance) တွေကိုမှ သဘောကျတဲ့သူတွေ၊ ခေါင်းစားစရာမလိုဘဲ ပေါ့ပေါ့ပါးပါး ရယ်ရပြုံးရမယ့် Rom-Com ဇာတ်ကားကောင်းလေး တစ်ကား ရှာကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့် ဇာတ်ကားလေးပါပဲ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/251
Repost from N/a
Boonie Bears The Hidden Protector (2026) 720p WEB-DL AAC2.0
Repost from Dream world Movies Channel(MM Sub)
Boonie Bears: The Hidden Protector 2026
ဝက်ဝံညီအစ်ကို၂ယောက် နှစ်သစ်ကူးမှာ ကမ္ဘာကြီးကိုကယ်တင်သွားမယ် ၂၀၂၆ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ Boonie Bears ရုပ်ရှင်တွေက တစ်ကားထပ်တစ်ကား
သိသိသာသာ အရည်အသွေးကောင်းလာပြီး ဒီကားမှာဆိုရင်တော့ ရိုးရိုးဟာသကွက်တွေထပ် ကမ္ဘာပျက်မယ့်အန္တရာယ်တွေကိုရင်ဆိုင်ရမှာမလို့ တိုက်ပွဲခန်းတွေ CGI Visual Effectsတွေက
ပိုခမ်းနားပြီးသပ်ရပ်တဲ့အတွက် တော်တော်ကြည့်လို့ကောင်းတဲ့ Chinese Animation တစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ဝက်ဝံကြီးရှုံတာ့က အရင်တုန်းကတော့ တောအုပ်ထဲမှာ အားလုံးကအားကိုးရတဲ့ ဦးဆောင်နိုင်တဲ့အစ်ကိုကြီးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့တောအုပ်လေးထဲကို
မဖိတ်ခေါ်ပဲရောက်လာတဲ့ ထူးဆန်းတဲ့ဧည့်သည်တစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒီဧည့်သည်လေးက သူ့ရဲ့စွမ်းအားတွေကို ဝက်ဝံလေးရှုံအာ့နဲ့ ဖိုးကတုံးကွမ်းထိုချန်တို့ကို
လွှဲပေးလိုက်တဲ့အခါမှာတော့ အရင်ကအားအကိုးရဆုံးအစ်ကိုကြီးဘဝကနေ (၃)ယောက်အဖွဲ့လေးမှာ အားအနည်းဆုံး အစွမ်းအစအနည်းဆုံးသူတစ်ယောက်အဖြစ်ကိုရောက်သွားပါတယ်
ရှုံတာ့ရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် တောအုပ်လေးတင်မကပဲ တစ်ကမ္ဘာလုံး ပြောင်းပြန်လှန်ပျက်စီးကိန်းဆိုက်ရတော့မယ့် အခြေအနေကိုရောက်သွားခဲ့ပါတယ်။
ကိုယ့်ရဲ့အမှားကြောင့် ဒုက္ခရောက်နေရတဲ့သူငယ်ချင်းတွေကို ကယ်တင်ဖို့နဲ့ ကမ္ဘာကြီးကိုထိန်းသိမ်းဖို့အတွက် ရှုံတာ့တစ်ယောက် သူ့ရဲ့မာနတွေကိုချပြီး ရင်ထဲက
သံယောဇဉ်အစစ်အမှန်တွေကိုလက်နက်လုပ်ပြီး ဒီအကျပ်အတည်းကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်
Filesize : 2 GB / 1.09 GB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Comedy, Fantasy, and Animation
Runtime : 1h 57 min
Subtitle : Myanmar Subtitle ( Hardsub )
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/253
Repost from Dream world Movies Channel(MM Sub)
X-မန်း မင်းသားကြီးရဲ့ ဂိုဏ်းစတား အက်ရှင်ဟာသ ကားသစ်ကြီး (၂၀၂၆)
ーーーーーーーーーーーーーーーーー
ဇာတ်လမ်းကတော့ ရိုးရိုးတန်းတန်း နေနေတဲ့ မိုက်ခ်နဲ့ နစ်ခ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် မထင်မှတ်ဘဲ အန္တရာယ်များတဲ့ မြေအောက်ရာဇဝတ်လောကထဲ ခြေစုံပစ် ဝင်သွားမိရာကနေ စတာပါ။
မိုက်ခ်တစ်ယောက် လူမိုက်လောကကနေ အနားယူမဲ့နေ့မှာ နစ်ခ်က အကူအညီလာတောင်းတာနဲ့ မိုက်ခ်တစ်ယောက် အီလည်လည်နဲ့ပါသွားပါတော့တယ်။ နစ်ခ်က မိုက်ခ်ကို လူမြင်တာနဲ့ မေ့ဆေးနဲ့ကောက်အုပ်ချလိုက်ဖို့ပြောထားတာပါ။ ဒါပေမဲ့ သူမေ့ဆေးနဲ့အုပ်လိုက်တာ နစ်ခ်ဖြစ်နေပြီး နောက်ထပ်နစ်ခ်တစ်ယောက်ကပါ ကားပေါ်ကဆင်းလာတဲ့အခါ...
အချိန်ခရီသွားတာတွေ ဂိုဏ်းစတားတွေ၊ သွေးထွက်သံယိုမှုတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်နဲ့ ယုံကြည်မှု ဘယ်လောက်တောင့်ခံနိုင်မလဲ... အသက်လုပြေးရမယ့် အခြေအနေမှာ ဘယ်လို ဗရုတ်သုတ်ခ တလွဲတွေ လုပ်ကြမလဲဆိုတာ ရယ်မောရင်း ရင်တမမ ရှုစားရမှာပါ။
အက်ရှင်ခန်းတွေ အကြမ်းစားပါသလို၊ ဂိုဏ်းစတားလောကထဲ ရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက်ကြားက အလွဲလွဲအချော်ချော် ဟာသတွေနဲ့ တောက်လျှောက် ရယ်ရမယ့် ကားမျိုးပါ။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/215
Repost from N/a
Super Happy Fun Clown (2025)
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဂျန်နီဖာဆူလီဗန်ဟာ ငယ်ငယ်က ပါရမီရှင်ကလေးတစ်ယောက် ဖြစ်ခဲ့ပေမဲ့
ကြီးလာတဲ့အခါမှာတော့ စိတ်ပျက်စရာကောင်းတဲ့ အလုပ်ခွင်၊ အသုံးမကျတဲ့ ခင်ပွန်း၊ ပြီးတော့ သူမကို အမြဲတမ်း အပြစ်တင်နှိမ်ချတတ်တဲ့
မိခင်ဖြစ်သူတို့ကြားမှာ ဘဝကို ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းနေရသူပါ။
သူမဘဝရဲ့ တစ်ခုတည်းသော စိတ်ထွက်ပေါက်ကတော့ ကလေးတွေကို ဖျော်ဖြေပေးရတဲ့ ဂျန်-အိုဆိုတဲ့ လူပြက်အလုပ်လေးပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူမမှာ လူမသိတဲ့ စိတ်ကူးယဉ် ဝါသနာတစ်ခု ရှိနေပါသေးတယ် ဒါကတော့ နာမည်ကြီး လူသတ်သမားတွေကို စွဲလမ်းတာပါပဲ။
နောက်ဆုံးမှာတော့ ဘဝရဲ့ ဖိအားတွေကြောင့် စိတ်အစွန်းရောက်သွားတဲ့ ဂျန်နီဖာဟာ....
Repost from N/a
မြန်မာပြည်က ကောင်မလေးတွေရဲ့ အချစ်တော် မင်းသားချော မာရီယို ရဲ့ ၂၀၂၅ ရုံတင်ကား
Repost from N/a
မြန်မာပြည်က ကောင်မလေးတွေရဲ့ အချစ်တော် မင်းသားချော မာရီယို ရဲ့ ၂၀၂၅ ရုံတင်ကား
F_o-o_d T-r_u-n_k (2-0-2-5)
IMDB ⭐️ 5.9/10
Thai Rom-Com ကားပေါ့ပေါ့ပါးပါးလေးတွေ ကြည့်ချင်နေတဲ့ ပရိသတ်ကြီးအတွက် မြန်မာပြည်က ကောင်မလေးတွေရဲ့ အချစ်တော် မင်းသားချော Mario Maurer ရဲ့ ၂၀၂၅ ထွက် အသစ်စက်စက် ဟာသအချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားလေးမှာဆိုရင် Mario နဲ့အတူ Yulee Choi နဲ့ Jack Panchan တို့ကလည်း အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။
ဇာတ်လမ်းလေးကတော့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အေးအေးဆေးဆေး ဖြတ်သန်းချင်တဲ့ ကောင်လေး ၃ ယောက် Food Truck လေးတစ်စီးနဲ့ သာယာနေကြတာပေါ့။
တစ်နေ့ သူတို့ကားလေး ရိုက်ကွင်းမှာ ဈေးသွားရောင်းနေတုန်း သူတို့သူငယ်ချင်း မာမြောင်ရဲ့ရည်းစားဟောင်း မီရီကို ကလေးတစ်ယောက်နဲ့တွေ့လိုက်ရပါတယ်။
ဖြစ်ချင်တော့ ကလေးလေးက မာမြောင်နဲ့အရမ်းတူနေတာပါပဲ။
ဒီတော့ ဒီကလေးက မာမြောင်ရဲ့ကလေး ဟုတ်မဟုတ် ဇဝေဇဝါဖြစ်ပြီးထွက်လာတုန်းမှာပဲ မီရီ့ကလေးက သူတို့ကားပေါ် ပါလာတာကို အမှတ်မထင် တွေ့လိုက်ရတဲ့အခါမှာတော့ အကုန်လုံး ပွက်လောရိုက်ကုန်ပါတော့တယ်။
ဒီကလေးက ဘယ်ကနေဘယ်လို သူတို့ကားပေါ် ရောက်နေတာလဲ... ကလေးကို ပြန်ပို့ဖို့ ကြိုးစားရင်းနဲ့ လမ်းခရီးမှာ ဘယ်လို မထင်မှတ်ထားတဲ့ ပြဿနာတွေ၊ ဟာသအလွဲအချော်တွေ ဆက်တိုက်ကြုံရမလဲ။
ထိုင်းဟာသကားတွေရဲ့ ထုံးစံအတိုင်း အူတက်အောင် ရယ်ရမယ့် အလွဲတွေရယ်၊ Mario Maurer ရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေရယ် ပေါင်းစပ်ထားတဲ့ Feel-good ဇာတ်ကားလေးဖြစ်လို့ စိတ်အပန်းဖြေဖို့အတွက် အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးစို့။
Repost from N/a
Paradise (2025
****
IMDb Rating (6.5)
The Practical Guide to Love ထဲက မင်းသား Park Jung-Pyo နဲ့ INFINITE အဖွဲ့ဝင်ဟောင်း Hoya
(Lee Ho-Won) တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အကြမ်းစား အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
- ဇာတ်လမ်းအကျဉ်း -
မွေးဖွားလာချိန်ကတည်းက တစ်ယောက်သေမှ တစ်ယောက်က အသက်ရှင်မဲ့ ကံကြမ္မာဆိုးကြီး
ကပ်ပါလာခဲ့တဲ့ အမြွှာညီအစ်ကို ယူအီးလ်ဒို (Park Jung-Pyo) နဲ့ ယူအီဒို (Park Jung-Pyo)...
ငယ်စဉ်က မိဘမဲ့ဂေဟာမှာ ကွဲကွာသွားခဲ့ကြတဲ့ သူတို့ ညီအစ်ကိုနှစ်ဦးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာလို့
ပြန်လည်ဆုံစည်းကြချိန်မှာတော့ အစ်ကိုဖြစ်သူ အီးလ်ဒိုက လူသတ်သမားရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို
ခံနေရပြီး ညီဖြစ်သူ အီဒိုကတော့ အူရှစ် (Lee Ho-Won) ဆိုသူနဲ့ လက်တွဲပြီး ကိုယ်တွင်းအင်္ဂါ
မှောင်ခိုရောင်းဝယ်ရေးဂိုဏ်းရဲ့ ကြားပွဲစားအဖြစ် ရှင်သန်နေပြီ ဖြစ်ပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ ကြီးနိုင်ငယ်ညှဉ်း လောကကြီးထဲမှာ လူဆိုးလူမိုက်တွေရဲ့ လက်ကနေ
အသက်ရှင်လွတ်မြောက်ဖို့ အသည်းအသန် ရုန်းကန်ကြရင်း အီးလ်ဒိုနဲ့ အီဒိုတို့
ညီအစ်ကိုနှစ်ယောက်ထဲက ဘယ်သူက နောက်ဆုံး ရှင်ကျန်ခဲ့မလဲ...
မွေးလာကတည်းက လွဲမှားနေခဲ့တဲ့ သူတို့ရဲ့ကံကြမ္မာက ဘယ်လို အဆုံးသတ်သွားမှာလဲဆိုတာကို
ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
Repost from N/a
H_o-k_u-m (2-0-2-6)
IMDB ⭐️ 7.3/10
Rotten 🍅 Tomatoes 89%
"လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ အတိတ်က အရိပ်မည်းတွေနဲ့ အတူရှိနေတဲ့အခါ... ကြောက်လန့်မှုဆိုတာထက် ပိုတဲ့အရာတစ်ခုကို သင်ရင်ဆိုင်ရနိုင်ပါတယ်..."
Horror ကားကောင်းကောင်း ကြိုက်တဲ့ ပရိသတ်တွေအတွက် rating အမြင့်ကြီးရထားတဲ့ ၂၀၂၆ ခုနှစ်ထွက် ဇာတ်ကားသစ်လေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Rotten Tomatoes မှာ 89% နဲ့ IMDb မှာ 7.3 အထိ ရထားတာဆိုတော့ Horror ကားတွေထဲမှာ အတော်လေး ရှားရှားပါးပါး ကားကောင်းတစ်ကားလို ပြောလို့ရပါတယ်။
ဇာတ်လမ်းလေးကတော့ ဝတ္ထုရေးဆရာ အုမ်းဘော်မန်း ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့မိဘတွေရဲ့ အရိုးပြာကို ကြဲချဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ အထီးကျန် တည်းခိုခန်းလေးတစ်ခုဆီကို အနားယူရင်း ထွက်လာခဲ့ရာကနေ စတင်ပါတယ်။
စာရေးဆရာပီပီ တိတ်ဆိတ်အေးချမ်းမှုကို ရှာဖွေချင်ပေမဲ့ သူရောက်သွားတဲ့ အဲဒီတည်းခိုခန်းလေးက သူထင်ထားသလို ရိုးရှင်းမနေခဲ့ပါဘူး။
အထီးကျန်ဆန်တဲ့ နေရာလေးမှာ သူတစ်ယောက်တည်း ရှိနေတာလား... ဒါမှမဟုတ် မမြင်ရတဲ့ အရာတစ်ခုခုကရော သူ့ကို စောင့်ကြည့်နေသလား... အိမ်ကြီးရဲ့ မှောင်မိုက်တဲ့ ထောင့်ချိုးတွေနောက်မှာ ဘာတွေ ပုန်းကွယ်နေလဲဆိုတာ…
ဒါရိုက်တာ Damian Mc Carthy ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်လို့ အော်ဟစ်ပြေးလွှားရတဲ့ Jump Scare တွေထက် ကျောထဲ တစိမ့်စိမ့် ကြောက်ရတဲ့ Psychological Horror Vibe မျိုးကို အပြည့်အဝ ခံစားရမှာပါ။
အတိတ်က လျှို့ဝှက်ချက်တွေနဲ့ ဒီတည်းခိုခန်းကြီးကြားမှာ ဘာတွေ ဆက်စပ်နေလဲ... အုမ်းဘော်မန်း တစ်ယောက် ဒီအိပ်မက်ဆိုးကြီးထဲကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာ ဇာတ်ရှိန်တက်လာတာနဲ့အမျှ ရင်ဖိုစရာဖြစ်လာမှာပါ
ညဘက် တစ်ယောက်တည်း ကြည့်ရင် ကျောထဲထိ စိမ့်သွားစေမဲ့ Vibe မျိုးမို့ Horror fan စစ်စစ်တွေ လုံးဝ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ကြောင်း အာမခံ ညွှန်းဆိုလိုက်ပါရစေ။
Repost from N/a
ဉာဏ်ကြီးရှင်မလေး ဖလာဗီယာ [၂၀၂၆] ရုံတင်ကားသစ်
Flavia (2026)
ဒီကားက စာရေးဆရာ Alan Bradley ရဲ့ အရောင်းရဆုံး စာအုပ်စီးရီးဖြစ်တဲ့ The Sweetness at the Bottom of the Pie ကို
အသက်သွင်း ရိုက်ကူးထားတာဖြစ်ပြီး၊ ဒါရိုက်တာ Bharat Nalluri က ဖန်တီးတင်ဆက်ထားတာပါ။
ဇာတ်လမ်းက ၁၉၅၁ ခုနှစ် ဗြိတိန်နိုင်ငံရဲ့ ကျေးလက်ဒေသကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။
အဓိက ဇာတ်ကောင်ဖြစ်တဲ့ Flavia de Luce (Molly Belle Wright) ဟာ အသက် ၁၁ နှစ်သာ ရှိသေးပေမယ့် ဓာတုဗေဒပညာမှာ
အရမ်းကို ထူးချွန်တဲ့ ပါရမီရှင်လေးဖြစ်သလို၊ ဝါသနာအရ စုံထောက်အလုပ်ကိုပါ စိတ်ဝင်စားတဲ့ ကလေးမလေး တစ်ယောက်ပါ။
တစ်နေ့မှာတော့ သူတို့မိသားစုပိုင်ဆိုင်တဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ စံအိမ်ကြီးရဲ့ ခြံဝင်းထဲမှာ လူသေအလောင်း တစ်လောင်းကို
ရှာဖွေတွေ့ရှိသွားပါတော့တယ်။
ပိုဆိုးတာက အဲဒီလူသတ်မှုရဲ့ တရားခံအဖြစ် Flavia ရဲ့ ဖခင်ဖြစ်သူ Colonel Havilland (Martin Freeman) က စွပ်စွဲဖမ်းဆီးခံလိုက်ရတာပါပဲ။
အပြစ်မရှိတဲ့ ဖခင်ကို ကယ်တင်ဖို့အတွက် Flavia တစ်ယောက် သူ့ရဲ့ ထူးချွန်တဲ့ ဓာတုဗေဒစွမ်းရည်တွေကို အသုံးပြုပြီး တကယ့်လူသတ်တရားခံ
အစစ်ကို ရှာဖွေဖို့ ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေ စတင်ပါတော့တယ်။ ဒီလိုစုံစမ်းရင်းနဲ့ လူသတ်မှုရဲ့ နောက်ကွယ်က အမှန်တရားတွေသာမက၊
သူတို့မိသားစုရဲ့ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက် အမည်းစက်တွေကိုပါ တဖြည်းဖြည်း ဖော်ထုတ်သိရှိလာရတဲ့ပုံစံမျိုး ရိုက်ကူးထားတာပါ။
သရုပ်ဆောင်သစ်လေး Molly Belle Wright က Flavia နေရာကနေ ပါဝင်ထားပြီး၊ နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့
Martin Freeman၊ Toby Jones နဲ့ Jonathan Pryce တို့ကလည်း အားဖြည့် သရုပ်ဆောင်ထားပါတယ်။
အင်္ဂလန်နိုင်ငံ၊ Surrey မြို့က West Horsley Place ဆိုတဲ့ နေရာမှာ Buckshaw စံအိမ်ကြီးအဖြစ် အသုံးပြုပြီး သဘာဝကျကျ
သွားရောက်ရိုက်ကူးထားတာပါ။
Mychael Danna နဲ့ Jeff Danna တို့က ဇာတ်ကားနဲ့ လိုက်ဖက်မယ့် တေးဂီတတွေကို ဖန်တီးပေးထားပါတယ်။
ကလေးမလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုတွေနဲ့အတူ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုအခင်းတွေကို ဖြေရှင်းသွားတဲ့ ပုံစံမျိုးမို့လို့
စုံထောက်ကား ကြိုက်တတ်တဲ့သူတွေအတွက်ရော၊ မိသားစုလိုက် ပေါ့ပေါ့ပါးပါး ကြည့်ချင်သူတွေအတွက်ပါ အရမ်းကို သဘောကျစရာ
ကောင်းမယ့် ရုပ်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။
Repost from N/a
ပစ္စုပ္ပန်၏ခေတ္တရပ်နားရာ
R*e*f*l*e*c*t*i*o*n*s i*n t*h*e L*a*k*e 20*26
Repost from N/a
ပစ္စုပ္ပန်၏ခေတ္တရပ်နားရာ
Reflections in the Lake 2026 Movie ⏳🌊
အခုတင်ဆက်ပေးမှာကတော့ ၂၀၂၄ ခုနှစ်တုန်းက နာမည်ကြီး ဖျင်ယောင်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော် မှာ ပြသခွင့်ရခဲ့ပြီး မေလမှ တရုတ်ပြည်တွင်းမှာ တရားဝင်ရုံတင်ပြသခဲ့တဲ့ တကယ့်ကို အနုပညာဆန်ပြီး ရင်ထဲအေးစိမ့်စိမ့်နဲ့ စဉ်းစားစရာတွေ ပေးမယ့် ရုပ်ရှင်ကားကြီး Reflections in the Lake ပဲဖြစ်ပါတယ်
ဒါကတော့ အက်ရှင်တွေ လှည့်ကွက်တွေနဲ့ မဟုတ်ဘဲ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ အချိန်ကာလတွေကြားထဲ စီးမျောရင်း လူသားတို့ရဲ့ အချစ်နဲ့ သံယောဇဉ်အကြောင်းကို ရေကန်မျက်နှာပြင်လို အေးအေးငြိမ်းငြိမ်း ပုံဖော်ထားတဲ့ ရုပ်ရှင်အနုပညာလက်ရာမွန်တစ်ခုပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း 📝
စာရေးဆရာတစ်ဦးဖြစ်တဲ့ Li Tang ဟာ တစ်နေ့မှာတော့ မထင်မှတ်ဘဲ သူ့ရဲ့ အတိတ်က ရည်းစားဟောင်းမလေး Gao Li ဆီကနေ ဖုန်းကောလ်တစ်ခု လက်ခံရရှိခဲ့ပါတယ် သူမက သူရှိနေတဲ့ မြို့လေးဆီကို အလုပ်ကိစ္စနဲ့ ၃ ရက်ကြာ လာရောက်မယ်လို့ ပြောခဲ့တာပါ
ကွဲကွာနေတာ ကြာပြီဖြစ်တဲ့ ဒီချစ်သူဟောင်းနှစ်ယောက်ဟာ ဒီ ၃ ရက်တာ အချိန်တိုလေးအတွင်းမှာ အတူတူ ဆုံတွေ့ခွင့်ရခဲ့ကြပါတယ် သူတို့နှစ်ယောက်ဟာ အတိတ်က အမှတ်တရတွေကို အတူတူ ပြန်လည်တူးဖော်ခဲ့ကြသလို ပစ္စုပ္ပန်ရဲ့ အချိန်တွေကိုလည်း အတူတူ ဖြတ်သန်းခဲ့ကြပြီး တစ်ဖက်မှာလည်း သူတို့ရဲ့ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာကိုပါ အတူတူ စိတ်ကူးပုံဖော်ခဲ့ကြပါတယ်
ဒါပေမဲ့ ၃ ရက်ပြည့်လို့ သူတို့နှစ်ယောက် လမ်းခွဲနှုတ်ဆက်ရတော့မယ့် အချိန်မှာတော့ Gao Li က Li Tang ကို ခေါ်ပြီး လှပလှတဲ့ ရွှေဝူရေကန်ကြီးဆီကို လာခဲ့ပါတယ် အဲဒီ ရေကန်ကြီးရဲ့ ဘေးမှာ Gao Li က Li Tang ကို အတိတ်က ဖြစ်ရပ်မှန်တစ်ချို့နဲ့ ပတ်သက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဝတ္ထုတစ်ပုဒ်လို အကြောင်းအရာတစ်ခုကို ပြောပြလိုက်ပါတော့တယ်
အဲဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာတော့ စာရေးဆရာ Li Tang တစ်ယောက် လုံးဝကို ဆွံ့အအံ့ဩသွားခဲ့ရပြီး ရုတ်တရက် အသိဝင်လာတဲ့အချိန်မှာတော့ သူကိုယ်တိုင်လည်း အခုရောက်နေတဲ့ အချိန်က အတိတ်လား ပစ္စုပ္ပန်လား ဘယ်အချိန်ကာလကို ရောက်နေမှန်းတောင် မခွဲခြားနိုင်လောက်အောင် အချိန်ဝင်္ကပါထဲ ပိတ်မိသွားတဲ့အခါ .....
ကဲ အချိန်ကာလရဲ့ ဝင်္ကပါထဲက လွမ်းမောဖွယ်ရာ အချစ်ရိပ်မြုံကို SoulKingdom မှာ အခုပဲ ခံစားလိုက်ရအောင်
