Sparatus:House Of Ashur 2025
رفتن به کانال در Telegram
نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
اطلاعاتی وجود ندارد
مشترکین
-4024 ساعت
-4727 روز
-3 61130 روز
آرشیو پست ها
Repost from N/a
လှလိုက်တဲ့ မင်းသမီးလေးဗျာ အသစ်ထွက်လာပြီး အရမ်းနာမည်ကြီးနေတဲ့ ကားလေး
လူသားတွေကို မာယာနဲ့ ဖမ်းစားတတ်တဲ့ တောစောင့်နတ်မိမယ် နဲ့ ရေသူမလေး ဇာတ်ကားသစ်
ーーーーーーーーーーーーーーーーー
M_a-v_k-a T_h-e T_r-u_e M_y-t_h (20_26)
တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။
သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။
ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။
ဒါပေမဲ့ ကျောင်းသားတစ်စုက သိပ္ပံပညာရှင်တွေဆိုတော့ အယုံအကြည်မရှိဘဲ အမှုမဲ့ အမှတ်မဲ့ပါပဲ ဒီလိုနဲ့ ခေတ္တတည်းခိုခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး တောထဲကို ခရီးဆက်ထွက်လာခဲ့ပါတယ်။
Repost from N/a
" Euphoria " (2026)
"မိခင်တစ်ယောက်ရဲ့ အချစ်နဲ့ တရားမျှတမှု... ဘယ်အရာက ပိုပြီး အလေးသာမလဲ"
နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် ဗီကတ်စ် အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဗင်ဒယာ...။ သူဟာ ကျောင်းသူကျောင်းသားတွေအပေါ် စည်းကမ်းတင်းကျပ်သလို ကိုယ်ကျင့်တရားကိုလည်း တန်ဖိုးထားတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘဝကို အကြီးအကျယ် တုန်လှုပ်သွားစေမယ့် အဖြစ်အပျက်တစ်ခု ကြုံလာရပါတယ်။
အဲဒါကတော့ သူ့ရဲ့ သားအရင်းဖြစ်သူ ဗီကတ်စ်ကိုယ်တိုင် အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက်ကို အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့အမှုမှာ အဓိက တရားခံဖြစ်နေတာပါပဲ။ သားဖြစ်သူကို ကယ်တင်မယ့် မိခင်တစ်ယောက်အဖြစ် ရပ်တည်မလား... ဒါမှမဟုတ် မှန်ကန်တဲ့ တရားမျှတမှုအတွက် ရပ်တည်မယ့် အမျိုးသမီးတစ်ယောက် ဖြစ်လာမလား။
ဥပဒေ၊ တရားမျှတမှုနဲ့ မိသားစုသံယောဇဉ်ကြားက အားပြိုင်မှုတွေကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ Crime/Drama ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်!
( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် )
Subtitle By - LL
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#Euphoria
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
Repost from N/a
" Happy Patel: Khatarnak Jasoos " (2026)
တစ်ညမှာ အင်္ဂလန်အေးဂျင့်နှစ်ဦးရဲ့အသက်ကို အိန္ဒိယအမျိုးသမီးတစ်ယောက်က ကယ်တင်ခဲ့ပါတယ် အသက်ကယ်ကျေးဇူးကြောင့် ထိုအင်္ဂလန်အေးဂျင့်နှစ်ဦးဟာ သူ့ရဲ့ သားလေးကိုကယ်ဆယ်စောင့်ရှောက်ထားပြီး ဟက်ပီးလို့ နာမည်မှည့်ပေးခဲ့ပါတယ်
ဟက်ပီးလေးအရွယ်ရောက်လာတဲ့အခါ ဖခင်နှစ်ဦးရဲ့ ခြေရာအတိုင်း အေးဂျင့်ဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ အေးဂျင့်ဖြစ်ဖို့ကံမပါရှာလာတဲ့ ဟက်ပီးလေးဟာ အကနဲ့ ဟင်းချက်လက်ရာမှာတော့ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေခဲ့ပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ဖခင်နှစ်ဦးရဲ့ မိတ်ဆွေတစ်ဦးက ဟက်ပီးကို အေးဂျင့်လုပ်ဖို့ ကမ်းလှမ်းတဲ့အခါ…
ထိုကမ်းလှမ်းချက်က အိန္ဒိယသားအယောင်ဆောင်ပြီး ပြန်ပေးဆွဲခံလိုက်ရတဲ့ အလှအပသိပ္ပံပညာရှင်တစ်ဦးကို ကယ်တင်ဖို့ဖြစ်လာတဲ့အခါမှာတော့ အေးဂျင့်တစ်ယောက် သိပ်ဖြစ်ချင်နေတဲ့ ဟက်ပီးတစ်ဦး ဘယ်လိုမျိုးတွေ မစ်ရှင်ကို ဆောင်ရွက်မလဲ သူ့ရဲ့မွေးရပ်မြေအိန္ဒိယကို ပြန်အလာပြီးမစ်ရှင်ဆောင်ရွက်တဲ့အခါ ဘာအခက်အခဲတွေကြုံရမလဲဆိုတာကိုတော့ ဟာသနဲ့အက်ရှင်နှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ်
( ဇာတ်လမ်းအကျဉ်းကို Chen Zi မှ ရေးသားပေးထားပါတယ် )
Subtitle By - Chen Zi
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#HappyPatelKhatarnakJasoos
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
Repost from N/a
" S.Saraswathi " (2026)
ဒီမနက်မှ ကိုယ့်လက်နဲ့ ကျောင်းဝင်းထဲ လိုက်ပို့ခဲ့တဲ့ သမီးလေး... ညနေ လာကြိုချိန်မှာတော့ ဒီကမ္ဘာပေါ်မှာ တစ်ခါမှ မရှိခဲ့ဖူးသူတစ်ယောက်လို လုံးဝ အစအနဖျောက်ခံလိုက်ရတယ်။
အထိတ်တလန့်အဖြစ်ရဆုံးက ကျောင်းကလူအားလုံးက ကလေးကို လုံးဝ မမြင်ဖူးပါဘူးလို့ တစ်သံတည်း ငြင်းဆန်နေကြတာပါပဲ။ သမီးလေးရဲ့ တည်ရှိမှုက လေထဲကို အငွေ့ပျံသွားသလိုပဲလား။ ဒါပေမဲ့ ညနက်ပိုင်းမှာ ဝင်လာတဲ့ ခြောက်ခြားဖွယ် ဖုန်းတစ်ကောက အရာအားလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တယ်။ ဖုန်းထဲကအတိုင်း သမီးရှိတဲ့နေရာကို လိုက်သွားတဲ့အခါ သမီးလေး လူမဆန်စွာ အဓမ္မပြုကျင့်ခံရတာကြောင့် အသက်ပျောက်သွားခဲ့ပြီ...။
တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ကလေးရဲ့ အလောင်းဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသလို ဗီဒီယိုသက်သေဆိုတာကလည်း အရိပ်အယောင်တောင် မရှိတော့ပါဘူး။
သက်သေမရှိ အလောင်းမရှိတဲ့အပြင် ကလေးကိုပါ မသိဘူးလို့ လောကကြီးတစ်ခုလုံးက အမှန်တရားကို ဖုံးကွယ်ထားချိန်မှာ... ဒီအမှုကြီးရဲ့ နောက်ကွယ်က ကြောက်မက်ဖွယ် လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ။ သမီးအတွက် အသက်ပေးပြီး တိုက်ပွဲဝင်မယ့် မိခင်တစ်ယောက်ရဲ့ ရင်နင့်ဖွယ် ကလဲ့စားချေမှုကို ဇာတ်ရှိန်အမြင့်ဆုံးနဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် Psychological Thriller ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
( ဇာတ်လမ်းအကျဉ်းကို DD မှ ရေးသားပေးထားပါတယ် )
Subtitle By - DD
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#SSaraswathi
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
Repost from N/a
" Will " (2025)
ဒီနေ့မှာတော့ သေတမ်းစာလေးတစ်စောင်ကနေဖြစ်ပေါ်လာတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်အကြောင်း တင်ဆက်ပေးချင်ပါတယ်
ဗစ်နက်ရှ်ရက်ဒီဟာ မသေခင်မှာ သေတမ်းစာလေးတစ်စောင်ထားခဲ့ပါတယ် ထိုသေတမ်းစာလေးထဲမှာ သူ့ရဲ့ အမွေတွေအားလုံးကို သူ့သားနှစ်ယောက်ဆီ အညီအမျှခွဲဝေပေးပြီး ချန်နိုင်က ၂ ကုဋေတန်ဖိုးရှိတိုက်ခန်းတစ်လွှာကိုတော့ ရှာဒါဆိုတဲ့ကောင်မလေးတစ်ယောက်အတွက် ချန်ထားပေးခဲ့ပါတယ် ဒါပေမဲ့ ဗစ်နက်ရှ်တို့မိသားစုဟာ အမွေတွေအပြင် ကောင်မလေးအတွက် ချန်ပေးထားခဲ့တဲ့ တိုက်ခန်းကိုပါ လိုချင်နေတဲ့အတွက်ကြောင့် သူတို့ဟာ အခကြေးငွေနဲ့ငှားပြီး ရှာဒါအတုနဲ့ တရားရုံးမှာ ကျမ်းကျိန်လွှာလျှောက်တင်ခဲ့ပါတယ်
တရားသူကြီးမင်းကလည်း ကျမ်းကျိန်လွှာမူမမှန်နေတာကို သတိပြုမိပြီး စုံထောက် ပယ်လာနီကိုစုံစမ်းခိုင်းရာမှ ရှာဒါဆိုတဲ့မိန်းကလေးရဲ့ဘဝကို စုံစမ်းဖို့ဖြစ်လာတဲ့အခါ… ထိုမိန်းကလေးနဲ့ ဗာနက်ရှ်တို့ဘယ်လိုများဆက်စပ်နေလို့လဲ စုံထောက်ကြီးတစ်ယောက်မီးခိုးကြွက်လျှောက်လိုက်စုံစမ်းရင်း ရှာဒါဆိုတဲ့ကောင်မလေးရဲ့ သနားစရာဘဝဇာတ်ကြောင်းကိုသိလိုက်တဲ့အခါမှာရော… စသဖြင့် မျိုးစုံတဲ့ plot twist တွေပါတာကြောင့် ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်
ဒီဇာတ်လမ်းလေးဟာ မိသားစုအတွက် စတေးခံဖြစ်ခဲ့ရတဲ့အိန္ဒိယအမျိုးသမီးတွေရဲ့ဘဝ နှစ်စဉ်နှစ်စဉ်ဖြစ်ပေါ်နေတဲ့ ကိုယ်ဝန်ဖျက်ချခြင်းတွေအကြောင်းတွေကို သင်ခန်းစာယူဖွယ်တင်ဆက်ထားတာဖြစ်ပါတယ်
( ဇာတ်လမ်းအကျဉ်းကို Chen Zi မှ ရေးသားပေးထားပါတယ် )
Subtitle By - Chen Zi
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#Will
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
Repost from N/a
" Agneepath " (2012)
ဒီဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်တွေကြားမှာ အတော်လေးနာမည်ကြီးခဲ့တဲ့ Agneepath (2012) (မီးတောက်လမ်းမ) ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
ဒီကားရဲ့ အသက်သွေးကြောဖြစ်တဲ့ အဓိကဇာတ်ကောင် "ဗီဂျေး ဒီနာနက် ချောင်ဟန်" နေရာမှာတော့ နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး Hrithik Roshan (ဟရစ်တစ်ရိုရှင်) က ပါဝင်သရုပ်ဆောင်ထားတာပါ။ ဟရစ်တစ်ရိုရှင်ဟာ သူ့ရဲ့ အမိုက်စားခန္ဓာကိုယ်၊ စူးရှတဲ့မျက်လုံးတွေနဲ့အတူ ဖခင်အတွက် ကလဲ့စားချေချင်တဲ့ ဒေါသ၊ နာကြည်းမှု၊ ဝမ်းနည်းမှုတွေကို ပရိသတ်တွေ ရင်ထဲထိရောက်အောင် အကောင်းဆုံး ပုံဖော်သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းအစမှာ မန်ဒဝါဆိုတဲ့ ရွာလေးမှာနေတဲ့ ကျောင်းဆရာလေး ဒီနာနက် ဟာ ရွာသူရွာသားတွေကို အသိပညာတိုးတက်အောင် သင်ကြားပေးနေတဲ့ လူရိုးလူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ရွာကို မူးယစ်ဆေးဝါးစီးပွားရေးနဲ့ သိမ်းပိုက်ချင်တဲ့ လူကြမ်းကြီးကန်ချာရောက်လာတဲ့အခါ ကျောင်းဆရာကို အကောက်ကြံပြီး ရွာလယ်ခေါင်က သစ်ပင်မှာ ဆွဲကြိုးချသတ်ပစ်ခဲ့ပါတယ်။
အဖေဖြစ်သူ အသတ်ခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ ၁၂ နှစ်အရွယ် ကလေးငယ် ဗီဂျေးလေးဟာ ကိုယ်ဝန်ဆောင် အမေဖြစ်သူနဲ့အတူ မွန်ဘိုင်းမြို့ကို ထွက်ပြေးခဲ့ရပါတယ်။ မွန်ဘိုင်းမြို့ရဲ့ လူမိုက်ရပ်ကွက် ဒွန်ဂရီမှာ ကြီးပြင်းလာတဲ့ ဗီဂျေးဟာ အဖေ့အတွက် ကလဲ့စားချေဖို့နဲ့ မန်ဒဝါရွာကို ပြန်ယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ အသက်ရှင်ခဲ့ပါတယ်။
ကလဲ့စားချေဖို့အတွက် ကိုယ်တိုင် ငရဲမီးတောက်ထဲကို ဆင်းသက်ခဲ့တဲ့ဗီဂျေးတစ်ယောက် သူ့အဖေကို သတ်ခဲ့တဲ့ ကန်ချာကို ဘယ်လို ပြန်ပြီးကလဲ့စားချေမလဲ၊ အဲဒီလိုကလဲ့စားချေဖို့အတွက် သူ့ဘဝမှာ ဘာတွေ ပေးဆပ်လိုက်ရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် Masterpiece ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ အချိန်ပေးပြီး ကြည့်ရတာ လုံးဝတန်စေမယ့်ကားမျိုးဖြစ်ပါတယ်ဗျ။
( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် )
Subtitle By - LL
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#Agneepath
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
Repost from N/a
" Kaabil " (2017)
Kaabil ရဲ့ ဇာတ်လမ်းက မျက်မမြင်တစ်ယောက်ရဲ့ အချစ်၊ ဆုံးရှုံးမှုနဲ့ လက်စားချေမှုကို အားကောင်းတဲ့ပုံစံနဲ့ ပြထားတဲ့ကားပါ။
Rohan ဆိုတဲ့ လူငယ်ဟာ အသံဖန်တီးတဲ့အလုပ်လုပ်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေသူပါ။ တစ်နေ့မှာ သူ့လိုပဲ မျက်မမြင်ဖြစ်တဲ့ Supriya နဲ့ တွေ့ဆုံပြီး နှစ်ယောက်သား ချစ်ကြိုက်သွားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘဝက ရိုးရှင်းပေမယ့် နွေးထွေးပြီး ပျော်ရွှင်စရာကောင်းနေခဲ့ပါတယ်။
ဒါပေမယ့် အာဏာရှိ လူဆိုးတစ်စုကြောင့် သူတို့ဘဝဟာ အမှောင်ကျသွားပါတယ်။ မတရားမှုတွေ၊ နာကျင်စရာဖြစ်ရပ်တွေ ဆက်တိုက်ကြုံလာပြီး Rohan ဟာ အချစ်ဆုံးလူကို ဆုံးရှုံးလိုက်ရပါတယ်။
အဲဒီနောက်မှာတော့ တိတ်ဆိတ်ပြီး နူးညံ့တဲ့ Rohan တစ်ယောက်ဟာ လုံးဝပြောင်းလဲသွားပါတယ်။ သူ့ရဲ့ မသန်စွမ်းမှုကို အားနည်းချက်မဖြစ်စေဘဲ လူဆိုးတွေကို ဉာဏ်နဲ့ ပြန်လည်လိုက်လံတုံ့ပြန်ပါတော့တယ်။ ရန်သူတွေက သူ့ကို မမြင်နိုင်တဲ့သူလို့သာ ထင်ကြပေမယ့် Rohan ကတော့ သူတို့ မထင်ထားတဲ့နည်းလမ်းတွေနဲ့ တစ်ဆင့်ချင်း ပြန်လည်ကစားသွားပါတယ်။
ဒီကားက action နဲ့ suspense ပေါင်းစပ်ထားသလို အချစ်တစ်ခုအတွက် လူတစ်ယောက် ဘယ်လောက်ထိ ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုလည်း ခံစားရအောင် ရိုက်ကူးထားတဲ့ကားကောင်းတစ်ကား ဖြစ်ပါတယ်။
( ဇာတ်လမ်းအကျဉ်းကို CG မှ ရေးသားပေးထားပါတယ် )
Subtitle By - CG
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#Kaabil
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
Repost from N/a
" Kaho Naa... Pyaar Hai " (2000)
Kaho Naa... Pyaar Hai ဟာ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့ပြီး ဘောလိဝုဒ်သမိုင်းမှာ စံချိန်တင် အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ရိုမန်တစ် အက်ရှင် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Rakesh Roshan ရိုက်ကူးပြီး ဒီဇာတ်ကားနဲ့ပဲ ပွဲဦးထွက်လာတဲ့ Hrithik Roshan နဲ့ Ameesha Patel တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း...
ရိုဟစ်ဟာ မိဘမဲ့ဖြစ်ပြီး ညီငယ်လေးရယ် အန်တီဖြစ်သူရယ်နဲ့အတူ ရိုးရိုးရှင်းရှင်း နေထိုင်တဲ့ ဆင်းရဲတဲ့ လူငယ်အဆိုတော် တစ်ယောက်ပါ။ သူနဲ့ သူဌေးသမီး ဆိုနီယာတို့ အမှတ်မထင် ဆုံတွေ့ရာကနေ ချစ်ကြိုက်သွားကြပါတယ်။ ဒါပေမဲ့ ဆိုနီယာ့ရဲ့ ဖခင်ဖြစ်သူ သူဌေးကြီး ဆက်ခ်ဆီနာက သူတို့အချစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတော့တယ်။
ရိုဟစ်တစ်ယောက် သူ့ကိုယ်သူ သက်သေပြဖို့ ကြိုးစားနေချိန်မှာပဲ ရဲအရာရှိတွေနဲ့ အကျင့်ပျက် နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို မတော်တဆ မျက်မြင်ကိုယ်တွေ့ မြင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရိုဟစ်ကို လူဆိုးတွေက လိုက်လံသတ်ဖြတ်ခဲ့ပြီး တံတားပေါ်ကနေ ရေထဲပြုတ်ကျကာ သေဆုံးသွားခဲ့ပါတယ်။
ချစ်သူဆုံးရှုံးသွားလို့ ရူးမတတ် ခံစားနေရတဲ့ ဆိုနီယာ့ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ဖခင်ဖြစ်သူက နယူးဇီလန်နိုင်ငံဆီ ပို့လိုက်ပါတယ်။ အဲဒီမှာ ဆိုနီယာတစ်ယောက် ရိုဟစ်နဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ ရာ့ဂျ်ချိုပရာဆိုတဲ့ လူငယ်လေးနဲ့ ဆုံတွေ့ပါတော့တယ်။
ရာ့ဂျ်က ဆိုနီယာ့ကို မြင်မြင်ချင်း ချစ်မိသွားပေမဲ့ ဆိုနီယာကတော့ ရာ့ဂျ်ကိုမြင်တိုင်း ရိုဟစ်ကိုပဲ သတိရပြီး ဝမ်းနည်းနေလို့ သူ့အချစ်ကို လက်မခံနိုင် ဖြစ်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ရာ့ဂျ်တစ်ယောက် ဆိုနီယာနဲ့အတူ အိန္ဒိယကို လိုက်လာပြီး၊ ရိုဟစ် မသေခင်က ဘာတွေဖြစ်ခဲ့တာလဲ၊ ရိုဟစ်ကို သတ်သွားတဲ့ တရားခံအစစ်တွေက ဘယ်သူတွေလဲ ဆိုတာကို အတူတူ ဖော်ထုတ်ကြပုံတွေကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဟောင်းပေမဲ့ ကောင်းနေဆဲဇာတ်ကားဖြစ်တာမို့ ဘောလိဝုဒ်ပရိသတ်ကြီးတို့ လက်မလွှတ်စေချင်ဘူးဗျာ။
( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် )
Subtitle By - LL
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#KahoNaaPyaarHai
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
Repost from N/a
The Counterfeit (2026)
၂၀၂၆၊ မေလ ၈ရက်နေ့ကမှ လတ်လတ်ဆတ်ဆတ်ရုံတင်ထားတဲ့ Crime Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းကို ၁၉၉၀ခုနှစ်နှောင်းပိုင်း Digital Money
တွေမပေါ်သေးတဲ့အချိန်ကို အခြေခံထားတဲ့ ငွေတုလုပ်ငန်းတိုက်ဖျက်ရေးအက်ရှင်ကားဖြစ်ပြီးတော့ အတိုက်အခိုက်ပိုင်းမှာ ပီပြင်တဲ့အက်ရှင်ဝါရင့်မင်းသားတွေပါတာကြောင့်
အတော်လေးကြည့်ကောင်းမယ့်ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့
(၃)ထပ်ကွမ်းလက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ခဲ့တဲ့ ကျန့်မင်ဟာ လက်ရှိမှာတော့ ရောဂါသည်သမီးလေးဆေးကုဖို့အတွက် တက္ကစီမောင်းရင်း ခက်ခက်ခဲခဲငွေရှာနေရပါတယ်
သူ့သမီးလေးကို ခွဲစိတ်ဖို့အရေးတကြီးငွေလိုလာတဲ့အချိန်မှာတော့ သူကမြေအောက်ငွေတုလုပ်ငန်းထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။ဒါကအဆုံးသတ်မကောင်းတဲ့လမ်းမှန်းသိပေမယ့်
မတတ်သာလို့လုပ်ရတဲ့အခါ ရဲအရာရှိတစ်ယောက်နဲ့ဆက်သွယ်မိပြီး ငွေတုရဲ့အရင်းအမြစ်ကိုဖော်ထုတ်ပေးဖို့ ရဲအရာရှိကိုကတိပေးလိုက်ပါတယ်။ အရမ်းဉာဏ်များတဲ့
ငွေတုလုပ်ငန်းရှင်ကိုအမိဖမ်းနိုင်ဖို့ ဉာဏ်အားရော ခွန်အားရောသုံးနေရပေမယ့် သူ့သမီးလေးအနာဂတ်အတွက် ငွေတုလုပ်ငန်းကနေငွေရသလောက်ရှာမယ်လို့
ကျန့်မင်ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ သူဟာနှစ်ဖက်ဖိအားတွေကြားမှာ သူလိုချင်တဲ့ရည်မှန်းချက်ကိုရနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်
Filesize : 1.63 GB / 920 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Action , Crime
Runtime : 1h 37 min
Subtitle : Myanmar Subtitle ( Hardsub )
Repost from N/a
“ Omukade ” (2026)
"ရန်သူ့လက်ထဲမှာ အသေခံမလား... အမှောင်ထဲက ရှေးဟောင်းမိစ္ဆာကြီးဆီမှာ အရှင်လတ်လတ် အစားခံမလား..."
ကဲ... ထိုင်း Horror ကား ကြမ်းကြမ်းရမ်းရမ်းတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် Body Horror သွေးသံရဲရဲ ကားသစ်ကြီးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသား အသည်းကျော်ပဲလှော် ခိုခိုဒေါင်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ အားလုံးက စောင့်မျှော်နေရတဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။
ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံက ကျိန်စာသင့်နေတဲ့ မြေအောက်သတ္တုတွင်းဟောင်းတစ်ခုမှာ အခြေတည်ထားပါတယ်။
စစ်ရဲ့အရှိန်ကြောင့် တင်းမာမှုတွေ အမြင့်ဆုံးကို ရောက်နေတဲ့အချိန်၊ ဂျပန်စစ်သားတွေနဲ့ သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေဟာ အဲဒီလှိုဏ်ဂူထဲမှာ မထင်မှတ်ဘဲ အတူတူ ပိတ်မိသွားကြပါတယ်။
ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် ပြီးမသွားပါဘူး။ သူတို့ရင်ဆိုင်ရမှာက အချင်းချင်း သတ်ဖြတ်ရမယ့် ရန်သူတွေတင် မဟုတ်တော့ပါဘူး။
အမှောင်ထုထဲမှာ နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့တဲ့ ရှေးဟောင်းမိစ္ဆာကောင်ကြီး နိုးထလာတဲ့အခါမှာတော့... အားလုံးရဲ့ အသက်လုပွဲကြီးက စတင်ပါတော့တယ်။
Body Horror အမျိုးအစားဖြစ်တဲ့အတိုင်း အကောင်ကြီးရဲ့ ကိုက်ဖြတ်စားသောက်မှုတွေ၊ ခြောက်ခြားစရာ မြင်ကွင်းတွေ ဖောဖောသီသီ ပါဝင်သွားဦးမှာပါ။ လူ့ဘီလူး ဂျပန်စစ်သားတွေရဲ့ ရက်စက်မှုနဲ့ အကောင်ကြီးရဲ့ အမဲလိုက်မှု နှစ်ခုကြားမှာ သုံ့ပန်းတွေ ဘယ်လို လွတ်မြောက်အောင် ရုန်းကန်ကြမလဲဆိုတာကတော့...
ရိုးရိုးတန်းတန်း သရဲကားတွေထက် Monster Survival သည်းထိတ်ရင်ဖို ကြိုက်တဲ့သူတွေအတွက်တော့ ညဘက် အဖော်မပါဘဲ မကြည့်သင့်တဲ့ ကားကောင်းလေးဖြစ်လို့ ခုပဲ ရှုစားလိုက်ကြပါဦး။
( ဇာတ်လမ်းအကျဉ်းကို Zicky မှရေးသားပေးထားပါတယ် )
Subtitle By - Ash Team
Encode By - K
Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။
#Omokada
#AshThai #ThaiHorror
#အိုမူကာဒေး #OmukadaThaiMovie
#AshChannel #AshOngoing
#Ash #AshOngoing2026
