fa
Feedback
Read Me

Read Me

رفتن به کانال در Telegram

Channel created / 22-9-2025 Owner acc @ShineMyatThu_Flow

نمایش بیشتر
1 160
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-1230 روز
آرشیو پست ها
Read Me
1 160
အာဏာစက်
အာဏာစက်

Read Me
1 160
တစ်ယောက်တည်း ဘယ်လို ရှင်သန်ရတယ်ဆိုတာ မေ့မသွားစေနဲ့ “ ဒဏ်ရာတွေရလိုက်တိုင်း ၊ဘဝ သင်ခန်းစာတစ်ခုခု ကြုံလိုက် တိုင်း အသက်တစ်နှစ်ကြီးလာတိုင်း သိလာတဲ့အချက်က ကိုယ့် ဘဝမှာ ကိုယ်ကပဲ အရေးအကြီးဆုံး ဆိုတာပဲ ။ တစ်ယောက်ယောက်အပေါ် တွယ်တာမိပြီး ကိုယ့်ရဲ့ရှင်သန် ရပ်တည်ချက် ပျောက်ဆုံးသွားရတာမျိုးမဖြစ်စေနဲ့ ။ ဆယ်ကျော်သက်အရွယ်တုန်းကလည်း ကိုယ့်ဘာသာ တစ်ယောက်တည်း ရှင်သန်ရပ်တည်ဖို့ကို မသိခဲ့လို့ နာကျင်မှုတွေ ပိုခံစားရတယ်၊ သိလာပြီးနောက် အကြောင်းအရာတစ်ခုခုကြောင့် ပြန်ပြီး တစ်ယောက်တည်းဘယ်လိုရပ်တည်ရမလဲ မေ့သွားတဲ့အခါတိုင်းလည်း နောက်ဆုံး လမ်းပျောက်ရတာပဲ များပါတယ်။ တစ်ခါတလေ တစ်ချိန်လုံးတစ်ယောက်တည်း အကုန် ကောင်းကောင်း ကျော်ဖြတ်လာပြီးမှ အမှီအခိုလေးတစ်ခုရလို့၊ ကျောထောက်နောက်ခံလေး တစ်ခုရတဲ့ အခိုက်အတန့်မှာ မှီခိုလိုက်မိတဲ့ အခါ အဲ့ ကျောထောက်နောက်ခံကပြန်ပြိုလဲသွားရင် ခြေမကိုင်မိလက်မ ကိုင်ဖြစ်ရတတ်တယ်။ ဒါကြောင့်ဘဝမှာ တစ်ယောက်တည်း ဘယ်လိုရှင်သန်ရမလဲဆို တာကို မေ့မသွားစေနဲ့။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့က အဓိကပဲ ဆိုတာ ကို မမေ့သွားစေနဲ့ ၊ ကိုယ့်ရဲ့မာနက လိုတာထက်ပိုလာရင် မ ကောင်းပေမဲ့ ကိုယ့်ကို မထိခိုက်အောင်ကာကွယ်ပေးထားတဲ့အရာဆိုတာလည်း မှန်တယ်ပြဿနာတွေကို တစ်ယောက်တည်းဖြေရှင်းတတ်ဖို့ ၊ ရည်မှန်းချက်တွေ ပြည့်အောင်တစ်ယောက်တည်း ကြိုးစားတတ် ဖို့ ၊ ထမင်းတစ်ယောက်တည်းစားတတ်ဖို့ ရုပ်ရှင်တစ်ခုကို တစ်ယောက်တည်းကြည့်တတ်ဖို့ မမေ့သွားစေနဲ့ မေ့သွားခဲ့ရင် မလုပ်နိုင်ဘူးလို့ထင်လာလိမ့်မယ်၊ တစ်ယောက်တည်းဖြတ်သန်းဖို့ရာ ကြောက်စရာကောင်းတယ်လို့ ထင်လာလိမ့်မယ်၊ သင့်ကိုယ်သင်ယုံကြည်မှု ကျဆင်းလာလိမ့် မယ်။ ဒါကြောင့် သင့်ဘဝမှာ သင်ကိုယ်သင်နဲ့ သင်နဲ့ကသာ သူငယ်ချင်းပဲ ၊ချစ်သူပဲ၊မိသားစုပဲဆိုတာကိုလည်း မမေ့သွားစေ နဲ့။ တခြားလူတွေရှိလိမ့်မယ် ဒါပေမဲ့ သင်ကိုယ်တိုင်ကသာ အရင် ပဲ အဓိကပဲ ။ ဘယ်သူမှမရှိတာမဟုတ်ဘူး ။ ဘယ်သူ့ကိုမှမမှီခိုရဘူး ဘဝကြီး ကို တစ်ယောက်တည်းသာ ရင်ဆိုင်ကွာလို့လည်း ပြောတာမဟုတ် ဘူး ဒါပေမဲ့ တစ်ယောက်တည်း နေထိုင်တတ်ဖို့ကို မေ့မသွားစေနဲ့၊ ဒါတကယ် အကြံပေးတာ။ ကျွန်တော်တို့အားလုံးမှာ ကျွန်တော်တို့တစ်ယောက်လုံး ရှိနေ သေးတာကိုကော၊ တစ်ယောက်တည်းဆိုလည်း ဘာမဆိုလုပ်နိုင် တယ်၊ ဘယ်အရာမဆို ကောင်းကောင်းကျော်ဖြတ်နိုင်တယ်ဆိုတာ ကို မမေ့သွားစေနဲ့။

Read Me
1 160
: မင်း ဘာလို့ အလုပ်မပြီးတာလဲ? (အာရုံစူးစိုက်မှု ပျောက်ဆုံးနေသူတို့၏ လျှို့ဝှက်ချက် ၅ ခု)
"မင်း အခု ဒါကို ကြည့်နေရင်းနဲ့တောင် စိတ်ထဲမှာ တခြားအရာတစ်ခုကို စဉ်းစားနေမိတယ်မလား? ဖုန်းပွတ်နေတာ နာရီဝက်ရှိပြီ... ဘာကြည့်လိုက်မှန်းတောင် မမှတ်မိတော့ဘူး။ ဒါ ပျင်းတာမဟုတ်ဘူး... မင်းရဲ့ Attention Span က သေဆုံးနေတာ။ အာရုံမစူးစိုက်နိုင်တဲ့သူတွေရဲ့ အဆိုးဆုံး အမူအကျင့် ၅ ခု... မင်းမှာ ဘယ်နှစ်ခုရှိလဲ ကြည့်ကြည့်ရအောင်။" ၁။ The "Later" Trap (ခဏနေမှ လုပ်မယ်) အလုပ်တစ်ခုကို စဖို့ နာရီကြည့်လိုက်တယ်... ၉ နာရီ ၃ မိနစ်။ "အာ... ၉ နာရီခွဲမှ စတော့မယ်" ဆိုပြီး အချိန်ဆွဲတာ။ တကယ်တော့ ဒါဟာ အလုပ်ကို ကြောက်နေတဲ့ Emotional Escape တစ်ခုပဲ။ ၂။ The Notification Slave (ဖုန်းသံရဲ့ ကျွန်) စာဖတ်နေရင်း ဖုန်းလေး လင်းလာရင်ကို မကြည့်ရမနေနိုင်တာ။ ဖုန်းကို ပြန်ချလိုက်တဲ့အချိန်မှာ မင်းရဲ့ ဦးနှောက်က မူလအလုပ်ကို ပြန်ပြီး အာရုံစိုက်ဖို့ ၂၃ မိနစ် အချိန်ပြန်ယူရတယ်ဆိုတာ မင်းသိလား? ၃။ Fake Busy (အလုပ်ရှုပ်ချင်ယောင်ဆောင်ခြင်း) အရေးကြီးတဲ့ အလုပ်ကို ထားခဲ့ပြီး အရေးမကြီးတဲ့ အီးမေးလ်စစ်တာ၊ စားပွဲခုံရှင်းတာမျိုးတွေ လုပ်နေတာ။ ဒါဟာ အာရုံမစိုက်နိုင်လို့ ဦးနှောက်က လွယ်ကူတဲ့အလုပ်တွေဆီ ထွက်ပြေးနေတာပါ။ ၄။ Brain Fog & Zoned Out (ကြောင်တောင်တောင် ဖြစ်နေခြင်း) လူကတော့ ထိုင်နေတယ်... စိတ်က ကမ္ဘာပတ်နေပြီ။ စာမျက်နှာတစ်ခုတည်းကို ၅ ခေါက်လောက် ဖတ်နေရပေမယ့် ဘာမှ ခေါင်းထဲမဝင်တော့ဘူး။ မင်းရဲ့ Focus က Battery အကုန်မြန်နေတာ။ ၅။ Chronic Boredom (ခဏခဏ ပျင်းရိခြင်း) ဘာလုပ်လုပ် ၅ မိနစ်ထက် ပိုမခံဘူး။ အသစ်အသစ်တွေကိုပဲ လိုက်ရှာနေမိတာ။ ဒါဟာ မင်းရဲ့ဦးနှောက်က Dopamine အမြန်ရမယ့်အရာတွေကိုပဲ တောင်းဆိုနေလို့ အာရုံစူးစိုက်မှု အားနည်းသွားတာပါ။

Read Me
1 160
👆
👆

Read Me
1 160
ဘ၀မှာ ဘာကိုမှ ရေရေရာရာ ပိုင်ဆိုင်ခဲ့ဖူးတာမျိူး မရှိခဲ့ပါဘူး ဂရုစိုက်မှုတွေ ဦးစားပေးမှုတွေ မေတ္တာတရားတွေ.... မိဘမေတ္တာကစလို့ ခ
ဘ၀မှာ ဘာကိုမှ ရေရေရာရာ ပိုင်ဆိုင်ခဲ့ဖူးတာမျိူး မရှိခဲ့ပါဘူး ဂရုစိုက်မှုတွေ ဦးစားပေးမှုတွေ မေတ္တာတရားတွေ.... မိဘမေတ္တာကစလို့ ချစ်သူရည်းစားဆက်ဆံရေးအဆုံး ကိုယ်တစ်ယောက်ထဲ ရပ်ကျန်နေခဲ့ပါတယ်

Read Me
1 160
လူတွေရဲ့ စိတ်ခံမှာ ငွေရှာတတ်တဲ့သူ ၊ အရည်အချင်းရှိတဲ့သူကိုဆို သနားစရာမလို ညှာတာစရာ မလိုတဲ့သူလို့ ယူဆထားကြတယ်။
တချို့မိသားစုတွေမှာဆို ငွေရှာတတ်တဲ့သားသမီးကိုကျ ဒေါင်ကျကျ ပြားကျကျ သူက သူ့ဘဝသူ ပြန်ရုန်းလိမ့်မယ်ဆိုပြီး အားပေးစရာမလို ဂရုစိုက်ပေးစရာမလိုဘူးလို့ ထင်ကြပေမယ့် ကိုယ့်ဟာကိုယ် အရည်အချင်းမရှိလို့ လုပ်ရည်ကိုင်ရည်မရှိ ဆင်ခြင်ဉာဏ်အစွမ်းအစ မရှိတဲ့ သားသမီးကိုကျ သူလေးကိုစိတ်မချဘူးဆိုတဲ့စိတ်နဲ့ သနား ညှာတာတတ်ကြတာတွေရှိတယ်။ အမလေး တခုတလေလေးများ မိဘကို သိတတ်ပြလိုက်ရင် ကြည်နူးပီတိတွေဖြာပြီး ချီးကျူးဂုဏ်ပြုကြသေးတာ။ ဘယ်သူ့ကိုမှ ဒုက္ခမပေးပဲ အပင်ပန်းခံ ကြိုးစားရုန်းကန်နေတဲ့ သားသမီးကိုကျ “သူ့ဟာသူ လုပ်နိုင်တယ်” ဆိုပြီး လျစ်လျူရှုတတ်ကြတယ်။ တလောက ပိုစ့်လေးတစ်ခု ဖတ်လိုက်ရသေး။ ရှာကျွေးနေတဲ့ သမီးကိုကျ အကောင်းမပြောပဲ အမြဲမူးရူးနေတဲ့သားကိုကျ သူ့ခမျာ ငွေမရှာတတ်ရှာဘူး သနားလို့ဆိုပြီး အိမ်ပေးလိုက်သတဲ့ အဲ့ရော။ ခုချိန် ငွေရှာနိုင်တဲ့လူတွေက ကံကောင်းလို့မှ မဟုတ်တာ။ သူတို့မှာ အခက်အခဲတွေကြားက ရုန်းကန်ရင်း ရလာတဲ့ Result တွေလေ။ ငွေမရှာနိုင်တာက ဘဝပေးအားနည်းချက်မဟုတ်ဘူး။ သူတို့ဟာသူတို့ စွမ်းဆောင်ရည် အားနည်းလို့ မရှာနိုင်ပဲ သူတပါးကို အမြဲ မှီခိုနေကြရတာ။ တကယ်ဆို ရှာဖွေနေရတဲ့လူတွေကို ညှာတာသင့်တာ။ ဆွေထဲမျိုးထဲလည်း တချို့ဆိုအဲ့လိုတွေပဲ။ ငွေမရှာနိုင်တဲ့လူတေံက တာဝန်နည်း သက်သောင့်သက်သာနဲ့ အေးချမ်းစွာနေရပြီး ငွေရှာနိုင်တဲ့လူတွေကိုကျ နားပူနားဆာလုပ်။ ဒါလေးတော့ နင်လုပ်ပေး ဒါလေးတော့ နင်တာဝနိယူဆိုတာမျိူး ရှာနေတဲ့လူကို ပိုဖိပစ်တတ်ကြတယ်။ အံမယ် အများအမြင်ကျ ငွေမရှာတဲ့လူတွေကို “ သူလေးက အေးချမ်းလိုက်တာ “ ဆိုတာမျိုး မြင်ကြသေးတာတော်။ သူတို့က မနက်စာနဲ့ ညစာ ရှိရင် သီချင်းလေး ဖွင့်ပြီး ဒူးနှံ့နေနိုင်တာကိုး။ တကယ်တမ်း အရေးအကြောင်း ဖြစ်လာပြီတဲ့ဟေ့ဆို ငွေရှာနိုင်တဲ့သူကို ဇွန်ဘီတွေလို ဝိုင်းပစ်လိုက်ကြရော။ မလုပ်ပေးပြန်ရင် အပြစ်သားကြီးလို ပြစ်တင်ကြသေးတာ။ #credit

Read Me
1 160
Past relationship trauma တွေကို move on ရင်း Single life မှာ အချိန်တစ်ခုထိ နေသားကျလာသူတွေရဲ့ ပြဿနာက ဘာလဲသိလား .. ။ လူတွေကို ယုံကြည်ဖို့ ကြောက်လာတာ နှင့် သူ့ကိုယ်သူ နှမြောတတ်လာတာတွေပဲ ။ အဲတာတွေကပဲ သူတို့ကို နားလည်ရခက်သလို ၊ အသဲမာတဲ့လူတွေလို ဖြစ်နေစေတော့တာ ။ ဘာတွေကို ကြောက်သလဲဆို … အပြောင်းလဲမြန်တဲ့လူ့စိတ်တွေကြားမှာ attachment ဖြစ်ထားတဲ့အရာကို ထပ်ဆုံးရှုံးရမှာ ကြောက်တာ ။ အချိန်အများကြီးယူပြီး ပြန်ရှာဖွေ တည်ဆောက်ထားတဲ့ " စစ်မှန်တဲ့ကိုယ် " ကို ထပ်ပျောက်ရှသွားမှာ ကြောက်တာ ။ ကြိုးစားပြီး ပြန်မွေးမြူထားရတဲ့ မိမိရဲ့ အေးချမ်းမှု ၊ တစ်ကိုယ်တည်း အနေထိုင်တတ်မှုတွေ နှင့် ဘယ်သူ့အကူညီမှ မလိုပဲ တစ်နေတာကို ကြည်ကြည်လင်လင် ဖြတ်သန်းနေနိုင်တဲ့ စိတ်အစဉ်ကို ထပ်ဆုံးရှုံးသွားရမှာတွေကို ကြောက်ကြတယ် ။ တစ်ယောက်တည်းရဲ့ လွတ်လပ်မှု … တစ်ကိုယ်တည်းရဲ့ ငြိမ်သက်အေးချမ်းမှု အရသာကို ကောင်းကောင်းနားလည်ထားပြီလေ ။ အဲဒါကြောင့်ပဲ အသစ်ဆိုတဲ့ လူတွေ ဝင်လာတဲ့အခါ … အဲဒီလူဆီက red flag တွေ ထုတ်မပြလည်း … စိတ် နှစ်ပြီး ချစ်လိုက်ဖို့ မလွယ်ကူတော့ဘူး ။ နှလုံးသားက လက်ခံနေလည်း …. အရင် relationship က ရတဲ့ အသိတွေဟာ ဦးနှောက်ကို ငြင်းဆန်ဖို့ သတိပေးနေတတ်သေးတာ ။ ဒါတွေကြောင့်ပဲ သဘောကျရင်တောင် .. သဘောကျတဲ့ အခြေနေမှာ ရပ်လိုက်ဖို့ ၊ စိတ်ရော လူပါ နှစ်ဝင်မသွားဖို့ ကိုယ့်စိတ်နဲ့ကိုယ် သတိတွေ ပြန်ပေးရင်း နောက်ဆုတ်လိုက်ကြတာ များတယ် ။ ဒါဟာ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး ။ လုံလောက်သွားတဲ့ ကုစားမှုတွေဟာ … ဒဏ်ရာအသစ်တွေကို အလိုအလျောက် ငြင်းဆိုလာတတ်တဲ့ စိတ်အခြေနေကြောင့်ပဲ ။ ဒါကြောင့် ဆယ်ကျော်သက်ဘဝမှာ .. အသည်းကွဲပြီး move on ဖို့ အချိန်ယူခဲ့ရသူတွေဟာ … အသက်တစ်ခုမှာ ပြန်ရှာတွေ့တဲ့ သဘောကျစရာလူကို ၊ သဘောကျတဲ့ အတိုင်း ထားပစ်ခဲ့ကြတာပေါ့ ။ အနားကိုတိုးဖို့ ခြေတစ်လှမ်းမျှ မလှမ်းနိုင်ခဲ့ဘူး ။ နောက်တစ်ခုက မိမိကိုယ်ကို တအားနှမြောတတ်သွားတာ ။ ကိုယ့်ဘဝနဲ့ကိုယ် နေတတ်ဖို့ ၊ ဘယ်သူ့ ဂရုစိုက်မှု နွေးထွေးမှုမှ မလိုပဲ တစ်နေတာကို တာဝန်ကျေကျေ လည်ပတ်နိုင်ဖို့ လေ့ကျင့်ယူထားတာတွေကို လူတစ်ယောက်ကြောင့် ထပ်ပျက်စီးသွားမှာ နှမြောတာ ။ အစပိုင်းပဲ သာယာတတ်တာဆိုတဲ့ past relationship ဆီက ရတဲ့ သံသယ အသိကြီးက … ငါ့ဘဝရဲ့ အေးချမ်းလွတ်လပ်မှုနဲ့ လှဲပစ်ဖို့ တန်ပါ့မလားဆိုတဲ့ အတွေးက အမြဲ ကြီးစိုးနေခဲ့တာ ။ ရုပ်ကလေး လှလှကို တွဲချင်ရုံ ၊ သွေးသားဆန္ဒကြောင့် s*x ကိစ္စနဲ့ ထိတွေ့ချင်ရုံ ၊ ကိုယ့်အနားမှာ တစ်စုံတစ်ဦးကို ရှိစေချင်ရုံတွေနဲ့ … ကိုယ့် energy အားလုံးကို လှဲပစ်ဖို့ မလုပ် ချင်တော့ဘူး ။ သိတဲ့အတိုင်းပဲလေ … ရင်ဘတ်ထဲ တစ်စုံတစ်ယောက်ဝင်လာတာနဲ့ ကိုယ့်နေ့တွေဟာ တစ်ယောက်တည်းနေတုန်း #credit

Read Me
1 160
photo content

Read Me
1 160
တစ်က ပြန်စလိုပါသည်

Read Me
1 160
photo content

Read Me
1 160
ခုန်ချပစ်ချင်စရာကောင်းတဲ့နေ့တွေမှာ ကျနော် ဆေးလိပ်‌တစ်လိပ်တောင် မသောက်မိအောင် ထိန်းခဲ့ပါတယ် (သူ မကြိုက်လို့ပါ) #SMT@freeBook_L
ခုန်ချပစ်ချင်စရာကောင်းတဲ့နေ့တွေမှာ ကျနော် ဆေးလိပ်‌တစ်လိပ်တောင် မသောက်မိအောင် ထိန်းခဲ့ပါတယ် (သူ မကြိုက်လို့ပါ) #SMT@freeBook_Library01

Read Me
1 160
ယောင်္ကျားတယောက် အကူအညီအမဲ့ဆုံးနဲ့ စိတ်ဓာတ်အကျဆုံး အချိန်မှာ ဘယ်သူ့ဆီကို ဖုန်းဆက်မယ် ထင်လဲ ! ဒါမှမဟုတ် ဘယ်သူနဲ့ စကားပြောမယ် ထင်လဲ ! မိသားစုဝင်တွေလား ? သေချာတယ် သူတို့က အမြဲတမ်းနားလည်ပေးမှာ မဟုတ်ဘူး။ ဒါဆို သူငယ်ချင်းတွေလား ? ကိုယ် အဆင်မပြေတာကို ရင်ဖွင့်ရလောက်အောင်ထိ ယုံကြည်ရတဲ့သူငယ်ချင်း ယောင်္ကျားတယောက်မှာ ဘယ်နှစ်ယောက်များ ရှိနေလို့လဲ။ ဒါဆို ကိုယ်ရဲ့ချစ်သူ / ကိုယ့်ဇနီးလား ? တခါတလေ အဆင်မပြေတာ ရင်ဖွင့်လိုက်မှ ပိုဆိုးသွားတာမျိုးလည်း ရှိနေတတ်တယ်။ ဒါဆို အဖြေက ရှင်းရှင်းလေးရယ် ... ယောင်္ကျားတယောက်ရဲ့ ခံစားချက်ကို ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ဒီလိုနဲ့ပဲ ယောင်္ကျားတွေဟာ ကိုယ့်ရဲ့တနေ့တာ အဆင်အပြေမှု့တွေကို ညနက်တဲ့အထိမြိုသိပ်ရင်း အိပ်မောကျခဲ့ကြတယ်။ နောက်တနေ့လည်းရောက်ရော အရင်ရက်က ဘာမှမဖြစ်ခဲ့သလိုမျိုး နောက်တရက်ကိုထပ်ပြီး ဖြတ်သန်းကြတယ်။ ဒါဟာ ဒီဖက်ခေတ်မှာ ယောင်္ကျားအများစု ကြုံတွေနေရတဲ့ ပြသနာပါပဲ။ #Good_Morning #credit

Read Me
1 160
Money 💰

Read Me
1 160
စာဖတ်ပျင်းရင် သီချင်းလေးတွေ ခဏနားထောင်ပြီး နားပါ ဒီနေ့ Sunday,လေ 🫤 ဦးနှောက်ဆေးကြတာပေါ့🤯

Read Me
1 160
ရတနာမြိုင်သင်္ကြန်_ပိတောက်လက်ဆောင်_ဂရေဟမ်_Pa_Daut_Lat_Saung_Graham.mp35.09 MB

Read Me
1 160
မင်း တစ်ယောက်တည်း အထီးကျန်နေတာကို အားငယ်မနေပါနဲ့။ လူတွေကြားထဲမှာ အထီးကျန်နေရတာထက်စာရင်... တစ်ယောက်တည်း အထီးကျန်နေတာက မင်းရဲ့ဘဝကို 'Rebuild' လုပ်ဖို့ အကောင်းဆုံးအချိန်ပဲ။"
(လက်တွေ့ကျတဲ့ ဖြတ်သန်းနည်း ၃ ချက်)
ဒီလိုအချိန်တွေကို အကျိုးရှိရှိ ကျော်ဖြတ်ဖို့ ဒီအချက် (၃) ချက်ကို လုပ်ကြည့်ပါ။" ကိုယ့်ကိုယ်ကိုယ် ပြန်လေ့လာပါ (Self-Reflection): "လူတွေနဲ့ ဝေးနေတဲ့အချိန်ဟာ သူများအကြိုက်ကို လိုက်လုပ်နေရတာတွေ ရပ်ပြီး 'ငါ တကယ် ဘာဖြစ်ချင်တာလဲ' ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ အချိန်အကောင်းဆုံးပဲ။ မင်းရဲ့ အားသာချက်တွေကို ရှာဖွေပါ။" အတွေးသံသရာထဲက ထွက်ပါ (Stop Overthinking): "သိမ်ငယ်စိတ်ဝင်လာပြီဆိုရင် 'အတွေးမလွန်နဲ့' စာအုပ်ထဲကအတိုင်း 5-4-3-2-1 နည်းလမ်းကို သုံးပါ။ အတိတ်က အမှားတွေမှာ လမ်းပျောက်မနေပါနဲ့။ အနာဂတ်က ငါဟာ 'Millionaire' ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ လက်ရှိအလုပ်ကိုပဲ အာရုံစိုက်ပါ။" ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပါ (Take Responsibility): "12 Rules for Life ထဲမှာ ပြောသလိုပေါ့... ကမ္ဘာကြီးကို ပြောင်းလဲဖို့ထက် မင်းရဲ့ အိပ်ခန်းကို အရင်ရှင်းပါ။ ကိုယ့်ဘဝကို ကိုယ်တိုင်စီမံခန့်ခွဲတတ်လာတာနဲ့အမျှ သိမ်ငယ်စိတ်တွေဟာ ယုံကြည်မှုတွေအဖြစ် ပြောင်းလဲလာလိမ့်မယ်။" မှတ်ထားပါ... အထီးကျန်ခြင်းဆိုတာ မင်းကို ဝါးမြိုမယ့် တွင်းနက်ကြီးမဟုတ်ဘူး။ မင်းကို ပိုသန်မာတဲ့ လူတစ်ယောက်ဖြစ်အောင် သွေးပေးမယ့် ကျောက်ပြင်ကြီးပါ။ အခု တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာ မင်း ဘာတွေ ပြင်ဆင်နေသလဲဆိုတာက... နောက် ၅ နှစ်မှာ မင်း ဘယ်နေရာရောက်မလဲဆိုတာကို အဖြေပေးလိမ့်မယ်။" ဒီလိုမျိုး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာတွေနဲ့ ဘဝအတွက် အသုံးဝင်တဲ့ စာအုပ်အနှစ်ချုပ်တွေကို အသေးစိတ် ဖတ်ချင်တယ်ဆိုရင်တော့... ကျွန်တော့်ရဲ့ Telegram Channel လေးရှိပါတယ်။ အဲဒီမှာ တစ်ယောက်တည်း ဖြတ်သန်းနေရတဲ့ အချိန်တွေကို အဖော်ပြုပေးမယ့် အသိပညာတွေ အများကြီး ရှိပါတယ်။" Channel Link ကို Bio မှာ ချပေးထားပါတယ်၊ အခုပဲ Join လိုက်တော့နော်!" 🔗✨ freebooklibrary

Read Me
1 160
photo content

Read Me
1 160
ကမ္ဘာပေါ်မှာ_အပျော်ဆုံးလူ.pdf120.95 MB

Read Me
1 160
ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ

Read Me
1 160
photo content