fa
Feedback
Read Me

Read Me

رفتن به کانال در Telegram

Channel created / 22-9-2025 Owner acc @ShineMyatThu_Flow

نمایش بیشتر
1 161
مشترکین
اطلاعاتی وجود ندارد24 ساعت
+17 روز
-1230 روز
آرشیو پست ها
Read Me
1 161
ခု ဖတ်နေတဲ့စာအုပ် 📖❤️‍🔥

Read Me
1 161
View နည်း ပြီး အားမရှိတော့ဘူး😭😭

Read Me
1 161
+7
အသက်_၂၀_မှာပြောင်းလဲရမယ့်_အချက်_၂၀.pdf26.36 MB

Read Me
1 161
မင်းလားကွဟမ်ဘာဂါ.pdf38.69 MB

Read Me
1 161
photo content

Read Me
1 161
လူငယ်တစ်ယောက်_လျှောက်သောလမ်း.pdf14.33 MB

Read Me
1 161
photo content

Read Me
1 161
အပြင်လောကမှာ ရှာဖွေနေတဲ့ ပျော်ရွှင်မှုတွေဟာ ခဏတာဖြစ်ပြီး ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အတွင်းစိတ်ကို နားလည်ပြီး စစ်မှန်တဲ့ 'ငါ' နဲ့ တွေ့ဆုံနိုင်ပြီဆိုရင်တော့ ဘယ်လိုအခြေအနေမျိုးမှာမဆို တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ စာအုပ်တွေကို ချစ်တဲ့ သူငယ်ချင်း လေး တွေ ဆီ Sharing လုပ်ဖို့ မမေ့နဲ့နော် 💌

Read Me
1 161
ငါ ဘာလုပ်လုပ် အဆင်မပြေပါလား' ၊ 'ငါ့ဘဝကတော့ ပြီးပါပြီ' ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေပြီလား? မှတ်ထားပါ... မင်းရဲ့ အခြေအနေက ဘယ်လောက်ပဲ ဆိုးနေပါစေ၊ အဲဒါဟာ မင်းရဲ့ 'နိဂုံး' မဟုတ်သေးပါဘူး။ အဲဒါက မင်းရဲ့ ဇာတ်လမ်းသစ်အတွက် 'အစပျိုး' တဲ့ အခိုက်အတန့်ပဲ။" စာအုပ်ပါ ခွန်အားဖြစ်စေမယ့် အချက် ၃ ချက် ၁။ အခက်အခဲဆိုတာ မင်းကို ပိုတော်လာအောင် လုပ်တာပါ (Growth Mindset): "ကျောက်စရစ်ခဲတွေကြားထဲက ဖြတ်သန်းရလို့သာ ကျောက်စိမ်းဟာ တန်ဖိုးရှိလာတာပါ။ မင်း အခုကြုံနေရတဲ့ အခက်အခဲတွေက မင်းကို နာကျင်အောင်လုပ်ဖို့တင်မကဘဲ မင်းကို ပိုသန်မာလာအောင် (Build resilience) လေ့ကျင့်ပေးနေတာပါ။" ၂။ သူများနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာ ရပ်လိုက်ပါ: "ပန်းပွင့်တိုင်းဟာ တစ်ချိန်တည်း မပွင့်သလို၊ လူတိုင်းဟာလည်း တစ်ချိန်တည်း အောင်မြင်စရာမလိုဘူး။ သူများရဲ့ Chapter 20 (အောင်မြင်နေချိန်) ကို ကြည့်ပြီး မင်းရဲ့ Chapter 1 (စတင်ကြိုးစားချိန်) နဲ့ သွားမနှိုင်းပါနဲ့။ မင်းရဲ့ ပြိုင်ဘက်ဟာ မနေ့က မင်းကိုယ်တိုင်ပဲ ဖြစ်ရမယ်။" ၃။ အရှုံးဆိုတာ သင်ခန်းစာတစ်ခုပဲ: "လဲကျတာဟာ ရှုံးနိမ့်တာမဟုတ်ဘူး၊ လဲကျရာကနေ ပြန်မထတာကမှ တကယ့်အရှုံးပါ။ အမှားတွေထဲကနေ သင်ခန်းစာယူတတ်မယ်ဆိုရင် အဲဒီအမှားတွေက မင်းအောင်မြင်ဖို့အတွက် ခင်းထားတဲ့ လှေကားထစ်တွေ ဖြစ်လာပါလိမ့်မယ်။" "စိတ်ဓာတ်ကျတယ်ဆိုတာ မင်းဟာ လူသားတစ်ယောက်ဖြစ်လို့ ခံစားရတာပါ။ ဒါဟာ အားနည်းချက်မဟုတ်ပါဘူး။ အဓိကက အဲဒီစိတ်ဓာတ်ကျတဲ့ တွင်းထဲမှာပဲ တစ်သက်လုံး ထိုင်နေမှာလား၊ ဒါမှမဟုတ် အလင်းရောင်ရှိရာကို ပြန်တက်လာမှာလားဆိုတာ မင်းအပေါ်မှာပဲ မူတည်ပါတယ်။"

Read Me
1 161
ဦးနု_မိတ္တဗလဋီကာ.pdf19.73 MB

Read Me
1 161
photo content

Read Me
1 161
မင်းလူ၊ကံ့ကော်နီ.pdf5.13 MB

Read Me
1 161
photo content

Read Me
1 161
မင်းကို မင်း 'ငါ လုပ်နိုင်တယ်' လို့ နောက်ဆုံးအကြိမ် ယုံကြည်ခဲ့တာ ဘယ်တုန်းကလဲ? အခုပဲ ပြန်ယုံကြည်လိုက်ပါ။"

Read Me
1 161
မိုးရှင်း (I.M.T) ရေးသားထားတဲ့ "သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့" ဆိုတဲ့စာအုပ်ဟာ နာမည်အတိုင်းပဲ ဘဝရဲ့ အခက်အခဲတွေကြားမှာ စိတ်ဓာတ်ကျနေ
မိုးရှင်း (I.M.T) ရေးသားထားတဲ့ "သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့" ဆိုတဲ့စာအုပ်ဟာ နာမည်အတိုင်းပဲ ဘဝရဲ့ အခက်အခဲတွေကြားမှာ စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေအတွက် အားဆေးတစ်ခွက်လို စာအုပ်မျိုးဖြစ်ပါတယ်။ #freebooklibrary

Read Me
1 161
"သင်ယူခြင်းကို ရပ်တန့်လိုက်တဲ့အချိန်ဟာ သေဆုံးသွားတဲ့အချိန်နဲ့တူတယ် "လို့ ကမ္ဘာကျော်ရူဗဗေဒပညာရှင် Albert Einstein က ပြောခဲ့တယ်
"သင်ယူခြင်းကို ရပ်တန့်လိုက်တဲ့အချိန်ဟာ သေဆုံးသွားတဲ့အချိန်နဲ့တူတယ် "လို့ ကမ္ဘာကျော်ရူဗဗေဒပညာရှင် Albert Einstein က ပြောခဲ့တယ်

Read Me
1 161
စစ်မှန်သော မိမိနှင့် တွေ့ဆုံခြင်း" (သက်တန့် - မေရီ) ဘာသာပြန်ထားတဲ့ စာအုပ်လေးကို ဖတ်ဖို့ မအားသေးတဲ့ kiyoလေးတွေအတွက် အနှစ်ချူပ်  ၁။ မီးရောင်ရှိတဲ့နေရာမှာပဲ ရှာနေမိသလား? ပုံပြင်လေးတစ်ပုဒ်ထဲမှာ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ကားသော့ကို အမှောင်ထဲမှာ ကျပျောက်ခဲ့ပေမယ့် အလင်းရောင်ရှိတဲ့ ဓာတ်တိုင်အောက်မှာပဲ တောက်လျှောက် ရှာနေခဲ့တယ်။ ငါတို့တွေလည်း အတူတူပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ကိုယ့်ရဲ့ "အတွင်းစိတ်" ထဲမှာ ရှာရမယ့်အစား အပေါ်ယံ အောင်မြင်မှုတွေ၊ သူများအထင်ကြီးမှုတွေဖြစ်တဲ့ "အပြင်ပန်း" အလင်းရောင်တွေအောက်မှာပဲ ရှာနေကြတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အောင်မြင်ပါစေ စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားနေရတာပါ။ ၂။ 'ငါ' ဆိုတာ ဘယ်သူလဲ? (Who Am I?) မင်းကိုယ်မင်း ဘယ်သူလဲလို့ မေးရင် "ငါ့နာမည်က ဘယ်သူ၊ ငါက ဘယ်ကုမ္ပဏီမှာ ဘာရာထူးနဲ့ လုပ်နေတာ" လို့ ဖြေပါလိမ့်မယ်။ ဒါပေမဲ့ အဘိုးအိုကတော့ ဒါတွေဟာ မင်းရဲ့ "ကိုယ်စားပြု" နာမည်နဲ့ အလုပ်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းအလုပ်ပြောင်းသွားရင် ဒါမှမဟုတ် နာမည်ပြောင်းလိုက်ရင် မင်းဆိုတဲ့ဖြစ်တည်မှုက ပျောက်ကွယ်သွားမှာလား? မဟုတ်ပါဘူး။ ငါတို့ရဲ့ ခန္ဓာကိုယ်၊ အေတွးအခေါ်နဲ့ ခံစားချက်တွေဟာ အမြဲပြောင်းလဲနေတဲ့ အပြင်ပန်းအလွှာတွေသာ ဖြစ်ပြီး စစ်မှန်တဲ့ 'ငါ' မဟုတ်သေးပါဘူး။ ၃။ ကိုယ့်ကိုယ်ကိုယ် 'တရားခံ' လို့ မသတ်မှတ်ပါနဲ့ ဘဝမှာ ကံမကောင်းတာတွေ ကြုံရတဲ့အခါ "ငါကတော့ ကံဆိုးတဲ့သူပဲ၊ ငါ့ကိုပဲ အမြဲနှိပ်စက်ကြတယ်" ဆိုပြီး Victim (တရားခံ) တစ်ယောက်လို တွေးတတ်ကြပါတယ်။ ဒီလိုတွေးနေသရွေ့ ငါတို့ဟာ ကိုယ့်ဘဝကို ကိုယ်တိုင်မပိုင်ဘဲ သူတပါးရဲ့ လုပ်ရပ်တွေအပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ ဒါဟာ စစ်မှန်တဲ့ 'ငါ' မဟုတ်ဘဲ ကိုယ့်ရဲ့ ခံယူချက်တစ်ခုသာ ဖြစ်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ ၄။ အတွေးတွေကို ရပ်တန့်ကြည့်ပါ ငါတို့ရဲ့ ဦးနှောက်ဟာ တစ်ချိန်လုံး တစ်ခုခုကို တွေးတောနေပြီး ရပ်တန့်ဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအတွေးတွေနောက်ကို တကောက်ကောက် လိုက်မနေဘဲ ကိုယ့်ရဲ့အတွေးတွေကို ဘေးကနေ ပြန်ကြည့်နိုင်တဲ့ "ကြည့်ရှုသူ" ဖြစ်အောင် ကြိုးစားကြည့်ပါ။ အဲဒီအခါမှာမှ စိတ်ရဲ့ တည်ငြိမ်မှုကို စတင်ခံစားရမှာ ဖြစ်ပါတယ်။ ၅။ ဆင်းရဲဒုက္ခရဲ့ အရင်းအမြစ် လူတွေမှာ ဆင်းရဲဒုက္ခဖြစ်ရတာဟာ "ကိုယ့်ကိုယ်ကိုယ် သေသေချာချာ မသိလို့" ဖြစ်ပါတယ်။ ကိုယ်နဲ့ မသက်ဆိုင်တဲ့ အရာတွေနောက်ကို မျက်စိမှိတ် လိုက်နေကြလို့ စိတ်ပင်ပန်းနေကြတာပါ။ အပြင်လောကမှာ ရှာဖွေနေတဲ့ ပျော်ရွှင်မှုတွေဟာ ခဏတာဖြစ်ပြီး ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အတွင်းစိတ်ကို နားလည်ပြီး စစ်မှန်တဲ့ 'ငါ' နဲ့ တွေ့ဆုံနိုင်ပြီဆိုရင်တော့ ဘယ်လိုအခြေအနေမျိုးမှာမဆို တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အနှစ်ချူပ်လေးကို သဘောကျရင် သူငယ်ချင်းတွေဆီ Sharing လုပ်ခဲ့ပေးပါအူံးနော် #shinemyatthu #freebooklibrary

Read Me
1 161
ငါ ဘာဖြစ်ရမယ် ညာဖြစ်ရမယ်ဆိုပြီး အတွေးတွေနဲ့ဘဲ စိတ်ကူးယဉ်နေလို့ ဖြစ်မလာဘူး တကယ်တမ်း အိမ်မက်တွေကို ပုံဖော်ပေးတာက လက်တွေ့လက်ဆောင်မှုဘဲ စိတ်စွမ်းအားတန်ခိုးတွေက တန်ဖိုးကြီးတာမှန်ပါတယ် သို့သော် လက်တွေ့လုပ်ဆောင်မှုကသာ ပိုပြီး ကိုယ့်ဘ၀ကို ပုံဖော်ပေးမှာပါ

Read Me
1 161
​"ပျောက်ဆုံးနေတဲ့ 'ငါ' ကို ပြန်ရှာခြင်း" ​ဒီနေ့ခေတ်မှာ ငါတို့တွေဟာ အောင်မြင်မှု၊ လူမှုရေးနဲ့ စည်းစိမ်ဥစ္စာတွေနောက်ကို အပြေးအလ
​"ပျောက်ဆုံးနေတဲ့ 'ငါ' ကို ပြန်ရှာခြင်း" ​ဒီနေ့ခေတ်မှာ ငါတို့တွေဟာ အောင်မြင်မှု၊ လူမှုရေးနဲ့ စည်းစိမ်ဥစ္စာတွေနောက်ကို အပြေးအလွှား လိုက်နေကြရင်း တကယ့်စစ်မှန်တဲ့ ပျော်ရွှင်မှုကို ဘယ်မှာရှာရမှန်း မသိဖြစ်နေတတ်ကြပါတယ်။ "စစ်မှန်သော မိမိနှင့် တွေ့ဆုံခြင်း" (Meeting Your Unknown Self) ဆိုတဲ့ စာအုပ်ဟာ စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရတဲ့ ခုခေတ်လူငယ်တွေအတွက် တကယ့်ကို အဖိုးတန်တဲ့ လမ်းပြမြေပုံတစ်ခု ဖြစ်လို့ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် "စစ်မှန်သော မိမိနှင့် တွေ့ဆုံခြင်း" (Meeting Your Unknown Self) #freebooklibrary #shinemyatthu #viarlbook

Read Me
1 161
မတ် (March) လမှာ ပိုက်ဆံအိတ်ထဲ ငွေတွေ ထည့်မဆံ့တဲ့ ပြသနာ ကြုံချင်တယ်။ အဲ့ဒီပြသနာကလွဲရင် ဘာပြသနာမှ မဖြစ်ချင်ပါ....👌💰