fa
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

رفتن به کانال در Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

نمایش بیشتر
ميانمار33 215دسته بندی مشخص نشده است
315
مشترکین
-124 ساعت
-67 روز
-2230 روز
آرشیو پست ها
‎မောင် ‎(၇) ‎ ‎မောင့်ကိုမချစ်ဘူး လို့ စတဲ့အခါ ‎ရှုသိုးသိုးမျက်နှာနဲ့ မောင်ဟာ ‎သိက္ခာကြီးတဲ့ အဘိုးကြီးပေါက်စလေးလို ‎ဟော . . ‎မောင် ခိုးငိုပြန်ပါပြီ။ ‎မောင့်အပေါ် ကျွန်မရွာချသမျှ ‎မျက်စောင်းတွေထဲ အမုန်းမပါဘဲ ‎အချွဲတွေပဲပါတာ မောင်မှ မသိတတ်ဘဲ။ ‎ ‎"သံသရာဟာ ရှည်လျား ‎ဖန်တရာရာဝေဝါး ‎ကြံကာမနေမနား တွေးလိုက်တော့ ‎မောင်သာလျှင်အရှင်ဘုရားပါ"တဲ့ ‎ဟောကြည့် . .ကောက်နေရာကနေ ‎မောင်ပြန်ပြုံးသွားပါပြီ။ ‎လှလိုက်တဲ့နေခြည်ကွာ ‎ဟိုဘက်မှာ ပန်းတွေတောင်ပွင့်ကုန်ပြီ။ ‎ ‎ ‎-မြတ်နွယ် ‎

ဒီလမ်းကို‌တစ်ယောက်တည်း လျှောက်နေခဲ့တာကြာပါပြီ အရင်ကဆိုနှစ်ယောက်အတူတူလျှောက်ခဲ့ပင်မဲ့ အခုကျ စူးတွေပဲခင်းထားတာလား အဆိပ်တွေခင်းထားတာလားတော့ ကိုယ်တိုင်ကပဲလေးလံနေသလားပဲ ထင်ယောင်ထင်မှားတွေ သိပ်ဖြစ်တာပဲအချစ်ရယ်။ -နေကြာဖြူ

ဒီချန်နယ်ကအုံနာနဲ့ အက်မင်တွေကို သောက်ပေါတောတောတွေလို့ထင်နေတယ်မလား ထင်တဲ့အတိုင်းပဲ။

Reaction မပေးရင် ရည်းစားမရ စော်ရှိစော်ပြတ် ဘဲရှိဘဲပြတ် ပိုက်ဆံပါပြတ် လင်ပါမရ မိန်းမ မရ။

ဆံပင်ကိုအတိုထားရမလား အရှည်ထားရမလားဆိုတာကို တွေဝေနေတဲ့ကောင်လေးပါ ဘယ်သူ့ဆီကမှအကြံဉာဏ်မလိုချင်ပင်မဲ့ မင်းရဲ့ ဆံပင်ရှည်ထားရင်မလိုက်ဘူးလို့ပြောတာကိုတော့ အမှတ်ရနေသေးပါတယ်။ ဆေးလိပ်တော့သောက်ဖြစ်သေးတယ် မင်းနဲ့ဆေးလိပ်ကို ဘလိုဖြတ်ရမလဲဆိုတာ အခုထိမသိသေးသလို တွေးလဲမတွေးရသေးဘူး။ - နေကြာဖြူ

ရှုပ်ထွေးလှတဲ့ လောကထဲ ကျွန်မရွေးပြီး ရစ်မိတဲ့ နွယ်တစ်ပင်ဟာ ကိုကိုတဲ့ -မြတ်နွယ်
ရှုပ်ထွေးလှတဲ့ လောကထဲ ကျွန်မရွေးပြီး ရစ်မိတဲ့ နွယ်တစ်ပင်ဟာ ကိုကိုတဲ့ -မြတ်နွယ်

အုံနာပျင်းနေလို့ပါ

پیام صوتی00:13

-လီရိုနယ်ဆန်

လေနှင်ရာလွင့်တဲ့ လေလွင့်ရွက်ဝါလေး တစ်ရွက်ကို ငါ့အတွက် ရောက်လာတဲ့ ကံကောင်းခြင်းလေးလိုမျိုး တန်ဖိုးထားပေးခဲ့ပါတယ်...။ -အံ့လွန်းပျို

ကောင်မလေးကိုထုတ်မပြသေးဘူး သူ့ကောင်လေးနဲ့မပြတ်သေးလို့။

پیام صوتی00:07

پیام صوتی00:14

ဒီနေ့ မသွားချင်ဆုံးနေရာမှာ မဆိုချင်ဆုံးသီချင်းကိုဆိုခဲ့တယ် ဘယ်နေရာနဲ့ ဘာသီချင်းဖြစ်မလဲ။ -အုံနာ

ညတိုင်းလမင်းကို နားပူနားဆာလုပ်ဖြစ်တယ် သူလည်း ကျွန်တော့်ကိုလွမ်းနေလားဆိုပြီး -မြတ်နွယ်
ညတိုင်းလမင်းကို နားပူနားဆာလုပ်ဖြစ်တယ် သူလည်း ကျွန်တော့်ကိုလွမ်းနေလားဆိုပြီး -မြတ်နွယ်

လူတိုင်းဟာ မခွဲခွာချင်ပဲလည်း ခွဲခွာရတာတွေရှိတယ်။ အနာဂါတ်အကြောင်းပြောရင်း အတိတ်တွေကို ပြန်တွေးရင်း ခွဲခွာသွားရသူတွေလည်း ရှိတယ်
လူတိုင်းဟာ မခွဲခွာချင်ပဲလည်း ခွဲခွာရတာတွေရှိတယ်။ အနာဂါတ်အကြောင်းပြောရင်း အတိတ်တွေကို ပြန်တွေးရင်း ခွဲခွာသွားရသူတွေလည်း ရှိတယ်။ ချစ်တဲ့ လူနဲ့လည်း ခွဲရသလို မုန်းတဲ့ လူနဲ့လည်း ခွဲကြရပါတယ်။ မေရဲ့ အုတ်ဂူလေးမှာ ထီးမိုးပေးချင်တဲ့ အတိတ်က မောင်ကတော့ ထာဝရခွဲခွာသွားပြီ။ မိုးလည်း တကယ်မနိုးတော့သလို ပန်းကလေးတွေထက်လည်း ဆွေဆွေပိုလှတယ်လို့ သီဆိုသူဟာ မရှိတော့ဘူး။ ‌သေသွားသူတိုင်းဟာ နာမည်မကျန်ခဲ့ကြပါဘူး ဒါပေမဲ့ မေ့ရဲ့ မောင်ကတော့ ထာဝရမနိုးတော့မဲ့ မိုးထဲ နာမည်ကျန်နေရစ်ခဲ့တယ်။ အတိတ်တွေဟာ လှပခဲ့သလား မလှပခဲ့သလား မသေချာပေမဲ့ တစ်သက်လုံးတော့ သတိရနေမှာသေချာပါတယ်။ - လိပ်ပြာ - အမှတ်ရခြင်းကဗျာ ၂၄ရက်၊ ၈လ၊ ၂၀၂၆ [ ၉နာရီ ၄၂မိနစ် မနက် ]

မောင် ‎(၂) ‎ ‎နိဗ္ဗာန ပစ္စယောဟောတု ဖို့ကျွန်မကတော့ ‎မဂ္ဂင်လှေကားက တက်စရာမလို ‎မောင့်မျက်ဝန်းတွေကနေ စ ခြေလှမ်းမယ်။ ‎အဘွားခေါက်တဲ့ကြေးစည်သံထက် ‎မောင်ရွတ်ပြတဲ့ ကဗျာသံဟာ ‎ပိုနားဝင်ချိုတယ်ဆို ကျွန်မငရဲကြီးသွားမလား။ ‎မောင့်ကိုချစ်လို့ကျတဲ့ငရဲက ဘယ်လောက်ရှည်မလဲ။ ‎တစ်သံသရာစာ ကျွန်မ ချစ်မယ်။ ‎ ‎ ‎ ‎-မြတ်နွယ် ‎

ဗုဒ္ဓဟူးနံထောင့်မှာ ပန်းတွေလှူမယ် ဗုဒ္ဓဟူးနံထောင့်မှာ ပန်းတွေလှူမယ် အသက် ပြီးရင် မင်းနဲ့ ပေါင်းဖက်ရဖို့ ငါဆုတောင်းမယ်။ ဒီဘဝ မရတော့လည်း နောင်ဘဝကြ ဒီဆုတောင်းလေး ပြည့်ချင် ပြည့်လာနိုင်ပါတယ်။ မျှော်လင့်ချက်သေးသေးလေးနဲ့ ဗုဒ္ဓဟူးနံထောင့်မှာ နှင်းဆီဖြူတွေ ငါလှူခဲ့တယ် အသက်။ နောင်ဘဝကြ ဒီဆုတောင်းလေး ပြည့်ချင်တယ်.. ဖြည့်ချင်တယ်။ နေဝင်ချိန်တွေ.. နေထွက်ချိန်တွေမှာ အတူတူရှိနေချင်တဲ့ စိတ်တွေကို မြိုသိပ်ရင်း... မြိုသိပ်ရင်း..... အဲ့တစ်ယောက်နဲ့ မင်းတို့လက်ချင်း ချိတ်ထားပုံတွေကို မြင်ယောင်လာတယ်။ အသက်ဟာ ရက်စက်တယ်.. ဖြည်းဖြည်းချင်း ငါ့ကိုသတ်တယ်။ ဒါပေမဲ့... ဗုဒ္ဓဟူးနံထောင့်မှာ ပန်းတွေလှူမယ် အသက် ပြီးရင် မင်းနဲ့ ပေါင်းဖက်ရဖို့ ငါဆုတောင်းမယ်။ နောင်ဘဝကြ ဒီဆုတောင်းလေး ပြည့်ချင်တယ်.. ဖြည့်ချင်တယ်။ ချစ်တဲ့စိတ်တွေ... ပိုင်ဆိုင်လိုစိတ်တွေ... အတ္တတွေ.. မာနတွေ... ငါအကုန်လုံးကို မြိုသိပ်ရင်း နောက်ဘဝကို စောင့်နေတယ် အသက်။ ဗုဒ္ဓဟူးနံထောင့်မှာတော့ နှင်းဆီဖြူတွေလှူခဲ့ပါတယ် မင်းအတွက်ပေါ့။
ရေးသားသူ - မြတ်မော်
ရွတ်ဖတ်သူ - လိပ်ပြာ

About You - The 1975.m4a5.42 MB

အံ့ဩစရာကြီးပါလား အခုချိန်ထိရည်းစားမရှိတာ။