fa
Feedback
မင်းရဲကျော်စွာ

မင်းရဲကျော်စွာ

رفتن به کانال در Telegram

Truth, Constructive, Update

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
1 180
مشترکین
-124 ساعت
-107 روز
+230 روز
آرشیو پست ها
ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်သူ အား Facebook တွင် Zayar Tun အမည်ဖြင့်လည်းကောင်း Tiktok လူမှုကွန်ရက်စာမျက်နှာတွင် ARNO အမည်ဖြင့် အသုံးပြု၍လည်းကောင်း AI ဖြင့် အသံဖိုင်ဖွင့် စခန်းမှူး၏ ဓာတ်ပုံကို အသုံးပြုကာ ပုဂ္ဂိုလ်ရေးဆန်ဆန် လုပ်ကြံသတင်းဖြန့်ဝေမှုကို ပြည်ဖျက်မီဒီယာများက ကူယူဖော်ပြမှုများပြုလုပ်ထားသဖြင့် ပျံ့နှံ့လျှက်သည်။ Facebook တွင် Zayar Tun အမည်ဖြင့် အသုံးပြုနေသည်မှာ စခန်းမှူး ရဲအုပ်ဇော်သူ နှင့် ပတ်သက်သည့် ပို့စ်ကို ဖော်ပြနိုင်ရန်ဖွင့်လှစ်ထားပြီး တောင်ကြီး၊ ရွှေညောင် facebook group များတွင် ပျံ့နှံ့အောင် ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ AI ဖြင့် ပြုလုပ်ထားသည့် အသံဖိုင်တွင်  ရပ်စောက်ဘက်မှ လာသည့် မှောင်ခိုကုန်ကားများထံမှ စနစ်တကျ ဆက်ကြေးကောက်ယူနေကြောင်း၊ သူ့ကိုယ်စား ပိုက်ဆံရှာပေးနေသည့် တပည့်ဖြစ်သူ ရခိုင်သို့ ပြောင်းမိန့်ကျလာစဉ် အခြားရဲဘော်တစ်ဦးအား အစားထိုးပြောင်းရွှေ့ခံရအောင် ငွေကျပ် သိန်း (၂၀) ဖြင့် လာဘ်ထိုး ဆောင်ရွက်ခဲ့ကြောင်း၊ မပြောင်းဘဲ ကျန်ခဲ့သည့် ဒုတပ်ကြပ် ထွန်းထွန်းဝင်းအား တောင်နီနယ်ထိန်းအဖြစ် တာဝန်ပေးကာ ရပ်စောက်-ရွှေညောင် လမ်းပိုင်းရှိ မှောင်ခိုကုန်ကားများထံမှ ဆက်ကြေးငွေ တောင်းခံခိုင်းနေခြင်း ဖြစ်ကြောင်း၊ မှောင်ခိုကုန်သည်များသည် ရဲအုပ်ဇော်သူ အဖွဲ့ထံ ကြိုတင် လိုင်းကြေး ပေးသွင်းရပြီး ပိုက်ဆံ မပေးသည့် ကားများကိုသာ ဖမ်းဆီးလေ့ရှိကြောင်း ဖြင့် ရည်ရွယ်ချက်ရှိရှိ ပုဂ္ဂိုလ်ရေးဆန်သည့် ဖော်ပြချက်ကို တွေ့ရသည်။ Facebook, tiktok မှ ဖော်ပြထားသူ၏ လုပ်ရပ်နှင့် ပတ်သက်၍ မှတ်ချက်ပေးသူတချို့လည်း စခန်းမှူးအနေဖြင့် ထိုသို့ လုပ်ဆောင်ခြင်းမရှိကြောင်း တုန့်ပြန်ထားသည်ကို တွေ့ရသည်။ ARNO ဖော်ပြထားသည့် AI အသံဖိုင်တွင် မှတ်ချက်ပေးထားသူများက -  Gomiu - နယ်မြေစခန်းမှူး လက်အောက်တဖဝများအား ပြောင်းရွှေ့ခွင့်မရှိပါ အာနိုးတင်တာတွေမှားနေတယ်၊  ဇွန်ပြည့်ဆုန်ဖြိုး - ရွှေညောင်ရဲစခန်းမှာ နေလာတာ ၃နှစ်ကျော်နေပါပြီ စခန်းမှူးရဲအုပ်ဇော်သူက အောက်ကတပ်ဖွဲ့ဝင်တွေ အပေါ် အရမ်းကောင်းတဲ့ သူတယောက်ပါ ဒီနယ်မြေ က လူတေလဲ သိပါတယ် ရဲအုပ်အဆင့်က မိမိသဘောအလျောက် ပြောင်းရွှေ့ခွင့်မရှိပါဘူး မဟုတ် တဲ့သတင်းတွေ မတင်ကြပါနဲ့။  နန်းခိုင်ခိုင်ဝေ offical9 - လူတစ်ယောက်ကိုရေးတော့မယ်ပြောတော့မယ်ဆိုရင် အကောင်းဖက်ကရေးစေပြောစေခြင်ပါ တယ်Admin... အကောင်းဆုံးရပ်တည်ပြီး ကိုယ့်နယ်မြေမှာ အမှုအခင်းကင်း ရှင်းအောင် လုပ်ခဲ့တာ ကြာခဲ့ပါပြီ ယခုတိုင်လည်းဆက်လက်လုပ်ကိုင်လျက် ရှိပါတယ်... မဟုတ်မမှန်သတင်းတွေကိုတင်ပြီး ကိုယ်.Followerတိုးရေးအတွက် သူများမိသားစုကို image ပျက်အောင် မလုပ်ပါနဲ့။ ဖြိုးမမ - မဟုတ်မမှန်သတင်းတွေမတင်စမ်းပါနဲ့ ငါတိုလဲ ဒီမြို့ မှာနေလာတာပါ စခန်းမှူးဆိုတာ ဒီလိုလူစားမဟုတ် ဘူး သတင်းအတိကျရေးပြီးတင်ပါ အဲ့လိုမဟုတ်မမှန်သတင်းတွေ တင်တော့ ကိုယ့် မိသားစု သူ့မိသားစု ကိုယ်ချင်းစားလေးတော့ထား သင့်တာပေါ့ တခြားသူ တွေလဲနစ်နာတယ် သူလဲ နစ်နာတယ်လေ သတင်းကို တိတိကျကျမှန်မှန်ကန် ကန် ရေးတင်သင့်ပါတယ် အရာအားလုံးသိချင်ရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ U Aung Ko Ko Naing - ဒဲ့ပဲပြောမယ်၊ အဲ့ကောင်လူမှန်င ါစကားပြောဖူးတယ် ကလိမ်ကကျစ်မဟုတ်တာ မတင်ပါနဲ့ကွာ ငါနယ်ခြားစောင့်တပ်က အဲ့ကောင်ငါမြင်ဖူးတယ် လူရိုးပါ ဟု တုန့်ပြန်ထားသည်များကို တွေ့ရသည်။

PDf ထဲ ဝင်ရောက်သတင်းယူခဲ့ သတင်းထောက်၏ ရှင်းလင်းတင်ပြချက် ဘာသာပြန် - ဒေါက်တာခင်ခင်ကျော့

၂၆-၇-၂၀၂၆ လက်နက်ကိုင်တော်လှန်ရေးက အခြေအနေမကောင်းတော့ဘူးဆိုတာ NUG က သဘောပေါက်လာပုံ ရသလို.. လက်အောက်က အဖွဲတွေလည်း တစ်ဖွဲချင်းစီအလိုက် အချိန်တန်ရင် ဆုံးဖြတ်လာကြလိမ့်မယ်လို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်မိုးဝင်းရဲ့ သုံးသပ်ပြောကြားချက်။

Game တော့ ဂိမ်းပဲ..... ဒါပေမယ့် လူ့အသက်ပေါင်းများစွာကို သတ်နေတဲ့ဂိမ်းပေါ့ဗျာ..... ဒီဂိမ်းကနေ အကြမ်းဖက်အဖွဲ့တွေဆီကို တရားမဝင်ငွေကြေးတွေစီးဆင်းနေတာဖြစ်ပါတယ်... ဒီငွေကြေးတွေကနေတစ်ဆင့် အကြမ်းဖက်လုပ်ငန်းတွေ ဖြစ်ပေါ်လာတာဆိုရင်လည်းမမှားပါဘူး... ဒါကြောင့် ဂိမ်းလေးဆော့တာ ဘာမှမဖြစ်ပါဘူးလို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်.... မင်းရဲကျော်စွာ

ဒီမောဆိုမြို့ပေါ်မှာရှိတဲ့ စိုက်သိပ္ပံကျောင်းကို တိုက်ခိုကက်ဖို့လာတဲ့ အကြမ်းဖက် ကယား PDF အဖွဲ့ရဲ့ ဒရုန်းတစ်စီးကို လုံခြုံရေးအ
+2
ဒီမောဆိုမြို့ပေါ်မှာရှိတဲ့ စိုက်သိပ္ပံကျောင်းကို တိုက်ခိုကက်ဖို့လာတဲ့ အကြမ်းဖက် ကယား PDF အဖွဲ့ရဲ့ ဒရုန်းတစ်စီးကို လုံခြုံရေးအဖွဲ့က အောင်မြင်စွာ ပစ်ချဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ပါတယ်.....

ဘန်ကောက်ရထားပေါ် ရိုင်းပျခဲ့သည့် အီတလီကျောင်းသားအဖွဲ ဒဏ်ငွေဆောင်ပြီး ပြန်တောင်းပန် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြိုရှိ BTS Skytra
+5
ဘန်ကောက်ရထားပေါ် ရိုင်းပျခဲ့သည့် အီတလီကျောင်းသားအဖွဲ ဒဏ်ငွေဆောင်ပြီး ပြန်တောင်းပန် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြိုရှိ BTS Skytrain ရထားပေါ်တွင် ရိုင်းစိုင်းသည့်အပြုအမူများကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် အီတလီကျောင်းသားကျောင်းသူငါးဦးအဖွဲနှင့် ၎င်းတို၏ ကြီးကြပ်သူတို ဇူလိုင် ၂၅ ရက်က ရဲစခန်းသိုရောက်လာကာ ထိုင်းအမျိုးသမီး Sugus ဆိုသူကို တောင်းပန်ခဲ့သည်။ ထိုအမှုတွင် ရဲတပ်ဖွဲက ကျောင်းသားအဖွဲကို ဒဏ်ငွေချမှတ်ခဲ့ပြီး နှစ်ဖက်စလုံး အပြန်အလှန် တရားစွဲဆိုမှုများ ဆက်မလုပ်ဘဲ အမှုပိတ်ရန် သဘောတူခဲ့ကြသည်။ BTS ရထားပေါ်တွင် အီတလီကျောင်းသားအဖွဲက ကျယ်လောင်စွာပြောဆိုပြီး မသင့်လျော်သည့် အပြုအမူများ ပြုလုပ်နေစဉ် ထိုင်းအမျိုးသမီးက ယဉ်ကျေးစွာ သတိပေးခဲ့ရာမှ ပြဿနာဖြစ်ခဲ့ကြသည်။ ကျောင်းသားတစ်ဦးက ထိုင်းအမျိုးသမီးကို ရိုင်းစိုင်းစွာ ပြန်ပြောသည့်အပြင် လက်ခလယ်ပါ ထောင်ပြခဲ့သည်။

AAအာရက္ခပြည်နယ် AAဒုက္ခိတပြည်နယ် AAပေါင်တိုထွန်းမြတ်နိုင်၊AAပေကလပ်ခေါသုခ၊AAမျက်ကန်းညိုထွန်းအောင်တို့လက်အောက်မှာတိုက်တာ၊ကွန်ဒိ
AAအာရက္ခပြည်နယ် AAဒုက္ခိတပြည်နယ် AAပေါင်တိုထွန်းမြတ်နိုင်၊AAပေကလပ်ခေါသုခ၊AAမျက်ကန်းညိုထွန်းအောင်တို့လက်အောက်မှာတိုက်တာ၊ကွန်ဒိုတွေနဲ့စီးပွါးရေးတွေတဟုန်ထိုးဖွံ့ဖြိုးစည်ကားသိုက်မြိုက်နေပြီ။ ဒီလောက်ထိပျော်စရာကောင်း၊လွတ်မြောက်နေတာကိုNUGတွေအခြေချဌာနချုပ်မလုပ်ကြဘူးနော်။လိုင်ဇာမှာချည်းနေကြတုန်းဆိတ်ဓါတ်ဘဲ😂😂 ဝွန့်.. နေပြည်တော်

ထိုင်းတောင်ပိုင်း အကြမ်းဖက်ပစ်ခတ်မှု တရားခံလေးဦး ပုံနှင့်အမည်များ ထုတ်ပြန် BRN အဖွဲဝင်လေးဦးသည် နရသီဝပ်ပြည်နယ်၊ သီရိစခွန်ခရို
ထိုင်းတောင်ပိုင်း အကြမ်းဖက်ပစ်ခတ်မှု တရားခံလေးဦး ပုံနှင့်အမည်များ ထုတ်ပြန် BRN အဖွဲဝင်လေးဦးသည် နရသီဝပ်ပြည်နယ်၊ သီရိစခွန်ခရိုင်ရှိ မိုတေးတောင်တန်းသို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ၎င်းတိုသည် BRN ၏ ဟာရီမောအုပ်စုမှ ဖြစ်သည်။ လက်ရှိတွင် အထူးတပ်ဖွဲများသည် ၎င်းတိုကို လိုက်လံရှာဖွေနေကြသည်။ - လိုအပ်သော မည်သည့်နည်းလမ်းဖြင့်မဆို ဖမ်းဆီးရမည်။ အိမ်တိုင်းနှင့် ရွာတိုင်းကို ရှာဖွေရန် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတစ်ခု လုပ်ဆောင်နေသည်။ ရဟတ်ယာဉ်များသည် ထိုဒေသတွင် ကင်းလှည့်နေကြသည်။ အဖွဲဝင်လေးဦးသည် လက်ရှိတွင် မိုတေးတောင်တန်းတွင် ရှိနေကြသည်။ - လေးဦး၏ အမည်များ- ၁။ မစ္စတာ မာဆာဖီ တီမို ၂။ မစ္စတာ အဗ္ဗဒူလာ မာဆေး ၃။ မစ္စတာ အီဆာရာ-အယ်လ် ချီဝေ ၄။ မစ္စတာ အဇီဇွန် မာဒေးတိုဟု ထုတ်ပြန်ထားသည်။

ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြိုနယ်၊အမြန်လမ်းအနောက်ခြမ်း ဧရိယာ ၊ ဆည်အောင်ရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစ
+1
ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြိုနယ်၊အမြန်လမ်းအနောက်ခြမ်း ဧရိယာ ၊ ဆည်အောင်ရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးမင်း နှင့် ၎င်း၏ ညီဖြစ်သူတိုကို အကြမ်းဖက် PDF က နေအိမ်အတွင်း ဝင်းရောက်ပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် ဓါးဖြင့် ခုတ်ထစ်ခဲ့သည်။

နိုင်ငံတကာထူးခြားသတင်းမှာ - အီရန် ကို တရုပ် နှင့် ရုရှားက စစ်လက်နက်ပစ္စည်းများ မ​ထောက်ပံ့ရန် ဂတိ​ပေးထားမှု တည် မည်ထင်​ကြောင်း ထရန့် ၏ ​ပြောကြားချက်ကို ပူတင် က မိမိတိုအီရန်ကို မ​ပေးပါ ​နေတိုးနှင့် ကန် ကသာ ယူကရိမ်း ကို အလုံးစုံ​ထောက်ပံ့​နေသည်ဟု တုန့်ပြန်လိုက်သည်။ ထိုင်း CID က တွန်ဘူရီ ရှိစက်ရုံတစ်ခုအတွင်း နက်စ်က​ဖေး ၊ အိုဗာတင်း ၊ ဆပ်ပြာမှု အတု များ ဘတ် ၂.၆ သန်းဘိုးနှင့် လူ ၄ ​ယောက်ဖမ်းမိသည်။ ထိုင်းနိုင်ငံ ဟွန်သာပူရီ ရှိ တရုပ်လုပ်ငန်းရှင်မှ နှစ်ပြတ်ငှားပြီး ဒုစရိုက်မှုမျိုးစုံလုပ်​နေ​သော ဟိုတယ်တစ်ခုကိုဝင်ဖမ်းရာ မြန်မာ ၄၀ ပါဝင်သည်။ တရုပ်တက္ကသိုလ်များ၌ ပညာရပ်ဆိုင်ရာဘွဲအတွက် ဘာသာရပ် အသစ် ၃၈ ခုပြဌာန်းလိုက်ပြီး ဦး​ဏှောက်ကွန်ပြူတာ Brain & Conputer Science Teg ဘွဲ ၊ ​မြေရှားသတ္တုဘာသာရပ် Real Earth Mining Engineer ဘွဲ ၊ စိုက်ပျိုး​ရေးဆိုင်ရာစက်ရုပ်ပညာဘွဲ Robot Agri ဘွဲ ၊ အနုဇီဝဆဲလ် Bio Micro Cell ဘာသာရပ် စသည်တိုပါဝင်သည်။ မုန်တိုင်းမျက်စိ အရှိန် ၁၀၁ မိုင်နှုးရှိသည့် တိုင်ဖုန်းမုန်တိုင်း " နယူး " တရုပ်​တောင်ပိုင်းကမ်း​ခြေသိုဝင်​ရောက်​နေ၍ ​ဟောင်​ကောင် ၊ ပင်းဟိုင် တဝိုက်မှ လူ ၃ သိန်း​ကျော်​ရွှေ့​ပြောင်း​ပေးထားသည်။ အ​မေရိကန်နိုင်ငံသားကခိုးယူခဲ့​သော ပါပူအာ ​ဒေသ ​ရှေး​ဟောင်းပစ္စည်းများကို အ​မေရိကန် FBI ညွှန်မှုး ကပ်ရှ်ပ​တေး က ဂျကာတာတွင် အင်ဒိုနီးရှားယဥ်​ကျေးမှုဝန်ကြီး ဖာ့ကလီးဇွန် ထံ ပြန်​ပေးသည်။ ပြည်တွင်းထူးခြားသတင်းမှာ - ​နေပြည်​တော် မ​ကွေး ကံပြားလမ်း​ပေါ် အင်အား ၃၀ ရှိ ​ရွှေပန်း ရဲစခန်းနှင့် ဂိတ် PDF အင်အား ၁၀၀ ​ကျော်ဖြင့် မနက် ၃ နာရီဝင်တိုက် ၊ စခန်းကျ ၊ ​သေနပ် ၆ လက်ပါသွားသည်။ ဦးပိုင် မှ ​​ပြေးဆွဲ​နေ​သော ​တော်ဝင်ယဥ်လိုင်း ​ကျောက်ပန်း​တောင်း ​ဂွေးချို မ​ကွေး လမ်းပိုင်း ​ဂွေးပင်ရွာအနီး PDF ဖမ်း​ခေါ် သွား ၊ ခရီးသည် ၅ ဦးနှင့် ကားပြန်​တွေ့ ၊ ဒရိုင်ဘာ နှင့် စပါယ်ယာ ကို​ ပြန်​ပေးဆွဲ ၊ ငွေဖြင့်လာ​ရွေးရန် ဖုံးဆက်သည်။ နတ်​ရေကန်ဗျူဟာ သို စစ်ကား ၇၀ ဖြင့် အင်အား​ထောင်ချီ စစ်ကူ​ရောက်လာသည်။ ပုဏ္ဏားကျွန်းတွင်အသက် ၂၀ အရွယ်ရခိုင်မိန်းမပျိုကို လက်ထိတ်ခတ် မဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ AA တပ်သား ၃ ဦးကို ရခိုင်လူထု၏​တောင်းဆိုချက်အရ AA ပြန်ဖမ်းသည်။ မြစ်ကြီးနားတွင်အသက် ၂၁ နှစ်အရွယ်မိန်းမပျိုကို ပစ္စည်းယူ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ ၃ ဦးအား ​ထောင်ဒဏ် အနှစ် ၁၄၀ စီချသည်။ ကရင်ပြည်နယ် လိုင်းဘွဲ မြိုနယ် ရှမ်းရွာ ​ကျောင်းကြီး​ကျောင်းဆရာ​တော် စျာပန ​လောင်တိုက်ပြသာဒ် နှင့် ဓါတ်ကြိုးညှိ ၊ ၂ ဦး​သေ ၇ ဦးသတိလစ်​ဆေးရုံ​ရောက်သည်။ ခရီးသည်မတင်ဘဲ စက်ရုံဖယ်ရီဆွဲ​နေ​သော YBS ၁၀ စီး CNG ပိတ်သည်။ ​လှော်ကား​ရေတွန်းစက်ရုံ ထရန်စ​ဖော်မာ ​လောင်၍ ရန်ကုန် ၁၆ မြိုနယ် ​ရေပြတ်မည်။

+5
July -27- Global New Light of Myanmar.pdf4.47 MB

ဇူလိုင်လ၂၆ ရက်မနက်ပိုင်းက အကြမ်းဖက် KIA အဖွဲ့ဟာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ခွန်ဆာကုန်း ကားကြီးကွင်းအနားမှာ မိုင်းဆ
ဇူလိုင်လ၂၆ ရက်မနက်ပိုင်းက အကြမ်းဖက် KIA အဖွဲ့ဟာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ခွန်ဆာကုန်း ကားကြီးကွင်းအနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးကား၂ စီးပျက်စီးသွားတယ်လို့ သိရပါတယ်... အကြမ်းဖက် KIA အဖွဲ့ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်လေးတစ်ခုပေါ့ဗျာ။

သည်းခံနိုင်စွမ်းတော့ ကုန်သွားပြီနဲ့တူတယ်..... ကောင်းတယ် ဒါမှ ရခိုင်လူမျိုးတွေ လူလိုသူလိုနေရမှာ.... ချချ အားပေးတယ်...
သည်းခံနိုင်စွမ်းတော့ ကုန်သွားပြီနဲ့တူတယ်..... ကောင်းတယ် ဒါမှ ရခိုင်လူမျိုးတွေ လူလိုသူလိုနေရမှာ.... ချချ အားပေးတယ်...

အင်တာနက်ဝန်ဆောင်မှု ပျက်ကွက်ပါက ဥပဒေအရ အရေးယူမည် NOM၊ဇူလိုင်၂၆၊၂၀၂၆ အင်တာနက်လိုင်း ပြတ်တောက်မှုများဖြစ်ပေါ်ပါက ပြင်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြားသော်လည်းလာရောက် ပြင်ဆင်ပေးခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဇူလိုင်၂၄ရက်ကပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့သည်။ လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးချမ်း၏ အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးထုတ်ပြန်ပေးရန်နှင့် စာချုပ်ပါ စွမ်းဆောင်ရည်ထက် ကျဆင်းနေသော ကုမ္ပဏီများကို မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းကို မေးမြန်ခဲ့ကြောင်းသိရသည်။ "အင်တာနက်အသုံးပြုသူများအနေနဲ့ အင်တာနက်လိုင်း ဝန်ဆောင်မှုရယူရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိတဲ့ ကုမ္ပဏီများနဲ့ ရယူအသုံးပြုရန်၊ အင်တာနက်လိုင်း ပြတ်တောက်မှုတွေဖြစ်ပေါ်ရင် ပြင်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီကို အကြောင်းကြားထားသော်လည်းလာရောက် ပြင်ဆင်ပေးခြင်းမရှိပါက ကုမ္ပဏီများထံမှ လျော်ကြေးငွေ သို့မဟုတ် အစားထိုးဝန်ဆောင်မှုပေးအပ်ရေး ညှိနှိုင်းတောင်းဆိုရန်၊ လိုက်နာဖြည့်ဆည်းမှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complaint@ptd.gov.mm email သို့လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါတယ်"ဟု ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဖြေကြားခဲ့သည်။ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကြောင့် အသုံးပြုသူများက ၎င်းတို့၏ဆုံးရှုံးနစ်နာမှုများအား တိုင်ကြားလာ လျှင်ဖြစ်စေ၊ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးတွေ့ရှိလျှင်ဖြစ်စေ ပြဋ္ဌာန်းထားသောဥပဒေများကို လိုက်နာဆောင်ရွက် ခြင်းမရှိကြောင်း ထင်ရှားပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၄၁ (က)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၅၂ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းဆိုင်ရာ အမိန့်များဖြစ်သည့် သတိပေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံး မှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း စသည့်နည်းလမ်းများဖြင့် အရေးယူကိုင်တွယ် ဆောင်ရွက်သွားမည်ဟုသိရသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့အထိ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်သော တိုင်ကြားလာမှု ၂၂၀၀ ရှိပြီး ၂၁၉၂ မှုကို ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျန်ရှိသော ရှစ်မှုအား ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ NOM

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ
+1
လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ

မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်အစီအစဉ် တစ်ခုအဖြစ် “တောင်တန်းမေတ္တာ၊ လေညင်းသစ္စာ” ခေါင်းစဉ်ဖြင့် ဈေး‌ရောင်းပွဲတော်ကို ရန်ကုန်မြို၊ Junction City Promotion Area တွင် ၂၇-၇-၂၀၂၆ မှ ၂၉-၇-၂၀၂၆ ရက်အထိ၊ နံနက်(၁၀)နာရီမှ ည(၈)နာရီအထိ ခင်းကျင်းပြသ ရောင်းချပေးမည်

နွေဦးအတို နွေဦးအပြတ် နွေဦးအကန်း နွေဦးထော့နဲ့။ နွေဦးရောင်နီတွေနဲ့အတူရာချီအခန်းပြည့်သိမ်းထားပါတယ်...လို့။ဒါတွေကိုNUGမြေအော
နွေဦးအတို နွေဦးအပြတ် နွေဦးအကန်း နွေဦးထော့နဲ့။ နွေဦးရောင်နီတွေနဲ့အတူရာချီအခန်းပြည့်သိမ်းထားပါတယ်...လို့။ဒါတွေကိုNUGမြေအောက်ဆေးရုံကြီးဆီပို့ဖို့ခရီးစရိတ်ကမရိှသေးပူးးး နေပြည်တော်

ဇူလိုင် ၂၆ တနင်္ဂ​နွေ မနက် USDP ပြည်​ထောင်စုနယ်​မြေ Bulletin ; နိုင်ငံတကာထူးခြားသတင်းမှာ - ထရန့် သည် ဘိုရင်း ကုမ္ပဏီအား ​ဒေါ်လာ ဘီလျံ ၂၀ တန်ကန်ထရိုက်ချ​ပေးပြီး F - 47 တိုက်​လေယာဥ် အသစ် များထုတ်လုပ်ရန်ခွင့်ပြုခဲ့သည် ၊ ၎င်း​လေယာဥ် ၁ စင်း ​ဒေါ်လာသန်း ၃၀၀ တန်မည်ဖြစ်ပြီး မိုင် ၁၀၀၀ တဆက်တည်းသွားနိုင်ကာ ဒရုန်းပဲ့ကိုင်စနစ်များ ပါဝင်မည်ဆို၏ ။ ကိဗ် အ​ရှေ့ပိုင်း ယူကရိမ်းဒရုန် ပြပွဲကျင်းပရာသို ရုရှား ဒုံးကျည် ၃ စင်း ကျ​ရောက်​ပေါက်ကွဲရာ ၁၀ ဦး​သေပြီး ၁၀၀ ​ကျော်ဒဏ်ရာရသည်။ ဗင်နီဇွဲလားသည် ​ရောမစာချုပ် နှင့် ICC မှနုတ်ထွက်​ကြောင်း ကုလ သိုအ​ကြောင်းကြားခဲ့ပြီး တရားမျှတမှု မရှိ၍ ဟု ယာယီသမ္မတ ရိုဒရီဂွက် က ​ပြောသည်။ ICC ​ရှေ့​နေချုပ် ဗြိတိန်နိုင်ငံသား ကာရင်ခမ်း သည် ၎င်း၏ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်၍ အ​ရေးယူခံရသည်။ အိန္ဒိယပညာ​ရေးဝန်ကြီးနုတ်ထွက်စာတင်သွား၍ ပိုးဟတ်က​လေးများဆန္ဒပြပွဲ ​အောင်ပွဲခံ ပြီးဆုံးသွားသည်။ ​တောင်တရုပ်ပင်လယ် အငြင်းပွား တာရိုဘို သန္တာ​ကျောက်တန်းအနီး သတင်းသမားများလိုက်လာ​သော သင်္ဘောကို တရုပ်​ရေတပ် က ​ရေပိုက်ဖြင့်ပက်၍​မောင်းထုတ်သည်။ ပြည်တွင်းထူးခြားသတင်းမှာ - ​ညောင်ဦးမြိုနယ် စည်ပင်သာရွာ အုပ်ချုပ်​ရေးမှုး ဦး​ကျော်နိုင်ဦး ၊ သက်လွင်ဦး ၊ ​ကျော်ဝင်းသူ ၊ ဦးမင်းထွန်းတို ၄ ဦး ​တောင်ဘီမ ရွာ ကုန်စုံဆိုင်​ရှေ့ ထိုင်စကား​ပြော​နေစဥ် PDF ၆ ဦး ဆိုင်ကယ် ၃ စီးဖြင့်လာပစ်၍ ၄ ဦး ​သေ ပြီး ဦး​အောင်မျိုးသက် ပါး ကျည်​ဖောက်ဝင်ဒဏ်ရာရခဲ့သည် ၊ ထိုပြင် ​ညောင်ဦးမြိုနယ် ​ထရိုင်​တောရွာအုပ်ချုပ်​ရေးမှုး ဦးဥဏ်ပို ( ၅၉ နှစ်) ရွာဦး​ကျောင်း၌ကုသိုလ်​ရေး​ဆောင်ရွက်​နေစဥ် PDF ဝင်လာ သတ် သည်။ မိတ္ထီလာမြိုနယ် ဆည်​အောင်ရွာ အုပ်ချုပ်​ရေးမှုး ဦးစိုးမင်း ( ၅၆ နှစ်) နှင့် ညီဖြစ်သူ ဦးကံစစ်မင်း ( ၅၄ နှစ်) တို ​နေအိမ်၌ရှိ​နေစဥ် PDF ၈ ဦး ၊ ဆိုင်ကယ် ၄ စီးဖြင့်လာသတ်သည်။ ယူနန်ပြည်နယ်အတွင်း အလုပ်လုပ်​နေ​သော မြန်မာ ၇၀၀ ​ကျော် တရုပ်ရဲဖမ်းပြီး ကိုးကန့်တပ်ကိုလွှသည် ၊ UWSA ဝ နယ်ပန်ဆန်း မှ မြန်မာ ၂၀၀ ​ကျော်နှင်ထုတ်သည် ၊ မန်း တိုင်း PDF တာဝန်ခံ ဝဏ္ဏ​အောင် ဇနီးနှင့်အတူ မိုင်းလားရှိ ဇိမ်ခံဟိုတည်တစ်ခု၌တည်း​နေစဥ် NDAA ကဖမ်းပြီး တပ် ကိုလွှသည် ။ မ​လေးရှားမှ ဖမ်းမိမြန်မာ ၅၀၀၀ ​ကျော် ပြန်လွှမည်။ SRS ​ကျောင်းသားတပ်​တော်က သူတိုအဖွဲကို ​မေ ၈ ရက်​နေ့က မင်းကင်းတွင်ဖမ်း၍ အတင်းအဓမ္မ NUG လက်​အောက်သွင်းခဲ့ခြင်း ပြန်ထွက်လိုက်ပြီဟု ဇူလိုင် ၂၄ က​ကြေငြာသည်။ ရန်ကုန် - ပြည် DEMU အမြန်ရထား ရန်ကုန်မှ ၅း၃၀ ထွက် ၊ ပြည် ၁၁း၃၀ ​ရောက် ၊ ပြည် မှ ၁၃၀၀ အချိန်ထွက် ၊ ရန်ကုန် ၁၉၀၀ အချိန်ပြန်​ရောက် ၊ အထက်တန်း ၂ တွဲ ၊ ၂၀၀၀၀ ကျပ် ၊ ပထမတန်း ၄ တွဲ ၊ ၁၅၀၀၀ ကျပ် ၊ ဒညင်းကုန်း ၊ သာယာဝတီ ၊ လက်ပန်တန်း ၊ မင်းလှ ၊ ကြိုပင်​ကောက် ၊ နတ္တလင်း ၊ ​ပေါင်းတည် ရပ်မည်။ လားရှိး ၊ ​ကျောက်မဲ ၊ ​သီ​ပေါ ၊ နောင်ချို တိုက်ပွဲကာလ သူပုန်ဖျက်ဆီး ခွဲရုံ ၉ ရုံ ၊ ထရန်စ​ဖော်မာ ၈၆ လုံးပြန်ပြင်​နေပြီး. မကြာမှီ မီးရ​တော့မည် ၊ လွိင်​ကော် ၊ လွယ်လင်​လေး ၊ ​လောပိတ ခွဲရုံ ၃ ရုံ ၊ ထရန်စ​ဖော်မာ ၇၃ လုံး ပြင်ပြီးဖြစ်၍ မြိုရွာများ မီးပြန်ရ​နေပြီဖြစ်သည်။ ပြည်​ထောင်စုနယ်​မြေ ​နေပြည်​တော် - လားဟူ လက်နက်ကိုင် LDU အဖွဲ သင်္ဂဟ ဟိုတယ်တွင် ငြိမ်းချမ်း​ရေး​ဆွေး​နွေးသည်။ လယ်​ဝေးပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးဝင်း​ဌေးသည် အုပ်ဖိုရွာ မူလတန်း​ကျောင်း၌ လူထုစကားဝိုင်းပြုလုပ်ခဲ့ရာ အင်အား ၁၀၀ ​ကျော်တက်​ရောက်သည်။ USDP ပြည်​ထောင်စုနယ်​မြေဥက္ကဌ နှင့် ပြည်သူ့လွှတ်​တော်နိုင်ငံသားများမူလအခွင့်အ​ရေး​ကော်မတီဥက္ကဌ ဦးလှ​ဆွေ သည် လယ်​ဝေးမြိုနယ် ​ရွှေဟင်္သာ​ကျေးရွာ သို​ရောက်ရှိရာ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးဝင်း​ဌေး ၊ မြိုနယ်အုပ်ချုပ်​ရေးမှုး ၊ မြိုနယ်လျှပ်စစ် ၊ မြိုနယ်ပါတီတာဝန်ခံ ဦးခင်​မောင်ထွန်း ၊ ခရိုင်စီမံအဖွဲဝင်နှင့် ခရိုင်ပါတီဥက္ကဌ ဦးကြည်ငြိမ်းခိုင် ၊ မြိုနယ်စီမံ အဖွဲဝင် နှင့် မြိုနယ်ပါတီဥက္ကဌ ဦး​အောင်ခိုင်မိုး တို မှ ကြိုဆိုသည်၊ ရွာ မှ ဦးကံမြင့် က ၎င်းကို ​ကျေးရွာမီး​ကော်မတီမှ ​ငွေ ၂ သိန်းမထည့်နိုင်၍ မီးမ​ပေး​ကြောင်း ၊ ရွာဘုံ​ငွေ ၁ သိန်းမထည့်နိုင်၍ သာ​ရေးနာ​ရေး ကျဥ် ထားသဖြင့် လူ့အခွင့်အ​ရေးချိုး​ဖောက်ခံ​နေရ​ကြောင်း လွှတ်​တော်​ကော်မတီသို စာဖြင့်​ပေးပိုတိုင်ကြားခဲ့မှုအ​ပေါ် ရပ်ရွာ လူကြီးများ မီး​ကော်မတီလူကြီးများနှင့်​တွေ့ဆုံကာ ၎င်းထည့်ဝင်ရမည့် လျှပ်စစ်မီးအတွက် ၂ သိန်း ၊ ​ကျေးရွာသာ​ရေးနာ​ရေး ဘုံ အတွက် ၁ သိန်း နှင့် ရွာစာသင်​ကျောင်းအတွက် ပညာ​ရေးအလှူ​ငွေ ၁ သိန်း ၊ ​ပေါင်း ၅ သိန်းကို ပါတီရန်ပုံ​ငွေမှစိုက်ထုတ်ကူညီ​ပြေလည်​စေခဲ့ပြီး ၎င်းအိမ်အားမီးသွယ်​ပေးရန် မြိုနယ်လျှပ်စစ်မှုးအား ​ပြောကြားခဲ့သည်။

မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၂၆/၂၀၂၆) -------------------------------------------- ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက် ======================================== ၁။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တိုတွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း ယနေ့နံနက်မှ ၃-၈-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး အချို ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ၂။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တိုတွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။ အကြံပြုချက် ၃။ သိုဖြစ်ပါ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မုတ်သုံလေအားကောင်းလာ နိုင်ခြင်းကြောင့်လည်းကောင်း၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လည်းကောင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိးဆော်အပ်ပါသည်။ Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန