မင်းရဲကျော်စွာ
رفتن به کانال در Telegram
Truth, Constructive, Update
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 180
مشترکین
-224 ساعت
-97 روز
+130 روز
آرشیو پست ها
1 180
ရွှေဘို PDF
ရွှေဘိုမြို့နယ်သောင်ထွဋ်ကိုင်းဆိုတဲ့ရွာသားတစ်ယောက်ရေးထားတဲ့စာ။
ဖတ်သာကြည့်ကြဗျာ။ပြည်သူတစ်ကောင်မှမရှိတဲ့ရွာ၊
PDFတွေချည်းဖြစ်နေတဲ့ရွာ။
1 180
ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် မစ္စတာ Arnaud de Baecque တို့ တွေ့ဆုံခဲ့ပါသည်။၊ အဆိုပါတွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေ၊ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ စံနှုန်းနှင့် လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရပါသည်။
အဆိုပါထုတ်ပြန်ချက်ပါ အပြုသဘောဆောင်သည့် ဖော်ပြချက်များကို မြန်မာနိုင်ငံက အသိအမှတ်ပြုသော်လည်း အချို့သောစာသားများနှင့် တောင်းဆိုချက်များသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အပြုသဘောဆောင်သည့် ဆောင်ရွက်မှုအပေါ် ထင်ဟပ်မှုမရှိသဖြင့် စိတ်ပျက်မိပါသည်။ ထုတ်ပြန်ချက်ပါ “မြန်မာနိုင်ငံရှိ ထိန်းသိမ်းခံထားရသူများအား တွေ့ဆုံခွင့် ပိုမိုပေးအပ်ရန်” နှင့် “ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ အပြည့်အဝလွှတ်ပေးရန်” ဟူသည့် တောင်းဆိုချက်များသည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေပါသည်။ ၎င်းသည် ရွေးကောက်ပွဲမဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသောစီမံခန့်ခွဲမှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင်ရှားသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေအရ စိစစ်အရေးယူထားခြင်းဖြစ်ပါသည်။ အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်အရ ၎င်းအား ပြစ်ဒဏ်များ လျှော့ပေါ့ပေးလျက်ရှိသော်လည်း ၎င်းအား ခြွင်းချက်မရှိ အပြည့်အဝ လွှတ်ပေးရေးကိစ္စမှာ တရားဥပဒေနှင့်အညီသာ ဖြစ်နိုင်ပါသည်။
ပြီးခဲ့သည့် (၅) နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌများ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဆက်ဆက်နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ လက်ရှိအာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသည့် အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသဖြင့် နောင်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနှင့် ၎င်း၏အခန်းကဏ္ဍမှာ ဆက်လက်လိုအပ်ခြင်း ရှိမည်မဟုတ် ဟု မှတ်ယူပါသည်။
အာဆီယံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် စည်းမျဉ်းအခြေပြု ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုရေးဟူသည့် ‘မူ’ များကို အစဉ်အမြဲလေးစားလိုက်နာရန် လိုအပ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ကိုယ်တိုင် ချမှတ်ထားသည့် အခြေခံမူများကို လိုက်နာဆောင်ရွက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဖိအားပေးခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း သဘောသက်ရောက်သည့် ဆောင်ရွက်ချက်များကို ရှောင်ရှားရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများအပေါ် လိုအပ်သည့် တုံ့ပြန်မှုများဖြင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် တုံ့ပြန်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပကတိအခြေအနေများအပေါ် အခြေခံပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်၍ မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့်ဆက်ဆံရေး တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
1 180
မုဒိမ်းကျင့်ခံရမယ့်အတူတူ နည်းနည်းလေးဖြစ်ဖြစ် သက်သာအောင် ကွန်ဒုံးဆောင်ထားကြဖို့ ပဒက်မလေးတစ်ဦးမှ တိုက်တွန်း....
😁😁😁
1 180
+9
အကြမ်းဖက်တွေ ချုပ်ငြိမ်းကင်းစင်သွားပြီး တည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့ ကော့ကရိတ်မြိုလေးမှာ ကျောင်းတွေကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့တဲ့အပြင် ကော့ကရိတ်မြို၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ ကျောင်းသား/ကျောင်းသူလေးများအတွက် ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့တဲ့ ကြည်နူးစရာမြင်ကွင်းပုံရိပ်တွေပဲဖြစ်ပါတယ်.....
1 180
+9
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြိုနယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်
=========================
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြိုနယ်အတွင်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို မြိုတော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်၍ အလှူငွေများ လက်ခံခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး အမှာစကားပြောကြားခဲ့သည်။
1 180
■ သူခိုးမနဲ့ အပေါင်းအပါနီပိတ်တွေ ဘယ်နှစ်ယောက် ပါလာမလဲ❓
■ နိုင်ငံသားပယ်ဖျက်ခံထားရသူတွေ ဘယ်နိုင်ငံကို မောင်းထုတ်ခံရမလဲ❓
-
1 180
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗန်ကောက်မြို့ဒွန်မောင်းလေဆိပ်မှ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ဒွန်မောင်းလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်သမ္မတအား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
1 180
ထိုင်းနိုင်ငံ ဘန်ကောက်မြို ဒွန်မောင်းလေဆိပ်မှ မြန်မာနိုင်ငံသို ပြန်လည်ထွက်ခွာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် အား ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် က ပိုဆောင်နှုတ်ဆက်ခဲ့သည်။
1 180
Repost from ဟန်ငြိမ်းဦး✍️
စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက် PDF တွေ အခြေပြုနေတဲ့ ရွာတွေတော်တော်များများ ရေဘေးသင့်နေပြီ... စစ်ကိုင်းတိုင်းကတော့ စစ်ဖြစ်လိုက် မီးလောင်လိုက် ရေကြီးလိုက်နဲ့ မရဏစည်တော်ကြီး အစွမ်းတွေကြောင့်ထင်တယ် ဆက်တိုက်တွေချည်း ဒုက္ခရောက်နေကြတာ... အညာပဒက်တွေဟာ ဉီးနှောက်မဲ့စွာနဲ့ အကြမ်းဖက်တွေကို မိမိတို့ဒေသကို ခေါ်သွင်းမိခဲ့တာကြောင့် အခုလို အညာဒေသဟာ ဒုက္ခပင်လယ်ဝေနေရတာပဲဖြစ်ပါတယ်...
1 180
ထိုင်းနိုင်ငံသို ရောက်ရှိနေသော မြန်မာနိုင်ငံမှ နိုင်ငံတော်ခေါင်းဆောင်ကြီးအား ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ညစာစားပွဲအခမ်းအနားတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထင်ဟပ်စေမည့် ရိုးရာအကအခုန် အလှည့်ကျ ဧည့်ခံဖျော်ဖြေမှုများကို စည်ကားသိုက်မြိုက်စွာ တင်ဆက်ခဲ့ကြပါသည်။
1 180
+4
ငဝန်တာ အရေးပေါ် ပြုပြင်ရေး - ၂၄ နာရီ နေ့ဆိုင်း/ညဆိုင်းများခွဲ၍ ဆက်လက်ဆောင်ရွက်လျက်ရှိ
1 180
+3
တပ်မတော်က ခါမ်းပါတ်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ခါမ်းပါတ်မြို့သို့ ပြန်လည်ဝင်ရောက်..
1 180
Repost from BaNyunt
+9
■ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ယနေ့(သြဂုတ် ၆ ရက်)နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာပြီဖြစ်သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) က ကြိုဆိုနှုတ်ဆက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးကို ခိုင်မာစေရန်နှင့် အာဆီယံ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
1 180
+1
ဆည်တော်ကြီး
ရေလှောင်တမံတွင်
ယနေ့ ၅.၈.၂၀၂၆နေ့ ညနေ ၄:၀၀ နာရီအချိန်ကန်ရေပြည့်မှတ် ၄၁၉.၅ပေ သို့ရောက်ရှိပြီဖြစ်ပါသည်။
တမံကြံ့ခိုင်မှုကောင်းမွန်ပါသည်။
စိုးရိမ်စရာမရှိပါ။
ယနေ့မနက် မိုးကုတ်မိုးရေချိန် ၄.၂၅လက်မ ရွာသွန်းထားပါသဖြင့်
ဆည်အတွင်းဝင်ရေ များပြားလျက်ရှိရာ တမံအောက်ဘက်ရှိ ကျေးရွာများ ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်အတွက် ထိန်းညှိ
စီမံဆောင်ရွက်လျှက် ရှိပါသည်။
1 180
အောင်ဆန်းသူရိယ လှသောင်းကျောင်းကြီးကို ကန်တော့သွားတာတဲ့လား ကွယ်
သားတို့သမီးတို့အတုယူကြ ဒီကျောင်းအရိပ်မှာ ဒီကလေးတွေကို လှသောင်းကျောင်းထွက်ဟေ့ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ လူ့ဘဝမှာရဲရဲဝံ့ဝံ့ ရပ်တည်နိူင်အောင် စည်းစနစ်တကျ အုပ်ချုပ်ခဲ့ပြီးသူ့တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းကိုတောင် ကန်တော့ပြီးမှ ထွက်ခွာတာ ဘယ်လောက်လေးစား ဂုဏ်ယူဘို့ကောင်းလည်းဆိုတာ။
လေးစားပါတယ် ဗိုလ်မှူးကြီး
ဘယ်လောက်ချစ်သလဲဆိုရင် နောက်ဆုံးမှာ လုပ်သွားတဲ့အရာလေးက သက်သေပဲ....
1 180
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲချုပ် ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ကိုးကွယ်ရာ ဘာသာသာသနာနှင့် ပတ်သက်၍ ခွဲခြားမှုများ မထားရှိဘဲ ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများ ဆောင်ကြဉ်းပေးနိုင်ရေး အားပေးလျက်ရှိသည့် ဖြစ်စဉ်ဖြစ်သည်။
1 180
ဖူဂျီဆာဝါမြို့တွင် ပထမဆုံးအကြိမ် ဗလီဆောက်လုပ်မှုကို ဒေသခံထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ
အနီးအနားက ရှင်တိုးနတ်ကျောင်းထက် ပိုမိုကြီးမားသည့် ဗလီဆောက်လုပ်မှုကို ဒေသခံများက ကန့်ကွက်နေကြပြီး လူအများစုဝေး ဆုတောင်းခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုများနှင့်ပတ်သက်၍လည်း ဂျပန်နိုင်ငံတွင် သတိပေးပြောဆိုမှုများထွက်ပေါ်လျက်ရှိသည်။
ဂျပန်နိုင်ငံတွင် မွတ်ဆလင် လူဦးရေ ဆက်လက် တိုးပွားလာသည်နှင့်အညီ ဗလီဆောက်လုပ်ရေးလုပ်ငန်းများလည်း စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။
မင်းရဲကျော်စွာ
1 180
+9
အောင်ပွဲရတပ်မတော်သားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဂုဏ်ပြုကြိုဆို
၅-၈-၂၀၂၆
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများ အား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြိုနယ်ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ် ၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကအောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို…
