Movies World
رفتن به کانال در Telegram
Movies
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 403
مشترکین
-624 ساعت
+657 روز
+31030 روز
آرشیو پست ها
4 407
ရှယ်မိုက်တဲ့ လေယာဉ်ပြန်ပေးဆွဲကားသစ်
20/25
ーーーーーーーーーーーーーーーーー
၁၉၇၀ ခုနှစ်၊ တိုကျိုမှ အီတာဇုကီသို့ ပျံသန်းမယ့် ခရီးသည်တင်လေယာဉ်တစ်စီးကို လက်နက်ကိုင် Red Army ဂိုဏ်းက ပြန်ပေးဆွဲပြီး ပြုံယမ်းသို့ ပျံသန်းဖို့ ဖိအားပေးခဲ့တယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဘက်က ဆင်းသက်ခွင့်မပြုတော့ ပြန်ပေးသမားတွေရဲ့ အစီအစဉ်တွေ ကမောက်ကမ ဖြစ်ကုန်တယ်။
အဲဒီအချိန် ဆိုးလ်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ 'အညတရ' ကို ခရီးသည်တင်လေယာဉ်ကို လျှို့ဝှက်ကယ်တင်ဖို့ ခေါ်ယူခဲ့တယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ထောက်လှမ်းရေးအဖွဲ့တွေ၊ စစ်ဆင်ရေးအဖွဲ့တွေလည်း ပူးပေါင်းပြီး လေယာဉ်ဆီဖြည့်ချိန် ပြေးလမ်းပိတ်ဆို့တာ၊ ရေဒီယိုအချက်ပြမှုတွေ ဖြတ်တောက်တာစတဲ့ နည်းဗျူဟာများစွာနဲ့ ပြန်ပေးဆွဲလေယာဉ်ကို ကယ်တင်ဖို့ကြိုးစားကြပုံကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ဇာတ်ကားဖြစ်ပါတယ်
4 407
ဇွန်ဘီတွေကို တိုက်ခိုက်ပြီး ကလေးသွားမွေးမဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး
Disclaimer: No copyright infringement intended. I do not own the music in this video. I give full credit to the rightful owners. 🔞ဇာတ်ကားကောင်းများကြည့်ရန် https://t.me/+SvEKYVdkzxVkNjZl
4 407
ဇွန်ဘီတွေကို တိုက်ခိုက်ပြီး ဆရာဝန်ဆီရောက်အောင်သွားမယ့် ဗိုက်ကြီးသည်…
ဒီဇာတ်လမ်းလေးကတော့ ဇွန်ဘီ ဇာတ်လမ်းပါပဲ။ ဒါပေမယ့် မတူတာက ဇွန်ဘီတွေနဲ့ တိုက်ခိုက်မယ့်သူက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါပဲ။ ဇွန်ဘီဆိုတာက အရမ်းမြန်တဲ့ သတ္တဝါတွေပါ။ ဗိုက်ကြီးသည်ဆိုတာကတော့ သိတဲ့အတိုင်း သာမန်လူတွေထက် လှုပ်ရှားမှု နှေးကွေးတဲ့သူပါ။ ဒီလိုအမျိုးသမီး တစ်ယောက်က ဇွန်ဘီတွေကြားကနေ ကလေးမွေးဖို့အတွက် သားဖွားမီးယပ်ဆရာဝန်ဆီကို အရောက်သွားနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇွန်ဘီဇာတ်လမ်း သဘောကျတဲ့လူတွေ အကြိုက်တွေ့ဦးမယ့် ကားတစ်ကားပဲ ဖြစ်ပါတယ်။
4 407
𝗦𝗵𝗮𝗺𝗯𝗵𝗮𝗹𝗮 (𝟮𝟬𝟮𝟱)
၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တည်ရှိတဲ့ Shambhala (ရှမ်ဘာလာ) ဆိုတဲ့ ရွာလေးကို ဥက္ကာခဲတစ်ခု ကျရောက်လာပြီးနောက် ထူးဆန်းတဲ့ သေဆုံးမှုတွေ၊ ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် ဘုရားတရား မယုံကြည်သူ ဘူမိဗေဒပညာရှင် ဗစ်ကရမ် (Aadi Saikumar) ရောက်ရှိလာပါတယ်။ ဥက္ကာခဲကြောင့်ဖြစ်တဲ့ ရောင်ခြည်သင့်မှုလို့ ဗစ်ကရမ်က ယူဆပေမယ့် ရွာသားတွေကတော့ ကျိန်စာသင့်တာလို့ ယုံကြည်နေကြရာကနေ သိပ္ပံနဲ့ အယူသီးမှုကြား အားပြိုင်ရင်း မမျှော်လင့်ထားတဲ့ ရှေးဟောင်းဒဏ္ဍာရီ လှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိလာပုံကို ရိုက်ကူးထားတာပါ။
4 407
𝗟𝗮𝗯𝗶𝗻𝗮𝗸 (𝟮𝟬𝟮𝟱)
ဒီဇာတ်လမ်းဟာ ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ အခြေချနေထိုင်ရင်း ထူးဆန်းတဲ့ ရိုးရာဓလေ့တွေနဲ့ နက်မှောင်တဲ့ အောက်လမ်းပညာရပ်တွေကြား ပိတ်မိသွားတဲ့ သူငယ်ချင်းတစ်စုအကြောင်းကို ရိုက်ကူးထားတာပါ။ ရွာရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သမိုင်းကြောင်းနဲ့ သွေးစုပ်ဖုတ်ကောင်ကဲ့သို့သော ကျိန်စာသင့်သတ္တဝါ Labinak ရဲ့ ကျူးကျော်ရန်စမှုတွေကို သူတို့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို အသည်းယားဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဇာတ်ကားတစ်လျှောက်လုံးမှာ အင်ဒိုနီးရှား Horror ကားတွေရဲ့ ထုံးစံအတိုင်း မှောင်မှောင်မှိုင်မှိုင် အငွေ့အသက်တွေ၊ ရင်တထိတ်ထိတ်ဖြစ်စေမယ့် Jump Scare အခန်းတွေနဲ့ ပရိသတ်ကို ဆွဲခေါ်သွားမှာပါ။ အထူးသဖြင့် မိသားစုသံယောဇဉ်နဲ့ အသက်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရပုံတွေကို သဘာဝကျကျ သရုပ်ဖော်ထားပြီး၊ နောက်ဆုံးအချိန်ထိ ဘာဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းရခက်တဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။
4 407
One Piece Live-action (2023)
One Piece Fanတွေအားလုံးပဲ စောင့်မျှော်နေကြတဲ့ Netflixရဲ့ Live-action adaptation ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ 🥳
Mangaka Odaကိုယ်တိုင် ဇာတ်ညွှန်းပိုင်း Visualပိုင်းမှာပါဝင်ထားပြီး Live action ရဲ့ Season 1မှာ episode 8ပိုင်းပါဝင်မှာဖြစ်ပါတယ်
First Sagaရဲ့ Arc လေးခုကို တည်ထားပြီး Arcတစ်ခုကို နှစ်ပိုင်းနှုန်းနဲ့ Arcလေးခုစာ 8ပိုင်းကြည့်ရပါမယ်
fanတွေအနေနဲ့ Live Actionအပေါ် စိတ်ကျေနပ်မှုရှိနိုင်မလားဆိုတာတော့ အတူတူခံစားကြည့်လိုက်ရအောင်ပါ
CRD-HPYT
