Our President 🇲🇲
رفتن به کانال در Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
216
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-230 روز
آرشیو پست ها
Repost from Dr Khaing Khaing Soe
ရန်ကုန်တိုင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ဈေးကွက်တည်ငြိမ်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ကာ အထွက်နှုန်းတိုးမြှင့်ရေး၊ MSME အခြေပြု ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် မြေယာများကို အကျိုးရှိစွာ အသုံးချရေးတို့ကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ လမ်းညွှန်မှကြားချက်များမှာ -
၁။ ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်ရန်၊ စားရေးဖူလုံမှသာ အခြားသော ကဏ္ဍများတည်ငြိမ်မှု ရရှိမည်ဖြစ်ကြောင်း။
၂။ ရန်ကုန်တွင် လူဦးရေ (၇) သန်းရှိသဖြင့် ငါး၊ အသားနှင့် ဆန် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။
၃။ ရွှေမုယင်းငါးမွေးမြူရေး၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်၊ ရွှေပြည်-မှော်ဘီ၊ တိုက်ကြီး၊ တွံတေးတို့တွင် မွေးမြူရေးဇုန်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။
၄။ မွေးမြူရေးလုပ်ငန်းများ ရေရှည်အောင်မြင်ရေးအတွက် တိရစ္ဆာန်အစာထုတ်လုပ်ရေးနှင့် အစာစပ်စက်ရုံများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။
၅။ မြေယာတိုးချဲ့နိုင်မှု အကန့်အသတ်ရှိသဖြင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပြီး အထွက်နှုန်းမြင့်မားရေးကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
၆။ MSME အခြေပြု လုပ်ငန်းများကို မြှင့်တင်၍ လယ်ယာသုံးပစ္စည်းများ၊ စက်ရုံအပိုပစ္စည်းများနှင့် နည်းပညာဆိုင်ရာ ထုတ်ကုန်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။
၇။ ထုတ်လုပ်မှုစီမံကိန်းများကို Demand နှင့် Supply ကို သေချာတွက်ချက်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ တိုင်းဒေသကြီးအစိုးရက ဦးဆောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
၈။ ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ Cost of Production လျှော့ချနိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်ရေးကို တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
Repost from PPIB.Official
🌾 နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ စိုက်ပျိုး၊ မွေးမြူရေးဖြင့် ကြိုးပမ်းစို့
ပြည်ထောင်စုဝန်ကြီးနှင့် အထူးတွေ့ဆုံမေးမြန်းမှု
အပိုင်း(၁)
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+2
မြန်မာနိုင်ငံ၏ သူနာပြုနှင့် သားဖွားပညာရေးကို အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ပြီး အရည်အသွေးပြည့်ဝသည့် သူနာပြုနှင့်သားဖွားများ မွေးထုတ်ပေးနိုင်ရန် ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
ဇူလိုင် ၁၆ ရက်နေ့နံနက်ပိုင်းက သူနာပြုသိပ္ပံ(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့သည့် သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားတွင် အရေအတွက်တိုးမြှင့်မွေးထုတ်ရုံသာမက အရည်အသွေးပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ သူနာပြုနှင့်သားဖွားပညာရေးကို အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးပြည့်ဝသည့် သူနာပြုနှင့်သားဖွားများ မွေးထုတ်ပေးနိုင်ရန် ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၏ နိုင်ငံတကာသတ်မှတ်စံနှုန်း ရှစ်ခုပါဝင်သည့် သူနာပြုနှင့်သားဖွားပညာရေးနှင့် လုပ်ငန်းအရည်အသွေး အာမခံမှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
#HOS
လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး အရည်အသွေးပြည့်ဝသော သူနာပြုနှင့် သားဖွားပညာရှင်များ တိုးမြှင့်မွေးထုတ်ရန် နိုင်ငံတော်သမ္မတ မှာကြား
နိုင်ငံတော်သမ္မတသည် ယနေ့ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက သူနာပြုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည့် သူနာပြုသိပ္ပံ (နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားသို တက်ရောက်၍ သူနာပြုသိပ္ပံ ဆိုင်းဘုတ်များကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတက ဂုဏ်ပြုမိန့်ခွန်း၌ "နိုင်ငံတော်၏ ကျန်းမာရေးစနစ် ပိုမိုတောင့်တင်းခိုင်မာလာစေရေးနှင့် မြိုပြ၊ ကျေးလက်မကျန် ပြည်သူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အရည်အသွေးပြည့်ဝပြီး လူသားချင်းစာနာစိတ်ရှိသည့် သူနာပြုနှင့် သားဖွားပညာရှင်များကို တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးကြရန်" အလေးထားမှာကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတကြီး၏ စေတနာ
၁။ မြို့ပြနှင့် ကျေးလက်ပါမကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
၂။ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသော ခံယူချက်ဖြင့် ကျန်းမာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
၃။ နိုင်ငံတစ်ဝန်းရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၁၅) ကျောင်းကို "သူနာပြုသိပ္ပံ" များအဖြစ် တိုက်ထန်သည့် အဆင့်အတန်း သတ်မှတ်၍ အဆင့်မြှင့်တင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။
၄။ ကျန်ရှိနေသည့် သူနာပြု၊ သားဖွားနှင့် နှီးနွှယ်သင်တန်းကျောင်း (၂၇) ကျောင်းကိုလည်း အစိုးရသစ်ရက် (၁၀၀) အတွင်း ဦးစားပေးအဆင့်ဖြင့် ဖွဲ့စည်းပုံ တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါသည်။
ကျန်းမာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု
၁။ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု-သားဖွားဒီပလိုမာရရှိသူ ၄၅,၂၄၅ ဦး၊ သားဖွား ၄၂,၅၂၄ ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
၂။ ၂၀၂၆ ခုနှစ် ပညာသင်နှစ်၌ သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၅,၉၄၆) ဦးနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ်သင်တန်းတွင် (၁,၀၃၅) ဦး လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
၃။ ၂၀၂၇ ခုနှစ် (တိုးမြှင့်ခေါ်ယူမည့်အစီအစဉ်) ပညာသင်နှစ်တွင် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းအတွက် သစ်လွင်ကျောင်းသား၊ ကျောင်းသူ (၂,၉၀၀) ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းအတွက် (၁,၄၀၀) ဦးအထိ တိုးမြှင့်ခေါ်ယူ ပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။
၄။ အမျိုးသားပညာရေးအဆင့် မူဘောင်အရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ များသာ တက်ရောက်ခွင့်ရှိပြီး၊ ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် သူနာပြုပါရဂူဘွဲ့ (Ph.D) အထိ အဆင့်ဆင့် တက်လှမ်းသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှိလာမည်ဖြစ်ပါသည်။
ထို့နောက် သူနာပြုသိပ္ပံများဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်း Video ကိုပြသပြီးနောက် သူနာပြုသိပ္ပံ(နေပြည်တော်) မှသင်တန်းသူများက သူနာပြုများရဲ့ လူသားဆန်မှု ၊ မေတ္တာ၊ ကရုဏာတို့ဖြင့် ယုယသည့် သူနာပြုစုမှု ပညာရပ်ကို တန်ဖိုးထားမှုများ ပေါ်လွင်စေသည့် "ကရုဏာအလင်း"သီချင်းဖြင့် စင်ပေါ်/စင်အောက်သံပြိုင်သီဆိုခဲ့ကြပါသည်။
#Dr Khaing Khaing Soe
+4
ရက်ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
ပြည်နယ်များအလိုက် ချည်ထည်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရက်ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဝါထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် စုပေါင်းသမဝါယမစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ဝါကြိတ်စက်၊ ချည်မျှင်စက်နှင့် ရက်ကန်းစက်များ တိုးတက်စေရေး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇူလိုင်လ ၁၃ ရက်တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲအခမ်းအနားကို တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
#Our
+3
ဒေသခံပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လမ်းညွှန်မှာကြားခဲ့
ဒေသခံပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇူလိုင်လ ၁၃ ရက်တွင် မင်းဘူးမြို့နယ်၊ မြန်မာ့မီးရထားဘူတာရှိ မင်းလှ- မင်းဘူးရထားလမ်းပိုင်းအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။
#Our
+6
2Years Memory
+++++++++++++
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
#17-7-2024 ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာ၀န်ယူခဲ့စဉ်က ဖြစ်ပါတယ်။
#Our
+9
သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြား
Repost from PPIB.Official
သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနား
နေပြည်တော်
(၁၆-၇-၂၀၂၇)
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+4
2Year Memory...!!!
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
#16-7-2024 ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တာ၀န်ယူစဉ်ကဖြစ်ပါတယ်။
ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်
ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
ဝါစိုက်ပျိုးဧကတိုးမြှင့်ရေး၊ မျိုးကောင်းမျိုးသန့်ရွေး ချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်းပန်းတိုင်ရရှိရေးနှင့် ပြည်ပတင်ပို့မှုပမာဏမြင့်မားလာစေရေးရည်ရွယ်၍ "ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက်" စိုက်ပျိုးစရိတ်ချေးငွေ ဝါစိုက်ဧကတစ်ဧကလျှင်(၃)သိန်းကျပ်နှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
ချေးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(တိုင်းအစိုး ရ)မှတစ်ဆင့်ထုတ်ချေးပေးမည်ဖြစ်၍ ထုတ်ချေးမည့် အစီအစဉ်အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့များမှ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း အစီအစဥ်သည် ဇူလိုင် ၁၁ ရက်က မကွေးမြို့၌ ကျင်းပခဲ့သည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့"ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲရလဒ်အရစီစဥ်ခြင်းဖြစ်ကြောင်းသိရသည်။
#SN
Repost from PPIB.Official
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၏ ဝါစိုက်တောင်သူများနှင့် ဝါမျိုးစေ့ထုတ်ရောင်းချသူများ လိုက်နာရန် သတိပေးထုတ်ပြန်ချက်
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from PPIB.Official
ဝါစိုက်တောင်သူများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်း
ဝါစိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးစေရန် စက်ယန္တရားများဖြင့် မြေပြုပြင်ခြင်း၊ ဝါမျိုးစေ့ချခြင်း၊ ကြားပေါင်းလိုက်ခြင်း၊ ကျောပိုးဝါကောက်စက်ဖြင့် ဝါဆွတ်ခူးခြင်းများလုပ်ဆောင်ရန် လိုအပ်ပါ သည်။
အဆိုပါလိုအပ်သည့် စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်လိုသော ဝါစိုက်တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ အကောင်းဆုံးပံ့ပိုးကူညီပေးနိုင်ပါသဖြင့် စိတ်ပါဝင်စားသူ တောင်သူများသည် ဖုန်းနံပါတ် (067-3431215)၊ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်သို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+2
မိမိတို့နိုင်ငံသည် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းများကို အောင်မြင်စွာဆောင်ရွက်နိုင်သည့် ရေခံမြေခံနှင့်အခြေခံကောင်းများ ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ဝါတင်ပို့ရောင်းချသည့်နိုင်ငံအဖြစ် မလွဲမသွေတည်ဆောက်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
“ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲကို ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံအနေဖြင့် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် ရေခံမြေခံနှင့်အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ဝါတင်ပို့ရောင်းချသည့်နိုင်ငံအဖြစ် မလွဲမသွေတည်ဆောက်နိုင်ကြောင်း၊ ယခုဆွေးနွေးပွဲမှတစ်ဆင့် ထွက်ပေါ်လာသည့်ဆွေးနွေးချက်များ၊ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည်များကို ဆက်လက်ဖြည့်ဆည်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းအတွေ့အကြုံများကို အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းဖြင့် လုပ်ငန်းများပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#HOS
Repost from PPIB.Official
"ဝါ စိုက်ပျိုးရေးမှသည် အထည်လိပ်စက်မှုလုပ်ငန်းဆီသို့"
၁၃-၇-၂၀၂၆
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မကွေးတိုင်း ဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး စက်ရုံ၊ အလုပ်ရုံများ ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး
#Our
+9
“ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား
#Our
+9
မင်းဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး
#SittNaing
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး စက်ရုံ၊ အလုပ်ရုံများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့တွင် တာဝန်ရှိသူများ လိုက်ပါ၍ မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး စက်ရုံ၊ အလုပ်ရုံများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
#HOS
