Our President 🇲🇲
رفتن به کانال در Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
216
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
-230 روز
آرشیو پست ها
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဒဂုံတက္ကသိုလ်ဘူတာရုံ၊ ဆေးတက္ကသိုလ်(၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)များသို့
လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်
#HOS
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်
ပညာရေး အရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်း ကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ် ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက် မပြတ် မွေးထုတ်ပေးသွားရန်လိုကြောင်းထည့်သွင်းပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
#PPIB
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်
ပညာရေး အရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်း ကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ် ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက် မပြတ် မွေးထုတ်ပေးသွားရန်လိုကြောင်းထည့်သွင်းပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
#PPIB
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်
ပညာရေး အရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်း ကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ် ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက် မပြတ် မွေးထုတ်ပေးသွားရန်လိုကြောင်းထည့်သွင်းပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
#PPIB
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်သို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်သို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
#HOS
Repost from Dr Khaing Khaing Soe
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဆေးတက္ကသိုလ်(၁)ရှိ Multi-Purpose Assembly Hall တည်ဆောက်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး
ရန်ကုန်၊ စက်တင်ဘာ ၂၇
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် လိပ်ခုံးပုံ Multi-Purpose Assembly Hall အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက Assembly Hall တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ အဆောက်အအုံ၏ မူလဗိသုကာပုံစံနှင့် သွင်ပြင်လက္ခဏာများကို ထိန်းသိမ်းထားရှိမည့် အခြေအနေ၊ ခေတ်မီစနစ်များ ထည့်သွင်းတည်ဆောက်မည့် အစီအစဉ်နှင့် လုပ်ငန်းပြီးစီးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတက ယခင်လိပ်ခုံးခန်းမ နေရာတွင် မူလပုံစံမပျက်စေဘဲ ခေတ်မီဆန်းသစ်သည့် အသွင်အပြင်ရှိစေရေး စနစ်တကျ တည်ဆောက်ရန်နှင့် အခမ်းအနားများ၊ စုဝေးပွဲများ ကျင်းပရာတွင် အသံပိုင်းဆိုင်ရာ အရည်အသွေးကောင်းမွန်စေရန် Soundproof စနစ် ထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ Multi-Purpose Assembly Hall တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၆ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။
Repost from Dr Khaing Khaing Soe
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး လမ်းညွှန်မှာကြား
ရန်ကုန်၊ စက်တင်ဘာ ၂၇
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ် အင်္ဂါရပ် နှင့်အညီ အခြေခံအဆောက်အအုံများ ပြုပြင်အဆင့်မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ သွားလာနေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် ဒဂုံတက္ကသိုလ်ဘူတာနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သွားလာမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒဂုံတက္ကသိုလ် YBS ဂိတ်ကို ဘူတာနှင့် တက္ကသိုလ်သို့ ဝင်ရောက်သည့်လမ်း၏ ဘေးဘက်တွင် စနစ်တကျထားရှိနိုင်ရေးနှင့် ယာဉ်ရပ်နားဝင်း တည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ကြည့်ရှုခဲ့စစ်ဆေးခဲ့ပါသည်။
ထို့ပြင် တက္ကသိုလ်အတွင်း ယာဉ်ရပ်နားစနစ်ကို စနစ်တကျဖြစ်စေရေး၊ ယာဉ်ဝင်ထွက်သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဘတ်စ်ကားများ ပြေးဆွဲပေးနေမှုအခြေအနေနှင့် လိုအပ်ချက်များကို စိစစ်၍ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
တက္ကသိုလ်ဝင်းအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးရာသီတွင် ရေဝပ်ရေလျှံမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်၏ လက်ရှိအခြေအနေ၊ ပညာရေးဆိုင်ရာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များ၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသည့် စီမဲကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဒဂုံတက္ကသိုလ် အားကစားကွင်းနှင့် ပွဲကြည့်စင်တို့ကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး ပြုပြင်အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် တက္ကသိုလ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။
Repost from PPIB.Official
🙏🙏🙏ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် 🙏🙏🙏
#ချမ်းမြေ့ဆရာတော် #PPIB
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+9
နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ - ၂၅
ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင် နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု သက်တော် (၉၉)နှစ်၊ သိက္ခာ ဝါတော်(၇၉)ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိ ဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
#PPIB
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ Time Magazine သတင်းထောက် Charlie Campbell ၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြန်လည်ဖြေကြားချက်
#Our
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ငယ်စဉ်ဘဝဖြတ်သန်းခဲ့မှုနဲ့ပတ်သက်ပြီး Time Magazine မှ သတင်းထောက် Charlie Campbell က မေးမြန်းခဲ့မှုအပေါ် ပြန်လည်ဖြေကြားချက်ဖြစ်ပါတယ်။
#Our
နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင် လုံခြုံရေးအတွက် လေ့လာသုံးသပ်ရမည့် ရွေးချယ်စရာတစ်ရပ်ဖြစ်
မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒသည် စွမ်းအင်ရင်းမြစ်တစ်မျိုးတည်းကို အားကိုးခြင်းမဟုတ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)၊ သဘာဝဓာတ်ငွေ့နှင့် အခြားရင်းမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Mix Energy ကိုအခြေခံသင့်ကြောင်း၊ ယင်းနေရာတွင် နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင် လုံခြုံရေးအတွက် လေ့လာသုံးသပ်ရမည့် ရွေးချယ်စရာတစ်ရပ်ဖြစ်သည်ကိုတွေ့ရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
#HOS
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားချက်များမှကောက်နုတ်ချက်
#HOS
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၌ Time Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံ မေးမြန်းမှုများအပေါ် ဖြေကြားချက်
#PPIB
TIME Magazine’s Article Deviates from the Original Purpose of the Interview and Does Not Fully Reflect the President’s Responses
Nay Pyi Taw, September 23
The article concerning Myanmar published by TIME magazine deviates from the original proposal and purpose of the interview and does not fully reflect the actual responses provided by the President of the Republic of the Union of Myanmar.
TIME magazine, through the Myanmar Embassy in Singapore, had initially requested an interview with the President for the purpose of publishing, under the title “The Future of Myanmar,” an article highlighting the historic role of the Myanmar Government in safeguarding the non-disintegration of the Union and national solidarity, its efforts toward peace and stability in Myanmar, and the achievements of the peace negotiations.
As TIME is regarded as an internationally reputable media organization, the President responded positively to the proposal and granted an interview to TIME journalist Charlie Campbell, answering the questions presented during the meeting.
However, when the interview was subsequently published on TIME’s online media platform, it was found that the content had been presented not in the original question-and-answer interview format but had instead been rewritten and presented as an article. Furthermore, the article does not fully reflect the actual responses provided by the President.
In addition, the article includes interviews with other individuals, their assessments, and other unfavorable or non-constructive statements that went beyond the subjects originally discussed for the interview.
It has also been observed that the article places emphasis on matters that were not part of the originally agreed purpose of the interview and uses expressions that could cause the international community to misunderstand the Myanmar Government and Myanmar.
Therefore, in order for the people of Myanmar and the international community to directly understand what questions were actually asked during the interview and how the President responded to them, the actual question-and-answer exchange between the President and TIME journalist Charlie Campbell will be released and made public in due course.
The article written by TIME journalist Charlie Campbell, which deviated from the original purpose of the interview, failed to fully reflect the President’s responses, and incorporated other matters and assessments into the report, constitutes reporting that does not uphold and adhere to media ethics and professional journalistic standards. Such reporting is therefore strongly condemned.
#DrKhaingKhaingSoe
Repost from Dr Khaing Khaing Soe
TIME မဂ္ဂဇင်း၏ ရေးသားဖော်ပြမှု မူလအင်တာဗျူးရည်ရွယ်ချက်နှင့် ကွဲလွဲနေပြီး နိုင်ငံတော်သမ္မတ၏ ဖြေကြားချက်များကို အပြည့်အဝ ထင်ဟပ်ဖော်ပြခြင်းမရှိ
နေပြည်တော်၊ စက်တင်ဘာ ၂၃
TIME မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆောင်းပါးသည် မူလအင်တာဗျူးအဆိုပြုချက်နှင့် ကွဲလွဲနေသည့်အပြင် နိုင်ငံတော်သမ္မတ၏ အမှန်တကယ် ဖြေကြားခဲ့မှုများကိုလည်း အပြည့်အဝ ထင်ဟပ်ဖော်ပြထားခြင်းမရှိပေ။
“TIME မဂ္ဂဇင်းအနေနဲ့ မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ နိုင်ငံတော်ရဲ့ သမိုင်းဝင်အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အောင်မြင်မှုတွေကို သူတို့ရဲ့ မဂ္ဂဇင်းမှာ ‘The Future of Myanmar’ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြဖို့ အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူကတစ်ဆင့် မေတ္တာရပ်ခံ အဆိုပြုလာခဲ့တာ ဖြစ်ပါတယ်။
TIME မဂ္ဂဇင်းဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိတဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့အတွက် ဒီအဆိုပြုချက်အပေါ် အပြုသဘောဆောင် တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတော်သမ္မတက သတင်းထောက် Charlie Campbell ကို လက်ခံတွေ့ဆုံပြီး မေးမြန်းလာတဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ TIME မဂ္ဂဇင်းရဲ့ အွန်လိုင်းမီဒီယာမှာ ဖော်ပြလာတဲ့အခါ မူလဆောင်ရွက်ခဲ့တဲ့ အမေးအဖြေ အင်တာဗျူးပုံစံအတိုင်း ဖော်ပြတာမဟုတ်ဘဲ ဆောင်းပါးပုံစံနဲ့ ပြောင်းလဲရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတက အမှန်တကယ် ဖြေကြားခဲ့တဲ့ အကြောင်းအရာတွေကိုလည်း အပြည့်အဝ ထင်ဟပ်ဖော်ပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် မူလအင်တာဗျူးအတွက် ဆွေးနွေးထားတဲ့ အကြောင်းအရာတွေထက် ကျော်လွန်ပြီး အခြားပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ၊ သူတို့ရဲ့ သုံးသပ်ချက်တွေနဲ့ မလိုလားအပ်တဲ့ အပြုသဘောမဆောင်တဲ့ ရေးသားချက်တွေကိုပါ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
ကနဦးဆွေးနွေးသဘောတူထားတဲ့ အင်တာဗျူးရဲ့ ရည်ရွယ်ချက်မှာ မပါဝင်တဲ့ အကြောင်းအရာတွေကို အလေးပေးဖော်ပြထားသလို မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစေနိုင်တဲ့ အသုံးအနှုန်းတွေကိုလည်း အသုံးပြုပြီး ရေးသားထားတာ တွေ့ရပါတယ်။
ဒါကြောင့် အင်တာဗျူးမှာ အမှန်တကယ် ဘာတွေမေးမြန်းခဲ့သလဲ၊ နိုင်ငံတော်သမ္မတက ဘယ်လိုပြန်လည်ဖြေကြားခဲ့သလဲဆိုတာကို ပြည်သူတွေနဲ့ နိုင်ငံတကာက တိုက်ရိုက်သိရှိနိုင်ဖို့ နိုင်ငံတော်သမ္မတနဲ့ TIME မဂ္ဂဇင်း သတင်းထောက် Charlie Campbell တို့အကြား အမှန်တကယ် မေးမြန်းဖြေကြားခဲ့တဲ့ အမေးအဖြေတွေကို ဆက်လက်ထုတ်လွှင့်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
မူလအင်တာဗျူးရဲ့ ရည်ရွယ်ချက်နဲ့ ကွဲလွဲပြီး နိုင်ငံတော်သမ္မတရဲ့ ဖြေကြားချက်တွေကို အပြည့်အဝ ထင်ဟပ်ဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာတွေနဲ့ သုံးသပ်ချက်တွေကို ရောနှောထည့်သွင်း ရေးသားဖော်ပြခဲ့တဲ့ TIME မဂ္ဂဇင်း သတင်းထောက် Charlie Campbell ရဲ့ ရေးသားမှုဟာ မီဒီယာကျင့်ဝတ်၊ မီဒီယာအကျင့်သိက္ခာကို စောင့်ထိန်းလိုက်နာမှုမရှိတဲ့ ရေးသားဖော်ပြမှုဖြစ်တဲ့အတွက် ပြင်းထန်စွာ ရှုတ်ချပါကြောင်း ဖော်ပြအပ်ပါတယ်။
Repost from Dr Khaing Khaing Soe
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် အမျိုးသားအဆင့် စီမံကိန်းများ စနစ်တကျ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ မှာကြား
နေပြည်တော်၊ စက်တင်ဘာ ၂၃
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချနိုင်ရေး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဘေးကင်းလုံခြုံစွာ အကောင်အထည်ဖော်ရေးနှင့် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထား ပြောကြားခဲ့သည်များမှာ -
■ ရေရှည်စွမ်းအင်လုံခြုံရေးနှင့် နျူကလီးယားစွမ်းအင် အသုံးချရေး
မြန်မာနိုင်ငံ၏ တိုးပွားလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် အခြားစွမ်းအင်အရင်းအမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Mix Energy စနစ်ကို အခြေခံ၍ နျူကလီးယားစွမ်းအင်ကိုလည်း ထည့်သွင်းလေ့လာသုံးသပ်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ထို့ပြင် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် အသေးစားမော်ဂျူးဓာတ်ပေါင်းဖို (Small Modular Reactor – SMR) နည်းပညာအခြေပြု အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ထည့်သွင်းလျာထားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
■ ရုရှားနိုင်ငံနှင့် နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ မူဘောင်အတွင်းမှ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေး ဆောင်ရွက်လျက်ရှိပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် ROSATOM ကော်ပိုရေးရှင်းနှင့် နျူကလီးယားနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ SMR နည်းပညာအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် ROSATOM နှင့် ပူးပေါင်း၍ နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သိပ္ပံပွဲတော်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပြပွဲများ ကျင်းပလျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလဆန်းခန့်တွင်လည်း သိပ္ပံပွဲတော် ကျင်းပရန် လျာထားကြောင်း ပြောကြားခဲ့ပါသည်။
■ နျူကလီးယား ဘေးကင်းလုံခြုံရေးနှင့် နိုင်ငံတကာစံနှုန်းများ လိုက်နာရေး
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရာတွင် ဘေးကင်းမှု၊ လုံခြုံမှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ အာမခံချက်များဖြစ်သည့် Safety, Security and Safeguards (3S) ကို အခြေခံမူအဖြစ် သတ်မှတ်ဆောင်ရွက်ရန်နှင့် IAEA ၏ နိုင်ငံတကာစံနှုန်းများနှင့်အညီ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်းကျင်သူများ ဖလှယ်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
■ နျူကလီးယားနည်းပညာကို ကဏ္ဍစုံတွင် အသုံးချရေး
နျူကလီးယားနည်းပညာကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက်သာမက ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အစားအစာဘေးကင်းလုံခြုံရေး၊ စက်မှုလုပ်ငန်း၊ သုတေသနနှင့် သိပ္ပံနည်းပညာကဏ္ဍများတွင်လည်း ငြိမ်းချမ်းစွာအသုံးချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
■ အမျိုးသားအဆင့် စီမံကိန်းများ အဆင့်လိုက် အကောင်အထည်ဖော်ရေး
နျူကလီးယားစွမ်းအင် အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လိုအပ်ချက်၊ စီးပွားရေးအခြေအနေ၊ နည်းပညာစွမ်းရည်၊ လူ့စွမ်းအားနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီမှုရှိ၊ မရှိ စနစ်တကျ သုံးသပ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။
ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးဆောင်ကော်မတီ၊ ပညာရှင်များနှင့် နိုင်ငံတကာမိတ်ဖက်များအကြား ပူးပေါင်းညှိနှိုင်း၍ ရှေ့ဆက်ဆောင်ရွက်မည့် Roadmap နှင့် Action Plan များကို စနစ်တကျ ရေးဆွဲဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို အချိန်မီ၊ အရည်အသွေးပြည့်မီစွာ အကောင်အထည်ဖော်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
+2
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နျူကလီးယား စွမ်းအင် အစီအစဉ်၏အခြေခံသည် အမျိုးသားအကျိုးစီးပွားဖြစ်ရမည်ဖြစ်ပြီး မည်သည့် နိုင်ငံ၏ နည်းပညာ၊ မည်သည့်နိုင်ငံတကာမိတ်ဖက်နှင့် ပူးပေါင်းသည်ဖြစ်စေ မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လိုအပ်ချက်၊ စီးပွားရေးအခြေအနေ၊ နည်းပညာစွမ်းရည်၊ လူ့ စွမ်းအားနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို အဓိကထား သုံးသပ်ရန် လိုအပ်ပါကြောင်းထည့်သွင်းပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၂၃
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင် ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် နျူကလီးယား စွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမှာစကားပြောကြားသည်။
#PPIB
Repost from Dr Khaing Khaing Soe
ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ လယ်ယာထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးတိုကို ထိရောက်စွာ ဆောင်ရွက်ရန်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မှာကြား
နေပြည်တော်၊ စက်တင်ဘာ ၂၃
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံ၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လယ်ယာနှင့် မွေးမြူရေးထုတ်လုပ်မှု တိုးမြှင့်ရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ အဓိကထားပြောကြားခဲ့သည်များမှာ -
■ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး
ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံမှုနှင့် ထုတ်လုပ်မှုတိုးတက်ရေးကို ကြပ်မတ်ဆောင်ရွက်ရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကို ဦးစားပေးဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့ပြင် ကချင်ပြည်နယ်အတွင်း သားငါးဈေးနှုန်းမြင့်တက်မှုကို ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်း မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
■ လယ်ယာထုတ်လုပ်မှုနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး
ပြည်ပမှ နှစ်စဉ် စားသုံးဆီတန်ချိန် ၅ သိန်းမှ ၆ သိန်းခန့် တင်သွင်းနေရမှုကို လျှော့ချနိုင်ရေးအတွက် နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းတို့ကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်ရန်နှင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုကို စိစစ်၍ ဆီချောထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
စပါး၊ နှမ်းနှင့် ပဲသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ကို အခြေခံ၍ စနစ်တကျစိုက်ပျိုးရန်၊ သီးထပ်စွမ်းအား မြှင့်တင်ရန်နှင့် စိုက်ဧက၊ အထွက်နှုန်းဆိုင်ရာ ကိန်းဂဏန်းများ မှန်ကန်စွာ တင်ပြရန်လည်း မှာကြားခဲ့ပါသည်။
■ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
KG+9 ပညာရေးစနစ် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ကျောင်းတက်ရောက်မှုနှင့် စာတတ်မြောက်မှု မြင့်မားရေးတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ကြပ်မတ်ဆောင်ရွက်ရန်၊ ဆရာ၊ ဆရာမ လိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ လူ့စွမ်းအားအရင်းအမြစ် စီမံချက်များ ရေးဆွဲရန် မှာကြားခဲ့ပါသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ စံကိုက်ကျောင်း ၅၇၈ ကျောင်းအပြင် စံကိုက်ကျောင်းများ ထပ်မံဖော်ဆောင်နိုင်ရေးအတွက် Master Plan ရေးဆွဲ၍ လာမည့်ဘတ်ဂျက်တွင် ဦးစားပေးဆောင်ရွက်ရန်၊ တက္ကသိုလ်နှင့် ကောလိပ်များ၏ သင်ကြားရေးနှင့် အားကစားအဆောက်အအုံများ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့် ပူတာအိုဒေသ၌ ကောလိပ် သို့မဟုတ် သိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေး လေ့လာဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။
■ ရေအရင်းအမြစ် စီမံခန့်ခွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
အယ်လ်နီညိုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှု ဖြစ်ပေါ်နိုင်သဖြင့် ရေကို ချွေတာသုံးစွဲရန်၊ မိုးရေစုဆောင်းခြင်းနှင့် ရေသိုလှောင်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့အပြင် ရေချိုရှားပါးသည့် ဒေသများတွင် ရေရရှိနိုင်သည့်အချိန်အတွင်း သစ်ပင်များ စိုက်ပျိုးရန်နှင့် စိုက်ပျိုးထားသည့် သစ်ပင်များ အမှန်တကယ် ရှင်သန်ကြီးထွားရေးကို အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။
■ အခွန်ကောက်ခံရေး၊ ဥပဒေပြုရေးနှင့် နိုင်ငံသားစိစစ်ရေး
အခွန်အခများ မှန်ကန်ပြည့်ဝစွာ ကောက်ခံနိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) နှင့်အညီ လိုအပ်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရေးတို့ကို ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ထို့ပြင် မှတ်ပုံတင်အတုနှင့် နိုင်ငံသားအယောင်ဆောင်မှုများကို စစ်ဆေးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူရန်၊ နိုင်ငံသားစိစစ်ရေးဆိုင်ရာ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည့် စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
+3
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်မျးအား တွေ့ဆုံ အမှာစကားပြောကြား
လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း မိမိတို့ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ထည့်သွင်းပြောကြား
နေပြည်တော် ၊ စက်တင်ဘာ -၂၃
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်မျးအား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
#PPIB
