Our President 🇲🇲
رفتن به کانال در Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
216
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-230 روز
آرشیو پست ها
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များ
နေပြည်တော်မြို့အဝင်မုခ်ဦးနှင့်ပတ်သက်၍
“ဒီနေရာက နိုင်ငံရဲ့မြို့တော်ကို ဝင်ရောက်တဲ့ အထင်ကရအမှတ်အသားနေရာဖြစ်တဲ့အတွက် မြို့ပြဂုဏ်သိက္ခာနဲ့ လျော်ညီအောင် ခမ်းခမ်းနားနားနဲ့ အဆင့်မီမီ ဖြစ်ဖို့လိုတယ်။
မုခ်ဦးအဆောက်အဦကို မြန်မာမှုလက်ရာတွေနဲ့ ခမ်းခမ်းနားနား စနစ်တကျ တည်ဆောက်ရမယ်။ တစ်ချိန်တည်းမှာပဲ ခိုင်ခိုင်မာမာနဲ့ ငလျင်ဒဏ်ခံနိုင်အောင် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီစွာ တည်ဆောက်ရမယ်။
တည်ဆောက်ရေးလုပ်ငန်းတွေကြောင့် ယာဉ်တွေသွားလာမှု မပျက်စေရေးအတွက် ရှောင်ကွင်းလမ်း (By Pass) တွေကို စနစ်တကျ ဖောက်လုပ်ပေးရမယ်။ လမ်းတွေကိုလည်း ထောင့်ချိုးတွေ အနည်းဆုံးဖြစ်အောင် တည်ဆောက်သွားရမယ်။
မြေယာရှုခင်းတွေကိုလည်း အဆင့်မီမီနဲ့ ခေတ်နဲ့လျော်ညီတဲ့ ပုံစံဖြစ်အောင် ဆောင်ရွက်ရမယ်။
ပြည်သူတွေ စိတ်အေးချမ်းသာစွာ လမ်းလျှောက်နိုင်၊ အနားယူနိုင်အောင်လည်း စနစ်တကျ ထည့်သွင်းတည်ဆောက်ရမယ်။”
#Our
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များ
နေပြည်တော်လေဆိပ်အဝင် လမ်းသစ်နှင့် တံတားများနှင့်ပတ်သက်၍
“လေဆိပ်အဝင်လမ်းသစ်နဲ့ တံတားတွေကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ပြီးစီးအောင် ဆောင်ရွက်ရမယ်။
ရုံးပင်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရမယ်။ လမ်းဘေးဝဲယာတစ်လျှောက်မှာလည်း အရိပ်ရလေကာပင်တွေနဲ့ အမြဲစိမ်းသစ်ပင်တွေ စိုက်ပျိုးသွားရမယ်။”
#Our
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များ
မီးရထားလမ်း ခုံးကျော်တံတားများနှင့် လမ်းအဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍
“မီးရထားလမ်း ခုံးကျော်တံတားတွေ တည်ဆောက်တဲ့အခါ နောင်အနာဂတ်မှာ လမ်းအသုံးပြုသူတွေနဲ့ မော်တော်ယာဉ်အစီးရေ တိုးလာနိုင်တာတွေကို ထည့်သွင်းတွက်ချက်ရမယ်။
နောင်မှာ လမ်းနဲ့တံတားတွေကို အဆင့်မြှင့်တင်နိုင်ရေးအတွက် Master Plan ရေးဆွဲထားဖို့ လိုပါတယ်။
အခုတည်ဆောက်နေတဲ့ ခုံးကျော်တံတားတွေ ငလျင်ဒဏ်ခံနိုင်ဖို့၊ ကြံ့ခိုင်ကောင်းမွန်ဖို့နဲ့ သတ်မှတ်ကာလအတွင်း အရည်အသွေးကောင်းမွန်စွာ ပြီးစီးဖို့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရမယ်။
နေပြည်တော်အတွင်း လမ်းတွေအားလုံးကို အဆင့်မီမီနဲ့ စနစ်တကျဖြစ်အောင်၊ မြို့ပြအင်္ဂါရပ်နဲ့ လျော်ညီအောင် ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားရမယ်။”
#Our
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များ
ပြည်သူ့ရင်ပြင် တည်ဆောက်ရေးနှင့်ပတ်သက်၍
“နေပြည်တော်ကောင်စီနယ်မြေကို မြို့တော်အင်္ဂါရပ်နဲ့အညီ ခေတ်မီပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ မြို့ပြတစ်ခုဖြစ်လာအောင် ဘက်ပေါင်းစုံကနေ စဉ်းစားပြီး လျာထားဆောင်ရွက်သွားရမယ်။
တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ခေတ်နဲ့အညီ အဆင့်မီမီဖြစ်ဖို့၊ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ပြီးစီးဖို့ စနစ်တကျ ဆောင်ရွက်ရမယ်။ ရေရှည်ခိုင်ခံ့မှုရှိအောင် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းတွေကိုလည်း အမြဲမပြတ် ဆောင်ရွက်သွားရမယ်။”
#Our
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များ
ပြည်ထောင်စုဂုဏ်ပြုဗိမာန်နှင့်ပတ်သက်၍
“ပြည်ထောင်စုဂုဏ်ပြုဗိမာန်ကို ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့ကြသူတွေနဲ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေကို ဂုဏ်ပြုနိုင်ဖို့ ရည်ရွယ်တည်ဆောက်စေတာဖြစ်တဲ့အတွက် ခမ်းခမ်းနားနားနဲ့ အဆင့်မီမီ ဖြစ်ဖို့လိုတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအပြင် ပြည်ပနိုင်ငံတွေက လာရောက်ဂုဏ်ပြုသူတွေအနေနဲ့လည်း အဆင့်မီမီနဲ့ စနစ်တကျ လာရောက်ဂုဏ်ပြုနိုင်အောင် လျာထားဆောက်လုပ်ရမယ်။
ပန်းစည်းချ ဂုဏ်ပြုမယ့်နေရာတွေကိုလည်း စနစ်တကျ ထည့်သွင်းစီမံရမယ်။
ဗိမာန်နဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်တဲ့အခါ မြန်မာမှုယဉ်ကျေးမှုနဲ့ ခေတ်သစ်ဗိသုကာအနုပညာလက်ရာတွေကို အချိုးညီညီ ပေါင်းစပ်တည်ဆောက်သွားရမယ်။
ဗိမာန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး သာယာလှပအောင် အမြဲစိမ်းသစ်ပင်တွေနဲ့ ပန်းမန်တွေကိုလည်း စနစ်တကျ ထည့်သွင်းစိုက်ပျိုးသွားရမယ်။”
#Our
နေပြည်တော် မြို့ပြဖွံ့ဖြိုးရေးနှင့် အထင်ကရစီမံကိန်းများ နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၃
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီနှင့် ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော် ပြည်သူ့ရင်ပြင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က ပြည်သူများ လည်ပတ်အပန်းဖြေနိုင်မည့် Public Area အဖြစ် တည်ဆောက်နေမှု၊ ပန်းခြံများ၊ လျှောက်လမ်းများ၊ ဖျော်ဖြေရေးရင်ပြင်၊ Shop House များနှင့် နာရီစင်ပါ အဆောက်အဦတည်ဆောက်ရန် လျာထားမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်းနှင့် ရန်ကုန်-မန္တလေး မီးရထားလမ်း ခုံးကျော်တံတားများ တည်ဆောက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် လမ်းအဆင့်မြှင့်တင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လမ်းနှင့်တံတားများအတွက် အနာဂတ်အသုံးပြုမှုကို ထည့်သွင်းတွက်ချက်၍ Master Plan ရေးဆွဲရန်၊ ငလျင်ဒဏ်ခံနိုင်ရေးနှင့် အရည်အသွေးပြည့်မီရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် နေပြည်တော်လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ဝက္ကမူတံတား၊ ရုံးပင်ချောင်းတံတား တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ ပြီးစီးရေး၊ ရုံးပင်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းဘေးဝဲယာတွင် အရိပ်ရလေကာပင်၊ အမြဲစိမ်းသစ်ပင်များ စိုက်ပျိုးရေး လမ်းညွှန်သည်။
ဆက်လက်၍ ရာဇသင်္ဂဟလမ်းမကြီးပေါ်ရှိ နေပြည်တော်မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများ ခိုင်ခံ့မှု၊ ငလျင်ဒဏ်ခံနိုင်မှု၊ မြန်မာ့ယဉ်ကျေးမှုလက်ရာနှင့် ခေတ်မီဗိသုကာလက်ရာများ ပေါင်းစပ်တည်ဆောက်မှု၊ မြေယာရှုခင်းနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက် စေရေးဆောင်ရွက်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေး
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက် လာစေရေးဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
မီးရထားလမ်းခုံးကျော် တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် လမ်း အသုံးပြုသူဦးရေနှင့် မော်တော်ယာဉ်အစီးရေတိုးတက်လာနိုင်မှုများအပေါ် ထည့်သွင်း တွက်ချက်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် Master Plan ရေးဆွဲဆောင်ရွက်ထားရှိရန်လိုကြောင်းထည့်သွင်းမှာကြား
နေပြည်တော်၊ အောက်တိုဘာ - ၃
#PPIB
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက် လာစေရေးဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
မီးရထားလမ်းခုံးကျော် တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် လမ်း အသုံးပြုသူဦးရေနှင့် မော်တော်ယာဉ်အစီးရေတိုးတက်လာနိုင်မှုများအပေါ် ထည့်သွင်း တွက်ချက်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် Master Plan ရေးဆွဲဆောင်ရွက်ထားရှိရန်လိုကြောင်းထည့်သွင်းမှာကြား
နေပြည်တော်၊ အောက်တိုဘာ - ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးခင်မောင်ရီနှင့် ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်လျက်ရှိမှု အခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
#PPIB
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားချက်မှ
ကောက်နုတ်ချက်
#HOS
+1
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းအောင် ဆောင်ရွက်ရာတွင် နိုင်ငံဖြတ်ကျော် မှုခင်းများကို အလေးထားပြီး ပူးပေါင်းကာကွယ် တားဆီးဖြေရှင်း ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား
နေပြည်တော်၊ အောက်တိုဘာ ၁
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပ ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
+3
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို Zero Tolerance မူဝါဒဖြင့် နှိမ်နင်းနေ
နေပြည်တော်၊ အောက်တိုဘာ ၁
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝသည်းခံခွင့်လွှတ်၍မရသော ရာဇဝတ်မှုများအဖြစ် သတ်မှတ်ပြီး Zero Tolerance မူဝါဒဖြင့် နှိမ်နင်းလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
အွန်လိုင်းလောင်းကစားမှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်စေနိုင်သဖြင့် အွန်လိုင်းလိမ်လည်မှု နည်းလမ်းများနှင့် အန္တရာယ်များကို ပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်နေကြောင်းလည်း ပြောကြားသည်။
အဆိုပါပြောကြားချက်ကို အောက်တိုဘာ ၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) MICC-1 ၌ ကျင်းပသည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
#Our
+2
(၆၂) နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ - ၁
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်း အနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန-၁ (MICC-1)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
#PPIB
Repost from Dr Khaing Khaing Soe
■ ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြု
နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်းနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ရဲတပ်ဖွဲ့ဝင် ၄,၉၄၀ ဦးကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
■ “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်”
နိဂုံးချုပ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာနှင့် ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့ပါသည်။
Repost from Dr Khaing Khaing Soe
နိုင်ငံတော်နှင့် ပြည်သူ အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း၊
နိုင်ငံဖြတ်ကျော်မှုခင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးမှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရန် မှာကြား
နေပြည်တော်၊ အောက်တိုဘာ ၁
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ ယုံကြည်အားကိုးရသည့် ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနား တွင် အမှာစကားပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
■ ပြည်သူယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဖြစ်ရန်
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ကာ ရည်မှန်းချက်တာဝန် (၄) ရပ်နှင့် လုပ်ငန်းတာဝန် (၆) ရပ်တို့ကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး လေ့ကျင့်သားပြည့်ဝ၍ အဂတိကင်းရှင်းကာ ပြည်သူယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် မှာကြားခဲ့ပါသည်။
■ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတားဆီးရန်
Cyber Crime၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပိုမိုရှုပ်ထွေးလာသဖြင့် နည်းပညာစွမ်းရည်နှင့် မှုခင်းသတင်းအချက်အလက် စုဆောင်းသုံးသပ်မှု မြှင့်တင်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှု ၇၀၄ မှု၊ ငွေကြေးခဝါချမှု ၄ မှု၊ လူကုန်ကူးမှု ၄၁ မှု၊ လက်နက်မှောင်ခိုမှု ၅ မှုနှင့် ဆိုက်ဘာမှုခင်း ၃၁၂ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
■ အွန်လိုင်းလိမ်လည်မှုများကို Zero Tolerance ဖြင့် နှိမ်နင်း
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို Zero Tolerance မူဝါဒဖြင့် နှိမ်နင်းနေပြီး ၂၀၂၆ ခုနှစ်တွင် သက်ဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းကာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်၍ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သော KK Park ရှိ အဆောက်အအုံ ၆၃၅ လုံးနှင့် ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အအုံ ၇၇ လုံးကို ဖြိုချဖျက်ဆီးရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ အွန်လိုင်း လိမ်လည်မှုနှင့် ဆက်စပ်သည့်နိုင်ငံခြားသား ၇၃,၂၅၈ ဦး ကို ပြည်နှင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
■ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆက်လက်အရှိန်မြှင့်
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိပြီး အထူးစစ်ဆင်ရေး ၄၁ ကြိမ် ဆောင်ရွက်ခဲ့သည့်အပြင် “Operation 42” ကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ ကျပ် ၂,၂၀၉ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်)တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။
■ ပြည်သူဗဟိုပြုရဲလုပ်ငန်းနှင့် Digital Policing မြှင့်တင်ရန်
ပြည်သူများ၏ တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပြီး လူ့အခွင့်အရေးအခြေခံမူများကို လေးစားလိုက်နာကာ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် မြှင့်တင်ရန် မှာကြားခဲ့ပါသည်။
ထို့ပြင် Digital Policing၊ Police Technology၊ Forensic Science နှင့် ခေတ်မီစုံစမ်းစစ်ဆေးရေးနည်းပညာများ ကို ထိရောက်စွာ အသုံးချ၍ အထောက်အထားအခြေပြု စုံစမ်းဖော်ထုတ်မှုများ မြှင့်တင်ရန်လည်း တိုက်တွန်းပြောကြားခဲ့ပါသည်။
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့(INTERPOL) ကို ၁၉၅၄ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သကဲ့သို ၁၉၉၈ ခုနှစ်တွင် အာဆီယံ ရဲအဖွဲ့(ASEANAPOL)ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
#HOS
(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ကို ၁၉၅၄ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သကဲ့သို့ ၁၉၉၈ ခုနှစ်တွင် အာဆီယံ ရဲအဖွဲ့ (ASEANAPOL)ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံဖြတ် ကျော်မှုခင်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ - ၁
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပ ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်မိန့်ခွန်း ပြောကြားသည်။
#PPIB
