fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

Our President 🇲🇲

Our President 🇲🇲

رفتن به کانال در Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
216
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-230 روز
آرشیو پست ها
Repost from PPIB.Official
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မလေးရှားနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာသည့်ရုပ်သံမှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

မလေးရှားဝန်ကြီးချုပ်ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိလာသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ဂုဏ်
+6
မလေးရှားဝန်ကြီးချုပ်ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိလာသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကော်ဇောနီခင်း ကြိုဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit)အဖြစ်  ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား လေဆိပ်၌ မလေးရှားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုကြသည်။ #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား  မလေးရှားနိုင်ငံက ဂုဏ်ပြုကြိုဆိုရန် ပြင်ဆင်နေမှုမြင်ကွင်းများ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit) စတင်ထွ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit) စတင်ထွက်ခွာ   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။   နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ နေပြည်တော်၊ အောက်တိုဘာ ၇ န
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ နေပြည်တော်၊ အောက်တိုဘာ ၇ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲအား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။ #PPIB

President of the Republic of the Union of Myanmar, H.E. U Min Aung Hlaing to make Official Visit to Malaysia At the invitatio
President of the Republic of the Union of Myanmar, H.E. U Min Aung Hlaing to make Official Visit to Malaysia At the invitation of His Excellency Dato’ Seri Anwar Bin Ibrahim, Prime Minister of Malaysia, His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, will pay an Official Visit to Malaysia in the near future. #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည် နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်။ မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်။ မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး နှင့်နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကေ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက် #HOS

စီးပွားရေးတိုးတက်ရေးအတွက် ထုတ်လုပ်မှုမြှင့်တင်ပြီး စားသုံးဆီဖူလုံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် နိုင်ငံတော်သမ္မတ မှာကြား နေပြည်တော်၊ အောက်တိုဘာ ၅ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံ့စီးပွားရေးတိုးတက်မှုနှေးကွေးနေသည့် အကြောင်းရင်းများကို ပြန်လည်သုံးသပ်ပြီး ပြည်တွင်းထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရန် အောက်တိုဘာ ၅ ရက်တွင် ကျင်းပသည့် စီးပွားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲ၌ မှာကြားခဲ့ပါသည်။ လက်ရှိတွင် GDP တိုးတက်မှုမှာ ၃ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ ထုတ်လုပ်မှုအခက်အခဲများနှင့် အဖျက်လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် ပြန်လည်ပြုပြင်ရသည့် ကုန်ကျစရိတ်များက စီးပွားရေးတိုးတက်မှုကို ထိခိုက်စေကြောင်းလည်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထားပြောကြားခဲ့သည်များမှာ - • ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ တိုးတက်ရေးကို အလေးထားဆောင်ရွက်ရန်၊ KG+9 အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် တက္ကသိုလ်များတွင် ဘွဲ့လက်မှတ်ရရှိရေးထက် အမှန်တကယ် စာတတ်မြောက်ပြီး အသိပညာနှင့် ကျွမ်းကျင်မှုရရှိရေးကို ဦးစားပေးရန် • အဝေးသင်ပညာရေးကို စရိတ်သက်သာမှုကြောင့် ပိုမိုရွေးချယ်လာသော်လည်း ပညာရေးအရည်အသွေးနှင့် သင်ယူမှုထိရောက်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် • ပြည်သူများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ရန်၊ ပြည်သူများ ကျန်းမာရေးမကောင်းမွန်ပါက အလုပ်လုပ်နိုင်စွမ်းနှင့် ကုန်ထုတ်လုပ်မှုကို ထိခိုက်နိုင်သဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးတက်ရေးမှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံ့ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို အထောက်အကူပြုစေရန် • ပြည်တွင်းထုတ်လုပ်မှုနှင့် အလုပ်အကိုင် တိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ရရှိနိုင်သမျှ အပြည့်အဝဆောင်ရွက်ပြီး ထုတ်လုပ်မှုမှ အမြတ်အစွန်းရရှိနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားရန် • သန်းခေါင်စာရင်းအရ အလုပ်လုပ်နိုင်သူ ၃၃ သန်းခန့်ရှိသော်လည်း ပြည်တွင်း၌ အလုပ်သမားလိုအပ်ချက်များ ရှိနေသဖြင့် အလုပ်အကိုင်ဖန်တီးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန် • လယ်ယာထွက်ကုန်နှင့် ဈေးကွက်ချဲ့ထွင်ရေး အတွက် ဆန်စက်များ အဆင့်မြှင့်တင်ခြင်း၊ မျိုးကောင်းမျိုးသန့်အသုံးပြုခြင်းနှင့် ပြောင်း၊ ပဲအပါအဝင် လယ်ယာထွက်ကုန်များအတွက် ဈေးကွက်ရှာဖွေခြင်းကို တိုးမြှင့်ဆောင်ရွက်ရန် • ရာဘာ၊ ဝါဂွမ်း၊ ကြက်သွန်၊ အာလူး၊ ငါး၊ ပုစွန်နှင့် ကော်ဖီတို့ကို ကုန်ကြမ်းအဖြစ်သာ မရောင်းချဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်ပဈေးကွက်များ ရှာဖွေတင်ပို့ရန် • ငါးလုပ်ငန်းကဏ္ဍ တွင် လက်ရှိဖမ်းဆီးမှု ၇၀ ရာခိုင်နှုန်းနှင့် မွေးမြူမှု ၃၀ ရာခိုင်နှုန်းရှိသည့် အခြေအနေမှ ဖမ်းဆီးမှုနှင့် မွေးမြူမှု ၅၀ ရာခိုင်နှုန်းစီ ဖြစ်လာရေး ဆောင်ရွက်ရန် • စားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးရေး အတွက် နေကြာ၊ ဆီအုန်းနှင့် အခြားဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုး၍ ပြည်တွင်းစားသုံးဆီဖူလုံရေးကို ဦးစားပေးဆောင်ရွက်ရန်၊ စားသုံးဆီဖူလုံပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် သက်သာနိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ရန် • စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် ဆီထွက်သီးနှံစိုက်ပျိုးရေးကို ပိုမိုအားစိုက်ဆောင်ရွက်ရန် • ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အရင်းအနှီးများကို ထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးချရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပြည်တွင်း၌ တိုးချဲ့လုပ်ကိုင်ရန် • ငွေရလွယ်သည့် နေရာများတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ကုန်ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံအတွက် တန်ဖိုးရှိသဖြင့် ငွေကြေးတတ်နိုင်သူများအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပါဝင်လုပ်ကိုင်ရန် • ယခင်က အိမ်ခြံမြေကဏ္ဍအပါအဝင် အခွန်စိစစ်မှုများမှ ဝင်ငွေပြန်လည်ရရှိလာပြီး အိမ်ခြံမြေဈေးများ ကျဆင်းခဲ့သကဲ့သို့ ယခုလည်း သက်ဆိုင်ရာကဏ္ဍများကို စိစစ်ဆောင်ရွက်ရန် • အယ်လ်နီညိုအခြေအနေကြောင့် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ခန့်ရှိသည့် မြို့နယ်များရှိ နေသဖြင့် ရေချွေတာသုံးစွဲရေး၊ ဆိုလာစနစ်များ တိုးမြှင့်အသုံးပြုရေးနှင့် မြေအောက်ရေ ရယူရေးတို့ကို ဆောင်ရွက်ရန်၊ အပူရှောင်စခန်းများ ကြိုတင်ပြင်ဆင်ထားကြရန် အာလူး၊ ဘူးသီး၊ ဝဥ၊ ကျောက်ဖရုံသီးနှင့် ကြက်သွန်ကဲ့သို့ တာရှည်ခံသီးနှံများကို အရှိန်မြှင့်ထုတ်လုပ်ပြီး အစားအစာ မပြတ်လပ်ရေး အလေးထား ဆောင်ရွက်ရန် ထိုမှသာ ရေ နှင့် စားရေရိက္ခာပြတ်လတ်မှုမကြုံဘဲ အယ်နီညိုကို ကျော်လွှားနိုင်မှာဖြစ်ပါကြောင်း အလေးအနက်ထား မှာကြားခဲ့ပါသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်
+4
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြား မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညိုရာသီဥတုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများထိန်းသိမ်းခြင်း၊ အပူရှောင်စခန်းများဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ ရေများ စုဆောင်းခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်း၊ ကြာရှည်စွာအထားခံ စားသောက်၍ ရနိုင်သည်များကို စုဆောင်းထားရှိခြင်းနှင့် သီးနှံများကို တိုးချဲ့စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားသည်။ ပြည်ပဈေးကွက်လိုအပ်ချက် မြင့်မားစွာ ရှိနေသည့်အတွက် နိုင်ငံ့စီးပွားရေးအားကောင်းလာနိုင်ရန် လိုအပ်နေသည်မှာ မှန်မှန်ကန်ကန်နှင့် ကြိုးကြိုးစားစား အလုပ်လုပ်ကြရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား ဘဏ္ဍာရေးကော်မရှင်
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက် အမှာစကားပြောကြားသည်။ နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျအကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲကြရန် ထည့်သွင်းမှာကြားသည်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား ဘဏ္ဍာရေးကော်မရှင်
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက် အမှာစကားပြောကြားသည်။ နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျအကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲကြရန် ထည့်သွင်းမှာကြားသည်။ #HOS #SN

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတ လိုအပ်သည်များ လမ်းညွှန်မှာကြား October 5th နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် အဆိုပါကိစ္စရပ်များကို ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညိုရာသီဥတုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ ထိန်းသိမ်းခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ ရေများစုဆောင်းခြင်းနှင့် မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရန် မှာကြားခဲ့သည်။ ထို့အပြင် ကြာရှည်စွာ အထားခံစားသောက်၍ရနိုင်သည့် အစားအစာများ စုဆောင်းထားရှိခြင်း၊ သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်သွားကြရန်လည်း မှာကြားခဲ့သည်။ ပြည်ပဈေးကွက်လိုအပ်ချက် မြင့်မားစွာရှိနေသည့်အတွက် နိုင်ငံ့စီးပွားရေး အားကောင်းလာနိုင်ရန် လိုအပ်နေသည်မှာ မှန်မှန်ကန်ကန်နှင့် ကြိုးကြိုးစားစား အလုပ်လုပ်ကြရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျ၊ အကျိုးရှိရှိနှင့် ထိထိရောက်ရောက် သုံးစွဲကြရန်လည်း မှာကြားခဲ့သည်။ လယ်ယာကဏ္ဍမြှင့်တင်ရေးသည် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ နိုင်ငံတော်အနေဖြင့် အဓိကကျသည့်ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း နှစ်စဉ်တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစည်းအဝေးတွင် ပြောကြားခဲ့သည်။ #PhotosbyPPIB #Our

photo content
+9

အခွန်တိုးကောက်ခြင်းထက် ကောက်ခံရမည့်အခွန်များ အပြည့်အဝရရှိရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတပြောကြား နေပြည်တော်၊ အောက်တိုဘာ ၅ နိုင်ငံတော်၏ အခွန်အခများ ပိုမိုရရှိစေရေးအတွက် အခွန်ငွေတိုးမြှင့်ကောက်ခံခြင်းထက် အမှန်တကယ်ကောက်ခံရရှိရမည့် အခွန်ငွေများကို မှန်မှန်ကန်ကန် အပြည့်အဝကောက်ခံရရှိရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက်တွင် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။ ထို့ပြင် ဘဏ္ဍာငွေသုံးစွဲရာတွင် နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိစေရေးနှင့် မကုန်သင့်သည့်နေရာများတွင် အပိုသုံးစွဲမှုမဖြစ်စေရေး စနစ်တကျစိစစ်ရန်လည်း မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထားပြောကြားခဲ့သည်များမှာ - • ဖြည့်စွက်ခွင့်ပြုငွေများကို မူလခွင့်ပြုငွေဖြင့် မလုံလောက်သည့် မဖြစ်မနေဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းများအတွက်သာ စိစစ်ခွင့်ပြုပေးခြင်းဖြစ်ပြီး အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ သုံးစွဲကြရန်၊ • ဖြည့်စွက်ခွင့်ပြုငွေကို သုံးစွဲနိုင်မည့်ကာလမှာ (၄) လခန့်သာရှိသဖြင့် သက်ဆိုင်ရာလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန်၊ • နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် Agro-based Industries များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်၊ • လယ်ယာထွက်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ MSME လုပ်ငန်းများမှတစ်ဆင့် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်အောင် ဆောင်ရွက်ကြရန်၊ • စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ထုတ်လုပ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းတင်ပို့နိုင်ရေး ကြိုးပမ်းကြရန်၊ • ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ တည်ဆောက်ရေးတွင် လူသားအရင်းအမြစ်သည် အဓိကကျသဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို ဘက်စုံမြှင့်တင်ကြရန်၊ • “လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့် ခံယူချက်ဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ထိရောက်သည့်မူဝါဒများဖြင့် အကောင်အထည်ဖော်ကြရန်၊ • ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများအတွက် ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများကို စနစ်တကျ၊ အကျိုးရှိထိရောက်စွာ သုံးစွဲကြရန်၊ • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုထားသည့် လုပ်ငန်းများကို အချိန်မဆွဲဘဲ အမြန်အကောင်အထည်ဖော်၍ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝင်ငွေတိုးတက်ရေးအတွက် သတ်မှတ်ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရန်။ • နိုင်ငံတော်၏ အခွန်ဝင်ငွေတိုးတက်ရရှိရေးအတွက် အခွန်နှုန်းထားတိုးမြှင့်ခြင်းထက် အမှန်တကယ်ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝ၊ မှန်မှန်ကန်ကန် ကောက်ခံရရှိအောင် ဆောင်ရွက်ကြရန်၊ • တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် မိမိတို့ဒေသ၏ အားသာချက်များကို အသုံးချ၍ ကုန်ထုတ်လုပ်ငန်းများ ပုံမှန်တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ • နိုင်ငံတော်ဘဏ္ဍာငွေများ သုံးစွဲရာတွင် နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိသည့် သုံးစွဲမှုများဖြစ်စေရေးနှင့် မကုန်သင့်သည့်နေရာများတွင် အပိုသုံးစွဲမှုမရှိစေရေး စနစ်တကျစိစစ်ဆောင်ရွက်ကြရန်၊ • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားကဏ္ဍများကို ဟန်ချက်ညီညီပေါင်းစပ်ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရန်၊ • လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးကဏ္ဍဖြစ်သဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်ကြရန်၊ • ရငွေများကို လျာထားချက်အတိုင်း အပြည့်အဝကောက်ခံရရှိရေးနှင့် ခွင့်ပြုပေးထားသည့် အသုံးစရိတ်များ၊ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်ဝစွာ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန်၊ • လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပြီး ဘဏ္ဍာငွေသုံးစွဲမှုများကို စနစ်တကျ စာရင်းစစ်ဆေးမှုခံယူနိုင်ရေး ဆောင်ရွက်ကြရန်၊ • ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျ၊ အကျိုးရှိရှိ၊ ထိထိရောက်ရောက် သုံးစွဲပြီး ပိုလျှံငွေအများအပြား ပြန်လည်အပ်နှံရမှု မဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရန်တို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်း၊ ထပ်မံထောက်ပံ့ပေးရမည့် ဘဏ္ဍာငွေများနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုခဲ့ပြီး ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ။

ကျွမ်းကျင်ပညာရှင်များ၏ စုပေါင်းစွမ်းအားဖြင့် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွံဖြိုးတိုးတက်လာစေရန် ဆရာ ဆရာမများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများအားလုံးက လက်တွဲညီညီ ပါဝင်ဆောင်ရွက် သွားကြရမည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိင်ထံမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို ပေးပိုသည့် သဝဏ်လွှာ ( ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် ) ချစ်ခင်လေးစားအပ်ပါသော ဆရာ၊ ဆရာမများ ခင်ဗျာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာ များနေ့ မင်္ဂလာအခါသမယ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆရာ ဆရာမများ အားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပိုသပါသည်။ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာ ဆရာမများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စသည့်ခမ်းနားထည်ဝါမြင့်မြတ်လှသော ဂုဏ်အင်အနန္တတိုကို မော်ကွန်းတင် ချီးမြှောက်သည့် ကျက်သရေမင်္ဂလာနှင့် ဝေဖြာထူးမြတ်လှသော ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါသည်။

photo content

မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ယနေ့ ပြန်လည်ရောက်ရှိ၊ ပြည်ပတွင် အခက်အခဲကြုံသူများကို ဆက်လက်ကူညီမည် ရန်ကုန်၊ အောက်တိုဘာ ၄
+3
မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ယနေ့ ပြန်လည်ရောက်ရှိ၊ ပြည်ပတွင် အခက်အခဲကြုံသူများကို ဆက်လက်ကူညီမည် ရန်ကုန်၊ အောက်တိုဘာ ၄ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး လေယာဉ်စရိတ် မတတ်နိုင်သည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ အောက်တိုဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံသားများကို စစ်ရေယာဉ် မုတ္တမ၊ ပင်လယ်သွားဆေးရုံရေယာဉ် သံလွင်နှင့် စစ်ရေယာဉ် ဆင်ဖြူရှင်တို့ဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းကာ ပြည်ပရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ၊ ဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ကောင်စစ်ဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် မလေးရှားနိုင်ငံ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၀၈၆ ဦးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ နှစ်နိုင်ငံအစိုးရများအကြား ညှိနှိုင်းကာ လူသားချင်းစာနာထောက်ထားမှုအရ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်အထိ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူ ၈,၀၄၁ ဦးကို လေယာဉ်ဖြင့် အပတ်စဉ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအနက် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ စုစုပေါင်း ၁,၉၀၅ ဦးကို တပ်မတော်လေယာဉ်၊ စင်ကာပူလေယာဉ်၊ ပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် AirAsia လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။ အိန္ဒိယရေပိုင်နက်အတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့တွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာရေလုပ်သား ၂၆ ဦးကိုလည်း ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။ တစ်ဖက်တွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူပွဲစားများ၏ မဟုတ်မမှန် ဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင်နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပသို့ ထွက်ခွာခြင်းကို ရှောင်ကြဉ်ရန်နှင့် လူကုန်ကူးခံရမှုမရှိစေရေး သတိပြုကြရန် နှိုးဆော်တိုက်တွန်းလိုပါသည်။ နောင်တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာပါက သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့နိုင်ပြီး မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါသည်။