es
Feedback
သွယ်မြိတ် [ Thwe Myeik]

သွယ်မြိတ် [ Thwe Myeik]

Ir al canal en Telegram

နေ့တိုင်း အနည်းငယ်ပေါ့ မင်းအပြုံးရဲ့ ချစ်စရာ ကမ္ဘာလုံးဆိုင်ရာ စိတ်ချမ်းသာမှု ငါရခဲ့တာကို တစ်ခါမမေ့နိုင်ဘူး။ - သွယ်မြိတ် ချစ်ခြင်းမေတ္တာဟာ မျက်မှန်လေးနဲ့ ကဗျာမှ

Mostrar más
El país no está especificadoLa categoría no está especificada
336
Suscriptores
Sin datos24 horas
-37 días
+230 días

Carga de datos en curso...

Canales Similares
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
julio '26
julio '26
+18
en 0 canales
junio '26
+20
en 1 canales
Get PRO
mayo '26
+338
en 2 canales
Get PRO
abril '260
en 3 canales
Get PRO
marzo '26
+2
en 1 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
30 julio+1
29 julio0
28 julio0
27 julio+1
26 julio0
25 julio0
24 julio0
23 julio0
22 julio0
21 julio+1
20 julio+1
19 julio+1
18 julio+2
17 julio0
16 julio0
15 julio0
14 julio0
13 julio+2
12 julio0
11 julio+1
10 julio0
09 julio0
08 julio+1
07 julio+3
06 julio+1
05 julio+1
04 julio0
03 julio+1
02 julio+1
01 julio0
Publicaciones del Canal
ဒါလိုချင်တယ် မေမေလို့ ဘယ်အရွယ်မှာ ပြောရတာလဲ.... လှချင်လိုက်တာလို့ ဘယ်အရွယ်မှာ ပြောရတာလဲ.... ထင်ရာစိုင်းတဲ့ လူငယ်တစ်ယောက် ဆိုတာကရော ဘယ်အရွယ်ဖြစ်မလဲ... အရာရာကို သိလွန်နေတဲ့စိတ်ကြောင့်လား မပြေလည်မှုတွေကြောင့်လား ပြီးတော့ ဝမ်းနည်းရတာကြောင့်လား ဟူးး အဖြေတော့ ရှာမတွေ့ဘူး မပျော်ဘူးဆိုတာတော့ အသက်ထက်ပိုပါတယ်...။ -ဆူးခေတ် အထပ်ထပ်ပြိုနေတဲ့အချိန် အသက်ထက်ပိုတဲ့အကြောင်းတွေပြောရင် ဘယ်ပျော်နိုင်ပါ့မလဲ။ ဆားရည်အိုင်ထဲက သကြားခဲလေးခဗျာ အားငယ်ရရှာတယ်…။ -သွယ်မြိတ်

2
ငြူစူနေတဲ့ အကြည့်တွေကြား မင်းဆီကို ပြေးလာခဲ့တယ်။ လှမ်းခဲ့သမျှ သံသရာသွေးအိုင်ထဲ မင်းက အနာကပ်ပလာစတာလေးပေါ့ အချစ်ရယ် … ။ -သွယ်မြိတ်
147
3
ငါလိမ်ခဲ့သော ပိတ်ရက် လူနားရက်မှာ စိတ်ရဲ့စက်သံတွေကို နှလုံးသားနဲ့ကြားနေရ၊ ငါမလွမ်းချင်ဘူး ချစ်သူ အိတ်ထဲ အကြွေတွေကိုပဲပိုင်တာက အရှိတရားဖြစ်ပြီး အိမ်ထဲက ပရိဘောဂတွေရောင်းချင်တာ မေတ္တာတရားပါပဲ။ လမ်းကူးရင်း ကားတိုက်တဲ့သတင်းဟာ ၅၀/၅၀ပဲလေ ၁၀၀လိုချင်လို့ အိမ်မှာနေတာဟာ ငါ့ရဲ့ လုံခြုံရေးဝန်ထမ်းဖြစ်တယ်။ ဘယ်သူ ငါ့ကိုဖုန်းခေါ်မှာလဲ။ မနက်စာကို ဂိမ်းတစ်ပွဲနဲ့စမယ် ဒီနေ့အတွက် ငါ့အစီအစဉ်က တစ်ယောက်တည်းလည်းဖြစ်ပါတယ်။ ၁၀သိန်းနဲ့ ဇာတ်ကားရိုက်လို့ရသလို မင်းသားနဲ့ မင်းသမီးရှိရင်လည်း အရန်မလိုဘဲ ကားသစ်ထွက်နိုင်တယ်။ ငါ့အတွက်လည်း ဒီလိုပဲ ဆေးလိပ်နဲ့ စိတ်အမောပြေသလို သီချင်းတစ်ပုဒ်နဲ့ တိတ်ဆိတ်ခြင်းရှိရင် မင်းကိုမလိုဘဲ နေ့သစ်ကိုစတင်နိုင်တယ်။ အဲ့လောက်တောင် လိမ်ပြောနေရတာ မမောဘူးလားတဲ့၊ မင်းဘာသိလို့လဲလို့ ဖုန်းကို ငါအော်လိုက်တယ်၊ တစ်ခြား Aiပဲပြောင်းသုံးတော့မယ်။ - သွယ်မြိတ်
273
4
သူ့ကို မင်းခေါ်သွားလို့ရတယ် ဒါပေမယ့် ငါ့စိတ်ထဲက မှတ်ဉာဏ်တွေကိုတော့ မင်းယူသွားလို့မရဘူး ။ - သွယ်မြိတ်
သူ့ကို မင်းခေါ်သွားလို့ရတယ် ဒါပေမယ့် ငါ့စိတ်ထဲက မှတ်ဉာဏ်တွေကိုတော့ မင်းယူသွားလို့မရဘူး ။ - သွယ်မြိတ်
311
5
ဘယ်သူသိမလဲ အချစ်ရေ မင်းနဲ့ပတ်သတ်ရင် နေ့ရက်တိုင်းကတနင်္ဂနွေ၊ ငါ့ကိုအပျင်းပြေလေးချစ်ပေးရင်တောင် ပန်းလေးတွေက သိပ်လှတတ်တာ၊ ဘယ်သူသိမလဲ။ အချစ်ရေ ဘယ်သူသိမလဲ။ ကမ္ဘာမှာ အကန့်လေးတွေရှိတတ်ပြီး ငါ့အကန့်မှာတော့ မင်းပဲရှိတာ၊ ချောင်နေတဲ့ ဘောင်းဘီလို ငါမင်းကိုချစ်တာကလည်း ဖုံးမရဖိမရနဲ့ ဘယ်သူသိမလဲ။ အချစ်ရေ ဘယ်သူသိမလဲ။ ဝက်ကလေးလို့ပြောရင် ဝိတ်ချတော့မယ်ဆိုပြီး အာလူးကြော်တွေ ဝယ်စားတာ၊ စိတ်မချလို့ပါဆိုပြီး တဖွဖွမှာနေတာတွေ ဘယ်သူသိမလဲ။ အချစ်ရေ ဘယ်သူသိမလဲ။ ဒီဘဝက ဒီတစ်ယောက်နဲ့ပဲလို့ပြောရင် နောက်ဘဝကို ငါကြိုတွေးတတ်တာ၊ အဲ့ဒီ နောက်ဘဝဆိုတာတွေကရော ဘယ်သူသိမလဲ။ အချစ်ရေ ဘယ်သူသိမလဲ။ -သွယ်မြိတ်
343
6
လိုအပ်ချက်ဗလာ အပင်တစ်ပင်ရဲ့အဓိပ္ပာယ်ကို သူ့အမြစ်တွေက တာဝန်ယူတယ်၊ ဓားဟာ အလျားနဲ့ အနားကိုဖြတ်တယ်၊ ပျက်ကျသွားတဲ့စက္ကူစလေးတွေကို ဘယ်သူဂရုစ်ိုက်လို့လဲ။ ပြည့်စုံခြင်းကို ကြိုးဆွဲချပြီး မြို့ပြင်မှာထုတ်ထားတယ်၊ နှလုံးသားကိုယ်တိုင်ကအပေါက်တွေနဲ့ ဘယ်ရေတွေ ယ်ိုစိမ့်နေပြီလဲ။ ရှူသွင်းလိုက်တိုင်း ကျလာတဲ့ နှာခေါင်းသွေးကို တားဆီးလို့ရကောင်းပေမယ့် ချစ်ခြင်းဟာ အပြစ်ကင်းခြင်းကိုဖော်ဆောင်တယ်၊ ဘယ်တံခါးက မြဲနိုင်လို့လဲ။ - သွယ်မြိတ်
308
7
ငါဖြည့်ခဲ့တဲ့ပါရမီ မုသားတွေကို ခေါင်းငြိမ့်နိုင်ဖို့ဆိုတာ တော်ရုံကံမျိုးလောက်နဲ့ မဖြစ်နိုင်ဘူး ယောက်ဖရဲ့၊ ဒါက ဘဝအဆက်ဆက် လိမ်ပြောလာခဲ့ရတာ ။ -သွယ်မြိတ်
301
8
❝ စာအမှတ် ၁ကို ပြန်တောင်မဖက်ချင်ဘူး။ ငါမဟုတ်တဲ့တစ်ခြားတစ်ယောက်လို ဦးတည်ရာမဲ့နေလိုက်တာများ လွန်ခဲ့တဲ့နှစ်တွေကို အခုထိရှာမတွေ့သေးဘူး။ မိုးဖွဲဖွဲလေးတွေ ရွာချလာတဲ့ ညနေခင်း၊ မေ့လျော့ခြင်းရဲ့ အမှောင်ထောင့်မှာ အသာတကြည် ပုန်းကွယ်နေတဲ့ ပုံရိပ်တွေက မိုးရေစက်တွေနဲ့အတူ အသက်ဝင်လို့ ပြက္ခဒိန်စာမျက်နှာတွေကို တရွေ့ရွေ့လှန်ရင်း အချိန်ကြာလာတော့လည်း ဝေးကွာသွားပြီလို့ထင်ခဲ့တာ လမ်းဆုံတစ်ခုမှာ မင်းနဲ့တူတဲ့ သူတစ်ယောက်ကို အလိုအလျောက် လိုက်ရှာနေမိဆဲ။ နှလုံးသားကို သော့ခတ်ထားနိုင်တဲ့ ဗိသုကာတစ်ယောက် မဟုတ်ရပါဘူး။ ချန်ထားခဲ့တဲ့ အငွေ့အသက်တွေကြား အလွမ်းတွေနဲ့ ရင်ဘက်ထဲမှာ ဥယျာဉ်လေးတစ်ခုဆောက်ထားတယ်။ နောက်ပြီး ဒီကဗျာတွေနဲ့ပဲ သက်ပြင်းချလိုက်တော့မယ်...။ ❞ : သွယ်မြိတ် ချစ်ရသူသို့ ပေးတဲ့စာ - ၂
290
9
❝ အမှတ်မထင် ဖြတ်သွားတဲ့ လေရိုင်းထဲ မင်း ကိုယ်သင်းနံ့တွေ ပါလာတတ်သလို... အလွမ်းတွေနဲ့ ယဉ်ပါးနေပါပြီဆိုတဲ့ လူကိုမှ မင်းကြိုက်တတ်တဲ့ သီချင်းလေးတစ်ပုဒ် လာဖွင့်ပြတယ်။ မေ့ပစ်ဖို့ ကြိုးစားခဲ့တဲ့ နေ့ရက်တွေထက် ခလုတ်တိုက်မိတဲ့ တိုက်ဆိုင်မှုတစ်ခုက ပိုပြီး အင်အားကြီးနေတတ်တယ်။ ငါဟာ မေ့ပျောက်ခြင်းအတတ်နဲ့ နေသားကျနေတာ မဟုတ်ဘဲ အလွမ်းတွေကို အသားကျအောင် ဒီကာရံတွေညှိထားရုံသက်သက်ပါပဲ...။ ❞ : သွယ်မြိတ် ချစ်ရသူသို့ ပေးတဲ့စာ - ၁
234
10
ဘုရားပေးတဲ့ဘဝ လက်ထဲက ဆေးလိပ်သောက်မယ့် ပိုက်ဆံကို၊ ကော်ဖီဝယ်မယ့်အထဲ ထည့်လိုက်မယ်။ ဘယ်ဆိုးလို့လဲ နှုတ်ခမ်းပေါ်ကကော်ဖီလေးတွေ သုတ်ပေးခွင့်ရတာပဲ။ -သွယ်မြိတ်
301
11
ပထမဆုံးနေ့ သူငယ်ချင်းကို စောင့်နေလို့ နည်းနည်းတော့ ကြာမယ်တဲ့၊ သူ့မှာလည်း ခြေထောက်ရှိပါတယ်ကွာ၊ ငါ့မှာက ခြေထောက်ရှိပေမယ့် ငါ့ခြေထောက်တွေက မင်းဖြစ်နေတာ၊ မင်းသာမရှိရင် ငါမလာနိုင်ဘူး။ -သွယ်မြိတ်
342
12
ငါလည်းထိုင်ခုံရချင်တယ် မင်းက ဘတ်စ်ကားပေါ်မှာ ထိုင်ခုံရတဲ့ကောင်မလေးပဲဆိုပါတော့၊ ငါလည်း မင်းဘေးကကောင် ထသွားမှာကို မျှော်နေဖို့ပဲ တတ်နိုင်တယ်။ မင်းလည်း ငါသက်သာအောင် ငါ့အိတ်ကလေး ယူထားပေးတဲ့ အဖြူထည်စိတ်ကလေးပဲ တတ်နိုင်တယ်။ -သွယ်မြိတ်
334
13
ငါ့ဘာသာနစ်နေတဲ့ နွံထဲကို မင်းကပါ ထိုးမချပါနဲ့၊ အရင်အခြေအနေကိုရောက်ဖို့ အရင်ကိုပြန်သွားစရာလည်း မလိုပါဘူး။ အချိိန်တစ်ခုကြာရင် မပေါက်ရောက်မယ့် ပန်းမျိုးလည်း ငါမစိုက်ခဲ့ပါဘူး။ မတောက်တစ်ခေါက် အချစ်မျိုးလည်း ငါမချစ်ခဲ့ပါဘူး။ သေတဲ့လူကို သတ်တဲ့အဖြစ်နဲ့ သေတဲ့လူကို အသက်သွင်းတဲ့အဖြစ်ကို အူနိုပွဲတစ်ပွဲလို ငါလဲလှယ်ချင်တယ်။ ငါသိသလောက်ပါပဲ၊ ငါရှုံးပါတယ်။ -သွယ်မြိတ်
343
14
ငါဖြစ်ချင်တဲ့အတိုင်းသာပြောရရင် ငါဘာမှမဖြစ်ချင်ဘူး။ ငါချစ်ချင်တဲ့အတိုင်းသာချစ်ရရင် ငါဘယ်သူ့ကိုမှ မနစ်မွန်းစေချင်ဘူး။ ကလေးကာတွန်းတွေလောက်ပဲ သိတဲ့ကောင်ပါ၊ ဘလက်ဟိုးထဲခုန်ဆင်းဖို့အထိတော့ ငါ့မှာ အရောင်တွေမစုံသေးဘူး။ -သွယ်မြိတ်
358
15
မွေးနေ့ကဗျာ ကိုယ့်ကိုယ်ကိုယ်သယ်လာတဲ့ခရီးက ကိုယ့်သမိုင်းကိုဖြတ်ပြေးတယ်။ ကျေးဇူးတင်လှတယ်၊ ပြေးစရာမြေလေးတစ်ကွက် ငါ့အတွက်ချန်ခဲ့ကြ၊ နောက်နေ့များမှာ အတူတူရှိရအောင် မီးစလေးတွေ ထွန်းညှိကြမယ်။ ပျော်စရာတွေကိုမျှဝေဖူးရင် ငိုစရာတွေခွက်ထဲထည့်သောက်ဖူးကြလိမ့်မယ်။ လာပါ၊ ငါကိုယ်တိုင်ရေးတဲ့ပန်ချီကားထဲ ဝင်ထိုင်ကြပါ။ -သွယ်မြိတ်
1 766
16
နှစ်တွေလည်းကြာခဲ့ပြီ အိပ်မရတဲ့ညတွေလည်းများခဲ့ပြီ လူလိမ်တွေနဲ့တွေ့တဲ့အခါတိုင်း လွယ်လွယ်ကူကူမေ့နိုင်ပါတယ်ဆိုတဲ့ စကားကိုလည်း ကြာ
နှစ်တွေလည်းကြာခဲ့ပြီ အိပ်မရတဲ့ညတွေလည်းများခဲ့ပြီ လူလိမ်တွေနဲ့တွေ့တဲ့အခါတိုင်း လွယ်လွယ်ကူကူမေ့နိုင်ပါတယ်ဆိုတဲ့ စကားကိုလည်း ကြားခဲ့ရဖူးပြီ... လွယ်လွယ်ကူကူပါပဲ မင်းဘယ်မှာရှိမလဲတွေးမိတယ်။ -သွယ်မြိတ်
363
17
“ညောင်စေ့ထဲက ညောင်ပင်စိတ်” ငါ့ကိုပေးတဲ့ဘဝနဲ့ ငါလုပ်နိုင်တာ ဘာမှမရှိလည်း ဘာမှမရှိတဲ့ဘဝက်ို ငါပေးခဲ့တယ်။ ဆွဲထားချင်ရင်တောင် ဆွဲထားနိုင်စွမ်းမရှိတဲ့လက်တွေကို ငါဘယ်လိုအပြစ်တင်ရက်မှာလဲ။ မင်းကိုသိစေချင်တယ် စိတ်ထားကောင်းပြီး ဆင်းရဲနေတဲ့အခါ ဘယ်လောက်ထိ နာကျင်ပင်ပန်းရလဲဆိုတာက်ို။ ချွေးမထွက်စေချင်တဲ့သူဆီက ချွေးနဲ့ရင်းပြီးရလာတဲ့ငွေစက္ကူတွေကို ဒီလက်နဲ့ယူခဲ့ရ။ အပြောနဲ့တင်မဟုတ်ဘဲ အနားမှာစောင့်ရှောက်ချင်တယ်ဆိုတဲ့ စကားဟာ အိမ်မက်လိုပဲ။ ငါဟာ ငါမဖြစ်ခဲ့တဲ့လူတစ်ယောက် ဖြစ်ချင်လာတယ်။ အပြောပဲရှိတာပါဆိုတဲ့ သူတွေက်ို ငါမမုန်းဘူး။ ငါ့ဆီမှာ ရှိတဲ့အပြောဟာ ရင်ထဲကလာပြီး ငါမလုပ်နိုင်တဲ့ ငါ့ဆန္ဒဖြစ်တယ်။ မင်းကိုသိစေချင်တယ်၊ စိတ်ထားကောင်းပြီး လုပ်န်ိုင်စွမ်းကင်းမဲ့နေရင် အဲ့ဒီလူဟာ အနာကျင်ရဆုံးဖြစ်နိုင်တယ်။ -သွယ်မြိတ်
351
18
ဘုရားပေးတဲ့ဘဝ ရှင် ကျမကို ရရင် ဘယ်လိုဘဝမျိုးဖြစ်မယ်လို့ ထင်နေတာလဲ၊ သိပ်ကိုရှင်းပြီး သိပ်ကိုရှည်လွန်းတဲ့ စကားတွေဖြစ်ပါလိမ့်မယ်။ အချိန်ရတဲ့သူဆိုရင် အချိန်မရတဲ့စကားတွေလို အတိုချုံးပြောပါရစေ။ ကိုယ်မင်းကိုရရင်လေ ကိုယ်သာ မင်းကိုပိုင်ဆိုင်ရခဲ့ရင်၊ ရုပ်ရှင်လည်းကြည့်ချင်တယ်။ ပေါက်ပေါက်လည်းစားချင်တယ်။ သဝန်လည်းတိုချင်တယ်။ အနိုင်ကျင့်ပြီး ပြန်ချော့ချင်တယ်။ လူတွေကြားမှာ CEO Boyအထာနဲ့ဆိုပေမယ့် အိမ်ရောက်ရင် မိန်းမကြောက်တဲ့ သူလည်းဖြစ်ချင်တယ်။ အတည်တကျမရှိဘဲ သူကောက်ကိုယ်ကောက်နဲ့ ကိတ်မစားဘဲ ယိုတွေနဲ့သုပ်ချင်တယ်။ အပြင်သွားရင် အရပ်မမှီတဲ့သူကို အနိုင်ကျင့်ပြီး ထီးဆောင်းခိုင်းမယ်၊ ပြန်လာရင် အရပ်ရှည်တဲ့သူကို အနိုင်ကျင့်ပြီး မီးဖိုချောင်ပစ္စည်းတွေ ယူခိုင်းမယ်။ ညစာကိုအပြင်မှာစားမယ်ပြောပြီး ခေါက်ဆွဲပြုတ်ကို အိမ်ရှေ့ထွက်စားမယ်။ တော်ပါတော့ရှင်ရယ်တဲ့၊ သူ့ကိုကြည့်လိုက်တော့ မျက်ရည်တွေနဲ့ ကြည်နူးလွန်းလို့ ဖြစ်ပါလိမ့်မယ်။ -သင်းမြတ်စံ
316
19
“ အရှေ့အရပ်က ချစ်သူ “ ပန်းခူးတဲ့အချိန် လမ်းမမူးစေနဲ့ ကလေးရေ၊ မဆီမဆိုင်တွေ ဆီဆိုင်ထဲရောက်နေတယ်။ လမ်းထိပ်မှာ PUBGဆော့ရင်း ကားတိုက်သွားတာ အလောင်းဟာ သစ်သားပုံးလေးလိုပဲ။ မသေရင်ရပြီ ကလေး ဒီခေတ်ကြီးထဲ ရှင်ရင်ရပြီ။ လက်ဖက်ရည်တစ်ခွက်ရယ် မင်းရယ်၊ ငုဝါပန်းတွေပိုကြိုက်တဲ့အကြောင်းရယ်၊ စည်သူလွင်သီချင်းကို အော်ဆိုတဲ့ အခန်းထဲကထွက်လာသူတွေရယ်၊ အားလုံးနဲ့လဲပါတယ်ဆိုတဲ့ မခွဲနိုင်သူကြီးရယ်၊ ဇာတ်ရုံလေးသိမ်းပြီး ပိတ်ကားတွေချတဲ့အခါ စင်အောက်မှာရှိနေဖို့အတွက်ပဲ စင်ပေါ်ကဆင်းထားရမယ်မဟုတ်လား။ အရှေ့အရပ်က နေကြာပန်းလေးရေ နေရောင်ခြည်ကိုတည့်မကြည့်လေနဲ့ တစ်ခြားပန်းတွေလို ကျန်းမာရေးဟာ ကိုယ့်ဘက်မပါဘူး။ နေကာမျက်မှန်လေးတပ်၊ မောင် ကလေးအတွက်နေကာလေးဖြစ်ပေးမယ်။ သေချင်တဲ့အချိန်မှ ကြွေကြလိုက်ပါ မောင် ကလေးအတွက် မြေတွေဝယ်ထားမယ်။ -သွယ်မြိတ်
280
20
ဘာမှဖြစ်မလာတော့ရင် ဘာမှဖြစ်မလာတော့တဲ့နေရာမှာပဲ နေလိုက်ရုံပဲပေါ့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်ဆိုတာ တတ်နိုင်လို့မှမဟုတ်တာ ။ - သွ
ဘာမှဖြစ်မလာတော့ရင် ဘာမှဖြစ်မလာတော့တဲ့နေရာမှာပဲ နေလိုက်ရုံပဲပေါ့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်ဆိုတာ တတ်နိုင်လို့မှမဟုတ်တာ ။ - သွယ်မြိတ် -မရယ်ရတဲ့သုခုမ
303