es
Feedback
XO1 Mobile Editor Guide

XO1 Mobile Editor Guide

Ir al canal en Telegram

Mobile Editor အတွေအတွက် အဓိကရည်ရွယ်ပြီး Sharing ပေးသွားမှာပါ။ Admin - @XO1Admin2

Mostrar más
Birmania24 964La categoría no está especificada
1 586
Suscriptores
-324 horas
-37 días
+1530 días
Archivo de publicaciones
ဘဝက နိမ့်လိုက် မြင့်လိုက်နဲ့ အပြာကားသဖွယ်။ ဘဝမှာ ရူးသွပ်မှုမရှိတဲ့ လူတွေကိုငါ သနားတယ်။

Good morning guys 😎

"5 Pillars of Content Creation" စိတ်ကူး‌ပေါက်ရာ Testing Project တစ်ခု Work Done.
Project File Link လိုချင်လား? 😉

This is my testing project 😁
This is my testing project 😁

ဒီ Group လေးကတော့ ၊ Editing Basic လေ့လာချင်သူတွေအတွက် တခြား သင်တတန်း တက်စရာမလိုဘဲ လေ့လာလို့ရအောင် ၊ XO1 Editor မှ စီစဉ်ပေးထား
ဒီ Group လေးကတော့ ၊ Editing Basic လေ့လာချင်သူတွေအတွက် တခြား သင်တတန်း တက်စရာမလိုဘဲ လေ့လာလို့ရအောင် ၊ XO1 Editor မှ စီစဉ်ပေးထားတဲ့ Group လေးပဲ ဖြစ်ပါတယ်။ 😉

Mensaje de voz00:03

Raw Footage က Story မရှိရင်… Editor လည်း မကယ်နိုင်ပါဘူး။ ဒီစကားကို ကြားလိုက်တာနဲ့… Editor တချို့က သဘောတူမယ်။ Client တချို့ကတော့ လက်မခံချင်ကြပါဘူး။ ဘာလို့လဲဆိုတော့… Client တော်တော်များများက Editor တွေကို ပြဿနာ‌တွေ ဖြေရှင်းပေးတဲ့ မှော်ဆရာ လို့ ထင်နေကြလို့ပါ။ "ရပါတယ်... ရိုတာနဲ့ ရိုက်ထားလိုက်။ Editing ကျမှ အဆင်ပြေအောင် လုပ်လိုက်မယ်။" ဆိုတဲ့ စကားကို ကြားဖူးပါလိမ်ယ့် Story မကောင်းလည်း... Edit နဲ့ပြင်မယ်။ Quality မကောင်းလည်ူ ... Edit နဲ့ပြင်မယ်။ Script မရှိလည်း... Edit နဲ့ပြင်မယ်။ အဲ့လို Error အကုန်လုံးကို Editing နဲ့ ပြင်လို့ရမယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့... Editor ‌ တွေဆိုတာ Wizard တွေ မဟုတ်သလို Alight Motion နဲ့ Capcut တွေကလည်း မှော်တုတ်တံတွေ မဟုတ်ပါဘူး။ Editing ဆိုတာ... ရှိပြီးသား Story ကိုဘဲ ပိုအားကောင်းအောင် ဖြည့်ပေးတာပေါ့နော်။ မရှိတဲ့ Story ကို ဖန်တီးပေးတာ မဟုတ်ပါဘူး။ Raw Footage တွေထဲမှာကို... အချိတ်အဆက်လည်းမရှိ Emotion လည်းမရှိဘဲ... Message ပေးစရာရ မရှိဘူးဆို... Editing Timeline ပေါ်တင်လိုက်တာနဲ့ Story ထွက်လာမယ်လို့ မျှော်လင့်လို့ မရဘူး။ အစကတည်းက Script မရှိဘဲ... စိတ်ကူးပေါက်သလို ရိုက်လာတဲ့ Footage က မ ကောင်းရင်... နောက်ဆုံးထွက်လာတဲ့ Video ကလည်း ရှင်းလင်းမှာ မဟုတ်ဘူး။ ဒါကြောင့် Video Fail ဖြစ်တဲ့အခါ Editor ကိုပဲ အပြစ်တင်နေတာက... အဖျားကို ကုနေပြီး အမြစ်ကို မကြည့်တာနဲ့ တူပါတယ်။ ကောင်းမွန်တဲ့ Video တစ်ခုရဲ့ အရည်အသွေးကို...Editing Software က မဆုံးဖြတ် ပေးပါဘူး။ ဦးနှောက်ထဲက တည်ဆောက်ထားတဲ့ Story ကပဲ ဆုံးဖြတ်ပေးပါတယ်။ Story က Foundation ကောင်းတယ်၊ Structure လည်း မိတယ် Editing လည်းကောင်းချင်တယ်ဆိုရင်… အရှေ့မှာပြောပြခဲ့တဲ့ အရာတွေကို သတိရဖို့ လိုပါတယ်။ နောက် Content တွေမှာကော ဘာတွေသိချင်လဲ။ ကိုယ့်လူတို့ရဲ့ အမြင်လေးတွေကို မန့်မှာ မျှဝေသွားလိုက်ပါအုံးနော်။

photo content

photo content

ကျနော့်နား Alight motion Basic ကို Free လေ့လာလို့ရအောင် စီစဉ်ပေးထား ရှိပါတယ်။ 😍 မေးချင်တာတွေ ၊ ကိုယ် Tutorial တောင်းချင်တာတွ
ကျနော့်နား Alight motion Basic ကို Free လေ့လာလို့ရအောင် စီစဉ်ပေးထား ရှိပါတယ်။ 😍 မေးချင်တာတွေ ၊ ကိုယ် Tutorial တောင်းချင်တာတွေကိုလည်း တောင်းနိုင်ပါတယ်။ ☺️ အခုဆို Premium SFX 200 ကျော်ကိုလည်း လက်ဆောင်တင်ပေးထားပါတယ်ဗျ။ 🤩
ဆိုတော့ ဂျိုင်းချင်ရင် Comment မှာ Join လို့ရေးခဲ့ပါဗျ
လူများရင် ကျနော် link ချပေးလိုက်ပါမယ်ဗျို့။ 😍

"Video တွေ အများကြီး ကြည့်နေပေမဲ့… Editing Skill မတက်တာ ဘာလို့ထင်လဲ?” ဒီမေးခွန်းကို ဖတ်ပြီး Beginner Editor တွေ နည်းနည်းတော့ မသက်သာဖြစ်ပါလိမ့်မယ်။ ဒါမဲ့ အမှန်တရားကတော့ Editor အများစု တစ်နေရာတည်းမှာ stuck ဖြစ်နေတာ ဒီအကြောင်းကြောင့်ပါ။ Tutorial မရှိရင် မလုပ်တတ်ဘူး။ တစ်နေ့လောက် YouTube မဖွင့်တော့ရင် စိတ်မပါတော့ဘူး။ Example မကြည့်ရင် idea မထွက်ဘူး။ ဒါကိုဘဲ “learning” လုပ်တယ်လို့ထင်နေရင်… သင်က တကယ် လေ့လာနေတာမဟုတ်ဘူး။ အကူအညီပေါ်မှာ မှီခိုပြီး အလုပ်လုပ်နေတာပါ။ အဲ့ဒါဆို မေးခွန်းက ထပ်မေးပါလိမ့်မယ်၊ ဘာကြောင့် tutorial တွေ ၁၀ ပုဒ်၊ အပုဒ် ၂၀လောက် ကြည့်ပြီး skill ကမတက်သွားရတာလဲ?။ ဘာကြောင့် “ငါကလေ့လာနေတယ်” လို့ ခံစားရပေမဲ့ output ကမပြောင်းလဲရသေးတာလဲ?။ အဲ့အတွက် အဖြေက ရိုးရိုးလေးပါဘဲ။… သင်က ကြည့်နေတာများပြီး လုပ်နေတာနည်းနေတာမို့ပါ။ Tutorial တွေက သင့်ကို သင်ပေးတာ မဟုတ်ဘူး။ သင့်ကို “copy” လုပ်တတ်အောင်ပဲ လမ်းပြပေးတာပဲ ဖြစ်ပါတယ်။ ဒါမဲ့… Copy လုပ်နေတဲ့သူက တစ်ချိန်ကျရင်တော့ original idea တွေထွက်မလာတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့… သူ့တို့ brain က “ကြည့်ပြီးမှ လုပ်ရမယ်” ဆိုတဲ့ dependency ထဲမှာ stuck ဖြစ်သွားလို့ပါ။ အဲ့တာမို့ဘဲ editor တော်တော်များများရဲ့ ပြဿနာက... Skill မရှိတာမဟုတ်ဘူး။ Independence မရှိတာပါ။ Tutorial ၁၀ ပုဒ်လောက်ကြည့်ပြီး… “ငါတော့ အများကြီး လေ့လာပြီးပြီ” လို့ ခံစားနေတာက... တကယ် learning မဟုတ်ပါဘူး။ ဒါဟာ illusion of progress ပဲ။ ကိုယ်က ကျွမ်းကျင်တဲ့ Editor တစ်ယောက်ဖြစ်လာချင်တယ်ဆိုရင်… Tutorial watcher ဖြစ်လို့မရပါဘူး။ Problem solver ဘဲဖြစ်ရပါလိမ့်မယ်။ အဲ့အဆင့်ကိုရောက်ဖို့ကလဲ... rule တစ်ခုပဲလိုပါတယ်။ “60% Rule”ပါ။ Tutorialကို ၂ ပုဒ်၊ ၃ ပုဒ်ပဲကြည့်ပါ။ ပြီးတာနဲ့… အနည်းဆုံး ၆၀% တူအောင် ကိုယ်တိုင် recreate လုပ်ပါ။ Perfect မဖြစ်လည်း ကိစ္စမရှိဘူး။ လုပ်ဖို့ကပဲ အရေးကြီးတာပါ၊ Tutorial တွေမရှိတဲ့အခါမှာလည်း… Pinterest, က Reference Video တွေကို ကြည့်ပြီး “ငါဒီဟာကို ဘယ်လို recreate လုပ်မလဲ” ဆိုပြီး စဉ်းစားတတ်ရပါလိမ့်မယ်။ အဲ့လို စဉ်းစားတတ်တဲ့ အချိန်ကစပြီး… သင့် brain က viewer မဟုတ်ဘဲ Creator ဖြစ်လာပါတယ်။ Tutorial ကို မှီခိုနေတဲ့ Editor က… ဘယ်လောက်ဘဲ Skill ရှိပါစေ အမြဲ beginner ပဲ။ ဒါပေမဲ့… Tutorial မရှိလည်း idea ထုတ်နိုင်တဲ့ Editor ကတော့… ကျွမ်းကျင်တဲ့သူ ဖြစ်သွားတယ်။ တကယ်လို့ သင်က ... Tutorial မရှိဘဲ မလုပ်တတ်တဲ့အဆင့်ကနေ Idea နဲ့ ကိုယ်ပိုင် style ဖန်တီးနိုင်တဲ့ level ကို တက်ချင်တယ်ဆိုရင်… ငြင်းဆန်သင့်တဲ့အရာတွေကို စိတ်ထဲမှာ သိဖိုတော့ လိုအပ်ပါတယ်။ ဒါတွေကို သိချင်တယ်ဆိုရင် လာမဲ့ Content တွေကို စိတ်၀င်တစားနဲ့ စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

photo content

Viewer တွေက Effect နဲ့  Feeling မှာ  မှတ်မိတာက ဒီစာကို "Effect တွေလန်းတာနဲ့ Video ပိုပေါက်မယ်" လို့ ထင်နေတဲ့သူတွေ ဖတ်ကြည့်ပါ။ တကယ်တော့ အဲ့လိုအယူအဆကဘဲ  ကိုယ့် Video ကို တဖြည်းဖြည်း ဆွဲချနေတာပါ။ ဘာလို့လဲဆိုတော့?  ကျွန်တော်တို့က...  Video ကြည့်ပြီးတဲ့အခါ… "00:18 မှာ သုံးထားတဲ့ Transition က အရမ်းလန်းတယ်။"  လို့ မှတ်မိဖူးတယ်ဆိုတာ မရှိသလောက်ဘဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ … " Video တစ်ခုကို  ကြည့်ပြီးတဲ့အခါ ငါတစ်ခုခု ရသွားတယ်။" "ဒီ Story က ငါ့အကြောင်း ပြောနေတာပဲ။" "ဒီ Video ကြောင့် ငါ Action တစ်ခု လုပ်ချင်လာတယ်။"  ဆိုတဲ့ အဲ့ဒီ Feeling ကိုတော့ 5 ရက် ၊  1 ပတ်နဲ့ … တစ်ခါတလေ နှစ်နဲ့ချီပြီးတောင် မှတ်မိနေတတ်ပါတယ်။ အဲ့မို့ဘဲ  ကျွမ်းကျင်တဲ့ Editor တွေက… Script  အရင်ကြည့်ပြီး  Story Flow ကို အရင် တည်ဆောက်တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့… သူတို့က ဒီအရာဖြစ်တဲ့...  Viewer က Effect ကို မမှတ်မိဘူး။ Feeling ကိုပဲ မှတ်မိတယ်‌ ဆိုတာကို သိနေလို့ပါ။ ဒါကြောင့်… ကိုယ်က Video Editing Skill တစ်ခုတည်းနဲ့ မရပ်တန့်ဘဲ… Viewer ကို ဆွဲခေါ်နိုင်တဲ့  Storytelling ကိုပါ ပိုင်နိုင်ချင်တယ်ဆိုရင် သိထားရမဲ့ … အချက်တစ်ခုကို နောက် Content မှာပြောပြပေးသွားပါမယ်။

Viewer တွေက Effect နဲ့ Feeling မှာ မှတ်မိတာက
Viewer တွေက Effect နဲ့  Feeling မှာ  မှတ်မိတာက

" Moving Neon Border Effect " Short to the point tutorial ၊ ဒီနေ့ နေ့လည် အတန်းထဲ အသစ်တင်ထားပေးပါတယ်။

July First week Assignment မှာ အတန်းက member တွေရဲ့ ကြိုးစားအားထုတ်မှုတွေမြင်တွေ့ရတော့မယ်။ 🔥

Alight motion ရဲ့ Null အကြောင်း Null ဆိုတာ မျက်စိနဲ့ကြည့်ရင် ဘာမှမမြင်ရတဲ့ "မမြင်ရတဲ့ အထိန်းချုပ်ကိရိယာ (Invisible Controller
Alight motion ရဲ့ Null အကြောင်း Null ဆိုတာ မျက်စိနဲ့ကြည့်ရင် ဘာမှမမြင်ရတဲ့ "မမြင်ရတဲ့ အထိန်းချုပ်ကိရိယာ (Invisible Controller)" တစ်ခုပါ။ တခြား layer တွေ (စာသား၊ ဓာတ်ပုံ၊ shape) ကို ဒီ Null Layer နဲ့ Parenting (တွဲဆက်ခြင်း) လုပ်ထားလိုက်ရင်၊ Null ကို ရွှေ့တာ၊ လှည့်တာ၊ ကြီးတာသေးတာ လုပ်သမျှ အနောက်က layer တွေ အကုန်လုံး လိုက်ပါပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ကောင်းကျိုး: စုပေါင်းထိန်းချုပ်နိုင်ခြင်း: Layer ပေါင်း ၁၀ ခုကို ပြိုင်တူ အရွယ်အစားချုံ့ချင်ရင် တစ်ခုချင်းစီ လိုက်လုပ်စရာမလိုတော့ဘဲ Null တစ်ခုတည်းကို Keyframe ပေးလိုက်ရုံနဲ့ အကုန်အလုပ်လုပ်ပါတယ်။ Complex Motion: ကင်မရာလှုပ်ရှားမှုတွေ သို့မဟုတ် ရှုပ်ထွေးတဲ့ Character Animation တွေလုပ်တဲ့အခါ အရမ်းအဆင်ပြေပါတယ်။ ဆိုးကျိုး: Null က သူ့အလိုလို ဘာမှမပေါ်တဲ့အတွက် ဘယ် layer ကို Null နဲ့ ချိတ်ထားမိလဲဆိုတာ မျက်စိလည်သွားတတ်ပါတယ်။ Layer Name တွေကို သေချာပေးမထားရင် ပိုရှုပ်သွားနိုင်ပါတယ်။ နောက်ထပ် ကိုယ့်လူသိချင်တဲ့ အကြောင်းအရာတွေရှိရင် Comment မန့်ခဲ့ပါဦးဗျ

ပျင်းရင် ဘာလုပ်လဲ ၊ တစ်ခုချချက်ပြုတ်တယ်။
+2
ပျင်းရင် ဘာလုပ်လဲ ၊ တစ်ခုချချက်ပြုတ်တယ်။

ဒီအမှန်တရားကို Editor တော်တော်များများက လက်မခံချင်ကြပါဘူး။ "Story ကို အရေးမကြီးဘူးထင်တဲ့ Editor တွေ ဖတ်ရန်။" Editor အများစုက ... Transition အသစ်တွေရှာတယ်။ Effect အသစ်တွေ Download ဆွဲတယ်။ Motion Graphic တွေထည့်တယ်။ ဒါမဲ့ ... Video ကတော့ View တက်မလာဘူး။ Retention မကောင်းဘူး။ Client ကလည်း အမြဲတမ်း "တစ်ခုခုလိုနေသေးတယ်" လို့ပဲ ပြောတယ်ပေါ့နော်။ ဘာကြောင့် အဲ့လို ဖြစ်ရတာလဲ?။... တကယ်တော့ လူတွေက Editing ကို ကြည့်တာမဟုတ်ဘဲ သူတို့အတွက် ရတဲ့ Value ကို ကြည့်တာမလို့ပါ။ ဥပမာ အနေနဲ့... လူတစ်ယောက်ကို ဘယ်လောက်ဘဲလှတဲ့ မိတ်ကပ် ပြင်ပေးပါစေ... သူရဲ့ နဂို  မျက်နှာ ကိုတော့ ပြောင်းလဲပေးလို့ မရပါဘူး။ Editing ကလည်း အဲ့လိုပါဘဲ။ Content က သဘာဝမျက်နှာ ၊ Editing က မိတ်ကပ် ဖြစ်ပြီး Video တစ်ခုက အခြေခံ  Story ကောင်းမနေရင်... Transition ၊ Effect အလှတွေထည့်လည်း ကယ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ Edit  ကြောင့် Viewer တွေ ပထမ ၂ စက္ကန့်မှာတင်  ရပ်ကြည့်နေနိုင်ပါတယ်။ ဒါပေမဲ့... ကြာလာတာနဲ့အမျှ "ဒီ Video ကို ဘာလို့ ဆက်ကြည့်ရမှာလဲ" ဆိုတဲ့ အဖြေမရှိရင်...  Swipe လုပ်သွားမှာပါဘဲ။ Video တစ်ခုဆိုတာ... Content  Story = 70% နဲ့ Editing = 30% ဆိုတဲ့ ဒီနှစ်ခု ပေါင်းမှ ကောင်းမွန်သွားတာပါ။ Editing က လူတွေကို ရပ်ကြည့်အောင်တော့ လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့... Content  Story ကောင်းရှိမှသာ  လူတွေကို အဆုံးထိ ကြည့်အောင် လုပ်နိုင်မှာပါ။ Story မရှိတဲ့ Editing ဟာ... အလှဆင်ထားတဲ့ အခွံတစ်ခုလား။ ကိုယ့်လူတို့ရဲ့ အမြင်ကကော ဘယ်လိုလဲ။  အောက်က မန့်လေးမှာ တစ်ချက်လောက် ပြောခဲ့လိုက်နော်။

photo content