Mystic Aura
Ir al canal en Telegram
မမြင်ရတဲ့ စွမ်းအင်တွေကို ယုံကြည်သူတွေအတွက် သီးသန့်နေရာငယ်လေး။ This channel is for those who seek mystery, those who believe in energy, and those who want to live with intention, protection, and light. Stay positive ✨ Stay protected 🛡️ Stay magical 🪄
Mostrar másEl país no está especificadoLa categoría no está especificada
665
Suscriptores
Sin datos24 horas
-67 días
-4330 días
Archivo de publicaciones
665
Magic ဆိုတာရှိကိုရှိပါတယ် ။
ကျွန်တော်တို့ရဲ့အတွေးတွေသည် magic ပဲလို့ကျွန်တော်ထင်မြင်မိပါတယ် ။
ကျွန်တော်တို့ပြုမှုသမျှအရာတိုင်းလုပ်သမျှအရာတိုင်းဟာ အတွေးတွေကနေ တစ်ဆင့်ဖြစ်ပေါ်လာတာပါ။
ဒါကြောင့် ကျွန်တော်တို့လိုချင်တဲ့အရာတစ်ခုရှိခဲ့မယ်ဆိုရင်အဲ့ဒီအရာတစ်ခုကိုများများတွေး၊များများစိတ်ကူးပုံဖော်ဖို့လိုသလိုတကယ့်လက်တွေ့မှာလဲဒီအရာအတွက်ကြိုးစားသင့်ပါတယ် ဒီလိုကြိုးစားနေရင်းနဲ့ universe ကြီးဟာ ကျွန်တော်တို့အတွက်အခွင့်အရေးတွေ၊လမ်းထွက်ပေါက်တွေ၊အခွင့်အလမ်းတွေ၊ကံကောင်းခြင်းတွေ၊ဖေးမခြင်းတွေ ကို ဆုလာဘ်အဖြစ်ပေးပို့ပါတယ်။
ကျွန်တော်တို့ရဲ့ဆုတောင်းတွေကို universe ကြီးကချက်ချင်း မဖြည့်စည်းပေးပေမယ့်ကျွန်တော်တို့ရဲ့ဆုတောင်းအတွက်ကျွန်တော်တို့သာ action ဆိုတဲ့ ကြိုးစားမှုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် universe ကြီးဟာလဲဒီဆုတောင်းတစ်ခုအတွက် တစ်ဖက်တစ်လမ်းကနေပံ့ပိုးပေးပါလိမ့်မယ်။
ယုံကြည်နေဖို့လဲလိုတာပေါ့နော်
#Dee
#Own
665
Hello ကျွန်နော်ပြောစရာလေးရှိလို့ပါ Tarot မဟောတာတော်တော်ကြာပါပြီဗျ လာမေးတဲ့သူတွေကိုလည်းငြင်းလွှတ်လိုက်ရတာအားနာလှပါပြီ ကျောင်းမတက်ခင်အချိန်လေးတော့ကျွန်နော် စာဖတ်သူတို့ကိုကူညီသွားချင်သေးတယ်
ဒါ့ကြောင့်ကျွန်နော်ဒီနေ့ Channel ထဲမှာရှိတဲ့သူတွေကို Tarot လေး Free ဟောပေးချင်ပါတယ်ဗျ
Post ရဲ့ Comment မှာ
မိမိရဲ့ မွေးနေ့-
မေးချင်သောမေးခွန်း -
ပြောပေးပါဗျ တစ်ဦးလျှင် မေးခွန်းတစ်ခုသာမေးခွင့်ရှိပါတယ်။တစ်ခုထက်ပိုမေးထားရင်မဟောပေးပါဘူးဗျ။
အဖြေကိုတော့ကျွန်နော်အားရင်တစ်ယောက်ချင်းကဒ်ဆွဲပေးထားပါ့မယ်။
အဆင်ပြေကြပါစေဗျာ။
#Dee665
Hi ကျွန်တော် April လထဲကပျောက်သွားတာသတိထားမိကြမယ်ထင်တယ်နော်။
Personal ကိစ္စတွေ နဲ့ရှုပ်နေတာကော၊စိတ်အဆင်မပြေဖြစ် နေတာရော၊တခြားအကြောင်းအမျိူးမျိုးကြောင့် Channel လေးတွေကိုပစ်ထားမိသလိုဖြစ်နေပါတယ်။
အခုလည်းပစ်ထားရအုံးမယ်ထင်ပါတယ် ။မအားတာရော ကျောင်းတွေလဲဖွင့်တော့မှာဆိုတော့ နားချိန်မရှိဖြစ်နေတော့မှာပါဗျာ။နောက်ပြီး ကျွန်တော်လဲ အကောင်းဆုံး Knowledge တွေ ၊ဒီထက်ပိုမိုကောင်းမွန်တဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့၊ ကျွန်တော်တို့လူသားတွေမသိရှိသေးတဲ့ သိပ်မသိကြသေးတဲ့ အကြောင်းအရာတွေကို ကျွန်တော်မျှဝေပေးဖို့ ကြိုးစားပြီးလေ့လာနေပါတယ်။ ဒါ့ကြောင့် ကျွန်တော့် Channel လေးကိုသဘောကျသူတိုင်းသစ္စာရှ်ိရှိစောင့်မျှော်နေပေးပါအုံးလို့ပြောချင်ပါတယ်။
ဒါပေမယ့်လေ Knowledge Sharing Channel လေးမှာတော့အဆင်ပြေတဲ့အချိန် Content လေးတွေရေးတင်ဖြစ်ပါမယ်။
https://t.me/Knowlage_sharing
မ joinရသေးတဲ့သူတွေစိတ်ဝင်စားရင် join ကြည့်ပါဗျ။
#Dee
665
ငိုနေတာမကြည့်ရက်လို့ဖွင့်ပေးလိုက်ပြီဗျာ
လူဦးရေအကန့်အသတ်ရှိပါတယ် ဝင်ချင် DM မြန်မြန်လာပါ။
free ဆိုပေမယ့်အပေးအယူတစ်ခုရှိပါတယ်။
နှစ်ရက်နေလို့ အိမ်စာမထပ်တာနဲ့ သင်တန်းကထုတ်မှာပါ။
@Dee_fav_15
မြန်မြန်လာကြပါ လူဦးရေ ၁၅ယောက်ပဲလက်ခံပါမယ် ။
#Dee
665
အစတုန်းကတော့ဖွင့်ဖို့စီစဉ်နေတာပါပဲ ဒါပေမယ့်အကြောင်းအရင်းတစ်ခုကြောင့် ဖွင့်ဖြစ်ချင်မှဖွင့်ဖြစ်မှာပါ။
မဖွင့် ဖြစ်ဖို့ကညရာခိုင်နှုန်းများနေတယ်။
#Crd
665
Hello 👋🏻
Tarot သင်ချင်တဲ့သူတွေရှိကြလား ပညာဒါန ဖွင့်ပေးရင်ကောင်းမလားစဉ်းစားနေတာ free ဆိုတော့ ပေါ့ကြမှာဆိုးနေတယ် Vote များရင်ဖွင့် ပေးမယ်
665
🔮 သင်္ကြန်အထူး ၁၂ ရာသီခွင် Collective Reading
(Intuition အဟော)
♈ Aries (မိဿ)သင်္ကြန်မှာ စွမ်းအင်အသစ်တွေ ရရှိမှာဖြစ်ပြီး မပြီးပြတ်သေးတဲ့ အလုပ်တွေကို အပြတ်ဖြတ်နိုင်ပါလိမ့်မယ်။ စိတ်အေးချမ်းမှုနဲ့ ပျော်စရာအခိုက်အတန့်တွေ ကြုံရဖို့ ရှိပါတယ်။ သတိထားဖို့-စိတ်မြန်ပြီး စကားပြောကြမ်းမိတတ်တာကို ဆင်ခြင်ပါ။ မကောင်းတဲ့အတွေးတွေ ဝင်မလာအောင် ကိုယ့်စိတ်ကို ဂရုစိုက်ပါ။
♉ Taurus (ပြိဿ)ငွေကြေးကံ အားကောင်းနေပြီး ဇိမ်ခံပစ္စည်းနဲ့ အစားအသောက်ကောင်းတွေ ကြုံရမယ်။ ဒီအပတ်အတွင်း ပျော်စရာတွေ ရှိနေပါတယ်။ သတိထားဖို့- အပြောင်းအလဲကို လက်မခံချင်ဘဲ ခေါင်းမာနေမိတတ်တာကို သတိပြုပါ။
Gemini (မေထုန်)အလုပ်တွေ အရမ်းများမယ့် အပတ်ပါ။ လူမှုရေးပိုင်းမှာ စိတ်ကျဉ်းကြပ်မှု၊ ဖိစီးမှုတွေ ကြုံနိုင်ပေမဲ့ သတင်းကောင်းတွေ ကြားရပါလိမ့်မယ်။ သတိထားဖို့-အတွေးများပြီး အိပ်မပျော်တာမျိုး ဖြစ်တတ်လို့ အနားယူဖို့ တိုက်တွန်းချင်ပါတယ်။
♋ Cancer (ကရကဋ်)မိသားစုနဲ့အတူ ပျော်ရွှင်ရမယ့်အချိန်ဖြစ်ပြီး စိတ်ချမ်းသာမှု အပြည့်အဝရမှာပါ။ သတိထားဖို့-စိတ်ကူးယဉ်လွန်ပြီး လက်တွေ့အခြေအနေနဲ့ ဝေခွဲမရ ဖြစ်မသွားဖို့ လိုပါတယ်။
♌ Leo (သိဟ်)လူအများကြားမှာ ထင်ပေါ်ကျော်ကြားမယ်။ ကိုယ်တိုင်ဦးဆောင်ရမယ့် အလုပ်တစ်ခုခု ပေါ်လာတတ်ပါတယ်။ သတိထားဖို့-ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်ပြီး ဘေးလူကို အမိန့်ပေးမိတတ်တာကို ဆင်ခြင်ပါ။
♍ Virgo (ကန်)အစီအစဉ်သစ်တွေဆွဲဖို့ အကောင်းဆုံးဖြစ်ပြီး ပညာရေးမှာ အခွင့်အလမ်းကောင်းတွေ ရလာပါလိမ့်မယ်။ သတိထားဖို့- အသေးအဖွဲကအစ လိုက်တွေးပြီး စိတ်ပင်ပန်းနေတတ်လို့ ကိုယ့်ရဲ့အတွေးတွေကို ဂရုစိုက်ပါ။
♎ Libra (တူ)အချစ်ရေးနဲ့ ဆက်ဆံရေးမှာ ကံကောင်းနေမယ်။ လူချစ်လူခင် ပေါများမယ့် အချိန်ပါ။ သတိထားဖို့- ဆုံးဖြတ်ချက်မချနိုင်ဘဲ ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။
♏ Scorpio (ဗြိစ္ဆာ)ဆွဲဆောင်မှု အားကောင်းနေပြီး လျှို့ဝှက်တဲ့ ကံကောင်းမှုတွေ ရမယ်။ ကိုယ့်ရဲ့ဆန္ဒတွေ ဖြစ်ပေါ်လာဖို့ ရှိပါတယ်။ သတိထားဖို့- သဝန်တိုတာနဲ့ အတေးအမှတ်ထားတာမျိုးကို လျှော့ချပါ။
♐ Sagittarius (ဓနု)ခရီးသွားရကိန်းရှိပြီး လွတ်လပ်မှုကို အပြည့်အဝ ခံစားရမယ့် သင်္ကြန်ဖြစ်မှာပါ။ သတိထားဖို့-ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် တစ်ဖက်လူ စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်ပါတယ်။
♑ Capricorn (မကာရ)အလုပ်မှာ တာဝန်သစ်တွေ ရလာမယ်။ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အောင်မြင်မယ့် အချိန်ပါ။ သတိထားဖို့-အလုပ်ကိုပဲ အာရုံစိုက်လွန်းနေတတ်လို့ အနားယူဖို့ မမေ့ပါနဲ့ဦး။
♒ Aquarius (ကုံ)တီထွင်ဖန်တီးမှုတွေ ထူးခြားနေပြီး စိတ်ကူးသစ်တွေ ရလာပါလိမ့်မယ်။ သတိထားဖို့- လူကြားထဲတိုးရမှာထက် တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်စိတ်တွေ များနေပါလိမ့်မယ်။
♓ Pisces (မိန်)စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ နိုးကြားမှုရမယ်။ အိပ်မက်တွေ တကယ်ဖြစ်လာတတ်တဲ့ အချိန်ပါ။ သတိထားဖို့- စိတ်ပိုင်းဆိုင်ရာအရ ဟိုတွေးဒီတွေးနဲ့ ဝမ်းနည်းလွယ်နေတာမျိုး ဖြစ်တတ်ပါတယ်။ #Dee # Collective Reading
665
🔮Collective Reading
(1 လစာ)
ပညာရေး၊အချစ်ရေး ၊လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးအကုန်ကြည့်ပေးပါမယ်။
Tarot အပြင် Numerology နဲ့ပါတွက်ပေးမှာပါ။
Price - 20000Ks
သက်ြန်ပရိုမိုးရှင်းအနေနဲ့ 15000ကျပ် နှင့်လာရောက်မေးမြန်းနိုင်ပါပြီ။ ပရိုမိုးရှင်းကာလ သက်ြန်ပြီးတာနဲ့ 20000ပြန်ဖြစ်ပါမယ်။
DM မှာ Booking ကြိုတင်ထားနိုင်ပါပြီနော် ။လူဦးရေအကန့်အတန့်ရှိပါတယ်ဗျ ။
ပထမဦးဆုံး1ဦးလာမေးတာနဲ့ Channel မှာ Free Reading လုပ်ပေးပါမယ်ဗျ။
အသေးစိတ်သိချင်သေးရင် DM လာပါ။ သက်ြန်မပြီးခင် 15000 Ks နဲ့ Booking ကြိုတင်ချင်ရင် DM လာပါ။
@Dee_fav_15
#Dee
665
꒰𓂃 𔘓Core Shredder Subliminal✦!! ヽ
──────────────────────────
꒷꒦︶꒷꒦︶ ๋ ࣭ ⭑꒷꒦꒷꒦︶꒷꒦︶ ๋ ࣭
₊ ⊹ . Benefits . ݁₊ ⊹ .
Six pack ထွက်ဖို့ ၊အဆီကျစေဖို့ ၊ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံမျိုးပိုင်ဆိုင်စေဖို့
Boy ကော Girl ကောနားထောင်လို့ရပါတယ်။
နားထောင်ရုံနဲ့တော့မပြီးဘူးဗျ လေ့ကျင့်ခန်းလုပ်ဖို့လဲလိုပါသေးတယ်နော်။
Tips
-Listen as much as you want
-LGBT Q friendly
-Stay positive
-Stay Hydrated
Note
ကြိုက်သလောက်နားထောင်နိုင်ပါသည်။
မနက် or ညအိပ်ချိန်နားထောင်ပါကပို၍ result ထွက်ပါမည်။
#Dee
#SubliminalMyanmar
665
🍃Beauty and Charma Ritual 🌱
လူချစ်လူခင်ပေါများပြီး ရုပ်ရည်ပိုမိုကြည်လင်ဝင်းပလာစေဖို့ ဒိ Ritual လေးကိုစမ်းလုပ်ကြည့်နိုင်ပါတယ်။ ပစ္စည်းအများကြီးမလိုအပ်ပါဘူး။
ဒီသုံးမျိုးပဲလိုပါတယ်။
🍄မှန်တစ်ချပ်- (ကိုယ့်မျက်နှာကို သေချာမြင်ရမယ့်မှန်)
🍄ရေသန့်တစ်ခွက်-(သောက်သုံးနိုင်သော ရေသန့်)
🍄နှင်းဆီပွင့်ဖတ်- (ရှိရင်ပိုကောင်းသည်)
မရှိရင်လည်း ရပါတယ်။
ဒီ ritual လေးကအဓိကအားဖြင့် ရေ ရဲ့ စွမ်းအင်ကို အသုံးပြုပြီးလုပ်ရမှာပါဖြစ်ပါတယ်။
✧*☆☆အဆင့် (၁) - ရေကို စွမ်းအားသွင်းခြင်း
ရေခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားပါ။ မျက်လုံးမှိတ်ပြီး အဲဒီရေထဲကို ပန်းရောင် (သို့မဟုတ်) ရွှေရောင် စွမ်းအင်တွေ စီးဝင်သွားတယ်လို့ မြင်ယောင်ပါ။ ဒီရေတွေက သင့်ကို ပိုပြီးကြည့်ကောင်းလာစေမယ့် မှော် ဝင်ဆေးရည် လို့ စိတ်ထဲက သတ်မှတ်လိုက်ပါ။
✧*☆☆အဆင့် (၂) - ပြီးနောက် အောက်မှာပြထားတဲ့Affirmations တွေရွှတ်ရပါမယ်။
ရေခွက်ကို ကြည့်ပြီး အောက်ပါစကားလုံးတွေကို ယုံကြည်ချက်အပြည့်နဲ့ အသံတိုးတိုးလေး ဒါမှမဟုတ် စိတ်ထဲက ရွတ်ဆိုပါ -
🌸 - "ငါဟာ နေ့စဉ်နဲ့အမျှ ပိုပြီး ရုပ်ချောလာတယ်၊ ပိုပြီးကြည့်ကောင်းလာတယ်။"
🌸-"ငါ့ရဲ့ အလှအပဟာ သူတစ်ပါးကို ဆွဲဆောင်နိုင်တဲ့ စွမ်းအားရှိတယ်။"
🌸- "လူတိုင်းက ငါ့ကို တွေ့ရင် ချစ်ခင်ကြတယ်၊ လေးစားကြတယ်။"
✧*☆☆အဆင့် (၃) - ရွှတ်ဆိုပြီးတာနဲ့ရေကို အသုံးပြုရမယ့်အပိုင်းရောက်ရှိလာပါပြီ။
အပေါ်က Aff တွေရွှတ်ဆိုလို့ပြီးတာနဲ့အဲဒီရေကို တစ်ငုံသောက်လိုက်ပါ။ (အတွင်းစိတ်ကနေ လှပလာဖို့အတွက်ပါ)။ ကျန်တဲ့ရေနဲ့ မျက်နှာကို ဆေးကြောပါ။ ရေခြောက်သွားတဲ့အထိ တဘက်နဲ့ မသုတ်ပါနဲ့၊ အသားထဲ စိမ့်ဝင်သွားပါစေ။
✧*☆☆အဆင့် (၄) - မှန်ကြည့်ခြင်း
မှန်ထဲက ကိုယ့်မျက်လုံးကို သေချာစိုက်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တဲ့စိတ်နဲ့ သွား32ချောင်းပေါ်အောင် ပြုံးကြည့်ပါ။ "မင်းကတကယ်ကို အရမ်းအရမ်း ဆွဲဆောင်မှုရှိတဲ့သူပဲ" လို့ မှန်ထဲက နေ ယုံကြည်မှုအပြည့်နဲ့ ပြောပေးပါ။
🖇️💐ဒီ ritual လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေက တော့
ကိုယ့်ကိုယ်ကိုယ် ချောတယ်၊ လူချစ်တယ်လို့ ခိုင်မာစွာ ယုံကြည် လာ တဲ့အခါ မျက်နှာအမူအရာနဲ့ ကိုယ်နေဟန်ထား တွေ က ပြောင်းလဲလာပါတယ်။ အဲဒီအခါမှာ အပြင်လူတွေက စာဖတ်သူကိုကြည့်ရင် ပိုပြီး ဆွဲဆောင်မှုရှိ နေတယ်လို့ ခံစားရ စေပါတယ်။
🔮 ဒီ ritual လေးကို သောကြာနေ့ မှာ လုပ်ရင် ပိုထိရောက်ပါတယ် ဗျ။ နောက်ပြီးတော့ ကျွန်နော်လုပ်ပေးထားတဲ့ Beauty Subliminal လေးတွေနားထောင်ရင်း ဒီ ritual လေးလုပ်နေရင် ပိုပြီးထိရောက်ပါလိမ့်မယ်။ ကျွန်နော့် Subliminal တွေတင်မကဘဲတခြားကိုယ် ယုံကြည်ရတဲ့ Sub Marker ရဲ့ Beauty Subliminal နားထောင်ရင်းလဲ လုပ်ဆောင်လို့ရပါတယ်။
လုပ်ကြည့်လို့အဆင်ပြေခဲ့ရင် DM မှာကျွန်နော့်ကိုလာပြောပေးကြပါအုံးဗျ အမြဲတမ်းစောင့်နေပါ့မယ်။
@Dee_fav_15
#Dee
#Beauty Ritual
#Mystic
#Manifestation
#The power of magic
665
Lucid Dreaming ဆိုတာ ဘာလဲ?
Lucid Dreaming ဆိုတာက အိပ်မက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အိပ်မက်မက်နေမှန်း သိနေတာကို ဆိုလိုတာပါ။ အိပ်မက်ထဲမှာ ကျွန်တော်တို့က သတိရှိနေတယ်၊ အသိစိတ်ရှိနေတယ်ဆိုရင် အိပ်မက်ထဲက ပုံရိပ်တွေကို ကိုယ့်စိတ်တိုင်းကျ ကြိုက်သလို ထိန်းချုပ်နိုင်သွားပါတယ်။ ဒါ့အပြင် Lucid Dream ကတစ်ဆင့် Astral Projection ကိုပါ ကူးပြောင်းလုပ်ဆောင်နိုင်ပါသေးတယ်။
Lucid Dreaming ရအောင် ဘယ်လိုလုပ်မလဲ?
ကျွန်တော့်ရဲ့ ဆရာ/Professor ပြောခဲ့တဲ့ အခြေခံအကျဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ မနက်နိုးနိုးချင်း ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေကို စာအုပ်ထဲမှာ (သို့မဟုတ် ဖုန်းထဲမှာ) ချရေးတာပါ။ ဒါကို Dream Journal လို့ ခေါ်ပါတယ်။ ဒီ Dream Journal ကိုသာ နေ့တိုင်းမပျက် ရေးသွားမယ်ဆိုရင် Lucid Dreaming ရလာပါလိမ့်မယ်။ တချို့က နှစ်ပတ်အတွင်း ရသွားသလို၊ တချို့ကတော့ တစ်လလောက်အထိ စိတ်ရှည်လက်ရှည် လေ့ကျင့်ယူရပါတယ်။
နောက်ထပ် နည်းလမ်းတွေကတော့
လက်တွေ့ဘဝ မှာ ကိုယ့်လက်ကို ခဏခဏ ကြည့်ပေးပါ။
"ငါ အခု အိပ်မက်မက်နေတာလား?" ဆိုတဲ့ မေးခွန်းမျိုးကို ကိုယ့်ကိုယ်ကိုယ် ခဏခဏ မေးပေးပါ။
ညအိပ်ခါနီးမှလဲ "ငါမက်သမျှ အိပ်မက်တွေကို နိုးလာရင် အကုန်မှတ်မိတယ်" လို့ သတိကပ်ပြီး အမြဲပြောပေးပါ။
ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးဆရာမက သူမကြုံတွေ့ခဲ့ရတဲ့ Lucid Dreaming အကြောင်းကို ပြောပြထားပါတယ်။ တစ်ခါက သူမရဲ့ဖခင် မောင်းနေတဲ့ကားက ချောက်ထဲကျခါနီးအချိန်မှာ သူမက အိပ်မက်ထဲကနေ "ရပ်!" လို့ အော်လိုက်ရုံနဲ့ အရာအားလုံး ရပ်တန့်သွားခဲ့ပါတယ်။ သူမက စိတ်ကို အသုံးပြုပြီး ကားကို လမ်းပေါ် ပြန်တင်ပေးခဲ့ပါတယ်။
Lucid Dream မက်နေချိန်မှာ သူမ အိပ်မက်ထဲက ဇာတ်ကောင်အဖြစ် ခံစားနေရသလို၊ တစ်ဖက်မှာလည်း ဘေးကနေ ကြည့်နေတဲ့ အကဲခတ်သူ အဖြစ်ပါ နှစ်မျိုးစုံ ခံစားရတယ်လို့ ဆိုပါတယ်။
ထပ်ပြီး
ကျွန်တော့်ရဲ့ ပထမဆုံး အတွေ့အကြုံ လေးကိုလဲပြောပြပေးပါရစေ။
လွန်ခဲ့တဲ့ အပတ်လောက်က ကျွန်တော် ညပိုင်း Astral Projection ကျင့်ရင်း အိပ်ပျော်သွားခဲ့ပါတယ်။ အဲဒီမှာ အိပ်မက်တစ်ခု မက်ခဲ့ပြီး အိပ်မက်ထဲမှာ ကျွန်တော် အသိစိတ်ရှိနေသလို ခံစားခဲ့ရပါတယ်။ အိပ်မက်ထဲက မြင်ကွင်းတွေကို ကျွန်တော် လုံးဝမကြိုက်တာကြောင့် စိတ်နဲ့ထိန်းချုပ်ပြီး တခြားမြင်ကွင်းတစ်ခုကို စိတ်ကြိုက် ပြောင်းလဲပစ်ခဲ့ပါတယ်။
ဒါက ကျွန်တော့်ရဲ့ ပထမဆုံး Lucid Dreaming အတွေ့အကြုံဖြစ်ခဲ့သလို နိုးလာတဲ့အချိန်မှာလည်း အိပ်မက်အကြောင်းအရာတွေကို အခုထိ ကောင်းကောင်း မှတ်မိနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခုထိ လေ့ကျင့်နေဆဲဖြစ်လို့ အိပ်မက်တွေကို ပုံဖော်ရာမှာ မကျွမ်းကျင်သေးတာမျိုး၊ သတိမကပ်မိတဲ့ နေ့တွေရှိနေပါသေးတယ်။
စာဖတ်သူတို့ရော ကျွန်တော့်လို အတွေ့အကြုံမျိုး ကြုံဖူးကြလား?
တကယ်လို့ ကြုံဖူးခဲ့မယ်ဆိုရင် လဲComment မှာ ဝေမျှခဲ့ကြပါဦး။
#LucidDreaming
#AstralProjection
#DreamJournal
#MindPower
#PersonalExperience
665
"Don't just dream—become the architect of your own dream universe."
အိပ်မက်ဆိုတာ ပိတ်လှောင်ထားရမယ့် ကမ္ဘာမဟုတ်ဘူး၊ ကိုယ်တိုင် စိတ်ကြိုက်ပုံဖော်ရမယ့် စကြဝဠာတစ်ခု။
#DreamArchitect #LucidDreaming #MasterYourMind #ConsciousDreaming665
စာဖတ်သူတို့ကထွက်ကြတယ်ဗျာ ကျွန်နော့်မှာ English စာအုပ်အထူကြီးတွေဖတ်ပြီး စာဖတ်သူတို့မသိသေး တဲ့ကမ္ဘာကြီးရဲ့လျို့ဝှက်ချက်အကြောင်းတွေ ပြောပြပေးနေတာ ကျွန်နော် ဒါတွေပြောပြပေးလိူ့ပိုက်ဆံရလားဆိုမရပါဘူး ဒါပေမယ့်ကျွန်နော့်ရဲ့စေတနာပါ ၊ ဒါ့ကြောင့်လဲ ကျွန်နော့် channel မကြိုက်ရင်ထွက်ကြပါလေ ကျွန်နော်ကတော့ဆက်တင်နေမှာပဲ တစ်ယောက်ရှိလည်းတစ်ယောက်ကို ပြောပြပေးနေမှာပဲ။
စာအုပ်တွေဖတ်ရတာမလွယ်ပါဘူးဗျ😒
#Dee
665
စာဖတ်သူတို့တော့မသိဘူး
ကျွန်နော်ကိုယ်တိုင်လုပ်ပြီး ကျွန်နော်ကိုယ်တိုင် Wallpaper ထားလိုက်တာထူးထူးဆန်းဆန်း အိမ်ကသူတွေက ကျွန်နော့်ကို မုန့်တွေဘာတွေဝယ်ကျွေးလို့ ခါတိုင်း ကျွန်နော့်မွေးနေါဆိုတိတ်ဆိတ်နေရော အရင်ကထက်ကိုဆူညံနေတယ်
#Dee
665
Soft Pink Wallpaper
Benefits
✧**♡• ဆန်းပွင့်ခြင်း
✧**♡•သင့်ကို မြင်သူတိုင်း အလိုလို ချစ်ခင်မြတ်နိုးလာစေခြင်း။
✧**♡•သင့်ဘဝကို အကျိုးပြုမယ့် အပေါင်းအသင်းသစ်တွေနဲ့ ဆုံတွေ့စေခြင်း။
✧**♡•အမုန်းတရားတွေကို မေတ္တာအဖြစ် ပြောင်းလဲပေးပြီး ရန်သူကို မိတ်ဆွေဖြစ်စေခြင်း။
✧**♡•စကားပြောကောင်းခြင်း
အသုံးပြုနည်း
၁။ Wallpaper ထားပြီးပါက ပုံကို ၃ မိနစ်ခန့် အာရုံစိုက်ကြည့်ပါ။
၂။ ပုံကိုကြည့်ပြီးအောက်ပါဂါထာ ကို ၃ ကြိမ် (သို့မဟုတ် ၉ ကြိမ်) ရွတ်ဆိုပါ-
Wallpaper မြင်တိုင်းရွှတ်ပေးနိုင်ပါတယ်။
"ဂူး-ဆွိုင်း - အေး-ယာ - စေ-ကော - အွန် - ကာ"
၃။ ရွတ်ဆိုနေစဉ် စိတ်ထဲကနေ "ငါ့ရဲ့ ဆန်းတွေ ပွင့်လန်းနေပြီ၊ လူတိုင်းက ငါ့ကို ချစ်ခင်လေးစားနေကြပြီ" လို့ ယုံကြည်ချက်အပြည့်နဲ့ တွေးပေးပါ။
Save ရင်မဝါးအောင် File လေးနဲ့တင်ပေးလိုက်ပါတယ်။
#Dee
#Wallpaper
#magic
