📚📚ကဗျာဧည့်ရိပ်သာ📚📚
Ir al canal en Telegram
မင်္ဂလာပါ ချန်နယ်သို့လာရောက်သူများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း ဖြင့် အရာရာစိတ်သွားတိုင်းကိုယ်ပါ ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ဗျာ။ကဗျာတွေကိုခံစားပါ ရေးဖွဲ့ပါ ကြည်နူးပါ... ချန်နယ်မှာလည်းခံစားချက် ကဗျာလေးများတင်ချင်ရင်dm @aungkha9
Mostrar más1 030
Suscriptores
Sin datos24 horas
-147 días
+36930 días
Archivo de publicaciones
1 030
မေတ္တာစူးရင်ရူးတက်သလို
ထားခဲ့ခံရရင်လည်းရူးတက်ပါသတဲ့ဗျာ
အသဲကွဲအရက်သမားလေး သော်တာဆွေ
1 030
ကြိုး ( ၃ )တာဝေးပြေးတဲ့လူရဲ့ အမောပမ်းဆုံးအချိန်ဟာ ပန်းတိုင်နဲ့အနီးဆုံးနေရာမှာ ရောက်နေပြီတဲ့ ကျွန်မရောက်နေတဲ့နေရာက ဘယ်တော့မှပြန် မဆုံနိုင်တော့မယ့် နိဂုံးပဲ။ -ချည်
1 030
အလွမ်း၌သာ.. ..
ခေါင်းလောင်းလေး တပ်ဆင်ခဲ့လျှင်
တစ်လောကလုံး.. ..
ဆူညံ သွားလိမ့်မည်ထင်..။
# မောင်ရင် မောင်
1 030
ဘဝဟာတစ်ခါတစ်လေ
ရိုးရှင်းပါတယ်
စာသင်ချိန်အခန်းထဲ
ငေးကြည့်တာကအစ
ကျောင်းသွားပြန်
နောက်ကလိုက်ပြီး
စကားပြောတာအဆုံးပေါ့..။
📘လုလင်ပျို
1 030
🌙 𝓗𝓪𝓹𝓹𝔂 𝓑𝓲𝓻𝓽𝓱𝓭𝓪𝔂 🌙
July 30
တစ်ခါတလေတော့
ဘဝရဲ့အလှတရားက
သေးငယ်တဲ့အရာလေးတွေမှာ
ရှိနေတတ်တယ်… ☁️
မင်းရဲ့အပြုံးလေးတွေ၊
မင်းရဲ့ကြင်နာမှုလေးတွေ၊
မင်းရဲ့အချိန်လေးတွေက
မင်းအတွက်ရော၊
မင်းနဲ့အတူရှိတဲ့သူတွေအတွက်ပါ
တန်ဖိုးအရှိဆုံးပဲ… 🌷
ဒီမွေးနေ့ကစပြီး
မင်းရဲ့ဘဝထဲကို
အလင်းတွေနဲ့အပြုံးတွေ
အများကြီးဝင်လာပါစေ… ✨
ငြိမ်းချမ်းပါစေ၊
ပျော်ရွှင်ပါစေ၊
ချစ်ခြင်းတရားတွေနဲ့
ပြည့်နေပါစေ… 💫
#soemoe
#happybirthday
#laboratory_of_feeling_poem
📚📚ကဗျာဧည့်ရိပ်သာ📚📚
1 030
ဩဇာ
စကြာဝဠာရဲ့
မသေချာခြင်းတွေကြား
မင်းဟ တိကျတဲ့
ဒဿနတစ်ခု
မင်းစကားသံမပါတဲ့
ခဏတိုင်းမှာ
ငါ့ကမ္ဘာ့ဟာ ကာရန်တွေ
ပျောက်ရှတယ်
အချစ်ဆိုတာ
မင်းရဲ့အလင်းစက်ဝန်းထဲမှာပဲ
ငါ့အတ္တတွေ
ငြိမ်းချမ်းသွားတာမျိုး ။
-ညိုပြာရီ
1 030
သံယောဇဉ်တွေ
ချစ်ခြင်းမေတ္တာတွေဆိုတာ
အတ္တဖက်လို့မရဘူးဆိုတာ သိစေချင်လိုက်တာ......II
ငါကတော့ ဒါမျိုးမှာဖြစ်စေချင်တာ ကွ
ဒါကတော့ ဒီလိုဖြစ်ရမှာ ကွ
လုပ်လို့မရဘူး
တဖက်လူရဲ့ အခြေအနေကိုလည်းကြည့်ရမယ်
တဖက်လူရဲ့ စိတ်ဆန္ဒကိုလည်းမေးရအုံးမယ် လေ ...II
သံယောဇဉ်တွေ
ဘာကြောင့်ပျက်တောက်သွားရသလဲ....?သိလား
ချစ်ခြင်းမေတ္တာတွေ
ဘာကြောင့်ပျက်စီးရသလဲ...?သိလား
အတ္တဖက်လို့
နောက်တနည်းပြောရရင်
လိုချင်လောဘကြီးလို့.....II
- သက်နောင် (စစ်ကိုင်း)
1 030
အသက်အရွယ်တခုသာရောက်
လာတယ်
ယနေ့ချိန်ထိ ကျွန်တော်ဟာ
အချစ်နွံထဲမှာနစ်နေတုန်းဗျ
အပြုံး အရယ်နဲ့ ခေါ်သံလေးကအစ ကြားယောင်မိနေတုန်း
-ငွေဇင်ယော်
1 030
"မမအတွက်"မမဆိုတဲ့အသံလေးမှာ ခိုနားရာပါသလို မောင်ဆိုတဲ့ တီးလုံးလေးမှာလည်း ရင်ထဲက မမြည်တီးတဲ့ ဂီတတစ်ခုပါဘဲ။ မမရဲ့အသံလေးက မောင့်ရင်ကိုခွဲ ရင်ညွှန့်အလယ်မှာ ဆူးဝင်လို့နှလုံးသားဝင်ပေါက်လေး ပျားသကာလိုချိူမြိန်ခဲ့ရပြီ။ မမရေ..ဆည်းလည်းလေးတွေတိုက်ခတ်တာ မမအချစ်ဖြစ်ပြီး နှလုံးသားလေးမမအပြုံးကြောင့် မိုးပြိုလို့ ငိုရပြီမမရယ်။
-ကိုဇာ(ဘုံဆိုင်အလွမ်း)
1 030
အသက်တမျှ
ငါတို့ ပြန်မဆုံနိုင်တော့ရုံပါပဲ
မင်းလဲ တခြားကမ္ဘာဆီ ထွက်မပြေးနိုင်
ငါလဲ ဒီကမ္ဘာပေါ်ကနေ ခုန်မချနိုင်။
-ကေဇဝင်း
1 030
၁၃၆၅ ငါးရက်ဆိုတာကို
သုံးပုံ ပုံ နှစ်ပုံဟာ ငါရဲ့ dark size ပါပဲ
ကျန်တစ်ပုံကတော့ ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းကိုအကြိမ်ကြိမ်ဆိုရင်း
တန်ရာတန်ရာ နေရာတစ်ခုမှာ
တိတ်ဆိတ်ကာနေခဲ့ရတယ်...
#ခန့်ထည်
1 030
"နှလုံးသား ဂီတာရုံ"
စောင်းကြိုးကလေးတစ်ချောင်းချင်းကို
သာသာယာယာ တီးခတ်လိုက်သလို...
မင်းစကားပြောလိုက်တိုင်းငါ့နှလုံးသားထဲမှာ
ဂီတတွေ ပွင့်အာလာတယ်။
မင်းရဲ့ နူးညံ့မှုဟာငါ့အိမ်မက်တွေ
ကို အသက်သွင်းပေးခဲ့တာပါ။
- ကြိုးတစ်မျှင်
1 030
အငြိမ့်မင်းသမီးနဲ့ ကဗျာဆရာ ဖစ်နိုင်ခြင်း
အလင်းမရှိနိုင်
သိုသော်
ချစ်သည်
-ဆောင်းဦးလွင်
1 030
ပန်းတွေဝေအောင် ချစ်တယ်
ပန်းတွေဝေအောင် လွမ်းတယ်
ပန်းတွေဝေအောင် ခံစားရင်း
လေတိုက်တိုင်းသာ ကြွေဘာမှု
ဘယ်မှာပန်းများ ပွင့်မည်နည်းတဲ့
ပန်းတွေမပွင့်အောင် တားလို့မရသလို
မင်းကို မချစ်ဖို့လည်း တားလို့ မရတာမျိုးကွဲ့...။
#ခန့်ထည်
1 030
ဆူးတွေကိုရစ်ပတ်လို့
ချည်နှောင်ခဲ့မိတဲ့သံရောဇဥ်တွေပါ
အတ္တဂုဏ် လေးတော့နည်းနည်းလျော့ပေးပါ မြနှင်းဆီ။
-ကိုဇာ(ဘုံဆိုင်အလွမ်း)
-မြနှင်းဆီ(E-book)စီးရီး
1 030
အရူးပါပဲ###
- လူတွေဟာ လိုအပ်ချိန်မှာ Wellcome.
မလို အပ် ရင် Getout.....
- အဲဒီ နိယာမ သဘော တရားကို
နာမလည်နိုင်ပဲ လိုက်ခံစားတတ်တဲ့
သူ အတွက်တော့ အရူးတစ်ယောက်ပါပဲ......
- Mg အညာသား
1 030
အကိုသို့........
အကို့နာမည်
ဖုန်းscreenပေါ် ပေါ်လာတဲ့အခါ
နေ့တစ်နေ့လုံးရဲ့ ပင်ပန်းမှုတွေ
mute လုပ်လိုက်သလိုပဲ ပျောက်ကွယ်သွားတယ်...
မက်ဆေ့ချ်တစ်ကြောင်း
“စားပြီးပြီလား”ဆိုတဲ့
အဲ့ဒီစကားလေးထဲမှာပဲ
ကိုယ့်ရဲ့တစ်နေ့လုံး
အေးချမ်းသွားခဲ့တယ်....
လောကကြီးက ဆူညံနေတဲ့အချိန်
အကို့အသံက
noise cancel လုပ်ပေးတတ်တယ်
ဘာမှပြောစရာမလိုဘဲ
အနားမှာ ရှိနေပေးယုံနဲ့ပေါ့...
အကို့လက်တစ်ဖက်က
ကျွန်တော့်လက်ကို
ဖမ်းဆုပ်ထားတဲ့အခါ
အနာဂတ်ဆိုတာ
ကြောက်စရာ မဟုတ်တော့ဘူး...
အကိုဆိုတာ
အချစ်မဟုတ်ဘူး
အိမ်ပါ
အနားယူရာပါ
ကျွန်တော့်ဘဝရဲ့ default setting လေးပါ....
-ငွေဇင်ယော်
1 030
မင်းဟာ
ဘယ်လို မိန်းကလေး
အမျိုးအစားထဲပါလည်းဆိုပြီး
သုံးသပ်တာမျိုးမလုပ်ချင်ဘူး
မင်းကို မင်းဖြစ်နေလို့ ဆိုတဲ့ စိတ်နဲ့
ချစ်တယ်
မင်းမတောင်းဘဲ ပြည့်နေတဲ့
သစ္စာတရားတွေအကြောင်းကို
မင်းနဲ့တွေ့မှ ရှင်းပြရဦးမယ်
#ခန့်ထည်
1 030
🎀 𝓗𝓪𝓹𝓹𝔂 𝓑𝓲𝓻𝓽𝓱𝓭𝓪𝔂 🎀
July 29
မွေးနေ့ရှင်လေးရေ… ☁️✨
မင်းရဲ့နေ့လေးကို
ကမ္ဘာကြီးကလည်း
တိတ်တဆိတ် လင်းထိန်နေမယ်ထင်တယ်… 🌤️
ဒီတစ်နှစ်မှာ —
ရယ်မောစရာတွေ၊
ခံစားမှုကောင်းတွေ၊
မမေ့နိုင်တဲ့အမှတ်တရတွေနဲ့
ပြည့်နေပါစေ… 🍃
မင်းရဲ့အပြုံးလေးက
ဒီကမ္ဘာမှာ အလှဆုံးအရာပဲ 🤍
ဒါကြောင့် ဒီနေ့ရော
နောင်လာမယ့်နေ့တိုင်းပါ
အပြုံးတွေ မပြတ်ပါစေနဲ့… 🌸
#soemoe
#happybirthday
#laboratory_of_feeling_poem
📚📚ကဗျာဧည့်ရိပ်သာ📚📚
1 030
Repost from ဆရာမဂျူးရဲ့စာအုပ်များနှင့် ရသစုံကဗျာစာတိုများ
[ အိပ်မက်ရပ်ဝန်း ]
( အပိုင်း ၁ မှ ၅ အထိ စုစည်းမှု )
✍️ ရေးသားသူ
👉 ဒဂုန်ဆန်းဝေ
🎙️ ရွတ်ဖတ်သူ
👉 အသံချိုချို ရုပ်လှလှ နဲ့ ဆရာမကြီး "ယဉ်ရွှေငြိမ့်"
🎧 အမှောင်ဆန်ဆန် ဇာတ်လမ်းဆိုးကြီးရဲ့ စိတ္တဇရသကို အသံချိုချိုလေးနဲ့ ပုံဖော်ပေးထားတာမို့ အောက်ပါ Audio များကို အစဉ်အတိုင်း နားဆင်ခံစားနိုင်ပါပြီ။
#အိပ်မက်ရပ်ဝန်း #ဒဂုန်ဆန်းဝေ #ယဉ်ရွှေငြိမ့် #AudioBook #TelegramAudio
