The Last Duel ( ဟံသာဝတီစီးချင်းပွဲ)
Ir al canal en Telegram
Mostrar más
El país no está especificadoLa categoría no está especificada
856
Suscriptores
+424 horas
+387 días
+13230 días
Archivo de publicaciones
Repost from N/a
T-h-u-d-a-k-k-a-m (2026)
=====================
IMDB ⭐️ 6.1/10
ရွာအုပ်ချုပ်ရေးအရာရှိ ရာဗီဟာ သမီးဖြစ်သူ မီနူးနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေသူတစ်ယောက်ပါ။ ဒါပေမဲ့ မတရားမှုကို မျက်စိမှိတ်မနေတတ်တဲ့ ရာဗီဟာ ဒေသတွင်းက လူဆိုးတွေ ကျောင်းသားတွေကြား မူးယစ်ဆေးဖြန့်ဝေနေသူတွေကို မကြောက်မရွံ့ဆန့်ကျင်နေသူဖြစ်တာကြောင့် ရန်သူတွေလည်း တဖြည်းဖြည်းများလာခဲ့ပါတယ်။
တစ်နေ့မှာတော့ ဘဏ်စာမေးပွဲဖြေဆိုဖို့ အာနာကူလမ်ကို ထွက်သွားခဲ့တဲ့ မီနူးဟာ အိမ်ကို ပြန်ရောက်မလာတော့ပါဘူး။ နောက်ဆုံးဖုန်းပြောခဲ့ချိန်မှာလည်း မီနူးဟာ အမည်မသိလူတစ်ယောက်နဲ့ အပြင်းအထန် စကားများနေခဲ့ပြီး ရုတ်တရက် ဖုန်းလိုင်းပြတ်တောက်သွားခဲ့ပါတယ်။
မီနူးရဲ့ပျောက်ဆုံးမှုနောက်ကွယ်မှာ ရာဗီ့ကို အငြိုးထားနေတဲ့ ရန်သူတွေရဲ့ လက်ချက်ပဲလား?
ဒါမှမဟုတ် ပိုမိုနက်နဲတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေတာလား?
သမီးကို ပြန်ရှာဖို့ ကြိုးစားရင်း အမှန်တရားတစ်စစီ ပေါ်ထွက်လာတဲ့အခါ ရာဗီတစ်ယောက် ဘာတွေကို ရင်ဆိုင်ရမလဲဆိုတာ အဆုံးအထိ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် ဇာတ်ကားတစ်ကားမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
Repost from N/a
I_r-u-m_u-d_i (2-0-2-6) Telugu
IMDB ⭐️ 8.1/10
"မိသားစုဂုဏ်သိက္ခာလား... သမီးလေးရဲ့ အသက်အန္တရာယ်လား..."
တောင်ပိုင်း အက်ရှင်ကားကြမ်းကြမ်းတွေ၊ အထူးသဖြင့် မိသားစု သံယောဇဉ်ကို အခြေခံထားတဲ့ Family Action Drama ကားကောင်းကောင်း မျှော်နေသူတွေအတွက် မင်းသားကြီး Ravi Teja ရဲ့ အသစ်စက်စက် Blockbuster ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။
မင်းသားကြီး Ravi Teja ပါပြီဆိုကတည်းက သူ့ရဲ့ Signature ဖြစ်တဲ့ ရှယ်မိုက်တဲ့ Mass အက်ရှင်ခန်းတွေကို အဝကြိတ်ရတော့မှာပါ။ ဒီကားမှာတော့ သူ့ကို သာမန် Mass hero တစ်ယောက်အနေနဲ့တင် မဟုတ်ဘဲ သမီးလေးကို အသက်တမျှချစ်တဲ့ ဖခင်ကောင်းတစ်ယောက်၊ အရာရာကို ကာကွယ်ပေးချင်တဲ့ ခွန်အားကြီးတဲ့ ဖခင်တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။
ဇာတ်လမ်းကတော့ ပိုလူရူးဆိုတဲ့ ရွာလေးမှာ ဇနီးဖြစ်သူ ကာဗေရီ၊ သမီးလေး မန်နီကန်တာတိုနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ ထရီနက်ဆိုတဲ့ ဖခင်တစ်ယောက်ရဲ့ အကြောင်းပါ။
ထရီနက်ဟာ ရပ်ရွာထဲမှာ မိန်းကလေးတွေအပေါ် အနိုင်ကျင့်တာမျိုး၊ မတရားလုပ်တာမျိုး တွေ့ရင် ဘယ်တော့မှ ငြိမ်မနေတတ်တဲ့သူပေါ့။ ဒါပေမဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဂိုပါရာဂျူးကတော့ ပြဿနာတွေကို မိသားစုဂုဏ်သိက္ခာအတွက်ဆိုပြီး အမြဲတမ်း ဖုံးဖိဖြေရှင်းချင်သူပါ။ ဒီလို မတူညီတဲ့ ခံယူချက်တွေကြားကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။
တစ်နေ့မှာတော့ ထရီနက်ရဲ့ သမီးလေး မန်နီကန်တာဟာ သူ့သူငယ်ချင်း ဂါယာထရီဆီကနေ ထူးဆန်းတဲ့ အမူအကျင့်တွေကို သတိထားမိလာပါတယ်။ သိချင်စိတ်နဲ့ စုံစမ်းကြည့်တဲ့အခါမှာတော့ ကျောင်းဆရာမ ဓနလက်ရှ်မီနဲ့ ဘူဂျီရာဂျူးတိုရဲ့ နောက်ကွယ်က ရက်စက်ယုတ်မာတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို သွားသိလိုက်ရပါတော့တယ်။
ကျောင်းသူလေးတွေကို ခြိမ်းခြောက်ပြီး အမြတ်ထုတ်နေတဲ့ ဒီကိစ္စကြီးကို ဖော်ထုတ်ဖို ကြိုးစားရင်းနဲ့ မန်နီကန်တာတစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါ...
ကိုယ့်သမီးလေး ပျောက်သွားတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်ကွဲပက်လက် ခံစားရမှုတွေ... သမီးလေး ခိုးကြောင်ခိုးဝှက် ဖမ်းယူထားခဲ့တဲ့ အသံဖိုင်တစ်ခုကနေတစ်ဆင့် အမှောင်ခွင်းပြီး အမှန်တရားကို ရှာဖွေရတဲ့အခါ...
သူငယ်ချင်းဖြစ်သူ ဂိုပါရာဂျူးကရော ဒီအမှုမှာ ဘယ်လိုတွေ ပါဝင်ပတ်သက်နေမလဲ။ အရာရာကို ဖုံးကွယ်ချင်နေတဲ့ သူတိုရဲ့ လုပ်ရပ်တွေကို ထရီနက်တစ်ယောက် ဘယ်လို ဆွဲချွတ်ပြမလဲ။ သမီးလေးကိုရော အချိန်မီ ကယ်တင်နိုင်ပါ့မလားဆိုတာ...
Ravi Teja ရဲ့ အသဲယားစရာ သရုပ်ဆောင်ချက်တွေ၊ သမီးနဲ့အဖေ ကြားက သံယောဇဉ်ကို ရိုက်ပြထားတဲ့ Emotional Scene တွေအပြင် ရင်ခုန်သံမြန်စေမယ့် BGM တွေနဲ့ အကြမ်းစား Action တွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားမို ခုပဲ ကြည့်ရှုလိုက်ရအောင်ပါ။
Repost from N/a
The Stain (2026)
ပရန် အဖြစ် Apo Nattawin
မာလီ အဖြစ် Engfa Waraha
အာဆာနိုင်း အဖြစ် Jes Jespipat
နမ်ဆိုင် အဖြစ် Freen Sarocha
တစ်ညတာရဲ့အမှား... တစ်သက်စာ ကျန်ရစ်မယ့် အမည်းစက်...
အတိတ်ဆိုးတွေ ဖုံးလွှမ်းနေတဲ့ မာလီတစ်ယောက် ကံကြမ္မာရဲ့စေစားမှုကြောင့် ကလေးဘဝက ခြောက်ခြားစရာ အမှတ်တရတွေကို မဖြစ်မနေ ပြန်လည်ရင်ဆိုင်ရမယ့် တိုက်ခန်းတစ်ခုဆီ ရောက်ရှိလာတဲ့အခါ
ထိုင်းပန်းလက်ဖက်ရည် Brand တစ်ခုကို တည်ထောင်ထားတဲ့ ရုက္ခဗေဒပညာရှင်လည်းဖြစ် လက်ဖက်ရည်ဖျော်စပ်တဲ့နေရာမှာ ဆရာတစ်ဆူလည်းဖြစ်တဲ့ ပရန်နဲ့ အဲဒီတိုက်ခန်းမှာ ဆုံတွေ့ချိန်
မြှုပ်နှံထားတဲ့အမှတ်တရတွေ အချစ်တွေနဲ့ တဖြည်းဖြည်း ပေါ်ထွက်လာတဲ့ လျှို့ဝှက်ချက်တွေကြားမှာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်း နက်ရှိုင်းလာခဲ့ပေမဲ့ သူတို့ကမ္ဘာလေးထဲကို နောက်ထပ် လူနှစ်ယောက် ဝင်ရောက်လာတဲ့အခါမှာတော့….
လှပပြီး အေးချမ်းလှပါတယ်ဆိုတဲ့ အပေါ်ယံ အသွင်အပြင်တွေရဲ့အောက်မှာ... အချစ် ကြောက်ရွံ့မှု မလုံခြုံမှုနဲ့ နှစ်ပေါင်းများစွာ မြှုပ်နှံထားတဲ့ စိတ်ဒဏ်ရာတွေဟာ တစ်လွှာချင်းစီ ပေါ်ထွက်လာရင်း နောက်ဆုံးမှာ အတိတ်က လျှို့ဝှက်ချက်တွေအားလုံး အမှောင်ခွင်းပြီး ပေါ်ပေါက်လာတဲ့အခါ...
ကြက်သီးထစရာကောင်းတဲ့ သေဆုံးမှုတစ်ခုနဲ့အတူ
လျှို့ဝှက်ဆန်းကြယ်မှုတွေ ပွေလီလှတဲ့ဆက်ဆံရေးတွေနဲ့ စိတ်ဒဏ်ရာတွေကို ထွင်းဖောက်ပြသမယ့် သည်းထိတ်ရင်ဖို ရိုမန်တစ် ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ အခုပဲ Movie Shell(Main) မှာ ကြည့်ရှူ့ခံစားလိုက်ပါနော်
Repost from N/a
Illegal intruder 2026
မိန်းကလေးတွေကို ကြောင်နဲ့ကြွက်လို့ ပြေးတမ်းလိုက်တမ်းကစားပြီးမှ ရက်ရက်စက်စက်လည်ပင်းလှီးသတ်တဲ့ ကွင်းဆက်လူသတ်မှုတွေ (၅)မှုဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
သေသပ်တဲ့ပြစ်မှုကျူးလွန်တဲ့ပုံစံကြောင့် ရဲတွေသဲလွန်စပျောက်နေကြရတာကြောင့် ပညာရှင်တစ်ယောက်ကိုဖိတ်ခေါ်ခဲ့ရပါတယ်။ ရဲနဲ့အတူ ပညာရှင်မိန်းကလေးတို့ပူးပေါင်းပြီး
ကြိုးစားတဲ့အခါမှာတော့ ဒီကွင်းဆက်လူသတ်မှုကြီးဟာ သဲလွန်စရလာပါတယ်။ လူသတ်သမားအဖြစ်သံသယရှိသူရဲ့ နေအိမ်ကိုရောက်သွားတဲ့အခါမှာတော့ နစ်နာသူတွေ
နောက်ထပ်ရှိနိုင်ကြောင်းသိလိုက်ရပြီး အပြစ်မရှိတဲ့မိန်းကလေးတွေရဲ့ အသက်အန္တရာယ်အတွက် လူသတ်တရားခံကို ပိုက်စိတ်တိုက်ရှာဖွေကြပါတော့တယ်။
ရဲတွေရဲ့လုံခြုံရေးတင်းကျပ်နေတဲ့ကြားကနေ ရက်စက်ပြီးပါးနပ်တဲ့ စိတ္တဇလူသတ်သမားဟာ သူ့ရဲ့ဆန္ဒတွေပြည့်ဝစေဖို့အတွက် နောက်ထပ်ပြစ်မှုကိုကျူးလွန်ဖို့ကြိုးစားလာပါတယ်။
ဒီရက်စက်တဲ့လူသတ်သမားရဲ့ လက်ကနေ သားကောင်ဖြစ်တဲ့မိန်းကလေးဟာ လွတ်မြောက်နိုင်ပါ့မလား.....မိန်းကလေးအသတ်မခံရခင် တရားခံကိုမိအောင်ရှာနိုင်ဖို့ဟာ
ရဲတွေအတွက် စက္ကန့်တိုင်းအရေးကြီးနေပါတယ်......
Filesize : 770 MB / 415 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Mystery and Thriller
Runtime : 1h 1 min
Subtitle : Myanmar Subtitle ( Hardsub )
Repost from N/a
P-o-l-o-n-g (2026)
ဒီဇာတ်ကားကတော့ အခုမှ ထွက်ထားတဲ့ မလေးရှားစုန်းကားဖြစ်ပြီး မလေးရှားစုန်းကားဆိုတာက ကျွန်တော်တို့ ငယ်ငယ်က ကြောက်ကြောက်နဲ့ ကြည့်ပြီး အိမ်သာမသွားရဲခဲ့တဲ့ သရဲကားတွေဆိုတော့ ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ သတင်းထောက်တစ်ယောက်ဟာ ထောင်တွင်းက အကျဉ်းသူတစ်ယောက်ရဲ့ သတင်းပေးမှုနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကွင်းဆက်လူသတ်သမားကို မြှုပ်ထားတယ်ဆိုတဲ့ အိမ်ဝင်းထဲက အပင်အောက်က မြေပုံကို သွားတူးခဲ့ရာကနေ အရိုးတွေကို မတွေ့ဘဲ ထူးဆန်းတဲ့ပုလင်းတွေကို ရှာတွေ့ခဲ့ပါတယ်။
ဖြစ်ချင်တော့ အဲဒီပုလင်းတွေက ပိုလွန်ဆိုတဲ့ ပရလောကသား သရဲသဘက်တွေကို ဖမ်းချုပ်ရာမှာ စုန်းမတွေ အသုံးပြုတဲ့ ပုလင်းတွေ ဖြစ်နေပြီး အဲဒီမိစ္ဆာကောင်တွေကို လွှတ်ပေးမိသလို ဖြစ်သွားပါတော့တယ်။
ဒီတော့ သူမအနေနဲ့ သူမကိုယ်တိုင်ရော သူမချစ်ခင်ရသူတွေကိုပါ ဒီသရဲသဘက်တွေရန်ကနေ ဘယ်လိုကျော်ဖြတ်ကြမလဲ၊ လွတ်ရော လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
Repost from N/a
Ronaldo (2015)
IMDB (6.3/10)
Ronaldo ဆိုတာကတော့ လူငယ်တော်"များ"ရဲ့ idolဖြစ်ပီး ကျွန်တော်လဲ အရမ်း fav ဖြစ်တဲ့ကစားသမားကြီးရဲ့ အခက်အခဲများမှ ကြိုးစားရုန်းကန်ခဲ့ပုံ…
Cristiano Ronaldo ( 2015 )
အခုရုပ်ရှင်ကတော့ သူ့အကြောင်းကို တစေ့တစောင်းဖော်ပြထားတဲ့ Documentary အမျိုးအစားရုပ်ရှင်လေးဖြစ်ပါတယ်…
ဒိုလေးရဲ့ ဘဝကိုအပြည့်အစုံမဖော်ပြနိုင်ပေမယ့် နီးနီးကပ်ကပ်ကြည့်ရှုလေ့လာခွင့်ရမယ့်ရုပ်ရှင်ပါ။ဒိုလေး(ခေါ်) CR7 ဆိုတာ ကျွန်တော်ရဲ့ အနှစ်သက်ဆုံး ဘောလုံးကစားသမားပါ…
ကျွန်တော်က မန်ယူဖန်ဖြစ်တာကြောင့်လဲ ပါပါတယ်။သူ့ရဲ့ အားအင်အပြည့်နဲ့ကစားတတ်တဲ့ မာန်ချီတဲ့ကစားဟန်တွေကို နှစ်သက်သူဖြစ်ပါတယ်…
ဒါကြောင့်မို့ ကျွန်တော့်လို ဒိုလေးပရိတ်သတ်တွေအတွက် သူ့ဘဝကို အနီးကပ်လေ့လာခွင့်ရမယ့်ဒီရုပ်ရှင်လေးကို မြန်မာစာတန်းထိုးနဲ့ တင်ဆက်လိုက်ပါတယ်...
Repost from N/a
G-h-o-s-t-f-l-u-e-n-c-e-r (2026)
ထိုင်းရုံတင်ကားသစ်
ထိုင်းရုံတင်ကားသစ် Ghostfluencer (2026)
ဒီဇာတ်ကားကတော့ Romance, Comedy နဲ့ Horror အမျိုးအစား ထိုင်းရုပ်ရှင်ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Anawat Phromchae က ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ အဓိက သရုပ်ဆောင်တွေအဖြစ် Pichukkana Wongsarattanasin, Boonyakait Wongsajaem နဲ့ Phulita Supinchompooas တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်ကတည်းက သေဆုံးသွားခဲ့တဲ့ ထိုင်းမြောက်ပိုင်းက နာမည်မရှိတဲ့ သရဲမလေးတစ်ကောင်ဆီကနေ စတင်ပါတယ်။ သူဟာ နောင်လာနောက်သားတွေ အမှတ်ရနေမယ့် ဂန္ထဝင် သရဲမကြီး တစ်ကောင်ဖြစ်လာဖို့ ရည်ရွယ်ချက် ရှိနေသူပါ။ မမေ့နိုင်စရာ အချစ်ဇာတ်လမ်းတစ်ခုကို ဖန်တီးဖို့အတွက် သူ့ရဲ့ အတိတ်ဘဝက ဖူးစာရှင်ကို လိုက်လံရှာဖွေပါတော့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အဲဒါကတော့ သူချစ်ရတဲ့သူဟာ ဒီဘဝမှာ မီးရှူးမီးပန်း လုပ်တဲ့သူ (firecracker maker) အဖြစ် ပြန်လည်ဝင်စားလာတာကြောင့် သရဲမလေးအနေနဲ့ သူ့အနားကို ကပ်လို့မရဖြစ်နေတာပါပဲ။ ဒီလို အခက်အခဲတွေကြားကနေ သူ့ရဲ့ ဂန္ထဝင် အချစ်ဇာတ်လမ်းလေး အောင်မြင်အောင် ဘယ်လို ဆက်ကြိုးစားမလဲဆိုတာကို ရယ်မောစရာရော၊ ရင်ခုန်စရာပါ ကြည့်ရှုရမယ့် ဇာတ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ သာမန် သရဲကားတွေလို ကြောက်စရာကောင်းအောင် ရိုက်ကူးထားတာမျိုး မဟုတ်ဘဲ ရယ်မောပျော်ရွှင်ရမယ့် အချစ်ဟာသ ပုံစံမျိုး တင်ဆက်ထားတာပါ။ ထိုင်းမြောက်ပိုင်းရဲ့ ရိုးရာအငွေ့အသက်တွေနဲ့အတူ သရဲမလေးရဲ့ ချစ်စရာကောင်းတဲ့ ကြိုးစားအားထုတ်တာတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာမို့လို့ အချစ်ဟာသ သရဲကားကောင်းတွေကို သဘောကျတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
Repost from N/a
Va-n He-lsi-ng (2004)
-----------------------------------------------
⚠️ Copyright Disclaimer No copyright infringement intended. I do not own any of the videos or music. Use only for the entertainment purpose only under the principle of Fair Use. All rights reserved goes to its rightful owner
Repost from N/a
+3
ဇာတ်လမ်းအကျဉ်းကတော့
Van Helsing ဆိုတဲ့ဗင်ပိုင်းယားမုဆိုးတစ်ယောက်အကြောင်းကို အခြေတည် ရိုက်ကူးတင်ဆက်
ထားတာ ဖြစ်ပါတယ် နှစ်လေးရာသက်တမ်းရှိနေပြီဖြစ်တဲ့ စွမ်းအားကြီးမားတဲ့ ဗင်ပိုင်းယားတစ်ကောင်ကိုဘယ်လိုနှိမ်နင်းမလဲ
ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုကြ
ရမှာပါပြီးတော့သွေးစုပ်ဗင်ပိုင်းယားလင်းနို့တွေရယ်၊ လူတစ်ပိုင်းဝံပုလွေတစ်ပိုင်းတွေရယ်၊အချစ်အလွမ်းရသပေါင်းစုံပါဝင်တာကြောင့်လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲပြောလိုက်ပါရ
Repost from N/a
I Am Sam (2001)
Disclaimer: No copyright infringement intended. I give full credit to the rightful owners.
Repost from N/a
I am SAM ( 2011 )
လူတစ်ယောက်ဟာ ဆေးရုံရဲ့ သားဖွားခန်းထဲကို အပြေးအလွှားသွားနေတယ်….မိန်းမ မီးဖွားခန်းချိန်မို့ပဲလားတော့မသိ…သူ့ပုံစံက သာမန်လူတွေနဲ့အနည်းငယ် ကွဲလွဲနေသလိုပင်…ဂနာမငြိမ်..မိန်းမရဲ့သားဖွားခန်းထဲရောက်တော့လည်း ပါးစပ်က တလှုပ်လှုပ်ရေရွတ်ရင်း ကိုယ်ခန္ဓာကို ပတ်ချာလှည့်နေတယ်…
ဂနာမငြိမ်လွန်းနဲ့သူ့ကို ကြက်သေ သေလိုလုပ်နိုင်လိုက်တာက ခုမှ လူ့လောကထဲရောက်လာတဲ့ သမီးလေးရဲ့ငိုသံ….သူ့ပုံစံက ငါဖခင်တစ်ယောက်ဖြစ်ပြီ ဒါငါ့သမီးလေး ငါတာဝန်ယူရမယ် ငါချစ်ရတော့မယ်ဆိုတဲ့အကြည့်မျိုးနဲ့ သမီးလေးကိုကြည့်နေတယ်…တကယ်တော့ ဆမ်က သာမန်လူတွေထက်ဉာဏ်ရည်နည်းသလို ပေါင်းသင်းဆက်ဆံရေးမှာလည်း အခက်အခဲရှိသူပါ..အယဉ်ကျေးဆုံးပြောရရင် ဉာဏ်ရည်ချို့တဲ့သူပေါ့….ဒီလိုလူမျိုးနဲ့မှားခဲ့ပြီး ကလေးတစ်ယောက်ရခဲ့တဲ့မိခင်အဖို့ကလေးမွေးပြီးပြီးချင်းမှာပဲ ဆမ်တို့သားအဖကို ထားခဲ့တယ်…ဆမ်လို လူအတွက် သမီးလေးကိုစောင့်ရှောက်ရတာ တကယ်မလွယ်ပါဘူး…သူ့သမီးလေးလူကလဲသိပ်လိမ္မာတယ် အဖေတစ်ခုသမီးတစ်ခုပါပဲ သူတို့ဘဝက...ဒီလိုနဲ့လူစီလေး၇နှစ်လောက်ရောက်လာတော့ ကလေးနဲ့မိသားစုဆိုင်ရာဌာနက လူစီ့ကို သူ့အဖေနဲ့မထားဖို့ တရားရင်ဆိုင်ဖို့တွေဖြစ်လာတယ်…အဓိက ကတော့ ဆမ်ရဲ့ အားနည်းချက်ကြောင့်ပါပဲ….ဒီလိုနဲ့တရားရင်ဆိုင်မှုတွေဖြစ်လာတယ် သမီးလေးကိုမိသားစုတစ်ခုကလဲမွေးစားချင်နေတယ်…ဆမ့်လိုဉာဏ်ရည်မပြည့်စုံတဲ့သူတစ်ယောက် တရားရင်ဆိုင်တာနိုင်ပါ့မလား? သမီးလေးကို သူပဲစောင့်ရှောက်ခွင့်ရပါ့မလား?ဆမ်နဲ့သူ့သမီးလေးတူတူပြန်နေနိုင်ပါ့မလား? ဆိုတာတွေကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့…..ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Cynthia ဖြစ်ပါတယ်…
Repost from N/a
V-i-s-h-w-a-n-a-t-h a-n-d S-o-n-s (2026) ရုံတင်ကာကြီး
