es
Feedback
Geopolitics

Geopolitics

Ir al canal en Telegram

ပထဝီနိုင်ငံရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် အမျိုးသားရေး တည်ဆောက်ရေး

Mostrar más
541
Suscriptores
Sin datos24 horas
-27 días
-830 días
Archivo de publicaciones
photo content

မတ်စ်ကိုယ်တိုင်လည်းသမိုင်းမှာ ပိုင်ဆိုင်မှု အတက်အကျ အကြမ်းဆုံးလူသား ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က ဒေါ်လာ ၃၀၀ ဘီလီယံ ရောက်ပြီးနောက်ပိုင်း တက်စလာ ရှယ်ယာတွေ ကျဆင်းတာကြောင့် သမိုင်းမှာပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ကို "ပထမဆုံးဆုံးရှုံးဖူးသူ" အဖြစ် ဂင်းနစ်စံချိန် ဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲအပြီးနဲ့ အခု ၂၀၂၆ ဇွန်လ SpaceX IPO အပြီးမှာတော့ ဒေါ်လာ ၁ ထရီလီယံအထိ စံချိန်တင် ပြန်လည် ထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ​နိဂုံးချုပ်ရရင်... အီလွန်မတ်စ်ရဲ့ ဒေါ်လာ ၁ ထရီလီယံ ဆိုတဲ့ ကိန်းဂဏန်းကြီးက လူသားမျိုးနွယ်စုရဲ့ ဓနသမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီကြွယ်ဝမှုဟာ ကမ္ဘာမြေပြင်က ရွှေတွင်းတွေ၊ မြေကွက်တွေလို အခိုင်အမာ တည်ရှိနေတာမျိုး မဟုတ်ဘဲ၊ လူသားတွေရဲ့ အနာဂတ်အာကာသခရီးစဉ်နဲ့ AI အပေါ်ထားရှိတဲ့ "မျှော်လင့်ချက် စတော့ရှယ်ယာတန်ဖိုး" တွေပေါ်မှာ အခြေခံထားတာဖြစ်လို့ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးအလှည့်အပြောင်းကြားမှာ အချိန်မရွေးပြန်လည် လှုပ်ခတ်သွားနိုင်တဲ့သဘာဝရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ၁၄-၆-၂၀၂၆ Geopolitics Admin

" ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး တကယ်ချမ်းသာတာလား " ========================== ဒီနေ့ ဇွန်လ ၁၄ ရက်မှာ ၂၀၂၆ ခုနှစ်ရဲ့ အကြီးကျယ်ဆုံး ကမ္ဘာ့စီးပွားရေးသတင်းကတော့ အားလုံးသိကြတဲ့အတိုင်း အီလွန်မတ်စ်တစ်ယောက် သမိုင်းမှာ ပထမဆုံးသော ဒေါ်လာ ထရီလီယံနာ (Trillionaire) သူဌေးဖြစ်လာခဲ့တာပါပဲ။ ၁၂ ရက်ကဖြစ်ခဲ့တဲ့ SpaceX ကုမ္ပဏီရဲ့စံချိန်တင် အများပြည်သူထံ ရှယ်ယာပထမဆုံးရောင်းချမှု (IPO) အပြီးမှာ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁.၁ ထရီလီယံ ကျော်အထိ ရောက်ရှိသွားခဲ့တာပါ။ ​ဒါဟာ ကမ္ဘာ့နံပါတ် ၂ သူဌေးကြီးထက် ၄ ဆမက ပိုမိုချမ်းသာသွားတာဖြစ်ပြီး စင်္ကာပူ ဒါမှမဟုတ် ဆော်ဒီအာရေဗျလို နိုင်ငံကြီးတွေရဲ့ တစ်နှစ်တာ GDP ထက်တောင် ပိုများတဲ့ ပမာဏဖြစ်လို့ တစ်ကမ္ဘာလုံးက ပါးစပ်အဟောင်းသား ဖြစ်နေကြရပါတယ်။ ဒီနေရာမှာ သူ့ရဲ့ချမ်းသာမှုတွေဘယ်ကရလဲ၊ အဲ့ဒါတွေကတည်မြဲလား၊ ကမ္ဘာ့အခြားသူဌေးကြီးတွေရဲ့အခြေအနေကရောဘယ်လိုရှိလဲဆိုတာကြည့်ရအောင်။ ​၁။ အီလွန်မတ်စ်ရဲ့ပိုင်ဆိုင်မှုတွေက ဘယ်ကနေအဓိကဝင်တာလဲ။ ​အများစုကအီလွန်မတ်စ်ဆိုရင်လျှပ်စစ်ကားကုမ္ပဏီ Tesla ကနေပဲ ချမ်းသာတယ်လို့ ထင်တတ်ကြပေမဲ့ လက်ရှိ ၂၀၂၆ ခုနှစ်မှာ သူ့ကို ထရီလီယံနာဖြစ်အောင် ပင့်တင်ပေးလိုက်တဲ့ အဓိကကတော့ SpaceX ပဲ ဖြစ်ပါတယ်။ ​SpaceX နဲ့ AI ၁၂ ရက်နေ့က NASDAQ စတော့ဈေးကွက်မှာ SpaceX ရဲ့ ရှယ်ယာတွေ တစ်စုကို ၁၃၅ ဒေါ်လာနဲ့ IPO စတင်ရောင်းချခဲ့ရာမှာ ကုမ္ပဏီရဲ့ တန်ဖိုးဟာ ၁.၇၇ ထရီလီယံအထိထိုးတက်သွားခဲ့ပါတယ်။ မတ်စ်မှာ ရှိနေတဲ့ SpaceX ရဲ့ ထိန်းချုပ်ရှယ်ယာ (Controlling share) တန်ဖိုးတင် ဒေါ်လာ ၈၆၆ ဘီလီယံဝန်းကျင် ရှိနေတာပါ။ ​Tesla လျှပ်စစ်ကား မတ်စ်မှာ တက်စလာရဲ့ ရှယ်ယာနဲ့ Options တွေ စုစုပေါင်း ဒေါ်လာ ၄၅၅ ဘီလီယံဖိုးခန့် ရှိနေပါသေးတယ်။ ​အခြား private လုပ်ငန်းများ ဒါတွေအပြင် ဉာဏ်ရည်တုလုပ်ငန်း xAI၊ Neuralink နဲ့ လူမှုကွန်ရက် X (တွစ်တာဟောင်း) တို့မှာလည်း သူပိုင်ဆိုင်မှုတွေ ရှိနေပါသေးတယ်။ ​ဆိုလိုတာကသူ့ရဲ့ဝင်ငွေဟာသမားရိုးကျ လစာတွေ၊ ရွှေတုံး ငွေတုံးတွေ၊ ဘဏ်အကောင့်ထဲက ငွေသားတွေ မဟုတ်ပါဘူး။ သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ "စတော့ရှယ်ယာ တန်ဖိုး (Equity Valuation)" ကနေ အဓိက ဝင်လာတာဖြစ်ပါတယ်။ ​၂။ အဲ့ဒီငွေတွေကအငွေ့ပျံလွယ် (Volatile ဖြစ်)လား ​"အလွန်အမင်းအငွေ့ပျံလွယ်ပါတယ်"။ ဒါကို ဘဏ္ဍာရေးလောကမှာ "စက္ကူပေါ်ကဓန (Paper Wealth)" လို့ ခေါ်ကြပါတယ်။ ​သူ့ရဲ့ ကြွယ်ဝမှုဟာ စတော့ဈေးကွက် (Stock Market) ရဲ့အတက်အကျတွေပေါ်မှာ ၁၀၀ ရာခိုင်နှုန်း တည်မှီနေတာပါ။ ဥပမာ - နာစဒက်ဈေးကွက်မှာ SpaceX ဒါမှမဟုတ် Tesla ရဲ့ ရှယ်ယာဈေးနှုန်း ၁ ရာခိုင်နှုန်းလောက်ပဲ လှုပ်ခတ်သွားရင်တောင်သူ့ ပိုင်ဆိုင်မှုက စက္ကန့်ပိုင်းအတွင်း ဒေါ်လာ ၁၁ ဘီလီယံ (မြန်မာငွေ သန်းသောင်းနဲ့ချီ) ချက်ချင်း တိုးသွားနိုင်သလို၊ ချက်ချင်းလည်း လွင့်ပျောက်သွားနိုင်ပါတယ်။ ​ပိုထင်ရှားအောင် ပြောရရင် မတ်စ်ဟာ သူ့ရဲ့ SpaceX ရှယ်ယာတွေကို IPO လုပ်ပြီးနောက် အနည်းဆုံး ၁၂ လ (၁ နှစ်) ကြာသည်အထိ ပြန်ရောင်းချခွင့်မရှိဘဲ ပိတ်ထားရမှာ (Lock-up period)ပါ။ ဒါကြောင့် လက်ရှိ သူ့ရဲ့ ၁ ထရီလီယံဆိုတာငွေသားထုတ်သုံးရတဲ့အနေအထားမဟုတ်ဘဲ ရှယ်ယာတန်ဖိုး တက်နေလို့ သတ်မှတ်ထားတဲ့ ပမာဏသာ ဖြစ်ပါတယ်။ စတော့ဈေးကွက် ပျက်ကွက်တာမျိုးကြုံရရင် သူ့ရဲ့ဓနတွေဟာ ရက်ပိုင်းအတွင်း ဘီလီယံရာနဲ့ချီပြီး အငွေ့ပျံသွားနိုင်တဲ့ သဘာဝရှိပါတယ်။ ​၃။ သမိုင်းတစ်လျှောက်အတက်အကျ ကြုံခဲ့ရတဲ့သူဌေးကြီးများဥပမာ ​သမိုင်းကိုပြန်ကြည့်ရင်လည်း အခုလို နည်းပညာ (သို့) စက်မှုတော်လှန်ရေး အပြောင်းအလဲတွေကြားမှာ ပိုင်ဆိုင်မှုတွေ အဆမတန်တက်လာပြီးမှ ပြန်ကျသွားတဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ​ဂျွန် ဒီ ရော့ကဖဲလား (John D. Rockefeller) ၁၉ ရာစုနှောင်းပိုင်း Standard Oil ရေနံကုမ္ပဏီကြီးကို တည်ထောင်ပြီး အမေရိကန်ရဲ့ ပထမဆုံး ဘီလီယံနာ ဖြစ်လာခဲ့သူပါ။ အဲ့ခေတ်က ငွေကြေးတန်ဖိုးနဲ့ နှိုင်းယှဉ်ရင် သူဟာ အမေရိကန် စီးပွားရေးတစ်ခုလုံးရဲ့ ၁.၅% ကျော်ကို အပိုင်စီးနိုင်ခဲ့ပြီး ဒီနေ့ခေတ်ကာလ တန်ဖိုးနဲ့ တွက်ရင် ဒေါ်လာ ၄၀၀ ဘီလီယံကျော်အထိ ချမ်းသာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရကသူ့ရဲ့ရေနံလက်ဝါးကြီးအုပ်မှုကို မတရားဘူးဆိုပြီး ခွဲထုတ်လိုက်တဲ့အခါ သူ့ရဲ့အင်ပါယာဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ရဖူးပါတယ်။ ​ဂျက်ဖ် ဘီဇော့စ် (Jeff Bezos) နဲ့ မာ့ခ် ဇူကာဘတ် (Mark Zuckerberg) ခေတ်သစ်ဥပမာကြည့်ရင် Amazon တည်ထောင်သူ ဘီဇော့စ်နဲ့ Meta တည်ထောင်သူ ဇူကာဘတ်တို့ဟာ ၂၀၂၁-၂၀၂၂ စတော့ဈေးကွက် အလှည့်အပြောင်းမှာ တစ်နှစ်အတွင်း ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်စီအထိ ပိုင်ဆိုင်မှုတွေ ဝုန်းခနဲ လျော့ကျသွားတဲ့ ဒဏ်ကို ခံခဲ့ကြရဖူးပါတယ်။ ဇူကာဘတ်ဆိုရင် Metaverse ကို အသည်းအသန် ပြောင်းလဲချိန်တုန်းက ရှယ်ယာဈေး ထိုးကျလို့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကနေ ခဏလွင့်ထွက်သွားခဲ့ဖူးပြီးမှ ၂၀၂၆ မှာ ပြန်တက်လာနိုင်ခဲ့တာပါ။ ​အီလွန်မတ်စ်ကိုယ်တိုင်

photo content

"ထိုင်ဝမ်ကတရုတ်ကို နားရွက်တံတွေးစွတ်" ​ထောက်လှမ်းရေးသတင်းများပေးပို့ရန် တရုတ်နိုင်ငံသားများအတွက်ထိုင်ဝမ်က ဝက်ဘ်ဆိုက်တစ်ခုစတင်လွှင့်တင် (Reuters - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်) ​ထိုင်ပေ၊ ဇွန် ၁၄ (Reuters) - ထိုင်ဝမ်အစိုးရသည် တရုတ်နိုင်ငံသားများအား ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ ပေးပို့ရန် တိုက်တွန်းသည့် ဝက်ဘ်ဆိုက်တစ်ခုကို တနင်္ဂနွေနေ့တွင် စတင်လွှင့်တင်လိုက်ပြီး၊ လက်ရှိ တရုတ်နိုင်ငံ၏ စနစ်အပေါ် စိတ်ပျက်ငြီးငွေ့နေကာ အပြောင်းအလဲကို လိုလားနေကြသည့် တိုးပွားလာနေသော လူအများအပြားအတွက် လုံခြုံစိတ်ချရသော လမ်းကြောင်းတစ်ခုကို ပံ့ပိုးပေးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ​ထိုင်ဝမ်ကို မိမိတို့၏ နယ်နိမိတ်တစ်ခုအဖြစ် ရှုမြင်ထားသည့် တရုတ်နိုင်ငံနှင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းတို့သည် ကာလရှည်ကြာစွာ အပြန်အလှန် သူလျှိုလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပြီး၊ အထူးသဖြင့် ထိုင်ဝမ်ဘက်က တရုတ်နိုင်ငံ၏ သူလျှိုလုပ်ဆောင်မှု ဖြစ်စဉ်များ ပိုမိုတိုးပွားလာနေကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။ ​ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို (National Security Bureau - NSB) က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ - မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကြီးမားသော အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံရေးအရ ထိန်းချုပ်မှုမှာမူ "တင်းကျပ်" လျက်ပင် ရှိနေသည်ဟု ဆိုသည်။ ​"လူမှုရေးနှင့် လူနေမှုဘဝဆိုင်ရာ ပြဿနာများ ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ ထိုအခြေအနေများသည် ပြည်သူလူထု၏ မကျေနပ်မှုများကို ပိုမိုမီးမွှေးပေးခဲ့သည်" ဟု တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်ပြန်ထားသော ကြေညာချက်တွင် ဖော်ပြထားသည်။ "ရလဒ်အနေဖြင့် အမျိုးမျိုးသော သတင်းအချက်အလက်များကို ပေးပို့လိုကြသဖြင့် ထိုင်ဝမ်ရှိ သက်ဆိုင်ရာ အေဂျင်စီများထံသို့ ချဉ်းကပ်လာကြသူ အရေအတွက် ပိုမိုများပြားလာခဲ့သည်" ဟု ဆိုသည်။ ​တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံး (Taiwan Affairs Office) ကမူ ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။ ​အဆိုပါ ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်သည်နှင့် တစ်မိနစ်စာ အရောင်းမြှင့်တင်ရေး ဗီဒီယိုဖိုင်တစ်ခုကို စတင်တွေ့မြင်ရမည်ဖြစ်ပြီး၊ ၎င်းဗီဒီယိုသည် AI နည်းပညာဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဗျူရိုက ပြောကြားသည်။ ဗီဒီယိုထဲတွင် တရုတ်အစိုးရဝန်ထမ်းတစ်ဦးက မိမိ၏ လုပ်ဖော်ကိုင်ဖက်များ စုံစမ်းစစ်ဆေးခံရပြီး ရာထူးမှ ဖယ်ရှားခံရသည်ကို မြင်တွေ့နေရသည့် ပုံစံကို ပြသထားသည်။ ​"အာ... နောက်ထပ် လူတစ်ယောက်တော့ အဖမ်းခံရပြီး ခေါ်ဆောင်သွားပြန်ပြီ" ဟု အမည်မဖော်ပြထားသော ထိုအစိုးရဝန်ထမ်းက တရုတ်မြောက်ပိုင်း လေယူလေသိမ်းဖြင့် ပြောကြားနေပြီး၊ တရုတ်ပြည်မကြီးတွင် အသုံးပြုသည့် စာလုံးအလွယ် (Simplified Characters) စာတန်းထိုးများဖြင့် ပြသထားသည်။ ​"ရဲဘော်ဟောင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားနေကြတယ်" ဟု နောက်ခံစကားပြောသူက ဆိုသည်။ ​ဗီဒီယို၏ အဆုံးတွင် အဆိုပါ အရာရှိသည် မိုဘိုင်းဖုန်းအသစ်တစ်လုံးကို ဝယ်ယူကာ ၎င်းအပေါ် စာရိုက်နေရင်း "အခုအချိန်ဟာ ပြောင်းလဲဖို့ အချိန်တန်ပြီ" ဟု ပြောကြားခဲ့သည်။ ​အဆိုပါ ဝက်ဘ်ဆိုက်အား တရုတ်ပြည်မကြီးအတွင်း ကြည့်ရှု၍မရအောင် ပိတ်ဆို့ထားသော်လည်း တရုတ်နိုင်ငံသားအများစုသည် အနောက်အုပ်စု လူမှုကွန်ရက်များနှင့် ရှာဖွေရေးအင်ဂျင်များကဲ့သို့ ပိတ်ဆို့ထားသော ဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုရန် VPN များအား အသုံးပြုကြသည်။ ​အမျိုးသားလုံခြုံရေးဗျူရိုက ပြည်တွင်းပြည်ပရှိ တရုတ်နိုင်ငံသားများအနေဖြင့် "သတင်းအချက်အလက်များကို တက်ကြွစွာ ပံ့ပိုးပေးကြရန်နှင့် သတ္တိရှိရှိဖြင့် ပြောင်းလဲမှုများ ပြုလုပ်ကြရန်" တိုက်တွန်းနှိုးဆော်ထားသည်။ ​ဤနည်းဗျူဟာသစ်သည် အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးတို့ကဲ့သို့သော နိုင်ငံများရှိ အေဂျင်စီများ၏ လုပ်ဆောင်ချက်များကို နမူနာယူ ပုံတူကူးထားခြင်းဖြစ်ကြောင်းလည်း ဆိုသည်။ ​ဤလမ်းကြောင်းသည် တရုတ်နိုင်ငံသားများအနေဖြင့် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ရန် ဖြစ်ပြီး "ဗျူရို၏ မတူကွဲပြားသော ထောက်လှမ်းရေး သတင်းမြစ်များကို တိုးချဲ့ရန်" အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။ ​တရုတ်နိုင်ငံသည်လည်း အလားတူ နည်းဗျူဟာမျိုးကို ယခင်က ကြိုးပမ်းခဲ့ဖူးသည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံက ထိုင်ဝမ် "ခွဲထွက်ရေးသမားများ" ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ပြည်သူများက သတင်းပေးတိုင်ကြားနိုင်မည့် အီးမေးလ်လိပ်စာတစ်ခုကို ကြေညာခဲ့ဖူးသည်။ ​ထိုင်ဝမ်အစိုးရကမူ ပေကျင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း ပြောဆိုချက်များကို ငြင်းပယ်ထားပြီး၊ ကျွန်း၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများကသာ ဆုံးဖြတ်နိုင်သည်ဟု တုံ့ပြန်ပြောကြားထားသည်။ ၁၄-၆-၂၀၂၆ Geopolitics Admin

photo content

အိန္ဒိယအတွက် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Project) နဲ့ စစ်တွေဆိပ်ကမ်းဟာ တရုတ်ကိုတန်ပြန်ဖို့ရော၊ သူတို့ရဲ့ အရှေ့မြောက်ဘက်ပြည်နယ်တွေကို ပင်လယ်ထွက်ပေါက်ပေးဖို့ပါ မရှိမဖြစ် အရေးကြီးပါတယ်။ ဒါကြောင့် ရခိုင် reset အနေနဲ့ မြေပြင်က AA နဲ့အောက်ခြေအဆင့်ဆက်သွယ်ဆွေးနွေးမှုပြုလုပ်လာပါတယ်။ (စ) ​ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ၁ သန်းကျော်ကိုနေရပ်ပြန်ပို့ရေးက ပဓာနရည်မှန်းချက်ပါ။ အစိုးရနဲ့အဆက်အသွယ်ရှိနေသလို နယ်စပ်လုံခြုံရေးနဲ့ ဒုက္ခသည်အရေးအတွက် မြေပြင်ထိန်းချုပ်ထားတဲ့ AA နဲ့ ပိုပြီးနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လာရပါတယ်။ (ဆ) ​အမေရိကန် (US-Bangladesh Reset) တရုတ်နဲ့အဆင်သင့်တဲ့ ရှိတ်ဟာဆီနာ အစိုးရပြုတ်ကျပြီးနောက် အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးဟာ သိသိသာသာ ပြောင်းလဲသွားပါတယ်။ အမေရိကန်ဟာ ဘင်္ဂလားပင်လယ်အော်မှာဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ဖို့ "Quad Ports for Future" အစီအစဉ်အောက်ကနေ ဘင်္ဂလားဒေ့ရှ်မှာ ဆိပ်ကမ်းစီမံကိန်း ဝင်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေသလို၊ ၂၀၂၆ ဖေဖော်ဝါရီလမှာလည်း အပြန်အလှန်ကုန်သွယ်ရေး သဘောတူညီချက် (ART) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆန်းသစ်ဆုံး ခြေလှမ်းအနေနဲ့ ဘင်္ဂလားဒေ့ရှ့်ဟာ အမေရိကန် စစ်သင်္ဘောတွေကို သူတို့ရဲ့ ဆိပ်ကမ်းတွေထဲ ဝင်ရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ထပ်တိုးရှုထောင့်အရလည်း ရခိုင်ကမ်းရိုးတန်း နတ်မြစ်ဝနဲ့ အရမ်းနီးတဲ့ ဘင်္ဂလားဒေ့ရှ်ပိုင် ဆန်မာတင် St. Martin သန္တာကျွန်းပေါ်မှာ အမေရိကန်စစ်အခြေစိုက်စခန်း တည်ဆောက်ဖို့ ခြေလှမ်းပြင်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။ ဒါဟာရခိုင်ပြည်နယ်ကတရုတ်ရေနက်ဆိပ်ကမ်းနဲ့ ရေနံလိုင်းတွေကိုပိတ်ဆို့တဲ့ barricade ချလိုက်တာပါပဲ။ အရမ်းအန္တရာယ်ကြီးပါတယ်။ ရခိုင်ဒေသအနာဂတ်အလားအခါ အထက်ပါအခြေအနေတွေကိုကြည့်ရင် ​ရခိုင်ဒေသဟာပြည်တွင်းလက်နက်ကိုင်အရေးတစ်ခုတည်းမဟုတ်တော့ဘဲနဲ့ ဇာတ်ကောင် ၇ ဦးရဲ့ အပြန်အလှန်လှုပ်ရှားမှုတွေကြောင့် အလွန်ရှုပ်ထွေးနေတာတွေ့ရပါတယ်။ အချက်အလက်တွေကိုချိန်ထိုးကြည့်ရင် ရခိုင်ဒေသရဲ့အနာဂတ်ဟာ အောက်ပါအတိုင်း ဖြစ်နိုင်ခြေသုံးရပ်ရှိနေပါတယ်။ ​(က) AA ရဲ့ De Facto ရခိုင်ပြည်နယ်ကိုအစိုးရကအလုံးစုံပြန်သိမ်းနိုင်ဖို့အရင်းအမြစ်အများကြီးလိုပါတယ်။ အခြားရှုထောင့်အရလည်း မြန်မာအစိုးရရော တရုတ်နဲ့အိန္ဒိယရဲ့လိုလားချက်ကပါ ဒေသတွင်းစစ်ရေးပြင်းထန်မှုထက်အပစ်ရပ်ရေး၊ စီမံကိန်းတွေအပြည့်အဝလည်ပတ်ရေးဦးစားပေးပါ။ ဘင်္ဂလားဒေ့ရှ်ကလည်းမြေပြင်ဆင်ဆံရေးထူထောင်မဲ့အလားအလာရှိပါတယ်။ ဒီလိုဆိုရင် AA ဟာအနိမ့်ဆုံးအဆင့် 'ဝ' လိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိတည်ဆောက်သွားပါလိမ့်မယ်။ AA ခေါင်းဆောင်ဟာ The diplomat သတင်းနဲ့အမေးအဖြေမှာ ၁၇၈၄ ခုနှစ် ကို အတိအကျရည်ညွှန်းသွားတာကလဲ AA မှာပိုကြီးတဲ့ရည်မှန်းချက်ရှိနေသလားတွေးရမှာပါ။ ဘိုးတော်ဘုရား လက်ထက်မှာ ရခိုင်ဘုရင်နိုင်ငံအသိမ်းခံခဲ့ရတဲ့ခုနှစ်ဖြစ်ပါတယ်။ ၁၇၈၄ ကို ပြန်အစ ဖော်လိုက်တာဟာ သာမန်ဖက်ဒရယ်ပြည်ထောင်စုအဆင့်ထက်ကျော်လွန်ပြီး ခွဲထွက်ရေးဘက်ကို သိသိသာသာ ခြေလှမ်းပြင်နေတယ်ဆိုတာ နိုင်ငံတကာကို မက်ဆေ့ခ်ျ (Message) ပေးလိုက်တာလို့ သုံးသပ်စရာပါ။ ​(ခ) ဘ င်္ဂ လီ အရေး ရခိုင်နဲ့မူဆလင်တွေကြားမှာလူမျိုးရေးပဋိပက္ခတွေချက်ချင်းအေးငြိမ်းသွားဖို့ ခက်ခဲဦးမှာပါ။ ဒုက္ခသည် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တိုက်ရိုက်သဘောတူညီချက်တွေအကောင်အထည်ဖော်လာနိုင်ပြီး၊ AA ဘက်ကလည်း နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ မူဆလင်တွေကို လူ့အခွင့်အရေးအရ အကာအကွယ်ပေးတဲ့ မူဝါဒကို ခင်းကျင်းပြသလာနိုင်ပါတယ်။ ​(ဂ) အမေရိကန်-တရုတ်အားပြိုင်မှုရဲ့ ဗဟိုချက် (Flashpoint) ​အမေရိကန်ကဘင်္ဂလားပင်လယ်အော်ကိုစိုးမိုးဖို့ကြိုးစားလာတာဟာ တရုတ်ကို အကြီးအကျယ်ခြိမ်းခြောက်ရာ ရောက်ပါတယ်။ ရခိုင်ဒေသဟာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်မဟာမိတ်ကွန်ရက်နဲ့ တရုတ်ရဲ့ပိုးလမ်းမ (BRI) တို့ တိုက်ရိုက်ထိပ်တိုက်တွေ့တဲ့ ပဋိပက္ခဆုံချက်ကြီးအဖြစ် ပိုမိုပုံပေါ်လာနိုင်တာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ၁၁-၆-၂၀၂၆ Geopolitics Admin

ရခိုင်ကစားကွင်းကြီးထဲက ဇာတ်ကောင်များ ++++++++++++++++++++ ​ရခိုင်ပြည်နယ်အရေးကိုသုံးသပ်တဲ့အခါ အရင်ကလို ပြည်တွင်းစစ်မျက်နှာတစ်ခုတည်းကြည့်လို့မရတော့ပါဘူး။ ရခိုင်ပြည်နယ်ဟာ လက်ရှိ ၂၀၂၆ ခုနှစ်မှာ ဒေသတွင်း ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေး အားပြိုင်မှုအပြင်းထန်ဆုံးစုဆုံရာနေရာကြီးတစ်ခုဖြစ်လာပါတယ်။ ရခိုင်မှာနေရာယူနေတဲ့ဇာတ်ကောင်တွေဟာများပြားရှုပ်ထွေးလှပါတယ်။ ကျွန်တော်တို့ဇာတ်ကောင်တစ်ယောက်ချင်းစီနဲ့သူတို့ရဲ့အကျိုးစီးပွားတွေကိုစိတ်ပိုင်းသုံးသပ်ကြည့်ဖို့လိုပါတယ်။ (က) ​မြန်မာအစိုးရ ပြီးခဲ့တဲ့ ၂၀၂၆ မေ ၃၀ ရက်မှ ဇွန် ၃ ရက် အထိ ၅ ရက်ကြာသွားခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဟာ လက်ရှိပထဝီနိုင်ငံရေးရေစီးကြောင်းသစ်ကို အထင်အရှား ပြသနေပါတယ်။ ​ဒီခရီးစဉ်ဟာမြန်မာအစိုးရအတွက် ကာလကြာ နိုင်ငံတကာအထီးကျန်ဖြစ်မှုကနေ မဟာဗျူဟာမြောက် ပြန်လည်ထွက်ခွာလာတဲ့ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သလို၊ အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ဒေသတွင်းစီမံကိန်းကြီးတွေကို အရှိန်မြှင့်ဖို့ သဘောတူညီချက်တွေ ရယူနိုင်ခဲ့တဲ့အတွက် သံတမန်ရေးအရ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုရမှာပါ။ မြန်မာအစိုးရက တရုတ်နဲ့အိန္ဒိယတို့ရဲ့နိုင်ငံရေးအရအပြည့်အဝထောက်ခံမှုကိုရယူပြီး ရခိုင်အရေးမှာ သံခင်းတမန်ခင်းဗျူဟာကစားကွက်ကိုအသုံးချနေမဲ့သဘောတွေ့ရပါတယ်။ (ခ) ​AA လက်ရှိမှာရခိုင်ပြည်နယ်ရဲ့ဒေသအများစုကိုထိန်းချုပ်ထားနိုင်တဲ့ အဓိကအဖွဲ့အဖြစ်ရှိနေပါတယ်။ AA ဟာ ဒေသတွင်း တရုတ်နဲ့အိန္ဒိယရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးမယ်လို့ ကတိပြုထားပြီးတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့ကြိုးစားနေတဲ့အကျိုးစီးပွားရှိပါတယ်။ AA ကတော့ သူတို့ထိန်းချုပ်နယ်မြေ ဖွံ့ဖြိုးတိုးတက်ဖို့၊ အခွန်အခရရှိဖို့နဲ့ တရားဝင်ဖို့အတွက် တရုတ်ရော၊ အိန္ဒိယရောလုပ်မဲ့စီမံကိန်းတွေကိုပူးပေါင်းဆောင်ရွက်မယ်လို့ပြောထားပါတယ်။ ဥပဒေကြောင်းအရ ရှုပ်ထွေးနိုင်ပေမဲ့ ၂၀၂၇ မှာတော့ တစိတ်တပိုင်း စတင်လည်ပတ်လာနိုင်ခြေ ရှိပါတယ်။ (ဂ) ​ARSA နဲ့မူဆလင်လက်နက်ကိုင်များ ဒေသတွင်းမတည်ငြိမ်မှုတွေကိုပိုမိုဆိုးအောင်ဖန်တီးပြီး AA ရဲ့ နယ်မြေစိုးမိုးမှုကို စိန်ခေါ်ဖို့နဲ့ မူဆလင်လူထုကြားထဲမှာ အစွန်းရောက်ဝါဒ ဖြန့်ချိဖို့ကြိုးစားနေပါတယ်။ ဘူးသီးတောင်၊ မောင်တောကို ဘ င်္ဂ လီ တွေ နေရပ်ပြန်ရေးဖြစ်မြောက်လာရင် နောင်တစ်ချိန်မှာ ARSA ရဲ့အခြေခံနယ်မြေဖြစ်လာပြီး မြန်မာနိုင်ငံနဲ့ရခိုင်ပြည်နယ်အချုပ်အာဏာနဲ့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအန္တရယ်ဖြစ်လာနိုင်ပါတယ်။ (ဃ) ​တရုတ် ရခိုင်ပြည်နယ်ဟာတရုတ်အတွက် မလက္ကာရေလက်ကြား ရှောင်ကွင်းလမ်းတရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရဲ့အသက်သွေးကြောဖြစ်ပါတယ်။ အစိုးရနဲ့တရားဝင်ထိတွေ့ဆက်ဆံမှုလုပ်နေသလို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ပိုက်လိုင်းတွေကို မထိခိုက်စေဖို့အတွက် မြေပြင်စိုးမိုးထားတဲ့ AA နဲ့ပါ ဆက်ဆံရေးတည်ဆောက်နေပုံရပါတယ်။ (င) ​အိန္ဒိယ မြန်မာ​ခရီးစဉ်အတွင်းအိန္ဒိယဟာ သူတို့ရဲ့ "Neighborhood First" နဲ့ "Act East" မူဝါဒတွေအရ စီမံကိန်းကြီးနှစ်ခုကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပါတယ်။ ​ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း Kaladan Project။ ဒီစီမံကိန်းကို လာမယ့် ၂၀၂၇ ခုနှစ်မှာ အပြည့်အဝ စတင်လည်ပတ်နိုင်ဖို့ရည်မှန်းထားပါတယ်။ မြေပြင်မှာ စစ်တွေဆိပ်ကမ်းကိုအစိုးရကထိန်းချုပ်ထားပေမဲ့ ကျန်ကုလားတန်မြစ်ကြောင်းတစ်လျှောက်၊ ပလက်ဝနဲ့ ကျောက်တော်အပါအဝင် ကုန်းလမ်းပိုင်း အများစုကို AA ထိန်းချုပ်ထားတာပါ။ အနေအထားအရ စီမံကိန်းလည်ပတ်အောင်မြင်ဖို့ဆိုရင် အိန္ဒိယဟာ မြန်မာအစိုးရနဲ့ သဘောတူညီချက်ရယူထားရုံနဲ့မရဘဲ မြေပြင်က AA သဘောထားအပေါ် အများကြီးမှီခိုနေရပါတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်းလမ်းစီမံကိန်း Trilateral Highway။ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်အထိ ကီလိုမီတာ ၁,၄၀၀ ရှည်လျားမယ့် ဒီအဝေးပြေးလမ်းမကြီးဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပေါင်းများစွာ ကြန့်ကြာနေခဲ့တာပါ။ ပြီးခဲ့တဲ့ သမ္မတခရီးစဉ်မှာတော့ ဒီလမ်းမကြီးကို အမြန်လမ်းကြောင်း (Fast-Track) အဖြစ် အမြန်ဆုံးအပြီးသတ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ အဓိကသဘောတူခဲ့ကြပါတယ်။ စီမံကိန်းရဲ့ အဓိကအပိုင်းတွေဖြစ်တဲ့ ကလေးဝ-ယာကြီး လမ်းပိုင်းနဲ့ တံတားတွေ အဆင့်မြှင့်တင်ဖို့ အိန္ဒိယဘက်က နည်းပညာနဲ့ငွေကြေးအပြည့်စိုက်ထုတ်နေပါတယ်။ လမ်းကြောင်းဖြတ်သန်းရာ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ် (မြဝတီ-မဲဆောက်နယ်စပ်) တွေမှာ စစ်ရေးမတည်ငြိမ်မှုတွေရှိနေဆဲဖြစ်လို့ စာရွက်ပေါ်မှာ အရှိန်မြှင့်ဖို့သဘောတူထားပေမဲ့ လက်တွေ့မြေပြင်မှာ လမ်းကြောင်းတလျှောက် လုံခြုံရေးအပြည့်အဝမရမချင်း စတင်လည်ပတ်ဖို့ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။

photo content

တရုတ်ကာကွယ်ရမဲ့ စစ်မျက်နှာကြီးသုံးခု ================= တရုတ်ရဲ့အင်အားကိုထိန်းဖို့အတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုဟာလက်တွေ့ဆန်တဲ့ချဥ်းကပ်မှုဆီရွေ့ပြောင်းလာတယ်။ သူတို့ရဲ့ ၂၀၂၂ ခုနှစ်အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာ ၂၁ ရာစုရဲ့ တတိယဆယ်စုနှစ်(၂၀၂၀-၂၀၃၀)ဟာ နိုင်ငံတကာစနစ်ရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးမယ့်ဆယ်စုနှစ်လို့ သတ်မှတ်ထားတယ်။ လက်တွေ့ရလဒ်ထွက်ဖို့လဲကဏ္ဍစုံမှာ မဟာမိတ်စုံတွေနဲ့ပူးပေါင်းလာတယ်။ ဒီလိုလက်တွေ့ကျကျချဥ်းကပ်မှုကြောင့် ကမ္ဘာ့နိုင်ငံရေးအသိုင်းအဝန်းမှာ ပထဝီစီးပွားရေး Geoeconomics ဆိုတဲ့အယူအဆက ပထဝီနိုင်ငံရေး Geopolitics ထက်တောင်ပိုရှေ့တန်းရောက်လာတာတွေ့ရပါတယ်။ တရုတ်ကိုဒေါ်နယ်ထရမ့်လာခဲ့တာဟာ အဓိပ္ပါယ်နှစ်ခွနဲ့ပါ။ ပထမရှုထောင့်မှာ ကြိုးဝိုင်းထဲမှာထိုးသတ်မဲ့ ကြီးနှစ်ကြီး ဝိတ်တန်းတူကြောင်းတန်းလာညှိတာဖြစ်ပြီး အခြားရှုထောင့်မှာတော့ ကမ္ဘာ့ setting ကိုအတူညှိကြဖို့ဖြစ်ပါတယ်။ ဘယ်ရှုထောင့်ကလက်တွေ့ကျလဲဆိုတာအချက်အလက်ကိုကြည့်ရမှာပါ။ လက်တွေ့မှာ ကဏ္ဍမတူတဲ့ စစ်မျက်နှာသုံးခုကနေ Conflict of Alliances ဖန်တီးပြီး ရင်ဆိုင်ဖို့လုပ်လာတာက တရုတ်ကိုဝိုင်းရံပိတ်ဆို့ဖို့ပိုရည်ရွယ်တာဖြစ်ကြောင်းအဓိပ္ပါယ်ကောက်ယူလို့ရနေပါတယ်။ အဲ့ဒီစစ်မျက်နှာသုံးခုကအောက်ပါအတိုင်းပါ။ (က) I2U2 ​အိန္ဒိယ (India)၊ အစ္စရေး (Israel)၊ အမေရိကန် (US) နဲ့ ယူအေီး (UAE) တို့ ပူးပေါင်းထားတဲ့ အသေးစားနိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု Minilateralism ပုံစံ ဗျူဟာမြောက်မိတ်ဖက်ပါ။ ​မဟာဗျူဟာမြောက်ရည်ရွယ်ချက်က အနောက်အာရှ (အရှေ့အလယ်ပိုင်း) မှာ တရုတ်ရဲ့သံတမန်ရေးနဲ့ စီးပွားရေးလွှမ်းမိုးမှုကြီးထွားလာတာကို တန်ပြန်ဖို့ပါပဲ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကနဦးမှာ စီးပွားရေးသက်သက်ပေမဲ့ နောက်ပိုင်းမှာ ရေ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ အာကာသ၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာလုံခြုံရေး စတဲ့ကဏ္ဍစုံထိချဲ့ထွင်လာပါတယ်။ UAE က အိန္ဒိယရဲ့အဆင့်မြင့်စားနပ်ရိက္ခာဥယျာဉ်တွေအတွက် ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့နဲ့ ဂူဂျရတ်မှာ စွမ်းအင်စီမံကိန်းတွေလုပ်ဖို့ သဘောတူခဲ့ပါတယ်။ အမေရိကန်အနေနဲ့ ယူအေီးနဲ့ အစ္စရေးကို တရုတ်နဲ့ဝေးကွာစေချင်သလို၊ တရုတ်ရဲ့ BRI စီမံကိန်းအပေါ် ဒေသတွင်းနိုင်ငံတွေ မှီခိုနေရမှုကို လျှော့ချဖို့ ဒီအဖွဲ့ကို အသုံးချနေတာဖြစ်ပါတယ်။ (ခ) The Quad အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ လေးနိုင်ငံပေါင်းပြီး တရုတ်ရဲ့ပစိဖိတ်ဒေသနယ်မြေချဲ့ထွင်မှုကိုဟန့်တားဖို့ ၂၀၀၇ ကတည်းကဖွဲ့ခဲ့တာပါ။ ကြားထဲမှာဒေါ်နယ်ထရမ့်ရဲ့တရုတ်နဲ့ဒဲ့တိုက်ရေးလမ်းစဥ်တွေ (eg. trade war) ကြောင့်လှုပ်ရှားမှုတွေသိပ်မများတော့ပေမဲ့ ဒီနောက်ပိုင်းပြန်လည်အသက်ဝင်လာပါတယ်။ Quad ဟာ စစ်ရေးမဟာမိတ်မဟုတ်ဘူးလို့ဆိုထားပေမဲ့ တရုတ်ရဲ့တောင်တရုတ်ပင်လယ်နဲ့ပစိဖိတ်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ ပင်လယ်ရေကြောင်းလုံခြုံရေးကိုလဲ အဓိကထားပါတယ်။ (ဂ) AUKUS ​သြစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်ပေါင်းအဖွဲ့ကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပေါ်ပေါက်လာပြီး ပြင်းထန်တဲ့ "စစ်ရေးပူးပေါင်းမှု" ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ရဲ့ "နေတိုး" အဖွဲ့လို့တောင်တင်စားကြပါတယ်။ ဒီအဖွဲ့ဟာ အင်္ဂလိပ်စကားပြောဘိုးဘေးတွေတူညီတဲ့သွေးအနီးဆုံးအုပ်စုပါ။ ထင်ရှားအရေးပါတဲ့လှုပ်ရှားမှုတွေအနေနဲ့ အမေရိကန်က ၁၉၅၀ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာတွေ လွှဲပြောင်းပေးဖို့ လုပ်ဆောင်ခဲ့တာပါ။ ဒါတင်မကပါဘူး။ ဆိုင်ဘာ၊ AI နဲ့ ဟိုက်ပါဆိုးနစ် လက်နက်ဆန်းတွေမှာပါ ပူးပေါင်းဖို့ရည်ရွယ်ထားပါတယ်။ ဒီလိုမျက်နှာစာကြီးသုံးခုအပြင်အခြားအရေးပါတဲ့မျက်နှာစာလေးတွေမှာလဲအသေးစိတ်ထိတွေ့ပူးပေါင်းထားတာရှိပါသေးတယ်။ (က) မလက္ကာ အမေရိကန်ဟာ ၂၀၂၆ ဧပြီလမှာ အင်ဒိုနီးရှားနဲ့ကြီးမားတဲ့ကာကွယ်ရေးသဘောတူညီချက်ကိုဦးစားပေးချုပ်ဆိုခဲ့ပါတယ်။ တရုတ်ရဲ့ နေ့စဉ်ရေနံတင်သွင်းမှု ၇၀% နဲ့ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု ၂၄% စီးဆင်းနေတဲ့ ၂.၈ ကီလိုမီတာပဲကျယ်တဲ့ မလက္ကာရေလက်ကြား (Straits of Malacca) ကို ထိန်းချုပ်ဖို့က အမေရိကန်အတွက် ပိုအရေးကြီးလို့ပါ။ (ခ) အိန္ဒိယရဲ့ 'စိန်ဘယက်' အိန္ဒိယကလဲအိန္ဒိယသမုဒ္ဒရာအတွင်းမှာ တရုတ်ရဲ့သံတမန်ရေးလွှမ်းမိုးမှုကိုတန်ပြန်ဖို့ အင်ဒိုနီးရှား၊ ဂျပန်၊ အိုမန်၊ ဗီယက်နမ်တို့နဲ့ Diamond Necklace Strategy ဆိုတဲ့ စစ်ရေး၊ စီးပွားရေး မဟာမိတ်ကွန်ရက်တစ်ခုတည်ဆောက်ပြီး တရုတ်ကိုပြန်လည်ဝိုင်းရံဖို့လက်တွေ့ကျကျဆောင်ရွက်လာတာဖြစ်ပါတယ်။ ပြန်ချုပ်ရရင် ၂၀၂၀-၂၀၃၀ ကြားကာလဟာ ကမ္ဘာ့အနာဂတ်ကိုပုံဖော်မဲ့ကြိုးဝိုင်းကာလလို့သတ်မှတ်ထားပြီး ပထဝီနိုင်ငံရေးနဲ့ပထဝီစီးပွားရေးအရလက်တွေ့ကျတဲ့မိတ်ဖွဲ့မှုတွေ၊ လှုပ်ရှားမှုတွေများလာပါတယ်။ တရုတ်အနေနဲ့ စစ်မျက်နှာကြီးသုံးခု၊ စစ်မျက်နှာငယ်များစွာကိုရင်ဆိုင်ဖို့ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ၁၀-၆-၂၀၂၆ Geopolitics Admin

photo content
+6

မြို့တစ်မြို့လုံးမှာအမှိုက်နဲ့အပျက်အစီး ပမာဏဟာ ကုန်တင်ကားပေါင်း ၄ သန်းစာလောက် ရှိခဲ့ပါတယ်။ ________ ​အဆောက်အအုံစံချိန်စံညွှန်းအလွဲများနဲ့ ကပ်ဆိုးရဲ့အကျိုးဆက် ​ငလျင်အပြီးသုတေသနပြုချက်တွေအရအံ့ဩစရာတစ်ခုတွေ့ရပါတယ်။ စနစ်တကျဆောက်ထားတဲ့အဆောက်အအုံအချို့ကမပြိုကျဘဲ ခံနိုင်ရည်ရှိခဲ့တာပါ။ ဆိုလိုတာက ဟေတီက အဆောက်အအုံတွေအားလုံးကိုသာ စံချိန်စံညွှန်းမီ ဆောက်ခဲ့ရင် ဒီလောက် လူမသေနိုင်ပါဘူး။ ​လက်တွေ့မှာတော့ အဆောက်အအုံတွေဟာ အားဖြည့်သံချောင်း (Rebars) တွေမပါဘူး၊ ကွန်ကရစ်အရည်အသွေးက ညံ့ဖျင်းတယ်။ မြစ်သဲကိုမသုံးဘဲ သံချည်တွေကို သံချေးတက်စေတဲ့ ပင်လယ်သဲတွေကို သုံးပြီးစည်းကမ်းမဲ့ ဆောက်ခဲ့ကြတာပါ။ ဒါကြောင့်ပဲ သဘာဝဘေးကိုလူကဖိတ်ခေါ်သလိုဖြစ်သွားခဲ့ရပါတယ်။ ​ဒီကပ်ဆိုးရဲ့နောက်ဆက်တွဲကတော့ပိုဆိုးပါတယ်။ ၂၀၁၀ ငလျင်ဒဏ်ကကောင်းကောင်းနာလန်မထူနိုင်သေးခင် ၂၀၁၆ မှာတော့ "ဟာရီကိန်းမက်သရူး" ထပ်ဝင်တဲ့အခါ လူ ၁,၀၀၀ ကျော် ထပ်သေပါတယ်။ ငလျင်ကြောင့်စုတ်ပြတ်နေတဲ့ယာယီတဲအိမ်တွေဟာ မုန်တိုင်းဒဏ်ကိုမခံနိုင်တော့သလို၊ သစ်တောမရှိတဲ့မြေပြင်ကလည်း အစားအစာထုတ်လုပ်နိုင်စွမ်း လုံးဝပျက်စီးသွားပါတယ်။ ဒါကို ဘေးအန္တရာယ်တစ်ခုကနေ နောက်တစ်ခုကို ဆင့်ကဲကူးစက်ပြီး ပျက်စီးခြင်းတွင်းထဲ သက်ဆင်းသွားစေတဲ့ "Cascade Effect" လို့ ခေါ်ပါတယ်။ ________ ဟေတီဖြစ်စဥ်ကိုကြည့်ပြီး​အနှစ်ချုပ်သင်ခန်းစာဖော်ထုတ်ရရင် ဒါဟာသဘာဝကပေးတဲ့သာမန်ဘေးအန္တရာယ် Hazard သက်သက် မဟုတ်တော့ပါဘူး။ လူဦးရေ ထိန်းချုပ်မှုအားနည်းခြင်းနဲ့ အဂတိလိုက်စားပြီး စံချိန်စံညွှန်းမမီတဲ့ ဆောက်လုပ်ရေးစနစ်တွေကြောင့် လူသားတွေကိုယ်တိုင်ဖန်တီးလိုက်တဲ့ လူလုပ်ကပ်ဆိုးကြီး Human-Caused Catastrophe ဖြစ်ကြောင်းသင်ခန်းစာ ယူရမှာ ဖြစ်ပါတယ်။ မန္တလေးငလျင်ကိုကြည့်ရင်လဲ sky villa အဆောက်အဦးငလျင်ဒဏ်ခံဒီဇိုင်းကုတ်စံချိန်စံညွှန်း၊ မြို့နယ်/ရပ်ကွက်အလိုက်ငလျင်ရှောင် shelter area (ဘောလုံးကွင်း၊ ပန်းခြံ)၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ဝန်ချီယန္တရား၊ အစားအစာနဲ့ဆေးဝါး၊ အဆောက်အဦပျက်အောက်ကလူနာရှိမရှိပုံရိပ်ရှာဖွေရေးစက်ကိရိယာ စတဲ့အခြေအနေတွေအများကြီးတိုးတက်ဖို့လိုနေပါသေးတယ်။ အထက်ပါငလျင်ကယ်ဆယ်ရေး facilities တွေများကောင်းကောင်းမွန်မွန်ရှိခဲ့ရင် အခုသေကြေတာထက်အများကြီးလျော့နည်းနိုင်မယ်လို့သုံးသပ်စရာပါပဲ။ ပြည်သူတွေအနေနဲ့လဲ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပိုမိုတိုးတက်ဖို့လိုသလို အစိုးရအုပ်ချုပ်သူကဏ္ဍမှာလဲ နိုင်ငံသားတွေအတွက်ကြိုတင်မျှော်တွေးဖြည့်ဆည်းပေးဖို့လိုအပ်လှပါတယ်။ (ငလျင်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာသုတေသနစာတမ်းတစ်စောင်ကိုနောက်ပိုင်းကျရင်ဖော်ပြပေးပါမယ်။) ၉-၆-၂၀၂၆ Social Science Research #earthquake #disaster #catastophe #ဖိလစ်ပိုင်ငလျင် #မန္တလေးငလျင်

လူတွေကြောင့်ဖြစ်တဲ့ကပ်ဘေးဆိုးကြီးတွေ ဖိလစ်ပိုင်မှာလှုပ်သွားတဲ့ငလျင်ဘေးဟာ မနှစ်ကပဲငလျင်ဘေးကြီးကြုံလိုက်ရတဲ့ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အနာမဟောင်းသေးခင်ပြန်တူးဆွသလိုပါပဲ။ တကယ့်ကိုကိုယ်ချင်းစာမိပါတယ်။ သဘာဝဘေးနဲ့ပတ်သက်တဲ့ပညာရှင်တွေက သဘာဝဘေးကိုသဘောတရားအဆင့်သုံးဆင့်ခွဲထားတယ်။ (က) natural hazard သဘာဝဘေးအန္တရာယ် (ခ) disaster ကပ်ဘေး (ဂ) Catastrophe ကပ်ဆိုးကြီး ​(က) Natural Hazard သဘာဝဘေးအန္တရာယ် ငလျင်လှုပ်တာတွေနဲ့ မုန်တိုင်းတိုက်တာတွေဟာ သဘာဝဖြစ်စဉ်သက်သက်ပါ။ လူတွေက အဲ့ဒီမြေမှာရှိမနေသရွေ့၊ လူတေံအပေါ်အန္တရာယ်မကျရောက်သရွေ့ကပ်ဘေးအဆင့်မရောက်ပါဘူး။ (ခ) Disaster ကပ်ဘေး လူသေဆုံးမှု ၁၀ ဦးထက်ကျော်တာ၊ လူ ၁၀၀ ထက်မနည်းထိခိုက်တာ၊ အရေးပေါ်အခြေအနေကြေညာရတာ၊ နိုင်ငံတကာအကူအညီ တောင်းရတာ စတဲ့ အချက်တွေနဲ့ကိုက်ညီရင် ဒါဟာ ကပ်ဘေး Disaster အဆင့်ဖြစ်လာပါတယ်။ (ဂ) Catastrophe ကပ်ဒုက္ခဆိုးကြီး အတိုင်းအဆကြီးမားလွန်းပြီး ပြန်လည်ထူထောင်ဖို့ ငွေကြေးအမြောက်အမြားနဲ့ နှစ်ပေါင်းများစွာ (ဆယ်စုနှစ်ချီ) အချိန်ယူရတဲ့ အဆင့်ကိုတော့ ကပ်ဆိုးကြီး (Catastrophe) လို့ သတ်မှတ်ပါတယ်။ ကမ္ဘာ့လူဦးရေဟာအရှိန်အဟုန်နဲ့တိုးပွားလာပါတယ်။ ဒီလိုတိုးလာတာနဲ့အမျှ landuse policy ကောင်းကောင်း၊ urban planning ကောင်းကောင်းလိုလာပါတယ်။ မြေယာစီမံခန့်ခွဲမှုအလွဲတွေဟာ သဘာဝဘေးအန္တရာယ်တွေကိုကပ်ဒုက္ခဆိုးကြီးတွေအဖြစ် ပိုမိုဆိုးရွားပြင်းထန်အောင်လှုံ့ဆော်ပေးပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက် သဘာဝဘေးအန္တရာယ်တွေကိုလေ့လာကြည့်ရင် အရင်ကသာမန်ဘေးအန္တရာယ် Disaster လောက်ပဲဖြစ်တဲ့အခြေအနေတွေဟာ အခုခေတ်မှာတော့ပြန်လည်နာလန်ထူဖို့ နှစ်နဲ့ချီအချိန်ယူရတဲ့ "ကပ်ဒုက္ခဆိုးကြီး Catastrophe" အဆင့်တွေအထိ ဖြစ်လာတာတွေ့ရပါတယ်။ ငလျင်နဲ့ပတ်သက်လို့နမူနာပြောရရင် လူ့စွမ်းအားအရင်းအမြစ်နိမ့်ပါးတဲ့နိုင်ငံတွေဟာသဘာဝဘေးကို ကပ်ဘေး၊ ကပ်ဘေးကို ကပ်ဒုက္ခဆိုးကြီးအဆင့်ထိရောက်တဲ့အထိပိုခံရပါတယ်။ ဒီအချက်ကို ဟေတီငလျင်နမူနာယူပြီးအခုစာမှာသက်သေထူပါမယ်။ ________ ၂၀၁၀ ဟေတီငလျင် ဟေတီနိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်မှာ သဘာဝကပ်ဆိုးကြီး ဆိုက်ရောက်ဖို့ အချိန်ကိုက်ဗုံးတစ်လုံးလို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့တဲ့ နိုင်ငံတစ်ခုပါ။ ဟေတီလူဦးရေဟာအဆမတန်တိုးလာခဲ့သလို၊တောင်ကုန်းတောင်တန်းထူထပ်တဲ့ နိုင်ငံရဲ့ သစ်တော ၉၀ ရာခိုင်နှုန်းကျော်ကလည်းပြုန်းတီးသွားခဲ့ပါပြီ။ ဒါကြောင့်ပဲ ဟေတီဟာ မုန်တိုင်းဒဏ်၊ ရေကြီးမြေပြိုဒဏ်တွေကို အလူးအလဲ ခံနေရတဲ့အပြင်၊ ၁၇၅၀ ပြည့်နှစ်ကစလို့ ပြင်းထန်တဲ့ ငလျင်ကြီး (၃) ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ဖူးတဲ့ ဘေးဒုက္ခဇုန်ထဲ ရောက်နေတာဖြစ်ပါတယ်။ ________ ပြင်းအား​ပမာဏတူငလျင်.... ဒါပေမဲ့ကွဲပြားခြားနားသွားတဲ့အသက်ပေါင်းများစွာ...... ​၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၂ ရက်မှာ ဟေတီနိုင်ငံကို ပြင်းအား မဂ္ဂနီကျု ၇.၀ ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ ရလဒ်ကတော့တုန်လှုပ်ခြောက်ခြားစရာပါပဲ။ ဟေတီပြည်သူ ၂ သိန်းကျော် အသက်ဆုံးရှုံးခဲ့ပြီး ၃ သိန်းကျော် ဒဏ်ရာရခဲ့ပါတယ်။ ​ဒီနေရာမှာ မဟာဗျူဟာမြောက် နှိုင်းယှဉ်ချက်တစ်ခုကြည့်ဖို့လိုပါပြီ။ ၁၉၈၉ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ လှုပ်ခတ်ခဲ့တဲ့ လိုမာပရီတာ (Loma Prieta) ငလျင်ဟာ ပြင်းအား ၇.၁ ရှိပြီး ဟေတီငလျင်ထက်တောင် အနည်းငယ် ပိုပြင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက သေဆုံးသူက ၆၃ ဦးပဲ ရှိခဲ့ပြီး ဒဏ်ရာရသူက ၄,၀၀၀ ဝန်းကျင်ပဲ ရှိခဲ့တာပါ။ ​"ပြင်းအားတူညီတဲ့ ငလျင်နှစ်ခုက ဘာကြောင့် ဒီလောက်ထိ ကွာခြားလွန်းတဲ့ သေကျေပျက်စီးမှုကို ဖြစ်စေခဲ့တာလဲ။" အဖြေကရှင်းပါတယ်။ သဘာဝတရားကြောင့်မဟုတ်ဘဲ လူတွေရဲ့ဆင်းရဲမွဲတေမှုနဲ့ စနစ်တကျမရှိမှု (Human Footprint) ကြောင့်ပါပဲ။ ________ ဆင်းရဲမွဲတေမှုနဲ့အန္တရာယ်နယ်မြေ ​ဟေတီဟာ အနောက်ကမ္ဘာခြမ်းမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး ငလျင်မလှုပ်ခင်ကတည်းက ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ။ ၂၀၀၈ ခုနှစ်တုန်းက တစ်လထဲမှာတင် အပူပိုင်းမုန်တိုင်း ဟာရီကိန်း (၄) ကြိမ် ဝင်မွှေသွားခဲ့လို့ သစ်တောပြုန်းတီးနေတဲ့ တောင်စောင်းတွေဟာ မိုးဒဏ်မခံနိုင်ဘဲ လူနေအိမ်တွေပေါ် ပြိုကျကာ လူ ၈၀၀ နီးပါး သေဆုံးခဲ့ပြီး စိုက်ပျိုးသီးနှံတွေ အကုန်ပျက်စီးခဲ့ဖူးပါတယ်။ ​ဒီလို အခြေခံအဆောက်အအုံ ယိုင်နဲ့နေတဲ့အချိန်၊ မြို့တော် ပို့တ်အော်ပရင့်စ် (Port-au-Prince) က လူဦးရေ ၈၅ ရာခိုင်နှုန်းလောက်ဟာ ငလျင်ဒဏ်ကို ဘယ်လိုမှ မခံနိုင်တဲ့ ကွန်ကရစ်ကျူးကျော်ရပ်ကွက်တွေထဲမှာ နေထိုင်နေကြရတာပါ။ လူဦးရေရဲ့ ထက်ဝက်မှာ အိမ်သာမရှိသလို၊ ၃၀ ရာခိုင်နှုန်းပဲ ရေသန့်ရကြပါတယ်။ ​ဒီလိုအခြေအနေမှာ ငလျင်ဒဏ်ချက်မိတာနဲ့တပြိုင်နက်... အိမ်ခြေ ၁ သိန်း ၉ သောင်းနီးပါး ပြိုကျပျက်စီးပြီးလူလေးပုံတစ်ပုံလောက် သေဆုံးသွားခဲ့ရပါတယ်။ လူပေါင်း ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်ဂယက်ရိုက်တာက ဒုက္ခသည်စခန်းတွေထဲမှာ ကာလဝမ်းရောဂါလို ကူးစက်ရောဂါတွေဖြစ်ပွားပြီး လူ ၆,၀၀၀ နီးပါး ထပ်သေခဲ့ရပါသေးတယ်။

photo content

အဆင့်မြင့်ချစ်ပ်ပြားတွေပိတ်ဆို့ခံထားရတဲ့တရုတ်နိုင်ငံကလည်းဒီအတိုင်း ထိုင်မနေပါဘူး။ "Pseudo-IDM" လို့ခေါ်တဲ့ ဗျူဟာသစ်နဲ့ တုံ့ပြန်လာပါတယ်။ ရိုးရိုး IDM မော်ဒယ်မှာ ကုမ္ပဏီတစ်ခုတည်းက ဒီဇိုင်း၊ ထုတ်လုပ်၊ တပ်ဆင်တာ အကုန်လုပ်တာဖြစ်ပေမဲ့၊ တရုတ်ကတော့ ဒီသဘောတရားကို "နိုင်ငံတော်အဆင့်" အထိ ချဲ့ထွင်ပစ်လိုက်ပါတယ်။ တရုတ်အစိုးရက နောက်ကွယ်ကနေ ဒီဇိုင်း၊ ကုန်ကြမ်း၊ စက်ကိရိယာနဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီအားလုံးကို ကုမ္ပဏီကြီးတစ်ခုလို စနစ်တကျ ပေါင်းစည်းမောင်းနှင်နေတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ဗဟိုထိန်းချုပ်တဲ့နိုင်ငံရေးစနစ်ဟာဒီနေရာမှာတော်တော်လေးအားသာချက်ဖြစ်လာတာတွေ့ရပါတယ်။ တရုတ်ရဲ့ရည်ရွယ်ချက်ကတော့ အဆင့်မြင့်ဆုံးချစ်ပ်ပြားတွေထက် နေ့စဉ်သုံးပစ္စည်းတွေ (ဥပမာ - ကား၊ အိမ်သုံးပစ္စည်း၊ ဆေးဘက်ဆိုင်ရာ) မှာ သုံးတဲ့ Foundational Chips (၂၈ နာနိုမီတာနဲ့အထက်) အလုံးအရင်းနဲ့ထုတ်လုပ်ပြီး ဈေးကွက်ကိုစိုးမိုးဖို့ပါပဲ။ သူ့ရဲ့နေ့စဥ်ကမ္ဘာ့လူနေမှုဘဝကိုစိုးမိုးထားတဲ့စာရင်းကြည့်ပါဦး (က) လျှပ်စစ်ကား (EVs) တရုတ်ဟာ ကမ္ဘာ့ EV ဈေးကွက်ရဲ့ ၇၃ % ကို စိုးမိုးထားပြီး လိုအပ်တဲ့ချစ်ပ်ပြားတွေကို ပြည်တွင်းမှာပဲအကုန်ထုတ်နေပါတယ်။ (ခ) နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြား ကမ္ဘာ့ဈေးကွက်ရဲ့ ၈၀% ကို စိုးမိုးထားသလို၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေဖြစ်တဲ့ ရေဒါနဲ့ဂြိုဟ်တုတွေမှာလည်း ဒီရိုးရိုးချစ်ပ်တွေကိုပဲ အဓိကသုံးနေတာပါ။ (ဂ) ကမ္ဘာ့ဈေးကွက်စိုးမိုးရေးဗျူဟာ တရုတ်အစိုးရဟာ SMIC၊ Nexchip နဲ့ National Silicon လို "အမျိုးသားအဆင့်ချစ်ပ်ချန်ပီယံ" ကုမ္ပဏီတွေကို အစိုးရငွေလုံးငွေရင်းထောက်ပံ့ကြေး Massive Subsidies အကန့်အသတ်မရှိ ပေးထားပြီး ကနဦးမှာအရှုံးခံကာ ဈေးနှုန်းအလွန်အမင်း ချရောင်းတဲ့ Dumping နည်းလမ်းကို သုံးနေပါတယ်။ ဒီနည်းနဲ့ပဲ ပြိုင်ဘက်အမေရိကန်နဲ့ ထိုင်ဝမ်ကုမ္ပဏီတွေကို ဈေးကွက်ထဲကနေ အရှုံးပေါ်ပြီး ထွက်သွားအောင် မောင်းထုတ်နေတာပါ။ ဒီနည်းလမ်းဟာ အရင်က နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြား ဈေးကွက်ကို တရုတ်တို့သိမ်းပိုက်ခဲ့တဲ့ ဗျူဟာအတိုင်းပါပဲ။ နိုင်ငံအဆင့် ကော်ပိုရိတ်ဖိအားကိုသုံးတာပါ။ ၂၀၂၆ အတွက်ဗျူဟာမြောက် သင်ခန်းစာများ မျက်မှောက်ခေတ် အခြေအနေတွေကို ခြုံငုံကြည့်ရင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ စိတ်ဝင်စားစရာ အချက် (၃) ချက်ကို တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ (က) Hardware သည်ပထဝီနိုင်ငံရေးလက်နက်ဖြစ်လာခြင်း အခုခေတ်မှာ ဆော့ဖ်ဝဲကောင်းကောင်းရေးနိုင်ရုံနဲ့မရတော့ပါဘူး။ ချစ်ပ်ပြားကိုကိုယ်တိုင်ထုတ်နိုင်တဲ့ "စက်ရုံ" (Hardware) ရှိဖို့က ပထဝီနိုင်ငံရေးအားပြိုင်မှုမှာ ပိုအရေးကြီးလာပါမယ်။ (ခ) Compute Nationalism နိုင်ငံတိုင်းကမိမိတို့ရဲ့ကွန်ပျူတာစွမ်းအား (Computational power) ကို အမျိုးသားရေးအကျိုးစီးပွားအဖြစ် သတ်မှတ်ပြီး ဘယ်သူ့ကိုမှ မပေးဘဲ ကာကွယ်လာကြပါတော့မယ်။ (ဂ) စွမ်းအင်ပြဿနာ AI ချစ်ပ်ပြားတွေလည်ပတ်ထုတ်လုပ်တဲ့အဆင့်ဆင့်မှာ လျှပ်စစ်ဓာတ်အားကို အလွန်အမင်းသုံးစွဲတာကြောင့် အနာဂတ်လျှပ်စစ်စွမ်းအင်ကို ဘယ်နိုင်ငံကအများဆုံး လုံလုံလောက်လောက် တိုးမြှင့်ထုတ်လုပ်နိုင်မလဲဆိုတာဟာ နည်းပညာစိုးမိုးရေးအတွက် အဓိကသော့ချက်သစ်ဖြစ်လာပါတယ်။ ဒီတော့....နိဂုံးချုပ်ရရင် ၂၁ ရာစုကမ္ဘာကိုဘယ်သူအုပ်စိုးမလဲဆိုတဲ့သော့ချက်ဟာ တင့်ကားတွေ၊ ဒုံးပျံတွေတင်မကဘဲ "မျက်စိနဲ့တောင်မမြင်ရတဲ့ ဆီလီကွန်ချစ်ပ်ပြားလေးတွေ" ကို ဘယ်သူတွေ ဘယ်လိုထိန်းချုပ်မလဲ၊ AI၊ Big Data နဲ့ cloud computing algorithm ကိုဘယ်သူအုပ်စိုးမလဲဆိုတဲ့အချက်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ Chris Miller ရဲ့ "Chip War: The Fight for the World's Most Critical Technology" နဲ့ ၂၀၂၆ ဆီမီကွန်ဒတ်တာ အစီရင်ခံစာများအပေါ် အခြေခံသုံးသပ်ထားပါတယ်။ ၈-၆-၂၀၂၆ Geopolitics Admin

"၂၁ ရာစု ကမ္ဘာကြီးကိုဘယ်သူအုပ်စိုးမလဲ" စစ်အေးခေတ်လွန်မှာ ကမ္ဘာ့စီးပွားရေးဟာ အပြန်အလှန်ချိတ်ဆက်ထားတဲ့ Globalization of world economy ပုံစံသွားခဲ့ကြပေမဲ့ ရာစုနှစ်လေးပုံတစ်ပုံကျိုးတဲ့လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ အခြေအနေတွေကတမျိုးပြောင်းလာပါပြီ။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ကြားမှာ ကမ္ဘာ့စီးပွားရေးဟာ "နှစ်ခြမ်းကွဲမှု" Bifurcation အဆင့်ကို သိသိသာသာ ရောက်ရှိလာတာပါ။ အမေရိကန်က တရုတ်နိုင်ငံကို AI နည်းပညာရဲ့ အသက်သွေးကြောဖြစ်တဲ့ အဆင့်မြင့် ချစ်ပ်ပြားတွေ မထုတ်လုပ်နိုင်အောင် ပို့ကုန်ထိန်းချုပ်မှုတွေနဲ့ အသေအလဲ ပိတ်ဆို့ထားသလို၊ တရုတ်ကလည်း လက်လျှော့မပေးဘဲ "Big Fund" လို့ခေါ်တဲ့ ဧရာမရင်းနှီးမြှုပ်နှံမှုကြီးတွေနဲ့ မိမိဘာသာ ရပ်တည်နိုင်ဖို့ ပြန်တုံ့ပြန်နေပါတယ်။ ဒါကြောင့်လက်ရှိကမ္ဘာ့စစ်ပွဲဟာ ရိုးရိုးချစ်ပ်ပြားလုပွဲသက်သက်မဟုတ်တော့ပါဘူး။ အနာဂတ် ကမ္ဘာ့အသိဉာဏ် Global Intelligence ကြီးကို ဘယ်သူက စိုးမိုးမလဲဆိုတဲ့မဟာဗျူဟာတိုက်ပွဲကြီးဖြစ်လာတာပါ။ ခေတ်ဟောင်းတုန်းစက်ကိရိယာအားလုံးလည်ပတ်ဖို့အတွက် "ရေနံ" အပေါ်မှီခိုမှုအပြည့်ရှိခဲ့ရာက လက်ရှိကမ္ဘာ့ပါဝါအာဏာဗဟိုချက်ဟာ "ဘယ်သူက ဆီလီကွန်ချစ်ပ်ပြားတွေကို ထိန်းချုပ်နိုင်လဲ" ဆိုတဲ့အချက်ရယ် "ဘယ်သူက AI စည်းမျဉ်းတွေကို ရေးဆွဲမလဲ" ဆိုတဲ့အချက်ပေါ်မှာပဲ မူတည်နေပါတော့တယ်။ ဒါ့ကြောင့် မဟာဗျူဟာပစ္စည်းကို ကမ္ဘာ့အဆင့်ဘယ်သူတွေကထိန်းချုပ်နေလဲ၊ ဘယ်နေရာက choke point ဖြစ်နေလဲဆိုတာ ဖော်ထုတ်ဖို့လိုလာပါတယ်။ ချစ်ပ်ပြားလောကရဲ့ choke point ကြီး (၄) ဦး ဆီမီကွန်ဒတ်တာရဲ့ global supply chain ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မှာမရှိမဖြစ်အဓိကအလွှာ (၄) ခု ရှိပြီး တစ်ခုချင်းစီဟာတစ်ကမ္ဘာလုံးကိုမြေလှန်ပစ်လို့ရတဲ့ Chokepoints တွေ ဖြစ်နေကြပါတယ်။ (က) Design ဒီဇိုင်းပိုင်းကတော့အမေရိကန်ရဲ့အိမ်ကွင်းပါပဲ။ ကမ္ဘာ့ chip design ကို အမေရိကန် NVIDIA နဲ့ AMD လို ကုမ္ပဏီကြီးတွေကစိုးမိုးထားပါတယ်။ ချစ်ပ်ပြားဒီဇိုင်းဆွဲတဲ့ ဆော့ဖ်ဝဲ (EDA Tools) တွေကိုပါ အမေရိကန်ကပဲ လက်ဝါးကြီးအုပ် ထိန်းချုပ်ထားပါတယ်။ (ခ) Machinery ချစ်ပ်ပြားထုတ်တဲ့ စက်တွေကျတော့ ဥရောပဘက်ရောက်သွားပါတယ်။ နယ်သာလန်နိုင်ငံက ASML ကုမ္ပဏီတစ်ခုတည်းကသာ အဆင့်မြင့်ဆုံး ချစ်ပ်ပြားထုတ်စက် (EUV) တွေကို ထုတ်လုပ်နိုင်တာမို့ သူတို့မရှိရင်ဘယ်သူမှ အဆင့်မြင့်ချစ်ပ်မထုတ်နိုင်ပါဘူး။ ဒီအချက်ဟာ ကိုလိုနီခေတ်ရဲ့ဒတ်ချ်အင်ပါယာရှင်က အခုထိကမ္ဘာ့လည်မြိုကိုညှစ်ထားနိုင်တုန်းဆိုတာပြသနေပါတယ်။ (ဂ) Fabrication ထုတ်လုပ်ခြင်း ဒါကတော့အားလုံးသိကြတဲ့အတိုင်း ထိုင်ဝမ်ရဲ့ TSMC ပါ။ ကမ္ဘာ့အဆင့်မြင့်ဆုံး ချစ်ပ်ပြားတွေရဲ့ ၉၀% ကျော်ကို ဒီကုမ္ပဏီတစ်ခုတည်းကပဲ သွန်းလုပ်ပေးနေတာပါ။ (အဲ့ဒီ choke point ကို အမေရိကန်ကလွှဲယူဖို့ကြိုးစားနေတာနောက်ပိုင်းမှာဆက်ရေးထားပါတယ်။ အကယ်၍ တရုတ်သာထိုင်ဝမ်ကိုသိမ်းခဲ့ရင်ဆိုတဲ့ကြိုတင်မျှော်မှန်းချက်နဲ့ အမေရိကန်ကပြင်ဆင်နေတာပါ)။ (ဃ) Assembly တပ်ဆင်ခြင်း နောက်ဆုံးအဆင့်ဖြစ်တဲ့ စမ်းသပ်တပ်ဆင်တာကိုတော့ မလေးရှား၊ ဗီယက်နမ်နဲ့ စင်ကာပူတို့လို အရှေ့တောင်အာရှနိုင်ငံတွေက အဓိက တာဝန်ယူပေးနေကြပါတယ်။ အာဆီယံဒေသတွင်းနိုင်ငံတွေအနေနဲ့ ကမ္ဘာ့တစ်ပိုင်းလျှပ်ကူးလည်မြိုကိုချုပ်ထားတဲ့ကွင်းဆက်ထဲပါနေတာ မြန်မာအနေနဲ့အတုယူထားသင့်ပါတယ်။ ထိုင်ဝမ်ရဲ့ "ဆီလီကွန်ဒိုင်းလွှား" ပဲ့ကြွေတော့မယ့်အန္တရာယ် ထိုင်ဝမ်ဟာကမ္ဘာ့အဆင့်မြင့်ချစ်ပ်ပြားတွေကို တစ်ဦးတည်းနီးပါး ထုတ်လုပ်ပေးနေတာကြောင့် သူ့ကိုလာတိုက်ရင် တစ်ကမ္ဘာလုံးရဲ့ နည်းပညာယန္တရားကြီးတစ်ခုလုံး ချက်ချင်းရပ်ဆိုင်းသွားမဲ့ မဟာဗျူဟာအားသာချက်ကိုလက်စွဲထားပါတယ်။ ဒါကို "ဆီလီကွန်ဒိုင်းလွှား" "Silicon Shield" လို့ခေါ်ကြပြီး ထိုင်ဝမ်အတွက် စစ်ရေးအရ အကောင်းဆုံး အကာအကွယ် ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ထိုင်ဝမ်သာအတိုက်ခံရပြီး ချစ်ပ်ထုတ်လုပ်မှုရပ်သွားတဲ့ပထမတစ်နှစ်အတွင်းမှာတင် ကမ္ဘာ့စီးပွားရေး ဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ၂ ထရီလီယံကနေ ၃.၅ ထရီလီယံအထိ ရှိသွားနိုင်လို့ "အပြန်အလှန် စီးပွားရေးပျက်စီးမှု" ကို ဖြစ်စေနိုင်ပါတယ်။ အမေရိကန်ရဲ့တိုက်လေယာဉ်တွေ၊ ဒုံးပျံတွေနဲ့ ဂြိုလ်တုတွေကအစ ဒီချစ်ပ်ပြားတွေအပေါ်မှာ ၉၀% ကျော် မှီခိုနေရတာပါ။ ဒါကိုလွှဲယူဖို့အတွက် အမေရိကန်က CHIPS Act ပြဌာန်းပြီး သူ့နိုင်ငံထဲမှာပဲ (Arizona လိုနေရာမျိုးမှာ) ချစ်ပ်ပြားစက်ရုံတွေ လာဆောက်ဖို့ TSMC ကို ဖိအားပေးနေပါတယ်။ အမေရိကန်ပြည်တွင်းအပြင် မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ဂျာမနီတို့မှာပါ စက်ရုံခွဲတွေ တိုးချဲ့လာပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေဟာ သူတို့ဘာသာ ချစ်ပ်ပြား လုံလောက်အောင် ထုတ်နိုင်လာရင် ထိုင်ဝမ်ကိုကာကွယ်ပေးဖို့စိတ်အားထက်သန်မှု လျော့နည်းသွားနိုင်ပြီး ဒီဒိုင်းလွှားကြီး အားနည်းသွားနိုင်တဲ့ မဟာဗျူဟာခြိမ်းခြောက်မှုအန္တရာယ် ရှိနေပါတယ်။ တရုတ်ရဲ့တန်ပြန်မဟာဗျူဟာ "Pseudo-IDM" နဲ့ ရိုးရိုးချစ်ပ်ပြားစိုးမိုးရေးဗျူဟာ

photo content

ယူကရိန်းစစ်ပွဲအတွင်း ရုရှားသမ္မတအပေါ် ပြည်သူ့ထောက်ခံမှု ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ရုရှားအတွက်အကြီးမားဆုံးအခက်အခဲက မကြုံစဖူးစီးပွားရေးပိတ်ဆို့မှုခံရမှုပါ။ တနေ့ကဆိုရင်ယူကရိန်းသမ္မတက ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးဖို့စာပို့တာကို ပူတင်ဘက်ကပါ်ချလိုက်ပါတယ်။ ကာလကြာ ဒီလောက်ထိတင်းတင်းကြပ်ကြပ်ပိတ်ဆို့ခံရတာတောင်မှ ရုရှားသမ္မတအနေနဲ့ ယူကရိန်းစစ်ကိုရေရှည်ဆင်နွှဲနိုင်တာ "ပြည်သူလူထုထောက်ခံမှု" က အကြီးမားဆုံးအချက်ပါပဲ။ ဒါနဲ့ပတ်သက်ပြီး ရုရှားပြည်သူတွေကို Chicago Council on Global Affairs နဲ့ Levada Center ပူးပေါင်းပြီး လူထုသဘောထားစစ်တမ်းကောက်ယူခဲ့ပါတယ်။ တွေ့ရှိချက်တွေကစိတ်ဝင်စားစရာပါ။ စစ်တမ်းအရ ရုရှားပြည်သူအများစုဟာ အနောက်အုပ်စုရဲ့ စီးပွားရေးဖိအားတွေကိုကြံ့ကြံ့ခံနိုင်တယ်လို့ခံစားနေရကြောင်းတွေ့ရှိရပါတယ်။ ဒါတင်မကသေးပါဘူး ယူကရိန်းစစ်ပွဲမှာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အလျှော့ပေးလက်ခံရမဲ့အစား စီးပွားရေးပိတ်ဆို့မှုဒဏ်တွေကိုပဲနှစ်ရှည်လများ ဆက်ပြီး သည်းခံသွားဖို့ ပိုဆန္ဒရှိနေကြပါတယ်။ ​အဓိကတွေ့ရှိချက်တွေအနေနဲ့ (က) ​ပိတ်ဆို့မှုဒဏ်ကိုကြံ့ကြံ့ခံနိုင်ခြင်း ရုရှားပြည်သူ ၇၉% က အနောက်အုပ်စု ပိတ်ဆို့အရေးယူမှုတွေဟာ သူတို့နဲ့သူတို့မိသားစုတွေအပေါ် ကြီးမားတဲ့ဖိအားမရှိကြောင်းပြောကြားခဲ့ပါတယ်။ (ခ) ​စစ်ပွဲကိုဆက်လက်ထောက်ခံခြင်း ရုရှားလူထုရဲ့လသုံးပုံနှစ်ပုံကျော် ၆၈% က ယူကရိန်းကိုဆင်နွှဲနေတဲ့စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက်ထောက်ခံနေကြဆဲပါ။ (ဂ) ​နုတ်ထွက်ပေးဖို့ငြင်းဆန်ခြင်း တကယ်လို့ငြိမ်းချမ်းရေးယူဖို့အတွက် ရုရှားအနေနဲ့သိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေကို ပြန်ပေးရမယ်ဆိုရင် ရုရှားပြည်သူ ၇၄% က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြတ်ပြတ်သားသား ငြင်းပယ်ကြပါတယ်။ ​စီးပွားရေးပိတ်ဆို့မှုတွေအပေါ်ရုရှားပြည်သူတွေရဲ့အမြင် ​အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ရုရှားစီးပွားရေးကမောက်ကမဖြစ်ဖို့ရည်ရွယ်ထားပေမဲ့ ရုရှားပြည်သူအများစုရဲ့နေ့စဉ်လူမှုဘဝအပေါ်သက်ရောက်မှု အကန့်အသတ်သာရှိနေသေးကြောင်းစစ်တမ်းက ဖော်ပြနေပါတယ်။ ပိတ်ဆို့မှုတွေဟာသူတို့အတွက်အလွန်ကြီးမားတဲ့ပြဿနာတွေဖြစ်ပေါ်စေတယ်လို့ ​ရုရှားပြည်သူ ၁၆% ပဲဖြေဆိုခဲ့ကြပါတယ်။ ​ကျန်ရုရှားပြည်သူအများစုက ပြည်တွင်းဖြစ်ကုန်ပစ္စည်းတွေကို အစားထိုးသုံးစွဲတာ၊ သွင်းကုန်လမ်းကြောင်းသစ်တွေရှာဖွေတာနဲ့ အစိုးရရဲ့စီးပွားရေးပံ့ပိုးမှုအစီအစဉ်တွေကြောင့် အသားကျသွားကြပြီလို့တွေ့ရပါတယ်။ အနောက်အုပ်စုရဲ့ဖိအားတွေဟာ ရုရှားလူထုကိုအစိုးရအပေါ်ပုန်ကန်လာအောင်လှုံ့ဆော်မပေးနိုင်ဘဲ၊ လက်တွေ့မှာ အမျိုးသားရေးစိတ်ဓာတ်ကိုပိုလှုံ့ဆော်ပေးပြီး အစိုးရနဲ့တသားတည်း ပိုဖြစ်သွားစေပါတယ်။ ယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ဘယ်အချက်တွေလက်ခံနိုင်လဲဆိုတဲ့သဘောထားကောက်ရာမှာ အခုလို တွေ့ရပါတယ်။ (က) အကျဉ်းသားအပြန်အလှန် လဲလှယ်ရေး။ လက်ခံ ၈၁%၊ လက်မခံ ၁၂ %။ (ခ) ချက်ချင်းအပစ်အခတ်ရပ်စဲပြီးဆွေးနွေးပွဲစတင်ရန်။ လက်ခံ ၅၅%၊ လက်မခံ ၃၈ %။ (ဂ) ယူကရိန်းကိုနေတိုးအဖွဲ့ဝင်အဖြစ် မဝင်ရောက်ဖို့ကတိပြုခိုင်းခြင်း။ လက်ခံ ၇၆%၊ လက်မခံ ၁၄ %။ (ဃ) သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ယူကရိန်းဆီပြန်ပေးအပ်ရန်။ လက်ခံ ၁၆%၊ လက်မခံ ၇၄ %။ အထက်ပါအချက်တွေကိုကြည့်ရင် ရုရှားပြည်သူအများစုဟာအပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားလဲလှယ်ရေးလို အချက်တွေကိုလိုလားပေမဲ့သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေ ပြန်ပေးအပ်ရမဲ့ အခြေအနေကိုလုံးဝလက်မခံနိုင်ကြောင်းတွေ့ရပါတယ်။ ​စစ်ပွဲရေရှည်အလားအလာနှင့်လူထုစိတ်ဓာတ် (က) ​ရုရှားပြည်သူအများစုဟာ စစ်ပွဲရေရှည်ဆွဲဆန့်သွားနိုင်တယ်တွေးထားပေမဲ့ စီးပွားရေးကျပ်တည်းမှုကို ကြာရှည်သည်းခံနိုင်စွမ်းရှိတယ်လို့ယုံကြည်နေကြပါတယ်။ (ခ) အသက်အရွယ်အလိုက်ကွဲပြားမှုအနေနဲ့ အသက်ကြီးပိုင်းအများစုဟာ စစ်ပွဲနဲ့ပူတင်ရဲ့မူဝါဒတွေကို ပြတ်ပြတ်သားသားပိုထောက်ခံပြီး။ အသက်ငယ်ရွယ်တဲ့မျိုးဆက်သစ် (အသက် ၁၈ မှ ၂၄ နှစ်ကြား) မှာ စစ်ပွဲအပေါ်စိုးရိမ်ပူပန်ပိုမြင့်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုပိုလိုလားကြပါတယ်။ အသက်ငယ်သူတွေထဲမှာတောင် နယ်မြေပြန်ပေးဖို့သဘောတူသူလူနည်းစုပဲရှိပါတယ်။ ​နိဂုံးချုပ်သုံးသပ်ချက်အနေနဲ့စစ်တမ်းရလဒ်တွေအရ အနောက်အုပ်စုအနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ရုရှားရဲ့စစ်ရေးရည်မှန်းချက်တွေ ပြောင်းလဲပစ်ဖို့မျှော်လင့်နေတာလက်တွေ့မကျနိုင်ကြောင်းဖော်ပြနေပါတယ်။ ရုရှားပြည်သူတွေဟာစစ်ပွဲကြောင့်ဖြစ်လာတဲ့ စီးပွားရေးဝန်ထုပ်ဝန်ပိုးတွေကိုထမ်းဖို့အသင့်ရှိနေတယ်၊ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကလိုက်လျောရမဲ့ဘယ်ငြိမ်းချမ်းရေးကိုမဆိုလက်ခံရန် ဆန္ဒမရှိကြ။ ကရင်မလင်အနေနဲ့စစ်ပွဲကို ရေရှည်ဆွဲဆန့်သွားဖို့ပြည်သူလူထုရဲ့ထောက်ခံမှုကိုခိုင်ခိုင်မာမာရရှိထားဆဲဖြစ်ကြောင်း သုံးသပ်ရရှိပါတယ်။ The Chicago Council on Global Affairs ရဲ့“Russians Rather Endure Sanctions Than Concede in Ukraine War” သုတေသနအစီရင်ခံစာ။ ၇-၆-၂၀၂၆ Geopolitics Admin

photo content

(က) အာဆီယံအခြေခံမူ အာဆီယံဟာ ဆုံးဖြတ်ချက်မှန်သမျှကို အဖွဲ့ဝင် ၁၀ နိုင်ငံလုံး "တညီတညွှတ်တည်းသဘောတူညီချက်" နဲ့ပဲ ချမှတ်ရပြီး၊ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုအခြားတစ်နိုင်ငံကဝင်ရောက်မစွက်ဖက်ရတဲ့အခြေခံမူရှိပါတယ်။ မြန်မာ့အရေးမှာ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က ဆောင်းပါးထဲပါသလိုတင်းမာတဲ့ အရေးယူမှုမျိုးဘယ်တော့မှ သဘောတူမှာမဟုတ်ပါဘူး။ (ခ) အာဆီယံချိနဲ့မဲ့အရေး အထက်မှာရေးခဲ့သလို တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့လို အင်အားကြီးနိုင်ငံတွေက မြန်မာအစိုးရသစ်နဲ့ စီးပွားရေး၊ စစ်ရေးအရ ခိုင်ခိုင်မာမာလက်တွဲထားချိန်မှာ အာဆီယံအနေနဲ့ မြန်မာကိုပိုမိုဖယ်ကြဉ်ပြီးတင်းမာအောင်လုပ်ရင် လုပ်တဲ့နိုင်ငံတွေနဲ့အာဆီယံအဖွဲ့ကြီးပဲ ဘေးရောက်သွားဖို့များပါတယ်။ လက်တွေ့မှာအာဆီယံမကွဲပြားရင်တောင် မူဝါဒအနှစ်သာရပိုင်းမှာ နှစ်ပိုင်းကွဲသွားမှာပါပဲ။ ဒါ့ကြောင့်အနှစ်ချုပ်သုံးသပ်ရရင် ဒီပလိုမက်ဆောင်းပါးပါ သုံးသပ်ချက်က သီအိုရီအရနဲ့အနောက်အုပ်စုနိုင်ငံတွေအကြိုက် သံတမန်ရေးအကြံပြုချက် စိတ်ကူးယဥ်ဆန်မှု Idealism တစ်ခုသက်သက်သာဖြစ်ပြီး၊ လက်တွေ့မြေပြင်မှာ နိုင်ငံကြီးတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအခြေခံသံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုတွေကသာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အမှန်တကယ်ပုံဖော်မောင်းနှင်နေတဲ့ သရုပ်မှန်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ၅-၆-၂၀၂၆ Geopolitics Admin