es
Feedback
𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿

𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿

Ir al canal en Telegram

Programming • Networking • Database • Cybersecurity 🛡️ New tutorials and updates posted daily! ✅ Click to learn more. https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ

Mostrar más
5 649
Suscriptores
-624 horas
+87 días
+6030 días
Archivo de publicaciones
React Native Date Picker ဒီ library ကို သင့် app ထဲမှာ Date/Time picker components တွေ အကောင်အထည်ဖော်ဖို့ အသုံးပြုနိုင်ပါတယ်။
React Native Date Picker ဒီ library ကို သင့် app ထဲမှာ Date/Time picker components တွေ အကောင်အထည်ဖော်ဖို့ အသုံးပြုနိုင်ပါတယ်။ အဓိက Features တွေ ✔️ Fully native implementation – ပလက်ဖောင်းအားလုံးအတွက် native performance နဲ့ အလုပ်လုပ်ပါတယ်။ ✔️ TurboModules support – ပိုမိုမြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ ✔️ Modal & inline modes– - Modal – Pop-up style နဲ့ပြပေးနိုင်ပါတယ်။ - Inline – UI ထဲမှာတပ်ဆင်အသုံးပြုနိုင်ပါယ်။ ✔️ Extensive customization options – Design နဲ့ functionality ကို လိုသလို customize လုပ်နိုင်ပါတယ်။

Cloud service news Google က ၎င်းရဲ့ cloud service ecosystem ကို ဆက်လက်တိုးချဲ့နေပြီး ယခုအခါ digital workflow management platf
Cloud service news Google က ၎င်းရဲ့ cloud service ecosystem ကို ဆက်လက်တိုးချဲ့နေပြီး ယခုအခါ digital workflow management platform ဖြစ်သည့် ServiceNow နှင့် ကြီးမားသော သဘောတူညီချက်တစ်ခုကို ချုပ်ဆိုလိုက်ပါတယ်။ Bloomberg သတင်းဌာနရဲ့ အမည်ဖော်မပြုလိုသူတစ်ဦး၏ ပြောကြားချက်အရ၊ ServiceNow သည် အနာဂတ် ၅ နှစ်အတွင်း Google Cloud ဝန်ဆောင်မှုများအတွက် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ (USD 1.2B) အား သုံးစွဲမည်ဖြစ်တယ်လိုဆိုပါတယ်။ ServiceNow သည် AWS နှင့် Microsoft အပါအဝင် အခြား cloud provider များနှင့်လည်း လက်တွဲဆောင်ရွက်နေကြောင်း Bloomberg သို့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော်လည်း၊ အခြားသဘောတူညီချက်များ၏ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ပါတယ်။ Yahoo Finance ၏ သုံးသပ်ချက်အရ၊ Google သည် Salesforce နှင့် OpenAI တို့နှင့် မကြာသေးမီက ပူးပေါင်းဆောင်ရွက်မှုများကြောင့် cloud ဈေးကွက်တွင် "ဩဇာလွှမ်းမှု" တွေရှိလာနေပြီး၊ ယခင်က AWS နှင့် Microsoft Azure တို့၏ လွှမ်းမိုးမှုကို စိန်ခေါ်လျက်ရှိနေပါတယ်။

React Context vs Redux? ဒီနှစ်ခုက ဘာတွေလုပ်ပေးလဲ၊ ဘယ်အချိန်မှာသုံးမလဲ၊ သင့် app အတွက် ဘယ်ဟာက ပိုသင့်တော်လဲဆိုတာ ကြည့်ရအောင်။
React Context vs Redux? ဒီနှစ်ခုက ဘာတွေလုပ်ပေးလဲ၊ ဘယ်အချိန်မှာသုံးမလဲ၊ သင့် app အတွက် ဘယ်ဟာက ပိုသင့်တော်လဲဆိုတာ ကြည့်ရအောင်။ 🔗 To read More 👉 ဆက်ဖတ်ရန် #techmyanmar #react #appdevelopment #ITStudents

Python Lesson-11| Exception Handling - try, except, else, finally အသုံးပြုနည်း ဒီ Video သင်ခန်းစာမှာတော့ Python Programming မ
Python Lesson-11| Exception Handling - try, except, else, finally အသုံးပြုနည်း ဒီ Video သင်ခန်းစာမှာတော့ Python Programming မှာ Error တွေကို Professional ဆန်ဆန် ကိုင်တွယ်နည်း (Exception Handling) ကို လက်တွေ့ဥပမာများနဲ့ ရှင်းပြပေးထားပါတယ်! ▶️ YouTube Video Link ✨ အဓိက သင်ယူရမည့်အချက်များ:
✅ try-except Block အလုပ်လုပ်ပုံ ✅ မတူညီတဲ့ Error Types တွေကို ခွဲခြားကိုင်တွယ်နည်း ✅ else Block ရဲ့ အသုံးဝင်ပုံ ✅ finally Block ကို ဘယ်လိုသုံးမလဲ
တိုကိုရှင်းပြထားပေးပါတယ်ဗျ။ 📂 Source Code + Note ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇 🔗 Source Code File 🔗 Note #Python #Programming #ExceptionHandling #MyanmarCoding #LearnToCode #ErrorHandling #CodingTutorial #PythonTips #TechEducation

Python Lesson-11| Exception Handling - try, except, else, finally အသုံးပြုနည်း ဒီ Video သင်ခန်းစာမှာတော့ Python Programming မှာ Error တွေကို Professional ဆန်ဆန် ကိုင်တွယ်နည်း (Exception Handling) ကို လက်တွေ့ဥပမာများနဲ့ ရှင်းပြပေးထားပါတယ်! ▶️ YouTube Video Link ✨ အဓိက သင်ယူရမည့်အချက်များ:
✅ try-except Block အလုပ်လုပ်ပုံ ✅ မတူညီတဲ့ Error Types တွေကို ခွဲခြားကိုင်တွယ်နည်း ✅ else Block ရဲ့ အသုံးဝင်ပုံ ✅ finally Block ကို ဘယ်လိုသုံးမလဲ
တိုကိုရှင်းပြထားပေးပါတယ်ဗျ။ 📂 Source Code + Note ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇 🔗 Source Code File 🔗 Note #Python #Programming #ExceptionHandling #MyanmarCoding #LearnToCode #ErrorHandling #CodingTutorial #PythonTips #TechEducation

Repeat Yourself Software development မှာ DRY (Don't Repeat Yourself) principle ကို မကြာခဏ အလွဲသုံးစားလုပ်မိတတ်ပါတယ်။ တကယ်တော့
Repeat Yourself Software development မှာ DRY (Don't Repeat Yourself) principle ကို မကြာခဏ အလွဲသုံးစားလုပ်မိတတ်ပါတယ်။ တကယ်တော့ code တွေကို copy ကူးတာက momentum ဆက်ထိန်းဖို့၊ သင့်တော်တဲ့ abstraction တွေကို သဘာဝအတိုင်း ရှာဖွေတွေ့ရှိဖို့နဲ့ premature optimization ကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။ မှားယွင်းတဲ့ abstraction တွေကို ဖယ်ရှားဖို့ဟာ duplicate code တွေကို ဖယ်ရှားရတာထက် ပိုခက်ခဲပြီး၊ mental overhead တွေကို indirection အလွှာမျိုးစုံကနေ ဖြစ်စေနိုင်ပါတယ်။ အရေးကြီးတဲ့အချက်က writing mode နဲ့ refactoring mode ကို ခွဲခြားသိမြင်ဖို့ပါ။ အစပိုင်းမှာ code တွေကို duplicate လုပ်ထားပြီး၊ problem ကို ပိုနားလည်လာတဲ့အခါမှ cleaning up လုပ်တာက ပိုကောင်းပါတယ်။ တခါတလေမှာ ပုံစံတူနေတဲ့ code တွေဟာ တကယ်တော့ ကွဲပြားတဲ့ purposes တွေအတွက် ရည်ရွယ်တာဖြစ်နိုင်ပါတယ်။ အဲဒီလို code တွေကို သီးသန့်ခွဲထားတာက context ကို ထိန်းသိမ်းဖို့နဲ့ independent evolution အတွက် ပိုအထောက်အကူဖြစ်စေပါတယ်။

Computer Networking Notes 🔥 အပိုင်း (၇) 🔗 Note အပြည့်အစုံကို ရယူရန်၊ 🔗 PDF ဖိုင်ရန် ရယူရန်၊ 📌 အပိုင်း (၆) ဖတ်ရန်။ #Networ
Computer Networking Notes 🔥 အပိုင်း (၇) 🔗 Note အပြည့်အစုံကို ရယူရန်၊ 🔗 PDF ဖိုင်ရန် ရယူရန်၊ 📌 အပိုင်း (၆) ဖတ်ရန်။ #NetworkingBasics #TechMyanmar #ITStudents

⚙️ 100 Free Tools for Every Task 💡တစ်နေ့တာလိုအပ်ချက်အားလုံးအတွက် အကောင့်ဖွင့်စရာမလိုတဲ့ အခမဲ့ Tool တွေကို တစ်နေရာထဲမှာ စုစည်
⚙️ 100 Free Tools for Every Task 💡တစ်နေ့တာလိုအပ်ချက်အားလုံးအတွက် အကောင့်ဖွင့်စရာမလိုတဲ့ အခမဲ့ Tool တွေကို တစ်နေရာထဲမှာ စုစည်းထားပေးတဲ့ တစ်ခုတည်းသော website — sign-up မလိုဘဲ အားလုံးအခမဲ့ ဖြစ်ပါတယ်။ 🔍 Website Link 👉 ezytoolz.com 👈 🔸 Text tools — grammar check, plagiarism, converters 🔸 PDF tools — merge, compress, split 🔸 Video tools — trim, convert, resize 🔸 Image tools — crop, remove background, compress 🔸 အခြား categories များစွာမှ tool အမျိုးမျိုး 🌐📲 @Tech4umm

Google just killed another product Google က ChromeOS ကို Android ထဲထည့်သွင်းမယ့် အစီအစဉ်ကို တရားဝင်အတည်ပြုလိုက်ပါပြီ။ ဒီလိုပေ
Google just killed another product Google က ChromeOS ကို Android ထဲထည့်သွင်းမယ့် အစီအစဉ်ကို တရားဝင်အတည်ပြုလိုက်ပါပြီ။ ဒီလိုပေါင်းစည်းခြင်းဖြင့် phone၊ tablet၊ laptop တွေမှာ unified platform တစ်ခုတည်းကို ဖန်တီးသွားမှာဖြစ်ပါတယ်။ ဒီချိတ်ဆက်မှုရဲ့ ရည်ရွယ်ချက်တွေကတော့ - Development costs ကိုလျှော့ချဖို့ - Apple နဲ့ ယှဉ်ပြိုင်နိုင်ဖို့ cohesive ecosystem တစ်ခုဖန်တီးဖို့ - Cross-device experiences တွေကို ပိုမိုကောင်းမွန်စေဖို့ ChromeOS ရဲ့ features တွေဖြစ်တဲ့ windowed multitasking၊ desktop mode၊ Linux support တို့ကို Android ပေါ်မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ Developer preview တွေကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ မျှော်မှန်းထားပြီး consumer devices တွေကို ၂၀၂၆ ခုနှစ်မှာ စတင်ရောင်းချနိုင်ဖွယ်ရှိပါတယ်။ ဒီအပြောင်းအလဲက ပိုမိုကောင်းမွန်တဲ့ app ecosystems နဲ့ developer efficiency တို့ကို ကတိပြုထားပေမယ့် - အဟောင်း Chromebook တွေအတွက် hardware compatibility issues - Android fragmentation က desktop experience ကို ထိခိုက်စေနိုင်ခြင်း စတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ 🌐📲 @Tech4umm

🚀 DSA: Arrays Part-2 | Dynamic Arrays in Java ဒီ Video သင်ခန်းစာမှာတော့Data Structures and Algorithms ရဲ့ အရေးကြီးဆုံး အစိတ်
🚀 DSA: Arrays Part-2 | Dynamic Arrays in Java ဒီ Video သင်ခန်းစာမှာတော့Data Structures and Algorithms ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Dynamic Arrays အကြောင်းကို Java Programming နဲ့ ArrayList, Insert/Remove, Time Complexity အကြောင်းတွေကို ရှင်းပြပေးထားပါတယ်! ▶️ YouTube Video Link ✅ Static vs Dynamic Arrays ကွာခြားချက် ✅ ArrayList ကို အသုံးပြုနည်း ✅ Insert/Remove Operations ✅ Time Complexity ခွဲခြမ်းစိတ်ဖြာနည်း တို့ကိုရှင်းပြထားပေးပါတယ်ဗျ။ 🚀 DSA ကို ကောင်းကောင်းနားလည်ထားရင် Tech Interviews တွေမှာ အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်ဗျ! 📂 Source Code + Note ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇 🔗 Source Code File 🔗 Note #DSA #DataStructures #Java #Programming #ArrayList #DynamicArrays #MyanmarCoding #LearnToCode #Algorithm #Tech4umm

🚀 AI Coding Tools နဲ့ Developer တွေရဲ့အမြင် Stack Overflow စစ်တမ်းအရ 84% သော developer တွေက AI ကို သုံးနေပြီး (သို့) သုံးဖို
🚀 AI Coding Tools နဲ့ Developer တွေရဲ့အမြင် Stack Overflow စစ်တမ်းအရ 84% သော developer တွေက AI ကို သုံးနေပြီး (သို့) သုံးဖို့အစီအစဉ်ရှိကြပါတယ်။ ဒါပေမယ့် 60% ကပဲ AI output ကိုယုံကြည်ကြောင်း ဖော်ပြခဲ့ပြီး 46% က သံသယရှိနေဆဲပါ။ 🔍 အဓိက စိုးရိမ်မှုများ - Accuracy 👩💻: AI နဲ့ရေးတဲ့ code တွေကို debug လုပ်ရတာ အချိန်ကုန်နိုင် - Security & Privacy 🔒: ဒေတာလုံခြုံရေး စိုးရိမ်မှုများ 💡 သုံးသပ်ချက် AI tools တွေက ထုတ်လုပ်မှု တိုးတက်စေပေမယ့် developer တွေအနေနဲ့ သူတို့ရဲ့ job roles နဲ့ အနာဂတ် အပေါ် ပိုပြီးသတိထားလာကြပါတယ်။

Google DeepMind မှ Genie 3 ကို ကြေညာ Google DeepMind က Genie 3 ဆိုတဲ့ အဆင့်မြင့် AI မော်ဒယ်အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒီ AI က စာသား (Text Prompt) တစ်ခုကနေ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ 3D ကမ္ဘာတွေကို အလိုအလျောက်ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိကအချက်များ 🔹 Text-to-3D World Generation → ရိုးရိုးစာကြောင်းတစ်ခု (ဥပမာ - "သစ်ပင်တွေနဲ့ မှောင်နေတဲ့ ရှေးဟောင်းခံတပ်ကြီး") ကနေ အတုအယောင် 3D ပတ်ဝန်းကျင်တစ်ခုလုံးကို ဖန်တီးပေးနိုင်မယ်။ 🔹 Interactive & Dynamic → ဖန်တီးထားတဲ့ 3D ကမ္ဘာထဲမှာ သင်ရွေ့လျားနိုင်ပြီး အရာဝတ္ထုတွေနဲ့ သက်ရောက်မှုရှိနိုင်မယ် (Game Engine တစ်ခုလိုပါပဲ)။ 🔹 Limited Research Preview → လောလောဆယ် သုတေသနအတွက်သာ ကန့်သတ်ထားပြီး အများပြည်သူသုံးလို့မရသေးပါ။ အနာဂတ်မှာ ဘာအသုံးဝင်မလဲ? 🎮 Game Development → 3D ဂိမ်းတွေကို မြန်မြန်ဆန်ဆန် Prototype လုပ်နိုင်မယ်။ 🎥 Film & Animation → CGI နဲ့ Virtual Sets တွေဖန်တီးရာမှာ အချိန်ကုန်သက်သာစေမယ်။ 🛠 Metaverse & VR → Virtual Worlds တည်ဆောက်ရာမှာ လွယ်ကူမြန်ဆန်စေမယ်။ 🌐📲 @Tech4umm

Ethical Hacking – အခြေခံအချက်များ Ethical Hacking ဆိုတာ ခွင့်ပြုချက်နဲ့စနစ်တွေကိုချိုးဖောက်စမ်းသပ်၍ အားနည်းချက်တွေကိုကြိုတင်ရ
+1
Ethical Hacking – အခြေခံအချက်များ Ethical Hacking ဆိုတာ ခွင့်ပြုချက်နဲ့စနစ်တွေကိုချိုးဖောက်စမ်းသပ်၍ အားနည်းချက်တွေကိုကြိုတင်ရှာဖွေကာကွယ်ခြင်းဖြစ်ပါတယ်။ မကောင်းတဲ့ Hacker တွေမဝင်ရောက်နိုင်အောင် ကာကွယ်ရေးရှုထောင့်ကနေချဉ်းကပ်တာ ဖြစ်ပါတယ်။ Ethical Hacker တစ်ယောက်ဖြစ်ဖို့ အောက်ပါ အခြေခံအကြောင်းအရာ (၆) ခု ကို နားလည်ထားရပါမယ်။ ဆက်ဖတ်ရန် >> 🔗 https://www.facebook.com/share/p/173wrjbzw9/

Notion Lesson - 2 | Notion Blocks အကြောင်း ဒီ Video သင်ခန်းစာမှာတော့ Notion မှာ Page တစ်ခုတည်ဆောက်ဖို့ အခြေခံကျတဲ့ Blocks တွေ
Notion Lesson - 2 | Notion Blocks အကြောင်း ဒီ Video သင်ခန်းစာမှာတော့ Notion မှာ Page တစ်ခုတည်ဆောက်ဖို့ အခြေခံကျတဲ့ Blocks တွေအကြောင်းကို လက်တွေ့ဥပမာများနဲ့ ရှင်းပြပေးထားပါတယ်! YouTube Video Link ✨ အဓိက သင်ယူရမည့်အချက်များ:
✅ Block ဆိုတာဘာလဲ? ✅ အသုံးများသော Block အမျိုးအစားများ ✅ Block များဖန်တီးခြင်းနှင့် စီမံခန့်ခွဲခြင်း ✅ Customizing Blocks ✅ လက်တွေ့ Project လုပ်ဆောင်ခြင်း
တို့ကိုရှင်းပြထားပေးပါတယ်ဗျ #NotionMyanmar #NotionTutorial #NotionBlocks #ProductivityTips #DigitalOrganization #TechInMyanmar #NotionForBeginners

🇯🇵 ဂျပန်နိုင်ငံက ကမ္ဘာ့ပထမဆုံးအဖြစ် ၂၀ ကီလိုမီတာ (၂၀ km) အမြင့်မှ Airship များဖြင့် 4G/5G ကွန်ရက်ကို စတင်မိတ်ဆက်တော့မယ်။ ဒီ
🇯🇵 ဂျပန်နိုင်ငံက ကမ္ဘာ့ပထမဆုံးအဖြစ် ၂၀ ကီလိုမီတာ (၂၀ km) အမြင့်မှ Airship များဖြင့် 4G/5G ကွန်ရက်ကို စတင်မိတ်ဆက်တော့မယ်။ ဒီစီမံကိန်းကို SoftBank က အမေရိကန် စတပ်တပ် Sceye နှင့်ပူးပေါင်း၍ အကောင်အထည်ဖော်နေပြီး၊ HAPS (High Altitude Platform Station) စနစ်များက သာမန် Smartphone များကို ချိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီ Airship တွေရဲ့ အဓိက လုပ်ဆောင်နိုင်စွမ်းတွေကတော့ - - လှိုင်းနှောင့်နှေးမှု (Latency) 20 ms အောက်သာ ရှိပြီး Starlink ထက် ၂ ဆမြန်ဆန်မယ်။ - ဂြိုဟ်တုစနစ်များထက် ထိန်းသိမ်းစရိတ် သက်သာမယ်။ - ဒီ Airship တွေက ရောက်ရှိဖို့ခက်ခဲတဲ့ဒေသများကိုပါ ဖြန့်ကျက်ပေးနိုင်ပြီး ရက်ပေါင်းများစွာ ဆင်းသက်စရာမလိုဘဲ အလုပ်လုပ်နိုင်မယ်။ - မြေပြင်အခြေစိုက် Infrastructure အစိတ်အပိုင်းများကို အစားထိုးမယ်အပြင်၊ ငလျင်နှင့် အရေးပေါ်အခြေအနေများတွင် Backup Communication အဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 🔹 စမ်းသပ်မှုများ ပြီးဆုံးပါက Commercial အဆင့် စတင်နိုင်ရန် စီစဉ်ထားပါတယ်။ 🌐📲 @Tech4umm

JavaScript Lesson-9 | Functions Part 1 - Function အခြေခံနှင့် အသုံးပြုနည်း ဒီ Video သင်ခန်းစာမှာတော့ JavaScript Programming ရ
JavaScript Lesson-9 | Functions Part 1 - Function အခြေခံနှင့် အသုံးပြုနည်း ဒီ Video သင်ခန်းစာမှာတော့ JavaScript Programming ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ Functions အကြောင်းကို အခြေခံမှစပြီး လက်တွေ့ဥပမာများနဲ့ ရှင်းပြပေးထားပါတယ်! ▶️ YouTube Video Link ✨ အဓိက သင်ယူရမည့်အချက်များ: ✅ Function Syntax အခြေခံ (Declaration & Calling) ✅ Parameter နဲ့ Return Values အလုပ်လုပ်ပုံ ✅ Single vs Multiple Parameters ✅ Real-world Function Examples (Greeting, Name Generator) တိုကိုရှင်းပြထားပေးပါတယ်ဗျ 📂 Source Code + Note ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇 🔗 Source Code File 🔗 Note #JavaScript #Programming #Functions #MyanmarCoding #LearnToCode #WebDevelopment #CodingTutorial #JSBasics #TechEducation

🚀 AI Engineer တွေကြည့်သင့်တဲ့ YouTube Playlist သင်ခန်းစာများ 🔥 AI/ML နယ်ပယ်မှာ ကျွမ်းကျင်ချင်သူတိုင်း မဖြစ်မနေကြည့်သင့်တဲ့
🚀 AI Engineer တွေကြည့်သင့်တဲ့ YouTube Playlist သင်ခန်းစာများ 🔥 AI/ML နယ်ပယ်မှာ ကျွမ်းကျင်ချင်သူတိုင်း မဖြစ်မနေကြည့်သင့်တဲ့ Playlist! ကမ္ဘာကျော် တက္ကသိုလ်ကြီးများနဲ့ AI ပညာရှင်တွေရဲ့ အဆင့်မြင့် AI/ML သင်ခန်းစာများ ကို စုစည်းဖော်ပြပေးလိုက်ပါတယ်! 1. Neural Networks Zero to Hero (Karpathy) - https://lnkd.in/gBVSQqFf 2. Language Modelling from Scratch (Stanford CS336 2025) - https://lnkd.in/guuhQ8gA 3. Introduction to Deep Learning (MIT 6.S191 2025) - https://lnkd.in/ggBB_aCm 4. Introduction to Transformers (Talk - Andrej Karpathy) - https://lnkd.in/gYMTVVmH 5. Building LLMs (Stanford CS229 Guest Lecture) - https://lnkd.in/gP9xqXxi 6. Deep Dive into LLMs like ChatGPT - https://lnkd.in/gtZ9BAdA 7. Let’s Build GPT from Scratch - https://lnkd.in/gdNj7_Tw 8. Agentic AI by Stanford - https://lnkd.in/gknxmPQG 9. Transformers and Self-Attention - https://lnkd.in/gvZZtciU

Vite 7.0 ထွက်ရှိပြီ! Vite 7.0 တွင် Node.js 20.19+ လိုအပ်ချက်၊ 'modules' အစား 'baseline-widely-available' browser target အသစ်၊
Vite 7.0 ထွက်ရှိပြီ! Vite 7.0 တွင် Node.js 20.19+ လိုအပ်ချက်၊ 'modules' အစား 'baseline-widely-available' browser target အသစ်၊ နှင့် experimental Environment API တိုးတက်မှုများအပါအဝင် အရေးကြီးသော updates များ ပါဝင်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ စွမ်းဆောင်ရည်ကောင်းမွန်စေရန် Rolldown bundler ပေါင်းစည်းမှု၊ ViteConf က Amsterdam တွင် in-person ကျင်းပမည့်အချက်နှင့် VoidZero ၏ unified JavaScript toolchain ဖွံ့ဖြိုးတိုးတက်မှုများ ပါဝင်ပါတယ်။ Vite 6 မှ အဆင့်မြှင့်တင်မှုသည် ဖယ်ရှားပစ်လိုက်သော feature များနှင့်အတူ ချောမွေ့စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Python Lesson-10 | Logical Operators - AND, OR, NOT အသုံးပြုနည်း! ဒီ Video သင်ခန်းစာမှာတော့ Python Programming မှာ Logical Op
Python Lesson-10 | Logical Operators - AND, OR, NOT အသုံးပြုနည်း! ဒီ Video သင်ခန်းစာမှာတော့ Python Programming မှာ Logical Operators (and, or, not) တွေကို ဘယ်လိုအသုံးပြုပြီး Complex Conditions တွေရေးသားရမလဲဆိုတာ လက်တွေ့ဥပမာများနဲ့ ရှင်းပြပေးထားပါတယ်! ▶️ YouTube Video Link ✨ အဓိက သင်ယူရမည့်အချက်များ: ✅ and, or, not Operators အလုပ်လုပ်ပုံ ✅ Login System တစ်ခုဖန်တီးနည်း ✅ Real World Example များ ✅ Complex Conditions တွေရေးသားနည်း တို့ကိုရှင်းပြထားပေးပါတယ်ဗျ 📂 Source Code + Note ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇 🔗 Source Code File 🔗 Note #Python #Programming #LogicalOperators #MyanmarCoding #LearnToCode #CodingTutorial #ProgrammingLogic #TechEducation #PythonBasics