3 469
Suscriptores
-124 horas
+67 días
-7430 días
Archivo de publicaciones
3 468
Run To The West (2025)
မိခင်ရဲ့ ဈာပနပွဲအတွက် နိုင်ငံခြားကနေ ပြန်လာရင်း လူမိုက်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့ လောင်းကစားဆိုဒ်သူဌေး ဂျယ်ဘုမ်းကို ဈာပနပွဲမှာ ရောက်ရှိနေတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဘလက်အေးဂျင့် အီဂျောင်ဝန်း၊ရုပ်သံဌာန ပီဒီ ဂင်ဆော့ထယ်၊ ရဲအရာရှိ ဂျိုမင်ယောင်း၊မင်းသမီး ဘန်ဆောအာတို့ လေးဦးက ကယ်တင်ဖို့ ကြိုးစားရင်းကနေ ယာဉ်တိုက်မှုဖြစ်သွားခဲ့ပါတယ်။အဲဒီလိုကနေ သူတို့တွေက လူတစ်ယောက် သေဆုံးသွားတဲ့အခါ နောက်ဘဝမကူးခင် ခဏတာ လှည့်လည်ရှင်သန်ရတဲ့ ကြားလောကထဲမှာ ပိတ်မိသွားပြီး ဝိညာဉ်တွေကို လိုက်လံဖမ်းဆီးနေတဲ့သေမင်းတမန်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ကြရတဲ့အခါမှာတော့ရှင်လူလည်းမဟုတ် သေလူလည်းမဟုတ်တဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ဖို့ သူတို့တွေ ဘယ်လိုမျိုး အသက်လုရုန်းကန်သွားကြမှာလဲ
Movie Link
https://t.me/twoxlentertainmentofficial/10763
3 468
Unwelcome (2023)
လန်ဒန်မြို့ပြရဲ့ ရာဇဝတ်မှုဘေးကနေ လွတ်မြောက်ဖို့နဲ့ အေးချမ်းတဲ့ဘဝသစ်တစ်ခု စတင်ဖို့အတွက်ကိုယ်ဝန်ဆောင်ဇနီးသည် Maya နဲ့ ခင်ပွန်းဖြစ်သူ Jamie တို့စုံတွဲဟာ အိုင်ယာလန်တောရွာလေးကကွယ်လွန်သူဦးလေးဖြစ်သူ ပေးခဲ့တဲ့ အိမ်ဟောင်းကြီးဆီကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီရွာကလေးရဲ့ အိမ်နောက်ဖေး တောနက်ကြီးထဲမှာ ရှေးဟောင်းဒဏ္ဍာရီလာ သွေးဆာတတ်တဲ့ လူပုနတ်ဆိုးလေးတွေ ဖြစ်ကြတဲ့ "Redcaps" (ခေါ်) "Far Darrig" တစ္ဆေကောင်တွေ ရှိနေခဲ့ပါတယ်။ သူတို့အိမ်နဲ့ တောအုပ်ကြားက မှော်တံခါးဝမှာ ညတိုင်း သွေးစိမ်းရှင်ရှင် ယဇ်ပူဇော်ရမယ့် စည်းကမ်းကို Maya တို့ သတိမထားမိဘဲ ချိုးဖောက်မိလိုက်တဲ့အခါတစ်ဖက်မှာလည်း အိမ်ပြင်ဆင်ဖို့ ငှားရမ်းထားတဲ့ ဒေသခံလူကြမ်းမိသားစုရဲ့ ရန်ပြုမှုကို ခံရပြန်တာကြောင့် Maya ဟာ အသက်ဘေးကနေ လွတ်မြောက်ဖို့အတွက် တောနက်ထဲက နတ်ဆိုးတွေကို အကူအညီတောင်းရာကနေ တားမနိုင်ဆီးမရ သွေးချောင်းစီးပွဲကြီး ဖြစ်ပွားပါတော့တယ်
Movie Link
https://t.me/twoxlentertainmentofficial/10762
3 468
Across The Furious Sea (2023)
ပင်လယ်ပြင်မှာ ငါးဖမ်းရင်း သမီးဖြစ်သူ Jina ကို ဂျပန်မှာ ပညာသင်နိုင်အောင် ခက်ခက်ခဲခဲ ထောက်ပံ့ပေးခဲ့တဲ့ ဖခင်ဖြစ်သူ Lao Guaiဟာ တစ်ရက်မှာတော့ သမီးဖြစ်သူ ဓားဒဏ်ရာ ၁၇ ချက်နဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းဆိုးကြီးကို ကြားသိလိုက်ရပါတယ်။ တရားခံလို့ ယူဆရသူကတော့ Jina ရဲ့ ချစ်သူကောင်လေး Li Naicha ဖြစ်ပြီး သူဟာ တရုတ်နိုင်ငံဆီကို ချက်ချင်းထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ သမီးအတွက် တရားမျှတမှု ရှာဖွေဖို့နဲ့ ကလဲ့စားချေဖို့အတွက် Lao Guai ဟာ ဒေါသတကြီးနဲ့ တရုတ်ပြည်အထိ လိုက်လံမဲဆန်းပါတော့တယ်။ဒါပေမဲ့ တရားခံကောင်လေးရဲ့နောက်ကွယ်မှာ အာဏာရှိပြီး သားဖြစ်သူကို ဘာမဆိုကာကွယ်ပေးမယ့် မိခင်ဖြစ်သူ Jing Lan ရှိနေတဲ့အခါမှာတော့ မိဘနှစ်ဦးကြားက သည်းထိတ်ရင်ဖို လိုက်တမ်းငါးဖမ်းပွဲကြီး စတင်ပါတော့တယ်
Movie Link
https://t.me/twoxlentertainmentofficial/10749
3 468
The Northman (2022)
အေဒီ ၁၀ ရာစု အစောပိုင်းကာလမှာဗိုက်ကင်းမင်းသားလေး Amleth ဟာ သူ့ရဲ့ဖခင်ဖြစ်သူ ဘုရင်ကြီးကို အရိုက်အရာလုချင်တဲ့ ဦးလေးဖြစ်သူ Fjölnir က ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ပြီး မိခင်ဖြစ်သူ မိဖုရားကြီးကို ဖမ်းဆီးခေါ်ဆောင်သွားတာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ အသက်ဘေးကနေ သီသီလေးလွတ်မြောက်ခဲ့တဲ့ Amleth ဟာ "ငါ ဖခင်အတွက် ကလဲ့စားချေမယ်၊ မိခင်ကို ကယ်တင်မယ်၊ Fjölnir ကို သတ်မယ်" ဆိုတဲ့ ကျိန်ဆိုချက်နဲ့အတူဆယ်စုနှစ်တစ်ခုကျော်ကြာအောင် သွေးဆာနေတဲ့ ဗိုက်ကင်းစစ်သည်တော်ကြီးတစ်ဦးအဖြစ်အရွယ်ရောက်လာခဲ့ပါတယ်။သူဟာ ကလဲ့စားချေဖို့အတွက် ကျွန်တစ်ယောက်အသွင်နဲ့ ဦးလေးဖြစ်သူ ခြေပုန်းခုတ်ပုန်းအောင်းနေတဲ့ အိုက်စလန်ကျွန်းဆီကို လျှို့ဝှက်ဦးတည်လာခဲ့ပါတော့တယ်။အဲဒီမှာ ဆန်းကြယ်တဲ့ စုန်းမလေး Olga ရဲ့ အကူအညီနဲ့အတူ Amleth ဟာ လူသားဆန်မှုနဲ့ နတ်ဆိုးဆန်တဲ့ ကလဲ့စားချေလိုစိတ်ကြား ရုန်းကန်ရင်း၊ သွေးစွန်းတဲ့ တိုက်ပွဲတွေကို ဆင်နွှဲရပါတော့တယ်
Movie Link
https://t.me/twoxlentertainmentofficial/10746
3 468
Dark Night (2026)
တစ်ဦးနဲ့တစ်ဦး ရင်းနှီးကျွမ်းဝင်သွားခဲ့ကြပါတယ်။အဲဒီလိုကနေ သူတို့နှစ်ဦးကြားက သံယောဇဉ်ဟာတဖြည်းဖြည်း နက်ရှိုင်းလာခဲ့တော့တာပေါ့။ ဒါပေမဲ့ Hema ကအိမ်ထောင်သည်တစ်ဦး ဖြစ်နေသလို သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ သဘာဝလွန်အငွေ့အသက်တွေ စတင်ဖြစ်ပေါ်လာတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်မှာလဲ
Movie Link
https://t.me/twoxlentertainmentofficial/10745
3 468
Evil Dead Movies Collection
The Evil Dead (1981)
Evil Dead II (1987)
Army Of Darkness (1992)
Evil Dead (2013)
Evil Dead Rise (2023)
3 468
The Killer Of Swordsmen (2025)
သိုင်းလောကကိုတုန်လှုပ်စေခဲ့တဲ့ "သွေးအေးဓားသမား" ဟန်ယွဲ့ရန်ဟာ ထမင်းတစ်နပ်ရဲ့ကျေးဇူးကိုဆပ်ဖို့အတွက်ဖူဟန်မြို့ကို ပြန်လာခဲ့တဲ့အချိန်မှာ ဖူဟန်မြို့ဟာ အာဏာရှင်လူဆိုးတွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုကို ခံနေရပါတယ်။ဟန်ယွဲ့ရန်ဟာ သူတို့ကိုကူညီဖို့ ဆုံးဖြတ်လိုက်ပေမယ့် လူသားတွေရဲ့ အားနည်းမှုနဲ့ ကြောက်ရွံ့မှုတွေက အကြမ်းဖက်မှုထက်ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ မန်ထော်လော်နဲ့ သူ့ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးက အဆိပ်လူးထားတဲ့ဓားလို သူ့နှလုံးသားကို ထိုးစိုက်နေပြီး ချစ်ခြင်းမေတ္တာနဲ့ သစ္စာဖောက်မှုကြားမှာ သူဟာ စုတ်ပြဲနာကျင်စွာ ရုန်းကန်နေခဲ့ရပါတယ်။အားနည်းတဲ့ ရပ်သူရွာသားတွေက အသက်ရှင်ဖို့အတွက် သူ့ကို သေပေးဖို့ တောင်းဆိုလာတဲ့အခါကိုယ်နဲ့ စိတ်ချင်းတူ အတွေးတူတယ်လို့ ထင်ထားသူက ကိုယ့်ကိုရန်ငြိုးထားပြီး ကလဲ့စားချေဖို့ကြံရွယ်လာတဲ့အခါအမူးသူရဲကောင်းဟာ ဘယ်လိုရွေးချယ်လိမ့်မလဲ
Movie Link
https://t.me/twoxlentertainmentofficial/10721
3 468
Samson (2018)
ဘုရားသခင်ရဲ့ ရွေးကောက်ခြင်းခံရပြီး ထူးခြားဆန်းပြားတဲ့လူစွမ်းကောင်းခွန်အားတွေကိုပိုင်ဆိုင်ထားတဲ့ ဟေဗြဲလူမျိုး Samson ဟာ ဖိနှိပ်ချုပ်ချယ်မှုအောက်က မိမိရဲ့လူမျိုးစုကို ကယ်တင်ဖို့အတွက် ကံကြမ္မာက သတ်မှတ်ပေးထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ပုဂ္ဂိုလ်ရေးအရ အချစ်ရေးအလွဲအချော်တွေ၊စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေကြောင့် ရန်သူ ဖိလိတ္တိ(Philistine)လူမျိုးတွေရဲ့ ရက်စက်တဲ့ထောင်ချောက်ဆင် နှိပ်စက်ခြင်းကို ခံရပြီး အကျဉ်းကျခံခဲ့ရပါတယ်။ရန်သူတွေဟာ Samson ရဲ့ ခွန်အားလျှို့ဝှက်ချက်ကို သိရှိဖို့အတွက် လှပပြီး ကောက်ကျစ်တဲ့ Delilah ကိုစေလွှတ်ကာ ဖြားယောင်းသွေးဆောင်ပြီးနောက်သူ့ရဲ့ ဆံပင်တွေကို ညှပ်ပစ်ကာ မျက်စိနှစ်ကွင်းကိုပါ ဖောက်ထုတ်ပစ်ခဲ့ကြပါတယ်။မျက်စိကွယ်ပြီး ခွန်အားတွေ ဆုံးရှုံးသွားရတဲ့ Samson ဟာအကျဉ်းထောင်ထဲမှာ ဘုရားသခင်ထံ စိတ်နှိမ့်ချစွာနဲ့ နောက်ဆုံးတစ်ကြိမ် ခွန်အားပြန်လည်ပေးသနားဖို့ အသနားခံ တောင်းခံခဲ့ပါတယ်
Movie Link
https://t.me/twoxlentertainmentofficial/10719
3 468
Death Wish Movies Collection
Death Wish (1974)
Death Wish II (1982)
Death Wish 3 (1985)
Death Wish 4: The Crackdown (1987)
Death Wish V: The Face Of Death (1994)
Remark Version
Death Wish (2018)
3 468
Spider-Noir (2026)
၁၉၃၀ ပြည့်လွန်နှစ်များ Great Depression ကာလ ရဲ့ မီးခိုးမှိုင်းညို့ပြီး ရာဇဝတ်မှုတွေ ထူပြောလှတဲ့ နယူးယောက်မြို့တော်ကို နောက်ခံထားပါတယ်။ သက်ကြီးပိုင်းအရွယ်ရောက်နေပြီဖြစ်တဲ့ ပုဂ္ဂလိက စုံထောက် Spider-Man Noirဟာ အတိတ်က ကမ္ဘာကို ကယ်တင်ခဲ့တဲ့ စွမ်းအားရှင် စူပါဟီးရိုးဘဝကို စွန့်လွှတ်ပြီး၊ မြို့ပြရဲ့ မှောင်ခိုလောက၊ လောင်းကစားဝိုင်းတွေနဲ့ လူသတ်မှုတွေကို လိုက်လံစုံစမ်းရင်း အထီးကျန်စွာ ရှင်သန်နေသူ ဖြစ်ပါတယ်။စုံထောက်ကြီး Noir ဟာ မြို့ထဲက ထူးဆန်းတဲ့ လူသတ်မှုတစ်ခုကို လိုက်လံစုံစမ်းရာကနေမြို့ပြရဲ့ အာဏာရှိနိုင်ငံရေးသမားတွေ၊ ဂိုဏ်းစတားတွေ ကန့်လန့်ကာနောက်ကွယ်ကနေ ကြိုးကိုင်ထားတဲ့ ကြီးမားတဲ့ ရာဇဝတ်မှု ကွန်ရက်ကြီးတစ်ခုထဲကို မမျှော်လင့်ဘဲ တိုးဝင်မိသွားပါတော့တယ်
Series Link
https://t.me/twoxlentertainmentofficial/10673
3 468
Salmokji: Whispering Water (2026)
ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခုဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံ ကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည် ရိုက်ကူးလာဖို့လည်း မဖြစ်မနေ လိုအပ်နေတာကြောင့် On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီ ရေလှောင်ကန်ဆီ ဦးတည် ထွက်ခွာလာခဲ့ရာမှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့လူကို အရမ်း ဖမ်းစားတတ်တယ်ဆိုတဲ့ ရေသရဲရှိနေတဲ့ နေရာကိုမှ ခြေချမိသွားကြတဲ့ ဆူအင်းတို့အဖွဲ့ကတကယ်ပဲ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ အပြီးသတ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား
Movie Link
https://t.me/twoxlentertainmentofficial/10668
3 468
World War Z (2013)
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအရာရှိဟောင်း Gerry Lane ဟာ သူ့ရဲ့ဇနီးနဲ့ သမီးနှစ်ယောက်နဲ့အတူ သာမန်မိသားစုဘဝလေးအတိုင်း ဖြတ်သန်းနေစဉ်မှာပဲတစ်ကမ္ဘာလုံးမှာ လူတွေကို စက္ကန့်ပိုင်းအတွင်း သွေးဆာတဲ့ သတ္တဝါတွေအဖြစ် ပြောင်းလဲသွားစေတဲ့ ဆန်းကြယ်တဲ့ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ရောဂါကြီး ရုတ်တရက် အုန်းအုန်းကျက်ကျက် စတင်ပေါက်ကွဲပါတော့တယ်။မြို့ကြီးတွေ စုတ်ပြတ်ပျက်စီးပြီး ကမ္ဘာပျက်မတတ် ဖြစ်နေတဲ့ အခြေအနေဆိုးကြီးထဲမှာ Gerry ဟာ မိသားစုရဲ့ ဘေးကင်းလုံခြုံမှုကို ရယူဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဆီ ပြန်လည်ပူးပေါင်းပြီး ဗိုင်းရပ်စ်ရဲ့ မြစ်ဖျားခံရာ လမ်းစနဲ့ ကာကွယ်ဆေးကို ရှာဖွေဖို့ ကမ္ဘာပတ်ပြီး စွန့်စားရပါတော့တယ်။ သူဟာ တောင်ကိုရီးယား၊ အစ္စရေး တံတိုင်းကြီးနဲ့ ဝေလပြည်နယ်က သုတေသနဓာတ်ခွဲခန်းတွေအထိ သေမင်းနဲ့ လက်တစ်ကမ်းအကွာကနေ ကူးစက်မှုရဲ့ လျှို့ဝှက်ချက်ကို လိုက်လံဖော်ထုတ်ခဲ့ပါတယ်
Movie Link
https://t.me/twoxlentertainmentofficial/10667
3 468
#Alive (2020)
ဂိမ်းဆော့ရတာကို ဝါသနာပါတဲ့အလုပ်လက်မဲ့လူငယ် Oh Joon-woo တစ်ယောက် အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့ရက်မှာပဲဆိုးလ်မြို့တော်မှာ လူတွေကို ရူးသွပ်ပြီး ကိုက်ဖြတ်စားသောက်စေတဲ့ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ရောဂါကြီး ရုတ်တရက် ပေါက်ကွဲပါတော့တယ်။ သူတို့တိုက်ခန်းဝန်းတစ်ခုလုံး ဇွန်ဘီအုပ်ကြီးနဲ့ ပြည့်နှက်သွားပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်ကာ Joon-woo တစ်ယောက် အခန်းထဲမှာတင် ပိတ်မိနေခဲ့တယ်။ရိက္ခာတွေ ကုန်ခမ်းလာပြီး အထီးကျန်မှုဒဏ်ကြောင့် မျှော်လင့်ချက်ကုန်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားတဲ့အချိန်မှာပဲမျက်နှာချင်းဆိုင်တိုက်ခန်းက အသက်ရှင်ကျန်ရစ်သူ မိန်းကလေး Kim Yu-bin ကို မထင်မှတ်ဘဲ တွေ့ရှိသွားပါတယ်။ ပင်ကိုယ်စရိုက်မတူတဲ့ ထိုလူငယ်နှစ်ဦးဟာ အဝေးကြည့်မှန်ပြောင်း၊ ကြိုးနဲ့ ဒရုန်းတွေကို သုံးပြီး စားစရာတွေဝေမျှရင်း ရှင်သန်ဖို့ အပြန်အလှန် အားပေးခဲ့ကြတယ်။ဒါပေမဲ့ ဇွန်ဘီအုပ်ကြီးက သူတို့ရှိရာ တိုက်ခန်းတွေဆီ တိုးဝှက်တက်လာတဲ့အခါမှာတော့အခန်းအပြင်ဘက်ကို ထွက်ပြီး လွတ်မြောက်ရာလမ်းစဆီ ရောက်အောင် အတူတူလက်တွဲကာ ဘယ်လိုအသက်လု ရုန်းကန်တိုက်ခိုက်ကြမလဲ
Movie Link
https://t.me/twoxlentertainmentofficial/10660
3 468
Gangnam Zombie (2023)
ကိုရီးယားလက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားဟောင်း Hyun-seokဟာ ဂန်းနမ်က အလှကုန်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေပြီးလုပ်ဖော်ကိုင်ဖက်မလေး Min-jungကို စိတ်ဝင်စားနေသူပါ။ တစ်ရက်မှာတော့ ကြောင်တစ်ကောင်ဆီကနေ ကူးစက်လာတဲ့ ဆန်းကြယ်တဲ့ သွေးဆာဇွန်ဘီဗိုင်းရပ်စ်ဟာ ဂန်းနမ်က လူတွေဆီ အလျင်အမြန် ပြန့်ပွားသွားပါတော့တယ်။မကြာခင်မှာပဲ ဗိုင်းရပ်စ်ဟာ သူတို့အလုပ်လုပ်ရာ အထပ်မြင့်ရုံးအဆောက်အအုံကြီးတစ်ခုလုံးကို ကူးစက်ပိတ်ဆို့သွားပါတယ်။ အပြင်က ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး အဆောက်အအုံထဲမှာ ဇွန်ဘီအုပ်ကြီးနဲ့အတူ ပိတ်မိနေတဲ့ Hyun-seok နဲ့ Min-jung တို့ဟာမိမိတို့ရဲ့တိုက်ခိုက်ရေးပညာတွေကို အသုံးချပြီး သွေးဆာနေတဲ့ ဇွန်ဘီတွေကြားထဲကနေ အထပ်မြင့်အဆောက်အအုံအောက်ကို ဆင်းကာ အသက်လွတ်အောင် ရုန်းကန်တိုက်ခိုက်ကြရပါတော့တယ်
Movie Link
https://t.me/twoxlentertainmentofficial/10650
3 468
Blue Streak (1999)
Miles Loganဟာ ဒေါ်လာသန်း၂၀ တန်စိန်ပွင့်ကြီးတစ်ပွင့်ကိုအောင်မြင်စွာ ခိုးယူနိုင်ခဲ့ပေမဲ့ အဖော်ဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့်ရဲတွေဝိုင်းထားခြင်းခံလိုက်ရပါတယ်။သူ မဖမ်းခံရခင် စက္ကန့်ပိုင်းအလိုမှာပဲအနီးအနားက ဆောက်လက်စအဆောက်အအုံတစ်ခုရဲ့လေဝင်လေထွက်ပြွန်ထဲမှာ စိန်ပွင့်ကြီးကိုလျှို့ဝှက်ဝှက်ထားခဲ့ပြီး ထောင် ၂ နှစ် ကျသွားခဲ့ပါတယ်။ထောင်ကလွတ်လာပြီးစိန်ပွင့်သွားပြန်ယူတဲ့အခါမှာတော့သူဝှက်ခဲ့တဲ့ ဆောက်လက်စအဆောက်အအုံဟာ အခုဆိုရင် လုံခြုံရေးအင်မတန်တင်းကျပ်တဲ့ လော့စ်အိန်ဂျလိစ် ရဲစခန်းအသစ်ကြီးမှန်းသိလိုက်ရပါတယ်။Milesဟာရဲစခန်းထဲက စိန်ပွင့်ကို ပြန်ခိုးဖို့အတွက် လိုင်စင်အတုနဲ့ Det.Malone ဆိုပြီးနယ်ပြောင်းရဲအရာရှိအဖြစ်ဟန်ဆောင်ကာစခန်းထဲကိုဝင်လိုက်ပါတော့တယ်။ဒါပေမဲ့သူခိုးအသိဉာဏ်ရှိတဲ့ Milesဟာမထင်မှတ်ဘဲလူဆိုးဖမ်းရာမှာသရုပ်ဆောင်လွန်းလို့ ရဲအရာရှိအသစ်လေး Lucasနဲ့တွဲပြီးလုယက်မှုနှိမ်နင်းရေးဌာနရဲ့အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရပါတယ်။ Milesတစ်ယောက်သူ့စိန်ပွင့်ကို လူမရိပ်မိအောင် လိုက်ရှာရင်း၊ တစ်ဖက်ကလည်းရဲအစစ်လို ဟန်ဆောင်ပြီး အမှုတွေ လိုက်ဖြေရှင်းရပါတော့တယ်
Movie Link
https://t.me/twoxlentertainmentofficial/10649
3 468
Yummy (2019)
ကောင်မလေး Alison ဟာ ရင်သားလျှော့ချတဲ့ ခွဲစိတ်မှုလုပ်ဖို့အတွက် ခင်ပွန်းလောင်း Michael၊ မိခင်ဖြစ်သူတို့နဲ့အတူ အရှေ့ဥရောပက တရားမဝင် လျှို့ဝှက်အလှပြင်ဆေးရုံတစ်ခုဆီ ရောက်လာခဲ့ပါတယ်။ဆေးရုံရောက်လို့ မိုက်ကယ်တစ်ယောက် လျှောက်သွားရင်းနဲ့ ကုတင်တစ်ခုမှာ ချည်နှောင်ခံထားရပြီး ပါးစပ်ပိတ်ထားတဲ့ အမျိုးသမီးတစ်ဦးကိုမတော်တဆ တွေ့ရှိသွားပါတယ်။ မိုက်ကယ်က သနားပြီး ကယ်တင်ဖို့ ကြိုးစားရာကနေ အဲဒီအမျိုးသမီးဟာ ဆေးရုံရဲ့ လျှို့ဝှက်ဗိုင်းရပ်စ်စမ်းသပ်မှုကြောင့် ဇွန်ဘီဖြစ်နေမှန်း သိလိုက်ရပြီး၊ သူမဆီကနေ ဗိုင်းရပ်စ်ဟာ ဆေးရုံတစ်ခုလုံးကို အချိန်တိုအတွင်း ကူးစက်ပြန့်ပွားသွားပါတော့တယ်။ခွဲစိတ်ကုတင်ပေါ် ရောက်ခါနီး Alison အပါအဝင် မိုက်ကယ်နဲ့ ဆေးရုံဝန်ထမ်းအချို့ဟာသွေးဆာနေတဲ့ ဇွန်ဘီအုပ်ကြီးကြားထဲကနေ လမ်းကြောင်းစုံက ပိတ်ဆို့နေတဲ့ ဆေးရုံအဆောက်အအုံကြီးထဲကနေ အသက်ရှင်လွှတ်မြောက်အောင် ကြိုးစားရပါတော့တယ်
Movie Link
https://t.me/twoxlentertainmentofficial/10642
3 468
The Green Mile (1999)
တစ်ရက်မှာတော့ မိန်းကလေးငယ်နှစ်ဦးကို သတ်မှုနဲ့ သေဒဏ်ကျလာတဲ့ John Coffey ဆိုတဲ့ ဧရာမလူမည်းကြီး ရောက်ရှိလာခဲ့တယ်။ သူဟာ ခန္ဓာကိုယ်ကြီးမားပေမဲ့ ကလေးတစ်ယောက်လို ရိုးအေးပြီး အမှောင်ကြောက်တတ်တဲ့ စိတ်ထားရှိသူပါ။မကြာခင်မှာပဲ Paul နဲ့ ထောင်စောင့်တွေဟာ John Coffey ဆီမှာ နာကျင်မှုတွေကို စုပ်ယူကုသပေးနိုင်တဲ့ သဘာဝလွန် မှော်စွမ်းအား ရှိနေမှန်း သိလိုက်ရပါတယ်။ John ဟာ Paul ရဲ့ ဆီးလမ်းကြောင်းရောဂါကို ကုသပေးခဲ့သလို၊ ထောင်ပိုင်ကြီးရဲ့ ကင်ဆာဝေဒနာသည် ဇနီးသည်ကိုလည်း အသက်ကယ်တင်ပေးခဲ့ပါတယ်။ဒါတွေကြောင့် John ဟာ အပြစ်မဲ့သူဖြစ်မှန်း Paul တို့ ရိပ်မိသွားတဲ့အခါတရားဥပဒေစနစ်ရဲ့ ရက်စက်မှု၊ ကိုယ်ကျင့်တရားနဲ့ John Coffey ရဲ့ ဝမ်းနည်းစရာ ကံကြမ္မာတို့ကြားမှာ ဘယ်လိုနှလုံးသားတိုက်ပွဲတွေ ဆက်ဖြစ်မလဲ
Movie Link
https://t.me/twoxlentertainmentofficial/10635
3 468
Unfriended: Dark Web (2018)
ကောင်လေးMatias ဟာ ကော်ဖီဆိုင်တစ်ခုကနေ ပိုင်ရှင်မဲ့ Laptop တစ်လုံးကို ခိုးယူလာခဲ့ပါတယ်။ သူဟာရည်းစားဖြစ်သူ၊ သူငယ်ချင်းတွေနဲ့ Skype မှာ Group Call ခေါ်ပြီးစကားပြောရင်းအဲဒီ Laptop ထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက် File တွေကို မတော်တဆဖွင့်မိသွားပါတယ်။ အဲဒီ File တွေထဲမှာ အမျိုးသမီးတွေကို ရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းထားတဲ့ တကယ့် Real-life ဗီဒီယိုတွေ ရှိနေတာကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရပါတယ်။မကြာခင်မှာပဲ အဲဒီ Laptop ရဲ့ တကယ့်ပိုင်ရှင်ဖြစ်တဲ့ Dark Web က လူသတ်ဂိုဏ်းခေါင်းဆောင်ဟာ Matias ရဲ့ Call ထဲကို ဟက်ကာ ဝင်ရောက်လာပါတော့တယ်။ အဲဒီနောက် Laptop ကို ချက်ချင်းပြန်မပေးရင်ဖြစ်စေ၊ ရဲတိုင်ရင်ဖြစ်စေ၊ Call ပိတ်လိုက်ရင်ဖြစ်စေ Matias ရဲ့ ရည်းစားနဲ့ သူငယ်ချင်းတွေကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာပါတယ်။Matias နဲ့ သူ့သူငယ်ချင်းတစ်စုဟာ Live Call ထဲမှာတင် Dark Web ဂိုဏ်းသားတွေရဲ့ ဉာဏ်ဆင် လိုက်လံသတ်ဖြတ်မှုကို Laptop Screen ရှေ့ကနေ ဘာမှလုပ်မရဘဲအလူးအလဲ ခံစားရင်း အသက်လွတ်အောင် ရုန်းကန်ကြရပါတော့တယ်
Movie Link
https://t.me/twoxlentertainmentofficial/10632
