es
Feedback
HM Movies

HM Movies

Ir al canal en Telegram

HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235

Mostrar más
7 311
Suscriptores
+1924 horas
+1497 días
+45530 días
Archivo de publicaciones
တစ်ချိန်တစ်ခါက EXO အဖွဲ့ထဲက အိုင်ဒေါလ် Lay ကတော့ သရုပ်ဆောင် Zhang Yi Xing အဖြစ်နဲ့ ကြိုးစားခဲ့တာ ဇာတ်ကားတွေ ရုပ်ရှင်တွေမနည်းပ
တစ်ချိန်တစ်ခါက EXO အဖွဲ့ထဲက အိုင်ဒေါလ် Lay ကတော့ သရုပ်ဆောင် Zhang Yi Xing အဖြစ်နဲ့ ကြိုးစားခဲ့တာ ဇာတ်ကားတွေ ရုပ်ရှင်တွေမနည်းပါဘူး... ဒီထဲမှာမှ ရုံတင်ကားဖြစ်ပြီး ရုံတစ်ခုလုံး မျက်ရည်မိုးကျအောင် လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်တဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... " အကြားအာရုံချို့တဲ့နေသူကို လူပင်လယ်ထဲ တန်းပြီး ခွဲခြားနိုင်တဲ့နည်းလမ်းကိုသိလား" သိချင်တယ်ဆို ဒီကားလေးကို ကြည့်ကြည့်လိုက်ပါ... မာတ ဆိုတဲ့ ကောင်လေးက မွေးရာပါ အကြားအာရုံချို့တဲ့သူဖြစ်ပြီး အကြားကိရိယာကို တပ်ဆင်တာတောင် နားမကြားနိုင်တဲ့အနေအထားမျိုးပါ... ဒါကြောင့်လည်း သာမန်လူတွေလိုမျိုး ပညာရေးကို ပြီးမြောက်အောင် သင်ကြားခွင့်မရခဲ့ပါဘူး... ဒါပေမယ့် သူချစ်ရတဲ့သမီးလေး မုမုကိုတော့ သူပေးနိုင်တဲ့ အကောင်းဆုံးပဲ ပေးဖို့ ကြိုးစားနေတဲ့ အဖေကောင်းတစ်ယောက်ပေါ့... ဒါပေမယ့်လည်း သမီးလေးကို ကျောင်းထားဖို့ကိစ္စ မစွမ်းဆောင်နိုင်သေးတာရယ်.. ကွာရှင်းထားတဲ့ မိန်းမကလည်း ငွေထုတ်ပိုက်ပြီး ပြန်လာနိုင်တာရယ်...

Gh*aj*i*ni (2008)

ကျိကျိတက် ချမ်းသာတဲ့ သူဌေးက သာမန်မိန်းကလေးတစ်ယောက်ကိုချစ်မိသွားသောအခါ... ➪➪➪➪➪➪➪➪➪➪➪➪➪➪ Singhania Group of Industries ရဲ့ပိုင
ကျိကျိတက် ချမ်းသာတဲ့ သူဌေးက သာမန်မိန်းကလေးတစ်ယောက်ကိုချစ်မိသွားသောအခါ... ➪➪➪➪➪➪➪➪➪➪➪➪➪➪ Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝြပီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့မှာတော့ Gh*aj*i*ni လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။ အဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။ ဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Gh*aj*i*ni လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Baj*ra*ngi Bh*ai*ja*an [2015]

မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲ
မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက  ရင်ထဲမှာတသသကျန်ရှိစေပါတယ်။ Rating ကလည်း 8.2 ရရှိထားပြီးအိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေဒုတိယဖြစ်ထားတာကြောင့် လက်မလွတ်သင့်လှတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာတော့ပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေသည်။ ထိုအချိန်၌ပဝန်သတိထားမိသည်ကသူ့အားစိုက်ကြည့်နေသော၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာကရုဏာသက်မိရင်းကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့သည်။ ဒီလိုနဲ့နာမည်လည်းမေးမရစကားလည်းမပြောတတ်သောကလေးအားထားမရစ်နိုင်သည့်အဆုံးပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့တော့သည်။ ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိသူ့မိဘလည်းမသိပေမဲ့စိတ်ထားဖြူစင်မှုအရင်းခံနဲ့ကလေးမလေးကိုသူ့မိဘဆီပြန်ပို့နိုင်ရန်ဆုံးဖြတ်ထားခဲ့သည်။ ကလေးမလေးကိုတော့မူနီလို့အမည်မှည့်ပေးခဲ့သည်။ တစ်နေ့မှာတော့ဖန်သားပြင်ထက်ကခရစ်ကတ်ကစားပွဲမှာအိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေခဲ့ကြသည်အိန္ဒိယအမှတ်သာလျှင်မူနီလေးမှာမပျော်၍

Damsel (2024)

နဂါးရှိတဲ့တွင်းထဲကို ပစ်ချခံလိုက်ရတဲ့ မိန်းကလေး ➪➪➪➪➪➪➪➪➪➪➪➪➪➪ မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီးအငတ်
နဂါးရှိတဲ့တွင်းထဲကို ပစ်ချခံလိုက်ရတဲ့ မိန်းကလေး ➪➪➪➪➪➪➪➪➪➪➪➪➪➪ မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီးအငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေအလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်းသဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အော်ရီရာ တိုင်းပြည်ကဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲအန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ…

" Home Sweet Home Rebirth " (2025) 720P

ဒီနေ့မှာတော့ ထိုင်းမင်းသမီးချောလေး Yaya ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ Supernatural horror
ဒီနေ့မှာတော့ ထိုင်းမင်းသမီးချောလေး Yaya ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ Supernatural horror Film တစ်ပုဒ်ကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင် ဒီဇာတ်ကားလေးကိုတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Home Sweet Home ဆိုတဲ့ ထိုင်းဗီဒီရိုဂိမ်းတစ်ခုကို အခြေခံပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ် ဂျိတ် နဲ့ ပရန် ဟာ ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူတူ နိုင်ငံခြားကနေ ထိုင်းနိုင်ငံမှာရှိတဲ့ ပရန်ရဲ့အမေဆီကို အလည်ပြန်လာခဲ့ကြတယ် ပရန်ရဲ့အမေဆီကိုသွားရင်း ဈေးဝယ်စင်တာတစ်ခုမှာ လက်ဆောင်ဝင်ဝယ်တဲ့အချိန် မက် လို့ခေါ်တဲ့ သေနတ်သမားဟာ ဈေးဝယ်စင်တာထဲကလူတွေကို အကြောင်းမဲ့ပစ်ခတ်နေတဲ့အတွက် ဆားဂျင့် ဂျိတ် ဟာ မက် ကို အသေပစ်ခတ်ဖမ်းဆီးလိုက်ရင်းနဲ့ မထင်မှတ်ပဲ ငရဲတံခါးပွင့်သွားတဲ့အခါ... မြို့သူမြို့သားတွေဟာ မကောင်းဆိုးဝါးတွေရဲ့လွှမ်းမိုးမှုကိုခံရပြီး မြို့ပျက်ကြီးဖြစ်လာတဲ့အခါ

Hercules (2014)

Hercules (2014) မြန်မာစာတန်းထိုး ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ
Hercules (2014) မြန်မာစာတန်းထိုး ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်။ တကယ်လည်း Hercules က ဒီသတ္တဝါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က အမြဲလိုက်နေတဲ့ မိတ်ဆွေတွေရှိပြီး သူတို့အဖွဲ့က နှိမ်နင်းခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားက Hercules ကို ပုံပြင်တွေထဲကလို စွမ်းအားရှင်၊ အဖြစ် ပုံမပေါ်ထားဘဲ၊ သာမန်လူတစ်ယောက် ကနေ၊ သာမန်လူတွေထက် အင်အားပိုသန်သလို၊ နည်းပရိယာယ်ကြွယ်ဝတဲ့ လူစွမ်းကောင်း တစ်ယောက်အဖြစ် သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။

Metamorphosis (2019)

တစ်မိသားစုလုံး အိမ်အသစ်ပြောင်းလာပီး ထူဆန်းထိတ်လန့်စရာတွေဆက်တိုက်ဖြစ်လာသောအခါ Metamorphosis (2019) နတ်ဆိုးနှင်တဲ့ကားပါပဲ ဒါပေမ
တစ်မိသားစုလုံး အိမ်အသစ်ပြောင်းလာပီး ထူဆန်းထိတ်လန့်စရာတွေဆက်တိုက်ဖြစ်လာသောအခါ
Metamorphosis (2019) နတ်ဆိုးနှင်တဲ့ကားပါပဲ ဒါပေမယ့် ရိုက်တာပီပြင်လွန်းလို့ ကိုယ်ပါအဲ့နားရောက်နေသလိုပါပဲထမင်းစားနေတုန်းတော့ မကြည့်ပါနဲ့ သွေးအလိမ်းလိမ်းနဲ့ တကယ်ဖြစ်နေသလိုကြီးကိုပီပီပြင်ပြင်ရိုက်ထားတာမို့လို့ပါခရစ်ယာန်နတ်ဆိုးနှင်တဲ့ဘုန်းကြီးတစ်ယောက်ရဲ့အလုပ်ဟာ ဘ၀တစ်ခုလုံးပေးပြီးတော့ လုပ်ရတဲ့အလုပ်ပါဒီလိုမျိုးမှာကိုမှ ကိုယ့်မိသားစုထဲကိုပါ နတ်ဆိုးတစ်ကောင်က ရောက်လာရင်တော့ ဘယ်လိုစိတ်အခြေအနေနဲ့နှင်ရမှာပါလဲပြီးတော့ နာမည်နဲ့လိုက်အောင် ဒီကားထဲကနတ်ဆိုးက ရုပ်ပြောင်းရုပ်လွှဲနဲ့၀င်တာပါပြောရင်းနဲ့ စပွိုင်းမိမှာစိုးလို့ ဒီလောက်ပဲပြောလိုက်ပါတော့မယ်

Dilwale (2015)

Dilwale [2015] =========== ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး ကဂျိုး တို့ တကြော့ပြန် ပြန်လည်လက်တွဲထားတဲ့ ဇာတ်ကားပါ
Dilwale [2015] =========== ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး ကဂျိုး တို့ တကြော့ပြန် ပြန်လည်လက်တွဲထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းအကြောင်းမပြောခင်..ပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ဒီဇာတ်ကားမှာ ရှုခင်းနဲ့ ဆက်တင်ကိုအထူးဂရုပြုပြီး ဖျော်ဖြေရေးဆန်ဆန် အရောင်အသွေးစုံလင်အောင်ဖန်တီးထားတဲ့အကြောင်းပါ။ အရောင်အသွေးစုံခင်မှုအပိုင်းမှာ တစ်နေရာမှ မလစ်ဟင်းအောင် ဂရုပြုထားပြီး ပန်းချီကားတစ်ချပ်လို ဖန်တီးတင်ဆက်ထားတာ လှပလွန်းပါတယ်။ ဇာတ်လမ်းပုံစံကတော့ မိသားစုတွေရဲ့ ရန်ငြိုးကြောင့် ချစ်ရက်နဲ့ ကွဲကွာနေကြတဲ့ ချစ်သူနှစ်ဦး ကံကြမ္မာအလှည့်အပြောင်းတစ်ချိုးမှာ ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ………။ ဇာတ်လမ်းကို သွက်သွက်လက်လက်တစ်နည်း… လွမ်းလွမ်းဆွေးဆွေးတဖုံ…. ရယ်ရယ်မောမောတစ်သွယ်… ပုံစံမျိုးစုံ တင်ဆက်ရာမှာ သီချင်းတွေနဲ့ နောက်ခံ သံစဉ်တီးလုံးတွေက အတော်လေးလိုက်ဖက်ညီပြီး ဇာတ်လမ်းကို အကောင်းမွန်ဆုံးထောက်ပံ့ပေးသွားတာတွေ့ရပါတယ်။ ဖျော်ဖြေရေးဆန်လွန်းတဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်ကားကြာမြင့်ချိန်ကလဲ ၂ နာရီခွဲလောက်ရှိတဲ့အတွက် အေးအေးဆေးဆေး အနားယူ… အချိန်ယူ ခံစားကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။

Accident Man: Hitman's Holiday (2022)

Accident Man: Hitman's Holiday (2022) 2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက် ကား ထွက်လာပါပြီ။ ပထမကားကို မမှတ
Accident Man: Hitman's Holiday (2022) 2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက် ကား ထွက်လာပါပြီ။ ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူ တွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ ကိုမှ သူကကြေးစားလူသတ်သမား သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ် လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော် မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီး ထွက်လာခဲ့ပါပြီ။ သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာ ဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ် တယ်ပေါ့။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီး နောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာ သားကို ကာကွယ်ပေးဖို့ ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက် ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။ Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။

Ra*ma*iya Va*st*av*ai*ya [2013]

Ra*ma*iya Va*st*av*ai*ya [2013] တစ်နေ့ ညီမလုပ်သူရဲ့ သူငယ်ချင်း ညီမလုပ်သူ မင်္ဂလာပွဲတက်ဖို့ ဖိတ်တာကြောင့် အကိုလုပ်သူမှာ ညီမငယ်
Ra*ma*iya Va*st*av*ai*ya [2013] တစ်နေ့ ညီမလုပ်သူရဲ့ သူငယ်ချင်း ညီမလုပ်သူ မင်္ဂလာပွဲတက်ဖို့ ဖိတ်တာကြောင့် အကိုလုပ်သူမှာ ညီမငယ်ကို စိတ်မချဘဲ ထည့်လိုက်ရတာပေါ့ အဲဒီတုန်းက သူ ထည့်ပေးလိုက်တာ ခဏလို့ သူထင်ခဲ့ပေမယ့် ညီမငယ်ရဲ့ နှလုံးသားကို ခွဲဝေပေးရမယ့်သူနဲ့ တွေ့ခဲ့မယ်ဆိုတာ သူ မသိနိုင်ခဲ့... မင်္ဂလာပွဲမှာ သူငယ်ချင်းရဲ့အမျိုးမင်းသားလေး ရမ် ဟာ ချောမောလှပပြီး ရိုးသားအေးဆေးတဲ့ လယ်တောသူမလေး ဆိုနာကို အရူးအမူး စွဲလမ်းပါရောလား ဂုဏ်တွေငွေကြေးတွေမြင့်တဲ့ ရွှေမင်းသားရဲ့မိဘတွေကတော့ လုံးဝ သဘောမတူပါဘူး အဆင့်အတန်းမတူတဲ့ ရိုးသားဖြူစင်လှတဲ့တောင်သူလယ်သမား မောင်နှမနှစ်ယောက် ကို အရှက်လှလှ ခွဲခဲ့ပြီး မောင်နှမနှစ်ယောက် နာကြည်းစွာနဲ့ ပြန်လာခဲ့ပါတယ် အချစ်စစ်ကို လက်မလွှတ်နိုင်တဲ့ ရမ့် မှာတော့ သူချစ်တဲ့ မိဘတွေကော စည်းစိမ်ဥစ္စာတွေပါ စွန့်လွှတ်ထားခဲ့ပြီး သူချစ်မြတ်နိုးတဲ့ လယ်သူမိန်းကလေးဆီ အပြေးလာခဲ့ပါတော့တယ် အရှက်ခွဲခံလိုက်ရတဲ့ အကိုတစ်ယောက်ရဲ့ ဒေါသကြောင့် ချစ်သူနှစ်ဦး ဒုက္ခအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြတ်ကျော်ခဲ့လဲဆိုတာ အချစ်စစ်တို့သွားရာလမ်းမှာ အခက်အခဲအတားအဆီးတွေ များနေပေမယ့်လည်း နောက်ဆုံး တကယ်မေတ္တာမှန်ရင် မေတ္တာတရားသည်သာ အနိုင်ရစမြဲဆိုတာ ကြည့်ရှု့ရမှာပါ