HM Movies
Ir al canal en Telegram
7 131
Suscriptores
+2624 horas
+1177 días
+53030 días
Archivo de publicaciones
7 132
"တမလွန်ကမ္ဘာမှ ဝိဉာဉ်စောင့်အရှောက် သရဲကလေး"
========================
ဂူဒို ဆိုတဲ့ ဝိဉာဉ်စောင့်အရှောက် သရဲကလေးဟာ သေဆုံးပြီးကာစ ဝိဉာဉ်တွေကို တမလွန်မှာ ပြန်လည်မွေးဖွားနိုင်ဖို့ လမ်းပြပေးရသူပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကို လိုက်ရှာချင်နေတဲ့ ယူရီ ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပြီး တမလွန်မှာ အတူတူ လိုက်ရှာပေးရင်း သံယောဇဉ်ဖြစ်ကာ လူသားတွေရဲ့ ခံစားချက်ကို နားလည်လာခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ခမည်းတော် စစ်ပွဲမှာ ကွယ်လွန်သွားလို့ ပူဆွေးနေရတဲ့ ကျိန်စာသင့် မင်းသမီးလေး ဂိုရန် ထံ ဂူဒို ရောက်ရှိလာပြီး အဖြစ်မှန်ကို သိနိုင်ဖို့ အတိတ်ဆီ ခေါ်ဆောင်ပြသပေးခဲ့ပါတယ်။
7 132
"ဆင်းရဲသား အလုပ်သမားနှင့် ချမ်းသာတဲ့ အထက်တန်းစား မိန်းကလေးတို့ရဲ့ အချစ်ဇာတ်လမ်း"
========================
၁၉၄၀ ပြည့်လွန်နှစ်များအတွင်း ရိုးသားကြိုးစားတဲ့ သစ်စက်အလုပ်သမား လူငယ် Noah ဟာ ချမ်းသာတဲ့ မိသားစုမှ ဆင်းသက်လာသူ Allie ဆိုတဲ့ မိန်းကလေးနှင့် တွေ့ဆုံကာ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။
ဒါပေမဲ့ လူတန်းစား ကွဲပြားမှုတွေ၊ မိဘများရဲ့ တားဆီးမှုနှင့် ဒုတိယကမ္ဘာစစ်ကြီးကြောင့် သူတို့နှစ်ဦး ခွဲခွာခဲ့ကြရပါတယ်။ စစ်ပွဲအပြီး နှစ်ပေါင်းများစွာအကြာမှာ ပြန်လည်ဆုံစည်းမိကြပြီး အတိတ်က အချစ်ကို ပြန်လည်ဖော်ထုတ်ကြရမည်ဖြစ်ရာ... ရင်ထဲထိအောင် ရိုက်ကူးထားတဲ့ ဂန္ထဝင် Romantic Drama ရုပ်ရှင် ဖြစ်ပါတယ်။
========================
Channel အရင် join ရန်https://t.me/+HKwjTU9S7TYxNzI1
ဇာတ်ကားကြည့်ရန်လင့်https://t.me/c/3428549495/831
7 132
"ကြက်တစ်ပိုင်း ယုန်တစ်ပိုင်းသတ္တဝါလေးက ထီးနန်းလုမည့် ဦးလေးကိုတားဆီးသောအခါ"
========================
ဖြစ်တည်မှုကြောင့် အမြဲအလှောင်ခံရတဲ့ Chickenhare လေးရဲ့ အိပ်မက်ကတော့ သူ့ကိုမွေးစားထားတဲ့ ဘုရင်ကြီးပီတာလို နာမည်ကျော် စွန့်စားသူ ဖြစ်ဖို့ပါ။ တစ်နေ့မှာတော့ တိုင်းပြည်ရဲ့ ဒုစရိုက်ကောင်ဖြစ်တဲ့ သူ့ဦးလေး ထောင်ကလွတ်လာပြီး ထီးနန်းလုဖို့ ကြိုးစားပါတော့တယ်။
ဒါကြောင့် Chickenhare ဟာ လိပ်ကလေး Abe၊ ကိုယ်ခံပညာရှင် မက်ခ်တို့နဲ့အတူ ဦးလေးဖြစ်သူကို တားဆီးဖို့ အသက်စွန့်စွန့်စားစား ထွက်ခွာခဲ့ကြပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံနိုင်ဖို့ ပညာပေးထားတဲ့အပြင် ရယ်မောရင်း ဘဝအမောပြေစေမယ့် ဟာသ Animation ကားကောင်းလေးပဲ ဖြစ်ပါတယ်။
========================
7 132
"ကမ္ဘာကြီး ပျက်စီးတော့မှာကို သတိပေးသော်လည်း ဂရုမစိုက်ကြတဲ့ လူ့အဖွဲ့အစည်း"
========================
နက္ခတ္တဗေဒ ပညာရှင် နှစ်ဦးဟာ ကမ္ဘာမြေကို တိုက်ရိုက်ဝင်ဆောင့်ပြီး လူသားမျိုးနွယ် တစ်ခုလုံးကို ပျက်စီးစေနိုင်တဲ့ ဥက္ကာပျံကြီးတစ်စင်း ကမ္ဘာဆီ ဦးတည်လာနေတာကို စတင်တွေ့ရှိခဲ့ကြပါတယ်။
ဒီအန္တရာယ်ဆိုးကို သတိပေးဖို့ အစိုးရအဖွဲ့ထံ သွားရောက်ခဲ့ပေမဲ့ နိုင်ငံရေး အမြတ်ထုတ်မှုတွေ၊ မီဒီယာတွေ၏ စိတ်မဝင်စားမှုတွေနဲ့ လူထု၏ ပေါ့ပျက်ပျက် သဘောထားတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ကမ္ဘာကြီး ပျက်စီးခါနီးအချိန်မှာမှ လူ့အဖွဲ့အစည်း၏ အတ္တနှင့် ရူးသွပ်မှုများကို သရော်လှောင်ပြောင်ထားသည့် နာမည်ကြီး မင်းသား၊ မင်းသမီးပေါင်းစုံ ပါဝင်သော ကားကောင်းလေးပဲ ဖြစ်ပါတယ်ဗျ။
========================
7 132
“ D-r-a-g-o-n “ (2025)
၁၂တန်းမှာ စာကြိုးစားခဲ့တဲ့ကောင်လေးတစ်ယောက် ကောင်မလေးဆီကနေ အငြင်းခံလိုက်ရတဲ့အခါ....
စာတော်တဲ့ကျောင်းသားကနေ လူဆိုးအဖြစ် ဘယ်လိုပြောင်းလဲသွားမလဲ..??
ကောလိပ်တက်ပြီး ဘွဲ့မရတော့ ဘယ်လိုပြသာနာတွေနဲ့ရင်ဆိုင်ရမလဲ....
ဘဝမှာ အောင်မြင်ဖို့အတွက် ဒုတိယအခွင့်အရေးအဖြစ် ကောလိပ်ပြန်တက်ပြီး အမှားတွေကိုရော ပြန်ပြင်ဆင်နိုင်ပါ့မလား....
ခြောက်နှစ်ကြာတွဲခဲ့တဲ့ ရည်းစားဟောင်းက ဆရာမအဖြစ် ပြန်တွေ့သော်....
ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
*ပညာရေးနဲ့ပတ်သက်ပြီး သင်ခန်းစာပေးတဲ့ကားလေးဖြစ်တဲ့အတွက် လူငယ်တိုင်း မလွတ်တန်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်*
⚜️Channel အရင် join ရန်▫️🔗https://t.me/+YyxVO1Dn6Uk5NTFl
⚡️ဇာတ်ကားကြည့်ရန်လင့်🔗https://t.me/c/3432250827/740
7 132
No-b-o-dy [2-0-25]
Review 📜
2D Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်....ဒီကားလေးကတော့ Journey to The West ကိုကိုးကားပြီး
ဖန်တီးထားတဲ့ လန်လန်တောင်ကမိစ္ဆာလေးတွေရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကောင်းကင်ကိုထိုးဖောက်နိုင်တဲ့
အစွမ်းမရှိလဲ ကျမ်းစာကိုပင့်ဆောင်ဖို့ ခရီးကိုစတင်နိုင်မလား...ဇာတ်လမ်းလေးကတော့
အညတရတောဝက်မိစ္ဆာလေးက မိစ္ဆာမင်းကြီးတွေရဲ့ဖိနှိပ်မှုကြောင့် လန်လန်တောင်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်
ဒီလိုဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ဖားမိစ္ဆာ၊ ဖျံမိစ္ဆာနဲ့ မျောက်ဝံမိစ္ဆာတို့ကိုစုစည်းပြီးတော့ အနောက်အရပ်ကိုကျမ်းစာသွားပင့်မယ့်
ထန်စန်းနဲ့တပည့်တို့ အဖွဲ့အယောင်ပြီး အနောက်အရပ်ကို အကြံအဖန်ခရီးစဉ်စတင်ပါတော့တယ်
အနောက်အရပ်ကိုသွားတဲ့ဒီခရီးမှာ စွန်းဝူခုန်းတို့လိုအစွမ်းကြီးတွေမရှိတဲ့ ဒီမိစ္ဆာငယ်လေး(၄)ကောင်က
ဘယ်လိုစမ်းသပ်မှုတွေနဲ့ တွေ့ကြုံရမလဲ......အနောက်အရပ်ကိုသွားတဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေရှိလာမလဲ
ဘယ်လိုအသိတရားတွေရလာပြီးတော့ နောက်ဆုံးမှာတော့ သူတို့ရှင်သန်ချင်တဲ့ ဘဝပုံစံအတိုင်း ရှင်သန်သွားနိုင်မလားဆိုတာ...
7 132
"ဂျာမနီတပ်ကို T-34 တင့်ကားတစ်စီးတည်းနဲ့ ထိုးဖောက်ထွက်ပြေးမယ့် ရုရှားစစ်သုံ့ပန်းများ"
========================
ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ရုရှားတင့်ကားမောင်း နီကိုလိုင်းဟာ စစ်သုံ့ပန်းစခန်းကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ ရဲဘော်တွေနဲ့အတူ ပျက်စီးနေတဲ့ T-34 တင့်ကားတစ်စီးကို ပြန်ပြင်ပြီး ဂျာမနီစစ်တပ်ကြားထဲကနေ အသက်လု ထိုးဖောက်ထွက်ပြေးကြရမယ့် အက်ရှင်စစ်ကား ဖြစ်ပါတယ်။
========================
7 132
🎬 Movie Title: Antony (2023)
⭐ IMDb Rating: 6.2/10
ဇာတ်လမ်းအကျဉ်း
Antony (Joju George) ဆိုတာ တစ်မြို့လုံးက ကြောက်ရလောက်အောင် ကြမ်းတမ်းတဲ့ လူမိုက်တစ်ဦးပါ။ တစ်နေ့မှာတော့ သူ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် Ann Mariya (Kalyani Priyadarshan) ဆိုတဲ့ လက်ဝှေ့မယ် မိန်းကလေးကို တာဝန်ယူ စောင့်ရှောက်ပေးရမယ့် အခြေအနေ ဆိုက်ရောက်လာပါတယ်။ စရိုက်ချင်း လုံးဝမတူတဲ့ သူတို့နှစ်ယောက်ကြားမှာ ဖခင်နဲ့ သမီးလို၊ မောင်နှမလို သံယောဇဉ်တွေ စတင်ဖြစ်ပေါ်လာချိန်မှာတော့ Antony ရဲ့ အတိတ်က ရန်ငြိုးတွေက သူတို့ဘဝထဲကို ပြန်လည်ဝင်ရောက်လာပါတော့တယ်။
Comment မှာဇာတ်ကားလင့်ယူပါ⬇️⬇️⬇️⬇️
7 132
"ကမ္ဘာ့အကောင်းဆုံး ချောကလက်ဆိုင် ဖွင့်ချင်တဲ့ ဝီလီဝမ်ကာ"
========================
မုန့်လုပ်နည်းပေါင်းစုံကို တီထွင်နိုင်တဲ့ ပါရမီရှင် လူငယ်လေး Willy Wonka ဟာ ကမ္ဘာ့အကောင်းဆုံး ချောကလက်ဆိုင်ကြီးတစ်ဆိုင် ဖွင့်လှစ်နိုင်ဖို့ အိပ်မက်နဲ့အတူ မြို့ကြီးဆီ ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ မြို့မှာရှိတဲ့ ကလိန်ကကျစ် ချောကလက်ဂိုဏ်းချုပ်ကြီးတွေရဲ့ မနာလို ပိတ်ပင်မှုများ၊ မတရား လှည့်ဖြားပြီး ခိုင်းစေခြင်း ခံရမှုများကြောင့် Wonka ရဲ့ အိပ်မက်တွေ မှေးမှိန်ခဲ့ရပါတယ်။ ဒီအဖိနှိပ်တွေကို ကြံ့ကြံ့ခံပြီး သူငယ်ချင်းအသစ်များနှင့်အတူ ဆန်းကြယ်လှပတဲ့ ချောကလက်များကို ဖန်တီးကာ အိပ်မက်ကို အကောင်အထည်ဖော်သွားမည့် ကားကောင်းလေးပဲ ဖြစ်ပါတယ်ဗျ။
========================
Channel အရင် join ရန်https://t.me/+Bnj96Vc8-Oo1Y2Nl
ဇာတ်ကားကြည့်ရန်လင့်https://t.me/c/3876014838/205
7 132
"သစ္စာရှိ သခင်နဲ့ သစ္စာရှိ ခွေးလေးတို့ရဲ့ ထိခိုက်ကြေကွဲဖွယ် နောက်ဆုံးခရီးစဉ်"
========================
မိသားစုရဲ့ ပစ်ပယ်ခြင်းကို ခံလိုက်ရပြီး ရောဂါဝေဒနာ ခံစားနေရတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ဦးဟာ သူ့ရဲ့ သစ္စာရှိ အကူအညီရ ခွေးလေး "မိုမို" နဲ့အတူ ကားတစ်စီးနဲ့ ခရီးထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ တောင်ပေါ်ဒေသတစ်ခုမှာ သူတို့ရဲ့ ခရီးစဉ် အဆုံးသတ်သွားခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမှ ထိုကားထဲမှာ အမျိုးသားရဲ့ ရုပ်အလောင်းနဲ့ ခွေးလေးရဲ့ အရိုးစုကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကြေကွဲဖွယ်ရာ အဖြစ်အပျက်ရဲ့ နောက်ကွယ်က သခင်နဲ့ ခွေးလေးကြားက မေတ္တာ၊ သစ္စာတရားနဲ့ ဘဝရဲ့ ဝမ်းနည်းဖွယ် အဓိပ္ပာယ်ကို မျက်ရည်ကျဖွယ် ကြည့်ရှုရမယ့် Japanese Drama ရုပ်ရှင်ကားကောင်း ဖြစ်ပါတယ်။
========================
7 132
"အနာဂတ်ကိုရောက်သွားတဲ့ တီထွင်သူလေးတစ်ဦး"
========================
Lewis ဟာ ထူးခြားတဲ့ တီထွင်မှုတွေကို ပြုလုပ်တတ်တဲ့ ပါရမီရှင် မိဘမဲ့ကလေးငယ်လေး တစ်ဦးပါ။ သူဟာ သူ့ကို စွန့်ပစ်သွားခဲ့တဲ့ အမေကို ပြန်တွေ့ချင်တာကြောင့် မှတ်ဉာဏ်တွေကို ပြန်ကြည့်လို့ရမယ့် စက်တစ်ခုကို တီထွင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ တီထွင်လိုက်တဲ့ စက်ကို "Bowler Hat Guy" လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ လူတစ်ယောက်က ဖျက်ဆီးဖို့ ကြိုးစားပါတော့တယ်။
အဲ့ဒီအချိန်မှာပဲ အနာဂတ်ကနေ ရောက်လာတဲ့ Wilbur Robinson ဆိုတဲ့ ကောင်လေးက Lewis ကို အနာဂတ်ကမ္ဘာဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ Lewis ဟာ ထူးဆန်းအံ့သြစရာကောင်းတဲ့ Robinson မိသားစုဝင်တွေနဲ့ ဆုံတွေ့ရင်း၊ သူ့ရဲ့ အနာဂတ်က ဘယ်လောက်ထိ တောက်ပနိုင်မလဲဆိုတာကို သိရှိသွားပုံကို ရင်ခုန်စရာ ရိုက်ကူးထားပါတယ်။
========================
7 132
"ခွေးမလေး ခါမီလာ ချိတ်ဆက်ပေးလိုက်တဲ့ အချစ်"
========================
ဆိုရှယ်မီဒီယာ အကြံပေး အီဆာ (Issa) ဟာ အမှားတစ်ခုကြောင့် အလုပ်ပြုတ်သွားပေမဲ့ ပုံနှိပ်တိုက် CEO သီအို (Theo) ရဲ့ ဂျီကျတတ်တဲ့ Dachshund ခွေးမလေး ခါမီလာနဲ့ သံယောဇဉ်တွယ်မိပြီး ခွေးထိန်းအဖြစ် မထင်မှတ်ဘဲ အလုပ်ရသွားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာကို မုန်းတီးသူ သီအို မသိအောင် ခွေးလေးရဲ့ ချစ်စရာ ဗီဒီယိုလေးတွေ ရိုက်ကူးရင်း အီဆာနဲ့ သီအိုတို့လည်း တဖြည်းဖြည်း သံယောဇဉ်ဖြစ်ကာ နီးစပ်လာခဲ့ကြပါတယ်။
ဒါပေမဲ့ မိခင်ဖြစ်သူအတွက် ရှေ့နေခ အပူတပြင်း လိုအပ်နေတဲ့ အီဆာဟာ ခွေးလေး ခါမီလာကို သီအို မသိအောင် ဆိုရှယ်မီဒီယာ ပြိုင်ပွဲတစ်ခုမှာ ခိုးပြီး စာရင်းသွင်းလိုက်ရာမှ ဒီလျှို့ဝှက်ချက် ပေါ်သွားခဲ့ပါတယ်။
========================
7 132
N-o-o-r-u S-a-m-i (2026)
====================
IMDB ⭐️ 7.7/10
"လင်ယောက်ျားမရှိတဲ့ မုဆိုးမတစ်ယောက်ရဲ့ဘဝဟာ ပြတ်သွားတဲ့ဖိနပ်တစ်ရံရဲ့ အကောင်းတိုင်းကျန်တဲ့ဖိနပ်တစ်ဖက်လို လမ်းဘေးရောက်ရမဲ့ကံကြမ္မာတဲ့လား..."
"လောကကြီးမှာ ဘယ်အရာကမှ အစားထိုးလိုမရတာ... မိခင်တစ်ယောက်ရဲ့ သွေးနဲ့ချွေး ရင်းထားတဲ့ မေတ္တာတရားပါပဲ"
ကဲ... အက်ရှင်တွေ၊ သည်းထိတ်ရင်ဖိုတွေချည်း ကြည့်ရတာ များပြီး ရင်ထဲကို ထိရှစေမဲ့ မိသားစု ဒရာမာကားကောင်းကောင်းလေး တစ်ကားလောက် ကြည့်ချင်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ခုနှစ်ထွက် အသစ်စက်စက် Tamil ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်ညွန်းဖတ်ရန်channel အရင် join ရန်https://t.me/+WDcKdE-YR-85MTll
ဇာတ်ညွှန်းဖတ်ရန်လင့်https://t.me/c/4427594613/13
7 132
"အသက်အရွယ်ကွာခြားတဲ့ အချစ်တစ်ခု"
========================
ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီနိုင်ငံမှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားလေး Michael Berg ဟာ မတော်တဆ နေမကောင်းဖြစ်စဉ်မှာ ကူညီပေးခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး Hanna Schmitz နဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ Hanna ဟာ စာအုပ်တွေကို အသံထွက် ဖတ်ပြခိုင်းရတာကို မြတ်နိုးသူဖြစ်ပြီး သူတို့နှစ်ဦးကြားမှာ နက်ရှိုင်းတဲ့ သံယောဇဉ်တစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ Hanna ဟာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပါတယ်။ ၈ နှစ်အကြာ Michael ဥပဒေကျောင်းသားဖြစ်လာချိန် နာဇီပြစ်မှုဆိုင်ရာ တရားခွင်တစ်ခုမှာ Hanna ကို အကျဉ်းသားအဖြစ် ပြန်လည်တွေ့ရှိလိုက်ရပြီး...
========================
7 132
D-e-t-e-c-t-i-v-e C_h-e_n 2 (2026)
===========================
IMDB ⭐️ 6.2/10
ဝမ်ဖေးဟုန် ဇာတ်လမ်းတွဲမင်းသား Ashton Chen ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးထားတဲ့ Detective Chen အတွဲ ၂ လာပါပြီ
Channel အရင် join ရန်https://t.me/+Pqh_pDwEVG83ZDU1
ဇာတ်ကားကြည့်ရန်လင့်https://t.me/c/3346464195/360
7 132
"လူသားတွေက ငါတို့ပျားရည်ကို ခိုးနေကြတာလား? ဒါဆိုရင်တော့ တရားစွဲရမှာပေါ့!"
========================
Barry B. Benson ဆိုတဲ့ ပျားလေးဟာ ကောလိပ်ကျောင်းပြီးတဲ့အခါ သူ့ရဲ့ တစ်သက်တာလုံး ပျားရည်ထုတ်လုပ်တဲ့ အလုပ်တစ်ခုတည်းကိုပဲ လုပ်ရတော့မယ်ဆိုတဲ့အသိနဲ့ စိတ်ပျက်နေသူပါ။ သူဟာ ပျားအုံအပြင်ဘက်ကို စွန့်စားထွက်ခွာရင်းကနေ နယူးယောက်မြို့က ပန်းသည်မလေး Vanessa နဲ့ သူငယ်ချင်းဖြစ်သွားခဲ့ပါတယ်။
တစ်နေ့မှာတော့ Barry ဟာ လူသားတွေက ပျားတွေဆီက ပျားရည်တွေကို အဓမ္မယူပြီး စူပါမားကတ်တွေမှာ ရောင်းချနေကြတာကို သိသွားတဲ့အခါမှာတော့... လူသားမျိုးနွယ်တစ်ခုလုံးကို တရားရုံးမှာ တရားစွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပျားလေးတစ်ကောင်က လူသားတွေကို တရားနိုင်သွားတဲ့အခါ ကမ္ဘာကြီးရဲ့ ဂေဟစနစ်က ဘယ်လိုတွေ ကမောက်ကမ ဖြစ်ကုန်မလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားပါတယ်။
========================
7 132
"ဓားပြဂိုဏ်းလက်ထဲက ခိုးရာပါရွှေတွေကို ဝှက်ကာ တိုက်ခိုက်ရမယ့် စခန်းစောင့် အမျိုးသမီးငယ်"
========================
အမေရိကန် ပြည်တွင်းစစ်ကာလ အလွန်အမင်း အေးစက်လှတဲ့ ဆောင်းရာသီမှာ သီးခြားခွဲထွက်နေတဲ့ တပ်မတော်စခန်းတစ်ခုကို စခန်းစောင့်အဖြစ် တာဝန်ယူထားသူ အမျိုးသမီးငယ် Ada ရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ မထင်မှတ်ဘဲ ခိုးရာပါ ရွှေအမြောက်အမြား သူမရဲ့ စခန်းဆီ ရောက်ရှိလာခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ အဲဒီရွှေတွေကို လိုက်လံရှာဖွေနေတဲ့ ရက်စက်လှတဲ့ ဓားပြဂိုဏ်းက စခန်းကို သိမ်းပိုက်လိုက်ပါတော့တယ်။ ခါးသီးလှတဲ့ ဆောင်းရာသီ ပတ်ဝန်းကျင်ကြီးထဲမှာ Ada တစ်ယောက် ရွှေတွေကို ဝှက်ထားရင်း ဓားပြတွေကြားကနေ အသက်လု ရုန်းကန်ရမယ့် ကားကောင်းလေးပဲ ဖြစ်ပါတယ်ဗျ။
========================
Channel အရင် join ရန်https://t.me/+Pqh_pDwEVG83ZDU1
ဇာတ်ကားကြည့်ရန်လင့်https://t.me/c/3346464195/358
