HM Movies
Ir al canal en Telegram
7 345
Suscriptores
+724 horas
+1077 días
+45030 días
Archivo de publicaciones
7 345
Lovestruck in the city (2021)
ဇာတ်လမ်းအညွှန်း
Park Jae Won(Ji Chang Wook)ဟာဆိုရင် ရိုးသားကြိုးစားတဲ့ ဗိသုကာပညာရှင်တစ်ဦး ဖြစ်ပါတယ်။
သူဟာ မြို့တွင်းမှာရှိတဲ့ လမ်းငယ်လေးတွေကို နှစ်သက်ပြီး မတူညီတဲ့ ပစ္စည်းတွေ စုဆောင်းရတာကို ဝါသနာထုံသူ ဖြစ်တယ်။သူရဲ့ နှလုံးသားကို ခိုးယူပျောက်ကွယ်သွားတဲ့
မိန်းကလေးတစ်ယောက်ကို မမေ့နိုင်သူလဲ ဖြစ်ပါတယ်။
Lee Eun O(Kim Ji Won)ကတော့ အလွတ်တန်း ဈေးကွက်စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ အစီအစဉ်မရှိ ခရီးထွက်လာခဲ့ပါတယ်။အဲ့ဒီခရီးစဉ်မှာဘဲ Lee Eun Oတစ်ယောက် Park Jae Wonနဲ့ အဆန်းတကြယ်
ဆုံတွေဖို့ ဖြစ်လာပါတယ်။သူမရဲ့ တကယ့်အစစ်အမှန်ပုံစံနဲ့ ကွဲဲပြားတဲ့ လွတ်လပ်ပျော်ရွှင်တတ်သူ Yoon Sun Aအဖြစ် ဟန်ဆောင်မိတ်ဆက်ခဲ့ပြီး ၂ဦးသား ချစ်ကြိုးသွယ်ခဲ့ကြပါတော့တယ်။
ဒီဇာတ်ကားလေးကတော့ ရှုပ်ထွေးလှမြို့လေးမှာ ကြိုးစားနေထိုင်ကြတဲ့ လူငယ်များကြားက စစ်မှန်တဲ့ ချစ်ခြင်းတရားကို လှပစွာ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
7 345
The Roundup : Punishment (2024)
မာဒုံဆော့ရဲ့ကားအသစ်လာပါပြီ
စုံထောက်အက်ရှင်ဇာတ်လမ်းကောင်းလေးဖြစ်ပြီးတော့ အားလုံးရဲ့အချစ်တော် စုံထောက် မာဒုံဆော့ရဲ့ အမှုလိုက်ပုံတွေနဲ့အက်ရှင်တွေကိုကြည့်ရှုရမယ့်ဇာတ်ကားလေးပါ
The Roundup ကရှေ့ကဇာတ်ကားတွေမှာလဲအောင်မြင်မှုတွေများစွာရရှိထားပြီး ပရိသတ်တွေအမျှော်လင့်နေဆုံးဇာတ်ကားကောင်းတစ်ကားပါ
မှုခင်းဇာတ်လမ်းကိုမှ အမှုလိုက်ပုံမျိုးစုံနဲ့ မာဒုံဆော့ရဲ့ ဟာသလေးတွေပါထည့်ပေါင်းပြီး အက်ရှင်ခန်းကောင်းကောင်းတွေများစွာကြည့်ရှုရဦးမှာပဲဖြစ်လို့ အကုန်လုံးစောင့်မျှော်နေကြမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ယုံကြည်ပါတယ်
7 345
အက်ရှင်စွန့်စားသဲဖို 8.0
၁၀ နှစ်အကြာ ထောင်က လွတ်မြောက်လာတဲ့ B*h*o*l*a*a (Ajay Devgn) ဟာ သူ့သမီးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖို့ အသည်းအသန် စောင့်မျှော်နေပါတယ်။ ဒါပေမဲ့ IPS အရာရှိ Diana Joseph (Tabu) က မူးယစ်မာဖီးယားဂိုဏ်းတွေ၊ သာမန်လူတွေနှင့် ရဲတွေပါ၀င်တဲ့ဖိအားမြင့်မားအခြေအနေမှာ သူ့မကိုကူညီရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ B*h*o*l*a*a ရဲ့အိမ်မပြန်လမ်းခရီး မရေရာသောအခြေအနေထဲသို့ရောက်ရှိသွားပြီး နောက်....လမ်းလယ်မှာ အဖမ်းခံရတဲ့အခါ သူ့ခရီးက စခက်လာတယ်။ အစပိုင်းမှာတော့ သူကိုယ်တိုင်ဝင်သွားခဲ့တဲ့ သင်္ချိုင်းတွင်းအခြေအနေကို မသိပေမယ့် ရူးသွပ်တဲ့ အဖြစ်အပျက်တစ်ခု ကြုံလာပြီးနောက်မှာတော့ ထောင့်ပေါင်းစုံက အတားအဆီးတွေနဲ့ ပြည့်နှက်နေတဲ့ သေမင်းတမန်လမ်းကို လျှောက်သွားရမှာ ဖြစ်ပြီး သူ့သမီးနဲ့တွေ့နိူင်မှာလား...
7 345
(2025) ဇာတ်ကားသစ်
***
IMDb Rating (6.9) / Rotten Tomatoes (79%)
နာမည်ကြီး ရုပ်ရှင်စတားတွေဖြစ်တဲ့ Sh*a*ng C*h*i မင်းသား Simu Liu , Woody Harrelson , Finn Cole တို့ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် ကားကောင်းတစ်ကားပါ
7 345
(2025) ဇာတ်ကားသစ်
IMDb Rating (6.9) / Rotten Tomatoes (79%)
နာမည်ကြီး ရုပ်ရှင်စတားတွေဖြစ်တဲ့ Sh*a*ng C*h*i မင်းသား Simu Liu , Woody Harrelson , Finn Cole တို့ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် ကားကောင်းတစ်ကားပါ။
စကော့တလန်ကမ်းရိုးတန်းက ပင်လယ်ရေအောက်ဓာတ်ငွေ့ပိုက်လိုင်းတွေကို ပြုပြင်တဲ့ ရေငုပ်သမားတစ်ယောက်အကြောင်းကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။
La*st Br*e*a*th ဆိုတဲ့ နာမည်အတိုင်း ရေငုပ်သမားတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်နဲ့ ပင်လယ်ရေအောက် ပေ ၃၀၀ လောက်က အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့အကြောင်းကို ရိုက်ပြထားတာပါ။
လူ့ဦးနှောက်ထဲကို အောက်ဆီဂျင် မိနစ် ၂၀ လောက်မဝင်ရင်သေသွားပြီလို့ယူဆရပေမဲ့ ခရစ်ဆိုတဲ့ ရေငုပ်သမားကတော့ ပင်လယ်ဂက်စ်ပိုက်လိုင်းပြင်ရင်း မတော်တဆမှုနဲ့ ဆက်သွယ်ရေးပြတ်တောက်ပြီး
ကယ်ဆယ်ရေးမလာခင်အထိ အောက်ဆီဂျင် မရဘဲ မိနစ် ၄၀ လောက်နေလိုက်ရပါတယ်…ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အလောင်းပြန်ဆယ်ဖို့သွားပေမယ့်
အသက်ရှင်နေသေးတဲ့ ခရစ်ကို ယနေ့ခေတ်ကျွမ်းကျင်သူတွေကလည်း ဘာကြောင့်လဲဆိုတာ အဖြေမရှာနိုင်သေးတဲ့ ဖြစ်ရပ်မှန်ကားလေးပါ။
7 345
M.a .l.a. n.g (2020)
အရမ်းကောင်းတဲ့ဇာတ်ကားပါ
2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူး
မင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါ
သီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲ
Romance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်
ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)
ဇာတ်လမ်းလေးကတော့”လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ””မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ”
“မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ” ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်
အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့
တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါ
