The Fluent Space✨📚
📈 Análisis del canal de Telegram The Fluent Space✨📚
El canal The Fluent Space✨📚 (@fluentspace12) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 16 642 suscriptores, ocupando la posición 12 075 en la categoría Educación y el puesto 8 099 en la región Birmania.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 16 642 suscriptores.
Según los últimos datos del 08 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -241, y en las últimas 24 horas de -11, conservando un alto alcance.
- Estado de verificación: No verificado
- Tasa de interacción (ER): El promedio de interacción de la audiencia es 9.42%. Durante las primeras 24 horas tras publicar, el contenido suele obtener 3.79% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 1 568 visualizaciones. En el primer día suele acumular 631 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 25.
📝 Descripción y política de contenido
No se ha proporcionado la descripción del canal.
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 09 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Educación.
Carga de datos en curso...
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 09 julio | 0 | |||
| 08 julio | 0 | |||
| 07 julio | 0 | |||
| 06 julio | 0 | |||
| 05 julio | 0 | |||
| 04 julio | 0 | |||
| 03 julio | 0 | |||
| 02 julio | +2 | |||
| 01 julio | 0 |
| 2 | 70 Days Challenge Batch-13 စဖို့ (၃) ရက်သာ လိုတော့တယ်နော်
English စာကို ကိုယ့်ဘာသာကိုယ် လေ့လာနေပေမယ့် ဘယ်ကနေစရမလဲ မသိတာ၊ စပြီးတော့လည်း လုပ်နေရင်း လက်လျှော့သွားတာမျိုး ဖြစ်ဖူးလား?
ဒီ 70 Days Challenge မှာတော့ အစကနေစပြီးအဆုံးအထိ နေ့စဉ် လေ့လာနိုင်အောင် စနစ်တကျ လမ်းညွှန်ပေးသွားမှာပါ။ ✨
📚 ဒီ Challenge ပြီးမှာ
👛A1–B1 နဲ့ B1–B2 Level အလိုက် လေ့လာနိုင်မယ် ကိုယ့် level နဲ့မကိုက်ညီမှာ စာမလိုက်နိုင်မာကို စိတ်ပူစရာမလိုဘူး
👛Grammar, Vocabulary, Reading, Listening, Speaking နဲ့ Writing ကို Balance ဖြစ်အောင် လေ့ကျင့်ပေးမယ့် Study Plan
👛Easay အရှည်တွေကို ကိုယ်ပိုင် idea နဲ့ရေးတက်လာမယ်
👛ကိုယ့်ရဲ့တစ်နေ့သာလေ့လာမှု့တွေကို တိုးတက်လားမတိုးတက်လားသိရဖို့ Quiz, Assignments နဲ့ Exercises တွေကနေ ကိုယ့်ရဲ့ Progress ကို စစ်နိုင်မယ်
English ကို အမှန်တကယ်တိုးတက်ချင်တယ်ဆိုရင် ဒီ Challenge ကတိုးတက်ဖို့ လမ်းအစဖြစ်နိုင်တယ်နော်
Challenge မှာအတန်းနှစ်တန်းရှိပါတယ်
English အခြေခံမရှိသေးတဲ့သူတွေအတွက် A1-B1 အတန်းကိုJoin ပေးနော်
အခြေခံရှိထားတယ်ဆိုရင် B1-B2 အတန်းတွက် Join လို့ရပါတယ်ရှင်
📅 Start Date – 10.7.2026
☘️Enrollment - @Chrissy013 မှာ အတန်းအပ်ပေးပါရှင့်
70 Days Challenge စဖို့ (၃) ရက်သာ လိုပါတော့တယ်💕 | 729 |
| 3 | 📚Adjective/(V3) + Prep တွေကို Example စာကြောင်းတွေနဲ့တွဲပြီး လေ့လာကြည့်ကြရအောင်📚
✅ (be) deprived of - ဆုံးရှုံးစေသည် / လစ်လပ်စေသည်။
- The children were deprived of basic education due to the remote location of their village.
ဝေးလံခေါင်ဖျားတဲ့နေရာမှာ နေထိုင်ရတာကြောင့် ကလေးတွေ အခြေခံပညာရေး ဆုံးရှုံးခဲ့ရတယ်။
- He felt deprived of his freedom after the strict rules were enforced.**
စည်းကမ်းတင်းကျပ်လွန်းတာေကြာင့် လွတ်လပ်မှုဆုံးရှုံးတယ်လို့ သူခံစားရတယ်။
✅ different from - မတူကွဲပြားသော။
- My book is different from yours.
ငါ့စာအုပ်က မင်းစာအုပ်နဲ့ မတူဘူး။
- Her approach to problem-solving is different from his more analytical style.
သူမရဲ့ပြဿနာဖြေရှင်းနည်းက သူ့ရဲ့ဆန်းစစ်သုံးသပ်မှုများတဲ့ဟန်နှင့် ကွဲပြားတယ်။
✅ (be) disappointed (....) - စိတ်ပျက်စေသည်။
💧 by/about/at (for things or events)
- She was disappointed by the team's poor performance.
အသင်းရဲ့ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ကြောင့် သူမစိတ်ပျက်ခဲ့ရတယ်။
- Mary was disappointed by/about/at the low mark she got in the test.
မယ်ရီက စာမေးပွဲမှာ အမှတ်နည်းတာကြောင့် စိတ်ပျက်ခဲ့တယ်။
💧 with/in (for people and their action)
- Jane was disappointed with/in her son.
ဂျိန်းက သူမရဲ့သားကို စိတ်ပျက်ခဲ့တယ်။
- She felt disappointed in her friend's lack of support.
သူငယ်ချင်းရဲ့ အားပေးထောက်ပံ့မှုမရှိတာကြောင့် သူမ စိတ်ပျက်ခဲ့တယ်။
📌 အနောက်မှာ Ving (Gerumd) ပါရင်လည်း "at" သုံးပါတယ်။
- Keith is very disappointed at not winning the prize.
Keith က ဆုမရတာကြောင့် အလွန်စိတ်ပျက်နေတယ်။
✅ full of - ပြည့်နေသော
- The jar was full of oil.
ဖန်ပုလင်းက ဆီပြည့်နေတယ်။
- The garden was full of vibrant, blooming flowers.
ဥယျာဉ်က စိုပြေလန်းဆန်းပြီး ပွင့်နေတဲ့ပန်းတွေ အပြည့်ပဲ။
📌 "Fill" နှင့်သုံးလျှင် "with" လိုက်သည်။
- Jane filled the glass with water.
ဂျိန်းက ဖန်ခွက်ကို ရေဖြည့်လိုက်တယ်။
✅ glad about - ဝမ်းမြောက်သော။ ၀မ်းသာသော။
- Francis was glad about receiving your letter.
ဖရန်စစ်က မင်းစာရလို့ ဝမ်းသာေနတယ်။
- I’m so glad about your recent promotion.**
မင်း ရာထူးတိုးတာ ငါအရမ်းဝမ်းသာတယ်။
✅ independent of - မမှီခိုသော။
- She learned to be emotionally independent of others, finding confidence within herself.
အခြားသူေတွအပေါ် စိတ်ပိုင်းဆိုင်ရာ မှီခိုမှုမရှိဘဲ မိမိကိုယ်ကိုယ်ယုံကြည်မှုကိုသာ သူမ တည်ဆောက်တတ်လာခဲ့တယ်။
- His decisions are independent of his partner's influence, reflecting his strong sense of self.**
သူ့ဆုံးဖြတ်ချက်ေတွက သူ့အဖော်ရဲ့လွှမ်းမိုးမှု လွတ်ကင်းပြီး မိမိကိုယ်ကို ခိုင်မာတဲ့ယုံကြည်မှုကို ထင်ဟပ်စေတယ်။
📌 Dependent on - မှီခိုနေရသော။
- A child is dependent on its parents.
ကလေးတစ်ဦးသည် မိဘများအပေါ် မှီခိုနေရသည်။
✅ indifferent to - ဂရုမစိုက်သော၊ လျစ်လျူရှုသော။
- He seemed indifferent to the praise he received.
သူရရှိခဲ့တဲ့ ချီးကျူးမှုေတွကို သူ ဂရုစိုက်ဟန် မရှိဘူး။
- The crowd was surprisingly indifferent to the thrilling performance.**
စိတ်လှုပ်ရှားစရာကောင်းတဲ့ တင်ဆက်မှုကို အံ့သြစရာကောင်းေလာက်အောင် လူအုပ်ကြီးက လျစ်လျူရှုနေခဲ့တယ်။ | 878 |
| 4 | 🧩Vocabulary အသစ်တွေကို လေ့လာပြီး စကားလုံးအသစ်တွေကို ကိုယ့်ရဲ့နေ့စဉ် အသုံးအနှုန်းမှာ အလွယ်တကူသုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကိုယ်ပိုင် vocabulary စကားလုံးများနဲ့ ပိုပြီးကျွမ်းလာနိုင်အောင်လေ့လာကြည့်ကြရအောင်နော်✨
1. Meticulous (အသေးစိတ်ဂရုစိုက်သော)
Meticulous ဆိုတာ အသေးစိတ်အချက်အလက်တိုင်းကို သေချာဂရုစိုက်ပြီး အမှားမရှိအောင် လုပ်ဆောင်တတ်တာကို ရည်ညွှန်းပါတယ်။
Example:
She is meticulous when checking her students' writing.
(သူမက ကျောင်းသားတွေရဲ့ စာရေးတာကို စစ်တဲ့အခါ အသေးစိတ် ဂရုတစိုက် စစ်ဆေးပါတယ်။)
⸻
2. Resilient (အခက်အခဲကို ကျော်ဖြတ်နိုင်သော)
Resilient ဆိုတာ အခက်အခဲ၊ ဖိအား ဒါမှမဟုတ် ကျရှုံးမှုတွေကို မြန်မြန်ပြန်လည်ကျော်ဖြတ်နိုင်တဲ့သူကို ဆိုလိုပါတယ်။
Example:
She remained resilient despite many challenges.
(သူမက အခက်အခဲများစွာကြုံခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ်။)
⸻
3. Diligent (ကြိုးစားအားထုတ်သော)
Diligent ဆိုတာ အလုပ်တစ်ခုကို တာဝန်ယူပြီး အမြဲတမ်း ကြိုးစားလုပ်ဆောင်တတ်တဲ့သူကို ရည်ညွှန်းပါတယ်။
Example:
He is a diligent student who studies every day.
(သူက နေ့တိုင်းစာလုပ်တဲ့ ကြိုးစားတဲ့ ကျောင်းသားတစ်ယောက်ပါ။)
⸻
4. Feasible (ဖြစ်နိုင်ချေရှိသော)
Feasible ဆိုတာ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့၊ ဖြစ်နိုင်ချေရှိတဲ့ အစီအစဉ် သို့မဟုတ် အကြံအစည်ကို ဆိုလိုပါတယ်။
Example:
We need to find a feasible solution to the problem.
(ဒီပြဿနာအတွက် လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းတစ်ခု ရှာဖို့လိုပါတယ်။)
⸻
4 Vocabulary in Paragraph
The team was diligent throughout the project, paying meticulous attention to every detail. Their resilient attitude helped them overcome challenges, and together they found a feasible solution that led to success.
🔺Vocabulary လေ့လာပြီးသွားရင် ပုံထဲက Eng-Eng dictionary အဖြေတွေခန့်မှန်းပြီး Match လုပ်ကြည့်ကြည့်နော်! | 876 |
| 5 | Batch-13 စဖို့ရက်ပိုင်းဘဲလိုတော့တယ်နော်
2026 ရဲ့ ကျန်နေတဲ့ 5 လအတွင်း ကိုယ့်ကိုယ်ကိုယ် Comfort Zoneကထွကိပြီး ပီပီပြင်ပြင် ကြိုးစားချင်တယ်ဆို လာ Join လို့ရပါပြီ
စာများကြီး လုပ်ရပါတယ်
အိမ်စာတွေ ထပ်ရပါတယ်
ကိုယ်တိုင် လေ့လာကြိုးစားရပါတယ်
ရက် 70 လုံးအတွက် 40000 ကျပ်ပါ
တစ်နေ့မှ 600 ကျပ်တောင်မရှိဘူးနော်☘️
🌟70 Days Challenge
A1+ Challenge အခြေခံကနေစတဲ့ကတန်းပါ
B1+ challenge လေးကနောက်ပိုင်းတွေမသေချာသေးဘူးနော် စာလုပ်မယ်ဆိုနောက်ရွှေ့မနေနဲ့တော့💕
Start date : 10.7.2026
@Chrissy013 မှာ Level Upလို့ပို့ပြီး အပ်နိုင်ပါပြီ
❌ Level အလိုက် လူဦးရေ ကန့်သတ်ထားပါတယ် | 1 095 |
| 6 | ❓"Too...to" နဲ့ "Enough to" ဘာကွာလဲ?
"So...that" ကို ဘယ်အချိန်မှာ သုံးရမလဲ?
ဒီ Grammar Patterns (၃) ခုက Grade-12 မာတွေအသုံးဝင်လိမ့်မယ်နော် တခြားနေရာတွေမာလဲ တော်တော်များများ ရောသုံးတတ်ကြပါတယ်။
ဒီထံ မှာတော့ အသုံးပြုပုံ၊ ကွာခြားချက်နဲ့ Example တွေကို နားလည်လွယ်အောင် ဖော်ပြထားပါတယ်။ | 1 509 |
| 7 | လူတိုင်းမှာ ရည်မှန်းချက်တစ်ခုတော့ ရှိကြပါတယ်။
"English ကို Confidence ရှိရှိ ပြောချင်တယ်။"
"IELTS ဖြေချင်တယ်။"
"နိုင်ငံခြားမှာ ကျောင်းတက်ချင်တယ်။"
"ပိုကောင်းတဲ့အလုပ်အတွက် English လိုအပ်တယ်။"
ဒါပေမယ့် ရည်မှန်းချက်ရှိရုံနဲ့ မလုံလောက်ပါဘူး။အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ပထမဆုံးခြေလှမ်း ကို စရဲဖို့ လိုပါတယ်။ 🌱
English စာလေ့လာတဲ့အခါ Learners တော်တော်များများကို တားဆီးနေတာက Grammar မဟုတ်ပါဘူး။
"မှားမှာကြောက်တဲ့စိတ်" နဲ့ "နောက်နေ့မှစမယ်" ဆိုတဲ့ အလေ့အကျင့်တွေပါ။
တကယ်တော့ English ဆိုတာ ဖတ်ရုံနဲ့ မတိုးတက်သလို၊ တစ်ယောက်တည်းစာလုပ်ပြီးအမှားတွေနဲ့ရှေ့ဆက်ရင် Fluent မဖြစ်နိုင်ပါဘူး။
လေ့လာရမယ်။
လေ့ကျင့်ရမယ်။
မှားရင် ပြန်ပြင်ရမယ်။
ဒီလိုနဲ့ပဲ တစ်နေ့ထက်တစ်နေ့ တိုးတက်လာတာပါ။
ဒါကြောင့် 70 Days Challenge ကို စီစဉ်ထားတာက English သင်ပေးဖို့တစ်ခုတည်း မဟုတ်ပါဘူး
📚 နေ့စဉ် စာလုပ်တဲ့အလေ့အကျင့် ရလာဖို့
🎯 ကိုယ့်ကိုယ်ကိုယ် Challenge ခေါတတ်လာဖို့။
🗣️ မှားမှာမကြောက်ဘဲ English ကို ပိုပြီး Confidence ရှိရှိ အသုံးချနိုင်လာဖို့တွေကို
ဒီ Challenge က အဲဒီအတွက် ဖန်တီးထားတာပါ။
တစ်ယောက်တည်း လေ့လာတဲ့အခါ Motivation ပျောက်သွားနိုင်ပါတယ်
ဒါပေမယ့် တူညီတဲ့ပန်းတိုင်ရှိတဲ့ Learners တွေနဲ့အတူ လေ့လာရတဲ့အခါ အချင်းချင်း အတူတူလုပ်မယ် အတူတူတိုးတက်မယ် ဆိုရင်ပျင်းတဲ့စိတ်တွေရှိတော့မာမဟုတ်တော့ဘူး🌟
☘️ရက် 70 တိတိ 4skills + Grammar + Pronunciation + vocabulary အားလုံးလေ့လာရပါမယ်
📅 Start Date – 10.7.2026
@chrissy013 မှာအတန်းအပ်ပေးပါရှင့်
"Your progress begins with the decision to start." ✨ | 1 522 |
| 8 | 📚Common Grammar Mistakes
Small mistakes.
Big difference.
အမှားများဆုံး မှားတတ်တဲ့ grammar points တွေကို လွယ်လွယ်နဲ့ နားလည်အောင် မျှဝေပေးသွားပါမယ်🌱
📚 Common Grammar Mistakes (A2 Level)
Mistake #1:
"I have been to Bangkok last year."
✅
Correction:
"I went to Bangkok last year."
Explanation:
Have been to (Present Perfect) ကို last year, yesterday, in 2024 လို အတိတ်အချိန်တိတိကျကျ ပြောတဲ့အခါ မသုံးရပါဘူး။
အချိန်အတိအကျ ပါလာရင် Past Simple ကို သုံးရပါတယ်။
Examples:
❌ She has visited Seoul yesterday.
✅ She visited Seoul yesterday.
Mistake #2:
"If it will rain tomorrow, we will stay home."
Correction:
"If it rains tomorrow, we will stay home."
Explanation:
First Conditional မှာ If-clause ထဲမှာ will မသုံးရပါဘူး။
Pattern ကတော့...
If + Present Simple, will + Verb
ဖြစ်ပါတယ်။
Examples:
❌ If she will call me, I'll answer.
✅ If she calls me, I'll answer.
❌ Mistake #3:
"He explained me the lesson."
Correction:
"He explained the lesson to me."
Explanation:
Explain ဆိုတဲ့ Verb နောက်မှာ လူကို တိုက်ရိုက်မလိုက်ပါဘူး။
Explain + something + to someone
ဆိုတဲ့ Pattern ကို အသုံးပြုရပါတယ်။
Examples:
❌ The teacher explained us the answer.
✅ The teacher explained the answer to us.
💡 Noted
Present Perfect ❌ + last year / yesterday
If + Present Simple, will + Verb
Explain something to someone
သေးငယ်တဲ့/မသိသာတဲ့အမှားလေးတွေပဲဖြစ်ပေမယ့် Speaking & Writing Test တွေမှာအမှတ်ကျစေတယ်နော်⁉️✨
ခနခနမှားလေ့ရှိတတ်တဲ့ Grammar mistakes တွေကိုတစ်ခုပြီးတစ်ခုလေ့လာသွားကြမယ်🤍🌱 | 1 341 |
| 9 | လစာတိုးချင်ရင်Skill ဖြည့်ရမယ်
ပိုကောင်းတဲ့ ဘဝတစ်ခုရချင်ရင် Skill ဖြည့်ရမယ်
အေးအေးချမ်းချမ်း ဘဝက်ို ဖြတ်သန်းချင်တယ်ဆိုSkill ဖြည့်ရမယ်
ချယ်တို့ Adulthood ကိုရောက်လာတဲ့ခါ ရွေးချယ်ရတယ်
အလုပ်ချိိန်ပိုလုပ်ပြီး ပိုက်ဆံပိုရှာမလား
ပိုက်ဆံပိုမရှာပဲSkillရှာမလား
ချယ်ကတော့ Skillပိုတ်ိုးဖို့ကို အသားပေးနေပါတယ်
သာမန်ကျွမ်းကျင််မှုရှိတဲ့သူက တစ်နာရီကို10000ရတယ် ဆို
အထူးကျွမ်းကျင်သူက တစ််နာရီကို 30000ရပါတယ်
ဒါ နမူနာပါ
ဆိုတော့40000 ရဖို့ သုံးနာရီတိုးပြီး လုပ်မလား
တစ််နာရီ 40000 ရတဲ့ ပညာကို ကြိုးစားလေ့လာမလားဆ်ိုတာက ရွေးချယ်မှုပါပဲ
ကိုယ့်ရဲ့ English skill ကသာ Better Opportunities တွေဆီ ခေါ်သွားမယ့် တံတားတစ်စင်းပါ
🧩70 Days Challenge
July 10 ရက်နေ့မှာ အတန်းပြန်စတော့မယ်နော်
Challenge မာဘာတွေလေ့လာရမာလဲ?
Writing, Speaking, Reading, Listening, Pronunciation,Grammar, Vocabulary
စတဲ့(7) မျိုးလုံးတွေကိုလေ့လာရမာပါ အခြေခံကအစ စနစ်တကျ လေ့လာချင်တဲ့သူတွေအတွက်ရော စီစဉ်ပေးထားပါတယ်။
🌟Elementary (A1)ကနေ Intermediate (B1) Level အတန်းရယ်
🌟 Intermediate (B1) ကနေ Upper Intermediate (B2) Level နှစ်ခုဖွင့်ပေးသွားမာပါနော်
English အခြေခံမရှိသေးတဲ့သူတွေအတွက် A1-B1 Join ပေးနော်
အခြေခံရှိထားတယ်ဆိုရင် B1-B2 အတန်းတွက် Join လို့ရပါတယ်ရှင်
ကိုယ့် English level မသိဘူးဆိုရင်လဲ Level test လာစစ်ကြည့်လို့ရပါတယ်
2026 မကုန်ခင် Level Upကြစို့
@Chrissy013 မှာ Enrollmentလို့ပို့ပြီးအပ်လို့ရပါပြီ | 1 612 |
| 10 | လာတက်တဲ့သူတွေအမေးများနေကြလို့ ဒီမာ ထပ်ဖြေပေးလိုက်မယ်နော်
📚 70 Days Challenge Batch-13
Zoom မဟုတ်ပါဘူးနော် ဆိုတော့အလုပ်မအားလို့အချိန်မရလို့ဆိုပြီးစိတ်ပူစရာမလိုပါဘူး။တစ်နေ့ကိုယ်အားတဲ့အချိန်လေးမာတစ်နေ့စာတစ်နေ့အတွက်လုပ်ပေးတာနဲ့ ရက်70အပြီးမာ အခြေခံ(A1) ကနေကိုယ်လိုချင်တဲ့ English Intermediate level(B1) ကိုရောက်ရှိနေမာပါ။
ရက် 70 Challenge အတွင်းမာမှာ ဘာတွေလုပ်ရမှာလဲ⁉️
✅ တစ်နေ့မှာကိုယ်လေ့လာပြီးတဲ့ Topic နဲ့ပက်သက်ပြီးမမေ့အောင် နောက်လေ့ကျင့်ရမဲ့ Question, Practice Test, Writing တွေနဲ့လေ့ကျင့်ရမာဘဲဖြစ်ပါတယ်။
✅ နေ့တိုင်းမှာ ချယ်က လေ့ကျင့်ရမယ့် Study Plan လေ့ကျင့်ရမယ့် စာများ၊ Worksheetsများကို တစ်နေ့လုပ်ရမဲ့သင်ခန်းစာတွေကို သင်ပြပေးထားမှာ ဖြစ်ပါတယ်။
✅ Grammar, Writing, Speaking, Reading, Listening စတဲ့ English Level အလိုက် ကိုယ့်ရဲ့ English Level နဲ့ကိုက်ညီတဲ့ Step by Step — Learning Resourcesတွေကို ရက်70အထိ အဆင့်အဆင့် သင်ပေးမာပါ။
✅ ကိုယ့် Level နဲ့မကိုက်ညီမှာ စာမလိုက်နိုင်မာကို ပူစရာမလိုဘူး။ ဘာလေ့လာရမလဲဆိုပြီး ကြောင်ပျောက်စရာမလိုအောင် ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။
✅ စနစ်ကျပြီး ထိရောက်တဲ့နည်းလမ်းတွေ လူတိုင်းအားနည်းကြတဲ့ Writing & Speaking ကိုအဓိကလေ့ကျင့်ဖြစ်အောင်စီစဉ်ပေးထားပါတယ်။
📚ဒါ့အပြင် စာလုပ်ဖြစ်စေဖို့အတွက် Homework ထပ် ပေးရမှာမျိုးတွေလည်း ရှိပါတယ်။ အိမ်စာလဲအပတ်တိုင်းကိုစစ်မာပါ။
အခြေခံမခိုင်ခဲ့လို့အခြေခံကစပြီး
(2)လအတွင်း ကိုယ့် English 4 Skill လုံးကိုမြင့်တင်ချင်တဲ့သူတိုင်းအတွက်။
☘Challenge မှာအစအဆုံး ပြည့်ပြည့်စုံစုံစီစဉ်ပေးမှာဖြစ်တဲ့အတွက် Enrollment Feesလေးက (40000)ကျပ်ဘဲဖြစ်ပါတယ်။ Challenge 70ရက်လုံးအတွက်ပါရှင့်။
🔺Start Date : 10.7.2026
လူဦးရေကန်သတ်ထားတာမလို့ စာရင်းသွင်းထားလိုက်တော့နော်
@Chrissy013 @thefluentspace
မှာအပ်ပေးပါရှင့် | 1 744 |
| 11 | ✨"ရည်းစားအရှုပ်အရှင်းရှိတယ်" ကို English လို ဘယ်လိုပြောမလဲ?
မြန်မာလို "သူ့မှာ အရှုပ်အရှင်းတွေရှိတယ်" လို့ပြောတဲ့အခါ အမြဲတမ်း ရန်ဖြစ်တာကိုပဲ မဆိုလိုပါဘူး။
ရည်းစားဟောင်းနဲ့ ပြဿနာရှိတာ၊ အိမ်ထောင်ရေးအဆင်မပြေတာ၊ ငွေကြေးအကြွေးတွေရှိတာ၊ မဖြေရှင်းရသေးတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလည်း "အရှုပ်အရှင်း" လို့ ပြောလေ့ရှိပါတယ်။
ဒီလိုအခြေအနေမျိုးကို English မှာ...
👛have baggage
👛carry baggage
ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဖော်ပြနိုင်ပါတယ်။
ဒီနေရာမှာ baggage ဆိုတာ ခရီးဆောင်အိတ်ကို မဆိုလိုပါဘူး။
Figurative meaning အနေနဲ့တော့ အတိတ်က မပြီးဆုံးသေးတဲ့ ပြဿနာတွေ၊ စိတ်ဒဏ်ရာတွေ၊ ရှုပ်ထွေးတဲ့ ကိုယ်ရေးကိုယ်တာအခြေအနေတွေကို ဆိုလိုတာပါ။
🔹 Example 1
A: She seems really nice. Would you date her?
(သူက သဘောကောင်းတဲ့ပုံပဲ။ သူနဲ့ Date လုပ်ကြည့်မလား?)
B: I'm not sure. I heard she carries a lot of baggage.
(မသေချာသေးဘူး။ သူ့မှာ အတိတ်က အရှုပ်အရှင်းတွေ အများကြီးရှိတယ်လို့ ကြားထားတယ်။)
🔹 Example 2
A: Does he have any baggage?
(သူ့မှာ အရှုပ်အရှင်းတစ်ခုခု ရှိလား?)
B: Yes. He's still dealing with problems from his previous relationship.
(ရှိတယ် အရင် Relationship က ပြဿနာတွေကို အခုထိ ဖြေရှင်းနေရတုန်းပဲ။)
🔹Noted
have baggage = အရှုပ်အရှင်းတွေ၊ အတိတ်က မဖြေရှင်းရသေးတဲ့ ပြဿနာတွေ ရှိတယ်။
carry baggage = အဲဒီအရှုပ်အရှင်းတွေ၊ စိတ်ဒဏ်ရာတွေကို အခုထိ သယ်ဆောင်နေတုန်းပဲဆိုတဲ့ အဓိပ္ပာယ်ကို ပိုအလေးပေးပါတယ်။
ဒါပေမယ့် ဒီအသုံးအနှုန်းကို Formal Writing တွေမှာ အသုံးများတာမဟုတ်ဘဲ နေ့စဉ်စကားပြော (Everyday English)၊ ရုပ်ရှင်၊ Series နဲ့ Podcast တွေမှာ ပိုပြီးကြားရလေ့ရှိပါတယ်။
ဒါကြောင့် Native Speakers တွေ ပြောတဲ့ English ကို ပိုနားလည်ချင်ရင် ဒီ Idiomatic Expression လေးကို မှတ်ထားသင့်ပါတယ်။ ✨ | 1 619 |
| 12 | 🧩Listening, Reading ကောင်းပေမဲ့ Speaking, Writing ဘာလို့မတိုးတက်တာလဲ?🤔
English စာလေ့လာတဲ့သူတော်တော်များများမှာ ကြုံရတဲ့ပြဿနာတစ်ခုရှိပါတယ်။
Listening နဲ့ Reading က အဆင်ပြေတယ်။ ဒါပေမယ့် Speaking နဲ့ Writing လုပ်ရတဲ့အခါ Confidence မရှိဘူး၊ အမှားများတယ်လို့ ခံစားရတတ်ပါတယ်။
တကယ်တော့ ဒါဟာ ပုံမှန်ပါပဲ။
ဘာကြောင့်လဲဆိုတော့ Listening နဲ့ Reading က Receptive Skills ဖြစ်ပြီး အချက်အလက်တွေကို လက်ခံသင်ယူတဲ့ Skill တွေပါ။
အခြားတစ်ဖက်မှာ Speaking နဲ့ Writing က Productive Skills ဖြစ်ပါတယ်။ ကိုယ်သိထားတာတွေကို ကိုယ်တိုင် ပြန်ထုတ်သုံးရတဲ့ Skill တွေဖြစ်လို့ ပိုပြီးလေ့ကျင့်ဖို့လိုပါတယ်။
🎧 Listening က ဘာလို့ပိုကောင်းလာတာလဲ?
နေ့စဉ်ဘဝမှာ English ကို မပြောဖြစ်ရင်တောင် နားထောင်ဖြစ်တာများပါတယ်။
YouTube ကြည့်တယ်။
TikTok ကြည့်တယ်။
Podcast နားထောင်တယ်။
ရုပ်ရှင်နဲ့ Series ကြည့်တယ်။
ဒီလို နေ့တိုင်း English အသံတွေနဲ့ ထိတွေ့နေရတာကြောင့် Listening Skill က သဘာဝအတိုင်း တိုးတက်လာတာပါ။
📖 Reading ကရော?
Social Media, Website, News, Caption, Comment စတာတွေကို English လို ဖတ်ဖြစ်တာက ရေးဖြစ်တာထက် အများကြီးပိုများပါတယ်။
ဖတ်တာများလာလေလေ Vocabulary နဲ့ Sentence Pattern တွေကို ပိုပြီး ရင်းနှီးလာလေလေ ဖြစ်ပါတယ်။
ဒါကြောင့် Reading Skill ကလည်း တဖြည်းဖြည်း တိုးတက်လာပါတယ်။
🗣️ Speaking ကောင်းဖို့ ဘာလုပ်သင့်လဲ?
Speaking ကတော့ နားထောင်ရုံနဲ့ မတိုးတက်ပါဘူး။
ပြောမှ တိုးတက်ပါတယ်။
တစ်ယောက်တည်း Shadowing လုပ်ပါ။
ကိုယ့်အသံကို Record လုပ်ပြီး ပြန်နားထောင်ပါ။
Speaking Partner ရှာပြီး Practice လုပ်ပါ။
Conversation Club တွေ Join ပါ။
အရေးကြီးဆုံးက နေ့တိုင်း ပြောဖို့ အချိန်နည်းနည်းပေးပါ။
✍️ Writing ကောင်းဖို့ရော?
Writing Skill ကလည်း ရေးမှ တိုးတက်တာပါ။
Grammar သိရုံနဲ့ မလုံလောက်ပါဘူး။
Sentence တွေရေးပါ။
Paragraph တွေရေးပါ။
Essay တွေရေးကြည့်ပါ။
ပြီးရင် Teacher, ChatGPT ဒါမှမဟုတ် AI Tools တွေကို အသုံးပြုပြီး Feedback ယူပါ။
Feedback ရမှ ကိုယ့်အမှားကို သိပြီး နောက်တစ်ခါ ထပ်မမှားတော့မှာပါ။
နောက်ဆုံးမှာချင်တာက...
English Skill တစ်ခုချင်းစီက လေ့ကျင့်ပုံ မတူပါဘူး။
Listening ကောင်းချင်ရင် နားထောင်ပါ။
Reading ကောင်းချင်ရင် ဖတ်ပါ။
Speaking ကောင်းချင်ရင် ပြောပါ။
Writing ကောင်းချင်ရင် ရေးပါ။
ကိုယ်လိုချင်တဲ့ Skill ကို နေ့တိုင်း အသုံးချပြီး လေ့ကျင့်ပေးနိုင်ရင် အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ တိုးတက်လာမှာ သေချာပါတယ်။
📚 7လပိုင်း 10 ရက်နေ့မှာဖွင့်မဲ့ 70 Days Challenge Batch - 13 အတွက် အတန်းအပ်လို့ရပြီနော်
A1 ➜ B1 နဲ့ B1 ➜ B2 Level နှစ်တန်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
နေ့စဉ် လေ့လာတဲ့အလေ့အကျင့်တစ်ခုကို တည်ဆောက်ပြီး English Level ကို တစ်ဆင့်ချင်းမြှင့်တင်ချင်ရင် ဒီ Challenge က သင့်အတွက်ပါ။
Start Date : 10.7.2026
📩 အသေးစိတ်သိချင်ရင် @Chrissy013 ကို "B-13" လို့ Message ပို့ပြီး Join လို့ရပါပြီ | 1 514 |
| 13 | အရင် Batch တုန်းက Learner တစ်ယောက်ရဲ့ တိုးတက်မှုလေး💕
A1 Level ကနေ စတင်ခဲ့ပြီး အခုတော့ EF SET Result မှာ B1 Intermediate အထိ ရောက်လာခဲ့ပါပြီး နောက် level ထက်တက်ဖို့ B1-B2 Challenge အတန်းလေးကိုပါ အပ်လိုက်ပြီ🌟
Level တစ်ခုတက်လာဖို့ဆိုတာ ကံကောင်းလို့ မဟုတ်ပါဘူး။
နေ့တိုင်း ပုံမှန်လေ့လာတာ၊ လက်မလျှော့ဘဲ ဆက်ကြိုးစားတာနဲ့ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိရှိ လေ့ကျင့်ခဲ့တာတွေကြောင့် ဒီလိုရလဒ်ကောင်းကို ရခဲ့တာပါ
ဒီလို တိုးတက်လာတာကို မြင်ရတိုင်း Teacher အနေနဲ့ ပျော်ရတယ်❤️
တကယ်တော့ Zoom Class ကို တက်နိုင်ပြီး Teacher နဲ့ တိုက်ရိုက်သင်ယူနိုင်ရင် အကောင်းဆုံးပါ
ဒါပေမယ့် လူတိုင်းမှာ အချိန်၊ ငွေကြေး၊ အခြေအနေတွေ မတူကြပါဘူး။
ဒီလို တက်ဖို့ အချိန် သင်တန်းကြေး မပြေတဲ့သူတွေအနေနဲ့ level up ချင်ကြသူတိုင်း ထိရောက်အောင် ကူညီနိုင်ဖို့ ဒီ Challenge လေးတွေ စခဲ့တာ ။
အကျိုးရှိကြတာမို့လည်း ပျော်ရတယ် ။
_________________
Batch-13 Level Up Challenge လေး 10 ရက်နေ့မှာ စမယ်နော် ။
@Chrissy013 မှာအပ်ပေးပါရှင့် | 1 449 |
| 14 | ✨70 Days Challenge Batch - 13 Coming Soon!
Start Date - 10.7.2026
ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပြီး English Level ကို အခုကစပြီး ပြောင်းလဲလိုက်ပါ။
English စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ၊ မှားမှာကြောက်တာ၊ ပြောချင်တာကို မပြောရဲတာတွေက Learners တော်တော်များများ ကြုံရတဲ့ အခက်အခဲတွေပါ။
ဒါပေမယ့် အဲဒီအခက်အခဲတွေက ကိုယ့်ကို ရပ်တန့်စေမယ့် အတားအဆီးမဟုတ်ပါဘူး။ မှန်ကန်တဲ့ လေ့ကျင့်မှု၊ ပုံမှန်ကြိုးစားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ရဲတဲ့စိတ်ရှိရင် ဒီ Limits တွေကို တစ်ဆင့်ချင်း ကျော်ဖြတ်နိုင်ပါတယ်💌
ဒါကြောင့် 70 Days Challenge ကို ဖွင့်ထားတာက English ကို သင်ရုံသက်သက်မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို တစ်နေ့ထက်တစ်နေ့ တိုးတက်လာအောင် Challenge လုပ်ပေးဖို့ပါ။
📚 70 ရက်အတွင်း Grammar, Vocabulary, Reading, Listening, Writing နဲ့ Speaking ကို စနစ်တကျ လေ့လာရင်း၊ မနေ့က ကိုယ့်ထက် ဒီနေ့ပိုတိုးတက်လာတဲ့ ကိုယ့်ကိုယ်ကိုယ် မြင်တွေ့လာရမှာပါ။
ဒီ Batch မှာတော့ Learners တွေတွက် အဆင်ပြေအောင် Level (2) ခု ဖွင့်ပေးထားပါတယ်။
🟢 A1 ➜ B1
အခြေခံကနေ စပြီး Level တက်ချင်တဲ့သူတွေအတွက်။
🔵 B1 ➜ B2
Intermediate Level ကို ကျော်ပြီး English ကို ပိုပြီး Confidence ရှိရှိ အသုံးချချင်တဲ့သူတွေအတွက်။
အရေးကြီးတာက...
တခြားသူထက် တော်ဖို့မလိုပါဘူး။
မနေ့က ကိုယ့်ထက် ဒီနေ့ ပိုတိုးတက်လာဖို့ပဲ လိုပါတယ်။ 🌱
📅 Batch - 13 Starts on 10.7.2026
🔺 သင်တန်းကြေး : 40000 ကျပ်
ဒီတစ်ခေါက် ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပြီး 70 ရက်လုံး Consistency နဲ့ လေ့လာဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်.. လာ Join လိုက်တော့နော်
@Chrissy013
@thefluentspace မှာအပ်ပေးပါရှင့် | 1 765 |
| 15 | 🧩နေ့စဉ် Vocabulary အသစ်တွေကို လေ့လာပြီး စကားလုံးအသစ်တွေကို ကိုယ့်ရဲ့နေ့စဉ် အသုံးအနှုန်းမှာ အလွယ်တကူသုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကိုယ်ပိုင် vocabulary စကားလုံးများနဲ့ ပိုပြီးကျွမ်းလာနိုင်အောင်လေ့လာကြည့်ကြရအောင်နော်✨
Pragmatic (လက်တွေ့ကျသော)
Pragmatic ဆိုတာ အတွေးအခေါ်သက်သက်မဟုတ်ဘဲ လက်တွေ့မှာ အဆင်ပြေပြီး အသုံးဝင်တဲ့ နည်းလမ်းကို ရွေးချယ်တတ်တာကို ရည်ညွှန်းပါတယ်။
Example:
We need a pragmatic solution to this problem.
(ဒီပြဿနာအတွက် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတစ်ခု လိုအပ်ပါတယ်။)
⸻
Credible (ယုံကြည်စိတ်ချရသော)
Credible ဆိုတာ ယုံကြည်နိုင်တဲ့၊ အမှန်တကယ်ဖြစ်နိုင်ခြေရှိတဲ့ လူ၊ သတင်း၊ သို့မဟုတ် အချက်အလက်ကို ရည်ညွှန်းပါတယ်။
Example:
The report comes from a credible source.
(ဒီအစီရင်ခံစာက ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်ကနေ လာတာပါ။)
⸻
Allocate (ခွဲဝေပေးသည်)
Allocate ဆိုတာ အချိန်၊ ငွေကြေး၊ အရင်းအမြစ်တွေကို သတ်မှတ်ထားတဲ့ နေရာမှာ အသုံးပြုဖို့ ခွဲဝေပေးတာကို ဆိုလိုပါတယ်။
Example:
The company allocated more funds to education projects.
(ကုမ္ပဏီက ပညာရေးစီမံကိန်းတွေအတွက် ရန်ပုံငွေပိုမို ခွဲဝေပေးခဲ့တယ်။)
⸻
Conventional (ရိုးရာဆန်သော / ပုံမှန်ဖြစ်သော)
Conventional ဆိုတာ လူအများလက်ခံထားတဲ့ ပုံမှန်နည်းလမ်း၊ ရိုးရာအစဉ်အလာ သို့မဟုတ် သာမန်အသုံးများတဲ့ အရာကို ရည်ညွှန်းပါတယ်။
Example:
They prefer conventional teaching methods.
(သူတို့က ပုံမှန်သင်ကြားရေးနည်းလမ်းတွေကို ပိုနှစ်သက်ကြတယ်။)
⸻
4 Vocabulary in Paragraph
The team took a pragmatic approach to the project and relied on credible information. They carefully allocated their resources instead of following conventional methods, which helped them achieve better results.
🔺Vocabulary လေ့လာပြီးသွားရင် ပုံထဲက Eng-Eng dictionary အဖြေတွေခန့်မှန်းပြီး Match လုပ်ကြည့်ကြည့်နော်! | 1 795 |
| 16 | 🧩နေ့စဉ် Vocabulary အသစ်တွေကို လေ့လာပြီး စကားလုံးအသစ်တွေကို ကိုယ့်ရဲ့နေ့စဉ် အသုံးအနှုန်းမှာ အလွယ်တကူသုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကိုယ်ပိုင် vocabulary စကားလုံးများနဲ့ ပိုပြီးကျွမ်းလာနိုင်အောင်လေ့လာကြည့်ကြရအောင်နော်✨
Pragmatic (လက်တွေ့ကျသော)
Pragmatic ဆိုတာ အတွေးအခေါ်သက်သက်မဟုတ်ဘဲ လက်တွေ့မှာ အဆင်ပြေပြီး အသုံးဝင်တဲ့ နည်းလမ်းကို ရွေးချယ်တတ်တာကို ရည်ညွှန်းပါတယ်။
Example:
We need a pragmatic solution to this problem.
(ဒီပြဿနာအတွက် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတစ်ခု လိုအပ်ပါတယ်။)
⸻
Credible (ယုံကြည်စိတ်ချရသော)
Credible ဆိုတာ ယုံကြည်နိုင်တဲ့၊ အမှန်တကယ်ဖြစ်နိုင်ခြေရှိတဲ့ လူ၊ သတင်း၊ သို့မဟုတ် အချက်အလက်ကို ရည်ညွှန်းပါတယ်။
Example:
The report comes from a credible source.
(ဒီအစီရင်ခံစာက ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်ကနေ လာတာပါ။)
⸻
Allocate (ခွဲဝေပေးသည်)
Allocate ဆိုတာ အချိန်၊ ငွေကြေး၊ အရင်းအမြစ်တွေကို သတ်မှတ်ထားတဲ့ နေရာမှာ အသုံးပြုဖို့ ခွဲဝေပေးတာကို ဆိုလိုပါတယ်။
Example:
The company allocated more funds to education projects.
(ကုမ္ပဏီက ပညာရေးစီမံကိန်းတွေအတွက် ရန်ပုံငွေပိုမို ခွဲဝေပေးခဲ့တယ်။)
⸻
Conventional (ရိုးရာဆန်သော / ပုံမှန်ဖြစ်သော)
Conventional ဆိုတာ လူအများလက်ခံထားတဲ့ ပုံမှန်နည်းလမ်း၊ ရိုးရာအစဉ်အလာ သို့မဟုတ် သာမန်အသုံးများတဲ့ အရာကို ရည်ညွှန်းပါတယ်။
Example:
They prefer conventional teaching methods.
(သူတို့က ပုံမှန်သင်ကြားရေးနည်းလမ်းတွေကို ပိုနှစ်သက်ကြတယ်။)
⸻
4 Vocabulary in Paragraph
The team took a pragmatic approach to the project and relied on credible information. They carefully allocated their resources instead of following conventional methods, which helped them achieve better results.
🔺Vocabulary လေ့လာပြီးသွားရင် ပုံထဲက Eng-Eng dictionary အဖြေတွေခန့်မှန်းပြီး Match လုပ်ကြည့်ကြည့်နော်! | 11 |
| 17 | Sin texto... | 1 |
| 18 | 📚 ဒီနေ့တော့ English မှာ အဓိပ္ပာယ်ဆင်တူပေမယ့် အသုံးပြုတဲ့အခြေအနေ မတူတဲ့ important, crucial, essential ဆိုတဲ့ စကားလုံး (၃) လုံးအကြောင်းကို လေ့လာကြည့်ရအောင်။
လူတော်တော်များများက ဒီစကားလုံးတွေကို "အရေးကြီးတယ်" ဆိုတဲ့ အဓိပ္ပာယ်နဲ့ပဲ သိထားကြပေမယ့် အရေးကြီးတဲ့ အဆင့်အတန်းချင်းတော့ မတူကြပါဘူး။
🔹 Important
Important ကို နေ့စဉ်အသုံးများတဲ့ "အရေးကြီးတယ်" ဆိုတဲ့ အခြေအနေတွေမှာ သုံးပါတယ်။
တစ်ခုခုက အာရုံစိုက်ဖို့လိုတယ်၊ တန်ဖိုးရှိတယ်၊ အရေးပါမှုရှိတယ်ဆိုရင် important ကို သုံးနိုင်ပါတယ်။
Example:
It is important to stay calm when facing problems.
(ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ စိတ်တည်ငြိမ်နေဖို့ အရေးကြီးပါတယ်။)
🔹 Crucial
Crucial က important ထက် ပိုပြီး အရေးကြီးတဲ့ အခြေအနေကို ဖော်ပြပါတယ်။
ရလဒ်တစ်ခု အောင်မြင်မလား၊ ကျရှုံးမလား ဆိုတာကိုတောင် သက်ရောက်နိုင်တဲ့ ကိစ္စမျိုးတွေမှာ crucial ကို သုံးလေ့ရှိပါတယ်။
Example:
Good communication is crucial for a successful team.
(အောင်မြင်တဲ့အဖွဲ့တစ်ခုအတွက် ကောင်းမွန်တဲ့ ဆက်သွယ်ရေးက အလွန်အရေးကြီးပါတယ်။)
🔹 Essential
Essential ဆိုတာတော့ "မရှိမဖြစ်လိုအပ်သော" ဆိုတဲ့ သဘောမျိုး ပိုဆန်ပါတယ်။
ဒီအရာမရှိရင် အဆင်မပြေတော့ဘူး၊ မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စဆိုရင် essential ကို အသုံးပြုပါတယ်။
Example:
Water is essential for human life.
(ရေဟာ လူသားတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။)
✨ အလွယ်မှတ်မယ်ဆိုရင်
Important → အရေးကြီးတယ်
Crucial → အလွန်အရေးကြီးတယ်
Essential → မရှိမဖြစ်လိုအပ်တယ်
ဒီလို ခွဲမှတ်ထားရင် Speaking နဲ့ Writing မှာ Vocabulary ပိုစုံစုံလင်လင် အသုံးပြုနိုင်လာမှာပါ 📖 | 1 610 |
| 19 | 📝 Argumentative Essay ရေးတဲ့အခါ Introduction (Opening) က အရမ်းအရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့ စာဖတ်သူက Essay တစ်ပုဒ်ကို စဖတ်တဲ့အချိန် ပထမ paragraph ကိုဖတ်ပြီး ဆက်ဖတ်မလား၊ မဖတ်တော့ဘူးလားဆိုတာ ဆုံးဖြတ်လေ့ရှိလို့ပါ။
အကြောင်းအရာကောင်းတစ်ခု ရေးထားရင်တောင် Opening က စိတ်မဝင်စားစရာဖြစ်နေမယ်ဆိုရင် စာဖတ်သူရဲ့ အာရုံကို ဖမ်းထားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Argumentative Essay ရဲ့ Introduction ကို ရေးတဲ့အခါ စာဖတ်သူ ဆက်ဖတ်ချင်သွားအောင် ရေးတတ်ဖို့လိုပါတယ်။
ဒီနေ့တော့ Essay Opening စရေးနိုင်တဲ့ နည်းလမ်း (၄) မျိုးကို ကြည့်လိုက်ရအောင် 👇
🔹 1. Start with an Unexpected Claim
လူအများထင်ထားတာနဲ့ မတူတဲ့ အယူအဆတစ်ခုကို စပြီးရေးတဲ့နည်းပါ။
Example:
"Technology is making humans more primitive."
ပုံမှန်အားဖြင့် လူတွေက Technology ကြောင့် ဘဝပိုကောင်းလာတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီ sentence က အဲ့ဒီအမြင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် စာဖတ်သူကို "ဘာကြောင့် ဒီလိုပြောတာလဲ?" ဆိုပြီး စိတ်ဝင်စားစေပါတယ်။
🔹 2. Use a Thought-Provoking Statement
စဉ်းစားစရာဖြစ်စေတဲ့ Statement တစ်ခုနဲ့ စတဲ့နည်းပါ။
Example:
"We all lose control sometimes."
ဒီလို sentence မျိုးက ဖတ်လိုက်တာနဲ့ ကိုယ့်အတွေ့အကြုံကို ပြန်စဉ်းစားမိစေပါတယ်။ စာဖတ်သူနဲ့ Topic ကို ချိတ်ဆက်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
🔹 3. Summarize the Situation
ဆွေးနွေးမယ့် ပြဿနာ သို့မဟုတ် အခြေအနေကို အတိုချုံးမိတ်ဆက်တဲ့နည်းပါ။
Example:
"Global warming is one of the most serious environmental issues today."
ဒီလိုရေးခြင်းအားဖြင့် Essay က ဘာအကြောင်းကို ဆွေးနွေးမယ်ဆိုတာ စာဖတ်သူ ချက်ချင်းသိသွားစေပါတယ်။ Academic Essay တွေမှာ အသုံးများတဲ့ Opening ပုံစံတစ်ခုလည်း ဖြစ်ပါတယ်။
🔹 4. Begin with a Rhetorical Question
အဖြေမလိုတဲ့ Question တစ်ခုနဲ့ စတဲ့နည်းပါ။
Example:
"What kind of world will future generations inherit?"
ဒီလို မေးခွန်းမျိုးက စာဖတ်သူကို Topic အကြောင်း စဉ်းစားစေပြီး Essay ထဲကို ပိုပြီး စိတ်ဝင်စားစွာ ဝင်ရောက်ဖတ်ရှုစေပါတယ်။
✨ Essay ရေးတဲ့အခါ Introduction က ပထမဆုံး Impression ဖြစ်ပါတယ်။ ဒါကြောင့် Opening ကို သေချာရေးတတ်မယ်ဆိုရင် စာဖတ်သူရဲ့ အာရုံကို ဖမ်းထားနိုင်ပြီး ကိုယ့် Essay ကို ပိုပြီး ထိရောက်စေမှာပါ။
Argumentative Essay ရေးတဲ့အခါ ဒီနည်းလမ်း (၄) မျိုးထဲက တစ်ခုခုကို စမ်းသုံးကြည့်ပါနော် 📚 | 1 752 |
| 20 | ဒီတစ်ယောက်လေးက 70 Days Challenge အတန်းပြီးသွားတဲ့နောက် Level တက်သွားတာလေးပါ
——-
မနက်ရဲ့ Motivation လေး
Level မတက်လာလို့ဆိုပြီး မလေ့ဖြစ်တော့တဲ့သူလေးတွေရှိလာ
အဲ့တာကပုံမှန်နော်
အရေးကြီးဆုံးက ဆက်ပြီး လုပ်နေဖို့ပါပဲ
နေ့တိုင်း နာရီဝက်လောက် Englishကို အချိန်ပေး လေ့လာကြည့်နော
Englishက ကိုယ့်ကို ပိုကောင်းတဲ့ လမ်းကြောင်းတွေဆီ ခေါ်သွားပေးနိုင်မှာလေနော
လက်မလျှော့ပဲ တို့တွေ ကြိုးစားစို့နော
———— | 1 807 |
