es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Biscope

Biscope

Ir al canal en Telegram

📈 Análisis del canal de Telegram Biscope

El canal Biscope (@biscopei00) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 65 919 suscriptores, ocupando la posición 3 857 en la categoría Películas y el puesto 2 105 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 65 919 suscriptores.

Según los últimos datos del 23 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -1 572, y en las últimas 24 horas de -76, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 0.41%. Durante las primeras 24 horas tras publicar, el contenido suele obtener 0.19% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 272 visualizaciones. En el primer día suele acumular 123 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 1.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 24 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Películas.

65 919
Suscriptores
-7624 horas
-4127 días
-1 57230 días
Archivo de publicaciones
Biscope
65 919
🏴󠁧󠁢󠁥󠁮󠁧󠁿 Man U အနိုင် ( 2ဆ ) 1သောင်း လောင်း 🔹 22100 ပြန်ရ ⚽️Bournemouth အနိုင် ( 3ဆ ) 1သောင်း လောင်း 🔹 33500 ပြန်ရ Tm
🏴󠁧󠁢󠁥󠁮󠁧󠁿 Man U အနိုင် ( 2ဆ ) 1သောင်း လောင်း 🔹 22100 ပြန်ရ ⚽️Bournemouth အနိုင် ( 3ဆ ) 1သောင်း လောင်း 🔹 33500 ပြန်ရ
Tmr ⚽️ Vs ⚽️ပွဲလောင်းဖို့
1️⃣1xbet / 🥰BOG / 🇩🇪Melbet acc ဖွင့်ပြီး လောင်းချင်ရင် ⬇️⬇️ .

Biscope
65 919
Scary Movie franchise ရဲ့ ၅ကားမြောက်ပါ။၅ကားမြောက်ပေမယ့် ချာမသွားမဘဲ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါ။ ဒီကားလေးကိုတော့ Paranorma
Scary Movie franchise ရဲ့ ၅ကားမြောက်ပါ။၅ကားမြောက်ပေမယ့် ချာမသွားမဘဲ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါ။ ဒီကားလေးကိုတော့ Paranormal Activity(2007), Black Swan(2010),Mama[2013] နဲ့ Rise of the Planet of the Apes.[2011], Sinister,[2012] Inception,[2010] Ted [2012] Evil Dead [2013], The Cabin in the Woods,[2012] Insidious[2010] ,The Day the Earth Stood Still [2008],The Help[2011]တို့ကို ရောသမမွှေပြီး comedy horror ဇာတ်ကားကောင်းတစ်ကားအနေနဲ့ပုံဖော်ထားပါတယ်။Rapper Snoop Dogg လည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ Fifty Shades of Grey ထဲမှ Christian Grey ဇာတ်ကောင်ကိုသရော်ထားတဲ့ဇာတ်ဝင်ခန်းလည်းပါဝင်မှာဖြစ်ပါတယ်။ ဇာတ်ကားlink📌 https://t.me/allforyours1/7764

Biscope
65 919
🍿🏆‼️သမ်ိုင်းတလျောက် အလှပဆုံးနဲ့ အကောင်းဆုံး အချစ်ဝတ္ထုလို့ဆိုလိုက်ရင် စာရေးဆရာကြီး William Shakespeare ရဲ့ Romeo & Juliet ဝ
🍿🏆‼️သမ်ိုင်းတလျောက် အလှပဆုံးနဲ့ အကောင်းဆုံး အချစ်ဝတ္ထုလို့ဆိုလိုက်ရင် စာရေးဆရာကြီး William Shakespeare ရဲ့ Romeo & Juliet ဝတ္ထုကို ပြေးမြင်မိကြမှာပါ ဒီအနုပညာဆန်လှတဲ့ ဝတ္ထုကြီးကိုပဲ ပြဇာတ်တသွယ် ၊ ရုပ်ရှင်တသွယ် ၊ ကဗျာတသွယ်နဲ့ ခေတ်အဆက်ဆက်မှာ ပုံစံအမျိုးမျိုး ပုံဖော်လာခဲ့ကြပါတယ် ဒီထဲကမှ 1996 ခုနှစ်ကထွက်ရှိခဲ့တဲ့ Romeo + Juliet ဇာတ်လမ်းလေးထဲမှာတော့ မင်းသားကြီး Leonardo ရဲ့ ငယ်ဘဝရုပ်သွင်ကို ခံစားရမဲ့ အပြင် မတူကွဲပြားတဲ့ ပုံစံနဲ့ Romeo + Juliet အချစ်ဇာတ်လမ်းလေးတပုဒ်ကို ကြည့်ရှူရမှာပါ Romeo အနေနဲ့ မင်းသားကြီး Leo ဆိုတာကလဲ ငယ်ငယ်ထဲက သရုပ်ဆောင် မခေလှတဲ့အပြင် Juliet နေရာက မင်းသမီး Claire Danes ဟာဆိုရင်လဲ အလှနတ်သမီးတပါးအဖြစ် တင်စားခံရသူတယောက်ပါ ဒီ ဇာတ်လမ်းကတော့ Verona ဆိုတဲ့ ကမ်းခြေမြို့လေးက Montagues နဲ့ Capulets ဆိုတဲ့ မိသားစုအင်ပါယာနှစ်ခုအကြား အားပြိုင်မှုတွေနဲ့ စတင်ထားပါတယ် ဒီမိသားစုနှစ်ခုအကြား ပဋိပက္ခကအတော်ပြင်းထန်လှပြီး ရဲမှူးကတောင်မိသားစုခေါင်းဆောင်တွေကို ခေါ်ယူသတိပေးရတဲ့အထိပါ Romeo ကတော့ Montagues မိသားစုက ဖြစ်ပြီး တရက် ပါတီသွားတက်ရင်း Juliet ဆိုတဲ့ မိန်းမလှလေးနဲ့ ဆုံခဲ့မိပါတယ် ရန်ဘက် မိသားစုကမှန်း မသိပေမဲ့ မြင်မြင်ချင်းမှာတငိ တစ်ယောက်နဲ့ တစ်ယောက် ကြားထဲမှာ အချစ်ကြိုးလေး ပေါ်ပေါက်လာခဲ့ပါတယ် အချစ်စစ်တို့ရဲ့ ထုံးစံအတိုင်း မိသားစုတွေရဲ့ အမုန်းတရားတွေကြားထဲမှာ သူတို့နှစ်ဦးသားကတော့ ချစ်မြဲ ချစ်ဆဲပါ ဒါပေမဲ့လဲ တရက်မှာတော့ ကံကြမ္မာဆိုးကြီးတခုက ကောက်ကာငင်ကာရောက်ရှိလာပြီး ချစ်သူနှစ်ဦးကြား ဝေးကွာခဲ့ရဖို့ဖြစ်လာပါတော့တယ်..... ဇာတ်ကားlink📌 https://t.me/mizflix/1999

Biscope
65 919
ဒီတစ်ခေါက် အပိုင်း၂ (၂၀၂၀) မှာတော့ အတိတ်ကိုပြန်သွားရာကနေဇာတ်လမ်းစခဲ့ပါတယ်နိုဘီတတစ်ယောက်သူ့မွေးနေ့မှာ အိမ်ကိုပြန်လာချိန် မယ်တေ
ဒီတစ်ခေါက် အပိုင်း၂ (၂၀၂၀) မှာတော့ အတိတ်ကိုပြန်သွားရာကနေဇာတ်လမ်းစခဲ့ပါတယ်နိုဘီတတစ်ယောက်သူ့မွေးနေ့မှာ အိမ်ကိုပြန်လာချိန် မယ်တော်ဘုရားက ဘဲဥမကွဲတဲ့ စာမေးပွဲအမှတ်စာရင်းစာရွက်ကိုရှာတွေ့ရာနေစလို့ အဆူခံရပြီး ပုလဲခလျှက်နဲ့ သူ့အခန်းထဲဝင်လာခဲ့ပါတယ်။အခန်းထဲမှာ အမေဆူတာလွတ်ဖို့အရေး အရင်လိုပဲ ဒိုရေမွန်ဆီကနေပစ္စည်းဆန်းတွေသုံးဖို့ကြံနေရင်းသူကိုယ်တိုင်တောင် ဘာမှန်းမသိတာတွေလျှောက်လုပ်မိကုန်ပါတယ်။အဲ့ဒီကနေ နိုဘီတရဲ့အဘွားပေးခဲ့တဲ့ ဝက်ဝံရုပ်လေးကိုတွေ့ပြီး အဘွားနဲ့ပြန်တွေ့ချင်လို့ ဒိုရေမွန်ဆီပူဆာရာကနေစလို့ နိုဘီတ ပီသစွာ တစ်လွဲအပြည့်နဲ့ဇတ်ထုတ်ကြီးကကြပါတော့တယ်။ ဒီဇတ်လမ်းမှာ ဟိုးအရင်ကလို မဟုတ်ဘဲအဘွားနဲ့နိုဘီတတို့ကြားက သံယောဇဉ်ကြိုး မိဘမေတ္တာတို့ကို မျက်ရည်ဝဲလျှက်နဲ့ကြည့်ရမှာပါ။နိုဘီတနဲ့ရင်းနီးပြီးသားသူများအဖို့တော့ ကြည့်ရတာ ပိုးစိုးပက်စက်တန်မှာပါ။ ဇာတ်ကားlink📌 https://t.me/allforyours1/7762

Biscope
65 919
ဝီစလေဂစ်(ဘ်)ဆင် (James McAvoy) ဆိုတဲ့ လူငယ်လေးဟာ ချီကာဂိုမြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှမရှိတဲ့ စားရင်းကိုင်အလုပ်လေးတစ်ခ
ဝီစလေဂစ်(ဘ်)ဆင် (James McAvoy) ဆိုတဲ့ လူငယ်လေးဟာ ချီကာဂိုမြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှမရှိတဲ့ စားရင်းကိုင်အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကိုပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ် တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်၊ ဖော့(စ်) က ဝီစလေရဲ့ဖခင်ကို သူမ သိကြောင်း ယမန်နေ့ညက သူ့အဖေ အသတ်ခံရကြောင်းနဲ့ သူ့အဖေကို သတ်တဲ့ လူသတ်တရားခံက သူ့နောက်ကို လိုက်နေကြောင်း ပြောပြပေမယ့် သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင်အဖို့တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ် ဇာတ်ကားlink📌 https://t.me/allforyours1/7761

Biscope
65 919
💯💚🥰တကားလုံး ရီလဲရီနေရ ကြည့်လို့လဲကောင်းတဲ့ဇာတ်ကားလေးတကားညွန်းပေးလိုက်ပါစေ မြန်မာပရိသတ်တွေရဲ့ အချစ်တော် ဟောင်ကောင်မင်းသမီးလ
💯💚🥰တကားလုံး ရီလဲရီနေရ ကြည့်လို့လဲကောင်းတဲ့ဇာတ်ကားလေးတကားညွန်းပေးလိုက်ပါစေ မြန်မာပရိသတ်တွေရဲ့ အချစ်တော် ဟောင်ကောင်မင်းသမီးလေးShu Qi ရဲ့ အကောင်းဆုံးတွေထဲက တကားဖြစ်ပြီး အက်ရှင်တင်မဟုတ်ပဲ Comedy sense တွေပါ ပေါင်းစပ်ထားတာကြောင့် ရီလဲရီရ အက်ရှင်လဲကြည့်ရလို့ဆိုလိုက်ရင်ပိုပြီးမှန်ပါလိမ့်မယ် မင်းသားကြီး Le၊e Be၊om-so၊oက‌ပါ အားဖြည့်ထားတာကြောင့် ကြည့်မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး ဇာတ်လမ်းကိုဆက်ရရင် ဟန်ကီချော ဆိုတဲ့ ဘူဟွာရပ်ကွက်ရဲ့ လူ မိုက် တစ်ယောက်.... တရက်တော့ သူဌေးရဲ့ စေခိုင်းချက်အရ ‌တရုတ်ပြည်က လာတဲ့ကောင်မလေး တစ်ယောက်ကို ဧည့်လမ်းညွန် လုပ်ခိုင်းလိုက်ပါတယ် ဧည့်လမ်းညွန် လုပ်ပေးရတဲ့ တရုတ်မလေးကလဲ ရုပ်ကလေးလဲ ချော ခပ်ချေချေလေးဆိုတော့ ဟန်ကီချော အဖို့တော့ ဘဝကြီးကနေပျော်စရာဖြစ်‌နေပေမဲ့လုပ်ကြံသူတွေ ပေါ်ပေါ်လာခဲ့တဲ့အခါမှာတော့.... ဇာတ်ကားlink📌 https://t.me/mizflix/1997

Biscope
65 919
ဇာတ်လမ်းအညွှန်း ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိ
ဇာတ်လမ်းအညွှန်း ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး သူပြောခဲ့တဲ့စကားတစ်ခုက “ဆိုင်တွေက customers တွေကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံဘူး၊ သူတို့ ကောင်းကောင်းဆက်ဆံတာ credit card ပဲရှိတယ်။” ကျွန်တော်ကတော့ ကြည့်ရတာ သဘောကျမိတယ်။90s vibe ကိုလည်း ကောင်းကောင်းကြီးခံစားရသလို၊ old money အသိုင်းအဝိုင်းကိုလည်း သေချာမြင်ခဲ့ရတယ်။ Romance/Comedy genre ထဲက တကယ်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်ကားlink📌 https://t.me/moviecollect98/11707

Biscope
65 919
မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါအကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့မိသားစုဘဝကို ပြန်လည်ထူထောင်ဖို ကြိ
မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါအကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့မိသားစုဘဝကို ပြန်လည်ထူထောင်ဖို ကြိုးစားနေတဲ့ ထောင်ထွက်တစ်ဦးရဲ့ကြားကသံယောဇဉ်ကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။ မေတ္တာတရားဆိုတာ အသားအရောင်၊ အဆင့်အတန်း၊ ပညာတတ်ခြင်းမတတ်ခြင်း ဆိုတာတွေအပေါ်မှာ မူတည်မနေဘူး ဆိုတာကိုဒီဇာတ်လမ်းက သက်သေပြသွားပါလိမ့်မယ်။ IMDb Rating ကတော့ 6.5/10 ရရှိထားပြီးတော့ Rotten Tomatoesကတော့ 84% ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားlink📌 https://t.me/allforyours1/7758

Biscope
65 919
ဟောလိဝုဒ်ရွှေခေတ် တီဗွီမင်းသမီးကြီး Lucy Ball ဟာ သူ့ရဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ I Love Lucy မှာ သူ့ခင်ပွန်းဖြစ်သူ Desi Arnez နဲ့တူ
ဟောလိဝုဒ်ရွှေခေတ် တီဗွီမင်းသမီးကြီး Lucy Ball ဟာ သူ့ရဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ I Love Lucy မှာ သူ့ခင်ပွန်းဖြစ်သူ Desi Arnez နဲ့တူတူ တွဲဖက်သရုပ်ဆောင်ပြီးဝက်ဝက်ကွဲအောင်မြင်နေပါတယ်။Sit-com တို့ရဲ့အစလို့တောင်ပြောလို့ရတဲ့ ဒီဇာတ်လမ်းတွဲကို အဖြူအမည်းခေတ်မှာပဲဘယ်လိုဖန်းတီးကြလဲ၊ဘယ်လိုသရုပ်ဆောင်ကြလဲဘယ်လိုရိုက်ကူးကြလဲဆိုတာ ကိုပြသထားပါတယ်။ဒါပေမယ့်လဲ Lucy နဲ့Desi တို့ဟာ ဟောလိဝုဒ် ရဲ့အကျော်ကြားဆုံးဇနီးမောင်နှံအဖြစ်ကနေ အိမ်ထောင်ရေးပြသနာတွေ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးအရ စွပ်စွဲမှုတွေ ကြောင့် သူတို့ရဲ့လူနေမှုဘဝခြိမ်းခြောက်ခံနေရပါပြီ။ထိုခေတ်က အမေရိက လိုနိုင်ငံမှာလဲ ရိုးရိုးပြည်သူတွေဟာ ကွန်မြူနစ်လို့ သံသယဖြစ်ခံရတာနဲ့ ဘဝပျက်သွားနိုင်တာကိုပြထားပါတယ်။ တီ‌ဗီဇာတ်လမ်းတွဲတွေရဲ့သမိုင်းတလျှောက်အကျော်ကြားဆုံးထဲမှာပါတဲ့ မင်းသမီးကြီး Lucy Ballရဲ့ ဘဝကိုရိုက်ထားတာဖြစ်ပြီး Oscar ဆုရသရုပ်ဆောင်တွေဖြစ်တဲ့ Nicole Kidman Javier Bardem နဲ့ J.K Simmons တို့အစုံအလင်ပါဝင်ထားပါတယ်။ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့အတိတ်ကဟောလိဝုဒ်ဆီကိုပြန်လည်ခံစားနိုင်ပါတယ်။ ဇာတ်ကားlink📌 https://t.me/allforyours1/7757

Biscope
65 919
ကျွန်စနစ်ဖျက်သိမ်းရေးပေါ် အငြင်းပွားပြီးမြောက်ပိုင်းနဲ့တောင်ပိုင်း ပြည်တွင်းစစ်အတွက် တိုက်ခိုက်ဖို့မြို့ထဲမှာရှိတဲ့ ယောကျာ်းသ
ကျွန်စနစ်ဖျက်သိမ်းရေးပေါ် အငြင်းပွားပြီးမြောက်ပိုင်းနဲ့တောင်ပိုင်း ပြည်တွင်းစစ်အတွက် တိုက်ခိုက်ဖို့မြို့ထဲမှာရှိတဲ့ ယောကျာ်းသားတွေ အရမ်းစိတ်အားတက်ကြွနေတဲ့အချိန်လေးပေါ့။ အဲဒီကိုးမောင်တိန်မြို့လေးကို ဘုန်းတော်ကြီးတစ်ပါးနဲ့သူ့သမီးလေးဖြစ်သူ အေဒါက ပြောင်းလာခဲ့ပါတယ်။ ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ စစ်ပွဲတွေက စတင်ကာအင်းမန်းတို့ စစ်တိုက်ထွက်ရပါတော့တယ်။ အင်းမန်းနဲ့ အေဒါတို့မှာအတူတူရှိချိန်နည်းပါးခဲ့ပေမယ့် ကျွန်မစောင့်နေမယ်ဆိုတဲ့ ကတိလေးကတစ်ဘ၀လုံးစာအတွက်လုံလောက်သွားခဲ့သလိုပါပဲ။ အေဒါကအခက်အခဲတွေကြားက အင်းမန်းပြန်အလာကိုစောင့်နေခဲ့ပါတယ်။ ချစ်ရတဲ့သူတစ်ယောက်တည်း စောင့်မျှော်နေတာကိုသိနေရတဲ့ အင်းမန်းတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? မိုင်ပေါင်းထောင်ချီဝေးကွာနေတဲ့ ကိုးမောင်တိန်ကိုပြန်ရောက်နိုင်မှာလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ လွမ်းမောဖွယ် ချစ်ခြင်းမေတ္တာနဲ့ စစ်အတွင်းအခြေအနေတွေကို သေချာလေးရိုက်ပြထားနိုင်လို့ ဒီကားလေးက အရမ်းကိုကောင်းတဲ့ကားတစ်ကားဖြစ်လာရတာပါ။ ဇာတ်ကားlink📌 https://t.me/allforyours1/7756

Biscope
65 919
ဒီကားထဲမှာတော့ Scltt Adkins ဟာ သိုးမက်စ်အမည်နဲ့သရုပ်ဆောင်ထားပါတယ်… သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်…ဒီသမီးလေးဟာသူ့ဘဝမို့အစစအရာရာဂ
ဒီကားထဲမှာတော့ Scltt Adkins ဟာ သိုးမက်စ်အမည်နဲ့သရုပ်ဆောင်ထားပါတယ်… သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်…ဒီသမီးလေးဟာသူ့ဘဝမို့အစစအရာရာဂရုစိုက်တယ် တစ်နေတော့ လူဆိုး ၃ယောက်ဟာ အိမ်မှားပြီး သိုးမက်စ်တို့သားအဖ အိမ်ထဲဝင်လာတယ်…သမီးကိုကယ်ချင်ဇောနဲ့ သူတုန့်ပြန်လိုက်တာ လူဆိုး ၃ယောက် သေဆုံးသွားတယ်… သူလည်းဒဏ်ရာပျင်းထန်စွာရပြီးသတိမေ့သွားတယ် ဆေးရုံမှာသတိရလောတော့လူသတ်မှုကြောင့် လက်ထိပ်ခတ်ခံထားရတယ်…ဒါပေမဲ့ သမီးကိုရှာချင်တဲ့စိတ်ကြောင့် ဆေးရုံကထွက်ပြေး ခဲ့တယ်…သမီးရှာနေတုန်းမှာပဲ သူ့ကိုလုပ်ကြံတဲ့သူတွေကိုရင်ဆိုင်ရတယ်..ကြေးစားလူသတ်သမားတွေဖြစ်လို့ သိုးမက်စ်အတွက်ရင်ဆိုင်ဖြေရှင်းရတာအတော်ခက်ခဲပါတယ်…ကိုင်း ဒီအခဲတွေက ရုန်းထွက်ပြီး သမီးလေးကိုပြန်ရှာတွေ့မလား…..နောက်ကွယ်က ဘယ်သူတွေကြိုးကိုင်နေလဲဆိုတာကိုတော့ ပြိတ်သတ်ကြီးရေ.. ဇာတ်ကားlink📌 https://t.me/allforyours1/7755

Biscope
65 919
ဂျက်လီ အဓိကပါဝင်ထားတဲ့Action, Sci-Fi, Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham လဲအားဖြည့်ပါဝင်ထားပြီး
ဂျက်လီ အဓိကပါဝင်ထားတဲ့Action, Sci-Fi, Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham လဲအားဖြည့်ပါဝင်ထားပြီးIMDb Rating (5.9/10) ရရှိထားပါတယ်။ အဟောင်းဆိုပေမယ့် အသက်ဝင်နေဆဲမို့ မြန်မာစာတန်းထိုးနဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဇာတ်ကားlink📌 https://t.me/allforyours1/7754

Biscope
65 919
🍿🩵☄️မျက်နှာမြင်ရုံနဲ့တင် ရီချင်စရာကောင်းလှတဲ့ သစ်ကုလားအုပ်ကြီး လီဂွမ်ဆူရဲ့ကားတိုင်းလိုလို အူတက်အောင်ရီနေရမှာကတော့ ပြောစရာမလ
🍿🩵☄️မျက်နှာမြင်ရုံနဲ့တင် ရီချင်စရာကောင်းလှတဲ့ သစ်ကုလားအုပ်ကြီး လီဂွမ်ဆူရဲ့ကားတိုင်းလိုလို အူတက်အောင်ရီနေရမှာကတော့ ပြောစရာမလိုပါဘူး 𝐑𝐮𝐧𝐧𝐢𝐧𝐠 𝐌𝐚𝐧 ပရိသတ်တွေရဲ့ အချစ်တော်ကြီးဖြစ်သလို ဒီတခါမှာလဲ စုံထောက်ဟက်ကာရူး ဂွမ်ဆူရဲ့ ဟာသဇာတ်ကားကောင်းလေးကို ညွန်းပေးလိုက်ပါရစေ အဓိကဇာတ်ကောင်မဟုတ်ပေမဲ့ ပါသမျှအခန်းတိုင်းလိုလို အလွဲလွဲအချော်ချော်တွေဖြစ်တတ်တဲ့ဟက်ကာကြီး Hopper အနေနဲ့ မြင်ရမှာဖြစ်ပြီး သူ့ဆီအကူအညီလာတောင်းတဲ့ အပျော်တမ်းစုံထောက်နှစ်ယောက်ရဲ့အမှုကို ကူပေးရာက သူပါ အမှုထဲ ဝင်ပါရလေတော့တယ် စိတ်ညစ်ရတဲ့ တစ်နေ့တာမှာစိတ်ပြေလက်ပျောက်ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင်ကြည့်ကို ကြည့်သင့်တဲ့ ကားလို့သာ အကြုံပြလိုက်ပါရစေ ဇာတ်ကားlink📌 https://t.me/mizflix/1995

Biscope
65 919
ကဲ ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် စစ်ကားကောင်း တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်မှာဖြ
ကဲ ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် စစ်ကားကောင်း တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်မှာဖြစ်ပြီး လူငယ်တွေ အနေနဲ့ဆိုလည်း ဇာတ်ကားကို မကြည့်ဖူးတောင် ဂိမ်း နဲ့ တော့ စိမ်းမယ်လို့ မထင်ဘူးဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ဒုတိယ ကမ္ဘာစစ်အတွင်း ရှေ့တန်း ဂျာမနီစစ်မြေပြင် မှာ အမေရိကန်စစ်သားတွေဟာ ဟစ်တလာ ရဲ့ ထိုးစစ်ဆင်မှုကြောင့် အရှုံးကြီး ရှုံးပြီး အထိနာခဲ့ကြပါတယ် ဒီလိုနဲ့ စုံစမ်းကြည့်တော့ သူတို့ ရှုံးရတာဟာ ဟစ်တလာ ရဲ့ ဆန်းသစ်ထွင်ထားတဲ့ လက်နက်ကြောင့်ဆိုတာ သိရှိခဲ့ပြီး သူတို့ အနေနဲ့ ဘယ်လိုတွေ တိုက်ခိုက်ကြမယ်ဆိုတာကို ဆက်လက်ကြည့်ရှူလိုက်ကြပါတော့လား ဗျာ ဇာတ်ကားlink📌 https://t.me/moviecollect98/11697

Biscope
65 919
လူမည်းတွေ အမေရိကမှာ အကြီးအကျယ် အနိုင်ကျင့်ရက်စက်ကျွန်ပြုတာခံနေရချိန် လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ် သူက bounty hunter သူခိုး လ
လူမည်းတွေ အမေရိကမှာ အကြီးအကျယ် အနိုင်ကျင့်ရက်စက်ကျွန်ပြုတာခံနေရချိန် လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ် သူက bounty hunter သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်အစိုးရလက်ထဲ အပ်တယ် ဆုငွေ ထုတ်စားတယ် တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ် အဲ့ဒီ လူမည်းနာမည်က Django တဲ့ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ် အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့ လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့အတူ ဝရမ်းပြေးတွေကို လိုက်ဖမ်းတော့တယ် ရောက်လေရာမှာ Django ကို အားလုံးက သောက်မြင်ကတ်ကြတယ် ကြည့်မရကြဘူး ဒီ လူမည်းကောင်က ဘာလဲပေါ့ မတန်မရာပေါ့ သူ့ဆရာ လူဖြူကြီးကိုလည်း နားမလည်နိုင်ကြဘူး ကျွန်ကောင်တွေကို နေရာပေးရကောင်းလားဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ကြတယ် ဇာတ်ကားlink📌 https://t.me/allforyours1/7751

Biscope
65 919
⚽️ PSG အနိုင် ( 2ဆ ) 1သောင်း လောင်း 🔹 25200 ပြန်ရ ⚽️Barcelona အနိုင် ( 2ဆ ) 1သောင်း လောင်း 🔹 25100 ပြန်ရ ဒီည ⚽️ Vs ⚽️ ပွဲလေ
⚽️ PSG အနိုင် ( 2ဆ ) 1သောင်း လောင်း 🔹 25200 ပြန်ရ ⚽️Barcelona အနိုင် ( 2ဆ ) 1သောင်း လောင်း 🔹 25100 ပြန်ရ
ဒီည ⚽️ Vs ⚽️ ပွဲလောင်းဖို့
1️⃣1xbet / 🥰BOG / 🇩🇪Melbet acc ဖွင့်ပြီး လောင်းချင်ရင် ⬇️⬇️ .

Biscope
65 919
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကေတီဆိုတဲ့အမျိုးသမီးငယ်လေးဟာ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာရှိတဲ့ မြို့ငယ်တစ်မြို့မှာ အခ
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကေတီဆိုတဲ့အမျိုးသမီးငယ်လေးဟာ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာရှိတဲ့ မြို့ငယ်တစ်မြို့မှာ အခြေချပြီး ဘဝသစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စားပွဲထိုးတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ပြီး ဇာတ်မြုပ်နေခဲ့ပေမယ့် ဒီရပ်ကွယ် ဒီမြို့လေးက သူ့ကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၊ ချစ်ခင်ကြပါတယ်။ အထူးသဖြင့် မိန်းမဆုံးပါးသွားပြီးနောက် ကလေးတွေနဲ့ကျန်ရစ်ခဲ့တဲ့ အဲလက်စ်က သူ့ကိုအတော်လေး ဂရုစိုက်ပေးပါတယ်။အဲလက်စ်နဲ့ သူ့ကလေးတွေကြောင့် ကေတီတစ်ယောက် လူတွေကို ပြန်ပြီး ယုံကြည်လာ၊ ချစ်တတ်လာပေမယ့် ထူးဆန်းတဲ့သူစိမ်းတစ်ယောက်က မေးခွန်းတွေလိုက်လံမေးမြန်းလာတဲ့အခါ ကေတီရဲ့အတိတ်ဆိုးက သူ့ကိုပြန်ပြီး ခြောက်လှန့်လာပါတော့တယ်။ကေတီ အရင်က ဘာတွေလုပ်မိခဲ့တာလဲ၊ ဒါတွေကို ကေတီတစ်ယောက် ဘယ်လိုကျော်လွှားမလဲ၊ အဲလက်စ်တို့ကရော ကေတီ့ကို ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာကိုတော့ ဒီချစ်စရာ ရုပ်ရှင်ကားထဲမှာ ဆက်ပြီးခံစားလိုက်ကြပါစို့။ ဇာတ်ကားlink📌 https://t.me/allforyours1/7749

Biscope
65 919
ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာအုပ်တွေယူဆောင်ဖို့ အနောက်ဘက်ကို ခရီးဆန့်ကြရင်း စုလစ်မွမ်းချွန်တွေနဲ့ ခမ်းနားတဲ့ မ
ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာအုပ်တွေယူဆောင်ဖို့ အနောက်ဘက်ကို ခရီးဆန့်ကြရင်း စုလစ်မွမ်းချွန်တွေနဲ့ ခမ်းနားတဲ့ မိန်းမလှကျွန်းနေရာကို ရောက်ရှိခဲ့ပါတယ် အဲဒီကိုရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော်ရှန်ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ် ဒါပေမယ့် ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ရောက်လာတဲ့ ဘယ်ယောကျ်ားသားကိုမဆို သတ်ပစ်ဖို့လုပ်ခဲ့တာမို့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့တယ် အဲဒါနဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်း တို့တွေဟာ လွတ်မြောက်မယ့် နည်းလမ်းရှာတဲ့အခါမှာ မိန်းမလှနိုင်ငံကို ဖုံးအုပ်ထားတဲ့ ဧရာမမှော်ပိုက်ကွန်ရှိနေတယ်ဆိုတာသိခဲ့ပြီး အန္တရာယ်ဂိတ်တံခါးကို ကျော်ဖြတ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာဆိုတဲ့ သောနဲ့ ဖွင့်မှပဲ ဖြစ်ပါတယ် ဇာတ်ကားlink📌 https://t.me/allforyours1/7748

Biscope
65 919
(ညစ်ညမ်းစကားလုံးတွေပါတဲ့အတွက် မိသားစု နှင့် အတူမကြည့်သင့်ပ)ါရုပ်ရှင် ရဲ့ ပုံစံကတော့ မိမနိုင် ဖမနိုင်လက်မြောက်ထားရတဲ့ ယောင်္ကျ
(ညစ်ညမ်းစကားလုံးတွေပါတဲ့အတွက် မိသားစု နှင့် အတူမကြည့်သင့်ပ)ါရုပ်ရှင် ရဲ့ ပုံစံကတော့ မိမနိုင် ဖမနိုင်လက်မြောက်ထားရတဲ့ ယောင်္ကျားလေး ၃ ယောက်မိန်းကလေး ၂ ယောက် ကျောင်းသား လူငယ်အုပ်စုဟာအားလပ်ရက် အပန်းဖြေရန် တောအုပ်တစ်ခုထဲသို့ခရီးထွက်ခဲ့ပါတယ်…စုံတွဲ တစ်ခုကတော့ Ex တွေဖြစ်ပြီး မတည့်လို့လမ်းခွဲလိုက်ကြတာ ဖြစ်ပြီး နောက်တစ်ယောက်ကတော့FA ကောင်ပါ ….နောက်ထပ် ကောင်လေး နဲ့ ကောင်မလေး ကတော့အမွှာတွေ ဖြစ်ပြီး အမွှာအကိုက ညီမဖြစ်သူကိုFA ကောင် သူငယ်ချင်းနဲ့ အတင်းပေးစားဖို့ကြံစဉ်နေသူပဲဖြစ်ပါတယ်..ဒီခရီးစဉ်မှာ သူ့ ညီမကို ဘွတ်ဖို့ သူငယ်ချင်းဖြစ်သူကိုအတင်းစည်းရုံးခဲ့ပါတယ်…ဒီလိုနဲ့ စိတ်ဆိုးပြီး ကွဲနေတဲ့ Ex အတွဲလဲ ပြန်အဆင်ပြေစပြုအမွှာညီမ ကို FA ကောင်က ချိန်နေတာ အောင်မြင်ခါနီးအကို ဖြစ်သူက မူးမူးရူးရူး နဲ့ ရှုးသွားပေါက်ပါတယ်…ရူးပေါက်နေရင်း သူ့အိတ်ဆောင် ဓါးမြောင်လေး နဲ့သေးတန်း ကို လိုက်ဖြတ်ပြီး ဆော့ကစားနေရင်းမတော်တဆ ငယ်ပါ ကို ဖြတ်မိသွားပါလေရော :3အဲ့ဒီမှာတင်ပဲ အားလုံး အရေးကြီးကိစ္စတွေနောက်ထားပြီးငယ်ပါ ပြတ်သွားသူ ရဲ့ ဖွားဖက်တော် လေးကိုညကြီး မှောင်မှောင်မှာ စမ်းတဝါးဝါး နဲ့ လိုက်ရှာကြတော့တာပါပဲ ဇာတ်ကားlink📌 https://t.me/moviecollect98/11693

Biscope
65 919
အချစ်ကို ဆုံးရှုံးဖူးသူတွေရှိမယ်..အချစ်ကို တွေ့ရှိခဲ့သူတွေ ရှိမယ်..အချစ်က သစ္စာဖောက်တာကို ခံခဲ့ရသူတွေရှိမယ်..အချစ်ဆိုတာဘာလဲ?ဒ
အချစ်ကို ဆုံးရှုံးဖူးသူတွေရှိမယ်..အချစ်ကို တွေ့ရှိခဲ့သူတွေ ရှိမယ်..အချစ်က သစ္စာဖောက်တာကို ခံခဲ့ရသူတွေရှိမယ်..အချစ်ဆိုတာဘာလဲ?ဒီအရာတွေအားလုံးကို တစ်ပြိုင်နက်တည်း သိရှိခံစားနိုင်မယ့် Snapshots ရုပ်ရှင်ကားကြီး။သမီးဖြစ်သူပက်တီနဲ့ မြေးဖြစ်သူအယ်လီဆန်တို့ ရောက်ရှိလာပြီး ရို့စ်ရဲ့ တဲအိမ်ထဲက ကင်မရာအဟောင်းတစ်ခုကို တွေ့ရှိကြတဲ့အခါ ဖုန်းကွယ်ထားတဲ့ ရို့စ်ရဲ့ ဘယ်သူမှမသိခဲ့တဲ့ အတိတ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ရို့စ်ရဲ့ အတိတ်က လျှို့ဝှက်ချက်က သူ့မြေးလေးရဲ့ အနာဂတ်လျှို့ဝှက်ချက်တစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ?လူဝီနဲ့ဇီးဆိုတဲ့ လင်မယားစုံတွဲက ရို့စ်နဲ့ ဂျိုးမူလာတို့ရဲ့ ဘဝထဲကို ဝင်လာတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့ကြသလဲ?လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်မှာ ဖြစ်ခဲ့တဲ့အရာတွေအားလုံးကို ကင်မရာတစ်လုံးကြောင့် သိလာရတဲ့အခါ။အချစ်၊ အလွမ်း၊ အဆွေး ရသပေါင်းစုံကို မတူညီတဲ့ ရှုထောင့်ကနေ ခံစားရမှာ ဖြစ်လို့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားlink📌 https://t.me/allforyours1/7746