es
Feedback
NOM

NOM

Ir al canal en Telegram

NOM Official Backup Channel - 2

Mostrar más
Birmania37 771La categoría no está especificada
202
Suscriptores
-124 horas
+27 días
-430 días
Archivo de publicaciones
NOM
202
နူကလီးယားစမ်းသပ်မှုတွေကို အမေရိကန်က ပြုလုပ်ခဲ့မယ်ဆိုရင် ရုရှားကလည်း အလားတူပြုလုပ်သွားမယ်လို့ ပြောဆိုကာ ပူတင်က အမေရိကန်ကို သတိ
နူကလီးယားစမ်းသပ်မှုတွေကို အမေရိကန်က ပြုလုပ်ခဲ့မယ်ဆိုရင် ရုရှားကလည်း အလားတူပြုလုပ်သွားမယ်လို့ ပြောဆိုကာ ပူတင်က အမေရိကန်ကို သတိပေးလိုက်ပါတယ်။ ဒါဟာ ယူကရိန်းအရေးကို ဖြေရှင်းဖို့ နည်းလမ်းရှာမတွေ့ခဲ့တဲ့နောက် ကမ္ဘာ့အကြီးဆုံး နူကလီးယားအင်အားကြီးနှစ်နိုင်ငံကြား နူကလီးယားတိုက်ပွဲ နောက်ဆုံးဖြစ်ရပ်အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ပူတင်က ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဌာနတွေအပြင် လုံခြုံရေးဝန်ဆောင်မှုအေဂျင်စီတွေကိုပါ အချက်အလက်တွေ စုဆောင်းဖို့နဲ့ နူကလီးယားလက်နက်စမ်းသပ်မှုတွေအတွက် ပြင်ဆင်မှုလုပ်ငန်းတွေ စတင်နိုင်မယ့်အပေါ် အဆိုပြုချက်တွေ ပြုလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ရုရှားဟာ ၁၉၉၀ ကစတင်ပြီး နူကလီးယားစမ်းသပ်မှုတွေကို မလုပ်ဆောင်ခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။ NOM

NOM
202
ယူကရိန်းအစိုးရအနေနဲ့ Tomahawk ခရုဇ်ဒုံးကျည်တွေကို တာဝန်သိစွာ အသုံးပြုနိုင်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်ကြောင့် ထရမ့်က အဆိုပါဒ
ယူကရိန်းအစိုးရအနေနဲ့ Tomahawk ခရုဇ်ဒုံးကျည်တွေကို တာဝန်သိစွာ အသုံးပြုနိုင်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်ကြောင့် ထရမ့်က အဆိုပါဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ကို ငြင်းဆိုခဲ့တာဖြစ်တယ်လို့ ယူကရိန်းဝန်ကြီးချုပ်ဟောင်း Nikolay Azarov က ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ရေးသားခဲ့တာဖြစ်ပြီး လက်ရှိ ကိယက်ဗ်အစိုးရဟာ မတည်မငြိမ်ဖြစ်နေတယ်လို့ အမေရိကန်က ရှုမြင်ထားပြီး ဘိုင်ဒန်လက်ထက်က‌ ပေးခဲ့တဲ့ အကူအညီတွေကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်မှု မရှိခဲ့ဘူးလို့လည်း ယူဆနေတယ်လို့ သူက ရေးသားခဲ့ပါသေးတယ်။ NOM

NOM
202
ဗြိတိန်ရဲ့ အချမ်းသာဆုံးမိသားစုအဖြစ် Sunday Times ရဲ့ ၂ နှစ်ဆက်တိုက် သတ်မှတ်မှုကို ရရှိခဲ့တဲ့ Hinduja မိသားစုရဲ့ အကြီးအကဲ Gopi
ဗြိတိန်ရဲ့ အချမ်းသာဆုံးမိသားစုအဖြစ် Sunday Times ရဲ့ ၂ နှစ်ဆက်တိုက် သတ်မှတ်မှုကို ရရှိခဲ့တဲ့ Hinduja မိသားစုရဲ့ အကြီးအကဲ Gopichand Hinduja ဟာ အသက် ၈၅ နှစ်အရွယ်မှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီလို့ မိသားစုက အတည်ပြုလိုက်ပါတယ်။ Hinduja မိသားစုဟာ ပေါင် ၃၅ ဘီလျံကျော် ကြွယ်၀ပြီး Hinduja Group ကို မွမ်ဘိုင်းမှာ အခြေစိုက်တည်ထောင်ခဲ့ကာ မော်တော်ကား၊ ဓါတုစက်ရုံ၊ ရေနံနဲ့ ဓါတ်ငွေ့၊ အိမ်ခြံမြေ၊ သတင်းမီဒီယာနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အုပ်စုကြီးဖြစ်ပါတယ်။ NOM

NOM
202
ပိုလန်ဟာ ဒီလအနည်းငယ်အတွင်းမှာပဲ ဒရုန်းတံတိုင်းကို တည်ဆောက်ဖို့ အလျင်အမြန်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး Tomc
ပိုလန်ဟာ ဒီလအနည်းငယ်အတွင်းမှာပဲ ဒရုန်းတံတိုင်းကို တည်ဆောက်ဖို့ အလျင်အမြန်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး Tomczyk က ပြောဆိုလိုက်ပါတယ်။ အီးယူက စီစဉ်ပေးမယ့် အစီအစဉ်ကို မစောင့်ဆိုင်းတော့ဘဲ အနာဂတ်မှာ ပိုလန်ရဲ့ ဒရုန်းတံတိုင်းစနစ်က ဖြည့်စွက်ပေးနိုင်လိမ့်မယ်လို့ပါ သူက ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ရုရှားရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ နူကလီးယားရေငုပ်သင်္ဘောသစ်ကို ရိုက်ကူးထားတဲ့ ဂြိုလ်တုပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ Khabaro
+1
ရုရှားရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ နူကလီးယားရေငုပ်သင်္ဘောသစ်ကို ရိုက်ကူးထားတဲ့ ဂြိုလ်တုပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ Khabarovsk သင်္ဘောကို အခုလိုမျိုး အပြည့်အ၀မြင်တွေ့ရတာက ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ရုရှားမြောက်ပိုင်းစွန်းက Sevmash သင်္ဘောကျင်းမှာ ဆိုက်ကပ်ထားကာ ဖန်တီးတည်ဆောာက်နေတယ်လို့ သိရပြီး ရုရှားရဲ့ နာမည်ကျော် Poseidon နူကလီးယားဒရုန်းတွေကိုပါ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ NOM

NOM
202
ဟန်ဂေရီဟာ ယူကရိန်းကို အီးယူအဖွဲ့ဝင်အဖြစ် လက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ပြောဆိုလိုက်ပါတယ်။ ဟန်ဂ
ဟန်ဂေရီဟာ ယူကရိန်းကို အီးယူအဖွဲ့ဝင်အဖြစ် လက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ပြောဆိုလိုက်ပါတယ်။ ဟန်ဂေရီပြည်သူတွေကလည်း ဒါကို လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောဆိုထားပြီးဖြစ်တာကြောင့် ယူကရိန်းက အဖွဲ့ဝင်နိုင်ငံဖြစ်လာမှာမဟုတ်တာ သေချာပါတယ်လို့ သူက အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။ NOM

NOM
202
နှစ်စဉ် လူသန်းနဲ့ချီပြီး လာရောက်လေ့ရှိတဲ့ အိန္ဒိယတောင်ပိုင်းက နာမည်ကျော် The Sabarimala ဘုရားကျောင်းမှာရှိတဲ့ ရုပ်ထုအချို့က ရ
+1
နှစ်စဉ် လူသန်းနဲ့ချီပြီး လာရောက်လေ့ရှိတဲ့ အိန္ဒိယတောင်ပိုင်းက နာမည်ကျော် The Sabarimala ဘုရားကျောင်းမှာရှိတဲ့ ရုပ်ထုအချို့က ရွှေတွေ ချွတ်ခွာခိုးယူခံရမှုက ကြီးမားတဲ့ အရှုပ်တော်ပုံတခုအဖြစ် ရှိလာပါတယ်။ ဒီအမှုကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက စုံစမ်းနေခဲ့တာပါ။ ခိုးယူခံရမှုအတွက် ကီရာလာတရားရုံးက ရဲတပ်ဖွဲ့ကို တာဝန်ပေးခဲ့ပြီး လက်ထောက်ဘုန်းတော်ကြီးဟောင်းတဦး အပါအဝင် ၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရွှေအစစ်ချထားတဲ့ ရုပ်ထုတွေရဲ့ နေရာအနှံ့အပြားကနေ ရွှေတွေ ခွာယူခံခဲ့ရတာပါ။ ၂၀၁၉ အတွင်းမှာ ဘုရားကျောင်းကို စီမံခန့်ခွဲခွင့်ရရှိထားတဲ့ အဖွဲ့အစည်းက ရုပ်ထုတွေကို ရွှေအသစ်တွေနဲ့ မွမ်းမံဖို့ လက်ထောက်ဘုန်းတော်ကြီးဟောင်းကို ခွင့်ပြုခဲ့ပါတယ်။ လက်ထောက်ဘုန်းတော်ကြီးဟောင်းက ရွှေအလေးချိန်ကို ဖော်ပြမှုမလုပ်ခဲ့ဘဲ နောက်ပိုင်းစစ်ဆေးမှုအရ အလေးချိန်များစွာ ပေါ့ပါးနေတာကို တွေ့ရှိခဲ့ရပြီး အဆိုပါအချိန်ကစလို့ လက်ရှိအချိန်ထိ ရွှေ ၄.၅၄ ကီလိုအထိ ပျောက်ဆုံးနေခဲ့တယ်လို့လည်း သိရပါတယ်။ အမှုပြီးမြောက်အောင် ဆောင်ရွက်ဖို့ ၆ ပတ်ကြာ အချိန်ပေးထားပြီး ပါဝင်ပတ်သက်နေတဲ့ ဘယ်လိုရာထူးအဆင့်အတန်းမျိုးကိုမဆို တရားစွဲဆိုသွားမယ်လို့လည်း ကတိပေးထားပါတယ်။ NOM

NOM
202
Kentucky က Louisville နိုင်ငံတကာလေဆိပ်အနီးမှာ ကုန်တင်လေယာဉ်တစင်း ပျက်ကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄ ဦးအထိ သေဆုံးခဲ့တယ်လို့
+1
Kentucky က Louisville နိုင်ငံတကာလေဆိပ်အနီးမှာ ကုန်တင်လေယာဉ်တစင်း ပျက်ကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄ ဦးအထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ကွင်းကို ပိတ်သိမ်းခဲ့ရကာ UPS Flight 2976 ဖြစ်ကာ McDonnell Douglas MD-11 အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ်။ NOM

NOM
202
ကာရစ်ဘီယံဒေသက ကာလရှည်ပစ်ထားခဲ့တဲ့ စစ်အေးကာလ ကန်ရေတပ်စခန်းဟောင်းကို အဆင့်မြှင့်တင်နေတဲ့ ပုံရိပ်တွေကို Reuters က ထုတ်ဖော်ပြသခဲ့
ကာရစ်ဘီယံဒေသက ကာလရှည်ပစ်ထားခဲ့တဲ့ စစ်အေးကာလ ကန်ရေတပ်စခန်းဟောင်းကို အဆင့်မြှင့်တင်နေတဲ့ ပုံရိပ်တွေကို Reuters က ထုတ်ဖော်ပြသခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ကန်ရေတပ်စခန်းတွေထဲက တခုဖြစ်တဲ့ ရုစဗဲ့ရုတ်ဒ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ NOM

NOM
202
နူကလီးယားစက်ရုံတွေကို ပြန်လည်တည်ဆောက်သွားမယ်လို့ အီရန်က ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် အီရန်ဟာ နူလက်နက်ထုတ်လုပ်ဖို့အထိ မျှော်လင့
နူကလီးယားစက်ရုံတွေကို ပြန်လည်တည်ဆောက်သွားမယ်လို့ အီရန်က ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် အီရန်ဟာ နူလက်နက်ထုတ်လုပ်ဖို့အထိ မျှော်လင့်မထားဘူးလို့ တီဟီရန်က အခိုင်အမာပြောဆိုခဲ့ကာ ရုရှားအကူအညီနဲ့ နူကလီးယားစွမ်းအင်စက်ရုံ ၈ ခုအထိ တည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။ NOM

NOM
202
ဒေါ်နယ်ထရမ့်ရဲ့ ထင်ရာစိုင်းနေမှုတွေကို လွှတ်ပေးထားလို့ မရတော့ဘူးဆိုပြီး သမ္မတဟောင်းအိုဘားမားက ပြောဆိုလိုက်ပါတယ်။ ပြည်နယ်ရွေးက
ဒေါ်နယ်ထရမ့်ရဲ့ ထင်ရာစိုင်းနေမှုတွေကို လွှတ်ပေးထားလို့ မရတော့ဘူးဆိုပြီး သမ္မတဟောင်းအိုဘားမားက ပြောဆိုလိုက်ပါတယ်။ ပြည်နယ်ရွေးကောက်ပွဲ နှစ်ခုအတွက် ဒီမိုကရက်အမတ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးပေးချိန်မှာ လူထုကို ပြောခဲ့တာပါ။ ဗာဂျီးနီးယားနဲ့ နယူးဂျာစီ အုပ်ချုပ်ရေးမှူးလောင်းတွေအတွက် မဲဆွယ်ပေး ချိန်မှာ သူက နိုင်ငံနဲ့ မူဝါဒတွေက အမှောင်ခေတ်ကိုရောက်နေပြီး ထရမ့်ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်ဖို့ကို ဘယ်လိုအစပျိုးရမလဲ မသိအောင် ရှုပ်ထွေးနေကာ လွှတ်ပေးထားလို့ မရဘူးလို့ ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူက သူ့တပ်ဖွဲ့တွေဟာ ဗျူဟာအရ အရေးပါတဲ့ Pokrovsk မြို့မှာ ရုရှားတပ်ဖွဲ့ကို တွန်းလှန်နေရပြီး
ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူက သူ့တပ်ဖွဲ့တွေဟာ ဗျူဟာအရ အရေးပါတဲ့ Pokrovsk မြို့မှာ ရုရှားတပ်ဖွဲ့ကို တွန်းလှန်နေရပြီး ခက်ခဲတဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံလိုက်ပါတယ်။ ရုရှားတပ်သား ထောင်ပေါင်းများစွာကို ရင်ဆိုင်နေရပြီး ပိတ်ဆို့ခံထားရတယ်လို့ ရုရှားကပြောဆိုတာကိုတော့ သူက ငြင်းဆန်ခဲ့ပါတယ်။ အဓိကထောက်ပံ့ရေးလမ်းကြောင်းတွေကို ကာကွယ်နိုင်ဖို့ အထူးတပ်ဖွဲ့တွေကို ဖြန့်ကြက်ထားတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။ ရုရှားဘက်ကတော့ ယူကရိန်းရဲ့ အထူးတပ်ဖွဲ့ဝင်တွေ ရဟတ်ယာဉ်နဲ့ ရောက်လာခဲ့ပြီးနောက် ၁၁ ဦးကို သုတ်သင်နိုင်ခဲ့ပြီး လက်နက်ချအညံ့ခံသူတွေလည်း ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ကာ ယူကရိန်းကတော့ ဒါကို ငြင်းဆန်ခဲ့ပါတယ်။ NOM

NOM
202
နူကလီးယားစမ်းသပ်မှုတွေကို အမေရိကန်က ပြန်လည်စတင်မယ်လို့ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပေမယ့် စစ်အေးခေတ်အတွင်းကလိုမျိုး မြေအောက်စမ်းသ
နူကလီးယားစမ်းသပ်မှုတွေကို အမေရိကန်က ပြန်လည်စတင်မယ်လို့ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပေမယ့် စစ်အေးခေတ်အတွင်းကလိုမျိုး မြေအောက်စမ်းသပ်မှုတွေ ပါဝင်မလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေဆိုခြင်း မရှိခဲ့ပါဘူး။ မြေအောက်နူကလီးယားစမ်းသပ်မှုအကြောင်း သတင်းထောက်တဦးက မေးမြန်းရာမှာ ထရမ့်က “မကြာခင် သိရမှာပါ၊ ဒါပေမယ့် ကျနော်တို့ စမ်းသပ်မှုတချို့တော့ လုပ်တော့မှာပါ၊ တခြားနိုင်ငံတွေလည်း လုပ်နေတာပဲလေ၊ သူတို့လုပ်တယ်ဆိုရင် ကျနော်တို့လည်း လုပ်မှာပေါ့” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ NOM

NOM
202
အင်္ဂလန်အရှေ့ပိုင်းက Cambridge အတွင်း ရထားတစင်းပေါ်မှာ လူအများအပြား ဓါးနဲ့ထိုးခံရပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါ
အင်္ဂလန်အရှေ့ပိုင်းက Cambridge အတွင်း ရထားတစင်းပေါ်မှာ လူအများအပြား ဓါးနဲ့ထိုးခံရပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ မနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ ဖုန်းခေါ်ဆို အကြောင်းကြားမှုကို ရရှိပြီးနောက် ရထားကို Hutingdon မှာ ရပ်တန့်စေခဲ့ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ အရာရှိတွေက ရထားပေါ်ကို တက်ရောက်သွားခဲ့တာကိုလည်း ဆိုရှယ်မီဒီယာပေါ် ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာ မြင်တွေ့ခဲ့ရပါတယ်။ မျက်မြင်တွေ့ရှိသူတွေကတော့ အခြေအနေဟာ စိုးရိမ်ကြောက်လန့်စရာကောင်းခဲ့ပြီး တိုက်ခိုက်မှုလုပ်ခဲ့တဲ့ အမျိုးသားတဦးက ဓါးရှည်တလက်ကို ကိုင်ဆောင်ကာ ဝှေ့ယမ်းပြီး ရဲတွေကို ပြန်လည်ခြိမ်းခြောက်ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
တောင်ကိုရီးယားသမ္မတ Lee Jae Myung က မြောက်ကိုရီးယားနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ အကူအညီပေးဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကိ
တောင်ကိုရီးယားသမ္မတ Lee Jae Myung က မြောက်ကိုရီးယားနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ အကူအညီပေးဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့နဲ့ တောင်ကိုရီးယား ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပူးတွဲဖြေရှင်းဖို့ကို တရုတ်ဘက်က ဆန္ဒရှိကြောင်း ရှီက ပြန်လည်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ NOM

NOM
202
ပိုလန်၊ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားတို့ဟာ ယူကရိန်းသွင်းကုန်တွေကို ပိတ်ပင်လိုက်ပြီး အီးယူကို ပြတ်ပြတ်သားသား ဆန့်ကျင်နေတယ်လို့ Politico က ဆိုပါတယ်။ အီးယူကော်မရှင်က အဆိုပါနိုင်ငံတွေကို ဥပဒေအရ အရေးယူဖို့အတွက် စဉ်းစားလာနိုင်တယ်လို့လည်း သိရပါတယ်။ NOM

NOM
202
ဂြိုလ်တုဓါတ်ပုံတွေအရ ဗင်နီဇွဲလားကမ်းရိုးတန်းနဲ့ ၂၀၀ ကီလိုမီတာသာ ဝေးကွာတဲ့နေရာမှာ အမေရိကန်စစ်သင်္ဘောတစင်းက စစ်ရေးလေ့ကျင့်မှုတွ
ဂြိုလ်တုဓါတ်ပုံတွေအရ ဗင်နီဇွဲလားကမ်းရိုးတန်းနဲ့ ၂၀၀ ကီလိုမီတာသာ ဝေးကွာတဲ့နေရာမှာ အမေရိကန်စစ်သင်္ဘောတစင်းက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ Sky News က ဆိုပါတယ်။ ဒါဟာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုကို လုပ်နေတဲ့ သမ္မတမာဒူရိုအတွက် ခြိမ်းခြောက်မှုတခုလို့ ယူဆနိုင်ကြောင်း ကာကွယ်ရေးပိုင်းကျွမ်းကျင်သူ ကန်စစ်ဘက်ဗိုလ်မှူးဟောင်း Mark Cancian က ဆိုပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ပစ်မှတ်ထားကာ နှိမ်နှင်းနေတယ်လို့ ထရမ့်က ပြောခဲ့ပေမယ့် ဝါရှင်တန်ဟာ လွှတ်တော်ခွင့်ပြုချက် မရယူဘဲ ဗင်နီဇွဲလားရဲ့ အဓိကကျတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ထင်ကြေးတွေကလည်း ပိုမိုခိုင်မာလာနေပြီဖြစ်ပါတယ်။ NOM

NOM
202
ဖင်လန်-ဂျာမန် အင်တာနက်စွန့်ဦးတီထွင်သူနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးအဖြစ် လူသိများထင်ရှားတဲ့ Kim Dotcom က “ဇယ်လန်စကီးရဲ့ ရ
ဖင်လန်-ဂျာမန် အင်တာနက်စွန့်ဦးတီထွင်သူနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးအဖြစ် လူသိများထင်ရှားတဲ့ Kim Dotcom က “ဇယ်လန်စကီးရဲ့ ရည်မှန်းချက်က ရုရှားနဲ့ဖြစ်နေတဲ့ စစ်ပွဲကို ဆက်ထိန်းထားပြီး ဥရောပက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ရယူဖို့ပါ၊ သူ စစ်ပွဲကို အရေးနိမ့်နေပြီဆိုတာ လူတိုင်းသိပါတယ်၊ သူ့ စစ်သားတွေရဲ့ အသက်ကို မဟုတ်ဘဲ ငွေကြေးကိုပဲ ဂရုစိုက်နေတယ်ဆိုတာကို သူကလည်း ပြသနေပါတယ်” လို့ ပြောဆိုရေးသားခဲ့ပါတယ်။ NOM

NOM
202
ထရမ့်ရဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နှင်းနေမှုမှာ နောက်ထပ် ထိပ်တိုက်တွေ့မယ့်နိုင်ငံအဖြစ် ဘရာဇီးလ်က ရှိနေတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ကစပြီး အမေဇုန်မြစ်ကြောင်းကတဆင့် ကိုကင်းသယ်ပို့မှုဟာ ၃ ဆ တိုးပွားလာပြီး ဒေါ်လာ ၃ ဘီလျံတန်ဖိုးအထိ ဖြစ်လာခဲ့ကာ ဒါကို လမ်းကြောင်းအသစ်အဖြစ် မှောင်ခိုသမားတွေက အသုံးပြုလာနိုင်ချေ ရှိနေပါတယ်။ ဘရာဇီးလ်က နာမည်ကြီး မူးယစ်ဂိုဏ်း ၂ ခုကို အကြမ်းဖက်အဖွဲ့တွေအဖြစ် အမေရိကန်က တံဆိပ်ကပ်ဖို့ ကြိုးစားနေတာကိုလည်း ဘရာဇီးလ်က တုံ့ပြန်နေတယ်လို့ ဆိုပါတယ်။ ဗီဒီယိုကတော့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ ၂၀၂၄ အတွင်းက လှုပ်ရှားမှုပါ။ NOM

NOM
202
CIA ညွှန်ကြားရေးမှူး John Ratcliffe ဟာ အခုအပတ်အတွင်းက ဘရပ်ဆဲလ်မှာ အီးယူထိပ်တန်းနိုင်ငံခြားရေးထောက်လှမ်းရေး အရာရှိတွေနဲ့ တိတ်တ
CIA ညွှန်ကြားရေးမှူး John Ratcliffe ဟာ အခုအပတ်အတွင်းက ဘရပ်ဆဲလ်မှာ အီးယူထိပ်တန်းနိုင်ငံခြားရေးထောက်လှမ်းရေး အရာရှိတွေနဲ့ တိတ်တဆိတ်တွေ့ဆုံခဲ့ပြီး အမေရိကန်အပေါ် ယုံကြည်နိုင်သေးတယ်လို့ ပြောဆိုခဲ့ကြောင်း Politico က ဖော်ပြလိုက်ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ဟာ အမေရိကန်နဲ့ သတင်းအချက်အလက်မျှဝေနေမှုတွေကို လျှော့ချကန့်သတ်ခဲ့ပြီးနောက် စီအိုင်အေဘက်က အခုလိုမျိုး လုပ်ဆောင်ခဲ့တာပါ။ ထရမ့်အစိုးရရဲ့ ယူကရိန်းမူဝါဒ အပြောင်းအလဲတွေရှိလာတာ၊ ထရမ့်ရဲ့ သစ္စာခံတွေကို အစိုးရအဖွဲ့တွင်း ပိုမိုနေရာပေးလာပြီး ထောက်လှမ်းရေးကို နိုင်ငံရေးအသွင်ပြောင်းဖို့ တွန်းအားပေးနေတာကြောင့် ဝါရှင်တန်အပေါ် ဥရောပရဲ့ ယုံကြည်စိတ်ချမှုက လှုပ်ခါလာခဲ့တာဖြစ်ပါတယ်။ NOM