NOM
Ir al canal en Telegram
202
Suscriptores
-124 horas
+17 días
-530 días
Archivo de publicaciones
202
တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွား Scarborough Shoal အနီးမှာ ဖိလစ်ပိုင်သင်္ဘောတစင်းက တရုတ်သင်္ဘောတစင်းကို တမင်တကာရန်ပြုခဲ့တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်က စွပ်စွဲလိုက်ပါတယ်။ အင်္ဂါနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်သင်္ဘောသားတဦး ဒဏ်ရာရရှိခဲ့ကာ အင်အားပြင်းရေအမြောက်တွေ အသုံးပြုခဲ့တယ်လို့ တရုတ်ဘက်က ပြောဆိုချက်ကိုတော့ ဖိလစ်ပိုင်က ငြင်းဆန်လိုက်ပါတယ်။
တရုတ်လို Huangyan ကျွန်းလို့ခေါ်တဲ့ ကမ်းရိုးတန်းတဝိုက် ရေပြင်ထဲကို လမ်းကြောင်းအမျိုးမျိုးကနေ ဖိလစ်ပိုင်သင်္ဘော ၁၀ စင်းကျော်ဝင်ရောက်ခဲ့ပြီး ရေအမြောက်တွေ တပ်ဆင်ထားတယ်လို့ တရုတ်ဘက်က ဆိုပါတယ်။
NOM
202
တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်အတွင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro Jr. က ဗြိတိန်နဲ့ စစ်တပ်အချင်းချင်း ပူးပေါင်းလုပ်ဆောင်ဖို့ လွယ်ကူစေမယ့် သဘောတူညီချက်တရပ်ကို ဖော်ဆောင်ဖို့အတွက် စာတစောင်တင်ပြခဲ့တယ်လို့ သိရပါတယ်။ တရုတ်နဲ့ မကြာခဏ အငြင်းပွားနေရတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လေ့လာသူတွေကတော့ ဖိလစ်ပိုင်ဟာ ဗြိတိန်တပ်တွေကို ဒေသတွင်းမှာ ဖြန့်ကြက်ခွင့်ပေးဖွယ်ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
NOM
