NOM
Ir al canal en Telegram
201
Suscriptores
Sin datos24 horas
-17 días
-830 días
Archivo de publicaciones
201
ဥရောပခေါင်းဆောင်တွေဟာ ကမ္ဘာပေါ်မှာ အားအနည်းဆုံးလူတွေလို့ Fox News ရဲ့ သတင်းတင်ဆက်သူ Sean Hannity က ပြောဆိုလိုက်ပါတယ်။
“ထရမ့်က ဒီကမ္ဘာဂြိုလ်ပေါ်မှာ အားအနည်းဆုံးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး သူတို့က သမ္မတထရမ့်ရဲ့ ဂရင်းလန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အပေါ်ကို အတုအယောင်၊ ဟန်ဆောင်၊ ကြွားဝါတဲ့ ဒေါသတွေနဲ့ စုန်းစုန်းမြုပ်နေကြတာပါ၊ ဒါပေမယ့် အနောက်ဥရောပရဲ့ ရေရှည်အမျိုးသားလုံခြုံရေးအတွက် ဒါက အကောင်းဆုံးအရာ ဖြစ်ပါလိမ့်မယ်၊ ဘယ်လောက်တောင်မှ သရော်ဖို့ ကောင်းလိုက်သလဲလို့ဗျာ” 😁
NOM
201
ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် အရူးအမူးတွေ ဖြစ်နေတဲ့ ထရမ့်ကို ဘယ်လ်ဂျီယံဝန်ကြီးချုပ်က “အရမ်းဆာလောင်ငတ်မွတ်နေတဲ့ ခူကောင် (ပိုးလောင်း)” လို့ ခေါ်ဆိုလိုက်ပြီး ဒီ ပိုးလောင်းကို တွန်းလှန်ဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။
NOM
201
ဆွစ်ဇာလန်၊ ဒါးဗို့စ်မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ လေစွမ်းအင်ကို ထောက်ခံတဲ့သူတွေကို မိုက်မဲတဲ့သူတွေလို့ ထရမ့်က လှောင်ပြောင်ပြောဆိုလိုက်ပါတယ်။
“တရုတ်က ထက်မြက်တယ်၊ သူတို့က လေစက်တွေ ထုတ်လုပ်ပြီး စျေးကြီးကြီးနဲ့ ရောင်းချတယ်၊ ဒါကို မိုက်မဲရူးနှမ်းတဲ့သူတွေက ဝယ်ကြတယ်၊ ဥရောပတခွင့်မှာ လေစက်တွေနဲ့ ပြည့်နေပြီး အရှုံးပေါ်နေကြတာပါ၊ တရုတ်က အားလုံးနီးပါးကို ထုတ်လုပ်တာဖြစ်ပြီး လေစွမ်းအင်ခြံတွေတော့ မရှိဘူး”
NOM
201
ဂရင်းလန်းကို စစ်ရေးအရ ကျူးကျော်ဖို့ အစီအစဉ်ကို အိမ်ဖြူတော်က ပင်တဂွန်ဆီ လက်ရှိမှာ မတောင်းဆိုရသေးဘူးလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး The New York Times က ဖော်ပြခဲ့ပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူတွေက အမေရိကန်စစ်တပ်အတွက် ဂရင်းလန်းကို သိမ်းပိုက်ဖို့က မခက်ခဲဘူးလို့ ဆိုကြပါတယ်။ ဂရင်းလန်းဟာ လူဦးရေ ၅၆၀၀၀ သာရှိပြီး မြောက်ဘက်အစွန်ဆုံးမှာ အမေရိကန်အခြေစိုက်စခန်းတခုရှိပါတယ်။
ဒါပေမယ့် ပင်တဂွန်အရာရှိတွေနဲ့ အဆင့်မြင့်တပ်မှူးတွေက ထရမ့်ရဲ့ စစ်ရေးအခြေအနေဖြစ်နိုင်ခြေကို ဆက်ပြီးတော့ ပြုမူနေတာတွေအတွက် မကျေမနပ်ဖြစ်နေပြီး စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်လို့ သိရပါတယ်။
NOM
201
ဥရောပနိုင်ငံတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂရင်းလန်းအရေးကြောင့် သပိတ်မှောက်ဖို့ ကြံစည်နေကြပါတယ်။ ထရမ့်ကြောင့် ပြင်သစ်နဲ့ ဂျာမနီတို့က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုမယ့် အနေအထားတွေလည်း ရှိလာခဲ့ပါတယ်။
ဂျာမနီနဲ့ ပြင်သစ်တို့ရဲ့ နာမည်ကျော်ကစားသမားတချို့က ထရမ့်ရဲ့ ဂရင်းလန်းအပေါ် ရန်လိုတဲ့ မူဝါဒတွေကြောင့် အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဖို့အတွက် အကြံပေးခဲ့ကြတာပါ။ ဂျာမန်ဘွန်ဒက်လီဂါကလပ် စိန့်ပေါ်လီအသင်းရဲ့ ဥက္ကဌ Oke Gottschlich က “ဥရောပဟာ သွယ်ဝိုက်ခြင်း ဒါမှမဟုတ် တိုက်ရိုက်တိုက်ခိုက်နိုင်တဲ့ နည်းလမ်းနဲ့ ပြိုင်ပွဲမှာ ကစားသင့်၊ မကစားသင့်ကို ဆွေးနွေးသင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ပြင်သစ်ဝါရင့်နည်းပြတဦးဖြစ်တဲ့ Le Roy ကလည်း ဒီအကြံအစည်ကို ထောက်ခံခဲ့ပြီး “ထရမ့်ရဲ့ ဥရောပအပေါ် လုပ်တဲ့ အပြုအမူကို စဉ်းစားမယ်ဆို ပြိုင်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းသင့်၊ မသင့် တွေးမိတယ်” လို့ ဆိုပါတယ်။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
NOM
201
ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အမေရိကန်လေတပ်ဟာ အနောက်အာရှကို C-17 ကုန်တင်လေယာဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Wall Street Journal ရဲ့ အဆိုအရ အမေရိကန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဖြစ်ပြီး patriot နဲ့ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
NOM
201
အီရန်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ နိုင်ငံခြားကျောထောက်နောက်ခံပြု လက်နက်ကိုင်အဓိကရုဏ်းကျူးလွန်သူတွေကို ဝင်ရောက်စီးနင်းခဲ့ရာမှာ အသစ်စက်စက် သေနတ်တွေ၊ ဓါးတွေနဲ့ ဓါးမြှောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
NOM
201
ဒီနေ့မှာ အီရန်က ရာဇဝတ်သား၊ လှုံ့ဆော်သူ၊ သစ္စာဖောက်နဲ့ အဓိကရုဏ်းဖန်တီးခဲ့တဲ့ အကြမ်းဖက်သမားတွေကို မိုးသောက်ချိန် ဆုတောင်းဝတ်ပြုအပြီးမှာ ကွပ်မျက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်သမားတိုင်းကို လာရောက်အဖမ်းခံဖို့အတွက်လည်း အီရန်အာဏာပိုင်တွေက သတိပေးထားပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
NOM
201
ကမ္ဘာ့စီးပွားရေးဖိုရမ်ပွဲကို တက်ရောက်ဖို့အတွက် ဆွစ်ဇာလန်၊ Davos ကို ထွက်ခွာခဲ့တဲ့ ထရမ့်ရဲ့ လေယာဉ်ဟာ အတိအကျမသိရသေးတဲ့ အကြောင်းပြချက်တွေနဲ့ နောက်ကြောင်းပြန်လှည့်ကာ ဝါရှင်တန်ကို ပြန်သွားခဲ့ပါတယ်။
NOM
201
ဥပဒေပြုအမတ်တွေ၊ ဒေသခံတွေနဲ့ ပြည်ပရောက်တရုတ်သဘောထားကွဲလွဲသူတွေရဲ့ သတိပေးမှုတွေရှိပေမယ့် ဗြိတိန်ဟာ လန်ဒန်မှာ တရုတ်ရဲ့ ဧရာမသံရုံးတခု တည်ဆောက်ဖို့အတွက် ခွင့်ပြုချက်တွေ ပေးသွားခဲ့ပါတယ်။
ဒီကြီးမားတဲ့ အဆောက်အဦဟာ လုံခြုံရေးအန္တရာယ်တွေကို ဖြစ်စေနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေခဲ့တာပါ။ အဆိုပါနေရာကို တရုတ်က ၂၀၁၈ တုန်းက ဒေါ်လာ ၃၁၂ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဥရောပမှာ တရုတ်ရဲ့ အကြီးမားဆုံး သံတမန်စခန်းတခုဖြစ်လာမှာပါ။ စတုရန်းပေ ၂၁၅၀၀၀ အထိ ကျယ်ဝန်းတယ်လို့ဆိုပါတယ်။
လန်ဒန်မှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို သူလျှိုလုပ်ဖို့ အသုံးပြုနိုင်တယ်လို့လည်း အချို့က စိုးရိမ်နေကြပါတယ်။
NOM
201
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ စက်ရုံတွေကို ခေတ်မီအောင် ပြုလုပ်ရမယ့် စီမံကိန်းတွေမှာ ပြသနာတွေရှိနေခဲ့တာကြောင့် ဒုတိယဝန်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။
မလိုအပ်တဲ့ လူလုပ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့တာအတွက် သူက ဒုတိယဝန်ကြီးချုပ် ယန်ဆောင်ဟိုကို အပြစ်တင်ခဲ့ပြီး ရာထူးကနေ အလိုက်တသိနဲ့ နုတ်ထွက်လိုက်တာက သူ အကောင်းဆုံးလုပ်ပေးနိုင်တဲ့အရာပဲလို့ မိန့်ခွန်းပြောနေချိန်မှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
တနည်းအားဖြင့် ဒါဟာ ယန်ဆောင်ဟိုကို ရာထူးကနေ ဖယ်ရှားလိုက်တာဖြစ်ပြီး ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် အာဏာရအလုပ်သမားပါတီညီလာခံမတိုင်ခင် ဖြစ်ပါတယ်။ အခြားသော ရာထူးကြီးသူတွေကိုပါ သွယ်ဝိုက်သတိပေးပြီး မဟာဗျူဟာတခုအနေနဲ့ ကျင့်သုံးတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
NOM
201
ရုရှားနဲ့ စစ်ဖြစ်ပွားပါက အိမ်တွေနဲ့ ယာဉ်တွေ သိမ်းဆည်းခံရနိုင်ခြေအတွက် ပြင်ဆင်ထားဖို့ နော်ဝေက နိုင်ငံသားတွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ထောင်နဲ့ချီတဲ့ နော်ဝေနိုင်ငံသားတွေဟာ တရားဝင်သတိပေးချက်တွေ ရရှိခဲ့တယ်လို့ Telegraph က ဖော်ပြခဲ့ပါတယ်။
NOM
201
ဒေါ်နယ်ထရမ့်ဟာ ဂရင်းလန်းမှာ နေထိုင်သူတွေကို တဦးအတွက် ဒေါ်လာ ၁ သိန်းစီ ပေးဖို့ကို စဉ်းစားနေတယ်လို့ အမေရိကန်ရုပ်သံသတင်းတက်ဆက်သူ ရှောင်ပက်ထရစ်ဟန်နတီက ပြောဆိုခဲ့ပါတယ်။
NOM
201
ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်ဖို့အတွက် အမေရိကန်ဆီကနေ ကမ်းလှမ်းမှုကို တရုတ်က ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
NOM
201
ဂရင်းလန်း သိမ်းပိုက်ခံရပါက လျှို့ဝှက်ကာကွယ်ရေးအစီအစဉ်တခုကို ဥရောပနိုင်ငံတွေက ပြင်ဆင်နေကြပါတယ်။
NATO ဟာ အမေရိကန်ရဲ့ ဂရန်းလန်းအပေါ် သိမ်းပိုက်မယ့် အစီအစဉ်ကို ကာကွယ်ရမယ့် အခြေအနေအတွက် ပြင်ဆင်နေပါတယ်။ လက်ရှိမှာ ထရမ့်က အမေရိကန်စစ်တပ်ကို ဂရင်းလန်းဆီ ကျူးကျော်ဖို့ အစီအစဉ်တွေ လျှို့ဝှက်ပြင်ဆင်ဖို့ အမိန့်ပေးခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။ အမျိုးသားလုံခြုံရေးအရ ဒီကျွန်းကို အမေရိကန်ပိုင်ဆိုင်သင့်တယ်လို့ ယူဆထားတာာဖြစ်ပြီး NATO က ဒါကို လျစ်လျူမရှုထားပါဘူး။ လျှို့ဝှက်ကာကွယ်ရေးအစီအစဉ်တခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။
201
ကျွန်းမှာ ရှိနေပြီးသား ပြင်သစ်နူကလီးယားရေငုပ်သင်္ဘောတွေ၊ ဗြိတိန်နဲ့ ဂျာမန်တပ်ဖွဲ့တွေ၊ ဒိန်းမတ်တပ်ဖွဲ့တွေ၊ အမေရိကန်တပ်တွေကိုတောင် ဘယ်လိုခွင့်ပြုချက်မှမရှိဘဲ ရောက်ရှိလာမှာတွေကို ပိတ်ဆို့တားဆီးဖို့ အမိန့်ပေးထားပါတယ်။ ပြင်သစ်ဗိုလ်ချုပ်ကြီးတဦးက ဒီအချက်ကို လူသိရှင်ကြား အတည်ပြုခဲ့ပါတယ်။ ဂရင်းလန်းထိခိုက်လာမယ်ဆိုရင် ပြင်သစ်က တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါက အန္တရာယ်များတဲ့ အခြေအနေတခုဖြစ်နေပြီး တကယ်လို့သာ ကန်စစ်သားတဦးတလေ ဂရင်းလန်းကို ရောက်လာခဲ့ရင်တောင် ဒိန်းမတ်က NATO ရဲ့ အပိုဒ် ၅ ကို အသုံးပြုနိုင်တာကြောင့်ပါ။
ဆိုလိုတာကတော့ ခြေတလှမ်းကျူးကျော်ရုံနဲ့ NATO ကို အမေရိကန်နဲ့ တိုက်ရိုက်ရင်ဆိုင်ဖို့ တရားဝင်ဖိအားပေးနိုင်မယ်ဆိုတာပါ။ ထရမ့်က သူ့ရဲ့ ကြိုးပမ်းနေမှုတွေကိုလည်း ၂ ဆတိုးမြှင့်နေပြီး အမေရိကန်အနေနဲ့ လွယ်လွယ်ကူကူဖြစ်စေ၊ ခဲရာခဲဆစ်ဖြစ်စေ ဂရင်းလန်းကို ရရှိလိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
NOM
201
Trump ဟာ သူ့ရဲ့ကိုယ်ပိုင် "UN" အဖွဲ့မှာ ပါဝင်ခွင့်အတွက် ဒေါ်လာ ၁ ဘီလီယံနဲ့ ဖန်တီးမယ် — Bloomberg
▪️သူ့ကိုယ်သူ ငြိမ်းချမ်းရေးဗိသုကာလို့ သတ်မှတ်ထားတဲ့ ထရမ့်ဟာ ဒီအဖွဲ့အစည်းကို UN နေရာမှာ အစားထိုးမှာပါ— ဂါဇာက အခြေအနေကို ဖြေရှင်းဖို့ "ငြိမ်းချမ်းရေးကောင်စီ" လို့ခေါ်တဲ့ အဖွဲ့အစည်းကို ဖန်တီးဖို့ ရည်ရွယ်ထားပြီး ပါဝင်မယ့် နိုင်ငံတွေကို ဒေါ်လာ ၁ ဘီလီယံ ပေးရင် ထည့်သွင်းပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
▪️စာရွက်စာတမ်းတွေအရ Trump က ဒီအဖွဲ့အစည်းကို အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိမှာပါ- အဖွဲ့ဝင်အဖြစ် ဘယ်သူ့ကို ဖိတ်ကြားရမလဲဆိုတာက အစပြုပြီး ဆုံးဖြတ်ချက်အားလုံးနဲ့ ငွေကြေးစီးဆင်းမှုကို သူပဲ ထိန်းချုပ်ကာ တရားဝင်အားဖြင့် ဆုံးဖြတ်ချက်တွေကို အများစုမဲနဲ့ ချမှတ်မှာဆိုပေမယ့် အဖွဲ့အစည်းရဲ့ အကြီးအကဲဆီက ခွင့်ပြုချက်ရမှ အသက်ဝင်မယ့် စနစ်ကို ဖန်တီးထားပါတယ်။
▪️ပထမနှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံထက်ပိုတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ပေးတဲ့နိုင်ငံတွေကိုအကန့်အသတ်မရှိ အဖွဲ့ဝင်အဖြစ်ပေးအပ်ပြီး တခြားနိုင်ငံတွေကတော့ သုံးနှစ်အထိ လုပ်ပိုင်ခွင့် ရရှိမှာပါ။ "ငြိမ်းချမ်းရေးကောင်စီ" ဟာ အနည်းဆုံး နိုင်ငံသုံးခုရဲ့ သဘောတူညီချက်ရပြီးရင် လုပ်ငန်းစတင်နိုင်မှာ ဖြစ်ပါတယ်။
NOM
201
ဘီလီယံနာအရေအတွက်ဟာ ပထမဆုံးအကြိမ်အဖြစ် ၃၀၀၀ ကျော်သွားပြီဖြစ်ပြီး၊ ဘီလီယံနာများ၏ ချမ်းသာကြွယ်ဝမှုအဆင့်က သမိုင်းတစ်လျှောက် ဘယ်အချိန်ထက်မဆို မြင့်မားနေတယ်လို့ Oxfam ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘာတစ်ဝှမ်းမှာ လူလေးဦးကို တစ်ဦးက ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။
NOM
201
ဒိန်းမတ်နိုင်ငံက ကိုပင်ဟေဂင်၊ အာဟုစ်၊ အားဘော့ဂ်နဲ့ အိုဒန်စီမြို့တွေမှာ ဂရင်းလန်းအရေးကိစ္စနဲ့ ပတ်သက်ပြီး စည်းလုံးညီညွှတ်မှုကို ပြသဖို့ ထောင်ပေါင်းများစွားသော လူတွေ စုဝေးခဲ့ပါတယ်။
“အမေရိကန်တွေကို ငါတို့ မလိုချင်ဘူး” လို့လည်း လူအုပ်ကြီးက ကြွေးကြော်ခဲ့ကာ ဂရင်းလန်းအလံတွေကို ဝှေ့ယမ်းပြီး သူတို့ဆန္ဒကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။
NOM
201
ဂရင်းလန်းကို ရယူလိုတဲ့ ထရမ့်ရဲ့ ဆန္ဒဟာ ရူးသွပ်မှု၊ မိုက်မဲမှုသာ ဖြစ်တယ်လို့ ဥရောပအရာရှိတွေက သတ်မှတ်ထားပါတယ်။ - Politico
NOM
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
