es
Feedback
NOM

NOM

Ir al canal en Telegram

NOM Official Backup Channel - 2

Mostrar más
Birmania37 838La categoría no está especificada
202
Suscriptores
-124 horas
+17 días
-530 días
Archivo de publicaciones
NOM
202
ဘီလီယံနာသူဌေးကြီး Andrej Babis ရဲ့ ANO ပါတီဟာ မနေ့က ချက်ပါလီမန်ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။ “ဥရောပကို ကျနော်တို့ ကယ်တ
ဘီလီယံနာသူဌေးကြီး Andrej Babis ရဲ့ ANO ပါတီဟာ မနေ့က ချက်ပါလီမန်ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။ “ဥရောပကို ကျနော်တို့ ကယ်တင်ချင်တယ်၊ ကျနော်တို့က ဥရောပနဲ့ နေတိုးကို ပိုပြီးတော့ လိုလားတယ်ဆိုတာ ထင်ရှားပါတယ်” လို့ သတင်းထောက်တွေကို Babis က ပြောဆိုခဲ့ပါတယ်။ Babis ဟာ ဥရောပနဲ့ နေတိုးတို့က ယူကရိန်းအတွက် ထောက်ပံ့နေမှုတွေကို လျှော့ချဖို့ ဆန္ဒရှိသူတဦးဖြစ်ပြီး ထရမ့်နဲ့လည်း ဆက်ဆံရေးကောင်းတွေ ရှိသူဖြစ်ပါတယ်။ NOM

NOM
202
ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓါးစာခံအားလုံးကို အိမ်ပြန်ခေါ်နိုင်ပြီဆိုတဲ့ သတင်းကောင်းကို လာမယ့်ရက်ပိုင်းအတွင်းမှာ ကြေညာနိုင်ဖို
ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓါးစာခံအားလုံးကို အိမ်ပြန်ခေါ်နိုင်ပြီဆိုတဲ့ သတင်းကောင်းကို လာမယ့်ရက်ပိုင်းအတွင်းမှာ ကြေညာနိုင်ဖို့ မျှော်လင့်ထားကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုခဲ့ပါတယ်။ ဂါဇာငြိမ်းချမ်းရေးအဆိုပြုချက်ကို နှစ်ဖက်စလုံးက သဘောတူညီပြီးနောက် အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးဖို့ အီဂျစ်ကို ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်မယ်လို့လည်း နေတန်ယာဟုက ပြောဆိုခဲ့ပြီး ဂါဇာကနေ တပ်အားလုံးကို ရုတ်သိမ်းတာမျိုးတော့ ဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ NOM

NOM
202
လက်ယာစွန်းအမျိုးသားရေးသမားတဦးဖြစ်တဲ့ Sanae Takaichi ဟာ ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ ဒီနေ့မှာ မဲပေးရွေးချယ
လက်ယာစွန်းအမျိုးသားရေးသမားတဦးဖြစ်တဲ့ Sanae Takaichi ဟာ ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ ဒီနေ့မှာ မဲပေးရွေးချယ်မှုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ဂျပန်မှာ အမျိုးသမီးတဦးက ပထမဆုံးအကြိမ် ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။ သူမဟာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လက်ထက်မှာကတည်းက တရုတ်ကို အပြင်းအထန်ဆန့်ကျင်သူလို့ ထင်ရှားခဲ့ပြီး ဂျပန်ရှင်တိုအမျိုးသားရေးဝါဒီအဖွဲ့ဝင်တဦးဖြစ်ကာ ရွှေ့ပြောင်းနေထိုင်မှုတွေအပေါ်ကိုလည်း ကန့်ကွက်သူလို့ လူသိများပါတယ်။ NOM

NOM
202
မနေ့က ညနေပိုင်းက မြူူးနစ်လေဆိပ်အနီးမှာ ဒရုန်းတွေ ထပ်မံပျံဝဲခဲ့ပြီးနောက် လေဆိပ်ပြေးလမ်းနှစ်ခုစလုံးကို ၂၄ နာရီအတွင်း ဒုတိယအကြိမ
မနေ့က ညနေပိုင်းက မြူူးနစ်လေဆိပ်အနီးမှာ ဒရုန်းတွေ ထပ်မံပျံဝဲခဲ့ပြီးနောက် လေဆိပ်ပြေးလမ်းနှစ်ခုစလုံးကို ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် ပိတ်ပင်ခဲ့ရပါတယ်။ ကြိုတင်ကာကွယ်မှုအဖြစ်နဲ့ ဂျာမန်လေကြောင်းထိန်းချုပ်ရေးက ကန့်သတ်ခဲ့ပြီး နောက်ထပ်သတိပေးချက် မထုတ်ပြန်ခင်အထိ ခရီးစဉ်တွေကို ဆိုင်းငံ့ထားမယ်လို့လည်း လေဆိပ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ NOM

NOM
202
သောကြာနေ့က ယူကရိန်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြင်သစ်ဓါတ်ပုံသတင်းထောက် Antoni Lallican သေဆုံးခဲ့တယ်လို့ သိရပါတယ
သောကြာနေ့က ယူကရိန်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြင်သစ်ဓါတ်ပုံသတင်းထောက် Antoni Lallican သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၈ နှစ်အရွယ် ဂျာနယ်လစ်သေဆုံးခဲ့တာကို ပြင်သစ်သမ္မတမာခရွန်ကလည်း အတည်ပြုခဲ့ပါတယ်။ NOM

NOM
202
ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အစ္စရေးနဲ့ ဟားမတ်စ်တို့ဘက်က သဘောတူညီမှုရရှိခဲ့ပါတယ်။ ဓါးစာခံတွေကို လွှတ်ပေးဖို့
ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အစ္စရေးနဲ့ ဟားမတ်စ်တို့ဘက်က သဘောတူညီမှုရရှိခဲ့ပါတယ်။ ဓါးစာခံတွေကို လွှတ်ပေးဖို့ ဟားမတ်စ်က သဘောတူခဲ့ပြီး ထရမ့်ကလည်း ဂါဇာကို ဗုံးကြဲနေမှုကို ရပ်တန့်ဖို့ အစ္စရေးကို ပြောဆိုခဲ့ကာ ထရမ့်ရဲ့ ပထမအဆင့်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အစ္စရေးစစ်တပ်က ပြင်ဆင်နေပြီလို့လည်း ဆိုပါတယ်။ NOM

NOM
202
မန်ချက်စတာမှာ ဂျူးဘုရားကျောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပါလက်စတိုင်းလိုလားတတဲ့ ဆန္ဒပြပွဲတွေကို ဖျက်သိမ်းဖို့ ပွဲစီစဉ်
မန်ချက်စတာမှာ ဂျူးဘုရားကျောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပါလက်စတိုင်းလိုလားတတဲ့ ဆန္ဒပြပွဲတွေကို ဖျက်သိမ်းဖို့ ပွဲစီစဉ်သူတွေကို ဗြိတိန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ ဘုရားကျောင်းအနီး တိုက်ခိုက်ခံရမှုကို ဗြိတိန်က အကြမ်းဖက်တိုက်ခိုက်မှုလို့ သတ်မှတ်ခဲ့ကာ နောက်ဆက်တွဲစုံစမ်းမှုတွေကို လုပ်ဆောင်နေပါတယ်။ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူဟာ ဆီးရီးယားနွယ်ဖွား ဗြိတိန်နိုင်ငံသား အသက် ၃၅ နှစ်အရွယ် Jihad al-Shamie လို့လည်း ရဲတပ်ဖွဲ့က တရားဝင်ကြေညာခဲ့ပါတယ်။ NOM

NOM
202
အမေရိကန်အစိုးရရဲ့ ယန္တရားလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ရပြီးနောက်မှာ ယူကရိန်းအတွက် စစ်ရေးပံ့ပိုးမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွ
အမေရိကန်အစိုးရရဲ့ ယန္တရားလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ရပြီးနောက်မှာ ယူကရိန်းအတွက် စစ်ရေးပံ့ပိုးမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေလည်း ရပ်တန့်သွားခဲ့ရပါတယ်။ ဒါကြောင့် ယူကရိန်းဟာ အမေရိကန်ဆီက လက်နက်တင်ပို့မှုကို ရရှိဖို့ နှောင့်နှေးမယ့်အရေးကို ရင်ဆိုင်နေရကာ ဒီအပေါ်မှာ စိုးရိမ်မှုတွေရှိလာနေတယ်လို့ သိရပါတယ်။ NOM

NOM
202
အခုဆိုရင် အမေရိကန်အစိုးရရဲ့ ယန္တယားလည်ပတ်မှုကို ရပ်ဆိုင်းထားတာ ၁ ရက်၊ ၂၃ နာရီနဲ့ ၄၈ မိနစ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဘတ်ဂျက်ခွဲ
အခုဆိုရင် အမေရိကန်အစိုးရရဲ့ ယန္တယားလည်ပတ်မှုကို ရပ်ဆိုင်းထားတာ ၁ ရက်၊ ၂၃ နာရီနဲ့ ၄၈ မိနစ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဘတ်ဂျက်ခွဲဝေမှု အတည်ပြုမှုမရခဲ့တာကြောင့် လုပ်ငန်းဆောင်တာတွေကို ရပ်နားထားပြီး ဒီထက်ပိုကြာမြင့်မယ်ဆိုရင် ဖက်ဒရယ်ဝန်ထမ်းတွေကို ထပ်မံပြီး လစာမဲ့ခွင့်နဲ့ အနားယူစေမှုက တိုးပွားလာဦးမှာပါ။ အစိုးရအဖွဲ့ဆီမှာ အင်အားလျော့ချရေးစာရင်း ရှိနေပြီး မနက်ဖြန် ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကြေညာဖွယ်ရှိတယ်လို့လည်း အိမ်ဖြူတော်က ပြောဆိုခဲ့ပြီး ဘယ် အေဂျင်စီတွေကို လျှော့ချမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ထရမ့်ရဲ့ စံသတ်မှတ်မှုနဲ့ မကိုက်ညီတဲ့ အေဂျင်စီတွေကို စောင့်ကြည့်နေပြီး အခွန်ထမ်းဒေါ်လာတွေကို ဖြုန်းတီးနေတယ်လို့ ယူဆတဲ့ အေဂျင်စီတွေကို ဦးစားပေးရွေးချယ်ဖွယ်ရှိတယ်လို့ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအရာရှိ Karoline Leavitt က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
အမေရိကန်ဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ စစ်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်ထားတယ်လို့ ကွန်ဂရက်ကို တင်သွင်းတဲ့ စာ
အမေရိကန်ဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ စစ်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်ထားတယ်လို့ ကွန်ဂရက်ကို တင်သွင်းတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။ အမေရိကန်အနေနဲ့ နိုင်ငံတကာမဟုတ်သော လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတယ်လို့ ထရမ့်က ယူဆထားကြောင်း ပင်တဂွန်ရဲ့ ထိပ်တန်းရှေ့နေက ကွန်ဂရက်ကို တင်ပြခဲ့တာဖြစ်ပြီး ဗင်နီဇွဲလားကမ်းလွန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတွေကို ဖမ်းဆီးရမယ့်အစား သတ်ဖြတ်နေမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရနေချိန်မှာ ဒီလိုမျိုး တင်ပြမှုထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ NOM

NOM
202
ဂျာမနီနိုင်ငံ၊ မြူးနစ်လေဆိပ်အနီး ဒရုန်းတွေ ပျံသန်းတာကို မြင်ခဲ့၇ပြီးနောက် လေကြောင်းခရီးစဉ် ဒါဇင်နဲ့ချီကာဖျက်သိမ်းခဲ့ရတယ်လို့
ဂျာမနီနိုင်ငံ၊ မြူးနစ်လေဆိပ်အနီး ဒရုန်းတွေ ပျံသန်းတာကို မြင်ခဲ့၇ပြီးနောက် လေကြောင်းခရီးစဉ် ဒါဇင်နဲ့ချီကာဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ဒရုန်းတွေ ဘယ်ကနေ လာတယ်ဆိုတာကို ချက်ချင်းအတည်ပြုနိုင်ခြင်းမရှိသေးဘဲ စုံစမ်းနေဆဲလို့ သိရကာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒိန်းမတ်မှာ အလားတူဖြစ်ပွားခဲ့လို့ လေဆိပ်ကို ပိတ်သိမ်းခဲ့ရမှုဖြစ်ခဲ့ရပါသေးတယ်။ NOM

NOM
202
အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့က ဘုရားကျောင်းတခုအပြင်ဘက်မှာ ဓါးထိုးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကနဦးသတင်းအရ တိုက်ခိုက်သူဟ
အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့က ဘုရားကျောင်းတခုအပြင်ဘက်မှာ ဓါးထိုးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကနဦးသတင်းအရ တိုက်ခိုက်သူဟာ လူအများအပြားကို ဓါးနဲ့လိုက်မထိုးခင် ကားတစီးနဲ့ ရောက်ရှိလာခဲ့ပြီး လူအများအပြားကို လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ဒေသစံတော်ချိန် နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့ကာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က သေနတ်နဲ့ အသေပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒိန်းမတ်ကို ရောက်ရှိနေတဲ့ အင်္ဂလန်ဝန်ကြီးချုပ် Starmer ဟာ ချက်ချင်းပဲ အင်္ဂလန်ကို ပြန်လာခဲ့ပြီး လန်ဒန်မှာ အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ဆိုခဲ့တယ်လို့ BBC က ဖော်ပြထားပါတယ်။ NOM

NOM
202
ဟန်ဂေရီနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍအတွက် ရုရှားရေနံကလွဲရင် ရွေးချယ်စရာမရှိဘဲ တိုင်းပြည်ရဲ့ စွမ်းအင်အများစုဟာ Druzhba ပိုက်လိုင်းကန
ဟန်ဂေရီနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍအတွက် ရုရှားရေနံကလွဲရင် ရွေးချယ်စရာမရှိဘဲ တိုင်းပြည်ရဲ့ စွမ်းအင်အများစုဟာ Druzhba ပိုက်လိုင်းကနေ ရရှိနေတာလို့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ရုရှားရေနံဝယ်ယူမှုကို စွန့်လွှတ်ဖို့ ထရမ့်ရဲ့ ပြောဆိုမှုကို သူက ငြင်းဆန်ခဲ့သလို အချုပ်အခြာအာဏာပိုင်နိုင်ငံအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်ထားတယ်လို့ သူက တုံ့ပြန်ခဲ့ပါတယ်။ NOM

NOM
202
အစိုးရဘတ်ဂျက်ရန်ပုံငွေ သဘောတူညီမှုမရတာကြောင့် အစိုးရလုပ်ငန်းဆောင်တာတွေကို ရပ်ဆိုင်းခဲ့ပြီးချိန်မှာ ဒေါ်နယ်ထရမ့်အစိုးရဟာ ဒီမို
အစိုးရဘတ်ဂျက်ရန်ပုံငွေ သဘောတူညီမှုမရတာကြောင့် အစိုးရလုပ်ငန်းဆောင်တာတွေကို ရပ်ဆိုင်းခဲ့ပြီးချိန်မှာ ဒေါ်နယ်ထရမ့်အစိုးရဟာ ဒီမိုကရက်တစ်ပြည်နယ်တွေအတွက် ခွဲဝေပေးမယ့် ရန်ပုံငွေတွေကို ထိန်းချုပ်လိုက်ပါတယ်။ ဒေါ်လာ ၂၆ ဘီလီယံအထိရှိတယ်လို့ သိရပြီး နယူးယောက်၊ ကယ်လီဖိုနီးယားနဲ့ အီလီနွိုက်စ်ပြည်နယ်တို့ အပါအဝင် ဒီမိုကရက်တို့အဓိကထိန်းချုပ်တဲ့ ပြည်နယ် ၁၆ ခုက အစိမ်းရောင်စွမ်းအင် (green energy) စီမံကိန်းတွေကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုထိန်းချုပ်မှုက ရက်အနည်းငယ်ထက် ပိုကြာခဲ့မယ်ဆိုရင် ဖက်ဒရယ်ဝန်ထမ်းတွေကို အလုပ်ရပ်နားထားမှုသက်တမ်းလည်း ပိုကြာလိမ့်မယ်လို့ ဒုသမ္မတ JD Vance က သတိပေးခဲ့ပါတယ်။ NOM

NOM
202
အီလွန်မက်စ်ဟာ ဒေါ်လာဘီလျံ ၅၀၀ ကျော် အသားတင်ပိုင်ဆိုင်တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ လျှပ်စစ်ကားကုမ္ပဏီနဲ့ အခြားစီ
အီလွန်မက်စ်ဟာ ဒေါ်လာဘီလျံ ၅၀၀ ကျော် အသားတင်ပိုင်ဆိုင်တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ လျှပ်စစ်ကားကုမ္ပဏီနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေရဲ့ တန်ဖိုးတွေ မြင့်တက်လာပြီးနောက် ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၅၀၀.၁ ဘီလီယံအထိရှိခဲ့ကာ ညနေပိုင်းမှာတော့ ဒေါ်လာ ၄၉၉ ဘီလျီအထိ ဆက်ရှိနေခဲ့တယ်လို့ Forbes ရဲ့ ဘီလီယံနာအညွှန်းကိန်းတွေက ဖော်ပြခဲ့ပါတယ်။ NOM

NOM
202
အစိုးရလည်ပတ်ဖို့ လိုအပ်တဲ့ ရန်ပုံငွေဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်မပြုနိုင်ခဲ့တာကြောင့် အမေရိကန်အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှု
အစိုးရလည်ပတ်ဖို့ လိုအပ်တဲ့ ရန်ပုံငွေဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်မပြုနိုင်ခဲ့တာကြောင့် အမေရိကန်အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းမှုစတင်ခဲ့ပြီလို့ အိမ်ဖြူတော်က ဒီနေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ကနေ စတင်ပြီး မရှိမဖြစ် လိုအပ်မှုမဟုတ်တဲ့ ဝန်ထမ်းအဆင့်က ဝန်ထမ်းပေါင်းများစွာဟာ လစာမဲ့ခွင့်နဲ့ အလုပ်နားရမှာဖြစ်ပြီး အစိုးရရုံးတွေမှာ ဝန်ထမ်းအင်အားနည်းပါးသွားမှာဖြစ်လို့ လုပ်ငန်းစဉ်တွေ ကြန့်ကြာမှုကို ရင်ဆိုင်ရမယ်လို့လည်း သတိပေးခဲ့ပါတယ်။ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်အစိုးရကြားမှာ ဘတ်ဂျက်အတွက် ထောက်ခံမှုပေးဖို့ ညှိနှိုင်းမရဖြစ်ခဲ့ပြီး ထရမ့်ရဲ့ အသုံးစရိတ်လျှော့ချမှုတွေကို ပြန်လည်ဖြေလျှော့ပေးဖို့ ဒီမိုကရက်ဘက်က အလိုရှိနေခဲ့ပြီး တင်းမာမှုတွေဖြစ်ကာ ဆုံးဖြတ်ချက်မချမှတ်နိုင်ဖြစ်ခဲ့ရပါတယ်။ NOM

NOM
202
ကမ္ဘာတဝှမ်းက စစ်ဗိုလ်ချုပ်ကြီးတွေကို ပြန်လည်ဆင့်ခေါ်ပြီးတော့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူနဲ့ သဘောထားချင်း မတိုက်ဆိုင်သူတွေကိ
ကမ္ဘာတဝှမ်းက စစ်ဗိုလ်ချုပ်ကြီးတွေကို ပြန်လည်ဆင့်ခေါ်ပြီးတော့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူနဲ့ သဘောထားချင်း မတိုက်ဆိုင်သူတွေကို ရာထူးကနေ ဖယ်ရှားမယ်ဆိုပြီး ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်သွားခဲ့ပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပြီး သူ ပြောတာတွေကို မကြိုက်ရင် အခန်းထဲကနေ ထွက်သွားလို့ရပြီး တချိန်တည်းမှာပဲ ရာထူးအဆောင်အယောင်နဲ့ အနာဂတ်တွေကိုလည်း ချန်ထားရစ်ခဲ့ရမယ်လို့ ထရမ့်က သတိပေးခဲ့ပါတယ်။ အမေရိကန်စစ်တပ်ဟာ ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံးနဲ့ အထက်မြက်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
အင်ဒိုနီးရှားမှာ ကျောင်းအဆောက်အဦးတခုပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ကျောင်းသားတဦးသေဆုံးကာ ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး ၆၅ ဦးကတော့ အပျက်အစီးတွေအောက်မှာ ပိတ်မိခဲ့တယ်လို့ ကနဦးသတင်းတွေက ဖော်ပြခဲ့ပါတယ်။ အရှေ့ဂျာဗားပြည်နယ်အတွင်းက Sidoarjo မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အပျက်အစီးအောက် ပိတ်မိသူတွေဆီ ကယ်ဆယ်ရေးအဖွဲ့တွေက ရေနဲ့အောက်ဆီဂျင်တွေ ပေးပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ နောက်ဆုံးရသတင်းအချက်အလက်တွေအရ ၉၁ ဦးအထိ ပိတ်မိနေတယ်လို့ သိရပြီး သေဆုံးသူ ၃ ဦးရှိလာကာ အပျက်အစီးတွေအောက်မှာ အနည်းဆုံး ၆ ဦးကို အသက်ရှင်နေသေးတယ်လို့ အတည်ပြုထားနိုင်ပါတယ်။ စိုးရိမ်ဖွယ်ရာရှိနေဆဲ အဆောက်အဦးနဲ့ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးအင်အား ၃၀၀ အထိ အသုံးပြုကာ ကယ်ဆယ်ရေးတွေကို လုပ်ဆောင်ပေးနေပါတယ်။ NOM

NOM
202
ရုရှားနဲ့ စစ်မဖြစ်ပေမယ့်လည်း ဥရောပဟာ ငြိမ်းချမ်းမှုမရှိတော့ဘူးလို့ ဂျာမနီအဓိပတိ Merz က ပြောဆိုလိုက်ပါတယ်။ Dusseldorf မှာ ပြုလ
ရုရှားနဲ့ စစ်မဖြစ်ပေမယ့်လည်း ဥရောပဟာ ငြိမ်းချမ်းမှုမရှိတော့ဘူးလို့ ဂျာမနီအဓိပတိ Merz က ပြောဆိုလိုက်ပါတယ်။ Dusseldorf မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတခုမှာ သူက ပြောဆိုခဲ့ပြီး ရုရှားဟာ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ စစ်ပွဲဖြစ်ပြီး လွတ်လပ်မှုတွေကို ဆန့်ကျင်တဲ့ စစ်ပွဲလို့လည်း သူက ရည်ညွှန်းသွားခဲ့ပါတယ်။ NOM

NOM
202
ပြင်သစ်နိုင်ငံဆိုင်ရာ တောင်အာဖရိသံအမတ်ကို ပဲရစ်မြို့က Hyatt Regency ဟိုတယ်အနီးမှာ သေဆုံးလျက်သား တွေ့ရှိခဲ့ရတယ်လို့ သိရရပါတယ်။
ပြင်သစ်နိုင်ငံဆိုင်ရာ တောင်အာဖရိသံအမတ်ကို ပဲရစ်မြို့က Hyatt Regency ဟိုတယ်အနီးမှာ သေဆုံးလျက်သား တွေ့ရှိခဲ့ရတယ်လို့ သိရရပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေတာဖြစ်တယ်လို့ ဇနီးသည်ကို အသိပေးခဲ့တဲ့ စာတစောင်ကိုလည်း သူနဲ့အတူ တွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သံအမတ်ကြီး Nkosinathi Emmanuel Mthethwa ရဲ့ အလောင်းကို အင်္ဂါနေ့ မနက်ပိုင်းမှာ လုံခြုံရေးအစောင့်တဦးက တွေ့ရှိခဲ့တာပါ။ တနင်္လာနေ့ ညနေပိုင်းမှာ သူက ဇနီးသည်ဆီကို သူ့ကိုခွင့်လွှတ်ဖို့နဲ့ သူ့ဘ၀ကို အဆုံးသတ်တော့မယ်လို့ မက်ဆေ့ခ်ျပို့ခဲ့သေးတယ်လို့ သိရပါတယ်။ NOM