es
Feedback
EIO

EIO

Ir al canal en Telegram

⚠️ See early.Know first.Stay Safe. 🙏🏻 📡မုံရွာခရိုင်သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော မြေပြင်အရင်းမြစ် သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Mostrar más
1 057
Suscriptores
-124 horas
+37 días
+130 días
Archivo de publicaciones
EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက် ရပ်ကွက် မင်းကျောင်းအနီးမှ စခအိမ်စီးကား(5)စီးသည် မုံရွာမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 30, 7:24PM @EIO2021_bot@EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက် ရပ်ကွက် မင်းကျောင်းအနီးတွင် စခအိမ်စီးကား(5)စီး ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Aug 30, 7:06PM @EIO2021_bot@EagleInformationOperator_bot

EIO
1 057
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ #EIO_Update_News ချောင်းဦးနယ်၊ သစ်ဆိမ့်ရွာနှင့် ကျီကုန်ရွာကြားသို့ ရောက်ရှိ‌နေသောာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များသည် လက်နက်ကြီး ထပ်မံ၍ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO Aug 30, 7:00PM @EIO2021_bot@EagleInformationOperator_bot #EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate

EIO
1 057
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ #EIO_Update_News ချောင်းဦးနယ်၊ သစ်ဆိမ့်ရွာနှင့် ကျီကုန်ရွာကြားသို့ ရောက်ရှိ‌နေသောာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များသည် လက်နက်ကြီးများလည်း ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO Aug 30, 6:23PM @EIO2021_bot@EagleInformationOperator_bot #EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate

EIO
1 057
(30,8,2026) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် #Attack Drone Hexacopter (1)စီးဖြင့် ယနေ့ ညနေပိုင်း (5:07)&(6:09)PM အချိန်ဝန်းကျင်ခန့်တွင် ချောင်းဦးနယ် အနောက်မြောက်ခြမ်းတွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံ၍ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Attack_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 057
⚜️ #EIO_Update_News ချောင်းဦးနယ်၊ ကျီကုန်းရွာဘက်မှ အနောက်ဘက်သို့ ထွက်လာသော စခများသည် သစ်ဆိမ့်ရွာ အရှေ့ဘက် ပြည်သူတဲများအားမီးရှို့ဖျက်ဆီးနေကြောင်းသိရပြီး .5 စက်သေနတ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ #EIO Aug 30, 4:50PM @EIO2021_bot@EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News ချောင်းဦးနယ်၊ ရွှေဒါးကျရွာ အရှေ့ဘက်ရောက် စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 30, 4:45PM @EIO2021_bot@EagleInformationOperator_bot

EIO
1 057
ဂန္ထဝင် ရသ ကာတွန်းများ ဧရာဝတီ၊ သြဂုတ် ၃၀၊ ၂၀၂၆ ကာတွန်းဆရာကြီး မောင်ဝဏ္ဏ ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
ဂန္ထဝင် ရသ ကာတွန်းများ ဧရာဝတီ၊ သြဂုတ် ၃၀၊ ၂၀၂၆ ကာတွန်းဆရာကြီး မောင်ဝဏ္ဏ ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။

EIO
1 057
(30,8,2026) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် #Attack Drone Hexacopter (1)စီးဖြင့် ယနေ့ ညနေပိုင်း (4:26)PM အချိန်ဝန်းကျင်ခန့်တွင် မုံရွာနယ်နှင့် ချောင်းဦးနယ်အစပ်အား လေကြောင်းတိုက်ခိုက်မှု ထပ်မံ၍ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Attack_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 057
(30,8,2026) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် #Attack Drone Hexacopter (1)စီးဖြင့် ယနေ့ ညနေပိုင်း (4:12)PM အချိန်ဝန်းကျင်ခန့်တွင် မုံရွာနယ်နှင့် ချောင်းဦးနယ်အစပ်အား လေကြောင်းတိုက်ခိုက်မှု ထပ်မံ၍ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Attack_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 057
(30,8,2026) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် #Attack Drone Hexacopter (2)စီးဖြင့် ယနေ့ ညနေပိုင်း (3:58)&(4:06)PM အချိန်ဝန်းကျင်ခန့်တွင် မုံရွာနယ်နှင့် ချောင်းဦးနယ်အစပ်အား လေကြောင်းတိုက်ခိုက်မှု ထပ်မံ၍ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Attack_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 057
‎♦️မြေပြင်သတင်းပေးပို့နိုင်‌သူများအလိုရှိသည်♦️ ‎ ‎တော်လှန်ရေးအချိန်ကာလ ကြာလာသည်နှင့်အမျှ မြေပြင်သတင်း၊လေကြောင်းသတင်း ရနိုင်ဖို့အတွက် ကနဦးကာလများထက် ပိုမိုခက်ခဲလာကြပြီး သတင်းပိုင်းအားလည်းစိတ်ပါဝင်စားမှု အားလျော့လာခြင်းကိုလည်း‌တွေ့မြင်နေရပါသည်။ ‎ ‎မိဘပြည်သူများအ‌နေဖြင့် မိမိနယ်မြေနဲ့သက်ဆိုင်တဲ့ဒေသတွင် စစ်‌ခွေးလေယာဉ်ဖြတ်သန်းမှုများ၊စစ်‌ခွေးယာဥ်တန်းများ၊စစ်‌ခွေး၊ရဲ‌ခွေး၊ပျူဒလန်များ၏ တပ်တည်/တပ်လှုပ်၊လှုပ်ရှားမှုမှန်သမျှကို အချိန်နဲ့တပြေးညီ သတင်းပေးပို့၊သတင်းယူနိုင်ခြင်းဖြင့် ပူးပါင်းပါဝင်‌ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ ‎ ‎မိတ်ဆွေ၏ သတင်းပေးပို့မှုကို 👉ပခုက္ကူခရိုင် (သတင်းများ)👈 ချန်နယ်အနေဖြင့် အလေးအနက် တန်ဖိုးထားပါသည်။ယုံကြည်စိတ်ချစွာသတင်းများပေးပို့နိုင်ပါသည်။ #PKK News #Admin Team # ပခုက္ကူခရိုင်{သတင်းများ} သတင်းချန်နယ်ကြည့်ရှုရန် https://t.me/PKK_News သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန် http://t.me/PKKNewsBot သတင်းစကားဝိုင်း Chat Box- https://t.me/PKK_News_PKKN

EIO
1 057
Repost from EIO
photo content

EIO
1 057
Repost from EIO
📌 ဘဝအတွက် မှတ်သားဖွယ်ရာ လမ်းညွှန်ချက် (၃) သွယ်။ မိမိတို့ ရောက်ရာအရပ်မှာ အေးချမ်းစွာ ရှင်သန်နိုင်ဖို့နဲ့ အမှားအယွင်းကင်းတဲ့ လူမှုဘဝကို တည်ဆောက်နိုင်ဖို့ ရှေးလူကြီးသူမတို့ ပေးခဲ့တဲ့ အဖိုးတန် လမ်းညွှန်ချက် (၃) ခုကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ ပြန်လည်မျှဝေပေးလိုက်ပါသည်။ 🛑 ၁။ ထမင်းပူကို မစားပါနဲ့။ "ထမင်းပူ" ဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရှာဖွေကျွေးမွေးရတဲ့ ထမင်း (သို့မဟုတ်) မတရားတဲ့နည်းနဲ့ ရရှိလာတဲ့ အရာတွေကို ဆိုလိုတာပါ။ လက်ရှိအချိန်မှာ စားကောင်းသောက်ကောင်း ဖြစ်နေနိုင်ပေမဲ့ သံသရာမှာတော့ ပူလောင်ရပါလိမ့်မယ်။ ဒါကြောင့် ချစ်လို့ ခင်လို့ ကြည်ကြည်ဖြူဖြူ ကျွေးမွေးတဲ့ "ထမင်းအေး" ကိုသာ သုံးဆောင်သင့်ပါသည်။ ⚠️ ၂။ ကြွေသီးကို စားပါ။ (ဒါပေမဲ့ ခူးမစားပါနဲ့) "ကြွေသီး" ဆိုတာ ချစ်ခင်မြတ်နိုးလို့ ပေးကမ်းတဲ့အရာကို ဆိုလိုတာမို့ လက်ခံရယူနိုင်ပါသည်။ သို့သော်... အဲဒီပေးကမ်းခြင်းထဲမှာ မျှော်လင့်ချက်တွေနဲ့ အကျိုးအမြတ် ပြန်လိုချင်စိတ်တွေ ပါနေရင်တော့ မစားသုံးသင့်ပါဘူး။ အထူးသဖြင့် "ခူးမစားပါနဲ့" ဆိုတာကို သတိပြုရပါမယ်။ မိမိက တစ်ပါးသူကို ကူညီတဲ့အခါ ကူညီခ၊ လုပ်ပေးခ ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး (သို့မဟုတ်) အခွင့်အရေးကို အတင်းအဓမ္မ ဖန်တီးယူတာမျိုးကို ရှောင်ကြဉ်ဖို့ သတိပေးထားခြင်း ဖြစ်ပါသည်။ ✨ ၃။ ရောက်ရာဒေသ ခြေရာချခဲ့ပါ။ မိမိရောက်ရှိရာ အရပ်ဒေသတိုင်းမှာ ကောင်းမွန်တဲ့ အပြုအမူ၊ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့သာ အများအကျိုးပြုပြီး ရှင်သန်ပါလို့ နှိုးဆော်ထားခြင်း ဖြစ်ပါသည်။ လောကီလူမှုပတ်ဝန်းကျင်မှာ ရှင်သန်လှုပ်ရှားတဲ့အခါ မိမိကြောင့် သူတစ်ပါး မနစ်နာစေဖို့နဲ့ မိမိရဲ့ လုပ်ဆောင်ချက်တိုင်းဟာ သမိုင်းကောင်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့ဖို့ ဆင်ခြင်နေထိုင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ #EIO #Eagle_Information_Operator #SpringMyanmarRevolution #RevolutionHonorable #LifeLessons #Wisdom #MyanmarProverbs

EIO
1 057
⚜️ #EIO_Update_News ချောင်းဦးနယ် ခင်မွန်ရွာမှ ထွက်လာသော စခများသည် မုံရွာနယ်၊ အနောက်တောင်ခြမ်း၊ သစ်ဆိမ့်ရွာနှင့် ညောင်ဖြူပင်ရွာကြား၊ ကျီကုန်းရွာ အနောက်ဘက်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 30, 12:52PM @EIO2021_bot@EagleInformationOperator_bot

EIO
1 057
စလော့ဂိမ်းများသည် လူ့စိတ်ကို လှည့်ဖြား၍ လိမ်ညာပါသည်။ တစ်နည်းအားဖြင့် လူ့ဦးနှောက်ကို ဓာတုဗေဒနည်းအရ ဓားစာခံလုပ်လိုက်ခြင်းဖြစ်၏။ စလော့ဂိမ်းများ၏ နောက်ကွယ်တွင် လူ့ဦးနှောက်၏ ဒိုပါမင်း (Dopamine) ခေါ် ပျော်ရွှင်တက်ကြွမှုကို ဖြစ်စေသော ဓာတ်ပစ္စည်းအား အမြင့်ဆုံး ခြယ်လှယ်နိုင်ရန် ဒီဇိုင်းဆွဲထားသည့် သင်္ချာအဆိပ်ခွက်များကို စနစ်တကျ ထည့်သွင်းထားကြသည်။ ထိုသို့ စလော့၏ သားကောင်များတွင် ဖီးနစ်ကဲ့သို့ စနစ်ကို ပြောင်းလဲချင်၍ တော်လှန်နေကြသော ရဲဘော်များလည်း ဝမ်းနည်းစွာပင် ပါဝင်နေကြပါသည်။ စလော့ကို လှည့်လိုက်တိုင်း နိုင်တော့မလိုလို၊ ကပ်လွဲသွားသလိုလို ဖြစ်အောင် ပရိုဂရမ်ဘက်က ထိန်းချုပ်ပြုလုပ်ထားသည်။ ထိုထောင်ချောက်၊ အဆိပ်ခွက်ကြားတွင် ဖီးနစ်တို့ကို ရုန်းမထွက်နိုင်အောင် ဖမ်းစားထားသည်။ သို့သော် အဆိပ်ဟု မသိရှိဘဲ ကုစားပေးသော ပျောက်ကင်းဆေးဟု မှတ်ယူ၍ စလော့အဆိပ်ကို တစ်လုံးပြီးတစ်လုံး မျိုချနေကြ၏။ ဂိမ်းက ရှုံးနေလျှင်ပင် ဦးနှောက်က “ငါ နိုင်ဖို့ နည်းနည်းပဲ လိုတော့တာ” ဟု မှားယွင်းစွာ တွက်ချက်မိလျက် လက်ချောင်းများက စခရင်ကို ထပ်ကာထပ်ကာ နှိပ်မိစေတော့သည်။ နောက်ဆုံး တစ်ကျပ်မျှ မကျန်အောင် ရှုံးသွားသော်လည်း နိုင်ချေရှိသေးသည်ဟု ကိုယ့်စိတ်ကို လှည့်စား၍ ငွေထည့်ရန် ကြိုးစားပြန်၏။ ဟိုကချေး၊ ဒီကချေး၊ ဟိုကတိပေး၊ ဒီကတိပေးဖြင့် နောက်ဆုံးတော့ လူမှုဘဝနှင့် သစ္စာပျက်ယွင်းမှု နိဂုံးသို့ ဦးတည်သွားတော့သည်။ အစပိုင်းတွင် အပျော်အပါး၊ ထို့နောက် အရင်းပြန်လိုချင်သည့် လောဘဇော၊ ထိုမှတစ်ဆင့် အကြွေးသံသရာထဲ နစ်မွန်းလာရသည်။ ရဲဘော်များကြား၊ လူထုကြားတွင် စလော့နွံနစ်လာသူသည် စိတ်တိုလွယ်လာသည်။ တာဝန်ကျလျှင်ပင် ရှေ့တန်းကို မသွားလို။ ရင်းနှီးသူများထံတွင်လည်းကောင်း၊ ရဲဘော်အချင်းချင်းထံတွင်လည်းကောင်း ငွေလိုက်ချေး၍ ငွေမျောပြီး ငွေနှင့်လိုက်တော့၏။ အဆိုပါ စလော့ဂိမ်းများ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများသည် လူမှုဘဝများကိုသာမက တော်လှန်ရေး၏ ပုံရိပ်ကိုလည်း များစွာ ထိခိုက်ပျက်စီးစေပါသည်။ ရှေ့တန်းတွင် ရန်သူ့ကျည်ဆန်များ၊ ဂျက်ဖိုက်တာ ဗုံးကြဲမှုများကို သတ္တိရှိရှိ ရင်ဆိုင်နိုင်ခဲ့သော ရဲဘော်များသည် စလော့ဒိုင်များ၏ အိတ်ကပ်ထဲသို့ မိမိ၏ ရိက္ခာနှင့် ဆွေမျိုးများ၊ သူငယ်ချင်းများထံမှ ပေးလာသော ငွေများနှင့် အဖိုးတန်လှသော ဘဝကို ပုံအပ်၍ အကြွေးပတ်လည်ဝိုင်းရတတ်သည်။ ရန်သူ့ကျည်ဆန်က လူကိုသာ သေစေနိုင်သော်လည်း စလော့ဂိမ်းကမူ လူ့ကျင့်ဝတ်၊ သိက္ခာနှင့် ယုံကြည်ချက်တစ်ခုလုံးကို အတွင်းကနေ လှိုက်စားကာ ဘဝကို အရှင်လတ်လတ် သတ်ပစ်နိုင်ပါသည်။ သို့ဖြစ်သောကြောင့် စနစ်တစ်ခုလုံးကို ပြောင်းလဲစေလို၍ တော်လှန်နေကြသော ရဲဘော်များအနေဖြင့် စလော့ထောင်ချောက်တွင် ကျဆုံးမသွားမိရန် အထူးတလည် အရေးကြီးသည်။ တကယ်တော့ စလော့၏ အန္တရာယ်များကို ဖီးနစ်နှင့်တကွ စလော့ကစားသူများ သိကြပါသည်။ “သူများတွေသာ ရှုံးတာ၊ ငါကတော့ နိုင်နိုင်ပါတယ်။ ဘာကြောင့်ဆို ငါက လက်ကီးကောင်းလို့လေ” စသည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အတွေးက အစွန်ဆုံးထိ ဆွဲခေါ်သွားတတ်သော်လည်း နိုင်လိမ့်မည်တော့ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် စလော့ဂိမ်းများ၏ နောက်ကွက်တွင် ဖီးနစ်တို့လို လူများ၏ ပိုက်ဆံများကို မျိုချဖို့ သေသေချာချာ တွက်ချက်ဖန်တီးထားသော ကွန်ပျူတာပရိုဂရမ် အဆိပ်ခွက်ကြီး ရှိနေ၍ပင် ဖြစ်ပါသည်။ စလော့ဆိုသော ကင်ဆာအဆိပ်ခွက်ကို အချိန်မီ ဖြတ်ထုတ်မပစ်ပါလျှင် စလော့ဆိပ်တက်၍ မုချ ဘဝပျက်ပါမည်။ စလော့သည် လူထု၏ နေ့စဉ်ဘဝကို နစ်သထက်နစ်အောင် တွန်းဖြိုလှဲချနေပါတော့သည်။ (ဝန်ခံချက်။ ဆောင်းပါးပါ ရဲဘော်ဖီးနစ်သည် မည်သည့်တပ်ဖွဲ့ရှိ ဖီးနစ်ကိုမျှ ကိုယ်စားမပြုပါ။) [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

EIO
1 057
"ဂိမ်းထောင်ချောက်နှင့် ပရိုဂရမ် အဆိပ်ခွက်" 🔹နွေဦးမြိုင် ရဲဘော်ဖီးနစ်သည် ရှေ့တန်းမှ ပြန်ရောက်ပြီး စခန်း၏ စည်းမျဉ်းများအရ (၇) ရက် ခွင့်အနားရပါသည်။ ရှေ့တန်းတွင် သူ အင်မတန်ပင်ပန်းခဲ့သည်။ ကျည်ဆန်မိုးပေါက်များကြား၊ တဝုန်းဝုန်းကြဲသော လေယာဉ်ဗုံးဆန်များကြားတွင် သူသည် လက်ရုံးရည်ထက်မြက်စွာဖြင့် တိုက်ပွဲဝင်ခဲ့သည်။ ယခု ရှေ့တန်းမှ ပြန်လာပြီး အနားယူနေ၏။ ဖီးနစ်သည် ပင်ပန်းလှသော ကိုယ်ခန္ဓာကို အနားပေးထားသော်လည်း စိတ်နှင့် ဦးနှောက်ကတော့ အနားမယူသေး။ သူ့ဦးနှောက်ကို ဆက်လက်၍ တာဝန်ပေးထား၏။ ရှေ့တန်းတွင် သူ ဖုန်းမကိုင်ခဲ့ရ။ ယခု ဖုန်းကိုင်ရချိန်တွင် အဝေးမှ မိသားစုနှင့်၊ ထို့နောက် ချစ်သူနှင့် ဆက်သွယ်နေပါ၏။ ထို့နောက် ဖီးနစ်သည် “ကျွဲစီးမယ်” ဟု အချင်းချင်းခေါ်ကြသော စလော့ဂိမ်းတွင် အချိန်များစွာ ကုန်တတ်ပါသည်။ နိုင်သည့်အခါ သူငယ်ချင်းရဲဘော်များကို ပျော်ရွှင်စွာဖြင့် ဘီယာနှင့် အချိုရည်များ တိုက်ကျွေးတတ်ပြီး၊ ရှုံးသည့်အခါမှာတော့ သူသည် မှိုင်ဝေလျက် စိတ်ပျက်လက်ပျက် ငိုင်နေတတ်၏။ သို့မဟုတ် ငွေဘယ်ကရမည်လဲဟု ရှာကြံတွေးလျက် ငေးနေတတ်၏။ ဂျက်ဖိုက်တာနှင့် Y-12 တို့သည် ကောင်းကင်တွင် အလှည့်ကျ ပျံသန်း၍ ဗုံးကြဲနေသည်။ ဗုံးသည် ကြဲချင်ရာသို့၊ စိတ်ကူးတည့်ရာသို့ နေ့စဉ်ရက်ဆက် ကြဲနေခြင်းဖြစ်၏။ ဖီးနစ်သည် ကတုတ်ကျင်းထဲတွင် ပုန်းနေသော်လည်း ဖုန်းကိုတော့ လက်က မချ။ သူ့မျက်နှာပြင်သည် ရောင်စုံအလင်းများဖြင့် တတွီတွီမြည်သံများ ထွက်နေသည်။ တစ်ခါတစ်ရံတွင် ဒင်္ဂါးပြားများ ထွက်ကျလာသံ တချွံချွံကိုလည်း ကြားရသည်။ ထိုအချိန်တွင် ဖီးနစ်၏ မျက်လုံးတို့သည် လောဘအဟုန်ဖြင့် တောက်ပြောင်နေသည်။ သေနတ်ကိုင်သော ဖီးနစ်၏ လက်ချောင်းလေးများသည် ဖုန်းစခရင်ကို အကြိမ်ကြိမ် နှိပ်လျက် ငွေရောင်အိပ်မက်နောက်သို့ အဟုန်ဖြင့် လိုက်ပါနေ၏။ ထမင်းစားရန် သူမေ့၏။ လေယာဉ်သံကို သူမေ့၏။ သူသည် ရန်သူနှင့် စစ်မျက်နှာဖွင့်ခဲ့ပြီးနောက် “စလော့” စစ်မျက်နှာကို ဆက်လက်ဆင်နွှဲနေခြင်းဖြစ်၏။ ရန်သူကို နိုင်ခဲ့သကဲ့သို့ စလော့ကို သူ နိုင်ပါမည်လော။ အခန်း (၂) တကယ်တော့ ဖီးနစ်ရယ်မှ မဟုတ်။ စလော့သံသရာတွင် ကျင်လည်နေကြကုန်သောသူများကို လူ့အလွှာစုံတွင် တွေ့ရပါသည်။ နည်းပညာများသည် မျက်စိတမှိတ်အတွင်းမှာပင် လျင်မြန်သောအဟုန်ဖြင့် ပြောင်းလဲနေပါသည်။ ကုန်လွန်ခဲ့သော ဆယ်စုနှစ်များဆီတုန်းက ကာစီနိုရုံများသို့ သွားမှသာ လောင်းကစား၍ ရနိုင်သော ဂိမ်းများသည် ယခုတော့ အင်တာနက်ရှိသော မည်သည့်နေရာတွင်မဆို ရေသောက်သကဲ့သို့ အခက်အခဲမရှိ လွယ်ကူစွာပင် လောင်းကစားနိုင်ပြီဖြစ်သည်။ လေ့လာချက်များအရ လူ့အလွှာမျိုးစုံကြားသို့ စလော့ဂိမ်းများ ပျံ့နှံ့နေသည်။ စလော့ဂိမ်းနှင့် ဆက်စပ်သော ရာဇဝတ်မှုများကလည်း “မြွေပူရာ ကင်းမှောင့်”ဆိုသကဲ့သို့ ကြောက်စရာကောင်းအောင် မြင့်တက်နေသည်။ စလော့ရှုံးရာမှ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများလည်း မကြာခဏ တွေ့နေ၊ ကြားနေရပါသည်။ စလော့ဂိမ်းဖြင့် နစ်မွန်းနေသူများသည် ပညာမဲ့များ၊ ဆင်းရဲသူများချည်း မဟုတ်။ ပညာတတ်များ၊ ဂုဏ်သရေရှိ လူကြီးများ၊ သာသနာပိုင်များ၊ အာဏာပိုင်များနှင့် အစိုးရဝန်ထမ်းများ၊ စစ်ကောင်စီ၏ စစ်သားများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ PDF ရဲဘော်များ စသဖြင့် လူတန်းစားပေါင်းစုံ စလော့ဂိမ်းကို ကစားလေ့ရှိကြပါသည်။ အထူးသဖြင့် တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ ပြည်တွင်းစစ်ဖြစ်နေခြင်းများဖြင့် ကျဆုံးနိုင်ငံတစ်ခုသို့ ဦးတည်နေသော မြန်မာကဲ့သို့ နိုင်ငံများတွင် ထိုဥပဒေမဲ့ လောင်းကစားများကို နေရာတိုင်းတွင် ပေါပေါလောလော တွေ့ရနိုင်ပါသည်။ မြေပြင်တွင် ဖဲရိုက်၊ ကြက်တိုက်၊ လေးကောင်ဂျင်း၊ ခြောက်ကောင်ဝိုင်း စသည့် လောင်းကစားများကို PDF တပ်ရင်း၊ တပ်ဖွဲ့များသည် မိမိတို့ ထိန်းချုပ်နယ်မြေအလိုက် ကြပ်မတ်စွာ တားမြစ်၊ အရေးယူနိုင်ကြသော်လည်း စလော့ဂိမ်းများကိုတော့ တားမြစ်၍ မရကြသေး။ ဒါဟာ နည်းပညာအရ တားဆီးရန် ခက်ခဲနေသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ စစ်ကောင်စီ ထိန်းချုပ်ရာဒေသများမှာတော့ PDF ထိန်းချုပ်ဒေသများထက်ပင် အွန်လိုင်း၊ အော့ဖ်လိုင်း လောင်းကစားနှင့် ဒုစရိုက်မှုများသည် ပိုမိုဆိုးဝါးပါသည်။ စစ်ကောင်စီသည် မြေပြင်လောင်းကစားနှင့် အွန်လိုင်းလောင်းကစားများကို ခွင့်ပြုပါသည်ဟု ထုတ်ပြန်မထားသော်လည်း တားဆီး၍လည်း မထားပါ။ မည်သူမဆို နိုင်ငံရေးနှင့် ကင်းအောင်နေလျှင် မူးယစ်ဆေး၊ လောင်းကစားနှင့် ဥပဒေချိုးဖောက်မှုများနှကို အမျိုးမျိုးသော အမည်များဖြင့် လုပ်ကိုင်လိမ်ညာနေကြသော “ကျားဖြန့်” လုပ်ငန်းများကိုလည်း မျက်ကွယ်ပြုလျက် ခွင့်ပြုထားပါသည်။ သူတို့၏အာဏာကို ကိုင်လှုပ်မည့်သူ၊ သူတို့ကို မေးခွန်းထုတ်မည့်သူနှင့် သူတို့ကို ဆန့်ကျင်သူများမှလွဲ၍ မည်သို့ပင် နေနေ မမြင်ဟန်၊ မကြားဟန်ဖြင့် ခွင့်လွှတ်တတ်ပါသည်။ ထိုကဲ့သို့ အခြေအနေများတွင် နောက်ဆက်တွဲ သက်ရောက်မှုများကတော့ တွေးဝံ့စရာပင်မရှိအောင် ဆိုးရွားပြင်းထန်လွန်းလှပါသည်။ ထိန်းချုပ်မှုကင်းမဲ့နေသော အွန်လိုင်းလောင်းကစားများသည် နိုင်ငံတစ်ခုလုံးကို ဆိုးသထက်ဆိုးသော အခြေအနေသို့ ဆွဲချနေပါသည်။