es
Feedback
EIO

EIO

Ir al canal en Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Mostrar más
1 056
Suscriptores
-124 horas
+27 días
+630 días
Archivo de publicaciones
EIO
1 056
Repost from EIO
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️ (မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိ
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️ (မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။ ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။ #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) 📲 သတင်းပေးပို့ရန် 👉🏻 @EIO2021_bot | @EagleInformationOperator_bot 👉🏻 eagleinformationoperators@gmail.com 🔵 Facebook – https://www.facebook.com/eagleinformation 🌐 Telegram – t.me/eagleinformationoperator #EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe

EIO
1 056
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
photo content

EIO
1 056
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ် နှင့် လမ်းကြိုလမ်းကြားများမကျန်၊ မြို့အဝင်အထွက် စစ်‌ဆေးရေးဂိတ်များ၊ အိမ်စီးကားများကို အသုံးပြု၍ ကင်းပတ်ပြီး‌သော်လည်းကောင်း စခ၊ရခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းတမ်းခြင်း၊ လူငယ်\လူလတ်ပိုင်းများကို အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများကို ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 056
Repost from EIO
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ "မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်... ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။ စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 056
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 056
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Jul 1, 7:56PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://t.me/eagleinformationoperator?direct 👉🏻  http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
(1,7,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #A-5 Bomber Jet Fighter (1)စီးသည် စစ်ကိုင်းတိုင်း၊ မုံရ
(1,7,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #A-5 Bomber Jet Fighter (1)စီးသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (2:08,09,10,11)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
"သေတူ ရှင်ဖက် ၊ ဆောင်ရွက်မကင်း ၊ အချင်းချင်းတွင် အခင်းကြီးငယ် ၊ ရှိခါဝယ်လည်း ၊ မဖယ်မသွေ ညီညာကုန်း၍ ရုန်းကြလေ" 📜 ရှင်မဟာရဋ္ဌသ
"သေတူ ရှင်ဖက် ၊ ဆောင်ရွက်မကင်း ၊ အချင်းချင်းတွင် အခင်းကြီးငယ် ၊ ရှိခါဝယ်လည်း ၊ မဖယ်မသွေ ညီညာကုန်း၍ ရုန်းကြလေ" 📜 ရှင်မဟာရဋ္ဌသာရ

EIO
1 056
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား အခွံ(၅)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jul 1, 11:33AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
"လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)" အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပတ်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။ “လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့စကားကို လက်ကိုင်ရင်း နောက်ဆုံးမှာ မိသားစုလိုက် ဘဝပျက်တာတွေနဲ့ အဆုံးစီရင်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်တွေလည်း ခပ်စိပ်စိပ် ကြားမိကြမှာပါ။ .. .. ❗️Gambling disorder ဆိုတာ လောင်းကစားစွဲလမ်းတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ 💸 လောင်းကစားစွဲလမ်းတယ်ဆိုတာ… ⦿ လောင်းကစားဆော့တာကို အချိန်အတော်ကြာ စွဲလမ်းလာပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်ဖို့ ခက်ခဲလာမယ်။ ⦿ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဂရုမစိုက်ဘဲ လောင်းကစားပဲ လုပ်ချင်နေတယ်။ ⦿ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက လောင်းကစားလုပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့လက္ခဏာတွေ ပြလာမယ်။ ⦿ ကိုယ်တိုင်က နေ့စဉ်လုပ်ငန်းဆောင်တာတွေထက် လောင်းကစားကပဲ အရေးကြီးဆုံးလို့ ခံစားနေရတာမျိုးကို ဆိုလိုပါတယ်။ .. .. 🎰 လောင်းကစားအမျိုးမျိုး… လောင်းကစားလို့ဆိုရင် ဘောလုံးပွဲလောင်းတာ၊ ဖဲရိုက်တာ၊ ၂ လုံး/၃ လုံး ထီထိုးတာတင်မက အခုဆိုရင် ဖုန်းနဲ့ အလွယ်တကူဆော့လို့ရပြီး ပရိုဂရမ်ဆွဲထားတဲ့ အွန်လိုင်းဂိမ်း၊ စလော့ (slot) ဂိမ်းတွေကြောင့် ဘဝပျက်နေသူတွေ ပိုများလာပါတယ်။ .. .. 💸 လောင်းကစားစွဲလမ်းစေနိုင်တဲ့ အကြောင်းအရင်းတွေက... 🂱 ‘အတုမြင် အတတ်သင်’ သဘောနဲ့ လောင်းကစားလုပ်တတ်တဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေရှိတာ 🂱 ငွေကြေးအခက်အခဲရှိသူ၊ လုပ်ငန်းခွင် ဖိအားများနေသူ၊ လောင်းကစားလုပ်ရလွယ်တဲ့ အနေအထားရှိသူ 🂱 အခြားစွဲလမ်းမှု ရောဂါတစ်ခုခုရှိနေသူ (ဆေးစွဲတာ၊ အရက်စွဲတာ) 🂱 တစ်ကြိမ်တစ်ခါ အနိုင်ရခြင်းက စိတ်လှုပ်ရှားစေပြီး ဆုလာဘ်တစ်ခုရသလို ခံစားရစေတဲ့ dopamine ဟော်မုန်းရဲ့ ဦးနှောက်ကို လှုံ့ဆော်တာ 🂱 စိတ်ထိခိုက်စရာရှိသူ၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ နေမကောင်းသူတွေမှာ စွဲလမ်းနိုင်ခြေများပါတယ်။ .. .. ‼️ လောင်းကစားကြောင့် စီးပွားရေးသာမက အိမ်ထောင်ရေး၊ လူမှုရေး၊ ကိုယ်/စိတ်ကျန်းမာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရရှိနိုင်ပါတယ်။ - မိသားစုဝင်တွေအပေါ် လိမ်ညာခြင်း၊ ဒေါသအလျောက် စိတ်လိုက်မာန်ပါလုပ်ခြင်း - ငွေရေးကြေးရေး၊ အကြွေးတွေနဲ့ ပတ်သက်ပြီး ပြဿနာတက်ခြင်း - ခိုးယူခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း - အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကွာရှင်းပြတ်စဲမှုတွေ စတဲ့ အိမ်ထောင်ရေးပြဿနာတွေသာမက… - စိတ်ဖိစီးမှုများတာ၊ စိတ်အတက်အကျမြန်တာ - ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာ - အအိပ်ပျက်၊ အစားအသောက်ပျက်တာ - မူးယစ်ဆေးနဲ့ အရက်စွဲလာတာ - မိမိကိုယ်မိမိ သေကြောင်းကြံစည်ဖို့ ကြိုးစားတာအထိ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း အာရုံထွေပြားကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာမျိုးဖြစ်ပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုသာမက လူမှုရေးရာဂုဏ်သိက္ခာတွေပါ ထိခိုက်နစ်နာနိုင်ပါတယ်။ .. .. ✅ အထက်ပါ လက္ခဏာတွေ ခံစားရပြီး မိမိကိုယ်ကိုယ် လောင်းကစားစွဲလမ်းမှု ပြဿနာရှိနေတယ်လို့ သံသယရှိရင် တတ်ကျွမ်းနားလည်သူတွေထံမှ အကူအညီရယူဖို့ ကြိုးစားပါ။ 🌱 အရေးအကြီးဆုံးအနေနဲ့ Self-help "မိမိသာလျှင် အဓိက ကုစားနိုင်သူ” ဖြစ်တာမို့ မိမိစွဲလမ်းမှုကို ဦးစွာပထမ နားလည်လက်ခံပြီး စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူသင့်ပါတယ်။ 🌱 Cognitive Behavioural Therapy (CBT) အတွေးနဲ့အပြုအမူကို ပြန်လည်ထိန်းညှိပေးတဲ့ ကုထုံးခံယူခြင်းဖြင့် လောင်းကစားနဲ့ပက်သက်တဲ့ နိုင်လိုစိတ်နဲ့ အတွေးအမြင်တွေ ပြောင်းလဲလာပြီး လောင်းကစားကို ရပ်တန့်ဖို့ ကြိုးစားလာပါမယ်။ 🌱 မိသားစု၊ အိမ်ထောင်ရေးပြဿနာများ နှစ်သိမ့်ဆွေးနွေးခြင်း (family and couples therapy) နဲ့ ငွေရေးကြေးရေး ပြန်လည်ဆန်းစစ်ညှိနှိုင်းခြင်း (Family budgeting) နည်းလမ်းတွေနဲ့လည်း ဆွေးနွေးနှစ်သိမ့်မှု ခံယူသင့်ပါတယ်။ 🌱 UK လိုမျိုး နိုင်ငံတွေမှာတော့ “လောင်းကစားသူများ အမည်ဝှက်အဖွဲ့” (Gamblers Anonymous) ဆိုပြီး အဖွဲ့တွေရှိပါတယ်။ သူတို့က ဆွေးနွေးပွဲတွေ ပုံမှန်ကျင်းပလေ့ရှိပြီး လောင်းကစားစွဲလမ်းမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံဖလှယ်ကာ ရပ်တန့်ဖို့ ကြိုးစားပုံနည်းလမ်းတွေ အချင်းချင်းမျှဝေကြပါတယ်။ ဒီနည်းလမ်းက လူနာတွေအတွက် ထိရောက်မှုရှိတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။ ✅ မိမိပတ်ဝန်းကျင်မှာ လောင်းကစားစွဲလမ်းမှုပြဿနာရှိသူတစ်ဦး ရှိနေရင် ပစ်ပယ်မထားဘဲ ရောဂါရှိသူတစ်ဦးအနေနဲ့ နားလည်ပေးပြီး လိုအပ်တဲ့ကုထုံးတွေ ရယူနိုင်ဖို့ ကူညီပေးသင့်ပါတယ်။ ❌ အခုလိုကာလမှာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့အတွေးနဲ့ အွန်လိုင်းဂိမ်းပေါင်းစုံကို ကြော်ငြာခ၊ ကော်မရှင်ခယူပြီး ကစားဖို့ မြှူဆွယ်သူတွေကိုလည်း ရှုတ်ချမိပါတယ်။ 🌱 စွဲလမ်းမှုပြဿနာတိုင်းမှ ရုန်းထွက်နိုင်ကြပါစေ....။

EIO
1 056
photo content

EIO
1 056
Viber ကို လုံခြုံမှုရှိရှိ ဘယ်လိုသုံးမလဲ ❧ ​အကောင့်အစစ်ကို ခိုးပြီး Contact List ထဲကလူတွေကို လိုက်လိမ်တာမျိုး မဖြစ်အောင် အခုပဲ သင့်ဖုန်းထဲမှာ ဒါတွေပြင်ထားရပါမယ်။ ၁။ Two-Step Verification (အဆင့် နှစ်ဆင့်ခံလုံခြုံရေး) ဖွင့်ထားပါ။ Viber ရဲ့ More (အစက်သုံးစက်) > Settings > Privacy > Two-step verification ထဲကိုသွားပြီး PIN နံပါတ် (၆) လုံး သတ်မှတ်ထားပါ။ ဒါဆိုရင် သင့်ဆင်းမ်ကတ်ကို သူများရသွားရင်တောင် ဒီ PIN နံပါတ်မသိရင် သင့် Viber ကို ဝင်သုံးလို့ရမှာ မဟုတ်တော့ပါဘူး။ ၂။ OTP ကုဒ် လုံးဝမပေးပါနဲ့။ ဘယ်သူကပဲ ဖြစ်ဖြစ် (Viber ကုမ္ပဏီကပါဆိုပြီး လာလိမ်ရင်တောင်) သင့်ဖုန်းထဲက အသက်သွင်းကုဒ် (Activation Code/OTP) ကို လုံးဝ (လုံးဝ) မျှဝေခြင်း မပြုပါနဲ့။ ၃။ မိမိအကောင့်ကို တခြားစက်တွေမှာ ဝင်ထားလား စစ်ဆေးပါ။ Settings > Account > Desktop and Tablets ထဲကိုသွားစစ်ပါ။ သင်မသိတဲ့ ကွန်ပျူတာ သို့မဟုတ် iPad တစ်ခုခုမှာ သင့်အကောင့်ပွင့်နေရင် ချက်ချင်း Deactivate (ပိတ်ပစ်ခြင်း) လုပ်လိုက်ပါ။ ❧ ​ Social Media ကနေ အချက်အလက် ချောင်းမြောင်းတာကို ကာကွယ်နည်း။ ​လိမ်လည်သူတွေက သင့်ရဲ့ ဆက်ဆံရေးတွေ၊ ဖုန်းနံပါတ်တွေကို လေ့လာလို့မရအောင် Privacy တင်းကျပ်ထားရပါမယ်။ ၁။ ဖုန်းနံပါတ်ကို Public မပြပါနဲ့။ Facebook သို့မဟုတ် TikTok Profile တွေမှာ မိမိဖုန်းနံပါတ်ကို လူတိုင်းမြင်နိုင်အောင် ချန်မထားပါနဲ့။ Privacy မှာ Only Me သို့မဟုတ် Friends Only ပြောင်းထားပါ။ ဒါပေမယ့် ခြွင်းချက်ရှိတာက အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေအတွက်တော့ ဒါက ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Social Media မှာ ကိုယ့်လုပ်ငန်းကိုဆက်သွယ်လို့ရအောင် ဖုန်းနံပါတ် ရေးတင်ပေးထားရတဲ့အတွက်ပါ။ ၂။ Viber မှာ မိမိပရိုဖိုင်ပုံကို လူတိုင်းမပြပါနဲ့။ Settings > Privacy > Show your photo ဆိုတာကို ပိတ်ထားရင် သင့်ဖုန်းနံပါတ်ကို သိရုံနဲ့ သင့်ရုပ်ပုံကို လိမ်လည်သူတွေ မြင်ရမှာမဟုတ်တော့ပါဘူး (သင့် Contact ထဲရှိသူများသာ မြင်ရပါမယ်)။ ❧ ​ အသိမိတ်ဆွေအယောင်ဆောင်ပြီး ပိုက်ဆံလှမ်းတောင်းလာရင် ဘာလုပ်မလဲ။ ၁။ အကောင့်အစစ် ဟုတ်/မဟုတ် စစ်ဆေးပါ။ ပရိုဖိုင်ပုံကို နှိပ်ကြည့်ပါ။ ဖုန်းနံပါတ် ပြ/မပြ ကြည့်ပါ။ ပုံမှန်ဆိုရင် ကိုယ့်ဆီမှာ ဖုန်းနံပါတ်အဆင်သင့် ရှိပြီးသား အသိမိတ်ဆွေဖြစ်ရမှာပါ။ "Message Requests" အကွက်ထဲကနေ ပေါ်လာတာမျိုးဆိုရင် ရာနှုန်းပြည့် သံသယဝင်ရပါမယ်။ ၂။ စာတင်မကဘဲ ဖုန်းတိုက်ရိုက်ခေါ်ပါ။ "ငါ့ဗိုက်ဗာအသစ်မို့လို့၊ လိုင်းမကောင်းလို့ ဖုန်းမခေါ်နဲ့" ဆိုပြီး ဆင်ခြေပေးရင် ပိုသံသယဝင်ပါ။ တကယ့်ဖုန်းလိုင်း သို့မဟုတ် အသံကြားရမယ့် ဖုန်းခေါ်ဆိုမှုမျိုး ချက်ချင်းလုပ်ပြီး အတည်ပြုပါ။ #Viber #လုံခြုံရေး #TwoStepVerification #OTP #Privacy #လိမ်လည်မှုကာကွယ်ရေး #ဆိုက်ဘာလုံခြုံရေး #နည်းပညာအကြံပြုချက်

EIO
1 056
Repost from EIO
တော်လှန်ရေးဝန်ထမ်းကောင်းများ အလိုရှိသည်‼️ ✨တော်လှန်ရေးကို အထောက်အကူပြုရမယ် ✊ လျှောက်ထားသူသည် တော်လှန်ရေးအောင်ဖို့ တိုက်ပွဲဝင်ပြီး အလုပ်လုပ်နေကြပါသော ‌တော်လှန်ရဲဘော်များ ဘေးကင်းစွာ ဖြင့် အလုပ်လုပ်နိုင်ဖို့နှင့် အပြစ်မဲ့ မိဘပြည်သူတွေ ဘေးကင်းကြစေဖို့ ဆိုတာကို အဓိက သိရှိထားရပါမည်။ 📌 #EIO ရဲ့ (သတင်းထောက်) REPORTER ဖြစ်ဖို့ ဘာတွေလိုအပ်လဲ❓ 👤 လျှောက်ထားသူ၏ အရည်အချင်း ၁။သတင်းကျင့်ဝတ်/စည်းကမ်း ကို တိကျစွာ လိုက်နာနိုင်မည့်သူ ဖြစ်ရမည်။ ၂။(အခြေခံပညာ အထက်တန်းအဆင့်) ရှိရမည်။ ၃။မြန်မာစာကို ကောင်းမွန်စွာ ရေးနိုင်၊ ဖတ်နိုင်သူ ဖြစ်ရမည်။ ၄။အသက် (၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ 📢 အလုပ်ချိန်နှင့် တာဝန်ထမ်းဆောင်မှု (အချိန်ပိုင်း {သို့မဟုတ်} အချိန်ပြည့်) တာဝန်ထမ်းဆောင်နိုင်သူ။ စိတ်ဓာတ်ပိုင်း - သတင်းပိုင်းကို စိတ်ဝင်စားပြီး (လုပ်ကိုင်ချင်စိတ်၊ ပါဝင်လိုစိတ်) ပြင်းပြသည့်သူများသာ။ 💡 ဝန်ဆောင်မှုနှင့် သင်တန်း သတင်းလုပ်ငန်းပိုင်း စနစ်တကျ (#SYSTEMATIC) ဖြစ်စေရန်အတွက် (အခြေခံသတင်းပိုင်းနှင့် နည်းပညာပိုင်း) သင်တန်းကို အရင်ဆုံး တက်ရောက်သင်ကြားရပါမည်။ 📢 #EIO သည် အကျိုးအမြတ်အတွက်လုပ်ငန်း မဟုတ်ပါ မိမိတို့ #EIO သည် တော်လှန်ရေးတစ်ထောင့်တစ်နေရာမှ ကိုယ်ထူကိုယ်ထ အနေဖြင့်သာ ပါဝင်လုပ်ကိုင်နေကြသူများ ဖြစ်သည့်အတွက် မည်သည့်အကျိုးခံစားမှု တစုံတရာမှ ရရှိမည် မဟုတ်သလို၊ ပေးမည်လည်း မဟုတ်ပါ။ (သို့သော်) သတင်းပိုင်းနှင့် ပတ်သတ်ပြီး လိုအပ်သော ငွေကြေးအနည်းငယ်အား ထောက်ပံ့ပေးပါမည်။ ⚖️ စည်းကမ်းချက်များ မိမိတို့ #EIO ADMIN အဖွဲ့ မှ (လုံး၀-လုံးဝ) လက်သင့်မခံသော အချက်များ -
🚨(တာဝန်ချိန်အတွင်း) 🍷 အရက်ဘီယာ သောက်စားခြင်း။ ⚽ လောင်းကစား (ဘောလုံးပွဲ၊ စလော့ဂိမ်း) များဖြင့် အချိန်ကုန်နေခြင်း။ 💊 မူးယစ်ဆေးဝါး သုံးစွဲခြင်း။ 💑 သမီးရည်းစားကိစ္စ များ၊ လူမှုရေးရှုပ်ထွေးခြင်း။ 💰 ငွေရေးကြေးရေးကိစ္စ ရှုပ်ထွေးခြင်း ရှိသောသူများ။ ⚖️ စည်းကမ်းလိုက်နာခြင်း မရှိပါက အလုပ်ရပ်နားပြီး အပြီးအပိုင်ထုတ်ပယ်ခြင်းခံရမည် ဖြစ်သည်။
#EIO_Founder #Admin_Team #Eagle_Information_Operator #EIO_Communication_and_Information 📲 ဆက်သွယ်မေးမြန်းရန် - 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News ဆားလင်းကြီးနယ်၊ ဝမ်ပေါင်ကုမ္မဏီ မှ စခ ခမ အအ (၁၀၀)ခန့်သည် ညောင်ပင်ကြီး ဇတ်ဆိပ်ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ July 1, 9:01AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://t.me/eagleinformationoperator?direct 👉🏻 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator