es
Feedback
EIO

EIO

Ir al canal en Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Mostrar más
1 055
Suscriptores
-124 horas
+17 días
+830 días
Archivo de publicaciones
EIO
1 055
Repost from EIO
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ လက်ရှိကာလတွင် အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ ကင်းထောက်ရေးနှင့် တိုက်ခိုက်ရေးလုပ်ငန်းများတွင် ဒရုန်းနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်ကို မြေပြင်မှာ တွေ့ရှိလာရပါသည်။ မိဘပြည်သူလူထုအနေဖြင့် ဒရုန်းအန္တရာယ်ကို သတိပြုနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ၎င်းတို့နှစ်ခု၏ ကွာခြားချက်များနှင့် လိုက်နာရမည့် အချက်များကို မိမိတို့ #EIO_Admin_Team မှ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။ 🔍 ကင်းထောက်ဒရုန်း (#Scout_Drone) ဆိုသည်မှာ ကင်းထောက်ဒရုန်းများသည် နယ်မြေဒေသအတွင်းရှိ လှုပ်ရှားမှုများကို အဝေးမှ လေ့လာရန်၊ ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးရန်နှင့် သတင်းအချက်အလက် စုဆောင်းရန် အဓိက အသုံးပြုသော ဒရုန်းများ ဖြစ်ပါသည်။ 👂🏻အသံနှင့် ပုံသဏ္ဌာန်။ အများအားဖြင့် အရွယ်အစား သေးငယ်ပြီး ပျံသန်းသည့်အခါ အသံတိတ်ဆိတ်ခြင်း (သို့မဟုတ်) တိုးညင်းသောအသံသာ ထွက်တတ်ပါသည်။ ⚠️လုပ်ဆောင်ချက်။ လူအုပ်စုများ၊ ယာဉ်တန်းများ (သို့မဟုတ်) နေရာဒေသများကို အဝေးမှ အချိန်အကြာကြီး စောင့်ကြည့်လေ့ရှိသည်။ 🚨အန္တရာယ်အမျိုးအစား။ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက် မပေါက်ကွဲသော်လည်း စစ်ကောင်စီတပ်ဖွဲ့များထံ တည်နေရာ အချက်အလက် (#Coordinates) များကို ပေးပို့ခြင်းဖြင့် လက်နက်ကြီး၊ လေကြောင်း (သို့မဟုတ်) မြေပြင်တပ်ဖွဲ့များ၏ ပစ်မှတ်ဖြစ်လာစေနိုင်သည်။ 💣 တိုက်ခိုက်ရေးဒရုန်း (#Attack Drone) ဆိုသည်မှာ တိုက်ခိုက်ရေးဒရုန်းများ (အထူးသဖြင့် #Kamikaze_Drone များ) သည် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားပြီး ပစ်မှတ်ကို တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန် ရည်ရွယ်ထားသော ဒရုန်းများ ဖြစ်ပါသည်။ 👂🏻အသံနှင့် ပုံသဏ္ဌာန်။ ကင်းထောက်ဒရုန်းများထက် အရွယ်အစား ပိုကြီးနိုင်ပြီး၊ ပျံသန်းသည့်အခါ ဆူညံသောအင်ဂျင် (သို့မဟုတ်) ပန်ကာလည်ပတ်သံ ပြင်းထန်စွာ ထွက်တတ်ပါသည်။ 💥လုပ်ဆောင်ချက်။ သတ်မှတ်ထားသော ပစ်မှတ်များကို အမြင့်ပေနိမ့် (သို့မဟုတ်) မြင့်သောနေရာမှ အရှိန်ပြင်းစွာဖြင့် ဝင်တိုက်ခြင်း (သို့မဟုတ်) ဗုံးသီးကြဲချခြင်း ပြုလုပ်ပါသည်။ 🚨အန္တရာယ်အမျိုးအစား။ ထိခိုက်ပျက်စီးမှုနှင့် အသက်အန္တရာယ်ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသည်။ 🛡️ မိဘပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ။ ✅ ဆောင်ရန်အချက်များ ⚠️သတိရှိပါ။ မိမိတို့ပတ်ဝန်းကျင်တွင် ထူးဆန်းသော အသံ (သို့မဟုတ်) ဒရုန်းများ ပျံသန်းနေသည်ကို တွေ့ရှိပါက အနီးအနားရှိ ပြည်သူများအား ချက်ချင်း သတိပေးပါ။ မိမိဒေသအတွင်းရှိ မြေပြင်ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေးများကို အချိန်နဲ့တပြေးညီသတင်းပို့ပါ။ ⚠️ခိုလှုံရန်နေရာ ကြိုတင်ပြင်ဆင်ပါ။ ဒရုန်းအန္တရာယ်ကို ကာကွယ်နိုင်မည့် မြေအောက်ခန်း၊ ကွန်ကရစ် အဆောက်အအုံ၏ အောက်ထပ် (သို့မဟုတ်) လုံခြုံသော ဘန်ကာများကို ကြိုတင်ရှာဖွေထားပါ။ ⚠️လုံခြုံရေး သတိရှိပါ။ အသွားအလာ ပြုလုပ်သည့်အခါ အစုလိုက်အပြုံလိုက် စုဝေးခြင်းကို ရှောင်ကြဉ်ပြီး ပွင့်လင်းသောနေရာများတွင် ကြာမြင့်စွာ မရပ်တန့်ပါနှင့်။ ❌ ရှောင်ရန်အချက်များ 🚫ဓာတ်ပုံ၊ ဗီဒီယို မရိုက်ပါနှင့်။ ဒရုန်းများ ပျံသန်းနေစဉ် အာရုံစိုက်ခြင်း (သို့မဟုတ်) ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။ 🚫အလင်းရောင်နှင့် မီးကို ရှောင်ပါ။ ညအချိန်တွင် အလင်းရောင် ပေါ်လွင်နေခြင်းသည် ဒရုန်းများ၏ ပစ်မှတ်ဖြစ်စေနိုင်သဖြင့် မီးကို လုံခြုံစွာဖုံးအုပ်ပါ။ 🚫ကွင်းပြင်ကျယ်များကို ရှောင်ပါ။ ကင်းထောက်ဒရုန်းများ၏ မျက်စိမှ လွတ်ကင်းစေရန် သစ်ပင်ရိပ်၊ အမိုးအကာ (သို့မဟုတ်) အဆောက်အအုံများအောက်တွင်သာ သွားလာပါ။ 🚨 အကြမ်းဖက် စစ်ကောင်စီ၏ ကင်းထောက်ဒရုန်း (#UAV_Scout_Drone) များ ဝဲပျံနေမှုကို အင်တာနက် သတင်းမီဒီယာများပေါ်တွင် အချိန်နှင့်တပြေးညီ မဖြန့်ဝေသင့်သည့် အကြောင်းရင်းများ။ လက်ရှိကာလတွင် စစ်ရေးအသိ သတိရှိမှုသည် အလွန်ပင် အရေးကြီးပါသည်။ မိမိတို့နယ်‌မြေ ဒေသ အတွင်း စစ်ကောင်စီ၏ ကင်းထောက်ဒရုန်းများ (Scout Drones) ဝဲပျံနေသည်ကို တွေ့ရှိပါက သတင်းမီဒီယာ (သို့မဟုတ်) မိမိ၏ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ အချိန်နှင့်တပြေးညီ တင်ပြခြင်း၊ အချိန်နဲ့နေရာကို ဖော်ပြခြင်းတို့ လုံးဝ-လုံးဝ မပြုလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် အောက်ပါအချက်များသည် ပြည်သူလူထု၏ လုံခြုံရေးနှင့် စစ်ရေးအရ အလွန်ထိခိုက်နိုင်သောကြောင့် ဖြစ်ပါသည်။ 📌 အဘယ်ကြောင့် အချိန်နှင့်တပြေးညီ မဖော်ပြသင့်သနည်း။ ⚠️ ရန်သူအတွက် တည်နေရာအတိအကျ (#Coordinates) ပေးသလို ဖြစ်သွားနိုင်ခြင်း။ မီဒီယာများပေါ်တွင် စကောက်ဒရုန်းပျံဝဲနေသည့် နေရာကို ဖော်ပြခြင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ ကင်းထောက်မှု မည်မျှထိရောက်သည်ကို သိရှိသွားစေနိုင်ပြီး နောက်ဆက်တွဲ လက်နက်ကြီးပစ်ခတ်မှု (သို့မဟုတ်) လေကြောင်းတိုက်ခိုက်မှုများအတွက် ပစ်မှတ်အချက်အလက်ကို ပံ့ပိုးပေးသလို ဖြစ်သွားနိုင်ပါသည်။

EIO
1 055
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီး၊ စခအိမ်စီးကား(၃)စီးသည် စက်မှုဇုန်၊ ရွာထောင် တောရကျောင်းဘက်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 5:22PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားတန်းသည် မြင်းမူနယ်၊ ထီးဆောင်း ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 5:21PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် မုံရွာမြို့၊ ဒေါနခြံ ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 5:13PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားတန်းသည် မြင်းမူနယ်၊ ပျော့ရွာ ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 5:11PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားတန်းသည် စစ်ကိုင်းနယ်၊ ညောင်ပင်ဝန်း ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 5:07PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
(15,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာနယ်၊ တောင်ခြမ်း မုံရွေးတိုးဂိတ် အကြမ်းဖက် စစ်ကောင်စီအထိုင်မှ တက်လာသော #Attack Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ခြမ်းတစ်နေရာ၌ ယနေ့ ညနေပိုင်း (5:05)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Attack_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၇)စီးသည် မုံရွာမြို့၊ ကျောက်ကာလမ်းအတိုင်း အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 5:04PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot၊ 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
တော်လှန်ရေးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေလုပ်ပါက ဖမ်းဆီးပြီး စစ်သင်တန်းတက်ခိုင်းမယ်လို့ ပခုက္ကူနဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း သတိပေး ဇွန် ၁၅၊၂၀၂၆။ဟာနာဆန်/People's Spring တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်အရ တော်လှန်ရေးနယ်မြေအချို့မှာ လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြောင်း သိရှိရလို့ ယခုလိုအသိပေးချက် ထုတ်ပြန်ရတာဖြစ်ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ဆိုပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ လောင်းကစားဝိုင်းတွေ ကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ စာရိတ္တပျက်ပြားတာ စတဲ့ ဆိုးကျိုးတွေ ကြုံတွေ့နေရကြောင်း၊ ဒါ့ကြောင့် လောင်းကစားဝိုင်းတွေမှာ ကိုယ်တိုင်ပါဝင်ကစားသူတွေ၊ ဦးဆောင်ပြုလုပ်သူတွေအနေနဲ့ ရှေ့တန်းမှာ အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို စာနာထောက်ထားဖို့ ထောက်ပြထားပါတယ်။ "တော်လှန်ရေးအတွက် ထိခိုက်စေသည့်အထိ ဆိုးရွားပါတယ်။ ဒီလိုအချိန်ကာလမှာ အချိန်ဖြုန်း ငွေဖြုန်းနေမည့်အစား တော်လှန်ရေး ရဲဘော်များနှင့်အတူ နိုင်ရာဘက်ကနေ ပူပေါင်းပါဝင်ပေးကြဖို့ အထူးလေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုပါတယ်"လို့ ပခုက္ကူခရိုင် တပ်ရင်း(၁၅)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ယခုမေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ လောင်းကစားဝိုင်းတွေကို ဆက်လက်ပြုလုပ်ပါက ဝင်ရောက်ပိတ်ဆို့ ဖမ်းဆီးသွားမှာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို ငွေဒဏ်၊ အချုပ်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ ချမှတ်မှာဖြစ်ကြောင်း၊ ဒါ့အပြင် ဖမ်းဆီးရမိသူတွေအနက် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးထဲ ထည့်မယ့်အစား လူရေးပြစ်ဒဏ်တွေသာ ပေးသင့်တယ်လို့ ပြည်သူအချို့က မှတ်ချက်ပြုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးမှာ လောင်းကစားဝိုင်းတွေ များပြားလာပြီး ယခုအခါ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေအထိပါ ပေါများလာတာကြောင့် တော်လှန်ရေးအဖွဲ့တွေကပါ တားမြစ်လာတာဖြစ်ပါတယ်။ #People's Spring

EIO
1 055
⚜️ #EIO_Update_News မုံရွာနယ်၊တောင်ခြမ်း ရွာထောင်ဂိတ်ရောက် စခများသည် ဂိတ်၏မြောက်ဘက် ချစ်ကြည်ရေးတံတားနားသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Jun 14, 4:53PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 4:51PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားတန်းသည် စစ်ကိုင်းနယ်၊ အုန်းတော ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 4:47PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့၊ စက်မှုဇုန် ကောင်းမြတ်ကြယ်စင်ဟိန်း လမ်းဆုံမှ စခ(၁)ဖွဲ့သည် နွားခြံကုန်းသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။ Jun 15, 4:43PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားတန်းသည် အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 4:33PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့၊ စက်မှုဇုန် ကောင်းမြတ်ကြယ်စင်ဟိန်း လမ်းဆုံမှ စခ(၁)ဖွဲ့သည် အရှေ့သို့ ခြေလျင်သွားနေကြောင်းသတင်းရရှိထားပါသည်။ Jun 15, 4:19PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
မြွေကိုက်ခံရသူအား ရှေးဦးသူနာပြုစုခြင်း (ဇွန်လ၊ ၂၀၂၆ ခုနှစ်) ▪️ မြွေကိုက်ခံရသည့် ဒဏ်ရာကို သန့်ရှင်းသောအဝတ်ဖြင့် ခပ်ဖွဖွသုတ်ပါ။
+9
မြွေကိုက်ခံရသူအား ရှေးဦးသူနာပြုစုခြင်း (ဇွန်လ၊ ၂၀၂၆ ခုနှစ်) ▪️ မြွေကိုက်ခံရသည့် ဒဏ်ရာကို သန့်ရှင်းသောအဝတ်ဖြင့် ခပ်ဖွဖွသုတ်ပါ။ ▪️လက်သုံးလုံးပတ်လည်အရွယ်ရှိ သန့်ရှင်းသော အဝတ်(သို့) ပတ်တီးကို ခေါက်၍ မြွေကိုက်ဒဏ်ရာပေါ်တွင် တင်ပါ။ ▪️အဝတ်ခေါက်၏ အပေါ်တွင် ပတ်တီး (သို့) အဝတ်စဖြင့် တင်းသည်ဆိုရုံမျှ ချည်နှောင်ပါ။ ▪️ပတ်တီးစည်းနှောင်ထားသော ခြေ၊ လက်အား မလှုပ်ရှားနိုင်အောင် ခြေဆစ်၊ လက်ဆစ်တို့အပေါ်၌ ဝါးခြမ်း (သို့) တုတ်ချောင်းရှည်ဖြင့် ကပ်၍ ကြိုး (သို့) အဝတ်စဖြင့် စည်းပါ။ ▪️လူနာကို လှုပ်ရှားမှုလုံးဝ မပြုလုပ်စေဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ ▪️ဖြစ်နိုင်ပါက မြွေသေ (သို့) မြွေ၏ ဦးခေါင်း၊ အမြီး၊ ဝမ်းဗိုက်၊ ကျောတို့အား တယ်လီဖုန်းဖြင့် ဓာတ်ပုံရိုက်၍ ဆေးရုံသို့ ယူလာပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

EIO
1 055
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံရွေးရွာတွင်းသို့ စခအိမ်စီးကားများသည် ပေလမ်းမပေါ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 2:49PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးရွာတွင်းသို့ အိမ်စီးကားများဖြင့်ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။ Jun 15, 2:42PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
Repost from EIO
​✊ အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။ ​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။ ​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။ ​🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။ ​#EIO တွင် ပါဝင်နေသော #Admin များသည် #Facebook Page နှင့် #Telegram မှ ဝင်ငွေရှာနေသူများ မဟုတ်သလို၊ ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။ 🚫​မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ။ တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။ ✨​ပြန်လည်မျှဝေခြင်းသာရှိသည်။ အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းခြင်းသာရှိပါသည်။ ​📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။
​"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"
မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။ ​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻 ​#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution

EIO
1 055
Repost from EIO
တော်လှန်ရေးဝန်ထမ်းကောင်းများ အလိုရှိသည်‼️ ✨တော်လှန်ရေးကို အထောက်အကူပြုရမယ် ✊ လျှောက်ထားသူသည် တော်လှန်ရေးအောင်ဖို့ တိုက်ပွဲဝင်ပြီး အလုပ်လုပ်နေကြပါသော ‌တော်လှန်ရဲဘော်များ ဘေးကင်းစွာ ဖြင့် အလုပ်လုပ်နိုင်ဖို့နှင့် အပြစ်မဲ့ မိဘပြည်သူတွေ ဘေးကင်းကြစေဖို့ ဆိုတာကို အဓိက သိရှိထားရပါမည်။ 📌 #EIO ရဲ့ (သတင်းထောက်) REPORTER ဖြစ်ဖို့ ဘာတွေလိုအပ်လဲ❓ 👤 လျှောက်ထားသူ၏ အရည်အချင်း ၁။သတင်းကျင့်ဝတ်/စည်းကမ်း ကို တိကျစွာ လိုက်နာနိုင်မည့်သူ ဖြစ်ရမည်။ ၂။(အခြေခံပညာ အထက်တန်းအဆင့်) ရှိရမည်။ ၃။မြန်မာစာကို ကောင်းမွန်စွာ ရေးနိုင်၊ ဖတ်နိုင်သူ ဖြစ်ရမည်။ ၄။အသက် (၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ 📢 အလုပ်ချိန်နှင့် တာဝန်ထမ်းဆောင်မှု (အချိန်ပိုင်း {သို့မဟုတ်} အချိန်ပြည့်) တာဝန်ထမ်းဆောင်နိုင်သူ။ စိတ်ဓာတ်ပိုင်း - သတင်းပိုင်းကို စိတ်ဝင်စားပြီး (လုပ်ကိုင်ချင်စိတ်၊ ပါဝင်လိုစိတ်) ပြင်းပြသည့်သူများသာ။ 💡 ဝန်ဆောင်မှုနှင့် သင်တန်း သတင်းလုပ်ငန်းပိုင်း စနစ်တကျ (#SYSTEMATIC) ဖြစ်စေရန်အတွက် (အခြေခံသတင်းပိုင်းနှင့် နည်းပညာပိုင်း) သင်တန်းကို အရင်ဆုံး တက်ရောက်သင်ကြားရပါမည်။ 📢 #EIO သည် အကျိုးအမြတ်အတွက်လုပ်ငန်း မဟုတ်ပါ မိမိတို့ #EIO သည် တော်လှန်ရေးတစ်ထောင့်တစ်နေရာမှ ကိုယ်ထူကိုယ်ထ အနေဖြင့်သာ ပါဝင်လုပ်ကိုင်နေကြသူများ ဖြစ်သည့်အတွက် မည်သည့်အကျိုးခံစားမှု တစုံတရာမှ ရရှိမည် မဟုတ်သလို၊ ပေးမည်လည်း မဟုတ်ပါ။ (သို့သော်) သတင်းပိုင်းနှင့် ပတ်သတ်ပြီး လိုအပ်သော ငွေကြေးအနည်းငယ်အား ထောက်ပံ့ပေးပါမည်။ ⚖️ စည်းကမ်းချက်များ မိမိတို့ #EIO ADMIN အဖွဲ့ မှ (လုံး၀-လုံးဝ) လက်သင့်မခံသော အချက်များ -
🚨(တာဝန်ချိန်အတွင်း) 🍷 အရက်ဘီယာ သောက်စားခြင်း။ ⚽ လောင်းကစား (ဘောလုံးပွဲ၊ စလော့ဂိမ်း) များဖြင့် အချိန်ကုန်နေခြင်း။ 💊 မူးယစ်ဆေးဝါး သုံးစွဲခြင်း။ 💑 သမီးရည်းစားကိစ္စ များ၊ လူမှုရေးရှုပ်ထွေးခြင်း။ 💰 ငွေရေးကြေးရေးကိစ္စ ရှုပ်ထွေးခြင်း ရှိသောသူများ။ ⚖️ စည်းကမ်းလိုက်နာခြင်း မရှိပါက အလုပ်ရပ်နားပြီး အပြီးအပိုင်ထုတ်ပယ်ခြင်းခံရမည် ဖြစ်သည်။
#EIO_Founder #AdminTeam #Eagle_Information_Operator #EIO #Communication_and_Information 📲 ဆက်သွယ်မေးမြန်းရန် - 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator