es
Feedback
EIO

EIO

Ir al canal en Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Mostrar más
1 055
Suscriptores
-124 horas
+47 días
+830 días
Archivo de publicaciones
EIO
1 055
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ် နှင့် လမ်းကြိုလမ်းကြားများမကျန်၊ မြို့အဝင်အထွက် စစ်‌ဆေးရေးဂိတ်များ၊ အိမ်စီးကားများကို အသုံးပြု၍ ကင်းပတ်ပြီး‌သော်လည်းကောင်း စခ၊ရခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းတမ်းခြင်း၊ လူငယ်\လူလတ်ပိုင်းများကို အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများကို ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 055
Repost from EIO
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား " ✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိ
+6
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား " ✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡 ​"မိတ်ဆွေ၏ သတင်းပေးပို့မှုသည် ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊ အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻 #EIO_Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 055
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 055
Repost from EIO
"လေယာဉ်သံကို နားစွင့်ရင်း ကုန်ဆုံးခဲ့ရတဲ့ ညပေါင်းများစွာ...." 🌌✈️🔊 ပြည်သူတွေ ဘေးကင်းဖို့အတွက် နေ့မနား၊ ညမနား ကြိုးစားခဲ့ရတဲ့ အချိန်တွေဟာ မိမိတို့ #EIO အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ တော်လှန်ရေး မှတ်တိုင်တွေပါပဲ။" မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) အနေဖြင့် လေယာဉ်သံကို နားစွင့်ခြင်း၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ထုတ်ပြန်ခြင်းနှင့် အများပြည်သူ ဘေးကင်းစေရန် သတိပေးနှိုးဆော်ခြင်းတို့သည် ပင်ပန်းသော်ငြားလည်း တော်လှန်ရေးအပေါ်ထားရှိသည့် သစ္စာတရားကြောင့် စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ယခင်အချိန်က (#NAS) လေကြောင်းရန် ကြိုတင်သတိပေးချန်နယ်တွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နေ့မနား၊ညမနား အားသွန်ခွန်စိုက် ပါဝင်ခဲ့ခြင်းရှိခဲ့သလို မိမိတို့၏ ကြိုးပမ်းမှုများသည် မိဘပြည်သူများနှင့် တိုင်းရင်းသားအားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု အကာအကွယ်ပေးနိုင်ခဲ့လိမ့်မည်ဟု ယုံကြည်ပါသည်။ ယခုအခါတွင် ကျန်းမာရေးအခြေအနေကြောင့် #NAS လေကြောင်းရန်ကြိုတင်သတိပေးချန်နယ် မှ ရပ်နားခဲ့ပြီး အနားယူခဲ့ပြီဖြစ်သော်လည်း မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး) အနေဖြင့် လေကြောင်းနှင့် မြေပြင်သတင်းများအား (မြေပြင်တိုက်ရိုက်) သတင်းပို့စနစ်ဖြင့်လည်းကောင်း #EIO Facebook Page နှင့် Telegram ချန်နယ်တွင်သာ စစ်ရေးသတင်းနှင့် အသိပေး၊သတိပေး၊ပညာပေးကဏ္ဍများ ဖြန့်ဝေနေကြခြင်း ဖြစ်ပါသည်။ 📲 📖 ပြည်သူလူထုထံသို့ မှန်ကန်သော သတင်းစကားများ ရောက်ရှိစေရန်နှင့် တော်လှန်ရေးအရှိန်အဟုန် မပျက်စေရန်အတွက် မိမိတို့ နိုင်ရာအခန်းကဏ္ဍမှနေ၍ လုပ်နိုင်စွမ်းရှိသလောက် အင်တိုက်အားတိုက် သတင်း ကျင့်ဝတ် #Ethics ကို စောင့်စည်းထိန်းသိမ်း၍ ဆက်လက် ကြိုးစားအားထုတ်နေဆဲ ဖြစ်ပါသည်။ တော်လှန်ရေးသည် ညီညွတ်မှုနှင့် ခိုင်မာသော သန္နိဋ္ဌာန်ပေါ်တွင် တည်ရှိပါသည်။ တော်လှန်ရေးတွင် ပါဝင်ကြသော ရဲဘော်အချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း၊ အသိအမှတ်ပြုမှုနှင့် နွေးထွေးသော လက်ကမ်းမှုများသည် 🤝ရှေ့ဆက်ရန် ခွန်အားများ ဖြစ်စေပါသည်။ ✨ ⚜️ မိမိတို့၏ လုပ်ဆောင်ချက်တိုင်းသည် ချစ်သောမိဘပြည်သူများ ဘေးကင်းရန်နှင့် တော်လှန်ရေးအောင်ပွဲ အမြန်ဆုံး ရရှိရန်အတွက်သာ ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့ လိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ပြည်သူနှင့်အတူ တစ်သားတည်း ဆက်လက် ချီတက်သွားပါမည်။ ✊ #EIO_Founder #Admin_Team #Eagle_Information_Operator #EIO ပြည်သူ့အကျိုးပြု (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 055
(21,6,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #Jet Fighter (1)စီးသည် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ
(21,6,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်မှ တက်လာသော #Jet Fighter (1)စီးသည် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (3:18,22)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️ ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။ 🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။ ၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️ လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။ ၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨 ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။ ⚠️ အထူးသတိပြုရန်။ ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator #EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar

EIO
1 055
⚜️ #EIO_Update_News ချောင်းဦးဘက်မှ ထွက်လာသော စခ အအပါ သံပြားကာကား(၂)စီးသည် မုံရွာမြို့၊ ကားလေးကွင်း ဖြတ်၍ မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။ Jun 21, 2:52PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News ချောင်းဦးဘက်မှ ထွက်လာသော စခ အအပါ သံပြားကာကား(၂)စီးသည် မုံရွာနယ်၊ တောင်ခြမ်း၊ မြေနဲရွာ ဖြတ်၍ မုံရွာမြို့ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ Jun 21, 2:48PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မြင်းမူနယ်၊ တောချောင်းဦးရွာမှ ယမန်နေ့က ထွက်လာသော စခများသည် လက်ပန်ရွာသို့ ရောက်ရှိနေပြီး ယနေ့နံနက် စခကားယာဉ်တန်းနှင့်အတူ ကုန်းရွာမှတဆင့် ဂွေးပင်တောအထိုင်သို့ တချို့ပြန်လည် ဝင်ရောက်ကြောင်းသတင်းရရှိထားပါသည်။ Jun 21, 2:44PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မြင်းမူနယ်၊ တောချောင်းဦးရွာမှ ယမန်နေ့က ထွက်လာသော စခများသည် လက်ပန်ရွာသို့ ရောက်ရှိနေပြီး ယနေ့နံနက် စခကားယာဉ်တန်းနှင့်အတူ ကုန်းရွာမှတဆင့် ဂွေးပင်တောအထိုင်သို့ တချို့ပြန်လည်ကြောင်းသတင်းရရှိထားပါသည်။ Jun 21, 10:44PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News ချောင်းဦးဘက်မှ ထွက်လာသော စခ အအပါ သံပြားကာကား(၂)စီးသည် မုံရွာနယ်၊ တောင်ခြမ်း၊ မုံရွေးတိုးဂိတ် ဖြတ်၍ မုံရွာမြို့ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ Jun 21, 2:43PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News ချောင်းဦးဘက်မှ ထွက်လာသော စခ အအပါ သံပြားကာကား(၂)စီးသည် ခင်မွန် ဖြတ်၍ မုံရွာဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ Jun 21, 2:36PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မြင်းမူနယ်၊ တောချောင်းဦးရွာမှ ယမန်နေ့က ထွက်လာသော စခများသည် လက်ပန်ရွာသို့ ရောက်ရှိနေပြီး ယနေ့နံနက် စခကားယာဉ်တန်းနှင့်အတူ ကုန်းရွာမှတဆင့် ကံသာရွာသို့ ရောက်ရှိနေပြီး ပြည်သူပိုင်နေအိမ်များကို မွှေနှောက်နေကြောင်းသတင်းရရှိထားပါသည်။ Jun 21, 11:38AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
Repost from EIO
photo content

EIO
1 055
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 055
(21,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ အ
(21,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တစ်နေရာ၌ ယနေ့နံနက်ပိုင်း (11:24) (11:26) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #SucideDrone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 055
"ကိုယ့်အနာဂါတ်ကိုယ် သိသွားတဲ့ခိုတွေ" ခြောက်သွေ့သွားတဲ့ ထမင်းလုံးတွေရဲ့အနာဂါတ်မှာ ကိုယ့်ရှင်သန်မှုတွေ ရှိကြောင်း မြင်းခြံထောင်က ခိုတွေ သိခဲ့သလား…… ဇာတိမြေမှာ နေ့ညမပြတ် ထိတ်လန့်ပျံသန်းနေရတဲ့ ခိုတွေရဲ့ အိပ်တန်းတက်ချိန် ဆိုတာလဲ ဘယ်ဆီ…ဘယ်မှာ…. ဆယ်ဖီဆွဲရင်း အစာစားနေတဲ့ ရန်ကုန်က ခိုတွေကို Tiktokမှာ မြင်ရတော့ အားကျမိတယ် မျှော်လင့်မိတယ် ငါတို့လည်း တနေ့နေ့ဆိုတဲ့ အတွေးနဲ့….. မြို့ပြခိုတွေရဲ့ နေ့စဉ်အာဟာရ ပြောင်းဖူး ပေါက်ပေါက်နဲ့ ပေါင်မုန့်ဆိုတာ အိမ်မက်ထဲက အစားအစာလို့ ကျေးလက်က ခိုတွေ ထင်ယောင်နေတုန်း ကြားဖူးနားဝ ပုံပြင်လို့ မှတ်ယူနေတုန်း….. ခြောက်သွေ့ယာမြေမှာ နေ့စဉ် မြေပဲကောက်သင်း မကောက်နိုင်တဲ့ ခိုတွေ စစ်ရှောင်စခန်းတွေဆီ ချီတက်ကြ… ကြက်ဥ ရာရှင် ငါး ရာရှင် ပဲဟင်းရာရှင် တာလဘောရာရှင် အလှူရှင်မရှိတဲ့ နေ့ရက်တွေမှာ နေပူထဲက ခြောက်သွေ့ထမင်းလုံးတွေက သူတို့ရဲ့ အနာဂါတ်ဖြစ်ကြောင်း လှောင်ချိုင့်ထဲက ခိုတွေ သိသွားတဲ့တစ်နေ့…….။ ။ ငြိမ်းထက် 6:21 pm 16.3.2026 မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) #တနင်္ဂနွေကဗျာကဏ္ဍ #FreeAllPoliticalPrisoners #PPNM

EIO
1 055
Repost from EIO
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️
+6
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️ ⚠️ https://t.me/eagleinformationoperator/23180 ⚠️ https://t.me/eagleinformationoperator/23181 #Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar

EIO
1 055
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထပ်မံ၍ ထွက်လာသော စခသံပြားကာကား(၂)စီးသည် မြင်းမူနယ်၊ ဂွေးပင်တော အထိုင်တွင် ရပ်ထားကြောင်း သတင်းရရှိထားပါသည်။ Jun 21, 11:04AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator