es
Feedback
EIO

EIO

Ir al canal en Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Mostrar más
1 052
Suscriptores
-124 horas
-57 días
+130 días
Archivo de publicaciones
EIO
1 051
ကလေးငယ်တစ်ဦး၏ လက်ထဲတွင် မုန့်တစ်ထုပ် ရှိနေခြင်း၊ အချိုရည်တစ်ဘူး ရှိနေခြင်းသည် စစ်ရေးရှုထောင့်မှ ကြည့်လျှင် မည်သို့မျှအဓိပ္ပာယ်မဆောင်ဟု ယူဆနိုင်ပါသည်။ သို့သော် လူသားဆန်မှု၏ ရှုထောင့်မှ ကြည့်လျှင်မူ ၎င်းသည် “လက်နက်ကိုင်ထားသူနှင့် ကလေးငယ်များကို ခွဲခြားမြင်နိုင်ရမည်” ဟူသော ကြီးမားသည့် သတင်းစကားတစ်ခု ဖြစ်ပါသည်။ ထို့အတူ မိဘများကို ကြိုးတုပ်ထားခြင်း မရှိသည့် မြင်ကွင်းသည်လည်း စိတ်ဝင်စားဖွယ် ဖြစ်နေပါသည်။ ဖမ်းဆီးထိန်းသိမ်းမှုများတွင် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ ရှိနိုင်သော်လည်း “အန္တရာယ်မရှိသော အခြေအနေများတွင် မလိုအပ်ဘဲ အင်အားပြခြင်းကို ရှောင်ရှားနိုင်ခြင်း” ဟူသည့် စစ်ပွဲဆိုင်ရာ စည်းမျဉ်းတစ်ရပ်ကို ဖော်ပြနေသည်။ မိဘများကိုသာ အားကိုးနေရသည့် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှုများကိုလည်း ကာကွယ်ပေးရာ ရောက်သလို သူတို့၏ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အပြုအမူများအတွက် နမူနာကောင်းတစ်ရပ်အဖြစ်လည်း ကျန်ရစ်စေပါသည်။ အင်အားရှိသူက အင်အားကို မပြသသင့်သည့်နေရာတွင်မပြသဘဲ ထိန်းချုပ်ထားနိုင်ခြင်းသည် စစ်မှန်သော ခွန်အားတစ်မျိုးပင် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် စစ်ပွဲများကို လူမှုကွန်ရက်များမှတစ်ဆင့် ချက်ချင်း မြင်တွေ့နေရပါသည်။ ထို့ကြောင့်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အပြုအမူများကို ပြည်သူများက အနီးကပ် အကဲဖြတ်နိုင်နေကြပါသည်။ စစ်ရေးအောင်မြင်မှုတစ်ခုသည် တစ်နေ့တာ သတင်းခေါင်းစဉ် ဖြစ်နိုင်သော်လည်း လူသားဆန်မှုနှင့် စစ်စည်းကမ်းပြည့်ဝမှုသည် လူထု၏ ယုံကြည်မှုကို ပိုမိုရှည်လျားစွာ တည်ဆောက်ပေးနိုင်မည်ဖြစ်ပါသည်။ အမှန်တကယ် အောင်မြင်သော တော်လှန်ရေး သို့မဟုတ် အပြောင်းအလဲတစ်ရပ်ဆိုသည်မှာ စစ်မြေပြင်၌ အောင်နိုင်ခြင်းသာ မဟုတ်ပဲ မိမိ တိုက်ပွဲဝင်နေသည့် စံတန်ဖိုးများကို နေ့စဉ်အပြုအမူများဖြင့် သက်သေပြနိုင်ခြင်းလည်း ဖြစ်ပါသည်။ တရားမျှတမှုကို တောင်းဆိုသူများသည် တရားမျှတစွာ ပြုမူနိုင်ရ‌ပေမည်။ လူ့ဂုဏ်သိက္ခာကို ကာကွယ်လိုသူသည် လူ့ဂုဏ်သိက္ခာကို လေးစားရ‌ပေမည်။ စစ်ပွဲများသည် လူသားတို့၏ အဆိုးရွားဆုံး မျက်နှာစာကို ထုတ်ဖော်ပြသတတ်သလို တခါတရံတွင် အကောင်းဆုံး မျက်နှာစာကိုလည်း ဖော်ပြပေးတတ်ပါသည်။ ကလေးငယ်များကို အကာအကွယ်ပေးခြင်း၊ အပြစ်မဲ့သူများကို စာနာခြင်း၊ ဖမ်းဆီးရမိသူများကို လူသားဆန်စွာ ဆက်ဆံခြင်းတို့သည် စစ်ပွဲ၏ မှောင်မိုက်မှုများကြားမှ လင်းလက်ထွက်ပေါ်လာသော အလင်းတန်းများပင် ဖြစ်ကြပါသည်။ ထို့ကြောင့် “စစ်ပွဲထဲက အလှတရား” ဟူသည်မှာ လက်နက်များ၏အလှ၊ အောင်ပွဲ၏အလှ မဟုတ်ပါ။ လူသားချင်းစာနာမှု မပျောက်ဆုံးသေးသော စာနာမှုအလှ၊ လက်နက်ကိုင်စည်းကမ်းကို ထိန်းသိမ်းနိုင်သော စိတ်ဓာတ်၏အလှနှင့် စစ်ပွဲကြားထဲတွင်ပင် လူသားဖြစ်မှုကို မမေ့လျော့သေးသော လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ နှလုံးရည်အလှပင် ဖြစ်ပါသည်။ ထိုအလှတရားသည် သေနတ်သံများထက် ပိုမိုရှည်လျားစွာ အသက်ရှင်ကျန်ရစ်မည်ဖြစ်ပြီး အနာဂတ်မျိုးဆက်များအတွက်လည်း တန်ဖိုးရှိသော သမိုင်းသင်ခန်းစာမှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိနေမည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။] #People's Goal

EIO
1 051
"စစ်ပွဲထဲက အလှတရား" 🔹တေဇ (CDM) စစ်ပွဲဟူသည်မှာ ပျက်စီးဆုံးရှုံးမှု၊ ဝမ်းနည်းကြေကွဲမှုနှင့် သွေးထွက်သံယိုမှုတို့ကို အများဆုံး တွဲဖက်မြင်တွေ့ရသည့် အရာဖြစ်ပါသည်။ စစ်ပွဲရှိရာ နေရာတိုင်းတွင် အသက်ဆုံးရှုံးမှုများ၊ အိုးအိမ်စွန့်ခွာရမှုများ၊ မိသားစုကွဲကွာမှုများနှင့် လူသားတို့၏ ဘဝများ ပျက်စီးရခြင်းတို့ကိုသာ အဓိက မြင်တွေ့ရလေ့ရှိပါသည်။ ထို့ကြောင့် “စစ်ပွဲထဲက အလှတရား” ဟူသော စကားစုကို ကြားလိုက်ရသည့်အခါ လူအများအတွက် ဆန့်ကျင်ဘက်ဖြစ်နေသလို ခံစားရနိုင်ပါသည်။ သို့သော် စစ်ပွဲအတွင်း၌ပင် လူသားဆန်မှု၊ စာနာမှု၊ စည်းကမ်းရှိမှုနှင့် ကိုယ်ကျင့်တရားမြဲမြံမှုတို့ကို မြင်တွေ့ရနိုင်ပါသည်။ ထိုအရာများသည်ပင် သေနတ်သံနှင့် အကျည်းတန်မှုများကြားထဲတွင် ပေါက်ဖွားလာသော အလှတရားများ ဖြစ်နေပါတော့သည်။ လွန်ခဲ့သောလက ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိထားသူများနှင့် ပတ်သက်သော ရုပ်သံမှတ်တမ်းတစ်ခုကို လူအများ စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါရုပ်သံထဲတွင် ဖမ်းစီးခံပျူစောထီးများ၏ သားသမီး ကလေးငယ်များကို တွေ့မြင်ရပြီး ထိုကလေးငယ်တစ်ဦးချင်းစီ၏ လက်ထဲတွင် မုန့်များ၊ အချိုရည်ဘူးများကို တွေ့မြင်နေရ၏။ ထို့အပြင် ကလေးငယ်များနှင့် အတူရှိနေသော မိဘများကိုလည်း တုပ်‌နှောင်ထားခြင်းမရှိဘဲ ကလေးငယ်များကို လွတ်လပ်စွာ ချီပိုးထားခွင့် ပေးထားသည်ကို တွေ့မြင်ရပါသည်။ ၎င်းအပြင် ကြိုးတုပ် ဖမ်းဆီးခံထားရသူတချို့၏ မျက်နှာများတွင် ကြောက်ရွံ့မှု၊ အားငယ်မှုတို့အစား ပျော်ရွှင်နေသော အနေအထားကိုပင် အံ့ဩဖွယ် မြင်တွေ့ခဲ့ရပါသည်။ ထိုမြင်ကွင်းသည် စစ်ရေးအောင်ပွဲတစ်ခုထက် ပိုမိုလေးနက်သော အဓိပ္ပာယ်တစ်ခုကို ဖော်ပြနေခြင်းဖြစ်ပါသည်။ စစ်ပွဲကို အောင်နိုင်သူ၏ လက်ထဲတွင် အင်အားရှိသော်လည်း ထိုအင်အားကို မည်သို့အသုံးပြုသည်ဆိုသည်က ပို၍အရေးကြီးပါသည်။ အောင်နိုင်သူက ရန်သူကို မည်သို့ဆက်ဆံသည်ဆိုသည်က တစ်ဦးချင်းသာမက အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားနှင့် စည်းကမ်းကို ပြသနေခြင်းလည်းဖြစ်ပါသည်။ စစ်ပွဲများတွင် အပြစ်အမဲ့ဆုံးသူများမှာ ကလေးများဖြစ်ကြပါသည်။ သူတို့သည် စစ်ရေးဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သူများ မဟုတ်ကြသလို နိုင်ငံရေးအငြင်းပွားမှုများကို ဖန်တီးခဲ့ကြသူများလည်း မဟုတ်ကြပါ။ သို့သော် အရွယ်ရောက်သူများ၏ ပဋိပက္ခများကြောင့် အထိခိုက်ခံရဆုံးသူများမှာ ကလေးများ ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် မည်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်စေ ကလေးများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ဦးစားပေးကာကွယ်ရန် တာဝန်ရှိသည်။ ရုပ်သံမှတ်တမ်းထဲတွင် တွေ့ရသော မုန့်များနှင့် အချိုရည်များသည် ငွေကြေးတန်ဖိုးအားဖြင့် ကြီးမားလှသည့် အရာများ မဟုတ်ပါ။ သို့သော် ၎င်းတို့ယူဆောင်လာသော သင်္ကေတအဓိပ္ပာယ်မှာ အလွန်တရာပင် လေးနက်လှပပါသည်။ ယင်းသည် “ကလေးများကို ရန်သူအဖြစ် မမြင်ပါ” ဟူသော မှန်ကန်သင့်မြတ်သည့် သဘောထားကို ထင်ဟပ်စေပါသည်။ တစ်ဖက်တွင်လည်း စစ်ပွဲတွင် တိုက်ခိုက်နေသူများနှင့် အပြစ်မဲ့ အရပ်သားများကို ခွဲခြားကြည့်မြင်နိုင်ခြင်းသည် စစ်စည်းကမ်း၏ အခြေခံအကျဆုံး အချက်တစ်ခုလည်း ဖြစ်ပါသည်။ လူသားချင်းစာနာမှုဆိုသည်မှာ အားနည်းသူကို ကူညီပေးခြင်းသာ မဟုတ်ပါ။ မိမိအပေါ် ရန်လိုခဲ့သူ၏ မိသားစုဝင်များအပေါ်တွင်ပင် လူသားတစ်ဦးအဖြစ် ဂုဏ်သိက္ခာရှိရှိ ပြုမူဆက်ဆံနိုင်ခြင်းတည်းဟူသော စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။ ထိုသို့ ဆက်ဆံနိုင်ခြင်းသည် ဒေါသကို ထိန်းချုပ်နိုင်သော စိတ်ဓာတ်၊ သေဝပ်သော စည်းကမ်းနှင့် ရင့်ကျက်ပြည့်ဝ‌သော ခံယူချက်များ ရှိနေမှသာ ဖြစ်နိုင်ပါသည်။ စစ်ပွဲများ၏ သမိုင်းကို ပြန်လည်ကြည့်မည်ဆိုပါက စစ်ရေးအောင်ပွဲများထက် စစ်ပြီးနောက် ပြုမူဆက်ဆံပုံများက ပို၍ တန်ဖိုးထား မှတ်တမ်းတင်ခံရလေ့ရှိပါသည်။ အောင်နိုင်သူက အင်အားကို အလွဲသုံးစားလုပ်ခဲ့လား၊ သို့မဟုတ် စည်းကမ်းရှိစွာ ထိန်းချုပ် အသုံးပြုခဲ့လားဆိုသည်ကို သမိုင်းက အကဲဖြတ်ချက်ဖြင့် ဆုံးဖြတ်ပေးတတ်ပါသည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ အရည်အချင်းကို တိုက်ခိုက်နိုင်စွမ်းတစ်ခုတည်းဖြင့် တိုင်းတာ၍ မရနိုင်ပါ။ အရပ်သားများကို ကာကွယ်နိုင်စွမ်း၊ ဖမ်းဆီးရမိသူများကို လူသားဆန်စွာ ဆက်ဆံနိုင်စွမ်းနှင့် မိမိ၏ ဒေါသကို ထိန်းချုပ်နိုင်စွမ်းတို့သည်လည်း အရေးကြီးသော စံနှုန်းများဖြစ်ပါသည်။ အထူးသဖြင့် ပြည်တွင်းပဋိပက္ခများတွင် ယနေ့ရန်သူဟု သတ်မှတ်ထားသူများသည် မနက်ဖြန်တွင် တစ်နိုင်ငံတည်းသားများအဖြစ် ပြန်လည် အတူယှဉ်တွဲ နေထိုင်ရမည့်သူများ ဖြစ်နေပါသည်။ ထို့ကြောင့် အမုန်းတရားကို ပိုမိုကြီးထွားစေမည့် အပြုအမူများထက် လူသားဆန်မှုကို ထိန်းသိမ်းထားသော အပြုအမူများက အနာဂတ်ပြန်လည်သင့်မြတ်ရေးအတွက် ပိုမို၍ အရေးပါပါသည်။

EIO
1 051
♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ်အနောက်ပိုင်း ဘောင့်ဘင်ရွာမှ ပြည်သူပိုင်နေအိမ်များအားမီးရှို့ခဲ့ပြီး၊ အနောက်တောင်ဘက်သို့ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ယာကြီးပြင်ရွာသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐀𝐮𝐠-2, 2:04𝐏𝐌 🗳️သတင်းများပေးပို့ရန်@PKKNewsBot https://t.me/autagbii

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း မုံရွေးတိုးဂိတ်၌ စခအိမ်စီးကား(၁)စီး မြောက်ဘက်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:54PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း စွမ်းရည်ထက်ဂိတ်၌ စခအိမ်စီးကား(၁)စီး၊ဒိုင်နာကား(1)စီး ရပ်ထားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:42PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း မြေနဲဖြတ်၍ စခအိမ်စီးကား(၁)စီး၊ဒိုင်နာကား(1)စီးသည် တောင်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:35PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်ဖြတ်၍ စခအိမ်စီးကား(၁)စီး၊ဒိုင်နာကား(1)စီးသည် တောင်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:33PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်မှ စခသံပြားကာကား(၁)စီးသည် မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:29PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(1)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:08PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(5)စီးသည် ကားလေးဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:02PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာမြို့‌ပေါ်တွင် ပေါ်တာဆွဲ စခအိမ်စီးကားများ ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Aug 2, 12:35PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 12:33PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်‌ ပေလမ်းမသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 11:41AM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
Repost from EIO
🟢 ဆောင်ရန်အချက်များ (Do's) — ၎င်းတို့ကို ချက်ချင်းလုပ်ဆောင်ပါ ✅ အေးဆေးတည်ငြိမ်စွာ နားထောင်ပါ (Radio Discipline)။ ရန်သူ့အသံ ဝင်လာပါက စိတ်လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာဖြင့် ရန်သူဘာပြောနေသည်ကို အသံဖမ်းနားထောင်ပါ။ (ရန်သူ့အသံနောက်ကွယ်မှ အသံများ ဖြစ်သော လေယာဉ်သံ၊ ကားသံ၊ သေနတ်သံ သို့မဟုတ် အခြားအမိန့်ပေးသံများကို အကဲခတ်ပါ) ✅ အခြားသတ်မှတ်ချန်နယ် (Alternative Frequency) သို့ ပြောင်းပါ။ ရန်သူက လိုင်းကို ဆက်တိုက်နှောက်ယှက်နေပြီး အရေးကြီးသတင်းများ ပြောဆို၍ မရတော့ပါက မိမိတို့အဖွဲ့အစည်းအချင်းချင်း ကြိုတင်သတ်မှတ်ထားသော အရန်ချန်နယ် (Backup Frequency) သို့ ချက်ချင်း လိုင်းပြောင်းရွှေ့ပါ။ ✅ ကုဒ်ဝှက်အသုံးအနှုန်း (Code Words) များကိုသာ သုံးပါ။ လိုင်းအတွင်း ရန်သူရှိနေနိုင်သဖြင့် အရန်လိုင်းပေါ်တွင် စကားပြောသည့်အခါ၌ပင် ရန်သူအလွယ်တကူ နားမလည်နိုင်သော မိမိတို့အဖွဲ့၏ လျှို့ဝှက်ကုဒ်များကိုသာ အသုံးပြု၍ အပြန်အလှန် ဆက်သွယ်ပါ။ ✅ တာဝန်ရှိသူထံ ချက်ချင်းသတင်းပို့ပါ။ ရန်သူ့ဘက်မှ မည်သည့်ချန်နယ်တွင် ဝင်ရောက်နှောက်ယှက်နေသည်၊ မည်သို့သော အခြေအနေမျိုး ပြောဆိုနေသည်ကို ဆက်သွယ်ရေးနှင့် ပြန်ကြားရေး အထိုင်စက်ကြီးများရှိ တာဝန်ခံရဲဘော်များထံ ချက်ချင်း (အခြားဆက်သွယ်ရေးနည်းလမ်းဖြင့်) သတင်းပို့ အကြောင်းကြားပါ။ ရန်သူ့၏ လိုင်းဝင်နှောက်ယှက်မှုသည် "ထောင်ချောက်" တစ်ခု ဖြစ်ပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ သင့်ကို ဒေါသထွက်အောင်ပြုလုပ်ပြီး သင်၏ တည်နေရာ၊ စိတ်လှုပ်ရှားမှုနှင့် သင့်ထံမှ သတင်းအချက်အလက်များကို နှိုက်ထုတ်ရန် ဖြစ်သည်။ "ဆိတ်ဆိတ်နေခြင်းသည် ရန်သူ့ကို သတင်းအမှောင်ချခြင်း ဖြစ်သည်" ဆိုသည့် ဆက်သွယ်ရေးစည်းကမ်းကို မမေ့ပါနှင့်။ #EIO #WalkieTalkie #EarlyWarning #AirRaidWarning #CivilDefense #AirstrikeAlert #ArtilleryAlert #PublicSafety #WhatsHappeningInMyanmar #MyanmarCrisis #SpringRevolution #AntiMilitaryDictatorship

EIO
1 051
Repost from EIO
📡 ပြည်သူ့အသံမှသည် လုံခြုံရေးဆီသို့။ #Icon (စကားပြောစက်) အသုံးပြုခြင်းဆိုင်ရာ အရေးကြီးလမ်းညွှန်ချက်။ အကြမ်းဖက်စစ်ကောင်စီ၏ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ရန်သူ့စစ်ကြောင်း လှုပ်ရှားမှုသတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ဆက်သွယ်ရေးနှင့် ပြန်ကြားရေးအထိုင်စက်ကြီးများမှ ရဲဘော်များသည် နေ့မနား၊ ညမနား တာဝန်ထမ်းဆောင်နေကြပါသည်။ ဤသည်မှာ ပြည်သူလူထုတစ်ရပ်လုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် နောက်ကွယ်မှနေ၍ အသက်ပေးကာကွယ်နေကြခြင်း ဖြစ်သည်။ မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် ရန်သူ့အန္တရာယ်ကို ကြိုတင်ရှောင်ကွင်းနိုင်ရန် Icon စကားပြောစက်၏ အသုံးဝင်ပုံ၊ စနစ်တကျ ကိုင်ဆောင်နည်းနှင့် လုံခြုံရေးအရ မဖြစ်မနေ သိရှိထားရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အောက်ပါအတိုင်း အလေးအနက် သတိပေးနှိုးဆော်အပ်ပါသည်။ 📻 Icon စကားပြောစက်ကို ဘာကြောင့်သုံးရမလဲ၊ ဘယ်လိုသုံးမလဲ⁉️ 🎯 အဓိကအသုံးဝင်ပုံ ဆက်သွယ်ရေးပြတ်တောက်ချိန်တွင် အားကိုးရခြင်း။ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေချိန်တွင်ပင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် ရန်သူ့လှုပ်ရှားမှုများကို မိနစ်ပိုင်းအတွင်း ကြိုတင်သိရှိနိုင်ပါသည်။ 🛠️ မှန်ကန်စွာ ကိုင်ဆောင်နည်း။ ကြိမ်နှုန်း (Frequency) တိုက်စစ်ပါ။ မိမိဒေသအခြေစိုက် ပြန်ကြားရေးအဖွဲ့များ သတ်မှတ်ထားသည့် ကြိမ်နှုန်းချန်နယ်ကို တိကျစွာ ဖမ်းယူထားပါ။ အင်တင်နာ (Antenna) စစ်ဆေးပါ။စက်အသုံးမပြုမီ အင်တင်နာ တပ်ဆင်ထားမှုကို အမြဲမပြတ် စစ်ဆေးပါ။ ⚠️ စည်းကမ်းနှင့် လုံခြုံရေး (Do's and Don'ts) 🟢 ဆောင်ရန်အချက်များ (Do's) ✅ အားအဆင်သင့် အမြဲရှိပါစေ။ လျှပ်စစ်မီးအခက်အခဲ ရှိနိုင်သဖြင့် ဘက်ထရီအားကို အပြည့်သွင်းထားပါ။ အပိုဘက်ထရီ သို့မဟုတ် Power Bank များကို စနစ်တကျ ဆောင်ထားပါ။ ✅ သတင်းအချက်အလက်ကို ချက်ချင်းအသုံးချပါ။ အရေးပေါ် လေကြောင်း သို့မဟုတ် စစ်ကြောင်းသတိပေးချက် ကြားရသည်နှင့် တုံ့ဆိုင်းမနေဘဲ လုံခြုံစိတ်ချရသော ခိုလှုံရာနေရာများသို့ ချက်ချင်း ရွှေ့ပြောင်းပါ။ 🔴 ရှောင်ရန်အချက်များ (Don'ts) ❌ စကားပြောခလုတ် (PTT) ကို လျှောက်မနှိပ်ပါနှင့်။ မိမိက သတင်းပြန်ပို့ရမည့် တာဝန်ခံမဟုတ်ပါက ခလုတ်ကို မလိုအပ်ဘဲ နှိပ်ခြင်း၊ စကားပြောခြင်း လုံးဝမပြုလုပ်ပါနှင့်။ (လိုင်းပိတ်ဆို့ပြီး အရေးကြီးသတင်းများ မကြားရဘဲ ဖြစ်သွားနိုင်သည်) ❌ လျှို့ဝှက်ချက်များကို ပြင်ပ၌ မပြောပါနှင့်။ စကားပြောစက်မှ ကြားရသော စစ်ရေးသတင်းများ၊ ရဲဘော်များ၏ တည်နေရာနှင့် ကုတ်နံပါတ် (Code) များကို ပြင်ပလူထုကြားထဲတွင်ဖြစ်စေ၊ လုံခြုံရေးမရှိသော ဖုန်းလိုင်းနှင့် လူမှုကွန်ရက် (Social Media) ပေါ်တွင်ဖြစ်စေ ပေါ့ဆစွာ ပြန်လည်မပြောဆိုပါနှင့်။ 💡 "သတင်းသိရုံဖြင့် မလုံလောက်ပါ။ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းများကို တိတိကျကျ လိုက်နာခြင်းကသာ သင်နှင့် သင့်ပတ်ဝန်းကျင်ကို အသက်ဘေးမှ အမှန်တကယ် ကယ်တင်နိုင်မည် ဖြစ်သည်။" 🚨 [အရေးပေါ်သတိပေးချက်] ရန်သူမှ စကားပြောစက်လိုင်းအတွင်း ဝင်ရောက်နှောက်ယှက်လာပါက လိုက်နာရန် လမ်းညွှန်ချက်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ရန်၊ သတင်းအမှားများ ဖြန့်ဝေရန်နှင့် ရဲဘော်များနှင့် ပြည်သူများကို စိတ်ဓာတ်ခြောက်ခြားစေရန်အတွက် စကားပြောစက်လိုင်းများ (Frequencies) အတွင်းသို့ ဝင်ရောက်နှောက်ယှက်ခြင်း၊ ဆဲဆိုခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ ကြုံတွေ့ရပါက လုံခြုံရေးအန္တရာယ် မကျရောက်စေရန်အတွက် အောက်ပါ ဆောင်ရန်၊ ရှောင်ရန် အချက်များကို တိတိကျကျ တသွေမတိမ်း လိုက်နာကြပါရန် အသိပေးအပ်ပါသည်။ 🟥 ရှောင်ရန်အချက်များ (Don'ts) — ၎င်းတို့ကို လုံးဝ(လုံးဝ) မလုပ်ပါနှင့် ❌ ပြန်လည်တုံ့ပြန်ခြင်းနှင့် ဆဲဆိုခြင်း လုံးဝမပြုလုပ်ပါနှင့်။ ရန်သူက ဆဲဆိုခြင်း၊ စိန်ခေါ်ခြင်း ပြုလုပ်သည့်အခါ ဒေါသအလျောက် ပြန်လည်ချေပခြင်း သို့မဟုတ် အချေအတင် စကားပြောခြင်း လုံးဝမလုပ်ရပါ။ (သင် ပြန်ပြောလိုက်သည့် စကားလုံးတိုင်းသည် ရန်သူ့အတွက် သတင်းအချက်အလက် ဖြစ်သွားနိုင်သည်) ❌ မိမိတို့၏ အချက်အလက်များကို အမှတ်တမဲ့ မပြောမိပါစေနှင့်။ "မင်းတို့ ဘယ်ကလဲ" ဟု မေးမြန်းလာပါက မိမိတို့အဖွဲ့အမည်၊ တည်နေရာ၊ ဒေသ သို့မဟုတ် လူပုဂ္ဂိုလ်အမည်များကို စိတ်လှုပ်ရှားပြီး ထုတ်ဖော်မပြောမိစေရန် အထူးသတိပြုပါ။ ❌ PTT (စကားပြောခလုတ်) ကို အကြာကြီး ဖိမထားပါနှင့်။ စိတ်တို၍ဖြစ်စေ၊ လိုင်းပိတ်လို၍ဖြစ်စေ စကားပြောခလုတ်ကို အကြာကြီး ဖိထားခြင်းမျိုး မလုပ်ပါနှင့်။ ၎င်းသည် ရန်သူ့ကို မိမိတို့၏ တည်နေရာပြစနစ် (Direction Finding) ဖြင့် ထောက်လှမ်းရန် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတတ်ပါသည်။ ❌ ကြောက်လန့်တကြား လိုင်းမပိတ်ပါနှင့်။ လိုင်းထဲဝင်ပြောသည်နှင့် ကြောက်လန့်ပြီး စက်ကို ချက်ချင်းပိတ်ပစ်ခြင်းမျိုး မလုပ်ပါနှင့်။ ရန်သူ ဘာတွေပြောနေသည် (ဥပမာ - စစ်ကြောင်းထွက်မည့်အခြေအနေ သို့မဟုတ် လှည့်ဖြားမည့်သတင်း) ကို အေးဆေးစွာ ဆက်လက်နားထောင်ပြီး အကဲခတ်ရပါမည်။

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 10:19AM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 9:20AM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
Repost from N/a
"ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ - #SKY_WATCH Telegram Channel မှ နွေးထွေးစွာ ကြိုဆိုပါတယ်" 🤝
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် အန္တရာယ်နှင့် မြေပြင်စစ်ကြောင်း လှုပ်ရှားမှုများကို ပြည်သူများ အချိန်မီ သိရှိပြီး ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်အတွက် #SKY_WATCH - Telegram_Channel ကို မိတ်ဆက်လိုက်ရပါတယ်။
📡 #SKY_WATCH မှ ဘာတွေ တင်ဆက်ပေးသွားမလဲ ⁉️ ✈️ လေကြောင်းအန္တရာယ် အချိန်နဲ့တစ်ပြေးညီ သတိပေးချက်များ။ (တက်ယာဉ်၊ ဝဲယာဉ်နှင့် ဦးတည်ရာ လမ်းကြောင်းများ) 🗺️ မြေပြင်စစ်ကြောင်းနှင့် အန္တရာယ်ရှိ စစ်ရေးလှုပ်ရှားမှု သတင်းများ။ 🛡️ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ အရေးပေါ် ဆောင်ရန်/ရှောင်ရန်များ။ 📩 သတင်းပေးပို့ရန်နှင့် အချက်အလက်မျှဝေရန်။ မိမိတို့ ဒေသအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ၊ မြေပြင်စစ်ကြောင်း သတင်းများကို ပြည်သူအချင်းချင်း အချိန်မီ သတိပေးနိုင်ရန်အတွက် #SKY_WATCH_Bot မှတစ်ဆင့် ယုံကြည်စိတ်ချစွာ သတင်းပေးပို့နိုင်ပါသည်။ 👉 သတင်းပေးပို့ရန် - @SkyWatch21_bot @SKYWATCHMMbot
(ပေးပို့လာသော သတင်းများကိုလည်း စိစစ်ပြီး ပြည်သူ့ထံ သက်ရောက်မှု အမြန်ဆုံးရှိစေရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားပါမည်။ သတင်းပေးပို့သူများ၏ လုံခြုံရေးကိုလည်း စနစ်တကျ အပြည့်အဝ တာဝန်ယူပေးထားပါသည်။)🙏🏻
⚠️ ပြည်သူများ အကြမ်းဖက်စစ်ကောင်စီ၏ အန္တရာယ်မှ ကင်းဝေးစေရေးအတွက် စောင့်ကြည့်၍ မိဘပြည်သူအချင်းချင်း အပြန်အလှန်သတင်းပေးပို့ကြပါစို့။
#SKY_WATCH_Channel ကို အတူတကွ ဝင်ရောက် ပူးပေါင်းပြီး မိမိမိသားစုနှင့် မိမိရပ်ရွာအတွက် သတင်းအချက်အလက် အတူတကွ ရယူလိုက်ပါ။ ✨ 🔗 #Channel_Join & #Share ရန် #Link - https://t.me/skywatchmm

EIO
1 051
⚜️ #EIO_Update_News ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 6:41AM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar