EIO
Ir al canal en Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Mostrar más1 057
Suscriptores
-124 horas
Sin datos7 días
+330 días
Archivo de publicaciones
1 057
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
(Jet Fighter များနှင့် အခြားလေကြောင်း ဗုံးကျဲယာဉ်များ) အမှန်တကယ် ပြန်လည်ထွက်ခွာသွားကြောင်း သေချာပြီ၊ စိတ်ချရပြီဆိုမှသာ မိမိပုန်းခိုရာနေရာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။
တစ်ခါတစ်ရံ မိမိတို့နယ်မြေမှ ပြန်သွားပြီဟု ထင်ရသော်လည်း ပြန်လည်လှည့်ပတ်လာပြီး တိုက်ခိုက်တတ်သည့် ဖြစ်လေ့၊ ဖြစ်စဉ်များ ရှိသည့်အတွက်ကြောင့် အခြားနယ်မြေများသို့ ဆက်လက်ဖြတ်သန်းသွားကြောင်း အတည်ပြုပြီးမှသာ ယုံကြည်စိတ်ချစွာ ပုန်းခိုရာနေရာမှ ထွက်ခွာရန် ဆုံးဖြတ်သင့်ပါသည်။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 057
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
1 057
Repost from EIO
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 057
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 057
Repost from EIO
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️
ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။
🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။
၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️
လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။
၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨
ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။
⚠️ အထူးသတိပြုရန်။
ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar
1 057
⚜️ #EIO_Update_News
ချောင်းဦးနယ် ကျီကုန်းရွာသို့ ရောက်ရှိနေသော စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 9, 3:45PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 057
⚜️ #EIO_Update_News
ချောင်းဦးနယ်၊ ကျီကုန်းအရှေ့ရွာသို့ ရောက်ရှိနေသောစခများသည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းသတင်းရရှိထားပါသည်။
#EIO
Sep 9, 1:24PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 057
⚜️ #EIO_Update_News
ချောင်းဦးနယ် မြပုလဲဂိတ်ရှေ့၌ .5တင် DC ကာစ(1)စီး ရပ်ထားကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 9, 11:38AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 057
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 057
"မြေပြင်သတင်းပေးပို့မှု၏ အမှန်တရားနှင့် အခက်အခဲများ"
တယ်လီဂရမ်သတင်းချန်နယ်များ၊ Facebook Page မီဒီယာများ၊ မိမိ Facebook account တွင် အချိန်နဲ့တပြေးညီ "အကြမ်းဖက်စစ်ကောင်စီမှ ဘယ်ရွာမှာ ဗုံးကြဲနေသည်။ ဗုံးကြဲခံလိုက်ရသည်။" ဟု လွယ်လွယ်ကူကူ ဖတ်လိုက်ရသော်လည်း ထိုသတင်းတစ်ပုဒ်၏ နောက်ကွယ်တွင် မြေပြင်သတင်းသမားများနှင့် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ ရင်ဆိုင်နေရသော အသက်အန္တရာယ်နှင့် စိန်ခေါ်မှုများမှာ အလွန်ပင် ကြီးမားလှပါသည်။
⚠️ဆက်သွယ်ရေးနှင့် လုံခြုံရေး စိုးရိမ်ရမှု။
* အင်တာနက်ဖြတ်တောက်ခံရခြင်း။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် လေကြောင်းတိုက်ခိုက်မှုလုပ်သည့် နေရာများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းများ အမြဲလုပ်ဆောင်နေသဖြင့် သတင်းအချက်အလက် ပေးပို့ရန်ပင် နည်းလမ်းရှာရခက်ခဲသည်။
* ထောက်လှမ်းခံရနိုင်ခြေ (Metadata & Signal Tracking)။
စစ်ကောင်စီ၏ အီလက်ထရောနစ်စစ်ဆင်ရေးနှင့် ဆက်သွယ်ရေးဖြတ်တောက်မှုများကို ရှောင်ရှားရန် ဖုန်းလိုင်းလုံခြုံရေး၊ မက်ဆေ့ချ်ဖျက်ခြင်းနှင့် တည်နေရာလုံခြုံမှုအတွက် အထူးသတိထားနေရသည်။
⚠️စစ်ကောင်စီ၏ တိုက်ခိုက်ရေးနည်းလမ်းများအောက်မှ အလုပ်လုပ်ရခြင်း။
* ဂျိုင်ရိုကော်ပတာ၊ ပါရာမိုတာနှင့် ဆူစိုက်ဒရုန်းအန္တရာယ်။
ဂျိုင်ရိုကော်ပတာ (Gyrocopter)၊ ပါရာမိုတာ စက်တပ်လေထီး (Paramoter)နှင့် အသေခံဒရုန်း (Suicide Drone) ကဲ့သို့သော လေကြောင်းအန္တရာယ်များသည် ကြိုတင်ခန့်မှန်းရန် ခက်ခဲပြီး အချိန်မရွေး ချက်ချင်းရောက်လာတတ်သဖြင့် သွားလာလှုပ်ရှားမှုတိုင်းသည် နေ့စဉ်နှင့်အမျှ အသက်ကို ဖဲကြိုးလွယ်ထားရခြင်း ဖြစ်သည်။
* မြေပြင်အခြေအနေကို ကိုယ်တိုင်အတည်ပြုခြင်း။
သတင်းမှန်ကန်စေရန်အတွက် ဗုံးကြဲခံရသည့်နေရာသို့ အမှန်တကယ်သွားရောက်ကာ ထိခိုက်ပျက်စီးမှု၊ လူသေဆုံးဒဏ်ရာရမှုနှင့် ကျန်ရှိနေသည့် ဗုံးစများ, လက်နက်အကြွင်းအကျန်များကို ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးရသည်။ ထိုသို့ လုပ်ဆောင်စဉ် လေကြောင်းရန် ထပ်မံကျရောက်လာပါက ပုန်းခိုရန်နေရာ အမြဲရှာထားရသည်။
⚠️ဒေသခံများနှင့် လုံခြုံရေးအရ ဟန့်တားမှုများ။
* စစ်ရေးတင်းမာမှုနှင့် စစ်ဘေးရှောင်နေရခြင်း။
တိုက်ခိုက်ခံရသည့်ရွာသည် စစ်ကောင်စီစစ်ကြောင်းထိုးနေသည့် နေရာနားဖြစ်ပါက သတင်းသွားယူသူကိုယ်တိုင်၊ ကူညီကယ်ဆယ်ရေးလုပ်နေသူများပါ ပိတ်မိနိုင်ခြေ၊ ဖမ်းဆီးခံရနိုင်ခြေ မြင့်မားသည်။
* ဓာတ်ပုံနှင့် သက်သေအထောက်အထား ရယူရန် ခက်ခဲခြင်း။
ပျက်စီးဆုံးရှုံးမှုကို မှတ်တမ်းတင်ရန် ဓာတ်ပုံ (သို့မဟုတ်) ဗီဒီယိုရိုက်ကူးရာတွင် စစ်ကောင်စီ၏ သတင်းပေးဒလန်များ ရှိနေနိုင်သဖြင့် အလွန်တရာ အန္တရာယ်များသည်။
မီဒီယာတစ်ခု၊ သတင်းချန်နယ်တစ်ခု၊ မိမိကိုယ်ပိုင် Facebook account တွင် စာကြောင်းရေအနည်းငယ်ဖြင့် သတင်းပေါ်လာရန်အတွက် မြေပြင်မှ သတင်းသမားများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တော်လှန်ရေးအဖွဲ့စည်းများသည် စစ်ကောင်စီ၏ လေကြောင်းမှ ထပ်မံတိုက်ခိုက်ခံရမည့်အရေးတို့ကို ရင်ဆိုင်ရင်း အသက်ကိုရင်းကာ အမှန်တရားကို ဖော်ထုတ်၍ ကြိုးစားလုပ်ကိုင်နေကြရခြင်း ဖြစ်ပေသည်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် လေကြောင်းဖြင့် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာလည်း ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 057
“အလုပ်လုပ်သည့်အခါ လိုက်နာရမည့် ကျင့်ဝတ်များ”
🔳 Ethic လို့ ခေါ်တဲ့ ကျင့်ဝတ်ဆိုတာ စည်းမျဉ်းဥပဒေတွေလိုမျိုး မဖြစ်မနေ လိုက်နာရတာတွေ မဟုတ်ပါဘူး။ အပြစ်ပေး အရေးယူလို့လည်း မရဘူး။ သို့သော် အဲဒါတွေကို မစောင့်ထိန်း၊ မလိုက်နာကြဘူးဆိုရင် အဲဒီလူတွေ ရှိနေတဲ့ ပတ်ဝန်းကျင်ဟာ စိတ်ညစ်စရာ သိပ်ကောင်းပါတယ်။ ကိုယ့်ကြောင့်လည်း တစ်ပါးသူတွေမှာ စိတ်အနှောင့်အယှက် ဖြစ်ကြရလိမ့်မယ်။
အလုပ်လုပ်တဲ့အခါမှာလည်း အဲဒီလိုပဲ။ အချိန်နောက်ကျတာ၊ ပေးထားတဲ့ ကတိကို မတည်တာ၊ အချိန်မီ မပြီးစီးတာ၊ စကားကို အလွယ်ပြောတာ စတဲ့ အပြုအမူဆိုးတွေ ရှိတဲ့သူနဲ့ အလုပ်တွဲလုပ်ရမယ်ဆို အတော်လေး အဆင်မပြေပါဘူး။ ဒါမျိုးလူတွေနဲ့ အလုပ်ခွင်မှာ ကြုံဖူးကြမယ်လို့လည်း ထင်ပါတယ်။
ကိုယ်တိုင်ကသာ အဲဒီလို ဖြစ်နေရင်လည်း ကိုယ်နဲ့ အလုပ်တွဲလုပ်ချင်တဲ့သူ ရှားနေပါလိမ့်မယ်။ ဒီအတွက် အလုပ်လုပ်တဲ့အခါ လိုက်နာရမဲ့ ကျင့်ဝတ် (Work Ethics) တွေကို ဂရုစိုက်ကြဖို့ သိပ်အရေးကြီးပါတယ်။
🔳 ပြောမယ်ဆို အများကြီး ရှိပါတယ်။ အဲဒီထဲက အလိုအပ်ဆုံး ဖြစ်မယ်ထင်တဲ့ ၅ ချက်ကို ထုတ်နှုတ်ဖော်ပြချင်ပါတယ်။
📌 ၁။ ကျွမ်းကျင်မှုရှိခြင်း (Competency)
ကိုယ်လုပ်တဲ့အလုပ်၊ ကိုယ်ယူထားတဲ့တာဝန်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုကတော့ ဘယ်အလုပ်အတွက်မဆို မဖြစ်မနေ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ ဆက်ဆံရေးကောင်းပါစေ၊ ဆေးကုမကျွမ်းတဲ့ ဆရာဝန်ဆီတော့ ဘယ်သူမှ သွားကုချင်မှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်နဲ့ အလုပ်တွဲလုပ်ရင်လည်း ဒီလူဟာ သူ့အပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တယ်ဆိုတာ ကိုယ်ယုံကြည်တော့မှပဲ တွဲလုပ်ချင်တာပါ။
📌 ၂။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်း (Emotional Control)
အလုပ်ခွင်ဆိုတာ ကိုယ့်အိမ်မဟုတ်သလို၊ ဒီမှာ ထိစပ်ပတ်သက်ရသူတွေကလည်း ကိုယ့်မိသားစုဝင်တွေ မဟုတ်ကြပါဘူး။ ဘာမဟုတ်တာလေးတွေကို အထအနကောက်တာ၊ ကလေးဆန်တာ၊ ဒေါသကြီးတာ၊ ပေါက်ကွဲလွယ်တာ၊ အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ရောထွေးတာ စတဲ့ အပြုအမူတွေကို ရှောင်ဖို့ လိုတယ်။ စိတ်ခံစားချက်ကို သိပ်ဦးစားမပေးဖို့ လိုပါတယ်။
📌 ၃။ ကိုယ်ပိုင်စည်းကမ်း ရှိခြင်း (Self-discipline)
၉ နာရီ အစည်းအဝေးရှိတယ်ဆို သူ မေ့များနေမလား၊ အိပ်ရာမှ ထသေးရဲ့လား၊ စာရွက်စာတမ်းတွေများ ကျန်ခဲ့မလား စသဖြင့် စိတ်ပူနေစရာ မလိုတဲ့သူပေါ့။ အမြဲသပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်တာ၊ အချိန်တိကျတာ၊ Deadline အမီ အလုပ်လုပ်တတ်တာ၊ ဒီအချက်တွေဟာ ကိုယ်ပိုင်စည်းကမ်းရှိသူတွေမှာ တွေ့ရတတ်တဲ့ အပြုအမူတွေ ဖြစ်ပါတယ်။
📌 ၄။ ဖြောင့်မတ်ခြင်း (Integrity)
အပြောနဲ့အလုပ်ညီတယ်။ မလုပ်နိုင်ရင် မလုပ်နိုင်ကြောင်း တစ်ခါတည်း ငြင်းတယ်။ နီးမှ ဒေါက်ကပ်မဖြုတ်ဘူး။ သူ မကြိုက်ရင် မကြိုက်ကြောင်း ပေါ်တင်ပြောတယ်။ နောက်ကျောကို ဓါးနဲ့မထိုးဘူး။ စကားမရှုပ်ဘူး။ သူများမကောင်းကြောင်း အရပ်တကာလည် လိုက်မပြောဘူး။ ဒါမျိုးလူဆို ကိုယ့်ပြိုင်ဘက်ပဲ ဖြစ်ဦးတော့ လေးစားမှု ရှိကြပါတယ်။
📌 ၅။ ပူးပေါင်းဆောင်ရွက်တတ်ခြင်း (Cooperation)
ဆိုလိုတာက အပြန်အလှန် လေးစားမှုထားတယ်။ ကူညီတယ်။ သူ့အားနည်းချက်ကိုလည်း လက်ခံတယ်။ အကူအညီတောင်းသင့်ရင် တောင်းတယ်။ မာနကြီးတစ်ခွဲသား လုပ်မနေဘူး။ ဝေဖန်ထောက်ပြရင်လည်း နားထောင်တယ်။ ပြုပြင်စရာရှိတာ ပြုပြင်တယ်။ ဒီလိုလူတွေနဲ့ဆို အလုပ်တွဲလုပ်ရတာ သိပ်ကောင်းပါတယ်။
လူအမျိုးမျိုး စရိုက်အထွေထွေမို့ တချို့ Introvert တွေဆို စကားလည်း များများစားစား မပြောဘူး။ အပြင်သွားဖို့ ခေါ်ရင်လည်း မလိုက်ဘူး။ ဘယ်သူနဲ့မှလည်း သိပ်မရင်းနှီးဘူး။ သို့သော် Cooperate လုပ်တတ်တယ် ဆိုရင်ပဲ အများကြီး အဆင်ပြေပါတယ်။
🔳 တခြားအချက်တွေလည်း ရှိဦးမှာပါ။ ဥပမာ တစိုက်မတ်မတ် လုပ်တတ်တာ၊ နားထောင်တတ်တာ၊ လေးစားမှုထားတာ၊ နှိမ့်ချတတ်တာ စသဖြင့်ပေါ့။
“Be the type of person you want to meet.”
ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံမျိုး ကိုယ်တိုင်လည်း ဖြစ်အောင်လုပ်ပါ ဆိုတဲ့စကားအတိုင်း ကိုယ် တစ်ယောက်ယောက်နဲ့ အလုပ်တွဲလုပ်တော့မယ် ဆိုရင် သူ့ဆီက မျှော်လင့်တဲ့၊ သူ့ဆီကနေ ကိုယ်တောင်းဆိုချင်တဲ့ Work Ethics တွေက ဘာတွေဖြစ်မလဲ။ ချရေးကြည့်ပါ။
ပြီးရင် အဲဒါတွေ ကိုယ့်ဆီမှာရော ရှိနေရဲ့လား။ ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ ပြန်သုံးသပ်ကြည့်ပါ။
🔳 ဒီပို့စ်အောက်မှာလည်း ကိုယ်တန်ဖိုးအထားဆုံး၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေဆီက အမျှော်လင့်ဆုံး Work Ethics ၅ ခုကို ကွန်မန့်ပေးသွားလို့ ရပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါက်တာဖြိုးသီဟ
(၈.၉,၂၀၂၅)
#EIO
#OldMemories
1 057
Repost from EIO
🟢 ဆောင်ရန်အချက်များ (Do's) — ၎င်းတို့ကို ချက်ချင်းလုပ်ဆောင်ပါ
✅ အေးဆေးတည်ငြိမ်စွာ နားထောင်ပါ (Radio Discipline)။
ရန်သူ့အသံ ဝင်လာပါက စိတ်လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာဖြင့် ရန်သူဘာပြောနေသည်ကို အသံဖမ်းနားထောင်ပါ။ (ရန်သူ့အသံနောက်ကွယ်မှ အသံများ ဖြစ်သော လေယာဉ်သံ၊ ကားသံ၊ သေနတ်သံ သို့မဟုတ် အခြားအမိန့်ပေးသံများကို အကဲခတ်ပါ)
✅ အခြားသတ်မှတ်ချန်နယ် (Alternative Frequency) သို့ ပြောင်းပါ။
ရန်သူက လိုင်းကို ဆက်တိုက်နှောက်ယှက်နေပြီး အရေးကြီးသတင်းများ ပြောဆို၍ မရတော့ပါက မိမိတို့အဖွဲ့အစည်းအချင်းချင်း ကြိုတင်သတ်မှတ်ထားသော အရန်ချန်နယ် (Backup Frequency) သို့ ချက်ချင်း လိုင်းပြောင်းရွှေ့ပါ။
✅ ကုဒ်ဝှက်အသုံးအနှုန်း (Code Words) များကိုသာ သုံးပါ။
လိုင်းအတွင်း ရန်သူရှိနေနိုင်သဖြင့် အရန်လိုင်းပေါ်တွင် စကားပြောသည့်အခါ၌ပင် ရန်သူအလွယ်တကူ နားမလည်နိုင်သော မိမိတို့အဖွဲ့၏ လျှို့ဝှက်ကုဒ်များကိုသာ အသုံးပြု၍ အပြန်အလှန် ဆက်သွယ်ပါ။
✅ တာဝန်ရှိသူထံ ချက်ချင်းသတင်းပို့ပါ။
ရန်သူ့ဘက်မှ မည်သည့်ချန်နယ်တွင် ဝင်ရောက်နှောက်ယှက်နေသည်၊ မည်သို့သော အခြေအနေမျိုး ပြောဆိုနေသည်ကို ဆက်သွယ်ရေးနှင့် ပြန်ကြားရေး အထိုင်စက်ကြီးများရှိ တာဝန်ခံရဲဘော်များထံ ချက်ချင်း (အခြားဆက်သွယ်ရေးနည်းလမ်းဖြင့်) သတင်းပို့ အကြောင်းကြားပါ။
ရန်သူ့၏ လိုင်းဝင်နှောက်ယှက်မှုသည် "ထောင်ချောက်" တစ်ခု ဖြစ်ပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ သင့်ကို ဒေါသထွက်အောင်ပြုလုပ်ပြီး သင်၏ တည်နေရာ၊ စိတ်လှုပ်ရှားမှုနှင့် သင့်ထံမှ သတင်းအချက်အလက်များကို နှိုက်ထုတ်ရန် ဖြစ်သည်။
"ဆိတ်ဆိတ်နေခြင်းသည် ရန်သူ့ကို သတင်းအမှောင်ချခြင်း ဖြစ်သည်" ဆိုသည့် ဆက်သွယ်ရေးစည်းကမ်းကို မမေ့ပါနှင့်။
#EIO #WalkieTalkie #EarlyWarning #AirRaidWarning #CivilDefense #AirstrikeAlert #ArtilleryAlert #PublicSafety #WhatsHappeningInMyanmar #MyanmarCrisis #SpringRevolution #AntiMilitaryDictatorship
1 057
Repost from EIO
📡 ပြည်သူ့အသံမှသည် လုံခြုံရေးဆီသို့။
#Icon (စကားပြောစက်) အသုံးပြုခြင်းဆိုင်ရာ အရေးကြီးလမ်းညွှန်ချက်။
အကြမ်းဖက်စစ်ကောင်စီ၏ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ရန်သူ့စစ်ကြောင်း လှုပ်ရှားမှုသတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ဆက်သွယ်ရေးနှင့် ပြန်ကြားရေးအထိုင်စက်ကြီးများမှ ရဲဘော်များသည် နေ့မနား၊ ညမနား တာဝန်ထမ်းဆောင်နေကြပါသည်။ ဤသည်မှာ ပြည်သူလူထုတစ်ရပ်လုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် နောက်ကွယ်မှနေ၍ အသက်ပေးကာကွယ်နေကြခြင်း ဖြစ်သည်။
မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် ရန်သူ့အန္တရာယ်ကို ကြိုတင်ရှောင်ကွင်းနိုင်ရန် Icon စကားပြောစက်၏ အသုံးဝင်ပုံ၊ စနစ်တကျ ကိုင်ဆောင်နည်းနှင့် လုံခြုံရေးအရ မဖြစ်မနေ သိရှိထားရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အောက်ပါအတိုင်း အလေးအနက် သတိပေးနှိုးဆော်အပ်ပါသည်။
📻 Icon စကားပြောစက်ကို ဘာကြောင့်သုံးရမလဲ၊ ဘယ်လိုသုံးမလဲ⁉️
🎯 အဓိကအသုံးဝင်ပုံ
ဆက်သွယ်ရေးပြတ်တောက်ချိန်တွင် အားကိုးရခြင်း။
ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေချိန်တွင်ပင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် ရန်သူ့လှုပ်ရှားမှုများကို မိနစ်ပိုင်းအတွင်း ကြိုတင်သိရှိနိုင်ပါသည်။
🛠️ မှန်ကန်စွာ ကိုင်ဆောင်နည်း။
ကြိမ်နှုန်း (Frequency) တိုက်စစ်ပါ။
မိမိဒေသအခြေစိုက် ပြန်ကြားရေးအဖွဲ့များ သတ်မှတ်ထားသည့် ကြိမ်နှုန်းချန်နယ်ကို တိကျစွာ ဖမ်းယူထားပါ။
အင်တင်နာ (Antenna) စစ်ဆေးပါ။စက်အသုံးမပြုမီ အင်တင်နာ တပ်ဆင်ထားမှုကို အမြဲမပြတ် စစ်ဆေးပါ။
⚠️ စည်းကမ်းနှင့် လုံခြုံရေး (Do's and Don'ts)
🟢 ဆောင်ရန်အချက်များ (Do's)
✅ အားအဆင်သင့် အမြဲရှိပါစေ။
လျှပ်စစ်မီးအခက်အခဲ ရှိနိုင်သဖြင့် ဘက်ထရီအားကို အပြည့်သွင်းထားပါ။ အပိုဘက်ထရီ သို့မဟုတ် Power Bank များကို စနစ်တကျ ဆောင်ထားပါ။
✅ သတင်းအချက်အလက်ကို ချက်ချင်းအသုံးချပါ။
အရေးပေါ် လေကြောင်း သို့မဟုတ် စစ်ကြောင်းသတိပေးချက် ကြားရသည်နှင့် တုံ့ဆိုင်းမနေဘဲ လုံခြုံစိတ်ချရသော ခိုလှုံရာနေရာများသို့ ချက်ချင်း ရွှေ့ပြောင်းပါ။
🔴 ရှောင်ရန်အချက်များ (Don'ts)
❌ စကားပြောခလုတ် (PTT) ကို လျှောက်မနှိပ်ပါနှင့်။
မိမိက သတင်းပြန်ပို့ရမည့် တာဝန်ခံမဟုတ်ပါက ခလုတ်ကို မလိုအပ်ဘဲ နှိပ်ခြင်း၊ စကားပြောခြင်း လုံးဝမပြုလုပ်ပါနှင့်။ (လိုင်းပိတ်ဆို့ပြီး အရေးကြီးသတင်းများ မကြားရဘဲ ဖြစ်သွားနိုင်သည်)
❌ လျှို့ဝှက်ချက်များကို ပြင်ပ၌ မပြောပါနှင့်။
စကားပြောစက်မှ ကြားရသော စစ်ရေးသတင်းများ၊ ရဲဘော်များ၏ တည်နေရာနှင့် ကုတ်နံပါတ် (Code) များကို ပြင်ပလူထုကြားထဲတွင်ဖြစ်စေ၊ လုံခြုံရေးမရှိသော ဖုန်းလိုင်းနှင့် လူမှုကွန်ရက် (Social Media) ပေါ်တွင်ဖြစ်စေ ပေါ့ဆစွာ ပြန်လည်မပြောဆိုပါနှင့်။
💡 "သတင်းသိရုံဖြင့် မလုံလောက်ပါ။ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းများကို တိတိကျကျ လိုက်နာခြင်းကသာ သင်နှင့် သင့်ပတ်ဝန်းကျင်ကို အသက်ဘေးမှ အမှန်တကယ် ကယ်တင်နိုင်မည် ဖြစ်သည်။"
🚨 [အရေးပေါ်သတိပေးချက်] ရန်သူမှ စကားပြောစက်လိုင်းအတွင်း ဝင်ရောက်နှောက်ယှက်လာပါက လိုက်နာရန် လမ်းညွှန်ချက်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ရန်၊ သတင်းအမှားများ ဖြန့်ဝေရန်နှင့် ရဲဘော်များနှင့် ပြည်သူများကို စိတ်ဓာတ်ခြောက်ခြားစေရန်အတွက် စကားပြောစက်လိုင်းများ (Frequencies) အတွင်းသို့ ဝင်ရောက်နှောက်ယှက်ခြင်း၊ ဆဲဆိုခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။
ထိုသို့ ကြုံတွေ့ရပါက လုံခြုံရေးအန္တရာယ် မကျရောက်စေရန်အတွက် အောက်ပါ ဆောင်ရန်၊ ရှောင်ရန် အချက်များကို တိတိကျကျ တသွေမတိမ်း လိုက်နာကြပါရန် အသိပေးအပ်ပါသည်။
🟥 ရှောင်ရန်အချက်များ (Don'ts) — ၎င်းတို့ကို လုံးဝ(လုံးဝ) မလုပ်ပါနှင့်
❌ ပြန်လည်တုံ့ပြန်ခြင်းနှင့် ဆဲဆိုခြင်း လုံးဝမပြုလုပ်ပါနှင့်။
ရန်သူက ဆဲဆိုခြင်း၊ စိန်ခေါ်ခြင်း ပြုလုပ်သည့်အခါ ဒေါသအလျောက် ပြန်လည်ချေပခြင်း သို့မဟုတ် အချေအတင် စကားပြောခြင်း လုံးဝမလုပ်ရပါ။ (သင် ပြန်ပြောလိုက်သည့် စကားလုံးတိုင်းသည် ရန်သူ့အတွက် သတင်းအချက်အလက် ဖြစ်သွားနိုင်သည်)
❌ မိမိတို့၏ အချက်အလက်များကို အမှတ်တမဲ့ မပြောမိပါစေနှင့်။
"မင်းတို့ ဘယ်ကလဲ" ဟု မေးမြန်းလာပါက မိမိတို့အဖွဲ့အမည်၊ တည်နေရာ၊ ဒေသ သို့မဟုတ် လူပုဂ္ဂိုလ်အမည်များကို စိတ်လှုပ်ရှားပြီး ထုတ်ဖော်မပြောမိစေရန် အထူးသတိပြုပါ။
❌ PTT (စကားပြောခလုတ်) ကို အကြာကြီး ဖိမထားပါနှင့်။
စိတ်တို၍ဖြစ်စေ၊ လိုင်းပိတ်လို၍ဖြစ်စေ စကားပြောခလုတ်ကို အကြာကြီး ဖိထားခြင်းမျိုး မလုပ်ပါနှင့်။ ၎င်းသည် ရန်သူ့ကို မိမိတို့၏ တည်နေရာပြစနစ် (Direction Finding) ဖြင့် ထောက်လှမ်းရန် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတတ်ပါသည်။
❌ ကြောက်လန့်တကြား လိုင်းမပိတ်ပါနှင့်။
လိုင်းထဲဝင်ပြောသည်နှင့် ကြောက်လန့်ပြီး စက်ကို ချက်ချင်းပိတ်ပစ်ခြင်းမျိုး မလုပ်ပါနှင့်။ ရန်သူ ဘာတွေပြောနေသည် (ဥပမာ - စစ်ကြောင်းထွက်မည့်အခြေအနေ သို့မဟုတ် လှည့်ဖြားမည့်သတင်း) ကို အေးဆေးစွာ ဆက်လက်နားထောင်ပြီး အကဲခတ်ရပါမည်။
1 057
(8,9,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (1:23)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar
1 057
(8,9,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (12:53)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar
1 057
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအနောက်ထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 8, 12:42PM
@EIO2021_bot ၊ @EagleInformationOperator_bot
